ATK. Learning Of Life Lessons

  • Home
  • ATK. Learning Of Life Lessons

ATK. Learning Of Life Lessons Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATK. Learning Of Life Lessons, Digital creator, .
(1)

17/06/2024
17/06/2024

အဖက်ဖက်ကို အားဖြည့်လေ အဖက်ဖက်ကအားနည်းမည်

စစ်သူကြီးဆွန်းဇူးက
" တိုက်ပွဲတွင် ရှေ့ဘက်ကို အားဖြည့်ရင် အနောက်ဘက်က အားနည်းမည် အနောက်ဘက်ကို အားဖြည့်က အရှေ့ဘက်ကအားနည်းမည် တောင်ဘက်ကို အားဖြည့်က မြောက်ဘက်က အားနည်းမည် အဖက်ဖက်ကို အားဖြည့်က အဖက်ဖက်က အားနည်းမည်" ဟုပြောခဲ့ပါတယ်။

လုပ်ငန်းတွေမှာလည်း corporate level မှာဆိုရင် ကိုယ်ရဲ့ သက်ဆိုင်ရာ company ခွဲ business units တွေကို သေချာလေ့လာသုံးသပ်ပြီး ဘယ်လုပ်ငန်းတွေက ချဲ့ထားတာ ဖြစ်သင့်တာထက်ပိုနေလား အလွန်များသောလုပ်ငန်းချဲ့ထွင်တဲ့အခါ ကိုယ့်ရဲ့ resourse တွေကို ထိထိမိမိရအောင်မသုံးနိုင်တော့ပဲ ပျံကျဲတဲ့ ပုံစံမျိုးဖြစ်ပေါ်တက်ပါတယ် ဒီတော့ portfolio management သေချာလုပ်ပြီးဒီနှစ်အတွင်း ဘယ် BUတွေကို အားစိုက်မယ် ဘယ်ဟာတွေကိုလျော့မလဲ စသဖြင့် မိမိ corporate လုပ်ငန်းကြီးရဲ့ resourse ကို ထိထိမိမိသုံးရမှာဖြစ်ပါတယ်။

Business levelမှာဆိုရင်လည်း ကိုယ့်ရဲ့ competitive advantage ကို သေချာdefine လုပ်ရပါမယ် marketထဲမှာပြိုင်တဲ့အခါ စျေးသက်သာတဲ့ ပုံစံ price နဲ့ ယှဥ်ပြိုင်မှာလား ၊ Differentition ဆိုတဲ့ သူများcompetitorsတွေ နဲ့မတူတဲ့ value တစ်ခုကို မတူအောင်ဘာကို သေချာလုပ်မလဲ စဥ်းစားရပါမယ်။လုပ်ငန်းတစ်ခုမှာ ရှိသမျှအကုန်ကောင်းကြီးဖြစ်ဖို့ထက် သူများနဲ့ မတူတဲ့ တစ်ခုအရမ်းကောင်းကို စွဲကိုင်ထားမှာသာ brand positioning အရလည်း လူတွေ စိတ်ထဲစွဲမှာဖြစ်ပါတယ်။ဒီcompany ဘာအရမ်းကောင်းတယ်၊ ဒီbrand ကဘာအရမ်းကောင်းတယ် စသဖြင့် စိတ်ထဲစွဲမှာဖြစ်ပါတယ်။

Functional levelမှာဆိုရင် ကိုယ့်သက်ဆိုင်ရာဌာနတွေ က တစ်နှစ်စာအတွက် objective ချတဲ့အခါ ရှိသမျှအကုန်ဖြစ်ချင်လို့မရပါဘူး objective တွေအရမ်းများရင် ဘားမှထိထိမိမိလုပ်နိုင်မှာ မဟုတ်ပါဘူး တကယ်အရေးကြီးပြီး business objective ကိုဖြည့်စည်းနိုင်မည့် functional objective ၃,၄ခုလောက်ပဲ သေချာချပြီး တကယ်ကို ကိုယ်လိုချင်တဲ့ objective ကိုပြတ်ပြတ်သားသားမြင်ပြီးလုပ်ဆောင်မှသာ ပိုပြီးထိရောက်မှာဖြစ်ပါတယ်။

ဒါကြောင့် ဆွန်းဇူးက အဖက်ဖက်ကို အားဖြည့်လေ အဖက်ဖက်ကအားနည်းမည် ဟုပြောခဲ့ခြင်းဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတက်ပါတယ်
Myint Maung Maung Tun

