PDF သတင်း

  • Home
  • PDF သတင်း

PDF သတင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PDF သတင်း, News & Media Website, .

03/05/2024
29/04/2024

အေအေဗိုလ်ချုပ် နေပြည်တော်ကို ပေါ်တင်စိန်ခေါ်ပြီ

မြ၀တီ
21/04/2024

မြ၀တီ

မြ၀တီတိုက်ပွဲ နောက်ဆုံးရ၊ တစ်မြို့လုံး ဘာမှမကျန်တော့ဘူး ၊ စောချစ်သူ ဘယ်လိုကိုင်တွယ်မလည်း

21/04/2024

ရင်နာရတယ်.... အပြစ်မဲ့ကလေးတွေ ဘေးကင်ပါစေ

CRD

ဘယ်ခံမလည်း
19/04/2024

ဘယ်ခံမလည်း

အစ္စရေးပြန်ဆော်ပြီ၊ ဘယ်ငြိမ်ခံမလည်း

18/04/2024

ပြောရင်ဖြစ်အောင်လုပ်တဲ့ ဗိုလ်ချုပ်

မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၂ ဦးသေဆုံးဟုဆိုရန်ကုန်...
18/04/2024

မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၂ ဦးသေဆုံးဟုဆို
ရန်ကုန်၊ ဧပြီ ၁၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထမင်းချက်စားနေသော မီးဖိုဆောင်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့နှင့်အတူ ရွှေခြံပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၃၊ ဒေါင်းမင်းတမံ ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ MG6 ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖီးနစ်ဒရုန်းတပ်ဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်းတစ်စီး။

မင်္ဂလာဒုံ လေတပ်အဆောင်နှင့် ကြံ့ဖွတ်ရုံး ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်၊ ရန်ကုန်မြို့နယ်တချို့တွင် ဗုံးပေါက်ကွဲမှုနှင...
18/04/2024

မင်္ဂလာဒုံ လေတပ်အဆောင်နှင့် ကြံ့ဖွတ်ရုံး ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုဖြစ်၊ ရန်ကုန်မြို့နယ်တချို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများဖြစ်ပေါ်
ရန်ကုန်၊ ဧပြီ ၁၈
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ လေတပ်အရာရှိ လူပျိုဆောင်နှင့် ကြံ့ဖွတ်ပါတီရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadoe မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက် ည ၇ နာရီ မိနစ် ၅၀ အချိန်တွင် မင်္ဂလာဒုံ ကြံ့ဖွတ်ရုံးနှင့် မင်္ဂလာဒုံ လေတပ် အရာရှိ လူပျိုဆောင်တို့ကို လက်ပစ်ဗုံးဖြစ် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။
"ယခင်ရက်ပိုင်း လှိုင်သာယာရဲစခန်းကို တိုက်ခိုက်တုန်းကလည်း ရဲတစ်ဦး ထိခိုက်သေဆုံးပါတယ်။ ဒီနေ့ ညတိုက်ခိုက်မှုမှာလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။" ဟု ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Dark Shadow အဖွဲ့ “Urban Freedom” စစ်ဆင်ရေး အဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဆောင်ရွက်ခဲ့သော ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် နေရပ်သို့ ပြန် လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အလားတူ ယနေ့ ည ၇ နာရီ ၃၅ မိနစ်နှင့် ည ၇ နာရီ ၃၈ မိနစ်အချိန် မြောက်ဒဂုံမြို့နယ်တွင်လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ ည ၇ နာရီ ၃၀ မိနစ်ကျော်အချိန်နှင့် ည ၈ နာရီ ၅ မိနစ်အချိန်တို့တွင်လည်းကောင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၅၂ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အင်းစိန်မြို့နယ်တွင် ယနေ့ ည ၈ နာရီဝန်းကျင်အချိန် သေနတ်ဖြင့် ပစ်ခတ်သံများကြားရကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲများက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

18/04/2024

စခ ဌာနချုပ် အေအေလက်ခဲရောက်တော့မှာလား

14/04/2024

လမ်းဆုံးပြီအဘ....

