Kyaing Tong News Feed

  • Home
  • Kyaing Tong News Feed

Kyaing Tong News Feed Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaing Tong News Feed, Newspaper, .

 #ကြော်ငြာ
04/03/2024

#ကြော်ငြာ

သက်တော် (၉၆)နှစ်ရှိ နဂါးနှစ်ကောင်ဆရာတော် ပျံလွန်တော်မူသက်တော်(၉၆)နှစ် ဝါတော်(၇၆)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်သည်...
08/02/2024

သက်တော် (၉၆)နှစ်ရှိ နဂါးနှစ်ကောင်ဆရာတော် ပျံလွန်တော်မူ

သက်တော်(၉၆)နှစ် ဝါတော်(၇၆)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်သည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အကူးပိုင်း အချိန်က ပျံလွန်တော်မူသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊
ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်မှ ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိသည် ထိုင်းနိုင်ငံအတွင်း ဆေးကုမှုခံယူခဲ့ပြီးနောက် ဆက်လက်၍ နဂါးနှစ်ကောင်ကျောင်းတိုက်အတွင်း သီးသန့်အဆောင်ခန်းတွင် ထားရှိကာ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ရင်း ပျံလွန်တော်မူသွားခြင်း ဖြစ်သည်။

Crd Tachileik news agency

ယနေ့ (၂၇.၁.၂၀၂၄) ရက်နေ့၊နံနက် (06:00) မှ ညနေ (06:00) အထိ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းကို ကျိူင်းတုံမြို့ရှိဓာတ်အား...
27/01/2024

ယနေ့ (၂၇.၁.၂၀၂၄) ရက်နေ့၊နံနက် (06:00) မှ ညနေ (06:00) အထိ ဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းကို ကျိူင်းတုံမြို့ရှိဓာတ်အားသုံးစွဲသူများအား အသိပေးပန်ကြားအပ်ပါသည်။
Crd Ese Keng Tung

ရှမ်း(အရှေ့)လွိုင်မွေ၌ ချယ်ရီပန်းပွဲတော်ကျင်းပမည်-------------------ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်၊ လွိ...
04/12/2023

ရှမ်း(အရှေ့)လွိုင်မွေ၌ ချယ်ရီပန်းပွဲတော်ကျင်းပမည်
-------------------
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသမှာ ချယ်ရီပန်းပွဲတော်ကို လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လအတွင်းမှာ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိမှာပန်းပွင့်ဖို့စုံတဲ့အချိန်ကိုမှန်းရတာနဲ့ ပန်းရဲ့ပွင့်တဲ့အနေအထားပေါ်မူတည်ပြီး ပြုလုပ်ရတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပမယ့်ရက်ကိုတော့တိတိကျကျမသတ်မှတ်ရသေးဘဲ ဇန်နဝါရီလဆန်းပိုင်းလောက်ကျင်းပသွားနိုင်မယ်ဆိုတာကိုပဲပြောလို့ရသေးတယ်လို့ဆိုပါတယ်။

ချယ်ရီပန်းပွဲတော်ကို(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလမှာစတင်ကျင်းပပြုလုပ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ၂၀၂၃ဇန်နဝါရီမှာထပ်မံပြုလုပ်ဖြစ်ခဲ့ပြီး လာမယ့်(၂၀၂၄)ခုနှစ် ဇန်နဝါရီလမှာလည်းကျင်း ပသွားမှာဖြစ်တယ် လို့ဆိုပါတယ်။

လွိုင်မွေဒေသဟာ တောင်ပေါ်စခန်းမြို့လေးဖြစ်သလို တောင်ထိပ်မှာရေကန်လေးလည်းရှိပြီး ချယ်ရီပန်းပင်လေး တွေနဲ့ အင်မတန်လှပတဲ့နေရာဒေသလေးတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။
ဒီဒေသမှာ အင်္ဂလိပ်လက်ထက်ကစိုက်ပျိုးခဲ့တဲ့ ချယ်ရီပန်းပင်တွေရှိသလို ခေတ်အဆက်ဆက်စီမံချက်နဲ့ စိုက်ပျိုး ခဲ့တဲ့ချယ်ရီပင်တွေကလည်း ရာနဲ့ချီပြီးရှိတာကြောင့် ချယ်ရီပန်းပွင့်ချိန်ဆို တစ်တော လုံးချယ်ရီပန်းတွေနဲ့ လွှမ်းခြုံ နေတတ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် (၁၉၉၀)ပြည့်နှစ်ဝန်းကျင်လောက်ကချယ်ရီပင်(၅၀၀)လောက်စိုက်ပျိုးခဲ့ပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွေက လည်းချယ်ရီပင်(၅၀၀)ခန့်ထပ်မံစိုက်ပျိုးခဲ့တဲ့အတွက် အခုလက်ရှိ လွိုင်မွေဒေသမှာချယ်ရီပင် (၁၀၀၀)ကျော် လောက်ရှိတယ်လို့လည်းသိရပါတယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဟာချယ်ရီပင်အများဆုံးရှိတဲ့ဒေသ
တွေဖြစ်တယ်လို့ဆိုပါတယ်။

လွိုင်မွေဒေသမှာ တော့ချယ်ရီပင်အချိုနဲ့အခါးနှစ်မျိုးရှိပြီး အလှည့်ကျပွင့်သလို ချယ်ရီပန်းပွင့်ချိန်ဟာ တစ်လ လောက်ကြာမြင့်တယ်လို့သိရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာနိုင်ငံအပါအဝင် ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှာ ချယ်ရီပန်းပွဲတော်တွေ ကျင်းပလေ့ရှိပြီး ဂျပန်နိုင်ငံမှာလည်း ချယ်ရီပင်တွေနဲ့ပတ်သက်ပြီး အမြတ်တနိုးထားလေ့ရှိတယ်လို့လည်း သိရပါတယ်။

( ပုံ ) ၂၀၂၃ ခုနှစ် ချယ်ရီပန်းပွဲတော်

" စဝ်နန်းတစ်ထီလာ "( #တစ်ဦးတည်းသော_အမျိုးသမီး_ရှမ်းစော်ဘွား )     စဝ်နန်းတစ်ထီလာ ခေါ် စဝ်နန်းဒိပ်ဓိဋာသည် ရှမ်းပြည်နယ်၏ တစ...
26/11/2023

" စဝ်နန်းတစ်ထီလာ "
( #တစ်ဦးတည်းသော_အမျိုးသမီး_ရှမ်းစော်ဘွား )

စဝ်နန်းတစ်ထီလာ ခေါ် စဝ်နန်းဒိပ်ဓိဋာသည် ရှမ်းပြည်နယ်၏ တစ်ဦးတည်းသော ရှမ်းအမျိုးသမီး စော်ဘွား ဖြစ်သည်။ စဝ်နန်းတစ်ထီလာ ဟူသည်မှာ အများက ခေါ်ဝေါ်နေသော အမည် ဖြစ်သည်။ စဝ်နန်းတစ်ထီလာ ကို ရှမ်းဘာသာဖြင့် စဝ်နန်းဒိပ်ဓိဋာဟု ခေါ်သည်။ ယင်းဝေါဟာရသည် ပါဠိဝေါဟာရ ”ဒေဝဓိတာ” မှ ဆင်းသက်သော နတ်သမီးဟု အနက်ရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကျိုးခိုင်၏ တစ်ဦးတည်းသော သမီး ဖြစ်သည်။ စဝ်နန်းတစ်ထီလာသည်စော်ဘွား ဆိုသည်မှာ မြေရှင်ပဒေသရာဇ်ဖြစ်ပြီး သားစဉ်မြေးဆက် အရိုက်အရာ ဆက်ခံကြသည်။ အုပ်ချုပ်ရေး အကြီးအကဲ ရာထူး ဖြစ်သည်။ ကျိုင်းတုံစော်ဘွားများသည် ၁၉ ရာစု နှောင်းပိုင်းအထိ မင်းများအဖြစ် ပြည်နယ်တွင် တစ်ထီးတစ်နန်း ထူထောင်ခဲ့သူများ ဖြစ်သည်။

