စိုက်ပျိုးရေးရာအဖြေရှာ

  • Home
  • စိုက်ပျိုးရေးရာအဖြေရှာ

စိုက်ပျိုးရေးရာအဖြေရှာ တောင်သူများအကျိုးစီးပွားတိုးတက်ဖို့ရည်ရွယ်ပြီးဖွင့်ထားခြင်းပါ
(1)

03/09/2023

ဗိုင်းရပ်စ်ရောဂါကို အင်းဆက်အချို့က သယ်ဆောင်ကူးစက်စေပါတယ်။ ဘယ်လို သယ်ဆောင်ကူးစက်စေပါသလဲ ဆိုတဲ့အချက်ကို လေ့လာမယ်ဆိုရင်
Acquisition access period - ဗိုင်းရပ်စ်ကို သယ်ဆောင်ပေးနိုင်မယ့်ဖျက်ပိုးဟာ ဗိုင်းရပ်စ်ရောဂါရှိနေတဲ့ အပင်ရဲ့ပင်ရည်ကို အစာအဖြစ်ရွေးချယ်စုပ်ယူခြင်း ရှိ/မရှိ

Acquisition feeding period - ဖျက်ပိုးရဲ့ပါးစပ်အစိတ်အပိုင်းထဲမှာ ပြန်လည်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပမာဏလုံလောက်အောင်ပါဝင်သွားဖို့ ထိုဖျက်ပိုးအနေဖြင့် ပင်ရည်ကို အချိန် ဘယ်လောက်ကြာအောင် စုပ်ယူဖို့လိုအပ်သလဲ

Inoculation access period - ဗိုင်းရပ်စ်သယ်ဆောင်လာသောဖျက်ပိုးသည် ဗိုင်းရပ်စ်ကျရောက်မှုမရှိသေးသော အပင်၏ ပင်ရည်ကို အချိန်မည်မျှကြာအောင်စုပ်ယူစားသောက်ဖို့လိုသလဲ

Inoculation feeding period - ဗိုင်းရပ်စ်သယ်ဆောင်ထားသောဖျက်ပိုးသည် အချိန်မည်မျှကြာအောင် ပင်ရည်စုပ်လျှင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်သွားနိုင်သလဲ

Infective capacity of vector - ဗိုင်းရပ်စ်ကို သယ်ဆောင်ထားသောဖျက်ပိုး၏ ပါးစပ်အစိတ်အပိုင်းထဲတွင် အချိန်မည်မျှကြာအောင် ဗိုင်းရပ်စ်က ရှင်သန်နိုင်မလဲ၊ ကူးစက်နိုင်စွမ်းကို ထိန်းထားနိုင်မလဲ

Latent period - ဖျက်ပိုးက စုပ်ယူလိုက်သော ပင်ရည်ထဲတွင်ပါဝင်သော ဗိုင်းရပ်စ်သည် အချိန်မည်မျှကြာတဲ့အထိ ကူးစက်နိုင်ဖို့ စွမ်းအားရှိမလဲ

ဖော်ပြပါအချက်များသည် ဗိုင်းရပ်စ်အမျိုးအစားနှင့် သယ်ဆောင်သောဖျက်ပိုးအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် ကွာခြားမှုရှိသည်။