“မြ၀တီသို့ သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့် ထွက်ခွါ”ကရင်ပြည်နယ်၊ ...
10/04/2024

“မြ၀တီသို့ သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့် ထွက်ခွါ”
ကရင်ပြည်နယ်၊ ဘားအံဘက်မှ မြ၀တီဘက်သို့ စစ်ကူရန် သံချပ်ကာကား ၂ စီး၊ စစ်ကား နှင့်ဖောကား အစီး ၂၀ ကျော် အပါအဝင် စုစုပေါင်း ကားစီးရေ ၃၀ ခန့်ပါ စစ်ကူယာဉ်တန်းသည် မြ၀တီမြို့ကို ထွက်ခွာသွားကြောင်း ယာဉ်တန်း ဖြတ်သန်းရာတစ်လျှောက်မှ ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
ဓာတ်ပုံ- ယနေ့ ဘားအံမြို့သို့ ဝင်လာသည့် စစ်ကူယာဉ်တန်းနှင့် မြ၀တီသို့ သွားနေသည့် စစ်ယာဉ်တန်း။

မြဝတီတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ် အရေးသာနေဧပြီ၊ ၁၀ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်မှာ ရှိတဲ့ မြို့စောင့်တပ်လို့ခေါ်တဲ့ စစ...
10/04/2024

မြဝတီတိုက်ပွဲ တော်လှန်ရေးပူးပေါင်းတပ် အရေးသာနေ
ဧပြီ၊ ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်မှာ ရှိတဲ့ မြို့စောင့်တပ်လို့ခေါ်တဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ - ၂၇၅ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနေတွေရှိနေပေမဲ့ ပူးပေါင်းအဖွဲ့ဘက်က အားသာချက်တွေ ရရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။
"တိုက်လေယာဉ်နဲ့ ပစ်နေတာရှိတယ်ပေါ့နော်၊ ဒီနေ့မှာ၊ အခုဆို ဗဟိုချက်မကင်းကို ရထားပြီးလို့ ပြောလို့ ရတယ်၊ ကိုယ့်ဘက်က အားသာမှု ရယူထားနိုင်တယ်"လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်တဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက DNA ကို ပြောပါတယ်။
ဒါပေမယ့်လည်းတိုက်ပွဲအခြေအနေအသေးစိတ်နဲ့ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောကြားခဲ့တာတော့မရှိပါဘူး။
မြဝတီမြို့နယ် သင်္ဃန်းညီနောင် အခြေစိုက်တပ်ရင်းတပ်စခန်းတွေအားလုံးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံးKNUဦး​ဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် မြို့အနောက်ဘက်မှာ တခုတည်းကျန်ရှိနေတဲ့ ခလရ-၂၇၅ တပ်ရင်းကို မနေ့ကဧပြီလ ၉ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျန်ရှိနေတဲ့ တပ်ရင်းမကျရေးအတွက် လက်နက်ကြီးသာမက လေကြောင်းကနေပစ်ကူပေးနေရပြီး အနီးပတ်ဝန်းကျင်မှာ အဆောက်အဦတချို့ မီးလောင်ပျက်စီးမှုတွေ ရှိနေတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
" ညက တော်တော်လေး ပစ်တာ၊ လေယာဉ်နဲ့ရော အဆက်မပြတ်ပဲ ဒီမနက်လည်း ပစ်နေတာ၊ ဗုံးကြဲတာ အိမ်တွေပါ လှုပ်တယ်၊ ကြမ်းတယ်၊ အဲဒီ မြေနီကုန်းဘက်မှာ လူမရှိတော့ဘူး၊ အကုန်ပြေးကုန်ကြပြီးလေ" လို့ သူက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်တာမျိုးတွေ တော့မကြားရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ မြဝတီမြို့ပေါ်ရပ်ကွက်တချို့မှာ အရပ်သားပိတ်မိနေတာရှိနေသလို တချို့မှာ ဘားအံနဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်ကို တိမ်းရှောင်သွားကြသူများလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့ထဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာမရှိတော့သလို မြို့တွင်းနေရာအများစုမှာ ကရင်ပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။ဒါ့အပြင် ကရင်အမျိုးသားတပ်မတော် (KNA)အမည်ပြောင်းထားတဲ့တ ကရင်နယ်ခြားစောင့်(BGF)တပ်ဖွဲ့ဝင်တွေက နေရာယူထားကြတယ်လို့ ဆိုပါတယ်။
အခုလို မြဝတီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်တပ်က လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးကင်းလှည့်နေပေမယ့် ထိုင်း-မြန်မာချစ်ကြည်ရေးအမှတ်(၁)တံတားကို ပုံမှန်အတိုင်း ဖွင့်လှစ်ပေးထားဆဲဖြစ်တယ်လို့ တံတားအနီးနေထိုင်သူတွေက ပြောပါတယ်။
တဖက်မှာလည်း ထွက်ပေါက်ပိတ်မိနေတဲ့ မြဝတီမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်ပိုင်းတချို့ကလည်း တရားဝင်ထုတ်ဖော် ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက သံချပ်ကာကားတွေ၊ ဖောကားတွေနဲ့ ဘားအံ့မြို့ဘက်ကနေမြဝတီမြို့တက်လာနေတာကို လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ တွေ့မြင်ရပါတယ်။
ဒါဟာ မြဝတီမြို့မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ကူပေးဖို့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ လွှတ်လာတဲ့ တပ်ဖွဲ့တွေ ဖြစ်တယ်လို့ လည်းပြောဆိုနေကြပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်ပြီးကရင်အမျိုးသားအစည်းအရုံးအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က သတင်းတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
KNU တပ်မဟာ ၆ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်ကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်းဖြေကြားပေးခြင်းမရှိသေးပါဘူး။
တိုက်ပွဲနဲ့ပတ်သတ်လို့"ညှိနှိုင်းခဲ့တာပဲ၊ သူတို့(စစ်တပ်)ဘက်ကို ရွေးချယ်စေခဲ့တာပဲ၊ လုပ်စရာရှိတာ ဆက်လုပ်ရမှာပေါ့" လို့ အထက်ပါ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်က ပြောပါတယ်။

