Myawaddy & Maesot Media Group

  • Home
  • Myawaddy & Maesot Media Group

Myawaddy & Maesot Media Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myawaddy & Maesot Media Group, Media/News Company, .
(3)

ထိုင်းအစိုးရက အခြေခံလူတန်းစားများကို တစ်ဦးလျင် ဘတ်ငွေ ၁၀,၀၀၀ စီထောက်ပံ့ပေးအပ်မည်မဲဆောက်၊ ဩဂုတ် ၂၃ထိုင်းအစိုးရက Digital W...
23/08/2024

ထိုင်းအစိုးရက အခြေခံလူတန်းစားများကို တစ်ဦးလျင် ဘတ်ငွေ ၁၀,၀၀၀ စီထောက်ပံ့ပေးအပ်မည်

မဲဆောက်၊ ဩဂုတ် ၂၃

ထိုင်းအစိုးရက Digital Wallet အစီအစဉ်ဖြင့် အခြေခံလူတန်းစားတစ်ဦး ကို ဘတ်ငွေ ၁၀,၀၀၀ စီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ထိုင်းနိုင်ငံသား အသက် ၁၆ နှစ်ပြည့်ပြီး မရှိ နွမ်းပါသူအခြေခံလူတန်းစားများကိုသာ ရွေးချယ်‌ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို လာမည့် စက်တင်ဘာလအတွင်း ပေးအပ်သွားမည်ဖြစ်ပြီး ပထမဦးအသုတ်အဖြစ် ကိုယ်လက်အင်္ဂါချို့တဲ့သူများနှင့် မရှိနွမ်းပါသည့် ပြည်သူ ၁၄.၅ သန်းကို ကနဦးပေးအပ်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ပြည်သူ များကို ယခု ၂၀၂၄ ခုနှစ်အတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ အခြေခံလူတန်းစားများအပေါ် ထောက်ပံ့ကြေးပေးအပ်မည့် အစီအစဉ်တွင် အသုံးပြုရန်အတွက် ဘတ်ငွေ‌ (၁၂၂,၀၀၀,၀၀၀,၀၀၀) ၁၂.၂ ထရီယမ်ကို အသုံးပြုရန် ထိုင်းဘုရင့်နန်းတော်ကလည်း သဘောတူထောက်ခံပေးခဲ့ကြောင်း သိရသည်။

လက်ရှိ အာဏာရပါတီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မဲဆွယ်စဉ်အချိန်တွင် ၎င်းတို့အစိုးရဖြစ်ပါက မရှိနွမ်းပါသည့်ပြည်သူများအား ဘတ်ငွေ ၁၀,၀၀၀ စီပေး အပ်သွားမည်ဟုကတိဝတ်ပြုခဲ့သည့်အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပေးခြင်းဖြစ်သည်။



#ထိုင်းအစိုးရ #အခြေခံလူတန်းစား #ထောက်ပံ့ငွေ #ပေးအပ်

မြဝတီဘက်ကိုပို့မယ့် ဆေးခြောက် ၂၂ ကီလိုကျော် မဲဆောက်မှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိမဲဆောက်၊ ဩဂုတ် ၂၂ထိုင်း-မြန်မာနယ်စပ်၊ ကရ...
22/08/2024

မြဝတီဘက်ကိုပို့မယ့် ဆေးခြောက် ၂၂ ကီလိုကျော် မဲဆောက်မှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မဲဆောက်၊ ဩဂုတ် ၂၂