စဝ်နန်းတစ်ထီလာ၏ မွေးချင်းနောင်တော်မှာ စဝ်ကောင်ခမ်းဖူး ဖြစ်ပြီး မောင်တော်မှာ စဝ်ကော်န်ကျောက်အင်းထလိုင်း ဖြစ်သည်။ စောနန်းတစ်ထီလာကို ခရစ်နှစ် ၁၈၇၁ တွင် ဖွားမြင်ခဲ့သည်။ သူမ အသက် ၁၆ နှစ်အရွယ် ၁၈၈၇ ခုနှစ်တွင် ခမည်းတော် ကျိုင်းတုံစော်ဘွားကြီး ကံကုန်ခဲ့သည်။

စဝ်နန်းတစ်ထီလာသည် မိန်းမသားပင် ဖြစ်သော်လည်း မြင်းစီးတော်၍ အတိုက်အခိုက် အလွန် ဝါသနာထုံသဖြင့် ကျိုင်းရုံးကြီး စစ်မျက်နှာအထိ လိုက်သွားခဲ့ဖူးသည်။ ယောက်ျားများ ပီးဆေးထိုးသည်ကို သူလည်း လိုက်ထိုးသည်။ သူ၏ လက်မောင်း နှစ်ဘက်စလုံးတွင် စက်အင်း အများအပြား မြှုပ်နှံထားသည်။ သူသည် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများကဲ့သို့ ရဲစွမ်းသတ္တိ ပြည့်စုံသူ ဖြစ်သည်။ အုပ်ချုပ်ရေးပညာ ကျွမ်းကျင်သည်။

စဝ်နန်းတစ်ထီလာသည် နောင်တော်ဖြစ်သူ စဝ်ကောင်ခမ်းဖူး ကျိုင်းတုံစော်ဘွား ဖြစ်စဉ်အခါက မစ္စတာ ဂျေဂျော့စကော့ (J. George Scott) သည် အင်္ဂလိပ်စစ်တပ်ကို ခေါင်းဆောင်၍ ကျိုင်းတုံသို့ ရောက်လာ၏။ ဂျော့စကော့နှင့် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးတို့ မကြာခဏ ပြဿနာတက်လေ့ရှိသည်။

စောကောင်ခမ်းဖူး၏ ညီမတော် စဝ်နန်းတစ်ထီလာသည် အပျိုတော်များ ခြံရံလျက် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်စုံစမ်း မေးမြန်းလေ့ရှိသည်။ တစ်ညတွင် စဝ်နန်းတစ်ထီလာသည် အခြွေအရံတို့ ခြံရံလျက် နောင်တော်အား အသိမပေးဘဲ ဂျော့စကော့တို့ တည်ခင်းကျွေးမွေးသော ညစာစားပွဲသို့ တက်ရောက်ရန် အင်္ဂလိပ် စစ်စခန်းသို့ သွားရောက်ခဲ့သည်။

ထိုညတွင်ပင် ကျိုင်းတုံစော်ဘွား စောကောင်ခမ်းဖူးသည် ရုပ်ဖျက်၍ မိမိ၏ ရဲမက်ဗိုလ်ပါများကို ခေါ်ဆောင်ပြီးလျှင် အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ရန် ချီတက်ခဲ့သည်။ စစ်စခန်းသို့ရောက်လျှင် ကျိုင်းတုံစော်ဘွား၏ တပ်များက အင်္ဂလိပ်စစ်တပ်အား ဝိုင်းရံထားသည်ကို စဝ်နန်းတစ်ထီလာ၏ အတွင်းလူယုံများမှတစ်ဆင့် သိရှိသွားသောအခါ မိမိမကယ်လျှင် မြို့လယ်ခေါင်တွင် အရေးတော်ပုံကြီး ဖြစ်ပေါ်လာမည်ကို စိုး၍ ချက်ချင်းပင် ဂျော့စကော့ကို ခေါ်ဆောင်သွားသည့်အတွက် လွတ်မြောက်သွားခဲ့ရသည်။

ကျိုင်းတုံစော်ဘွားကြီး စဝ်ကောင်ခမ်းဖူးသည် ၁၈၉၅ ခုနှစ်တွင် ကံကုန်ခဲ့ရာ ထိုအချိန်က စော်ဘွားအရိုက်အရာကို ဆက်ခံမည့် သူ့ညီတော် စောကျောက်အင်းထလိုင်းမှာ စော်ဘွားဖြစ်ရန် အသက် မပြည့်သေးသဖြင့် အစ်မတော် စဝ်နန်းတစ်ထီလာက စော်ဘွားကိုယ်စား ကျိုင်းတုံစော်ဘွားအဖြစ် ခေတ္တ အုပ်ချုပ်ပေးခဲ့ရသည်။

(၂)နှစ်ကြာ၍ မောင်တော် နန်းတက်ပြီးမှသာ စဝ်နန်းတစ်ထီလာ သည် ကျိုင်းခမ်းစော်ဘွားနှင့် လက်ထပ်ပြီး ကျိုင်းခမ်းမြို့သို့ သွားရောက် နေထိုင်သည်။ ကျိုင်းခမ်းစော်ဘွားနှင့် စဝ်ဟောင်းခမ်း အမည်ရှိ သားတစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက် စဝ်နန်းတစ်ထီလာသည် ကျိုင်းခမ်းစော်ဘွားအား ခွဲခွာ၍ ကျိုင်းတုံတွင် လာရောက် နေထိုင်သည်။ သားတော် အသက် (၁၁)နှစ် အရွယ်တွင် ကျိုင်းခမ်းစော်ဘွားကြီး ကံကုန်ခဲ့ရာ ကျိုင်းခမ်းနယ်တွင် အုပ်ချုပ်သူမရှိ ဖြစ်နေသောကြောင့် စဝ်နန်းတစ်ထီလာသည် (၁၁)နှစ်ကြာ အမျိုးသမီးစော်ဘွားအဖြစ် အုပ်ချုပ်ပေးခဲ့ရသည်။

သူမ ကျိုင်းခမ်းနယ်ကို စော်ဘွားအဖြစ် အုပ်ချုပ်စဉ်အခါက ဗြိတိသျှဘုရင်မကြီး ဝိတိုရိယ အိန္ဒိယသို့ တိုင်းခမ်းလှည့်လည် ရောက်ရှိစဉ် စဝ်နန်းတစ်ထီလာ ကို ဒေလီမင်းပွဲသို့ ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့ရသေးသည်။