ကိုယ်ပိုင် အုပ်ချုပ် နိုင်ရေး ရခိုင် တပ်တော် အတွက် လုံလောက်သွား************************အဆိုပါ ခေါင်းစဉ် ဖြင့် ဝါရှင်တန် ...
08/04/2024

ကိုယ်ပိုင် အုပ်ချုပ် နိုင်ရေး ရခိုင် တပ်တော် အတွက် လုံလောက်သွား
************************
အဆိုပါ ခေါင်းစဉ် ဖြင့် ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာခါရီ အဘူဇာ မှ RFA တွင် ရေးသားခဲ့သည်။
ရက္ခိုင်တပ်တော်သည် ယခု အခါ ရခိုင်ပြည်နယ် အတွင်း ထိုးစစ်ဆင်နွှဲလျက် ရှိနေပြီး မြို့ ကိုး မြို့ နှင့် ပလက်ဝ ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်၍ စစ်တပ် အဖို့ ခေါင်းမဖေါ် နိုင်အောင် အရှက်တကွဲ အရှူံး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယင်းနှင့် အတူ ရှေ့လျောက် ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေး ‌ဆွေးနွေးမှု များ အတွက် လွန်စွာ ရှူပ်ထွေးလာမည့် အနေအထား သို့ ရောက်လာခဲ့သည်။
ကချင်ပြည်နယ် တွင်လည်း စစ်တပ်သည် ဆုတ်ခွာပေးနေရပြန်သည်။ ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်ရှိ စစ်စခန်းများ အားလုံးကို သိမ်းယူ နိုင်ခဲ့ခြင်းနှင့် အတူ တရုတ် နှင့် ကုန်သွယ် လမ်းမကြီးကို ထိန်းချုပ် နိုင်ခဲ့သည်။
ကရင် ပြည်နယ် ရှိ စစ်တပ် ၏ အမာခံ ဒေါက်တိုင်ကြီး အဖြစ် ရပ်တည်ပေးခဲ့သည့် နယ်ခြားစောင့် တပ်ဖွဲ့သည်လည်း အခြေအနေ မဟန်တော့သည်ကို ရိပ်စားမိ၍ စစ်တပ် နှင့် ပြတ်ပြတ်စဲစဲ ဖြစ်လာသည်။
စစ်တပ်သည် ညီနောင် မဟာမိတ် အဖွဲ့အား လားရှိုးမှနေ၍ တန်ပြန် ထိုးစစ်ဆင်မည်ဟု ကြိမ်းဝါးနေမှု များလည်း အကောင်အထည် ပေါ်မလာခဲ့တော့ပေ။
စစ်တပ်အတွက် အကြီးအကျယ် ဆုံးရှူံးနစ်နာနေရသည်က ရခိုင်ပြည်နယ် တွင် ဖြစ်သည်။ ရက္ခိုင်တပ်တော်သည် ၎င်းတို့၏ စစ်ဆင်ရေး စတင်ခဲ့သည် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့မှစ၍ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း မြို့ကြီး မြို့ငယ်များကို ဆက်တိုက် သိမ်းယူနိုင်ခဲ့သည်။ တပ်ရင်း ဌာနချုပ်များ၊ စစ်သင်တန်းကျောင်း နှင့် စခန်းပေါင်း ၁၇၀ နီးပါးလည်း ရရှိသွားခဲ့သည်။ မြို့တော် စစ်တွေအားလည်း ပိတ်ဆို့ နိုင်ခဲ့ပြီး အစိုးရ ဝန်ထမ်းများ တိမ်းရှောင်သွားခဲ့ရပြီ ဖြစ်သည်။
ကျောက်ဖြူ ရှိ တရုတ် စီးပွားရေး ဇုံသည်လည်း ကျလုကျခင် ဖြစ်လာနေ၍ AA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သော အာရကန် ညီညွတ်ရေး အဖွဲ့ချုပ် United League of Arakan (ULA) မှ ပြည်ပ ရင်းနှီးမြုပ်နှံမှု များ အားလုံးအား အကာအကွယ် ပေးသွားမည် ဖြစ်ပြီး လက်ရှိ လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရေး အာမခံသွားမည်ဟု လူသိရှင်ကြား ကတိပေးလာခဲ့သည်။ လက်ရှိတွင် တရုတ်သည် ထိုဒေသတွင် ‌ဒေါ်လာ ၈ ဘီလီယံ ခန့် ရင်းနှီးမြုပ်နှံထားသည်။
