Kyaikhto Revolution and Information Network

  • Home
  • Kyaikhto Revolution and Information Network

Kyaikhto Revolution and Information Network သတင်းအချက်အလက်များကို telegram acc https://t.me/kyaikhtorin သို့လည်း ဆက်သွယ်ပေးပို့နိုင်ပါသည်။ Kyaikhto Revolution and Information Network - KRIN

1.

KRIN page ကို ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ စတင်ခဲ့တာလဲ?

လူငယ်တစုက တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထု သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊အခြေအနေအမှန်တွေ ဖော်ပြနိုင်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေးရာကိစ္စရပ်တွေ ပြုလုပ်နိုင်ရေး အစရှိသဖြင့် ရည်ရွယ်ချက်တွေနဲ့ စတင်ခဲ့ပါတယ်။

2. လက်ရှိမှာ ဘာတွေလုပ်နေလဲ?

ဖော်ပြ၍ ရသော တိုက်ပွဲသတင်းအချက်အလက်များနှင့် အကြမ်းဖက်စစ်အုပ်စု၏ လူထုအပေါ် ဖိနှိပ်မှုများကို ဖော်ထုတ်တင်ဆက်ခြင

်း၊ အများပြည်သူမှ ပေးပို့လာသော ရန်သူစစ်အုပ်စုနှင့် ဒေါက်တိုင်ဒလန်များ၏ လှုပ်ရှားမှုများအား တော်လှန်ရေးအဖွဲ့များထံ စိစစ်၍ ပြန်လည်ပေးပို့ခြင်းများကို အဓိကပြုလုပ်နေပါတယ်။

3. သတင်းတိကျမှုကို အာမခံနိုင်ပါသလား?

၉၀ ရာခိုင်နှုန်းကျော်ထိ အာမခံပါတယ်။ ဘာဖြစ်လို့ ၁၀၀ ရာခိုင်နှုန်း အပြည့်မဖြစ်တာလဲဆိုရင်တော့ တခါတလေမှာ သေချာစိစစ်နေတဲ့ကြားကနေ အချက်အလက်အမှားများရရှိခြင်း၊ အဆက်အသွယ် ပျောက်ဆုံးခြင်းနှင့် အခြားသော အားနည်းချက်တချို့ရှိနေသေးတဲ့အတွက် ဖြစ်ပါတယ်။

4. ရရှိသမျှ တိုက်ပွဲသတင်းကို ဖော်ပြလေ့ရှိပါသလား? ဖော်ပြတယ်ဆိုရင် တိုက်ပွဲဖြစ်ပြီးတာနဲ့ (သို့်မဟုတ်) သတင်းရပြီးတာနဲ့ တင်ပါသလား? KRIN အနေနဲ့ သတင်းတပုဒ်ကို ဖော်ပြဖို့အတွက် အကျိုးအပြစ်အားလုံးကို သေချာစွာတွက်ချပြီးမှသာလျှင် ဖော်ပြလေ့ရှိတာမို့ ရရှိသမျှ တိုက်ပွဲသတင်းအားလုံးကို ဖော်ပြခြင်းမရှိပါ။ တိုက်ပွဲသတင်းများကို ဖော်ပြရာမှာလည်း တိုက်ပွဲကိုဖော်ဆောင်ခဲ့တဲ့ အဖွဲ့မှ ရဲဘော် (သို့မဟုတ်) တာဝန်ရှိသူထံ ဖော်ပြ၍ ရမရ မေးမြန်းပြီးမှသာ သတင်းတင်ဆက်တာမို့ အနိမ့်ဆုံး နှစ်နာရီခွဲခန့် အချိန်ခြားပါတယ်။

5. သတင်းပေးပို့ချင်ပင်မဲ့ လုံခြုံရေးကို စိုးရိမ်လို့ မပေးပို့ဖြစ်ပါဘူး။ သတင်းပေးပို့သူရဲ့ လုံခြုံရေးကို KRIN မှ တာဝန်ယူပေးနိုင်ပါသလား?

ပြည်သူလူထုက ပေးပို့လာတဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး KRIN မှာ လုပ်ငန်းစဉ် သုံးခုရှိပါတယ်။ မှတ်တမ်းတင်သိမ်းဆည်းခြင်း၊ တော်လှန်ရေးအင်အားစုများထံ မျှဝေခြင်းနှင့် အများပြည်သူထံ တင်ဆက်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ ဖော်ပြသင့်၍ ဖော်ပြအပ်သော သတင်းများနှင့် ပတ်သက်၍ ပေးပို့သူ မည်သူမည်ဝါမှန်း မသိရှိရအောင် သတင်းအချက်အလက်အချို့ကို ပြောင်းလဲပြင်ဆင်ခြင်း၊ လူများစွာထံမှ မှတ်ချက်များ တောင်းယူမေးမြန်းခြင်း နှင့် အချက်အလက်တချို့ ထိန်ချန်ခြင်းတို့ ပြုလုပ်တာမို့ လုံခြုံရေးအရ အာမခံနိုင်ပါတယ်။