17/06/2024

ရည်ရွယ်ချက်ချင်းမတူလို့ပါ >>>>>>>>>>>>>>>>>>>>>>

တစ်ခါက ပျားတစ်ကောင်နဲ့ ယင်ကောင်တစ်ကောင်ဟာ ပျံသန်းလာရင်း လမ်းမှာတွေ့ဆုံကြတဲ့အခါ ပျားက လမ်းလွှဲသွားတယ်။

ဒါကို ယင်ကောင်က ရိပ်မိတော့ ပျားကိုပြောတယ်။

(ယင်ကောင်)>>>"ဟ့ကောင်ပျားး မင်းက ဘာလို့ ငါ့ကို ယှဉ်မသွားတာလဲ"

(ပျား)>>>"မင်းအနားကို မကပ်ချင်လို့ပေါ့"

(ယင်ကောင်)>>>"ဘာလဲ ငါက နူနေလို့လား"

(ပျား)>>>"မဟုတ်ဘူး၊ ငါတို့ရဲ့သဘာဝက မတူညီလို့ပါ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင်တွေနဲ့ပျံသန်းရတာပါပဲ။

ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဖြစ်ထိုက်ဘူး။ ပျားဆိုတဲ့ငါတို့က ပန်းဝတ်ရည်တွေကို ပျားရည်အဖြစ် ပျားအိမ်မှာစုဆောင်းကြတယ်။

မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေကြားမှာပဲ ပျော်မွေ့ကြတယ်။ ငါတို့ပျားတွေက တစ်ဖြောင့်တည်းပျံသန်းတယ်။ မင်းတို့က တဝဲလည်လည်ပျံသန်းကြတယ်။

ငါတို့ပျားတွေက ကိုယ် စုပ်ယူမယ့်ပန်းခင်းကို တစ်ပတ်ပတ်ပြီးမှ စုပ်ယူတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်ကြေးတွေဆီ တစ်ရှိန်ထိုးပျံသွားကြတယ်"

(ယင်ကောင်)>>>"ဒါပေမဲ့ ငါတို့က မင်းတို့လို လူတွေကို အဆိပ်နဲ့မတုံ့ပြန်ပါဘူး"

(ပျား)>>>``ငါတို့အဆိပ်က ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့ သဘာဝကပေးထားတာ။ ငါတို့ပျားတွေက ချွေးနံ့ကိုမုန်းတယ်၊ အညစ်အကြေးတွေကို ရွံတယ်။

တကယ်တော့ မင်းတို့ယင်ကောင်တွေရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကသာ လူတွေကို အန္တရာယ်ဖြစ်စေတာပါ။ မင်းတို့နဲ့ငါတို့ကြားမှာ မတူညီတဲ့ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ရပ်တည်မှုတွေရှိတယ်။

"ဒါကြောင့် မင်းလည်း မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ၊ ငါလည်း ငါနှစ်သက်တဲ့ သာယာအေးချမ်းခြင်းတွေမှာပဲ ပျော်တော့မယ်"

ဘဝဆိုတဲ့အရိပ်အောက်မှာ တူရာစုကြတယ်ဆိုပေမဲ့ ယင်ကောင်လို အညစ်အကြေးတွေထဲမှာပဲ ပျော်မွေ့တဲ့သူတွေလည်းရှိတယ်။ ပျံသန်းပုံ၊ ရပ်တည်ပုံမတူညီကြတဲ့ဘဝမှာ ကိုယ်က ဘယ်လိုဘဝမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့လိုတယ်

ဒါကြောင့် ကိုယ်နေ့တိုင်းဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ ခံယူချက်နဲ့ ရပ်တည်ပုံချင်း မတူညီမှုတွေ ရှိနေတတ်ပါတယ်။

ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်သင့်ဆုံးလဲဆိုတာ ဒီစာဖတ်မိတဲ့ သူတိုင်း ခွဲခြားသိမြင်လိမ့်မယ်လို့ ကျွန်ပ်ယူဆပါတယ်။



မေတ္တာဖြင့်
အိုဘယ့်ခရီးသည်

17/06/2024

"လူငယ်များအတွက် ဦးသန့်၏ တန်ဖိုးမဖြတ်နိုင်တဲ့
==================================
စကား (၅)ခွန်း"
===========