မကြာမီက ထုတ်ပြန်သော နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အဖွဲ့၏ အစီရင်ခံစာတွင် "နောက်ပိုင်း မည်သို့သော ရလဒ်များ ထွက်ပေါ်လာစေကာမူ AA သည် ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်နိုင်ရန်ရခိုင်ပြည်နယ် အဓိက ကျသော အစိတ်အပိုင်း အတော်များများကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်၍ မြန်မာ၏ အာဏာ စက် သက်ရောက်ရာ ချိန်ခွင်လျှာ ကို ပြောင်းလဲလိုက်နိုင်ပြီ ဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။
ဧပြီ ၁ ရက်တွင် တရုတ်အထူး သံတမန် တိန် ရှီဂျန်းသည် အပစ်အခတ် ရပ်စဲရေး ကြားဝင် ကြိုးစားပေးနိုင်ရန် နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ AA သည် ရှမ်းမြောက်ဒေသတွင် ရရှိထားသော အပစ်အခတ် ရပ်စဲရေး ကို လိုက်နာရန် ငြင်းဆိုခဲ့ပြီး တရုတ် ဖက်မှလည်း ၎င်းတို့ အပေါ် နိုင်ကွက် မရှိ ဖြစ်နေသည်။
AA သည် ၎င်းတို့ အခြေစိုက်ရာ ရခိုင် မြောက်ပိုင်း ကို သာမက ပြည်နယ်တခုလုံးကို သိမ်းယူရန် ရည်ရွယ်ပြီး ဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့ပြီး ဖြစ်သည်။ ၎င်းတို့အဖို့ ထိုသို့ လုပ်နိုင်ရန် လက်နက် လူသူအင်အား အပြည့်အစုံ ရှိမရှိက မသဲကွဲလှသော်လည်း လက်လှမ်း မမီပဲ လုပ်မည်ဆိုက နဲနဲ နှင့် ကျဲကျဲ ဝိုင်းမှသာ ဖြစ်ပေတော့မည်။
ယခုအခါ AA သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်း မြို့ကို ထိုးစစ်ဆင်နေသည်။ စစ်တပ်သည် အမ်း မြို့ကို လက်လွှတ်လိုက်ရပါက ရခိုင်မြောက်ပိုင်း နှင့် အလယ်ပိုင်း သို့ ထောက်ပို့ လမ်းကြောင်း ပြတ်တောက်သွားမည် ဖြစ်သည်။ ထိုအခါ တွင် ပြည်မြို့ ဖက်မှ ပေါက်သော လမ်းကိုသာ သုံးရတော့မည် ဖြစ်သည်။
စစ်တပ်သည် လုပ်ရိုးလုပ်စဉ် အတိုင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လာသဖြင့် အရပ်သား အများအပြား သေဆုံး သွားခဲ့ရသည်။ စစ်မှုထမ်း ဥပ‌ ဒေ ဖြင့် လည်း အတင်း အဓမ္မ စစ်သားများ စုဆောင်းနေသည်။ ထိုအထဲတွင် ရိုဟင်ဂျာ များကို ပါ ထည့်သွင်းလာသည်။
၎င်းတို့အား "ခိုးဝင်လာသော ဘင်္ဂါလီ များ" ဟု ဆိုကာ လူတသန်း ခန့်အထိ တဖက်နိုင်ငံသို့ ထွက်ပြေးသွားအောင် လူမျိုးရေး သန့်စင်သည့် စစ်ဆင်ရေး ဆင်နွှဲ ခဲ့ပြီး အများအပြားကို အကျဉ်းသားများ သဖွယ် စခန်းသွင်း ထားခဲ့သည်ကို ကြည့်မည် ဆိုက အရုပ်ဆိုး လှပြီး ဇောက်ထိုး မိုးမျှော် နိုင်လှသည့် လုပ်ရပ်ဟု ဆိုရမည် ဖြစ်သည်။
သင်တန်းလည်း ဖြစ်သလို ပေး၊ လက်နက် လည်း အပြည့်အဝ တပ်ဆင်ပေးနိုင်ခြင်း မရှိပဲ လူအင်အား ရလျှင် ပြီးရောဆိုကာ ဂမူးရှုးထိုး လုပ်လာကြခြင်းမျိုးသာ ဖြစ်သည်။
ရိုဟင်ဂျာ များ အား စစ်ထဲ ဆွဲသွင်းလာခြင်းကြောင့်
အတိုက်အခံ ဖက်တွင် နိုင်ငံရေး ပဋိပက္ခများ ပေါ်လာနိုင် ဖွယ်ရှိနေသည်။
ဗုဒ္ဓဘာသာ ဝင် အများစု ပါဝင်နေသည့် ရက္ခိုင်တပ်တော်သည် ရိုဟင်ဂျာ များ နှင့် ဆက်ဆံရေး တင်းမာလျက် ရှိသည်။ ၎င်းတို့သည် NUG ၏ ရပ်တည်ချက် ဖြစ်သော ရိုဟင်ဂျာ များသည် တရားဝင် နိုင်ငံသား များ ဖြစ်ပြီး စနစ်တကျ ပြန်လည် ခေါ်ယူရမည် ဆိုသည်ကို မတင်မကျ လက်ခံသည့် အဆင့်သာ ရှိနေသည်။