စဝ်နန်းတစ်ထီလာသည် သားတော် အရွယ်ရောက်လျှင် သူ့ဖခင် အရိုက်အရာဖြစ်သည့် ကျိုင်းခမ်းစော်ဘွား ရာထူးကို ဆက်ခံစေ၏။ သို့သော်လည်း သားတော်သည် အမြော်အမြင် မရှိဘဲ သတိလက်လွတ်ဖြစ်ကာ အိမ်တော်အမှုထမ်း တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ဤတွင် သူသည် စော်ဘွားရာထူးမှ အချခံရသည်။ သူ၏ ကျိုင်းခမ်းပြည်နယ်ကိုလည်း မိုးနဲစော်ဘွား ပိုင်နက်ထဲသို့ ပူးပေါင်း သွတ်သွင်းလိုက်သည်။

ကျိုင်းခမ်းစော်ဘွားဟောင်းကို တောင်ကြီးသို့ပို့၍ ပင်စင်အနည်းငယ်ပေးကာ နေထိုင်စေသည်။ သူသည် သားသမီးများစွာ ထွန်းကားသည်။ အကြီးဆုံးသားမှာ စဝ်သီဟ ဖြစ်ပြီး အသက် (၂၀)အရွယ်တွင် ဘိုးလေး အင်ထလိုင်း၏ သား ကျိုင်းတုံစော်ဘွားကို သေနတ်ဖြင့် ပစ်သတ်သည်။ သို့ဖြစ်ရာ စဝ်သီဟသည် သူ့အဖေ၏ ဝမ်းကွဲအစ်ကိုကို သတ်သူအဖြစ် ရာဇဝင်တွင်သွားခဲ့သည်။

မောရစ်ကောလစ်က သူ၏စာအုပ် “Lords of the Sunset” စာအုပ်၌ စဝ်နန်းတစ်ထီလာနှင့် ပတ်သက်၍ ဤသို့ ရေးသားထားလေသည်။

“နောက်ဆုံးတော့ ထင်ရှား ကျော်ကြားသည့် တစ်ထီလာကို ကျွန်တော် တွေ့ခဲ့ရသည်။ သူမသည် သေးသွယ်ကြုံလှီပြီး ရှေးဆန်သည့် အဘွားကြီး တစ်ယောက်အသွင် တွေ့ရသည်။ ခေါင်းပေါင်းကြီးအောက်တွင် မျက်နှာမှာ အရေးအကြောင်းများ ထင်နေပြီး ပါးရေများ တွန့်လိပ်နေပြီ ဖြစ်သည်။ မျက်လုံးအစုံမှာ စူးရှတောက်ပြောင်သည်။ ဝရန်တာပေါ်သို့ သူ တဖြည်းဖြည်း တက်လာသည်။ သူ့အသက်သည် ၆၉ နှစ် ရှိပြီဖြစ်ရာ အနည်းငယ် ဖင့်သည်။ ဝရန်တာပေါ်သို့ အမျိုးသမီးလေး တစ်ယောက်က တွဲပို့ရသည်။ အတွင်းမှာ သားမွေးခံ၍ ချုပ်ထားသည့် ရှမ်းအင်္ကျီကို ဝတ်ထားသည်။ ယင်းအောက်တွင် သစ်အယ်သီးရောင် ပိုးအင်္ကျီ ရှိသည်။

လက်ဖက်ရည်စားပွဲမှာ သူထိုင်သည်။ ကျွန်တော်တို့အားလုံး ဗမာစကားဖြင့် ပြောကြသည်။ ခဏလေး အတွင်းမှာပင် သူ့အကြောင်းကို ကျွန်တော် သိခဲ့ရသည်။ စောစောက ကြားထားသည်တို့ ပျက်ပြယ်သွားပြီး စရိုက်မှန် ပေါ်လာသည်။ အလွန်ဉာဏ်ကြီးပြီး ထက်မြက်သည်မှာ ထင်ရှားသည်။ သွက်လက်သည်။ အားမာန်အပြည့်ရှိသည်။ အသက်ကြီးပြီမို့ စိတ်ဓာတ်ကျ၍ မသွား။ စကားပြောလျှင် ဟန်အမူအရာ အပြည့်ပါသည်။ စိတ်အားထက်သန်စွာ ပြောသည်။ မြန်လည်းမြန်သည်။ အရောင်လက်နေသည့် မျက်လုံးနှင့် ရှုံ့တွဝင်းပနေသည့် မျက်နှာကို မြင်ရသည့်အခါ ပြင်သစ် ဒဿနပညာရှင် ဗော်လ်တဲယား၏ ပုံများကို အမှတ်ရလာသည်။

စကားပြောကြရင်း လောင်းကစားဝိုင်းများအကြောင်း ရောက်သွားကြသည်။ ရှမ်းပြည်နယ်တွင် လောင်းကစားသည် ၃၆ ကောင်ထီနှင့် အခြားလောင်းကစားများအကြောင်းကို အသေးစိတ် ရှင်းပြသည်။ လောင်းကစားမှ ငွေကြေးစို့စို့ပို့ပို့ရ၍ နယ်ရှင်မင်းသားတစ်ယောက် မည်သို့ မျှော်လင့်နိုင်သည်ကိုလည်း ပြောပြသည်။ ဗမာလို ပြောနေသော်လည်း နယ်ရှင်မင်းသားဆိုသည့် စကားလုံးကြောင့် သူဆိုလိုသည်ကို ကျွန်တော် သဘောပေါက်သည်။

သူပြောသည်မှာ မက်ခီယာဗယ်လီ (Niccolo Machiaveli, 1469-1527) ၏ ရာဇောဝါဒကျမ်းကို ညွှန်းလိုခြင်း ဖြစ်သည်။ (အကြွင်းမဲ့ အာဏာရှင်စနစ်ကို မက်ခီယာဗယ်လီက ထောက်ခံသည်။ မင်းတို့မည်သည် အအုပ်ချုပ်ခံတို့ ညီညွတ်မှုအတွက် ရက်စက်တန် ရက်စက်ရသည်ဟု သူ၏ “The Prince” ကျမ်း၌ တင်ပြခဲ့သည်။ ယင်းမှာ ၁၅၃၂ ခုနှစ်တွင် ရေးခဲ့သည့် ကျမ်းဖြစ်သည်။) ဤသည်မှာ တစ်ထီလာ၏ ရပ်တည်ချက် ဖြစ်သည်။

ထိုအခါ သူ့ကို ကောင်းကောင်း နားလည်လာသည်။ သူကား ယခုအထိ ကျွန်တော် တွေ့ဖူးသည့် ဟော်နန်းဒေဝီများနှင့် မတူ။ သူတို့သည် ဟော်နန်းကို မှီ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ သူသည် ပြည်နယ်အုပ်ချုပ်မှု အတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်သည်။ လက်အောက် အမှုထမ်းတို့ကို ကောင်းစွာ ကိုင်တွယ်တတ်သူ ဖြစ်သည်။ လူတိုင်းကို အကျိုးရှိရှိ ချဉ်းကပ်တတ်သည်။ ပြည်နယ်တွင် သူ့သြဇာမှာ ကြီးမားသည်။ သူသည် မုဆိုးမ မဟာဒေဝီ ဖြစ်သည်။ ပင်စင် အထောက်အပံ့ အနည်းငယ်ဖြင့် နေထိုင်စားသောက်ရသည်။