၁။"ရည်ရွယ်ချက် ရှိပါ"
*******************
လောက၌ ရည်ရွယ်ချက် မရှိသောသူသည် မည်သည့် အရေးသို့ သွားရန် မသိသေးသော ခရီးသည်နှင့် တူ၏။
ကြီးပွားလိုသော လူတိုင်း ၌
ရည်ရွယ်ချက် ရှိရမည်။
သုံးလူ့ထွတ်ထား သဗ္ဗညုဘုရားပင်လျှင် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ကြိုးစား အားထုတ်တော်မူခဲ့ ပေသည်။
မည်သူမဆို ငယ်စဉ်ကပင်
မှန်းခြေတစ်ခု ရှိရမည်။
မှန်းခြေရှိသော လူတို့သည် မိမိတို့ လုပ်ငန်း၌ လွယ်ကူသည်သာမက မှန်းခြေ မရှိသော သူထက် မနှိုင်းယှဉ်သာအောင် ကြီးပွားကြလေသည်။

၂။"သူများနှင့် မတူအောင် လုပ်ပါ"
*****************************
ထိုအချက်သည် ဆန်းဆန်းဖြစ်သည်။
သို့ရာတွင်
စေ့စေ့တွေးသော် ကြီးပွားသော သူတို့၏ လက်သုံး အချက်ကြီး ဖြစ်သည်။
သူများကဲ့သို့ လုပ်လျှင် သူများကဲ့သိုပင် ဖြစ်မည်။ သူများနှင့် မတူအောင် လုပ်လျှင် သူများနှင့် တူမည် မဟုတ်ချေ။
မြတ်စွာဘုရားသည် ခပ်သိမ်းသော သူတို့နှင့် မတူအောင် အားထုတ်တော်မူခဲ့၍ သူများနှင့် မတူသော သဗ္ဗညုအဖြစ်သို့ ရောက်ရှိခဲ့ပေသည်။

၃။"အများ သဘောကို မလိုက်နှင့်"
*****************************
အများသဘောသည် အမှားပေါ၏။
လောက၌ ပညာ ရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်ကြည့်လျှင်
ပညာ ရှိသူက မနှိုင်းယှဉ်
လောက်အောင် နည်းလှ၏။
အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရ မည်ဟု မဆိုလိုပေ။
မည်သည့် ကိစ္စ၌မဆို‘ဟာ .. အများ သဘောပါ’ဟု ပြောလေ့ရှိသောသူကို
အသုံးမကျသူ ဟူ၍ မှတ်အပ်၏။
အများ သဘောသည် မှားလျှင်လည်း မှားကြောင်း ညွှန်ပြနိုင်ရမည်။
ဆန့်ကျင်ရဲရမည်။
ရေလိုက်ငါးလိုက် နေသောသူတို့သည်
မကြီးပွားနိုင်ကုန်။

၄။"ပြုပြင်ရန် မကြောက်နှင့်"
************************
လောက၌ ဘာသာရေးမှ လွဲလျှင်
အားလုံးသော ကိစ္စဟူသမျှသည်အမြဲ ပြုပြင် ပြောင်းလဲလျက် ရှိ၏။
အဝတ်အစား အနေအထိုင် အပြောအဆို အယူအဆ စသည်တို့မှာ
အမြဲ ပြောင်းလဲလျက် ရှိ၏။
ယခု ခေတ်သည် အလွန် မြန်နိုင်မှ တော်ရုံ ရှိ၏။ အပြေးသွား အပြေးလာ
အပြေးလုပ်ရသော ခေတ်ကြီး ဖြစ်၏။
ဘဝသံသရာ ကြီးပွားရေးအတွက် ပြုပြင်ရေးသည်လည်း အထူး အရေးကြီးလှပေသည်။

၅။"အယုံ မလွယ်နှင့်"
*****************
မစဉ်းစားပဲ ယုံလွယ်သူ ပေါများသော
တိုင်းပြည်သည် အောက်တန်းကျသော
တိုင်းပြည် ဖြစ်၏။
အသိဉာဏ်ကို ချင့်ချိန်နိုင်ရန် ၎င်းတိုင်း
ပြည်၏ သတင်းစာကို ကြည့်၍အကဲခတ်
နိုင်၏။ သတင်းစာများတွင် မြတ်စွာဘုရား ဆင်းတုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသော ဥစ္စာစောင့်မ၊ နတ်ပေးသော ကလေး စသည်ဖြင့် ခေါင်းစဉ်တပ်ထားသော ဆောင်းပါးများကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မီရန် များစွာ လိုသေးသည်ဟု ဆိုရမည် ဖြစ်သည်။
ပြောတိုင်း မယုံနှင့်၊ ယုံတိုင်းလည်း မပြာနှင့်၊ ချင့်ချိန် မှန်းဆ၍ ပြုလုပ် ပြောဆိုရာ၏။ ဤသည်လည်း ကြီးပွားရေး လှေကား တစ်ထစ်ပေတည်း။