စစ်တပ်သည် တခါက နယ်မြေ ရှင်းလင်းရေး ဆိုကာ တိုက်ထုတ်ထားသည် အာဆာ အဖွဲ့နှင့် အဆက်အသွယ်များ လုပ်လာသည် ဆိုသော သတင်းများ ထွက်ပေါ်နေသည်။ ဘင်္ဂလား‌ဒေ့ရှ် ဖက် ရောက်သွားသော အာဆာ အဖွဲ့သည် လက်နက်ကိုင် လှုပ်ရှားမှု များ မရှိတော့ပဲ ဒုက္ခသည် စခန်းများကို ထိန်းချုပ် ထားနိုင်ဖို့သာ အာရုံစိုက်နေသည်။
စစ်တပ်သည် AA အား တန်ပြန်နိုင်ရန် အာဆာ အဖွဲ့အား ကြားခံ အဖြစ် ထားရန် စည်းရုံးနေသည်ကပင် မဖြစ်နိုင်သည်ကို ကြံစည်နေခြင်းပင် ဖြစ်သည်။ AA သည် ၎င်းတို့ ဒေသတွင် မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမျှ လက်ခံမည် မဟုတ်သည့်အပြင် နိုင်ငံရေး အာဏာလည်း ခွဲဝေပေးမည် မဟုတ်ပေ။
စစ်ရေးအရ အရေးနိမ့်လာသော စစ်ကောင်စီသည် ၎င်းတို့ လုပ်နိုင်သည့် တခုတည်းသော နည်းလမ်း ဖြစ်သည့် လူမျိုးရေး ပဋိပက္ခ ဖန်တီးရန် သွေးထိုးလှုံ့ဆော် လာနေပြီ ဖြစ်သည်။ ဤသည်ကိုလည်း ကုလ သမဂ္ဂမှ ခန့်အပ်ထားသော လွတ်လပ်သော စုံစမ်းရေး ကော်မရှင် မှ အစီရင်ခံစာ ထုတ်ပြန်ပြီး သတိပေးလာခဲ့ပြီ ဖြစ်သည်။
AA သည် နယ်မြေများ တနေ့တခြား စိုးမိုးလာနိုင်သည် နှင့် အမျှ ယခင် က ရိုဟင်ဂျာ များ နှင့် ပတ်သက်ပြီး ပေးထားသော ကတိကဝတ်များကို ပြန်၍ ရုပ်သိမ်းစ ပြုလာနေပုံ ရှိသည်။ စစ်တပ် နှင့် ဆွေးနွေးဖို့လည်း အသာစီး အနေအထား ပြင်ဆင်လာခဲ့သည်။
မတ်လ ၂၅ ရက်နေ့တွင် ULA မှ ထုတ်ပြန်သော ကြေငြာချက် တွင် စစ်တပ်၏ လူမျိုးရေး တင်းမာမှု များ ဖြစ်အောင် သွေးထိုးပေးလာမှု ကို ရှုတ်ချထားပြီး "ရိုဟင်ဂျာ" များ အားလည်း စစ်တပ် ခေါ်သလို "ဘင်္ဂါလီ" ဟု ပြောင်း၍ သုံးနှုန်းလာခဲ့သည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်မှလည်း X ဟု ခေါ်သော တွစ်တာ တွင် ထိုအတိုင်း သုံးနှုန်းလာခဲ့သည်။
AA ၏ ထိုးစစ် ကြောင့် စစ်တပ်သည် အရှုံး နှင့် ရင်ဆိုင်နေရသည့် အဖြစ်ကြောင့် တရုတ်သည် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများ၏ အနေအထားကို မဖြစ်မနေ ဆန်းစစ် အကဲခတ်လာနေရပြီ ဖြစ်သည်။
NUG သမ္မတ ကြီး ဒူဝါ လရှီးလ မှ အိန္ဒိယ စာစောင် တခု ဖြစ်သော Decan Herald နှင့် အင်တာဗျုး တွင် ULA နှင့် အပြုသဘော ဆောင်သော ဆက်ဆံရေး မျိုး ရှိကြောင်း နှင့် ရိုဟင်ဂျာ များ နှင့် ပတ်သက်လည်း ယခင်က သဘောထား အတိုင်း ပြောဆိုသွားခဲ့သည်။
AA ၏ စစ်မြေပြင် အောင်ပွဲများကြောင့် စစ်တပ် အလျင် အမြန် ပြိုလဲသွားနိုင်သလို တဖက်တွင်လည်း ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ဆောက်ရေး အတွက် အနာဂတ်တွင် ဆွေးနွေးရန် ရှိသည်များ နှင့် အားလုံး နိုင်ငံသား အခွင့် အရေး တန်းတူ ရရှိရေး တို့ အပေါ် သက်ရောက်မှု များ ရှိလာနိုင်ပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

