12/06/2024
ငွေကြေးမှ ဖောင်းပွတာမဟုတ်ဘူး
သတင်းအချက်အလက်တွေကလဲ ဖောင်းပွတယ်
တချို့တွေ အလုပ်ဖြစ်တာနဲ့
ကိုယ်အလုပ်ဖြစ်တာတူမှာမဟုတ်ဘူး
တစ်ချို့တွေက timetable နဲ့
တစ်နေ့တာအလုပ်တွေလုပ်ရတာအဆင်ပြေပေမယ့်
ကိုယ့်အတွက်ကြ task နဲ့ဒီနေ့ ဒီ Task ပြီးရင်ရတယ်
ဘယ်ချိန်လုပ်လုပ်ရတယ်ဆိုတာက အဆင်ပြေနေနိုင်တယ်
နေမြင့်မှ ထလေ့ရှိသူက ညနက်လေ အလုပ်လုပ်ရတာကောင်းလေ ဖြစ်မှာပဲ
မနက်စောစော ထလေ့ရှိတဲ့သူက ညနေဆောင်းလေ အလုပ်လုပ်လို့ကောင်းလေ အာရုံးစူးစိုက်မှုကောင်းလေပဲ
တစ်ချို့တွေအတွက် ကိုယ်ပိုင်အလုပ်ကအဆင်ပြေလိမ့်မယ်
တစ်ချို့တွေအတွက် အေးအေးဆေးဆေး ဝန်ထမ်းလေးလုပ်နေတာက ပိုအဆင်ပြေလိမ့်မယ်
တချို့တွေအတွက် Freelance လုပ်တာကပြေလိမ့်မယ်
ဘယ်သူပြောတာ မျှဝေတာက မှန်တယ်မှားတယ်ဆိုတာမရှိဘူး
ကိုယ်နဲ့ ကိုက်ညီ မညီဆိုတာပဲရှိတာ
ကိုယ့် Role model ထားတဲ့သူရဲ့ အလေ့အကျင့်က ကိုယ်နဲ့ကိုက်ချင်မှကိုက်မယ်
မကိုက်ညီတာကိုလဲ တအားလိုက်လုပ်စရာမလို့ဘူး
အရေးကြီးတာက ကိုယ်အတွက် ဘယ်ဟာကအလုပ်ဖြစ်လဲ
ဘယ်ဟာကို ပိုအဆင်ပြေလဲဆိုတာ ရွေးဖို့ပဲ
မျှဝေတာတွေ သတင်းအချက်အလက်တွေကတော့
အများကြီးရှိနေမှာပဲ ကိုယ်က
ကိုယ်နဲ့ကိုက်ညီတာ ကိုယ့်အတွက်အလုပ်ဖြစ်တာကိုယူတက်ဖို့ပဲလိုတာ
Hein - Just Sharing
12June2k24