သို့သော်လည်း ဟော်နန်းအတွေ့အကြုံ ကြွယ်ဝသည်။ လက်တွေ့အရ အသိပညာ ပြည့်စုံသည်။ သူနှင့် တွေ့သမျှကို ကောင်းစွာ သိမ်းသွင်းနိုင်သည်။ သူ့သောကကို သူသိသည်။ သူ့ကို လွယ်လွယ်ကူကူ ချဉ်းကပ်၍ မရ။ သူ့အတွက် တစ်ခုခု မြတ်စွန်းမှ အဆင်ပြေနိုင်မည် ဖြစ်သည်။ သူသည် အလွန် သတ္တိကောင်းသည်။ တစ်ထီလာသည် လယ်မြေတိုက်တာ အိုးအိမ်တို့ဖြင့် ချမ်းချမ်းသာသာ နေခဲ့ရသည်။ အခြွေအရံ ပေါများခဲ့သည်။ သူ့ခေတ်ကမူ ပြိုင်ဘက်မရှိ။ ခြင်္သေ့လို ရဲရင့်သူ ဖြစ်သည် ဟူ၍ ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံအုပ်ချုပ်သော အတတ်ပညာကို ကျွမ်းကျင်ပါးနပ်စွာ အသုံးပြုလျက် သူ့နယ်ပယ်တွင် မင်းလုပ်ခဲ့သော ရှမ်းပြည်နယ်၏ တစ်ဦးတည်းသော အမျိုးသမီးစော်ဘွား စဝ်နန်းတစ်ထီလာ ကို နိုင်ငံခြားသားများကပင် လေးလေးစားစား ဆက်ဆံခဲ့ကြသည်ကို တွေ့ရသည်။ ပဒေသရာဇ် စနစ်တွင် မိန်းမသား ဖြစ်သော်လည်း ယောက်ျားများနှင့်တန်းတူ မင်းလုပ်အုပ်ချုပ်ခဲ့သော သူ့အရည်အသွေးကိုကား လူတိုင်း အသိအမှတ် ပြုရမည်သာ ဖြစ်ပေသည်

ပြန်လည်မျှဝေသည်။
#ထူးချွန်ထင်ရှားမြန်မာအမျိုးသမီးများ

#ရှေးရှေးတုန်းကဗမာပြည်

08/11/2023

เชียงตุง ยินดีต้อนรับ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့
ဝဵင်းၵဵင်းတုင်
Video Credit

မြေငလျင်သတင်း၂.၈.၂၀၂၃ ယနေ့ညနေမြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန်ခန့်က ‌မြန်မာနိုင်ငံပြည်တွင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကျို...
02/08/2023

မြေငလျင်သတင်း
၂.၈.၂၀၂၃
ယနေ့ညနေမြန်မာစံတော်ချိန် ၅:၃၀ နာရီအချိန်ခန့်က ‌မြန်မာနိုင်ငံပြည်တွင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင် ကျိုင်းတုံမြို့အရှေ့ဘက်ယွန်းယွန်း ၃၈ မိုင်ကျော်၊ တောင်တန်းဒေသအောက်အနက် ၈ မိုင်ကျော်မှ မဂ္ဂနီကျု ၄.၄ အဆင့်ငလျင်ငယ်လှုပ်ရှားသွားခဲ့သည်။
Crd မြေငလျင်သတင်းများစင်တာ

တာချီလိတ်ကနေ လူ(၂၅)ဦး တင်ဆောင်သွားသည့် မိတ္ထီလာကား မိုင်းဖြတ်မြို့တွင် ချောင်းထဲထိုးကျပြီး (၃)ဦးသေဆုံးကာ (၂၂)ဦးမှာ ကျိုင...
21/04/2023

တာချီလိတ်ကနေ လူ(၂၅)ဦး တင်ဆောင်သွားသည့် မိတ္ထီလာကား မိုင်းဖြတ်မြို့တွင် ချောင်းထဲထိုးကျပြီး (၃)ဦးသေဆုံးကာ (၂၂)ဦးမှာ ကျိုင်းတုံနှင့် မိုင်းဖြတ် ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီးတွင် လူ(၂၅)ဦး လိုက်ပါလာသည့် ခရီးသည်တင်ကား ချောင်းထဲထိုးကျတိမ်းမှောက်ရာမှ (၃)ဦး သေဆုံးပြီး (၂၂)ဦးမှာ ဒဏ်ရာများရရှိထား၍ ဧပြီလ(၂၁)ရက်နေ့အထိ ဆေးကုသမှု ခံယူနေကြရကြောင်း မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။

ဒဏ်ရာရရှိသူ (၂၂)ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ စိုးရိမ်ရသည့်အတွက် မိုင်းဖြတ်ဆေးရုံကနေ ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

"စာရေးကောက်ကြည့်တာ (၂၅)ဦး၊ သေဆုံးသူက (၃)ဦး၊ ကားမောင်းတဲ့သူကို စိုးရိမ်ရတဲ့ အခြေအနေမို့ ကျိုင်းတုံကို အရေးပေါ်ပို့ထားရတယ်။ အားလုံးပေါင်း (၂၅)ဦးမှာ ရင်ခွင်ပိုက် ကလေးတစ်ဦးပါတယ်။ ကျန်လူနာတွေက မိုင်းဖြတ်ဆေးရုံမှာပဲ။ လူသေအလောင်းကိုတော့ ကျွန်တော်တို့ ကားနဲ့ ပြန်သယ်လာတယ်ဗျ"ဟု ချောင်းအတွင်း သွားရောက် ကူညီကယ်ဆယ်ခဲ့ကြသည့် မိုင်းဖြတ်မြို့နယ်လူမူ့ကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ဧပြီလ(၂၁)ရက်နေ့တွင် ပြောပြသည်။

သေဆုံးသူများမှာ ရမည်းသင်းမြို့နေ အသက်(၂၃)နှစ်ရှိ မနွယ်မိုး၊ ကျောက်ပန်းတောင်းမြို့နေ အသက်(၃၁)နှစ်ရှိ ကိုအောင်ကိုလတ် နှင့် မိတ္ထီလာမြို့နေသူ အသက်(၂၉)နှစ်ရှိ ကိုအောင်ရဲလင်းတို့ ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ အသက်(၃၁)နှစ်ရှိ ဇင်ကိုမြင့်၊ အသက်(၆၄)နှစ်ရှိ ဒေါ်ညိုကြည်၊ အသက်(၁၁)နှစ်ရှိ မောင်မျိုးချစ်၊ အသက်(၁၆)နှစ်ရှိ မအိမွန်ဇော်၊ အသက်(၄၄)နှစ်ရှိ ဒေါ်ခင်သောင်း၊ အသက်(၂၉)နှစ်ရှိ မလွမ်းအိစိုး၊ အသက်(၆)နှစ်အရွယ် မောင်ကောင်းခန့်စိုး၊ အသက်(၂၁)နှစ်ရှိ မချိုပြုံး၊ အသက်(၂၃)နှစ်ရှိ မညိမ်းစုလှိုင်၊ အသက်(၃၀)နှစ်ရှိ ကိုနိုင်ဝင်း၊ အသက်(၃၈)နှစ်ရှိ ဦးကျော်စိုးဝင်း၊ အသက်(၁၁)နှစ်ရှိ မောင်ထက်မြတ်သော်၊ အသက်(၁၃)နှစ်ရှိ မောင်ဟိန်းလင်းထက်၊ အသက်(၂၂)နှစ်ရှိ မစိုးစန္ဒာလင်း၊ အသက်(၃၇)နှစ်ရှိ ကိုမောင်ထွန်းဦး၊ အသက်(၂၃)နှစ်အရွယ် မနွယ်မိုး၊ အသက်(၅၁)နှစ်ရှိ ဦးသန်းငွေ၊ အသက်(၂၆)နှစ်ရှိ ကိုမင်းလွင်ဦး၊ အသက်(၂၇)ရှိ ကိုရဲမင်းနိုင်၊ အသက်(၂၁)နှစ်ရှိ ပန်းအိစိုး၊ အသက်(၄၀)အရွယ် ဦးကျော်လင်းသူ နှင့် အသက်(၃၉)နှစ်အရွယ် ဒေါ်စန်းဌေး တို့ဖြစ် ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီး မိုင်တိုင် အမှတ်(၆၈၈)နှင့် (၆၈၉)အကြားတွင် တာချီလိတ်မှ မောင်းလာပြီး လူ(၂၅)ဦး တင်ဆောင်ထားသည့် Toyota Hiace အမျိုးအစား ခဲရောင် ကား(၁)စီးသည် ၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်က လမ်း၏ ဘယ်ဖက်ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲ နမ့်လုံချောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