ပြည်သူတွေအနေနဲ့ အစိုးရနဲ့ စစ်တပ်ဆီက အဖြေကို စောင့် နေကြတယ်။ မဲဆောက်လေဆိပ်မှာ ဘာဖြစ်ခဲ့ကြတာလဲ။ စစ်ဘေးဒုက္ခသည်တွေကို ကူညီထ...
08/04/2024

ပြည်သူတွေအနေနဲ့ အစိုးရနဲ့ စစ်တပ်ဆီက အဖြေကို စောင့် နေကြတယ်။ မဲဆောက်လေဆိပ်မှာ ဘာဖြစ်ခဲ့ကြတာလဲ။ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးတာဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေအပေါ်မှာ အခြေခံရမှာဖြစ်ပါတယ်။
ဘယ်အုပ်စုရဲ့ အကျိုးအတွက်ရယ်လို့ မဟုတ်ဘူး။ ပစ္စည်းတွေ၊ ဒါမှမဟုတ် လက်နက်တွေ သယ်ယူတာမျိုးဆိုရင် မြန်မာစစ်ကောင်စီကို ကူညီပေးတာလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။
ဒါ့ကြောင့် ထိုင်းအစိုးရအနေနဲ့ ရှေ့ထွက်လာပြီး ပွင့်လင်းမြင်သာမှုရှိရှိ အသေးစိတ်ရှင်းလင်းပေးရပါမယ်။
ဖိထာလင်း
လွှတ်တော်အမတ်
Move Forward Party