6. စစ်ကားတွေ ဖြတ်သွားနေတာတော့ တွေ့ပါတယ်။ သိပ်အရေးမကြီးဘူးထင်လို့ မပြောဖြစ်တာပါ။

ရန်သူရဲ့ လုပ်ရှားမှုတိုင်းက အင်မတန်မှ အရေးကြီးပါတယ်။ ရန်သူရဲ့ လုပ်ရှားမှုတိုင်းဟာ ဗျူဟာဖော်နေခြင်းဖြစ်ပြီးတော့ လူထုကသာ တွေ့မြင်တိုင်း သတင်းပေးမယ်ဆိုရင် ရန်သူရဲ့ဗျူဟာကို အလွယ်တကူမှန်းဆနိုင်ပါတယ်။
(ဒါကြောင့်လည်း တွေ့မြင်တိုင်းမှာ ပေးပို့ကြဖို့ မေတ္တာရပ်ခံပါတယ်)

#စစ်ရေးသတင်း #လုံခြုံရေး #ပြည်သူ့ထောက်လှမ်းရေးကွန်ယက်

သိမ်ဇရပ်မှာ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာတွေဘက် ကျရောက်ပေါက်ကွဲ၊ သီလရှင်တစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး ...
06/06/2024

သိမ်ဇရပ်မှာ စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာတွေဘက် ကျရောက်ပေါက်ကွဲ၊ သီလရှင်တစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များပျက်စီး

ကျိုက်ထို၊ ဇွန်လ ၆ ရက်

မွန်ပြည်နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီလက်အောက်ခံ အမတ (၃၁၀) မှ ကျေးရွာများဘက်သို့ ဇွန်လ (၂) ရက်နေ့ မနက် (၉:၃၀) အချိန်ခန့်ကစ တစ်နေ့လုံးနီးပါး လက်နက်ကြီးအလုံး (၄၀) နီးပါး ပစ်ခတ်ခဲ့ပြီး ပြည်သူများနှင့် လူနေအိမ်များ ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံပြည်သူများက KRIN ကို ပြောသည်။

မနက် (၉:၃၀) အချိန် ပစ်ခတ်မှုတွင် စစ်ကွင်းရွာသို့ ၆ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး တည့်တည့်ကျခဲ့သည့် အိမ်မှာ လုံးဝပျက်စီးသွားခဲ့သည်။ ဒါ့အပြင် ဘေးအနီးက အိမ် ၂ လုံးလည်း ကျည်ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ပါ။

နေ့လည်ပိုင်း ပစ်ခတ်မှုတွင် မုက္ခမော့ရွာ၊ သုံးခွ၊ ဝါးဒက်ကွင်းနှင့် ဝါးဂေါက်ကွင်းလမ်းတို့ဘက် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ သုံးခွရွာရှိ ခရစ်ယာန်ကျောင်းအနီး ပေါက်ကွဲမှုတွင် သီလရှင်တစ်ပါး (မစိုးရိမ်ရ) ဒဏ်ရာရရှိိခဲ့ပြီး ဝါးဒက်ကွင်းရွာထဲ ပေါက်ကွဲမှုတွင် ဟိန်းမင်းသူဆိုသူတစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိိခဲ့ကြသည်။

ညပိုင်းပစ်ခတ်မှုတွင်လည်း ခရွဲကျေးရွာ အရှေ့ဘက်သို့ (၆ လုံး) ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိသော်လည်း သီးနှံပင်များ ပျက်စီးခဲ့သည်။

ဒါ့အပြင် ဇွန်လ (၃) ရက် မနက်ပိုင်းတွင်လည်း မုက္ခမော့ရွာနှင့် ခရွဲ ကျေးရွာဘက်သို့ လက်နက်ကြီး (၄) လုံး ထပ်မံကျရောက် ပေါက်ကွဲခဲ့သည်။

ပုံ - စစ်ကွင်းရွာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် လူနေအိမ် (CJ)

#သိမ်ဇရပ် #လက်နက်ကြီး

သိမ်ဇရပ်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးများ ရွာတွေထဲသို့ ကျရောက်ပေါက်ကွဲ၊ လူနေအိမ် ၆ လုံးပျက်စီး မေလ ၅ ရက်၊ ကျိုက်ထို မွန်...
05/05/2024

သိမ်ဇရပ်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးများ ရွာတွေထဲသို့ ကျရောက်ပေါက်ကွဲ၊ လူနေအိမ် ၆ လုံးပျက်စီး

မေလ ၅ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၂၀၇) တပ်မှ ယမန်နေ့ မေလ (၄) ရက် နေ့လည် (၁၁:၁၈) အချိန်ခန့်က (၈၁ မမ) လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့ရာ ခမရ (၂၀၇) မြောက်ဘက်ရွာထဲရှိ ခြံသို့ နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကွင်းရွာအရှေ့ဘက် ဈေးဆိုင် (၁) လမ်းသို့ တစ်လုံး ကျရောက်ခဲ့တယ်လို့ KRIN သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကွင်းရွာသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့်နေရာသည် အရပ်သားများရှိသော နေရာဖြစ်သော်လည်း မပေါက်ကွဲခဲ့သည့်အတွက်သာ လူထိခိုက်မှုမရှိခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲခဲ့သည့် ကျည်ကိုလည်း တူးဖော်ရှင်းလင်းပေးခဲ့တယ်လို့ သိရသည်။

ဒါ့အပြင် ဧပြီလ ၂၈ ရက် ည (၉:၄၅) အချိန်ခန့်က သိမ်ဇရပ် အမြှောက်တပ် အမတ (၃၁၀) နဲ့ ဝေါမြို့ အထက်ကွေ့ကြီး ဘုန်းကြီးကျောင်းနောက် လက်ကွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်မှလည်း (၁၂၀ မမ) လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့၊ ခရွဲကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် (၆) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် တိုက်ရိုက်ကျရောက်ခဲ့သည့် အိမ်တစ်လုံးမှာ လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်အိမ်များမှာ အမိုးအကာများနှင့် ကြမ်းခင်းများ ပေါက်ပြဲခဲ့သည်။