ယခုလို ဖြစ်ပွားခဲ့ရသည့် ယာဉ်မှာ ယာဉ်လိုင်းက မဟုတ်ဘဲ မိတ္ထီလာသီးသန့်ကားဖြစ်သည်ဟုလည်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက ဦးစွာရောက်ရှိသွားပြီးနောက် ဆက်လက်၍ မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာရာ ရှာဖွေကယ်ဆယ်ရေးများကို စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Crd TachileikNewsAgency
Photo: မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း

ကျိုင်းတုံမြို့မှာ သော့ခတ်ထားတဲ့အိမ်ထဲက ဆိုင်ကယ် ၃ စီး အခိုးခံလိုက်ရမဲခေါင်၊ မတ် ၂၄ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမ...
24/03/2023

ကျိုင်းတုံမြို့မှာ သော့ခတ်ထားတဲ့အိမ်ထဲက
ဆိုင်ကယ် ၃ စီး အခိုးခံလိုက်ရ

မဲခေါင်၊ မတ် ၂၄

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ သော့ခတ်ထားတဲ့ အိမ်ထဲက ဆိုင်ကယ် ၃ စီး မတ်လ ၂၂ ရက်၊ ညပိုင်းက အခိုးခံလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဆိုင်ကယ် ၃ စီးကို အိမ်ထဲမှာ ထည့်ပြီး အိမ်နဲ့ ခြံတံခါး သော့ခတ်ထားပေမဲ့ သော့ဖျက်ပြီး ခိုးသွားတယ်လို့ ပိုင်ရှင်ဖြစ်သူနဲ့ နီးစပ်သူက မဲခေါင်သတင်းကို ပြောပါတယ်။

“အခိုးခံလိုက်ရတာတော့ ဆိုင်ကယ် ၃ စီးစလုံးပဲ။ အိမ်ထဲထည့်၊ ခြံတံခါး သော့ခတ်ထားတာကို သော့ကို တစ်ခုခုနဲ့ ညှပ်ပြီး ခိုးသွားတာ။ ရဲစခန်းကိုတော့ တိုင်ထားတယ် ပြောတယ်။ ဘာမှ မသိရသေးဘူး အခုထိ’’ လို့ သူကပြောပါတယ်။

ဒီရက်ပိုင်း ကျိုင်းတုံမြို့မှာ ဆိုင်ကယ်တွေ အခိုးခံနေရပြီး တစ်စီးမှ ပြန်မရဘူးလို့ သူက ဆက်ပြောပါတယ်။

“ကျိုင်းတုံမှာ ဒီရက်ပိုင်း ဆိုင်ကယ်တွေ တော်တော်များနေပြီ အခိုးခံနေရတာ။ သူတို့လည်း ရဲစခန်း တိုင်တာပဲ။ တစ်စီးမှ ပြန်မရသေးသလို ခိုးတဲ့သူတွေကိုလည်း မမိဘူး’’ လို့ ဆိုပါတယ်။

ထို့အတူ တာချီလိတ်မှာလည်း ဆိုင်ကယ်စီးသူတွေကို လမ်းမှာ ဓားနဲ့ ခုတ်ပြီး ဆိုင်ကယ် လုယူတဲ့ ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာကြောင့် ပြည်သူတွေ ညဘက် မထွက်ရဲတော့တဲ့ အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

crd
MeKongNews

တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်း(၅)လမ်းအတွင်းဘက်ပိုင်းတွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၄...
11/02/2023

တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်း(၅)လမ်းအတွင်းဘက်ပိုင်းတွင် ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်ကစပြီး မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။

Crd TachileiknewsAgency

ကျိုင်းတုံမြို့ပေါ် ကျောက်တိုင်အနီးတွင် ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာတိုက်မိပြီး တစ်ဦး ဒဏ်ရာရရှမ်းပြည်နယ်အရှေ့ပိုင်း၊ ...
11/02/2023

ကျိုင်းတုံမြို့ပေါ် ကျောက်တိုင်အနီးတွင် ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာတိုက်မိပြီး တစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ပေါ် ကျောက်တိုင်အနီးတွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး လူတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့၏ ည(၁၁)နာရီခွဲဝန်းကျင်အချိန်က ကားနှင့်ဆိုင်ကယ် အရှိန်ပြင်းစွာ တိုက်မိပြီး တစ်ဦးဒဏ်ရာရရှိသည့်အတွက် ကျိုင်းတုံမြို့ တိုင်းနေနာရေးကူညီမှုအသင်းက ကျိုင်းတုံဆေးရုံသို့ ကူညီပေးဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်ထိန်းရဲက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Crd TachileikNewsAgency
Photo: တိုင်းနေနာရေးကူညီမှုအသင်း

(ကြော်ငြာကဏ္ဍ)Keng Tung Football Academy Youth Development 2022 / 2023ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်နေထိ...
10/02/2023

(ကြော်ငြာကဏ္ဍ)
Keng Tung Football Academy Youth Development 2022 / 2023

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်
နေထိုင်ကြသော အသက် 10 နှစ် မှ 16 နှစ်အရွယ်ကျောင်းသား/သူ ကလေး လူငယ်
လူရွယ်များအနေနှင့် ဘောလုံး အားကစားကို
အမှန်တကယ် စိတ်ပါဝင်စားပြီး
အခြေခံ ကောင်းကောင်းဖြင့်
စတင်သင်ယူချင်ပါတယ် ဆိုပါက
ကျ‌နော်တို့ ကျိုင်းတုံ ဘောလုံးအကယ်ဒမီကိုရွေးချယ်စေချင်ပါဗျ။
အခြေခံကစလို့ ဘောလုံးသင်ထောက်ကူ
ပစ္စည်းစုံလင်စွာဖြင့် စနစ်တကျ
သင်ကြားပို့ချမှာဖြစ်ပြီး
AFC - C COACH လိုင်စင်ရ
နည်းပြ ဦးအောင်နိုင်ဝင်း
ကိုယ်တိုင် အနီးကပ် သင်ကြားပို့ချသွားမှာ
ဖြစ်တဲ့အတွက် စာရင်းများစတင်ပေးသွင်းလို့
ရပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါး
လိုက်ရပါတယ်ခင်ဗျ။