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီဘက်ကိုပို့မယ့် ဆေးခြောက် ၂၂ ကီလိုကျော်ကို ဒီနေ့ ဩဂုတ်လ ၂၂ ရက်နေ့လယ် ၁ နာရီအချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၁ နာရီအချိန်က မဲဆောက်အခြေစိုက်၊ အ မှတ်(၄၃၁)လာ့ချမနူခြေမြန်တပ်ရင်က လုံခြုံရေးတပ်ဖွဲ့ဝင်များဟာ မဲဆောက်မြို့နယ်၊ အမှတ် ၃၊ တပ်မဟာကျေးရွာဘက်ကို ကင်းလှည့်နေချိန် သောင်ရင်း မြစ်ကမ်းအနီးက ဝါးရုံအောက်မှာ ဂျပ်ဖာ(၄) ဖာနဲ့ ခရီးဆောင်အိတ် ၁ လုံးကိုတွေ့ရှိရတာကြောင့် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို စစ်ဆေးရာ ဂျပ်ဖာ (၄) ဖာနဲ့ ခရီးဆောင်အိတ်တစ်လုံးထဲမှာ ထည့်ထားတဲ့ ဆေးခြောက် ၂၂.၉ ကီလိုတွေ့ရှိခဲ့တာကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ဆေးခြောက် ၂၂. ၉ ကီလိုကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်း ကာ မဲဆောက်အကောက်ခွန်ဌာနကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် ထိုင်းလုံခြုံရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။



#ထိုင်းမြန်မာနယ်စပ် #မဲဆောက် #မြဝတီ #ဆေးခြောက် #ပိုင်ရှင်မဲ့ #သိမ်းဆည်း

ထိုင်းပုဂ္ဂလိကပိုင် လေယာဉ်ငယ်စီးပျက်ကျ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသူ ၉ ဦး သေသည်ရှင်သည်မသိရသေးမဲဆောက်၊ ဩဂုတ် ၂၂ထိုင...
22/08/2024

ထိုင်းပုဂ္ဂလိကပိုင် လေယာဉ်ငယ်စီးပျက်ကျ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသူ ၉ ဦး သေသည်ရှင်သည်မသိရသေး

မဲဆောက်၊ ဩဂုတ် ၂၂

ထိုင်းနိုင်ငံ၊ ချချင်ဆောင်ခရိုင်၊ ဘန်ပကုန်မြို့နယ်၊ ခေါင်ဒင်ကျေးရွာအနီးတွင် ယနေ့ ဩဂုတ် ၂၂ ရက် နေ့လယ် ၃ နာရီဝန်ကျင်အချိန်ခန့်က ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၂၂ ရက်နေ့လယ် ၂ နာရီ၄၆ မိနစ်အချိန်က အဆိုပါ လေယာဥ် ငယ်သည် သုဝဏ္ဏဘုမ္မိလေဆိပ်မှ တလာ့တ်ခရိုင်၊ ကော့မိုက်စီလေဆိပ်သို ပျံ သန်း‌ေနေစဉ်အချိန်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

"လေယာဉ်က ကျွန်တော်တို့ရွာအနီးက တောစပ်တစ်နေရာမှာ ပျက်ကျတာ လေယာဉ်ပျက်ကျသွားတာကို ရွာကလူတွေမြင်တော့ အဲဒီ ပျက်ကျသွားတဲ့နေရာကိုသွားပြီးကြည့်တော့ လေယာဉ်အစိတ်အပိုင်းတွေကိုပဲ တွေ့ရတယ် လေယာဉ်ပေါ်ပါလာတဲ့သူတွေကိုတော့ မတွေ့ရဘူး" ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ ခေါင်ဒင်ရွားသားတစ်ဦးက ပြောသည်။