Photo - CJ (စစ်ကွင်းရွာထဲကျရောက်ခဲ့သည့် လက်နက်ကြီးကျည် နှင့် ခရွဲရွာက နေအိမ်များ ပျက်စီးမှု)

#လက်နက်ကြီး #ခမရ၂၀၇ #အမတ၃၁၀
#သိမ်ဇရပ် #ခရွဲ #စစ်ကွင်း

စစ်ကောင်စီအကျဉ်းဦးစီး လက်ထောက်ညွှန်မှူးတစ်ဦး ပ-စ်ခ-တ်ရှ-င်းလ-င်းခံရ မေလ ၂ ရက်၊ ကျိုက်ထို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မရ...
02/05/2024

စစ်ကောင်စီအကျဉ်းဦးစီး လက်ထောက်ညွှန်မှူးတစ်ဦး ပ-စ်ခ-တ်ရှ-င်းလ-င်းခံရ

မေလ ၂ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်မှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင် ဆိုသူကို ဧပြီလ ၂၉ ရက်၊ မနက် (၁၁:၁၉) အချိန်ခန့်က ၎င်း၏ မယားငယ်အိမ်ရှေ့ ဘီးလင်းမြို့၊ ယက္ကန်းသည်မကျေးရွာတွင် ပ-စ်ခ-တ်ရှ-င်းလ-င်းခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားသည်။

ဦးစင်းအောင် ဆိုသူသည် စစ်မှုထမ်းဟောင်း (စထဟ) ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး လက်နက်ငယ် ကိုင်ဆောင်ထားကာ တော်လှန်ရေးအနှောက်အယှက်ပေးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို KRF နှင့် ကျိုက်ထို ပကဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပုံ - KRF’s telegram

#အကျဉ်းဦးစီး #စထဟ
#ကျိုက်ထို

ဘီးလင်း တဂေးလောင်းရွာသို့ စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး ဧပြီလ ၂၉ ရက်၊ ကျိုက်ထ...
29/04/2024

ဘီးလင်း တဂေးလောင်းရွာသို့ စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီး

ဧပြီလ ၂၉ ရက်၊ ကျိုက်ထို

ကေအဲန်ယူ-ဘီးလင်းမြို့နယ်ထဲက တဂေးလောင်းကျေးရွာကို ယမန်နေ့ ဧပြီလ ၂၈ ရက် ည (၁၁:၃၁) အချိန်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-ဒူးသထူခရိုင်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တဂေးလောင်းရွာ အလယ်တန်းကျောင်း စာသင်ဆောင် (၃) ဆောင်၊ ဓာတ်ဆီဆိုင် (၁) ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် (၁) ဆိုင်နဲ့ အရပ်သားနေအိမ် (၂) လုံးတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရသည်။

ဒါ့အပြင် ယခုနှစ် ၂၀၂၄၊ မတ်လ (၂၃) ရက် ညကလည်း ဘီးလင်းမြို့၊ မင်းစောကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်း၊ သာသနာ့အဆောက်အဦး၊ နှမ်းဆီကြိတ်စက်ရုံနဲ့ လူနေအိမ် စုစုပေါင်း အဆောက်အဦး (၁၇) လုံး ပျက်စီးခဲ့ပြီး အရပ်သား (၁) ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ပုံ - ကေအဲန်ယူ-ဒူးသထူခရိုင်။

#ဘီးလင်း #လေကြောင်း

သတင်းပေးဒလန်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းအငြိမ်းစား ကျော်ကျော် ပစ်ခတ်ခံရ ဧပြီလ ၂၆ ရက်၊ ကျိုက်ထို စစ်ကောင်စီ လုံခြုံရေးယူထား...
26/04/2024

သတင်းပေးဒလန်လုပ်နေတဲ့ စစ်မှုထမ်းဟောင်းအငြိမ်းစား ကျော်ကျော် ပစ်ခတ်ခံရ

ဧပြီလ ၂၆ ရက်၊ ကျိုက်ထို

စစ်ကောင်စီ လုံခြုံရေးယူထားတဲ့ ကျိုက်ထို အင်းဝဘဏ်ဘေး ဆိုင်ကယ် ကယ်ရီဂိတ်မှာ ယနေ့ မနက် (၇:၁၀) အချိန်ခန့်က သတင်းပေးဒလန်လုပ်နေတဲ့ ကျိုက်ပိရွာသား စစ်မှုထမ်းဟောင်း ကျော်ကျော် ဆိုသူကို ပစ်ခတ်ခဲ့တယ်လို့ PDF တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - ၄၊ UG အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုကြောင့် ကျော်ကျော်မှာ ပေါင်နှင့် ဆီးခုံနေရာတွင် ကျည်ထိမှန်ခဲ့ပြီး ကျိုက်ထိုဆေးရုံမှ သထုံဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အင်းဝဘဏ်နှင့် မြို့ထဲထွေအုပ်တို့မှာ တပ်စွဲထားတဲ့ စစ်သားများမှလည်း ရမ်းသမ်းပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်စပိုင်း ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း အဆိုပါ အင်းဝဘဏ်မှာ ပစ်ခတ်မှုများရှိခဲ့ပြီး စစ်သားတစ်ဦး သေဆုံးခဲ့သေးသည်။