Credit 💓
#စာပေ #ဗဟုသုတ

17/06/2024

တခါတလေ ဖြစ်မယ်ထင်လို့ အထင်နဲ့လက်တွေ့
မတူသော အခါ ခံစားရတဲ့ ဒုက္ခ

17/06/2024
17/06/2024

" မြန်မာပြည်မှာဘဲ နေချင်တယ်တဲ့" စက်ာပူမှာ နေ နေတဲ့ သူငယ်ချင်းတစ်ယောက်ကပြောတယ်။ခုတော့ စက်ပူနိုင်ငံသားမခံမိလိုက်တာ မှားသွားတယ်တဲ့။
ခုမှ ခံယူချင်လို့လည်းမရတော့ဘူး၊ခက်ခဲသွားပြီ။
သူ့သားသမီးတွေကိုလည်း စက်ာပူမှာမနေကြနဲ့၊
စက်ာာပူက ပိုရုန်းကန်ရတယ်၊Euro ဘက်ကပိုကောင်းမယ်တဲ့။
ဘယ်သူမဆိုကတော့ မွေးရာအရပ်မှာနေချင်ကြတာဘဲ၊အဆင်မပြေလို့သာ ရေကြည်ရာ မြက်နုသာ ကျင်လည်ကြရတာ။
နိုင်ငံတစ်ခုကနေ တစ်ခုသွားဘို့ဆိုတာကလည်း လွယ်တာမှမဟုတ်တာ၊သိပ်လွယ်ရင် မြန်မာပြည်မှာ လူတောင်ကျန်မှာ မဟုတ်ဘူး။
မြန်မာပြည်မှာ လူဖြစ်ရတာ ကံကောင်းတယ်တို့ ၊ဘာ ဘာသာနဲ့ကြုံရတာ ကံကောင်းတယ်ဆိုတာတွေက ယုံတမ်းစကား( ဂျင်း) မှန်း ခေတ်အ‌‌ေခြအနေအရ သိကုန်ကြပြီ။
ဆရာအောင်သင်းပြောသလိုဘဲ" ကိုယ့်တိုင်းပြည်မို့သာ အောင့်အီးချစ်နေရတာ၊အတော်စိတ်ပျက်စရာ ကောင်းတဲ့တိုင်းပြည်" ဆိုတာမျိုးဖြစ်နေတာ။
ခုတော့ ကိုယ်ဘဝကလည်းရုန်းမထွက်နိုင်တဲ့ဘဝ၊
ရှင်သန်အောင် နေထိုင်ရင်း၊ရွတ်ဖတ်ရင်းနဲ့ဘဲ
#အတွေးတစ

မာန် #သံတမန်ဆက်ဆံရေး၏ အရေးပါမှု # ပုဂံအနော်ရထာမင်းနှင့် သထုံမနူဟာမင်းကြားတွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်မှ သင်ခန်းစာယူပြီ...
17/06/2024

မာန်
#သံတမန်ဆက်ဆံရေး၏ အရေးပါမှု # ပုဂံအနော်ရထာမင်းနှင့် သထုံမနူဟာမင်းကြားတွင် ဖြစ်ပွားခဲ့သည့်အဖြစ်အပျက်မှ သင်ခန်းစာယူပြီး၊ နောင်လာမည့်ကာလများအတွက် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာတည်ဆောက်နိုင်ရန် အကြံပြုချက်များကို ဖော်ပြထားပါသည်။ “ပုဂံနိုင်ငံတော်မှာ ပိဋကတ်သုံးပုံများ မရှိသေး။ ဗုဒ္ဓဂေါတာ ဓာတ်တော်မွေတော်များ မရှိသေး။ မှားသည်ကို အမှား၊ မှန်သည်ကို အမှန်း ပဲ့တင် အတည်ပြုရန် ကျမ်း၊ ၊ နိကာယ်လည်းမရှိ။ ၊ ဗုဒ္ဓရှင်မြတ်ကို ရည်မှတ်ကိုးကွယ်။ ဘုရားရှင်၏ ကြွင်းကျန်သော အမွေအနှစ် လုံးဝမရှိ၊ သထုံပြည့်ရှင် ဘုရင်မင် တရားထံ၌ ပိဋကတ်သုံးပုံ အစုံသုံးဆယ်ရှိကြောင်းကြားသိရပါ၏။ ဗုဒ္ဓဘုရားရှင် ၏ ဓာတ်တော်မွေတော်များလည်း ပိုင်ဆိုင် ကိုးကွယ်ထားကြောင်း သိရပါ၏၊ သို့ဖြစ်ခြင်းကြောင့်... ပိဋကတ်သုံးပုံ တစ်စုံကိုလည်းကောင်း၊ ဗုဒ္ဓရှင်တောမြတ်“၏ဓာတ်တော်မွေတော်များမှ သင့်လျော်သရွေ့ကိုလည်းကောင်း လှူဒါန်းချီးမြှင့် ပါဝ ပါရန် အနော်ရထာမင်းတရား ကိုယ်စား ပန်ကြားအပ်ပါသည် ဘုရား”ပညာဗလ အမတ်ကြီးက သည်သို့လျှောက်တင်ရင်းဘုရင်အနော်ရထာက အောက်မှ ပိဋကတ်သုံးပုံကျမ်းနှင့် ဓာတ်တော်မွေတော်များအလှူခံသည် ဒုတိယ သဝဏ်လွှာကို မနူဟာ ဘုရင်ထံ ဆက်သည်။