ဆက်သွယ်ရန် - ( Founder & AFC C COACH )
ဦးအောင်နိုင်ဝင်း

ဖုန်းနံပါတ် - 09458030083

စတင်မည့်ရက် - 1.3.2023

နေရာ - ခရိုင်အားကစားကွင်း

မှတ်ချက် - လူဦးရေအကန့်အသတ်ရှိပါမည်။
ကာလရှည်သင်တန်းဖြစ်ပါ၍သင့်တင့်သောသင်တန်းကြေးကောက်ခံပါမည်။

Crd #

ကျိုင်းတုံ-မိုင်းဆတ်ကားလမ်းမှာ ကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ ၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရမဲခေါင်၊ ဖေဖော်ဝါရီ ၁၀ရှမ်းပြည်နယ်...
10/02/2023

ကျိုင်းတုံ-မိုင်းဆတ်ကားလမ်းမှာ ကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ ၅ ဦးသေဆုံးကာ
၇ ဦးဒဏ်ရာရ

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ-မိုင်းဆတ် ကားလမ်းပေါ်ရှိ ပန်လီကျေးရွာ အနီးမှာ REVO အမျိုးအစားကား ဘရိတ်ပေါက် အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျခဲ့ပြီး လူ ၅ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက် ၉ နာရီခွဲက မိုင်တိုင် အမှတ် ၁၄ မိုင်၂ ဖာလုံ အကျော်မှာ ဘရိတ်ပေါက်ကာ ချောက်ထဲပြုတ်ကျခဲ့တာဖြစ်ပြီး လူမှုကယ်ဆယ်ရေး အဖွဲ့တွေ ကူညီကယ်ဆယ် ပေးခဲ့တယ်လို့ သူကပြောပါတယ်။

ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၂ ဦးအနက် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦး နေရာမှာ သေဆုံးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာ ရသူတွေကို တိုင်းနေ လူမှုကူညီရေးအသင်းကားနဲ့ ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Crd MeKongNews

နစက ဗဟိုအကြံပေး အဖွဲ့  ဖွဲ့စည်း------------ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် အပါအ...
01/02/2023

နစက ဗဟိုအကြံပေး အဖွဲ့ ဖွဲ့စည်း
------------

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။

ဗဟိုအကြံပေးအဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင် အဖြစ် အရင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က တာဝန်ယူဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဗဟိုအကြံ‌ပေးအဖွဲ့ဝင်တွေကတော့ အရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး‌ကောင်စီ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ် နဲ့ ဒေါက်တာ ဗညားအောင်မိုးတို့ ပါဝင်ပြီး အဖွဲ့ဝင် နောက်ထပ် တစ်ယောက်ကတော့ ဒေါက်တာ မောင်မောင်နိုင်လည်း ပါဝင်တာကို တွေ့ရပါတယ်။

Crd One news

နစကအဖွဲ့ဝင် အချို့ ပြောင်းလဲ--------------- နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အရင်ကောင်စီ ...
01/02/2023

နစကအဖွဲ့ဝင် အချို့ ပြောင်းလဲ
---------------

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အရင်ကောင်စီ အဖွဲ့ဝင် အချို့ ပြန်လည် ပါဝင်လာတယ်လို့ သိရပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာတော့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် အဖွဲ့ဝင် အယောက် ၂၀ ပါဝင်တယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောင်စီဝင်တွေအနေနဲ့ကတော့ အရင်ကောင်စီဝင်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ မန်းငြိမ်းမောင် နဲ့ ဦးရွှေကြိမ်းတို့ ပြန်လည်ပါဝင်လာတယ်လို့ အမိန့်ထုတ်ပြန်ချက်အရ သိရပါတယ်။

ကောင်စီဝင်အသစ်တွေအနေနဲ့ကတော့ အရင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ပူဂင့်ကမ်းလျန်၊ အရင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အရင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အရင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင် နဲ့ ဦးရန်ကျော်တို့ ပါဝင်တယ်လို့လည်း အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောင်စီအတွင်းရေးမှူးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးပဲ ဖြစ်ပြီး ကောင်စီ တွဲဖက် အတွင်းရေးမှူးကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးပဲ ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

Crd OneNews

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အချို့ ပြောင်းလဲခန့်အပ်----------နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီက တိုင်းဒေသကြီးနဲ့ပြည်နယ် ...
01/02/2023

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်အချို့
ပြောင်းလဲခန့်အပ်
----------
နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီက တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တချို့ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ ဖေဖော်ဝါရီ၁ရက်မှာ ကြေညာပါတယ်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမျိုးအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးထိန်လင်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့ကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ််လို့ ဆိုပါတယ်။

အရင်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေအဖြစ် ပြောင်းလဲခန့်အပ်လိုက်တာဖြစ်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကိုတော့ တာဝန်ကနေ အနားယူခွင့်ပြုလိုက်တာဖြစ်ပါတယ်။

Crd OneNews

ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းဒုတိယဝန်ကြီး ချုပ်ငါးဦးအထိရှိလာပြီး ပြည်ထောင်စုဝန်ကြီးအချို့အပြောင်း အလဲဖြစ်------...
01/02/2023

ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်း
ဒုတိယဝန်ကြီး ချုပ်ငါးဦးအထိရှိလာပြီး ပြည်ထောင်စုဝန်ကြီးအချို့အပြောင်း အလဲဖြစ်
----------------
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖေဖော်ဝါရီ၁ရက်မှာ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒုတိယဝန်ကြီးချုပ်ငါးယောက်အထိရှိလာပါတယ်။

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့က တာဝန်ယူမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးဝဏ္ဏမောင်လွင်ရဲ့နေရာမှာ ဦးသန်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရွှေလေးရဲ့နေရာမှာ ဦးမျိုးသန့်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင် စု ဝန်ကြီးအဖြစ် ဒေါက်တာဌေးအောင်ရဲ့နေရာမှာ ဦးအောင်သော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစောထွန်းအောင်မြင့်ရဲ့နေရာမှာ Jeng Phangနော်တောင်တို့ကို ပြောင်းလဲတာဝန်ပေးအပ်လိုက်တာကိုတွေ့ရပါတယ်။

ကျန်တဲ့ဝန်ကြီးဌာနတွေကတော့ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။

Crd One news

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ပြဌာန်းပါတီအားလုံး မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားရမည်------------------------...
26/01/2023

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ပြဌာန်းပါတီအားလုံး မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားရမည်
----------------------------------

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ၂၆ရက် ရက်စွဲနဲ့အသစ်ပြဌာန်းလိုက်ပါတယ်။

လက်ရှိရှိနေတဲ့ နိုင်ငံရေးပါတီအားလုံး ရက်ပေါင်း၆၀အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အခုပြဌာန်းလိုက်တဲ့ ဥပဒေအသစ်နဲ့အညီ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး အဲ့ဒီလိုမလုပ်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်မှာဖြစ်တယ်လို့လည်း ထည့်သွင်းပြဌာန်းထားပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ဥပဒေအဟောင်းမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဆိုရင် မှတ်ပုံတင်ခွင့်ကျပြီး ရက်ပေါင်း၉၀အတွင်း အနည်းဆုံးပါတီဝင်၁၀၀၀၊ တိုင်းနဲ့ပြည်နယ်တစ်ခုထဲအတွင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုရင် မှတ်ပုံတင်ခွင့်ကျပြီး ရက်ပေါင်း၉၀ အတွင်း အနည်းဆုံး ပါတီဝင်၅၀၀ကို စည်းရုံးရမယ်လို့ပြဌာန်းခဲ့ပေမယ့် အခုအသစ်ပြဌာန်းလိုက်တဲ့ ဥပဒေမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဆိုရင် အနည်းဆုံးပါတီဝင် ၁၀၀၀၀၀အထိ စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် တစ်ခုထဲအတွင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုရင် အနည်းဆုံးပါတီဝင် ၁၀၀၀ကို စည်းရုံးရမယ်လို့ ပြင်ဆင်ပြဌာန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ်ကပြဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအဟောင်းကို ဒီဥပဒေနဲ့ရုတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

