𝐊𝐚𝐜𝐡𝐢𝐧 𝐍𝐞𝐰𝐬 𝐅𝐫𝐨𝐦 2024

  • Home
  • 𝐊𝐚𝐜𝐡𝐢𝐧 𝐍𝐞𝐰𝐬 𝐅𝐫𝐨𝐦 2024

𝐊𝐚𝐜𝐡𝐢𝐧 𝐍𝐞𝐰𝐬 𝐅𝐫𝐨𝐦 2024 This page is for kachin local updated news
email [email protected]
whatsapp - +959754395368

သရုပ်ဆောင်လောကကို ဝင်တော့မယ့်ဆရာခြူးလွင်စိုး😲ဂုဏ်ယူပါတယ် ဆရာ 😊 #   #
25/09/2024

သရုပ်ဆောင်လောကကို ဝင်တော့မယ့်ဆရာခြူးလွင်စိုး😲

ဂုဏ်ယူပါတယ် ဆရာ 😊

#
#

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေအတွက် ဘောလုံးကန်ခဲ့ ကြတဲ့ အနုပညာရှင်များ.......    #ရေဘေးသင့်ပြည်သူများ  #...
25/09/2024

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး ရံပုံငွေအတွက် ဘောလုံးကန်ခဲ့ ကြတဲ့ အနုပညာရှင်များ.......

#ရေဘေးသင့်ပြည်သူများ #ရံပုံငွေပွဲ #ဘောလုံးကန်
#

❗❗ မြစ်ကြီးနားတွင် အုပ်စုဖွဲ့ခိုးမှု ပြန်လည်အဖြစ်များလာနေ❌မြစ်ကြီးနား - စက်တင်ဘာ ၂၃၊ ၂၀၂၄။မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အခ...
23/09/2024

❗❗ မြစ်ကြီးနားတွင် အုပ်စုဖွဲ့ခိုးမှု ပြန်လည်အဖြစ်များလာနေ❌

မြစ်ကြီးနား - စက်တင်ဘာ ၂၃၊ ၂၀၂၄။

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့တွင် ယခုရက်ပိုင်း နေအိမ်ဖောက်ထွင်းခံရမှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

စံပြရပ်ကွက်တွင် ညစဉ်ခိုးယူခံနေရပြီး တန်ဖိုးရှိသည့် ပစ္စည်းများသာမက ရရာပစ္စည်းအကုန်ခိုးယူနေသည်ဟု အိမ်ရှင်မတစ်ဦးက The 74 Media ကိုပြောသည်။

အရင်လိုညသန်းခေါင် လူသူအိပ်ပျော်နေတဲ့အချိန် ခိုးယူခံရတာတွေအရမ်းပြန်ဖြစ်လာတယ်။ ခိုးခံရရင်လည်း တစ်မျိုးပဲ ခိုးခံရတာမဟုတ်ဘူး သူတို့မြင်မြင်သမျှအကုန်ယူသွားပုံကြည့်ရင် အုပ်စုဖွဲ့ခိုးဝင်တာနဲ့တူတယ်။ ကျွန်မအိမ်ကဆို ဆိုင်ကယ်ရော သူများလာအပ်ထားတဲ့ ပစ္စည်းထုတ်တွေရော အကုန်ကောက်သွားလို့ ပိုက်ဆံ အလျော်ပေးလိုက်ရတယ်။ အဖေ့ပုဆိုးနဲ့ ဖိနပ်အထိကောက်သွားတာ ဟုပြောသည်။

တစ်ပတ်အတွင်း မိတ်ဆွေနှစ်ဦး၏ နေအိမ်တွင်လည်း ခိုးယူခံခဲ့ရပြီး ထရန်စဖော်မာရှိ မီးကြိုး ခိုးယူမှုများလည်းရှိကြောင်း သူကပြောသည်။

အဆိုပါရပ်ကွက်တွင် ဆိုင်ကယ်၊ လက်ပ်တော့ပ်နှင့် တန်ဖိုးရှိသည့် ပစ္စည်းများအပြင် အဝတ်အထည်များလည်း ခိုးယူခံနေရကြောင်း ရပ်ကွက်နေပြည်သူအချို့၏ပြောပြချက်အရ သိရသည်။

သူခိုးများရန်ကြောင့် ပစ္စည်းဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်းရှိကြောင်း ဆိုင်ကယ်နှင့် လက်ပ်တော့ပ်ခိုးခံခဲ့ရသည့် ကျောင်းသားနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကျောင်းသွားဖို့ဆိုင်ကယ်ပါသွားတော့ ကလေးကကျောင်းသွားဖို့ ဟိုသူငယ်ချင်းစီခိုက်စီးရ ဒီသူငယ်ချင်းစီ လိုက်စီးရဖြစ်နေတယ်။ ပိုဆိုးတာက လက်ဆွဲကွန်ပြူတာလည်းပါသွားတော့ အရာရာခက်ခဲတဲ့ကြားက ကြိုးစားရုန်းကန်နေတဲ့ကြားမှာ အခုလိုထပ်ဖြစ်သွားတော့ သူခင်ဗျာ စိတ်တော်တော်ထိခိုက်ပုံရတယ်။ အလုပ်လည်းကောင်းကောင်းမလုပ်နိုင် စိတ်နဲ့လူနဲ့တခြားစီဖြစ်တဲ့ အချိန်တောင်ရှိတယ် ဟုပြောသည်။