မမျှော်လင့်သော အခြေအနေတစ်ရပ်ကိုဖြင့်ကြုံရပြီ။ မမျှော်လင့် ဒုတိယ သဝဏ်လွှာကို ဖြန့်လို့ပင် မကြည်။ လက်ဖျားနှင့်ပင် မထိ။ ပြီးတော့ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသည် ခေါင်းဆောင်ကိုကြည်သည်။ က မိန်လေပြီ။ ပဋိပက္ခ၏ နိမိတ်ရကျိုး အနော်ရထာမင်းသည် သထုံမနူဟာမင်းထံ ပိဋကတ်သုံးပုံနှင့် ဗုဒ္ဓဒေသနာများကို တောင်းဆိုသည်။ သို့သော် မနူဟာမင်းက ဒေါသနှင့် တုံ့ပြန်ပြီး၊ ပုဂံကိုမိစ္ဆာနိုင်ငံဟုထင်မြင်ပြီး သံတမန်အဖွဲ့ကို ညစ်ညမ်းစွာ ပြောဆိုသည့်အတွက် အနော်ရထာမင်းက စစ်ဖြင့် ဖြေရှင်းလိုက်ရသည်။ အနောက်ဆုံးတွင် မနူဟာမင်းသည် စစ်ရှုံး၍ အကျဉ်းသားဘဝကို ရောက်ခဲ့သည်။ အရှင်မင်းကြီး၊ အရှင်မင်းကြီးနှင့် တကွမောင်းမမိဿံ ခြွေရံသင်း သောအချိန်တွင် သင့်တော်သော အစီအစဉ်ဖြင့်မင်းမိဖုရားတို့ပုဂံနေ သူကြွချီပါရန်တောင်းပန်ပါ၏။ အရှင်မင်းကြီး ဆန္ဒရှိသော အကြောင်းအချက် များကိုလည်း မိန့်ကြားတော်မူပါ။ မနူဟာ မင်းတရားသည် နူးညံ့စွာ ပြုံးလျက် ခေါင်းကို အသာအယာ ညိတ်သည်။ ပြီးတော့ ပြောဖွယ်ရှိသည်တို့ကို တစ်လုံးချင်း မိန့်ကြားလေသည်။

“စစ်သူကြီး၊ ငါနှင့်တကွ မင်းမိဖုရားတို့ ပုဂံနေပြည်တော်သို့ လိုက် ပါရန် အစီအစဉ်ကို သိပြီ။
ကျန်ရစ်ခဲ့သော သထုံနေပြည်တော်၏ ကံကြမ္မာ၊ သထုံပြည်သူတို့၏ ကံကြမ္မာ၊ သထုံပြည်ရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ကံ ကြမ္မာက မည်သို့ရှိသလဲ"??? သံတမန်ဆက်ဆံရေး၏ အရေးပါမှု သံတမန်ဆက်ဆံရေးသည် နိုင်ငံများအကြားအရေးကြီးပါသည်။ မနူဟာမင်းက အနော်ရထာမင်း၏ သံတမန်ဆက်ဆံရေးကို မှန်ကန်စွာ မကျင့်သုံးသောကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ထိုကြောင့်၊ နိုင်ငံများအကြားဆက်ဆံရေးတွင် စာနာထောက်ထားမှုနှင့် ကြားခံဆက်ဆံမှုများကို တန်ဖိုးထားရမည်ဖြစ်သည်။