Crd OneNews

တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားပြန်ဖွင့်ရန် မြန်မာဘက်က စီစဉ်နေဧရာဝတီ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၃ကိုဗစ် ၁၉ ကြောင့် ပိတ်ထားခဲ့သည့်...
19/01/2023

တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားပြန်ဖွင့်ရန် မြန်မာဘက်က စီစဉ်နေ

ဧရာဝတီ၊ ဇန်နဝါရီ ၁၉၊ ၂၀၂၃

ကိုဗစ် ၁၉ ကြောင့် ပိတ်ထားခဲ့သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားကို မကြာမီအချိန် ၌ ပြန်ဖွင့်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးအဆင့်ရှိ ဧရာဝတီ သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် တံတားပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး မြန်မာဘက်မှ တာချီလိတ်မြို့ရှိ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံ အစည်းအဝေးတခုပြုလုပ်ခဲ့ပြီး တံတားပြန် လည်ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ပြန်ဖွင့်ဖို့ ရက်အတိအကျကတော့ အထက်က ခွင့်ပြု ချက်ကျလာမယ့် အချိန်ပေါ်မှာ မူတည်ဆိုတော့ ပြောဖို့ခက်ပေမဲ့ သိပ်မကြာတော့တဲ့ အခြေအနေမှာ ရှိပါတယ်။ ထိုင်းဘက်နဲ့လည်း ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ထားပြီးပြီ" ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။

တာချီလိတ်-မယ်ဆိုင် အမှတ် ၁ တံတားကို ထိုင်းနိုင်ငံဘက်မှ ဇန်နဝါရီ ၂၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ကြေညာထားသော်လည်း မြန်မာနိုင်ငံဘက်မူ ဖွင့်လှစ်ရန်ကိစ္စကို တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းတွင်လည်း ပြန် လည်ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်တွင်လည်း ကိုဗစ်ကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် ကရင်ပြည်နယ် မြဝတီရှိ ထိုင်း- မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားကိုလည်း ပြန် လည် ဖွင့်လှစ်ထားပြီး ဖြစ်သည်။

တာချီလိတ်မြို့ခံတဦးက "တံတားပြန်ဖွင့်ဖို့ကတော့ သေ ချာမကြားသေးဘူး။ သတင်းတွေက ခဏခဏတော့ ထွက်နေတာပဲ။ အခုက မြဝတီ-မဲဆောက်ဘက်လည်း ပြန်ဖွင့်လိုက်ပြီဆိုတော့ ဒီဘက်လည်း အမြန်ဆုံးပြန်ဖွင့်လာနိုင်မယ်လို့ ထင်တယ်" ဟု ဧရာဝတီသို့ ပြောသည်။

ပုံစာ- ၂၀၂၀ နှစ်ကုန်ပိုင်းက အမှတ် ၁ တံတား
မယ်ဆိုင်ဘက်အခြမ်း တနေရာ
Crd IRRWADDY

(Unicode) 📣 ထိုင်း - မြန်မာကူးသန်းသွားလာဖို့အတွက် တာချီလိတ် - မယ်ဆိုင်နယ်စပ်တံတားကြီးဖွင့်ဖို့ စောင့်နေတဲ့သူငယ်ချင်းတွေရ...
16/01/2023

(Unicode) 📣 ထိုင်း - မြန်မာကူးသန်းသွားလာဖို့အတွက် တာချီလိတ် - မယ်ဆိုင်နယ်စပ်တံတားကြီးဖွင့်ဖို့ စောင့်နေတဲ့သူငယ်ချင်းတွေရှိကြလား…

သတင်းကောင်း!!! 🤩
မြဝတီ - မဲဆောက်နယ်စပ်ကူးသန်းသွားလာရေး တံတားလမ်းကြောင်းဖွင့်ပြီးသွားတဲ့နောက် လာမယ့် 22 ရက်နေ့ ဇန်နဝါရီလ 2023 မှာ တာချီလိတ် - မယ်ဆိုင် တံတားလည်း ဖွင့်တော့မယ် 💕

Credit: gnlm

(Zawgyi) 📣 ထိုင်း - မြန်မာကူးသန်းသွားလာဖို့အတွက် တာချီလိတ် - မယ်ဆိုင်နယ်စပ်တံတားကြီးဖွင့်ဖို့ စောင့်နေတဲ့သူငယ်ချင်းတွေရှိကြလား…

သတင်းကောင်း!!! 🤩
မြဝတီ - မဲဆောက်နယ်စပ်ကူးသန်းသွားလာရေး တံတားလမ်းကြောင်းဖွင့်ပြီးသွားတဲ့နောက် လာမယ့် 22 ရက်နေ့ ဇန်နဝါရီလ 2023 မှာ တာချီလိတ် - မယ်ဆိုင် တံတားလည်း ဖွင့်တော့မယ် 💕

Credit: gnlm

ဒေသခံများ စီးပွားရေး အဆင်မပြေ ဖြစ်နေသော်လည်း  မြန်မာ - ထိုင်း နယ်စပ် ဝင်ပေါက် ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်ရေး နေပြည်တေ...
07/01/2023

ဒေသခံများ စီးပွားရေး အဆင်မပြေ ဖြစ်နေသော်လည်း မြန်မာ - ထိုင်း နယ်စပ် ဝင်ပေါက် ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်ရေး နေပြည်တော်က အကြောင်းမကြားသေး

Covid-19 ရောဂါ တားဆီးကာကွယ်ရေးအတွက်ဟု ဆိုကာ (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထားသည့် မြန်မာ - ထိုင်း နယ်စပ်ရှိ အဓိက ဝင်ပေါက် ထွက်ပေါက်များကို ဖွင့်လှစ်ရန်အတွက် နေပြည်တော်က လတ်တလောတွင် အကြောင်းကြားလာခြင်း မရှိသေးကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့အထိ နောက်ဆုံး စုံစမ်း သိရသည်။

လတ်တလောတွင် မြဝတီ - မဲဆောက်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို ဇန်ဝါရီလ၏ ဒုတိယပတ်အတွင်း၌ ဖွင့်လှစ်မည်ဟု ထိုင်းဘက်က သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါ တံတား ဖွင့်လှစ်ရေးအတွက် မြဝတီ နှင့် မဲဆောက် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း မရှိသေးကြောင်း နှင့် လတ်တလောတွင် အဆိုပါ တံတား ဖွင့်လှစ်ရန်အတွက် နေပြည်တော်က ညွှန်ကြားထားခြင်း မရှိသေးကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးထံက သိရသည်။