ဗိုင်းရပ်စ်ကို သယ်ဆောင်ထားသော ဖျက်ပိုးပါးစပ်အစိတ်အပိုင်းထဲတွင် ခိုအောင်းရှင်သန်နိုင်မှုကာလအရ အုပ်စု ၃ ခု ခွဲခြားလေ့လာနိုင်သည်။
Non-persistent virus - ဖျက်ပိုးပါးစပ်အစိတ်အပိုင်းတစ်ခုဖြစ်သော (အရွက်တစ်ရှူးထဲသို့ ထိုးဖောက်သည့်ပြွန်ငယ်) တွင် ခိုအောင်းကူးစက်နိုင်သည့်အမျိုးအစားဖြစ်သည်။
ဗိုင်းရပ်စ်ကျနေသော အရွက်တစ်ရှူးအတွင်း ၅ စက္ကန့်ခန့် ထိုးဖောက်စုပ်စားရုံဖြင့် အခြားအပင်သို့ ထပ်မံကူးစက်နိုင်ရန် လုံလောက်သည်။ စုပ်ယူပြီး အခြားအပင်(ရောဂါကင်းစင်သောအပင်)သို့ ထပ်မံစုပ်ယူစဉ် ချက်ခြင်း ကူးစက်နိုင်သည်။ ဖျက်ပိုး၏ ပါးစပ်ပြွန်အတွင်း ထပ်ဆင့်အရေအတွက်ပွါးနိုင်သည်။
ဖျက်ပိုး အရေခွံလဲခြင်းဖြစ်စဉ်ဖြင့်သာ ဗိုင်းရပ်စ် ခိုအောင်းမှုမရှိနိုင်တော့ပေ။ ပါးစပ်ပြွန်အတွင်း ဗိုင်းရပ်စ်၏ကူးစက်နိုင်စွမ်း အလိုအလျှောက် လျော့ကျနိုင်သည့်အခြေအနေအလွန်နည်းသည်။ ပြင်းထန်သောကူးစက်မှုကိုဖြစ်စေနိုင်သော ဗိုင်းရပ်စ်အမျိုးအစားဖြစ်သည်။ ဖျက်ပိုးကြောင့်သာမက အခြားနည်း (အရွက်ခြင်းပွတ်တိုက်မှု၊ စိုက်ခင်းသုံး ကိရိယာများ) ကြောင့်လည်း ကူးစက်နိုင်သည်။
Mosaic လက္ခဏာဖြစ်သော ဗိုင်းရပ်စ်အမျိုးအစားအားလုံး၊ spotted virus အမျိုးအစားများ ပါဝင်သည်။

Semi-persistent virus - ဖျက်ပိုး၏ အစာခြေလမ်းကြောင်းအရှေ့ပိုင်းတွင် ခိုအောင်းရှင်သန်နိုင်သော ဗိုင်းရပ်စ်အမျိုးအစားဖြစ်သည်။
ဖျက်ပိုး၏ အစာလမ်းကြောင်းအရှေ့ပိုင်းတွင် ၁၀-၁၀၀ နာရီအထိ ရှင်သန်နိုင်သည်။ ဖျက်ပိုးမှ ဗိုင်းရပ်စ်ကျနေသောအပင်၏ အစာကြောကို အချိန် ၃၀ မိနစ်အထိစုပ်ယူစားသောက်ခြင်းရှိမှသာ ထပ်မံကူးစက်နိုင်သည့်အဆင့်/ပမာဏသို့ ရောက်နိုင်သည်။ ဖျက်ပိုး၏ အစာလမ်းကြောင်းအတွင်း ထပ်ဆင့်ပွါးများနိုင်ခြင်းမရှိပါ။ မွှားပင့်ကူ၊ ပျပိုးကြောင့် ကူးစက်​သောဗိုင်းရပ်စ်ရောဂါများဖြစ်သည်။ Yellow vein virus

persistent virus- ဖျက်ပိုး၏ ပါးစပ်အစိတ်အပိုင်းအတွင်း နာရီပေါင်း ၁၀၀ ကျော် သို့မဟုတ် ဖျက်ပိုး၏ ဘဝစက်ဝန်းတလျှောက်လုံး ရှင်သန်ခိုအောင်းနိုင်သည်။ ဖျက်ပိုးပါးစပ်အစိတ်အပိုင်းထဲတွင် ထပ်ဆင့်ဦးရေပွါးများနိုင်သည်။ ဖျက်ပိုး၏ ခန္ဓာကိုယ်မှထွက်သော အရည်မှတဆင့်လည်း ကူးစက်နိုင်စွမ်းရှိသည်။ ဖြုတ်၊ သရစ်ပိုးကြောင့်ကူးစက်သော ဗိုင်းရပ်စ်ရောဂါများဖြစ်သည်။

Dr. DaDa
Ph.D Entomology

စိုက်ပျိုးရေးလုပ်နေရရင်ကိုပျော်နေတာ
17/12/2022

စိုက်ပျိုးရေးလုပ်နေရရင်ကိုပျော်နေတာ

Address


Website

Alerts

Be the first to know and let us send you an email when စိုက်ပျိုးရေးရာအဖြေရှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share