ပျက်ကျမှုဖြစ်ပွားခဲ့သည့် လေယာဉ်ပေါ်၌ လေယာဉ်မှူး ၂ ဦး၊ခရီးသည် ၅ ဦး၊ ဧည့်ကြိုဝန်ထမ်း ၂ ဦး၊ စုစုပေါင်း ၉ ဦး စီးနင်းလိုက်ပါသွားပြီး၊ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး ခေါင်ဒင်ရွာသားရွာများမှမြင်တွေ့ရသဖြင့် အခင်း ဖြစ်နေသို့ သွားရောက်ကြည်ရှုရာတွင် လေယာဉ်ငယ်၏ အစိတ်အပိုင်းများကိုသာတွေ့ရှိရပြီး လေယာဉ်ပေါ်လိုက်ပါလာသူများအား မတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ လေယာဉ်ငယ်သည် Thai Flying Savice ကုမ္ပဏီပိုင်လေယာဉ်ဖြစ်ပြီး လက်ရှိတွင် ဒေသဆိုင်ရာအာဏာပိုင်များနှင့် ကုမ္ပဏီတာဝန်ရှိသူများမှ လေယာဉ်ပေါ်၌ လိုက်ပါစီးနင်းသွားသူများအား အခင်းဖြစ်နေရာအနီးတစ် ဝှိုက်တွင် လိုက်လံရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့ကလည်း စမွတ်ဆာခရိုင်၊ မူယန်မြို့နယ်၊ ခိုခမ်ကျေးရွာရှိနေအိမ်တစ်လုံးပေါ်၌ လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံတွင် ယခု ဩဂုတ်လအတွင်း လေယာဉ်ပျက်ကျမှု (၂) ကြိမ်ဖြစ်ပွားခဲ့သည်။



#လေယာဉ်ငယ် #ပျက်ကျ #လေယာဉ်မှူး #ချချင်ဆောင် #စမွတ်ဆာခွန် #ထိုင်းနိုင်ငံ

ကော့ဖငန်မြို့မှာ တရားမဝင်ဈေးရောင်းချမှုဖြင့် ဆိုင်ပိုင်ရှင် မြန်မာအမျိုး သမီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား (၃) ဦး ဖမ်းဆ...
22/08/2024

ကော့ဖငန်မြို့မှာ တရားမဝင်ဈေးရောင်းချမှုဖြင့် ဆိုင်ပိုင်ရှင် မြန်မာအမျိုး သမီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား (၃) ဦး ဖမ်းဆီးခံရ

မဲဆောက်၊ ဩဂုတ် ၂၂

ထိုင်းနိုင်ငံ၊ ဆူလာ့ခ်ျဌာနီခရိုင်၊ ကော့ဖငန်မြို့မှာ တရားမဝင် ကုန်စုံဆိုင်ဖွင့်ပြီး မြန်မာစားသောက်ကုန်ပစ္စည်းများရောင်းချမှုဖြင့် ဆိုင်ပိုင်ရှင် မြန်မာအမျိုးသ မီးတစ်ဦး အပါအဝင် မြန်မာနိုင်ငံသား(၃) ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်း ဆီးလိုက်ပါတယ်။

ဩဂုတ်လ ၂၁ ရက် မနေ့က ကော့ဖငန်မြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ ကုန်စုံဆိုင် တစ်ဆိုင်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းတွေ တွေ့ရှိခဲ့တာကြောင့် ဆိုင်ပိုင်ရှင်မြန်မာအမျိုးသမီးတစ်ဦးနဲ့ အဲဒီဆိုင်မှာ ဈေးလာဝယ်တဲ့ မြန်မာအလုပ်သမား ၂ ဦးတို့ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးရမိတဲ့ပစ္စည်းတွေထဲမှာ မြန်မာနိုင်ငံထုတ် စာသောက်ကုန်တွေဖြစ်တဲ့ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီ၊ ငရုတ်သီးမှုန့်၊ မုန့်မျိုးစုံနဲ့ စီကရက်ဆေးလိပ်ဘူး စတာတွေ ပါဝင်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဈေးဆိုင်ပိုင်ရှင် မအေးအေးခိုင်ဦးကို တရားမဝင် ဈေးရောင်းချမှုနဲ့ စွဲချက်တင်ထားပြီး ဈေးဆိုင်ကို ဈေးလာဝယ်သူနှစ်ဦးအနက်က ကိုစိုးမင်းနိုင်ကို ခွင့်ပြုထားတဲ့နေရာမှာ အလုပ်မ လုပ်ကိုင်မှု၊ ကျန်တစ်ဦးဖြစ်တဲ့ ကိုဖြိုးဝေစိုးကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုတို့နဲ့ ကော့ဖန်ငန်အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက မြန်မာ အပါအဝင် နိုင်ငံခြားသားရွှေပြောင်းအလုပ်သမားတွေကို ကိုယ်ပိုင်ဈေးဆိုင်ဖွင့်ပြီး ဈေးရောင်းချတာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ တက္ကစီမောင်းတာ၊ ဧည့်လမ်းညွှန်လုပ်ကိုင်တာ စတဲ့ အလုပ်အကိုင်(၂၇)မျိုးကို လုပ် ကိုင်ခွင့်မပြုပါဘူး။