အုပ်စုဖွဲ့က နေအိမ်အတွင်းဝင်ရောက်ခိုးယူမှုများလာသောကြောင့် ပစ္စည်းဥစ္စခိုးယူသည့်အပြင် အိမ်ပိုင်ရှင်များအား ကိုယ်ထိလက်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြရပြီး တိုက်ကြာသော်လည်း တာဝန်ယူဖြေရှင်းပေးမည့်သူ မရှိသောကြောင့် ရပ်ကွက်နေပြည်သူများက ညအချိန်ပတ်ကင်းလှည့်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အများစုတွင် နေအိမ်ဖောက်ထွင်းခံရမှုအပြင် မီးကြိုးများဖြတ်ကာ ခိုးယူမှုများလည်းရှိပြီး မီးကြိုးဖြတ်ခိုးသူအချို့က လျှပ်စစ်ရုံးဝန်ထမ်းဝတ်စုံဝတ်ဆင်ထားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသောကြောင့် ကိုယ်တိုင်ကြုံတွေ့ရသည့် ခိုးမှု၊ လုယက်မှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ယခင်ကဲ့သို့ မျှဝေခြင်းများ မတွေ့ရသော်လည်း မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယက်မှုများ နေ့စဉ်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ကချင်ပြည်နယ်အတွင်း အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုအရေအတွက်သည် ၂၀၂၁ အာဏာသိမ်းကာလအစမှ ၂၀၂၃ ပထမ ခြောက်လပတ်အထိ ၅၀ ရာခိုင်နှုန်းခန့် တိုးမြင့်ခဲ့သည်ဟု ဒေသဆိုင်ရာ မှုခင်းနဲ့ လုံခြုံရေးတာဝန်ရှိသူထံမှသိရကြောင်း DVB သတင်းဌာနတွင် ရေးသားဖော်ပြခဲ့သည်။

သတင်း - Zami, Dureng
ပုံ - ၂၀၂၂ ခုနှစ်က အင်ဂျန်ဒုံဈေးအနီး ဆိုင်ကယ်ခိုးရန် ကြိုးပမ်းနေသူတစ်ဦးကို ဖမ်မိစဉ်

crd The 74 Media

❌❌ဒို့မြန်မာပြည် ဘာတေဖြစ်ကုန်ပြီလဲ ❓❓အမည်​လွဲ(​ မောင် မင်းအောင်လှိုင်)မှ  "အိမ်ကအမေ အသေးအသန်ဖျားလို့ စင်ကာပူ ကနေမြန်မာပြ...
23/09/2024

❌❌ဒို့မြန်မာပြည် ဘာတေဖြစ်ကုန်ပြီလဲ ❓❓

အမည်​လွဲ(​ မောင် မင်းအောင်လှိုင်)မှ "အိမ်ကအမေ အသေးအသန်ဖျားလို့ စင်ကာပူ ကနေမြန်မာပြည်ကိုပြန်လာတာကို ရန်ကုန်လေဆိပ်မှာ တာဝန်ရှိတဲ့သူလို့ပြောရမလား သူတို့က စရစ်တော့တာပဲ အကုန်စစ် တယ် dollor ပါလားဆိုပြီး မေးတယ် ဖုန်းတေ passport တေရော အကုန် သိမ်းတယ် ပြီးရင် မရတော့ဘူး ပြန်လိုက်တော့တဲ့ ကျွန်တော်လည်း အကြောင်းစုံရှင်းပြတယ် အမေအသေးအသန်ဖျားလို့ ပြန်လာတာပါ ဆရာလို့ ပြောလည်း ဂရုမစိုက်ဟန်နဲ့ သားအမိနစ်ယောက်ထဲ ရှိတာပါ ပြောလည်း dallor ပေးရင် ပြန်ပေးမယ်ဆိုပြီး အကုန်ရစ်ပါတယ် dollar တောင် ၃၀၀ အထိတောင်းပါတယ် နောက်ဆုံးတော့ ကျွန်တော်လည်း ပေးလိုက်ပြီးအိမ်ပြန်ခဲ့ရပါတယ် ကိုကပင်ပင်ပန်းပန်း သူများနိူင်ငံမှာကျွန်ခံပြီး သားအမိနစ်ယောက်အတွက် စုဆောင်းထားတာ သူတို့က ခုလိုလေဆိပ်မှာ ရစ်ပြီးdollar ပဲတောင်းတာ က ကျွန်တော်တို့လိုနိူင်ငံခြားမှာ ပိုက်ဆံရှာပြီး အမိမြန်မာပြည်ကို ရှောင်လွဲလို့မရတဲ့ခုလို အရေးကြီးကိစ္စဖြစ်လို့ပြန်လာတဲ့သူတိုင်းအတွက် တကယ်ကိုအဆင်မပြေဘူး" ဆိုပြီး ပြောပြလာပါတယ်



❗❗သတိဟူသည် ပိုသည် မရှိ ❌❌ရက်စွဲ - ၂၃.၉.၂၀၂၄ အထိ မိုးဆက်တိုက် နာရီပိုင်းခြား မိုးအဆက်အပြတ်ရွာသွန်းနေပါသည်.ရန်ကုန်မြစ်နဲ့ ...
22/09/2024