#စစ်မှုထမ်းဟောင်း #ဒလန်
#ကျိုက်ထို

ကော့ထင်းအုပ်ကြီး ရှင်းလင်းခံရမှု UG အဖွဲ့ထုတ်ပြန် ဧပြီလ ၂၅ ရက်၊ ကျိုက်ထို ကျိုက်ထိုမြို့၊ ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှ...
25/04/2024

ကော့ထင်းအုပ်ကြီး ရှင်းလင်းခံရမှု UG အဖွဲ့ထုတ်ပြန်

ဧပြီလ ၂၅ ရက်၊ ကျိုက်ထို

ကျိုက်ထိုမြို့၊ ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဆိုသူကို ဧပြီလ ၂၃ ရက် ညနေ (၆:၀၅) အချိန်ခန့်က ၎င်းတို့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ PDF တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - ၄၊ UG အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ဦးဝင်းအောင် ဆိုသူသည် စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာပြီး လက်နက်ကိုင်ထားသူ ပျုစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသူဖြစ်ပြီး ၎င်း၏ သားသည်လည်း မှော်ဘီလေတပ်ရဲ့ အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ပုံ - UG’s telegram

#ကော့ထင်း #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်း
#ကျိုက်ထို

လက်နက်နှင့် CDM ဝင်လာသော စစ်သားကို ငွေကျပ် သိန်း (၃၀) ချီးမြှင့်ခဲ့ကြောင်း အာဠာဝကစစ်ကြောင်း ထုတ်ပြန် ဧပြီလ ၂၄ ရက်၊ ကျိုက...
24/04/2024

လက်နက်နှင့် CDM ဝင်လာသော စစ်သားကို ငွေကျပ် သိန်း (၃၀) ချီးမြှင့်ခဲ့ကြောင်း အာဠာဝကစစ်ကြောင်း ထုတ်ပြန်

ဧပြီလ ၂၄ ရက်၊ ကျိုက်ထို

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊ အာဠာဝကစစ်ကြောင်းထံသို့ ပစ္စတိုတစ်လက်နှင့်အတူ CDM ဝင်လာသော စစ်သားကို ငွေကျပ် သိန်း (၃၀) ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် ၎င်း၏ လိုအင်ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေတစ်နေရာသို့ပါ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၃၊ အာဠာဝကစစ်ကြောင်း


ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပ-စ်ခ-တ်ရှ-င်းလ-င်းခံရ ဧပြီလ ၂၄ ရက်၊ ကျိုက်ထို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့ထင်းကျေ...
24/04/2024

ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပ-စ်ခ-တ်ရှ-င်းလ-င်းခံရ

ဧပြီလ ၂၄ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့ထင်းကျေးရွာက အသက် (၆၂) နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ဆိုသူမှာ ယမန်နေ့ ညနေ (၆:၃၀) အချိန်ခန့်က ပ-စ်ခ-တ်ရှ-င်းလ-င်းခံလိုက်ရတယ်လို့ သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ယာနားထင်၊ ယာပါး၊ ယာပေါင်၊ ယာတင်ပါး ဦးခေါင်းနောက်စိ နဲ့ ဝဲနှုတ်ခမ်း ဒဏ်ရာ (၁)ချက်စီဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်က တင်ထားသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့ကြောင်းနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

#ကော့ထင်း #အုပ်ချုပ်ရေးမှူး
#ကျိုက်ထို

စစ်တောင်းတံတားသစ် စစ်ဆေး‌ရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက် ဧပြီလ ၂၃ ရက်၊ ကျိုက်ထို ပဲခူးနဲ့ မွန်ပြည်နယ်ကြား စ...
23/04/2024

စစ်တောင်းတံတားသစ် စစ်ဆေး‌ရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

ဧပြီလ ၂၃ ရက်၊ ကျိုက်ထို

ပဲခူးနဲ့ မွန်ပြည်နယ်ကြား စစ်တောင်းမြစ်ကူးတံတားသစ်ရှိ စစ်ကောင်စီ စ‌စ်ဆေးရေးဂိတ်ကို ယနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ပကဖအသံ သတင်းအရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ (၁/၂)၊ တိုင်းရင်းသားတော်လှန်‌ရေးအဖွဲ့ EROs နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရသည်။

အကြမ်းဖက်စစ်တပ်အနေနဲ့ နယ်စပ်ဒေသတွေကနေ နိုင်ငံအတွင်းပိုင်းဒေသ‌တွေမှာ ပြောင်းလဲ ခံစစ်စည်း ယူလာရတာကို စစ်တောင်းတံတား တိုက်ခိုက်မှုအပါအဝင် မြေပြန့်ဒေသ တိုက်ခိုက်မှုမျိုးစုံက ပြသလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတံတား တိုက်ခိုက်ခံရမှုကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှ သိမ်ဇရပ်အကွက် ၇ နဲ့ မုပ္ပလင်ဆင်ရုပ်ကျောင်းတို့ကို မွှေနှောက်ကြဖို့ သတင်းဖြန့်ဝေလျှက်ရှိပါတယ်။

ပုံ - ပကဖ အသံ

#စစ်တောင်းတံတား #ရန်ကုန်တိုင်းပကဖ
#ကျိုက်ထို #သိမ်ဇရပ်

ရာအိမ်မှူး အောင်ကျော် ဆိုသူကို ၎င်းတို့ ပစ်ခတ်ခဲ့တာဟု UG အဖွဲ့ ထုတ်ပြန် ဧပြီလ ၂၁ ရက်၊ ကျိုက်ထို ကျိုက်ထိုမြို့၊ မြောက်ပိ...
21/04/2024