“မဲဆောက်ကို ဆိုက်တဲ့လေယာဥ် အရပ်ဘက်လေယာဥ်လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီး ငြင်းပြန်”မြန်မာ - ထိုင်းနယ်စပ်၊ မဲဆောက်မ...
08/04/2024

“မဲဆောက်ကို ဆိုက်တဲ့လေယာဥ် အရပ်ဘက်လေယာဥ်လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီး ငြင်းပြန်”
မြန်မာ - ထိုင်းနယ်စပ်၊ မဲဆောက်မြို့ကို မနေ့ကညပိုင်းတုန်းဆိုက်ရောက်လာတဲ့ လေယာဥ်ဟာ စစ်ဘက်သုံး မဟုတ်ဘဲ အရပ်ဘက်ဆိုင်ရာ ပစ္စည်းတွေတင်ဆောင်တဲ့ အရပ်ဘက် လေယာဥ်ဖြစ်တယ်လို့ ထိုင်းဘက်က ပြောလာပါတယ်။
ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးက “အရပ်ဘက်သုံးပစ္စည်းတွေကို သယ်ယူတဲ့အရပ်ဘက် လေယာဥ်တစ်စင်းဖြစ်ပြီး စစ်သားတွေကို သယ်ပို့ဖို့၊ လက်နက်သယ်ဆောင်ဖို့နဲ့ ခိုလှုံမှုပြုလုပ်ဖို့ လေယာဥ်ဆင်းသက် ခွင့်တောင်းခံတာမျိုးမဟုတ် ပါဘူး။ သံတမန်ခင်းရေးရာ ထောက်ပံ့ရေးပစ္စည်းတွေကို သယ်ယူဖို့ သံခင်းတမန်ခင်းနည်းအရ တောင်းခံမှုဖြစ်ပါ
တယ်။ ပုံမှန်အခြေအနေဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့နာရီပိုင်းမှာပဲ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားလာတာဖြစ်ပါတယ်။
မြဝတီမြို့ကနေ ဆုတ်ခွာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ပြန်ခေါ်ဖို့ မြန်မာစစ်တပ်က အရပ်ဘက်လေယာဥ်နဲ့ မဲဆောက်မြို့ လေဆိပ်ကို စစ်ကောင်စီက ထိုင်းဘက်ကို ဆင်းသက်ခွင့်တောင်းခဲ့တယ် လို့ ထိုင်းမီဒီယာသတင်းတွေမှာ သတင်းတွေ ဖော်ပြခဲ့အပြီးမှာ ထိုင်းဘက်က အခုလိုပြောလာတာဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when PDF သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share