❗❗သတိဟူသည် ပိုသည် မရှိ ❌❌

ရက်စွဲ - ၂၃.၉.၂၀၂၄ အထိ မိုးဆက်တိုက် နာရီပိုင်းခြား မိုးအဆက်အပြတ်ရွာသွန်းနေပါသည်.
ရန်ကုန်မြစ်နဲ့ အနီးတစ်ဝိုက်၌ နေထိုင်ကြတဲ့ မိဘပြည်သူများ သတိနဲ့နေကြပါ
အရေးကြီးတဲ့ စာရွက်စာတန်းတေ သေချာစုထားပါ အရေးပေါ် ကိုယ်လွတ်ရုန်းရမည်ဆိုပါက စာရွက်စာတန်းတေ တစ်ခါတည်း သယ်သွားလို့ရအောင်ပါ
မိုးလေဝါသ သတင်းဌာနက ဆရာမ Su San (စုစုစံ ၏ မိုးလေဝသ သတင်းကိုလည်း နားစွင့်ပါ အထက်ပိုင်းအလယ်ပိုင်းအရှေ့ပိုင်း ပြီးပါပြီ အောက်ပိုင်းလည်း ပြောမရပါ ဖြစ်ကောင်းဖြစ်လာနိူင်တတ်ပါသည်

နဂါးမယ်​အေမီစျန်ကိုလည်း အလိုရှိပါသည် ကယ်တော်မူပါ 🙏

#ရန်ကုန် လမ်းမတော် ကမ်းနားလမ်း အခြေအနေ(ကြည်မြင်တိုင်)အနီးယနေ့မြင်ကွင်း

Photo - crd

ရင်ထဲကို   ထိတယ်......❤💞👇သမီးလေး  တစ်ယောက်ဟာ    သူဖခင်နဲ့အတူ    တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့။ဖခင်ဖြစ်သူဟာ   သူ့သမီးလေး ...
18/09/2024

ရင်ထဲကို ထိတယ်......❤💞👇

သမီးလေး တစ်ယောက်ဟာ သူဖခင်နဲ့အတူ တံတားလေး တစ်ခုကို ဖြတ်ကူးသတဲ့။

ဖခင်ဖြစ်သူဟာ သူ့သမီးလေး ကြောက်မှာစိုးတာနဲ့.

*သမီလေး ဖေဖေလက်ကိုကိုင်ထား..ဒါမှချော်မကျမှာ * လို့. ပြောလိုက်တယ်

အဲ့ဒီမှာ သမီးလေးက. ......

*မကိုင်ဘူးဖေဖေ. ဖေဖေပဲ သမီးလက်ကိုကိုင်ထားပေးပါ* လို့ပြန်ပြောလိုက်တယ် ...

ဖခင်လုပ်သူက. နည်းနည်းစဉ်းစားရကြပ်သွားတယ်

ဒါက.* ဘာများကွာမှာမိုလို့လဲ သမီးရဲ့.*လို့မေးသတဲ့

သမီးလေး ပြန်ဖြေတာက. အကြီးကြီးကွာတာပေါ့ ဖေဖေရယ်.....

သမီးသာ ဖေဖေလက်ကိုကိုင်ထားရင် တစ်ခုခုဖြစ်တာနဲ့. ကြောက်လန့်ပြီး လွတ်ရင် လွတ်ချမိမှာ

တကယ်လို့. ဖေဖေသာ သမီးလက်ကို ကိုင်ထားရင်

ဘာတွေဘယ်လိုပဲ ဖြစ်ဖြစ် သမီးရဲ့လက်ကိုလွတ်မှာ မဟုတ်ဘူးဆိုတာ .......

သမီး သေချာသိလို့ပါ ဖေဖေ. တဲ့

☺☺



fathers

ရက်စွဲ - ၁၈.၉.၂၀၂၄❗❗ထမင်းတနပ်စာ ဖြစ်ဖြစ် တတ်နိူင်သလောက်လေး ပါဝင်စို့ 🙏🙏-ဒို့မြည်မာပြည်ကြီးသည် ယခုအခါ၌ ဒဏ်ပေါင်းစုံကို ခံ...
18/09/2024