ရာအိမ်မှူး အောင်ကျော် ဆိုသူကို ၎င်းတို့ ပစ်ခတ်ခဲ့တာဟု UG အဖွဲ့ ထုတ်ပြန်

ဧပြီလ ၂၁ ရက်၊ ကျိုက်ထို

ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ငပိစိမှာနေတဲ့ ရာအိမ်မှူး အောင်ကျော် ဆိုသူကို ဧပြီလ ၁၈ ရက် မနက် (၅:၂၆) အချိန်က ပစ်-ခတ်-ရှင်း-လင်းခဲ့တယ်လို့ PDF တပ်ရင်း-၇၈၀၅၊ တပ်ခွဲ-၄ UG အဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ လည်ပတ်နိုင်ရေး ဦးစီးလုပ်ကိုင်နေပြီး လိုက်လံစာရင်းကောက်ယူနေမှုကြောင့် ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။

ပုံ - ပစ်ခတ်မှု မဖြစ်ခင် နံပြားထုတ်နေချိန် (Telegram)

#ရာအိမ်မှူး #စစ်မှုထမ်း
#ကျိုက်ထို

ကျိုက်ထိုနဲ့ သိမ်ဇရပ်မှာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ စစ်မှုထမ်းကိစ္စ ဆောင်ရွက်နေသူတို့ ပ-စ်ခ-တ်ရှင်းလင်းခံရ ဧပြီလ ၂၀ ရက်၊ က...
20/04/2024

ကျိုက်ထိုနဲ့ သိမ်ဇရပ်မှာ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ စစ်မှုထမ်းကိစ္စ ဆောင်ရွက်နေသူတို့ ပ-စ်ခ-တ်ရှင်းလင်းခံရ

ဧပြီလ ၂၀ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ငပိစိမှာနေတဲ့ ရာအိမ်မှူး အောင်ကျော် ဆိုသူကို ဧပြီလ ၁၈ ရက်၊ မနက် (၆:၀၀) နာရီအချိန်ခန့်က သူ့ဆိုင်မှာတင် ပစ်ခတ်ခံရပြီး ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့တယ်လို့ သိရသည်။

ကိုအောင်ကျော် ဆိုသူဟာ စစ်မှုထမ်းရန် လူငယ်တွေကို စာရင်းကောက်နေတာတွေ ပြုလုပ်နေတာကြောင့် သတိပေးစာ ပို့ခံထားရသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သိမ်ဇရပ်မှာလည်း ပြည်သူ့စစ်ခေါင်းဆောင် ဖိုးလုံး ဆိုသူကို ဧပြီလ ၁၉ ရက် မနက်ပိုင်းက ပစ်ခတ်ခံရပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ သိရသည်။

ဦးဖိုးလုံးကို ၎င်းအလုပ်လုပ်နေတဲ့ သိမ်ဇရပ် ဝါးဒက်ကွင်း ဝါးတားဂိတ်မှာ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပြီး သူလည်း သတိပေးစာ ပို့ခံထားရသူတစ်ဦး ဖြစ်တယ်လို့ သိရသည်။

ယခု ပစ်ခတ်မှု ၂ ခုလုံးကိုတော့ မည်သည့်အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

#ပြည်သူ့စစ် #စစ်မှုထမ်း
#ကျိုက်ထို #သိမ်ဇရပ်

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သသည့် စက္ကူလေယာဉ်သပိတ် ပြုလ...
17/04/2024

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သသည့် စက္ကူလေယာဉ်သပိတ် ပြုလုပ်

ဧပြီလ ၁၇ ရက်၊ ကျိုက်ထို

ယနေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဧပြီလ (၁၇) ရက်နေ့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အသက်သေဆုံးခဲ့ရသည့် ပဇီကြီး နှစ်ပတ်လည်နေ့နှင့် နိုင်ငံတဝှမ်းက အသက်သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဆုတောင်းမေတ္တာပို့သသည့် စက္ကူလေယာဉ်သပိတ် လုပ်ဆောင်လျှက်ရှိကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက KRIN ကိုပြောသည်။

“ဒီနေ့က ပဇီကြီးမှာ ပြည်သူတွေ သေဆုံးခဲ့ရပြီး ရက်လည်တဲ့ တစ်နှစ်ပြည့်ပါ။ ဒါကြောင့် ပဇီကြီးအပါအဝင် လက်ယက်ကုန်း၊ အနန့်ပါ၊ လိုင်ဇာ စတဲ့ နိုင်ငံတဝှမ်းက လေကြောင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဆုတောင်းမေတ္တာပို့သတဲ့အနေနဲ့ အခုလို စက္ကူလေယာဉ်သပိတ် ပြုလုပ်တာပါ” လို့ ပြောသည်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ထံကို လေယာဉ်ဆီ တင်ပို့ရောင်းချနေတာတွေ ချက်ချင်းရပ်တန့်ဖို့ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းထားသည်။

#လေယာဉ်တွေမြင်တဲ့အခါ

#စက္ကူလေယာဉ်သပိတ်



ကျိုက်ထိုခရိုင်တရားရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရုံးဝန်ထမ်းကားပျက်စီး ဧပြီလ ၁၄ ရက်၊ ကျိုက်ထို မွန်ပြည်နယ်၊ ကျိုက်ထိုမြို...
14/04/2024

