Aung myo min

Aung myo min မင်းဟာစာမတတ်ပေမယ့် စာနာတတ်ရင် လူပီသပြီ

24/04/2024

မနက်က
စျေးထဲမှာ...

" အစ်မ..ပျားလိမ္မော် ဘယ်လို ရောင်းလဲ..?''

" တစ်ဆယ်သား..တစ်ထောင် မောင်လေး..''

" ဟုတ်..ခြင်းလေး ပေးပါအုံး အစ်မ..''

" အေအေ..ရော့..မောင်လေး..''

ဆိုင်ရှင်အစ်မက..
ခြင်း..လှမ်းပေးတော့..

ကျတော်လည်း..
ပျားလိမ္မော်လေးတွေ
ရွေးယူပြီး..ခြင်းထဲ ထည့်ရတာပေါ့..

ဟိုအလုံးလေး ကောက်ကိုင်လိုက်..
ဖျစ်ကြည့်လိုက်..
မကြိုက် ပြန်ချလိုက်..
ဒီအလုံးလေး..ကောက်ကိုင်လိုက်..
ကြိုက်ရင်..ခြင်းထဲ ထည့်လိုက်နဲ့..

ရွေးတာ..ရွေးတာ..

ကြာတော့..
ဆိုင်ရှင်အစ်မက
စိတ်မရှည်တော့ပဲ...
ခါးကြီးထောက်လို့.....

" မင်းက..ဘယ်လောက်ဖိုး..ယူမှာလဲ..''

" ဗျာ...ဪ..တစ်ထောင်ဖိုးလေ ။ တစ်ဆယ်သား တစ်ထောင် ဆို..''

" တစ်ဆယ်သား ယူမှာကို..ဒီလောက် ရွေးရလား ။ နင် ရွေးထားတာ..တစ်ပိဿာလောက် ရှိနေပြီ ဟဲ့..''

" ဗျာ.....ဪ..ဟုတ်လား..''

ဆိုင်ရှင်အစ်မက..
မျက်ထောက်နီကြီးနဲ့ အော်လိုက်တော့..
ကျတော်လည်း လန့်ပြီး
ပျားလိမ္မော်တွေကို..အကုန်
ပြန်သွန်ချလိုက်မိရော..

" ဪ..နင်ယူမယ်..တစ်ဆယ်သားလောက်ကို ချန်ထားလေဟဲ့..''

" ဪ..ဟုတ် ဟုတ်..''

သွန်ပြီးမှ
ကျတော်လည်း..
ကိုယ်ယူမယ့်..တစ်ဆယ်သားကို
ပြန်ရွေးရပြန်တယ်..

ဖိကြည့်လိုက်..
မကြိုက်..ပြန်ချလိုက်..

ဖျစ်ကြည့်လိုက်..
မာရင်..ခြင်းထဲ ထည့်လိုက်..

ကြာတော့..

" ဪ...ဒီ မသာနဲ့တော့..ပြီးမှာကို..မဟုတ်တော့ဘူး ။ ပေးပေး..''

ဆိုင်ရှင်က..
စိတ်မရှည်တော့..
ကျတော့်ဆီက
ခြင်းကို အတင်း ဆွဲယူပြီး
ဒီအတိုင်း..ကျူံးထည့်ပြီး..ချိန်ပေးလိုက်တော့တယ်..

" အယ် ''

ကျတော်လည်း..
ကြောက်လာတော့..
ဘာမှ မပြောပဲ
ချိန်ပေးတဲ့အတိုင်း..ယူပြီး..
ပိုက်ဆံ လှမ်းပေးလိုက်ရတယ်

ဆိုင်ရှင်လည်း..ပွစိပွစိနဲ့..

" တကတည်း..တစ်ဆယ်သား ယူပေလို့ပဲ..ဟွန်း..''

ဒါကိုတောင်
ကျုပ်က..အမှတ်မရှိ..
အိတ်ထဲက..ပျော့နေတဲ့အလုံး တစ်လုံးကို ပြပြီး..

" အစ်မ...ဒါလေး..တစ်လုံး..လဲလို့..ရ..ရ.''

" မရဘူး..''

" အဲ့..''

အော်လိုက်တာ..ဆိုထှာဗျာ..
မီးပွင့်မတတ်ပဲ..😁😁..

စျေးသည်တဲ့..
ဆက်ဆံရေးလည်း..မကောင်းဘူး😁

အံ့သွဘ..😁😁

😁😁😁😁😁😁

#လူချွန်တော်

12/03/2024

မိဘဆောက်ပေးပြီးသား
လှေကားကနေ အမြင့်တက်ရသူနဲ့

လှေကားတစ်ထစ်ချင်းစီတိုင်းကို
ကိုယ်တိုင်တည်ဆောက်ပြီး အမြင့်တက်ရသူရဲ့

ပင်ပန်းမှုချင်းကလည်း ကွာပါတယ် ။

💭 || 9.3.2024

02/03/2024

မုဆိုးမရဲ့ ရှေ့မှာ
မိမိရဲ့ ဇနီးကို ချစ်မပြပါနဲ့၊

မိဘမဲ့ ကလေးတွေ ရှေ့မှာ
မိမိရဲ့သားသမီးတွေကို ချစ်မပြပါနဲ့၊

ဆင်းရဲသားတွေ ရှေ့မှာ
မိမိရဲ့ ပိုင်ဆိုင်မှုတွေကို ကြွားဝါမပြပါနဲ့၊

ဒါဟာလဲ ကိုယ်ချင်းစာ တရားပဲ။

Crd #

Address


Website

Alerts

Be the first to know and let us send you an email when Aung myo min posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share