ရက်စွဲ - ၁၈.၉.၂၀၂၄

❗❗ထမင်းတနပ်စာ ဖြစ်ဖြစ် တတ်နိူင်သလောက်လေး ပါဝင်စို့ 🙏🙏

-ဒို့မြည်မာပြည်ကြီးသည် ယခုအခါ၌ ဒဏ်ပေါင်းစုံကို ခံနေကြသည်ကို အများသိရှိပြီးဖြစ်ပါသည်. ထိုဒဏ်ကိုလည်း ဒို့ပြည်သူအချင်းချင်း ဖေးမ ကူညီနေရသည်ကို တွေ့မြင်နေရတော့ ကျွန်တော်မြန်မာပြည်သား တစ်ဦးအနေနဲ့ လွန်စွာပင် ဝမ်းနည်းဝမ်းသာ ပီတိဖြစ်မိပါသည်.
ယခု အခါတွင် မြန်မာပြည် အလယ်ပိုင်းနင့် အရှေ့ပိုင်းအချို့မြို့တွင်ရေကြီးရေလျှံမှုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတေ အများကြီး ရှိနေသည်ကို အားလုံးထပ်တူဝမ်းနည်းကြေကွဲရပါသည် 😔😔.ထိုသို့ကဲ့ ရေဘေးသင့်ဒဏ်ခံစားရတဲ့ ပြည်သူတေကို နေရာအနံ့မှ ပြည်သူများမှ တတ်နိူင်သလောက် ကိုယ့်လုပ်အားခ /ကာယအား/လစာ /မှုန့်ဖိုးများမှ လှိုက်လှိိုက်ဝန်းဝန်း စုပေါင်းပါဝင်လှူဒါန်းလာသည်ကို တွေ့ရပါသည်.
ဒို့ကချင်ပြည်နယ်ဖားကန့်၌လည်း ယခုအခါတွင် မြန်မာစစ်တပ်၏ စစ်ရှုံး​ နေရ၍ လေကြောင်းအသုံးပြု ယုတ်မာမှုကြောင့် အသက်အိုးအိမ်တေ များစွာကို မီးရှို့ပျက်ဆီး ဆုံးရှုံးခဲ့ရသည်.အပြစ်မဲ့ ပြည်သူများစွာကိုလည်း အကြောင်းမဲ့ that ဖြတ်ခံ​ခြင်းခံ ရပါသည်.လွန်ခဲ့သော ရက်အနည်းငယ်၌လည်း မြန်မာစစ်တပ်၏ ရုပ်ဆိုးသော လုပ်ရပ်ဖြစ်တဲ့ POC ဥက္ကဌ ဖြစ်တဲ့ ဦး Yup Zau Hkawng ကိုလည်း စစ်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူများကို နစ်ဖက်အဖွဲ့၏ သဘောတူညီချက်ဖြင့် လာကယ်ထုပ်ရာတွင် စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ဒူးအထက်ပေါင်၌ ပြစ်ခတ်ခဲ့ပါသည်.
သို့ဖြစ်ပါ၍ ယခုအခါ၌ စစ်​ပြေးစစ်ရှောင်များမှာ တောထဲတွင် အစားအသောက်/ဆေးဝါးနင့် အခြေခံလိုအပ်ချက်များစွာလိုအပ်လျက်ရှိပါသည် .ထို့ကြောင့် မိဘပြည်သူများအနေနဲ့ တတ်နိူင်သလောက်လေး ပါဝင်လှူဒါန်းဖို့ ဖိတ်ခေါ်အပ်ပါသည်.
ထိုသို့ စစ်ဘေးအလှူနာမည် အကြောင်းပြု၍ အလှူကို အချောင်လိုကြတဲ့ သူများလည်း ယခုအခါတွင် ဖြစ်ပေါ်လျက်ရှိပါသည်
ထို့ကြောင့်မိမိအနေဖြင့်တတ်နိူင်သမျှပါဝင်လှူဒါန်းလိုပါက အောက်တွင်ဖော်ပြုထားသည့် အကောင့်၌ account add ၍ ဖြစ်စေ,message request ဖြင့်ဖြစ်စေ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိူင်ပါသည်ခင်ဗျာSengTaungpakant
News From 2024

Dingrin Lu
https://www.facebook.com/ahkyi.marip.5?mibextid=ZbWKwL

ရက်စွဲ ၁၈.၉.၂၀၂၄ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်၌ မြန်မာစစ်တပ် မှ အရပ်သားပြည်သူအယောက် ၃၀ ဦးအား အပြစ်မဲ့ tatဖြတ်...
18/09/2024

ရက်စွဲ ၁၈.၉.၂၀၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်၌ မြန်မာစစ်တပ် မှ အရပ်သားပြည်သူအယောက် ၃၀ ဦးအား အပြစ်မဲ့ tatဖြတ် ထားကြောင်း ဒေသခံများထံမှ သိရသည်.

ယခုအချိန်အခါတွင် မြန်မာစစ်တပ်က နေရာအနံစစ်ရှူံးနေပြီး ခုလို ကျောက်စိမ်းကမ္ဘာဖြစ်တဲ့ ဖားကန့်ကိုလည်း တစ်ဖြည်းဖြည်းနဲ့ ပေးလိုက်ရမှာကို သိလို့ ယခုကဲ့သို့ စစ်ရှုံးသော် ပြည်သူပိုင် အိမ်တေ ရွာတေ မီးရှို့ မြေပြင်မနိူင်တော့ လေကြောင်းကနေ ပစ်ခက်၍ ယခုကဲ့သို့လုပ်ဆောင်လာပါသည်.
လွန်ခဲ့သော ရက်အနည်းငယ်၌လည်း ဆိုင်းတောင်စစ်ပွဲအတွင်းပိတ်မိနေသော ပြည်သူအချို့ကို ကယ်ထုပ်ဖို့ရန် နစ်ဖက်သဘောတူညီမှူနဲ့ လာခဲ့သော POC ဥက္ကဌ ခေါင်းဆောင် Yup Zau Hkawng ဆိုသူကိုလည်း စစ်တပ်မှ ပြန်လည်ပစ်ခတ်၍ ခြေထောက် ပေါင်နားသေနပ်ထိမှန်ကြောင်းလည်း သိရှိရပါသည်.