ကျိုက်ထိုခရိုင်တရားရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ၊ ရုံးဝန်ထမ်းကားပျက်စီး

ဧပြီလ ၁၄ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ခရိုင်တရားရုံးကို ယမန်နေ့ နေ့လည် (၁:၃၆) အချိန်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရုံးဝန်ထမ်းကား ထိခိုက်ပျက်စီးခဲ့တယ်လို့ PDF တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - ၄ UG အဖွဲ့က ထုတ်ပြန်ထားသည်။

တရားရုံးကို ဗုံးတစ်လုံးဖြင့်သာ တိုက်ခိုက်ခဲ့သည့်အတွက် ပေါက်ကွဲသံ မကျယ်သည့်အပေါ် စစ်ကောင်စီဘက်မှ သတင်းဖုံးထားလျှက်ရှိသည်။

အဆိုပါရုံးနေရာသည် ယခင်က ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအဖြစ်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဘီးလင်း၊ ကျိုက်ထိုနှင့် သိမ်ဇရပ်ကို ကျိုက်ထိုခရိုင်အဖြစ် သတ်မှတ်ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ခရိုင်တရားရုံးအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့်ရုံးဖြစ်သည်။

ပုံ - ၂၀၂၂ ခုနှစ်တွင် နာမည်ချိန်းခဲ့သည့် ခရိုင်တရားရုံး

#တရားရုံး #ခရိုင် #ကျိုက်ထို

ကျိုက်ထိုနှင့် ဘီးလင်းရှိ ပြည်သူများ စစ်ကောင်စီအနီး စုဝေးခြင်းများ မပြုလုပ်ရန် UG အဖွဲ့ထုတ်ပြန် ဧပြီလ ၁၂ ရက်၊ ကျိုက်ထို ...
12/04/2024

ကျိုက်ထိုနှင့် ဘီးလင်းရှိ ပြည်သူများ စစ်ကောင်စီအနီး စုဝေးခြင်းများ မပြုလုပ်ရန် UG အဖွဲ့ထုတ်ပြန်

ဧပြီလ ၁၂ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထို နှင့် ဘီးလင်းမြို့တို့ရှိ ပြည်သူများအနေဖြင့် သင်္ကြန်ကာလ မြို့တွင်း mission များ ဖြစ်ပွါးချိန် ထိခိုက်မှုမရှိစေရန် စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကာလအတွင်း လူစုလူဝေးများ၊ ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ကြရန်နှင့် စစ်ကောင်စီအနီးနှင့် စစ်ရေးပစ်မှတ် နေရာများအား မသွားကြရန် PDF တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - ၄ UG အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

အသိပေးထုတ်ပြန်ထားပြီးနောက် လိုက်နာမှုမရှိဘဲ mission များဖော်ဆောင်ချိန် ထိခိုက်မှုများ ရှိခဲ့ပါက တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

PDF တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ - ၄ UG အဖွဲ့သည် ကျိုက်ထိုနှင့် ဘီးလင်းရှိ စစ်တပ်ထောက်တိုင်များ၊ စစ်ကောင်စီကင်းစခန်းများနှင့် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူများကို အရေးယူနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ပုံ - UG အဖွဲ့၏ ထုတ်ပြန်ချက်


#ကျိုက်ထို #ဘီးလင်း

စိုးဝင်းနဲ့ ကာမီကာဇေဧပြီလ ၁၀ ရက်၊ ကျိုက်ထိုby KRIN လက်တလောကာလမှာ ခွဲမရတဲ့အတွဲကို ပြောပါဆိုရင် စိုးဝင်းနဲ့ ကာမီကာဇေ လို့တ...
10/04/2024

စိုးဝင်းနဲ့ ကာမီကာဇေ

ဧပြီလ ၁၀ ရက်၊ ကျိုက်ထို
by KRIN

လက်တလောကာလမှာ ခွဲမရတဲ့အတွဲကို ပြောပါဆိုရင် စိုးဝင်းနဲ့ ကာမီကာဇေ လို့တောင် ပြောရမလားဘဲ။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ခင်ဗျာ ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ကို စစ်ရေးဆိုင်ရာ အစည်းအဝေးလာလုပ်ရင်း စစ်ရေးပစ်မှတ်ထား တိုက်ခိုက်ခံရပါသတဲ့။

နိုင်ငံတဝှမ်းက ပြည်သူတွေကို လေကြောင်းကနေ စိတ်ကြိုက် ပစ်ခတ်တိုက်ခိုက်နေတဲ့ မအလတို့အုပ်စု ကိုယ်တိုင် လေကြောင်းနဲ့လည်း ပြန်တိုက်ခံရရော အဆင်ပြေကြပါရဲ့လားလို့တောင် မေးချိန်မရ တန်းနေတာမှ ဆေးရုံကိုပင်။

စစ်ရဟတ်ယာဉ်နဲ့ ရက်ရက်စက်စက် ပစ်ခတ်ခဲ့တဲ့ ပဇီကြီး (၁) နှစ် ပြည့်ခါနီး နှစ်ရက်အလိုမှာပဲ စိုးဝင်းမှာလည်း ကာမီကာဇေနဲ့ တည့်တည့်ကို ပစ်ခံရလေပီ၊ တစ်ခါတည်းပင်မဟုတ်။

အာဏာရှင် ခေါင်းကြီးပိုင်းတွေကို တဖြည်းဖြည်း ဖြိုလာနေတဲ့ ဒီတော်လှန်ရေးဟာ မကြာမီမှာ တစ်နိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်မည်မှာ မလွဲဧကန်ပေ။

ပြည်သူတွေအနေနဲ့သာ ရရာနည်းနဲ့ ဒီတော်လှန်ရေးကို အမြန်ကူရင် …..