 #လူများဖန်တီးသော ဘေးဒုက္ခများ #COVID-19 နှင့် ဒုတိယကမ္ဘာစစ်ကြား သေဆုံးမှုစာရင်းများနှင့် သူတို့၏ သက်ရောက်မှုများကို နှိ...
15/06/2024

#လူများဖန်တီးသော ဘေးဒုက္ခများ #
COVID-19 နှင့် ဒုတိယကမ္ဘာစစ်ကြား သေဆုံးမှုစာရင်းများနှင့် သူတို့၏ သက်ရောက်မှုများကို နှိုင်းယှဉ်၍ သုံးသပ်ခြင်းက အဓိကကဏ္ဍများအပေါ် ထိရောက်မှုနှင့် ကမ္ဘာ့သမိုင်းအပေါ်သက်ရောက်မှုများကို နားလည်ရန်အထောက်အကူဖြစ်ပါသည်။

# # # ဒုတိယကမ္ဘာစစ် (1939-1945)

- **စုစုပေါင်းသေဆုံးမှု**: ၇၅,၀၀၀,၀၀၀ - ၈၅,၀၀၀,၀၀၀ ခန့် (စစ်သားများနှင့် ပြည်သူများအပါအဝင်)
- **အဓိကသေဆုံးမှုများ**: စစ်ဘက်ဆိုင်ရာ အရေးကြီးမှုများ၊ အနာ ရောဂါများ နှိပ်စက်မှုများ၊ မျိုးတုံးသတ်ဖြတ်မှုများ၊ အကျဥ်းစခန်းများတွင်သတ်ဖြတ်ခံရမူများ၊ချွေးတပ်စခန်းတွင်သေဆုံးမူများ။
- **ဒေသဆိုင်ရာပြန့်ပွားမှု**: ဥရောပ၊ အာရှ၊ အာဖရိက၊ အာရှဘက်ပစိဖိတ်ဒေသများ

# # # COVID-19 Pandemic (2019-2023+)

- **စုစုပေါင်းသေဆုံးမှု**: ၆,၉၀၀,၀၀၀ ကျော် (မှန်ကန်သောစာရင်းအချက်အလက်များအရ)
- **အဓိကသေဆုံးမှုများ**: ရောဂါကြောင့်အသက်ဆုံးရှုံးမှုများ
- **ဒေသဆိုင်ရာပြန့်ပွားမှု**: ကမ္ဘာအနှံ့

# # # နှိုင်းယှဉ်သုံးသပ်ချက်

1. **သေဆုံးမှုအရေအတွက်**:
- **ဒုတိယကမ္ဘာစစ်**: သေဆုံးမှုအရေအတွက်သည် ၇၅-၈၅ သန်းအထိရှိပြီး စစ်သားများနှင့် အရပ်သားများနှစ်ဦးစလုံး ပါဝင်သည်။
- **COVID-19**: သေဆုံးမှုအရေအတွက်သည် ၆.၉ သန်းကျော်ဖြစ်ပြီး ရောဂါကြောင့်အသက်ဆုံးရှုံးမှုများဖြစ်သည်။

2. **သက်ရောက်မှုအမျိုးအစား**:
- **ဒုတိယကမ္ဘာစစ်**: စစ်ဘက်ဆိုင်ရာ ပဋိပက္ခများနှင့် မျိုးတုံးသတ်ဖြတ်မှုများဖြစ်ပြီး စစ်ဘက်ဆိုင်ရာအရေးကြီးမှုများ၊ နိုင်ငံရေးအခြေအနေများအပေါ် အထိခိုက်ဆုံးဖြစ်သည်။
- **COVID-19**: ကျန်းမာရေးဆိုင်ရာ အရေးကြီးမှုများဖြစ်ပြီး ကမ္ဘာ့စီးပွားရေး၊ လူမှုရေးနှင့် နေထိုင်မှုအခြေအနေများ အပေါ် အကျိုးသက်ရောက်မှုရှိသည်။

3. **ဒေသဆိုင်ရာ ပြန့်ပွားမှု**:
- **ဒုတိယကမ္ဘာစစ်**: အဓိကအတိုက်အခံပြင်းထန်သည့်နေရာများမှာ ဥရောပ၊ အာရှနှင့် အာရှဘက်ပစိဖိတ်ဒေသများဖြစ်သည်။
- **COVID-19**: ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်ပွားသက်ရောက်ခဲ့သည်။