News From 2024

မုန်တိုင်းဝင်လို့ ပြည်သူတွေ တေတာမဟုတ်ဘူးနော်မုန်တိုင်းနဲ့ရောချပြီး thetချင်လို့ကိုး သက်တာကြိုတင်စီစဥ်ထားတာတွေ မျက်လုံးထဲ...
18/09/2024

မုန်တိုင်းဝင်လို့ ပြည်သူတွေ တေတာမဟုတ်ဘူးနော်

မုန်တိုင်းနဲ့ရောချပြီး thetချင်လို့ကိုး သက်တာ

ကြိုတင်စီစဥ်ထားတာတွေ မျက်လုံးထဲအကွင်းလိုက်အကွက်လိုက် မြက် မြင်လာတာ

တပ်ကုန်းကရေတွေက နာရီဝက်အတွင်းဝေါခနဲဆင်းလာတယ်ဆိုတာ ဘယ်ဆည်တွေကိုဖောက်ချလို့ဆိုတာ IQမြင့်သူတိုင်းသိတယ်
နောက်မှ ဘောင်ချာပေါင်းစုတ်မယ်

အခုတော့မအားသေးဘူး အာ့လိုမအားအောင် ငါတို့ပြည်သူတွေကို တချက်ခုတ်နှစ်ချက်ပြတ်လုပ်တာ

ငါသိတယ် ဂျပေါင်ကုနဲ့တသိုက်

မြေနတ်မင်းကိုတိုင်တည်၍ ကျိန်တွယ်ပါတယ်
မွေးစကနေ ခုထိ မည်သူ့အပေါ်မှမကောင်းစိတ်ဆိူတာမရှိခဲ့ဘူး စိတ်ရင်းစိတ်ကောင်းကိုသာမွေးပြီးကျန်ရှိနေသေးတဲ့ သက်တမ်းတလျှောက် ကျွေးမွေးလှူဒါန်းဖို့သာတွေးနေသူဖြစ်တယ်ဆိုတာ မှန်ကန်သောသစ္စာစကားပါ

ဤမှန်ကန်သောသစ္စာစကားကြောင့် ဂျပေါင်ကုနဲ့တသိုက်သည် လက်ရှိဘဝဆုံးတာနဲ့ ဤဘဒ္ဒကမ္ဘာဆုံးလို့ နောင်ကမ္ဘာအသစ်များစွာမရေတွက်နိုင်အောင်ဖြစ်သည့်တိုင် အဝီစိငရဲ၌ ပြောပြလို့မရနိုင်လောက်အောင် ပူလောင်ကြီးမားသောငရဲကိုခံစားရပါစေ

(မုန်တိုင်းဆိုပြီးဝင်တာ မိုးလေးရွာတာမှ နှစ်ရက်
အာ့နှစ်ရက်နဲ့ဘာမှဖြစ်စရာအကြောင်းကိုမရှိတာ
တပါတ်ဆယ်ရက် တနေ့လုံး တေမတက်ရွာတဲ့မိုးတွေတုန်းကတောင် ခုလိုမဖြစ်တာ ဆက်စဥ်းစားကြည့်)

crd

17/09/2024

Hi 🤗
come back 🤔

❗❗Breaking News ❗❗စစ်ခွေး များရဲ့ လုပ်ကွက်
29/03/2024

❗❗Breaking News ❗❗

စစ်ခွေး များရဲ့ လုပ်ကွက်

❗❗မြစ်ကြီးနား မြို့သစ်ရပ်ကွက်ကနေ စနေပြီ ဖိတ်စာ 😒မဂ်လာဖိတ်စာတော့ဟုတ်ဘူး အတူဘောမ ဖို့ အတူ ငရဲသွားဖို့ အတင်းအဓ္ဓမ လူခေါ်စုဆ...
18/03/2024

❗❗မြစ်ကြီးနား မြို့သစ်ရပ်ကွက်ကနေ စနေပြီ ဖိတ်စာ 😒

မဂ်လာဖိတ်စာတော့ဟုတ်ဘူး အတူဘောမ ဖို့ အတူ ငရဲသွားဖို့ အတင်းအဓ္ဓမ လူခေါ်စုဆောင်းနေပြီ 😈😈

ပိုဆိုးလာရင်တော့ သိတယ်မလား ငါ့ကောင်တို့ 😁 ရွေးချယ်ရမယ့်လမ်း 😁😁
ခုရော နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေတယ်နော် လူမျိုးမရွေး /ဘာသာမရွေး/အသက်အရွယ်မရွေး ရည်ရွယ်ချက်တူ/ပန်းတိုင်တူရင် အားလုံးကို welcome warmly 🤝🤝

❗❗Kachin Local News ❗❗* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၁၄.၃.၂၀၂၄* ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိသော ...
14/03/2024

❗❗Kachin Local News ❗❗

* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၁၄.၃.၂၀၂၄

* ယနေ့ မနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိသော ဧရာဝတီမြစ် ကူးတံတား ဖြစ်တဲ့ ဗလမင်းထင် တံတားကို ပိတ်တော့မည် ဆိုတဲ့ သတင်းလည်း မြစ်ကြီးနားမြို့ပေါ်က လူတစ်ချို့ကြား ကယက်ထ နေပါတယ်

* ဘာဘဲ ဖြစ်ဖြစ် အားလုံးဂရုစိုက် ပြင်ဆင်နေကြပါ

* စစ်ကောင်စီဘက် အထိနာနေတော့ ပြည်သူတေ ကိုလည်း ဂရုစိုက်နေမှာ မဟုတ်ပါဘူး

* မြစ်ကြီးနား မြို့ ဧရာရပ်ကွက် ရှိ အ.ထ.က (၁) ကျောင်းရှေ့တွင်လည်း သကြန်မဏ္ဍ စတင် တည်ဆောက်နေကြကြောင်း သိရှိရပါသည်.