ကျိုက်ထိုတွင် စစ်ယာဉ်တန်းနှင့် စစ်တပ်ခိုအောင်းရာအိမ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦးသေ ၂၁ ဦး ဒဏ်ရာရပြီး စစ်ကား ၃ စ...
09/04/2024

ကျိုက်ထိုတွင် စစ်ယာဉ်တန်းနှင့် စစ်တပ်ခိုအောင်းရာအိမ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဘက်မှ ၈ ဦးသေ ၂၁ ဦး ဒဏ်ရာရပြီး စစ်ကား ၃ စီး ပျက်စီး၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

ဧပြီလ ၇ ရက်၊ ကျိုက်ထို

ပဲခူးဘက်မှ မွန်ပြည်နယ်သို့ လာသော (၁၈) စီးပါ စစ်ယာဉ်တန်းကို ကျိုက်ထိုအဝင် အင်္ဂဘိုကျေးရွာအနီးတွင် ယနေ့မနက် (၈:၀၅) အချိန်ခန့်က တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီယာဉ်တန်းမှ စစ်ကား (၃) စီး ပျက်စီးခဲ့ပြီး (၈) ဦး သေဆုံးခဲ့သလို အရာရှိ (၂) ဦးနှင့် တပ်သား (၁၉) ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကို KRF, KNU/KNLA, ABSDF, PDF တပ်ရင်း (၃) ၊ ကဝ-ပကဖ နှင့် ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး PDF တပ်ရင်း (၃) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဒါ့အပြင် စစ်သားများ ခိုအောင်းရာ လက်ပံပင်သင်္ချိုင်းရှေ့ရှိ အိမ်ကိုလည်း KRF NightHawks နှင့် PDF ခရမ်း အဖွဲ့တို့မှ ဒရုန်းဖြင့် ဗုံးသီး (၇) လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုံ - ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော စစ်တပ်ခိုအောင်းရာ နေအိမ် (KRF - telegram)

#စစ်ယာဉ်တန်း
#ကျိုက်ထို

ဘီးလင်းမှာ ဘုရားထီးတင်ပွဲကို အကြောင်းပြုပြီး အာဝါဒေးတွေ ပြုလုပ်နေ၊ စစ်တပ်နဲ့ ဘုန်းကြီးကို သိန်း ၅၀ စီ ပေးထားတယ်ဟုဆို ဧပြ...
07/04/2024

ဘီးလင်းမှာ ဘုရားထီးတင်ပွဲကို အကြောင်းပြုပြီး အာဝါဒေးတွေ ပြုလုပ်နေ၊ စစ်တပ်နဲ့ ဘုန်းကြီးကို သိန်း ၅၀ စီ ပေးထားတယ်ဟုဆို

ဧပြီလ ၇ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ နှင်းပုလဲစံပြကျေးရွာမှာ မတ်လအကုန်ပိုင်းကစလို့ ဓမ္မရိပ်သာ ဘုန်းကြီးကျောင်း ဘုရားထီးတင်ပွဲကို အကြောင်းပြုပြီး အာဝါဒေးတွေ တစ်ခုပြီးတစ်ခု ပြုလုပ်နေတယ်လို့ ဒေသခံများထံမှ သိရသည်။ ယခုလို အာဝါဒေးပြုလုပ်နိုင်ဖို့အတွက် စစ်တပ်၊ ဘုန်းကြီးနဲ့ PDF ကို သိန်း ၅၀ စီ ပေးထားရတယ်လို့ အာဝါဒေးကန်ထရိုက်နဲ့ ၎င်းတို့အသိုင်းအဝိုင်းမှာ သတင်းပျံ့နေပေမဲ့ PDF က သူတို့ယူဆောင်ထားခြင်း မရှိကြောင်း ဒေသခံများ၏ မေးမြန်းမှုအပေါ် ဖြေကြားထားတယ်လို့ သိရသည်။

ဒါ့အပြင် အာဝါဒေးရှိပြီးနောက် ခိုးဆိုးလူနှိုက်မှုများ ပိုပေါလာသလို အာဝါဒေးနေရာတဝိုက်မှာ လက်နက်ကိုင်လူတစ်စုလည်း ရှိနေပြီး လက်နက်တွေကို လွယ်အိတ်တွေထဲသာ ထည့်ထားကြတယ်လို့လည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KRIN ကို ပြောသည်။

“အာဝါဒေးရက်ဖြစ်ပြီးနောက် သူခိုးဂျပိုးတွေကလည်း ပိုပိုပေါလာပြီ။ နောက်ပြီး အာဝါဒေးထဲမှာ လက်နက်ကိုင်လူတစ်စုလည်း တွေ့ရတယ်၊ ပေါ်ပေါ်ထင်ထင်တော့ မကိုင်ဘူး၊ ဒီတိုင်း အိတ်တေထဲမှာတော့ လက်နက်တွေ ပါလာတာတို့ တွေ့ရတယ်” ဟု ပြောသည်။