4. **အကျိုးသက်ရောက်မှုများ**:
- **ဒုတိယကမ္ဘာစစ်**: နိုင်ငံများ၏ နယ်မြေပြောင်းလဲမှု၊ နိုင်ငံရေးအခြေအနေပြောင်းလဲမှုများနှင့် ကုလသမဂ္ဂ စသည်တို့၏ ဖွဲ့စည်းမှုများ အထိ အကျိုးသက်ရောက်မှုရှိသည်။
- **COVID-19**: ကမ္ဘာ့ကျန်းမာရေးစနစ်များ အထိခိုက်စေသည့်အပြင် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများနှင့် လူမှုရေး ပြောင်းလဲမှုများအထိ သက်ရောက်မှုရှိသည်။
# # # နိဂုံးချုပ်

ဒုတိယကမ္ဘာစစ်နှင့် COVID-19 တို့သည် သေဆုံးမှုအရေအတွက်နှင့် သက်ရောက်မှုများသည် ကွဲပြားခြားနားနေသော်လည်း နှစ်ခုလုံးသည် ကမ္ဘာ့သမိုင်းအပေါ် အကြီးအကျယ် သက်ရောက်မှုရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်သည် စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေး အရေးကြီးမှုများကြောင့် ဖြစ်ပြီး COVID-19 သည် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် ဖြစ်သည်။
လူတွေ ၏ အတ္တလောဘ ကြောင့်သာ ဘေးဒုက္ခများပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခု ဖြစ်ပေါ်နေသော ပဋိပက္ခ စစ်ပွဲများ. တရုတ် vs ထိုင်ဝမ် အရေး ၊ အစ္စရေး vs ပါလက်စတိုင်း၊ ရုရှား vs ယူကရိန်း အရေးများသည် ဒုတိယကမ္ဘာစစ်အတွင်းသေဆုံးအရေအတွက်သည် ၇၅-၈၅ သန်းအထိရှိပြီးဒီတစ်ကြိမ် ကမ္ဘာ့ စစ်ပွဲတွင် ကမ္ဘာသူကမ္ဘာသားများသက်သာလိမ်မည်မဟုတ်ပါ။
ထို ကြောင့်လက်ရှိကမ္ဘာ ခေါင်းဆောင်များအ နေဖြင့် ကမ္ဘာမြေကြီး ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် မိမိတို့ ၏ အတ္တ လောဘ များ ကို လျော့ စေချင်ပါသည် ။

14/06/2024

နွားနို့ပျက်သွားတဲ့အခါဒိန်ချဉ်ဖြစ်လာပါတယ်။ဒိန်ချဉ်ဟာနွားနို့ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊ဒိန်ချဥ်ဟာအဲဒီထက်ပိုပျက်သွားတဲ့အခါမှာချီစ်ဖြစ်သွားပါတယ်။ချီစ်ဟာဒိန်ချဉ်နဲ့နွားနို့ထက်ပိုပြီးတန်ဖိုးရှိပြန်ပါတယ်။

စပျစ်ရည်ဟာချဥ်သွားတဲ့အခါမှာဝိုင်ဖြစ်လာပါတယ်၊ဝိုင်ဟာစပျစ်ရည်ထက်ပိုပြီးတန်ဖိုးရှိပါတယ်၊

လူတယောက်ဟာအမှားတွေလုပ်မိလို့ဘဝမှာမအောင်မြင်တဲ့လူတယောက်ဖြစ်မသွားပါဘူး၊ဘဝမှာအမှားတွေကသာလူတစ်ယောက်ကိုပိုပြီးတန်ဖိုးရှိစေပါတယ်။

Christopher Columbus ရေကြောင်းလမ်းပြမြေပုံအမှားကြောင့်အမေရိကားတိုက်ကိုတွေ့ရှိခဲ့ပါတယ်။အဲဒီလိုပဲAlexander Fleming’sဟာလဲသူ့အမှားကြောင့်ပယ်နစ်စလင်ဆေးကိုတွေ့ရှိခဲ့ပါတယ်။

လူတွေဟာလေ့ကျင့်ပါများလို့ပိုပြီးတော်လာတာမဟုတ်ပါဘူး။လူတွေကအမှားတွေလုပ်မိလို့အမှားတွေကသင်ခန်းစာယူပြီးပိုပြီးတန်ဖိုးရှိတဲ့လူဖြစ်လာတာဖြစ်ပါတယ်။

If milk gets bad, it becomes yoghurt. Yoghurt is more valuable than milk. If it gets even worse, it turns to cheese. Cheese is more valuable than both yoghurt and milk.