မှတ်ချက် - သင့်ပတ်ဝန်းကျင်တွင် သတင်းတစ်စုံတစ်ခုရရှိပါက Kachin News From 2024 ရဲ့တရားဝင် mail ဖြစ်တဲ့ [email protected] မှ လည်းကောင်း /whatsapp no ဖြစ်တဲ့ - 959754395368 မှလည်း ပုံဖြင့် စာဖြင့်လည်း ပေးပို့ တင်ပြနိူင်ပါသည်.

#
#

❗❗Report Di na / Unfollow Di ❗❗Ndai Labu Pan page hte Aung Labang page admin wa gaw ya mai gan malaysia kaw nga nna anht...
14/03/2024

❗❗Report Di na / Unfollow Di ❗❗

Ndai Labu Pan page hte Aung Labang page admin wa gaw ya mai gan malaysia kaw nga nna anhte mung masa hpe grai chye zawn zawn nga nna

no.1 anhte shang lawt ning baw ni hpe jahpyak ai

no.2 mai gan kaw nga nna mung masa lam hpe ja dum gwi dum ai kam ai hku/ shadu ai hku tsun ai .

no.3 Line ntsa nmara grin ai video/ sumla ni hpe mara ai (eg. anhte maga kade si sum mat ai video/ sumla ni)

no.4 Secret zawn re ai sumla ni yawng nmai chye nmai mu sumla ni mara ai.

no.5 moi ya mkn kaw ramma nkau ni rim hkrum ai video hpe ma gayet ai wa na matu shim lum lam nnga majaw delete shangun tim matut mara ya ai.

Live လွင့် nna moi shi kaji mi shang lom ga hpe grai re zawn zawn arawng la let tsun ai

❗❗Shi na page hpe Unfollow hte report jawm galo sa wa ga 🤝

❗❗Mai Gan kaw du nna attention la mayu kun?

❗❗Monatization lu mayu $(dollar) lu mayu ti ya na zawn galo kun?

Yawng Report jawm galo ga / Unfollow ga

# Myu Tsaw Ni Hpe madi Shadaw mayu karum mayu ai rai yang

Page messager kaw tim shaga wa mai ai

wechat id - hugawngbrang3441 kaw ma add wa nna dang dep daram madi shadaw mai ai hku re

🤝🤝Anhte Shada Npawn Ba Nkarum yang Kadai Karum na?

❗❗Kachin Local News ❗❗* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၂၅.၂.၂၀၂၄*မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၂ ဒူဝါဇော်ရစ်လမ်း pyo ကာ...
25/02/2024

❗❗Kachin Local News ❗❗

* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၂၅.၂.၂၀၂၄

*မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၂ ဒူဝါဇော်ရစ်လမ်း pyo ကားဝပ်ရှော့ လမ်းဆုံတွင် ယနေ့ည 7:00pm အချိန်၌ မော်တော်ယာဥ် အချင်းချင်း ယာဥ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်.မျက်မြင်တစ်ဦးပြောပြချက် အရ "ကျွန်တော်က အဲ့လမ်းဆုံနား တံတား မှာ ထိုင်ပြီး ဖုန်းသုံးနေတဲ့ အချိန် ကချင်စကားပြောတဲ့ အစ်ကိုက ဂျပန်လမ်းဘက်က နေလာတာ နောက် ဗမာစကားပြောတဲ့ အစ်ကိုက လမ်းကြားကနေလာတာ မိန်းလမ်းကနေလာတဲ့ အစ်ကို့ရဲ့ ကားက ဘယ်ဘက် မြောင်းထဲကျခါနီးနီး ဗမာစကားပြောတဲ့ အစ်ကို့ရဲ့ ကားက လမ်းလယ်ခေါင်မှာ နစ်ကားလုံး စက်နိူးလို့မရ စီတာပူရပ်ကွက်ရဲ့ လူကြီးတေ လာပြီးပြေပြေလေလေ ဖြေရှင်းပြောတဲ့ အခါ နစ်ဦးလုံး ငါ့ကားပဲ တိုက်ခံရတာဆိုပြီး ပြောဆိုနေကြတာ လူတေရော အများကြီးလာကြည့်တယ် နစ်ကားလုံး without ကားပြောတာပဲ ဗမာအစ်ကိုမောင်းတဲ့ ကားက လိုင်းကားထင်တယ် Noah ပဲ နစ်ကားလုံး နောက်ဆုံးတော့ လူကြီးတေ ပြောတာကို အဆင်မပြေကြောင်းပြောလို့ ရဲပဲ ခေါ်ပေးလိုက်တယ် ရဲတေ ၃ ယောက်အရပ်ဝတ်နဲ့ လာပြီး သေနပ် ၁ လက် တော့ ပါတယ် နစ်ကားလုံး ကရိန်းနဲ့ မသွားတယ် မနက်ရောက်မှ ရုံးကို လာဖို့ပြောထားတယ် " ဆိုပြီး မျက်မြင် တစ်ဦးက ပြောလာတာကို သိရှိရပါတယ်.