ယခုလို အာဝါဒေးလုပ်နိုင်ဖို့ကို ဘုရားထီးတင်ပွဲ အကြောင်းပြုပြီး စီးပွားရေးသမားတချို့က ဘုရားထီးတင်တဲ့ ဘုန်းကြီးကျောင်းက ဘုန်းကြီးနဲ့တိုင်ပင်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့ သိရသည်။ ဒါ့အပြင် ထီးတင်ပွဲပြီးသွားပေမဲ့လည်း နောက်ထပ်ပွဲတွေ ဆက်လုပ်နေတဲ့အတွက် အာဝါဒေးတွေ ဆက်မလုပ်ဖို့ ရွာသားများက မြို့နယ်သံဃာ့နာယကကို တိုင်ကြားထားတာ ရှိပေမဲ့ အာဝါဒေးလုပ်တဲ့သူတွေ၊ ကိုယ်ကျိုးပဲကြည့်ကြတဲ့လူ‌တွေက သံဃာ့နာယကကိုပါ ပိုက်ဆံနဲ့ပိတ်ထားတဲ့အတွက် အာဝါဒေးကို နေရာအနည်းငယ်သာရွှေ့ပြီး ဆက်လုပ်နိုင်နေတယ်လို့ ၎င်းက ဆက်ပြောသည်။

“ရွာမှာ ဘုရားထီးတင်ပွဲ ရှိတယ်ဗျ။ ထီးတင်ပွဲက သက်သက်ပေါ့ဗျာ။ ကိုယ့်အမြတ်ပဲကြည့်ပြီး အများအကျိုးမငဲ့တဲ့ လူတစ်စုက ဘုန်းကြီးနဲ့တိုင်ပင်ပြီးတော့ ဘုရားထီးတင်ပွဲ အထိမ်းအမှတ်နဲ့လုပ်တာ။ အခုက ထီးတင်ပွဲ ပြီးသွားပြီ။ ဒါပေမဲ့ အာဝါဒေးကို နေရာနည်းနည်းရွှေ့ပြီး နောက်ပွဲတွေ ဆက်လုပ်တဲ့ပုံစံမျိုးရှိတယ်။ ဒါကိုဆက်မလုပ်ဖို့ ရွာသားတွေက မြို့နယ်သံဃာ့နာယကအဖွဲ့ကို တက်တိုင်တယ်။ မြို့နယ်အဖွဲ့က ဘာမှပြောလို့မရဘူး။ ဘာလိုလဲဆို အခုလက်ရှိ အာဝါဒေးလုပ်နေတဲ့ ကန်ထရိုက်က သံဃာ့နာယကအဖွဲ့ကိုပါ ပိုက်ဆံနဲ့ပိတ်ထားလို့” ဟု ၎င်းက ဆက်ပြောပြသည်။

#အာဝါဒေး #နှင်းပုလဲ
#ဘီးလင်း

ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ နေရာကို ဒရုန်းအပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်၊ စစ်တပ်နှင့်ရဲ ၅ ဦးသေဆုံး ၅ ဦ...
07/04/2024

ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ နေရာကို ဒရုန်းအပါအဝင် လက်နက်ကြီးဖြင့် တိုက်ခိုက်၊ စစ်တပ်နှင့်ရဲ ၅ ဦးသေဆုံး ၅ ဦးဒဏ်ရာရ၊ ရဲကား ၂ စီး ပျက်စီး

ဧပြီလ ၇ ရက်၊ ကျိုက်ထို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာ ရွှေစေတီငွေစေတီဘုရားကုန်း၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ လက်ပံပင်သင်္ချိုင်းကုန်းနှင့် အင်္ဂဘိုတာဝါတိုင်စခန်းတို့အား ယ‌မန်နေ့ နေ့လည် (၁၂:၁၉) နှင့် ညနေ (၅:၁၀) အချိန်ခန့်တို့တွင် ဒရုန်းဗုံးသီးချတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဘုရားကုန်းနေရာတွင် စစ်သား (၂) ဦး၊ မုပ္ပလင်စစ်ဆေးရေးဂိတ်တွင် ရဲ (၃) ဦး‌ သေဆုံးခဲ့ပြီး ရဲကား (၂) စီးနှင့် ၎င်းတို့တာဝန်ယူလက်ခံထားသည့် လိုင်စင်မဲ့ကား (၁) စီး ပျက်စီးခဲ့ပြီး ပျက်စီးခဲ့သည့် လိုင်စင်မဲ့ကားအတွက် လျော်ကြေးပေးရမည်ဟုလည်း သိရသည်။ ဒါ့အပြင် လက်ပံပင်သင်္ချိုင်းကုန်း တိုက်ခိုက်မှုတွင် အရာရှိခွဲမှူး (၁) ဦး ဘယ်လက်မောင်းနှင့် ဘယ်နားရွက် ရှပ်ထိဒဏ်ရာရပြီး စစ်သား (၄) ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်းနှင့် အင်္ဂဘိုတာဝါတိုင်စခန်း ပစ်ခတ်မှုတွင် ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ယခုလို ပစ်ခတ်တိုက်ခိုက်မှုများကို KRF အပါအဝင် KNU/KNLA, NightHawks, YEF, တပ်မဟာ(၁)-PDFတပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်းPDF နှင့် ကျိုက်ထို ပကဖ တိုး ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

မုပ္ပလင်စစ်ဆေးရေးဂိတ်သည် ၃ ရက်အတွင်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ပုံ - KRF telegram

#လက်နက်ကြီး
#ကျိုက်ထို

Address


Website

Alerts

Be the first to know and let us send you an email when Kyaikhto Revolution and Information Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaikhto Revolution and Information Network:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share