And if grape juice turns sour, it transforms into wine, which is even more expensive than grape juice. You are not bad because you made mistakes. Mistakes are the experiences that make you more valuable as a person.

Christopher Columbus made a navigational error that made him discover America. Alexander Fleming’s mistake led him to invent Penicillin. Don’t let your mistakes get you down.

It is not practice that makes perfect. It is mistakes we learn from that makes perfect !

14/06/2024
14/06/2024
14/06/2024
14/06/2024
ဟစ်တလာနှင့် ဂန္ဒီကြား သိသိသာသာ ခြားနားမှုသည် ၎င်းတို့၏ မတူညီသော ပညာရေး နောက်ခံများနှင့် စိတ်ပိုင်းဆိုင်ရာ သဘောထားများကြေ...
14/06/2024

ဟစ်တလာနှင့် ဂန္ဒီကြား သိသိသာသာ ခြားနားမှုသည် ၎င်းတို့၏ မတူညီသော ပညာရေး နောက်ခံများနှင့် စိတ်ပိုင်းဆိုင်ရာ သဘောထားများကြောင့်ဟု ယူဆနိုင်သည်။
ဟစ်တလာ၏ ပြည့်စုံသော ပညာရေးချို့တဲ့မှုနှင့် ၎င်း၏ အစွန်းရောက် အာဏာရှင်များ၏ ယုံကြည်ချက်ကြောင့် သမိုင်းတွင် ယုတ်မာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ ဂန္ဒီ၏ ခိုင်မာသောပညာရေးနှင့် အကြမ်းမဖက်မှုနှင့် အမှန်တရားအတွက် ကတိကဝတ်များက သူ့ကို ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် လေးစားဖွယ်နေရာတစ်ခု ရရှိစေခဲ့သည်။
ဤခြားနားချက်များသည် သမိုင်းတွင် လူဆိုးတစ်ဦးအဖြစ် တစ်ဦးနှင့် အခြားတစ်ဦးအား သူရဲကောင်းတစ်ဦးအဖြစ် အဘယ်ကြောင့် မှတ်သားထားရသည်ကို ထင်ရှားစေသည်။

14/06/2024

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ခန့်က စင်္ကာပူဆိုတဲ့
တံငါကျွန်းရွာလေးက အခုတော့
#လီကွမ်ယု ဆိုတဲ့ လူငယ်လေးတစ်ယောက်က
အခုလို ပြောဖူးပါတယ်။

" မြန်မာပြည်က အရမ်းခမ်းနားတဲ့
ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်နိုင်ဖို့က
ငါ့ရဲ့ အိပ်မက်ပဲ ... "တဲ့။

၁၉၅၀- ၆၀ ခုနှစ်အတွင်း၊ ရွှေတစ်ကျပ်သား
၂၀၀/ ၃၀၀ ခေတ်၊ မြန်မာတွေ ရွှေထီးဆောင်း
ခဲ့ကြစဉ်ကပေါ့။

အဲဒီတုန်းက

ရန်ကုန်မြို့ဆိုတာ အရှေ့တောင်အာရှမှာ
အလှပဆုံးနဲ့ခေတ်အမှီဆုံးမြို့တော်...

မင်္ဂလာဒုံလေယဥ်ကွင်းဆိုတာ အရှေ့တောင်
အာရှမှာအကျယ်ဆုံးနဲ့အကောင်းဆုံးလေယဥ်ကွင်း..

ရန်ကုန်တက္ကသိုလ်ဆိုတာ အရှေ့တောင်အာရှမှာ
နာမည်အကြီးဆုံးနဲ့အခမ်းနားဆုံး နံပါတ်တစ်
တက္ကသိုလ်...

နှစ် ၆၀ ကြာအပြီး...

ဒီနေ့ခေတ်မှာတော့ အရာအားလုံးက ပြောင်းပြန်
တွေဖြစ်ကုန်ပါရောလား...။

Jion Telegram https://t.me/MyanmarKnowledgeGuide

YouTube
https://youtube.com/?si=YvkfHUO41SQ_u8RH

Facebook
https://www.facebook.com/MyanmarKnowledgeGuide?mibextid=ZbWKwL

14/06/2024

Address


Website

Alerts

Be the first to know and let us send you an email when ATK. Learning Of Life Lessons posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share