မှတ်ချက် - သင့်ပတ်ဝန်းကျင်တွင် သတင်းတစ်စုံတစ်ခုရရှိပါက Kachin News From 2024 ရဲ့တရားဝင် mail ဖြစ်တဲ့ [email protected] မှ လည်းကောင်း /whatsapp no ဖြစ်တဲ့ - 959754395368 မှလည်း ပုံဖြင့် စာဖြင့်လည်း ပေးပို့ တင်ပြနိူင်ပါသည်.

#

***  ဗိုလ်ချုပ်ဂွမ်မော်စကား ဖတ်နေရင်း မျက်ရည်ပါ တသွင်သွင်စီးကျလာတဲ့ အထိပါပဲ...ကျေးဇူးပါ ဗိုလ်ချုပ်ရယ် 😓😪🙏🤟ဗိုလ်ချုပ်ဂွမ်...
19/02/2024

*** ဗိုလ်ချုပ်ဂွမ်မော်စကား ဖတ်နေရင်း မျက်ရည်ပါ တသွင်သွင်စီးကျလာတဲ့ အထိပါပဲ...
ကျေးဇူးပါ ဗိုလ်ချုပ်ရယ် 😓😪🙏🤟

ဗိုလ်ချုပ်ဂွမ်မော်မှ……..
#ကောလင်းPDFများကိုအလေးပြုပါတယ်
ျားဆီသို့ "

Written by Gummaw"

#တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို...

ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။ မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။

Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။ ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။

အမှန်အတိုင်းဝန်ခံတာပါ။

နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။

ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့ နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။ သူတို့ကိုကြည့်လိုက်ရင် ကျွန်တော် တို့ကို အားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့ လူငယ်တွေ တောခိုလာကြတယ်။

သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ ကချင်တွေအတွက်အားတက်စရာတွေ ဖြစ်လာကာ KIA တပ်ထဲ ဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည် များပြားလာခဲ့ကြတယ်။

ကျေးဇူးတင်ပါတယ်..

ပြည်မဘက်က Gen Z များရယ်...

ပြည်မဘက်က Gen Z တွေကို ကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ် လာခဲ့ကြပါလို့ တကူးတက လုံးဝ မခေါ်ပါဘူး။ တစ်ချို့ Gen Z တွေ လမ်းစရိတ်တောင် ချေးငှားပြီးလာကြတယ်။ တစ်ချို့Gen Z တွေ ကြည့်လိုက်ရင် မင်းသားရှုံး တယ်။ မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့...ကျွန်တော့လို အခါတစ်ရာဖြေတောင် ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။တစ်ချို့Gen Z တွေ အုပ်စုလိုက် ရောက်လာကြတယ်။

ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်တွေပါတဲ့. ဒါကကျွန်တော်တို့ စားဖို့ တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။ကျွန်တော်တို့ တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ်။

ကျောတစ်ခြမ်းအိပ်ရရင် ရပြီတဲ့..ဘယ်လောက်တောင် စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။
ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာ သင်ကြား ပေးဖို့ အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..

တစ်ခါမှ မမျော်လင့်ဖူးတဲ့ လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို လေးစားကာ အား လျော့လာတဲ့ ကျွန်တော်တို့ KIA ရဲဘော်တွေရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..

ကျေးဇူးတင်တယ် ....

ပြည်မဘက်က Gen Z တို့ရယ်..

ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏ လက်သံပြောင်ချက်ကို ကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။ ကိုယ့်ရပ်ကိုယ်ရွာကို ရရာတူမီးသေနပ်များ စွဲကိုင်ကာအသက်ပေး ကာကွယ် ခဲ့ကြတယ်။

PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။ ရင်ထဲအသည်းထဲမှ လေးစားစွာဂါဝရပြုလိုက်ပါတယ်။ အခု ကောလင်း PDF များကတော့ လာမစမ်းကြပါနဲ့... တူမီးသေနပ်အဆင့် မဟုတ်တော့ဘူး...စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်း နေပြီ။ မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင် နိုင်တော့ ရန်သူများအထိနာနေကြတာ အားလုံးသိပြီးဖြစ်မှာပါ။ ယခုပိုပိုပြီး လက်စောင်းထက်လာတော့မှာပါ။

မြောက်ပိုင်း PDF များ လက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပဲယင်းတွေမှာ PDF တွေသွေးမြေကျနေတာကို တွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။ မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့ သမိုင်း ကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ? မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ? မိဘများနှင့်ထပ်တူရင်ကွဲကြရတာ တစ်နိုင်ငံလုံးပါ။

မင်းတို့တွေကို ငါတို့ဘယ်တော့မှမမေ့ဘူး၊
ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာ ပိုပြီးဆရာကျပါတယ်။

သူတို့တွေမှာ ဘာသံယောဇဉ်မှမရှိဘူး..ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် ...မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက် ရဲရင့်မှုပိုစေတယ် ဆိုတာ ကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။ ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းကြီး တွေ ပါ။ ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။

တိုက်ပွဲအတွေ့ အကြုံနည်းပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကို အထူး သတိထားစေလိုပါတယ်။

ကျွန်တော်တို့ လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝ မတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာ ဆရာကျမှာပါ။ ရှေ့ထွက်အော်နိုင်သူဟာ အလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေ လာရင်အုပ်စုလိုက်ပြေးတယ်။

တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ...ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။ အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး...နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။ရန်သူများထက်လက်ဦးမှုရယူရမယ်။

လုံခြုံမှုရှိရမယ်။ဦးဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။နှုတ်လုံရမယ်။လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။

အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..