အလားတူပင် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကိုလည်း ၂၀၂၃ခုနှစ် ဇန်ဝါရီလအတွင်း၌ ဖွင့်ရန် အစီအစဉ် မရှိသေးကြောင်း တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး လူမှုကွန်ယက်တွင် မှတ်ချက်ပြုထားသည်ကိုလည်း တွေ့ရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား တနိုင်တပိုင်ကုန်ပစ္စည်းများနှင့် လူသွားလူလာအတွက် အဓိက အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲအချိန်က စပြီး ထိုင်းဘက်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ ပိတ်လိုက်ရာ ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ (၃)နှစ်နီးပါးဝန်းကျင်အထိ ပိတ်ထားဆဲဖြစ်သည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ၂၀၂၂ခုနှစ် ဧပြီလအတွင်းက စပြီး ထိုင်းဘက်က ကြိုးပမ်းခဲ့သော်လည်း မြန်မာဘက်က အချိန်ဆွဲကာ ဆိုင်းငံ့ထားခဲ့ခြင်း ဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသတွင် နေထိုင်သည့် အများစုမှာ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ တဆင့် ကျန်းမာရေးအတွက် ထိုင်းဘက်သို့ သွားရောက်ဆေးကုသခြင်း၊ ကုန်ပစ္စည်းအရောင်းအဝယ်အတွက် သွားလာခြင်း စသည်များဖြင့် အသုံးပြုခဲ့ကြရာ ယခုအခါတွင် ကာလကြာရှည်စွာ ပိတ်ထားသည့် အဆိုပါ တံတားကြောင့် ဒေသတွင်း၌ စီးပွားရေးများမှာ အဆင်မပြေမှုများနှင့်ပါ ကြုံနေရသည်ဟု ဒေသခံများထံက သိရသည်။

" မြဝတီ - မဲဆောက် နဲ့ တာချီလိတ် - မယ်ဆိုင် မှာရှိတဲ့ တံတား(၁)တွေကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် ထိုင်းဘက်က လိုလိုလားလားရှိပေမဲ့ မြန်မာဘက်ကတော့ ဒီတံတား(၁)ကနေ လက်နက်တွေ အလွယ်တကူ ဝင်လာနိုင်သလို တိမ်းရှောင်မဲ့လူတွေကလည်း တံတား(၁)ကနေ အလွယ်တကူ တိမ်းရှောင်မှာ ကြောက်တယ်ဆိုပြီး တံတားကို မဖွင့်ဘဲ အချိန်ဆွဲထားတာပဲ။ တကယ်တော့ တိမ်းရှောင်မဲ့လူတွေကလည်း နယ်စပ်ချောင်းကနေ မဖြစ် ဖြစ်တဲ့နည်းနဲ့ သွားလို့ရတာပဲ။ နယ်စပ်မှာ နေတဲ့လူတွေရဲ့ စီးပွားရေးက ဒီတံတားဖွင့်တဲ့အပေါ်မှာ အများကြီး မူတည်တယ် ဆိုတာကို ဒေသအုပ်ချုပ်ရေးမှူးတွေကနေ စစ်တိုင်းမှူးအထိ သိထားပြီးသား၊ အဲ့အတွက် ဒေသခံတွေရဲ့ အကျိုးစီးပွားလိုလားတယ်ဆိုရင်တော့ တံတားကို အမြန်ဆုံး ဖွင့်သင့်ပါတယ်။"ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သည့် ကုန်သည်တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၇)ရက်နေ့တွင် ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများဖြစ်သည့် မြန်မာ - တရုတ် နယ်စပ်ဂိတ်များကိုလည်း ပြန်လည်ဖွင့်လှစ်ရေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီ (၄၉)မိနစ်အချိန်တွင် အသိပေးကြေညာလာပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xi ထံ ဇန်နဝါရီလ(၅)ရက်နေ့၏ နေ့လည်(၂)နာရီခွဲတွင် သွားရောက်ပြီး နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံသေးသည်။

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးကိုတော့ မြန်မာ နှင့် ထိုင်း နှစ်ဖက် တွေ့ဆုံဆွေးနွေးခြင်းအဖြစ် ၂၀၂၂ခုနှစ်အတွင်းက ရှိခဲ့သော်လည်း ယခု ၂၀၂၃ခုနှစ်တွင် တစ်ကြိမ်မှ မရှိသေးကြောင်း သိရသည်။

Crd TachileikNewsAgency

20/12/2022 နောက် (၂၄ ) နာရီအတွင်းရှမ်းပြည်နယ် တောင်ပိုင်းနှင့်ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးအနည်းငယ...
20/12/2022

20/12/2022
နောက် (၂၄ ) နာရီအတွင်း
ရှမ်းပြည်နယ် တောင်ပိုင်းနှင့်
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေမှာ
နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ပြီး
အအေးပိုလာနိုင်ပါတယ်။
ISSUED AT
20/12/2022 4:45PM(MMT)
Crd မင်း ဂွတ် သီး Su Su San

* အထူးဝမ်းနည်းခြင်း *¶ ကျိုင်းတုံမြို့နယ်သတင်းစာဆရာအသင်းဥက္ကဌ ဦးမောင်မောင်နိုင်သည်(၉၆)ပါးရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်ကြ...
25/11/2022

* အထူးဝမ်းနည်းခြင်း *

¶ ကျိုင်းတုံမြို့နယ်သတင်းစာဆရာအသင်း
ဥက္ကဌ ဦးမောင်မောင်နိုင်သည်(၉၆)ပါးရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်ကြောင်းကြားသိရပါသဖြင့်မိသားစုနှင့်ထပ်တူဝမ်းနည်းရပါသည်။

¶ "ဆရာနိုင် ကောင်းရာသုဂတိရောက်ပါစေ"

Crd ထက်တိုင်းကျော်

ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်းကာတောင်ကုန်းအဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ပေ ၃၀၀ ခန့်နက်သော ချောက်အတွင်းထိုးကျ ...
19/11/2022

ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်းကာတောင်ကုန်းအဆင်းတွင် ခရီးသည်တင် မော်တော်ယာဉ်တစ်စီး ပေ ၃၀၀ ခန့်နက်သော ချောက်အတွင်းထိုးကျ တိမ်းမှောက်

နိုဝင်ဘာလ ၁၉ ရက်

ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်ထောင်စုလမ်းမကြီး ကျိုင်းတုံ-တောင်ကြီးလမ်း မိုင်းကာတောင်ကုန်းအဆင်း မိုင်တိုင်အမှတ် ၅၈၂ တွင် ကျိုင်းတုံဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသော လွိုင်နမ်ခုံး ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ 2L/----- HIACE အံစာတုံး အမျိုးအစား ယာဉ်သည် အခင်းဖြစ်ပွားရာ အရောက်တွင် လမ်းဝဲဘက် ပေ ၃၀၀ နက်သော ချောက်အတွင်းသို့ အရိုန်အထိန်းနိုင်ပဲ ထိုးကျတိမ်းမှောက်မှု ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ ထိုသို့ ချောက်အတွင်းသို့ အရုန်မထိန်းနိုင်ပဲ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ယာဉ်မောင်း အပါ ခရီးသည် ၆ ဉီး အနက် ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများမှာ ယာဉ်မောင်း ထက်လင်းကျော်၊ မောင်ပေ့ (၂၀)နှစ် တို့ဖြစ်ကြပြီး ကျန် ခရီးသည် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်းသတင်းရရှိသည်။ ထိခိုက် ဒဏ်ရာရရှိသူများကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ တိုင်းနေလူမှုကူညီရေး အသင်းနှင် တုံတာ လူမှုကူညီရေး အသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

သားချော(မောမြေ)
Crd Kanbawza Times

Address


Website

Alerts

Be the first to know and let us send you an email when Kyaing Tong News Feed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share