မင်းတို့ထက်လူအင်အား လက်နက်အင်အားအဆမတန်တာလွန်ယုံမက နှစ်ပေါင်းများစွာစနစ်တကျ train လုပ်ပြီး သား အုပ်မြစ်ခိုင်နေပြီဖြစ်တဲ့မြန်မာ့တပ်မတော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။ မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။

ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူတွေရှိတယ်။ အများပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့် မင်းတို့ရဲ့ တော်လှန်ရေးဘယ်တော့မှမရှုံးဘူး...အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။

မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူက မွေးမွေးငါတို့သားတွေပါတဲ့..

ငါတို့တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။တစ်ချို့ တာဝန်အရပြန်သွားတဲ့ ညီငယ်တွေကို စကားမှာချင်တယ်...တော်လှန်ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်ပေးပါနော်...အောင်မြင်မှုတွေနဲ့ အတူပြန်ဆုံကြမယ်...

ကျေးဇူးပြုပြီးနောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..တိုင်းပြည်သစ်ကြီးအတွက် မင်းတို့တွေ သိပ်တန်ဖိုးကြီးတယ်။

@ဂွမ်မော်
Crd-P E K

❗❗Kachin Local News ❗❗* ရန်ကုန်  ရက်စွဲ ၁၇.၂.၂၀၂၄*ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non...
17/02/2024

❗❗Kachin Local News ❗❗

* ရန်ကုန် ရက်စွဲ ၁၇.၂.၂၀၂၄

*ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်

*လာမည့် ရှေ့ ၃ နှစ်အထိ အလှည့်ကျ စစ်မှုထမ်းဆောင်ရမည့် Non-CDM ဝန်ထမ်းများ၏ စာရင်းပါ အသေးစိတ် ကြိုတင်ပြင်ဆင်ခိုင်းနေ

*ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

*စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။

*ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

မှတ်ချက် - သင့်ပတ်ဝန်းကျင်တွင် သတင်းတစ်စုံတစ်ခုရရှိပါက Kachin News From 2024 ရဲ့တရားဝင် mail ဖြစ်တဲ့ [email protected] မှ လည်းကောင်း /whatsapp no ဖြစ်တဲ့ - 959754395368 မှလည်း ပုံဖြင့် စာဖြင့်လည်း ပေးပို့ တင်ပြနိူင်ပါသည်.

#
#

❗Kachin Local News ❗❗* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၁၆.၂.၂၀၂၄*ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်  ဒေသအခေါ် နောင်ရာပါ ...
16/02/2024

❗Kachin Local News ❗❗

* မြစ်ကြီးနား ကချင်ပြည်နယ် ရက်စွဲ ၁၆.၂.၂၀၂၄

*ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ် ဒေသအခေါ် နောင်ရာပါ ကွင်းပြင် တွင် အချိန်အားဖြင့် ဒီကနေ့ညနေပိုင်း 3:45 pm အချိန်၌ သူငယ်ချင်းများဝိုင်းဖွဲ့ပြီး ထိုင်နေသော လူငယ်အချို့ ၁၀ ဦးထက်မနည်းကို အိမ်စီးကား ဖြင့် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ် (ရဲနှင့် စစ်သားပေါင်း) လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်.

*အနီးအနားရှိ တစ်ချို့လူငယ်များက မနည်းထွက်ပြေးပြီး လွတ်မြောက်ခဲ့ရကြောင်းလည်း သိရသည်.

*ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ စစ်ဆေးမှုများ အရင်ထက်ပို ကြမ်းလာတာကို လည်းသိရှိခဲ့ပါသည်

*အောက်ပြည်ဘ'က်တွင်လည်း ယခုရက်ပိုင်းအတွင်း မကြာခန လူပျောက်မှုများ ဖြစ်ပေါ်၍ မိဘများထံမှ ငွေကြေးဖြင့် ထုတ်ယူခဲ့ရကြောင်းလည်းသိရသည် သို့သော် ခုနောက်ပိုင်းတွင် ငွေဘယ်လောက် ပေးမည်ဆိုသော်လည်း လုံးဝ မလွတ်ပေးကြောင်း သိရသည်.

မှတ်ချက် - သင့်ပတ်ဝန်းကျင်တွင် သတင်းတစ်စုံတစ်ခုရရှိပါက Kachin News From 2024 ရဲ့တရားဝင် mail ဖြစ်တဲ့ [email protected] မှ လည်းကောင်း /whatsapp no ဖြစ်တဲ့ - 959754395368 မှလည်း ပုံဖြင့် စာဖြင့်လည်း ပေးပို့ တင်ပြနိူင်ပါသည်.

#
#

Address


Website

Alerts

Be the first to know and let us send you an email when 𝐊𝐚𝐜𝐡𝐢𝐧 𝐍𝐞𝐰𝐬 𝐅𝐫𝐨𝐦 2024 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐊𝐚𝐜𝐡𝐢𝐧 𝐍𝐞𝐰𝐬 𝐅𝐫𝐨𝐦 2024:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share