အဲဒီ ကန်သတ်ထားတဲ့ အလုပ်အကိုင်(၂၇)မျိုးကို ဝင်ရောက်လုပ်ကိုင်လို့ ဖမ်း ဆီးခံရပါက ဒဏ်ငွေဘတ် ၅၀၀၀ ကနေ ဘတ် ၅၀၀၀၀ အထိ ချမှတ်နိုင်သလို ဖမ်းဆီးရမိတဲ့ အလုပ်သမားကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ပိုင်ခွင့် (၂) နှစ် ပိတ်သိမ်းပြီး နေရပ်ကိုပြန်ပို့ခံရမှာဖြစ်ပါတယ်။

#မြဝတီမဲဆောက်မီဒီယာ

Source: Bangkok Post

#စူလာ့ခ်ျဌာနီ #ကော့ဖန်ငန်မြို့ #တရာမဝင် #မြန်မာအလုပ်သမား #ထိုင်း #ကုန်စုံဆိုင် #ဖမ်းဆီးခံရ

အလုပ်ရှင်၏ အဓမ္မခိုင်းစေခံရသည့် အလုပ်သမားများအနေဖြင့်  အဓမ္မစေ ခိုင်းမှုဆိုင်ရာ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြား...
22/08/2024

အလုပ်ရှင်၏ အဓမ္မခိုင်းစေခံရသည့် အလုပ်သမားများအနေဖြင့် အဓမ္မစေ ခိုင်းမှုဆိုင်ရာ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်

မဲဆောက်၊ ဩဂုတ် ၂၂

အလုပ်သမားများအနေဖြင့် အလုပ်ရှင်၏ အတင်းအဓမ္မခိုင်းစေခြင်းခံရပါက အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားရေးယန္တရား " National Complant Mechanism - NCM "သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အလုပ်သ မားဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။

မည်သူမဆို အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီရုံး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO ဆက်သွယ်ရေးအရာ ရှိရုံး(ရန်ကုန်)နှင့်၊ အခြားသောအဖွဲ့အစည်းများမှတဆင့်လည်း တိုင်ကြားနိုင် သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊နေပြည်တော်သို့ လူကိုယ် တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ (သို့မဟုတ်) ဖုန်းနံပါတ် ၀၆၇-၃၄၃၀၁၈၄၊ ၀၆၇- ၃၄၃၀၂၂၉၊ ၀၆၇-၃၄၃၀၂၇၄ နှင့်၊ E-mail လိပ်စာ directorgeneral. [email protected], [email protected],research. [email protected], များသို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့ကြောင့် အဓမ္မစေခိုင်းခံရသည့် အလုပ်သမားများအနေဖြင့် မိမိတို့၏နစ်နာမှုများကို အထက်ဖော်ပြပါ ရုံးလိပ်စာ၊ ဖုန်းနံပါတ်၊ E-mail လိပ်စာများသို့ ဆက်သွယ်တိုင်ကြားကြရန်နှင့် တိုင်ကြားလာမှုများကိုစီစစ်၍အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၁ ရက် ရက်စွဲဖြင့် အသိပေးကြေညာထားသည်။



#အဓမ္မခိုင်းစေမှု #အလုပ်သမား #တိုင်ကြားရယန္တရား #နေပြည်တော် #အလုပ်သမားဝန်ကြီးဌာန

ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သံသယလူနာတစ်ဦးတွေ့ရှိမဲဆောက်၊ ဩဂုတ် ၂၁ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ မျိုးကွဲ...
21/08/2024

ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ သံသယလူနာတစ်ဦးတွေ့ရှိ

မဲဆောက်၊ ဩဂုတ် ၂၁

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ မျိုးကွဲအသစ် ကူးစက်ခံရသူ သံသယလူနာတစ်ဦးတွေ့ရှိကြောင်း ဒီနေ့ ဩဂုတ်လ ၂၁ ရက်မနက်ပိုင်းမှာ ထိုင်းကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ သံသယလူနာဟာ အာဖရိကနိုင်ငံတစ်နိုင်ငံကနေ ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ ဥရောပနိုင်ငံသား တစ်ဦးဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ် ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေးမဲ့ တွေ့ရှိရတဲ့ မျိုးကွဲအသစ်ဟာ Clade 1 ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြောင်းနဲ့ အဆိုပါ တွေ့ရှိရမှုကို အတည်ပြုနိုင်ဖို့အတွက် ဓါတ်ခွဲစစ်ဆေးမှုအဖြေစောင့်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

အာဖရိကဒေသကနေ စတင်ကူးစက်လာတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီးနောက် နိုင်ငံခြားသားခရီးသည်တွေ လာရောက်လည်ပတ်မှုများတဲ့ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး သံသယလူနာတစ်ဦးကို စတင်တွေ့ရှိခဲ့တာပါ။

လက်ရှိ အဆိုပါ မျောက်ကျောက်ရောဂါ ကူးစက်ခံနေရတဲ့ နိုင်ငံတွေကတော့ အာဖရိကဒေသ ကွန်ဂို၊ ဘူရွန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနဲ့ ယူဂန်ဒါနိုင်ငံတွေဖြစ်ပြီး ရောဂါကူးစက်ခံရသူ လူဦးရေ ၁၀၀ မှာ၊ ၄ ဦးနှုန်း သေဆုံးရတဲ့အထိဖြစ်ပွားနေတယ်လို့ သိရပါတယ်။



ဓါတ်ပုံ- Reuters

#အာဖရိက #မျောက်ကျောက်ရောဂါ #မျိုးကွဲအသစ် #ကူးစက်ရောဂါ #ထိုင်း #ဥရောပနိုင်ငံသား

တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားမဲဆောက်၊ ဩဂုတ် ၂၁ရှမ်းပြည်...
21/08/2024

တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်တွင် ကုန်တင်ယာဉ်တစ်စီး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

မဲဆောက်၊ ဩဂုတ် ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမပေါ်တွင် ဩဂုတ် ၂၀ ရက်နံနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမအတိုင်းမောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးသည် တာချီလိတ်မြို့နယ်၊ ဟောင်လိတ်ရပ်ကွက်အရောက်တွင် ဆီတိုင်ကီပိုက်စိမ့်ပြီး အင်ဂျင်ပေါ်သို့ကျရောက်ရာမှ အပူလွန်ကဲကာ မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ကားအရှေ့ခြမ်းပိုင်း မီးလောင်ပျက်စီးဆုံးခဲ့ရပြီး အဆိုပါ မီး လောင်မှုအား တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဦးလှမိုးလူမူကူညီရေးအ သင်းတို့မှ သွားရောက်ကူညီငြိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ကုန်တင်ယာဉ်မောင်းနှင်သည့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်သွားသဖြင့် ဟောင်လိတ်ရဲစခန်းမှ တရားခံဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။



ဓါတ်ပုံ- ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

#ရှမ်းပြည်နယ်အရှေ့ပိုင်း #တာချီလိတ် #ကျိုင်းတုံ #ပြည်ထောင်စုလမ်းမ #ကုန်တင်ယာဉ် #မီးလောင်

TikTok ပေါ်မှာ စကားမဆင်မချင်ပြောတဲ့ ကရင်တိုင်းရင်းသားတစ်ဦးကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေပြောမဲဆောက်၊ ဩဂုတ် ...
21/08/2024

TikTok ပေါ်မှာ စကားမဆင်မချင်ပြောတဲ့ ကရင်တိုင်းရင်းသားတစ်ဦးကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာပိုင်တွေပြော

မဲဆောက်၊ ဩဂုတ် ၂၁

လူမှုကွန်ရက် TikTok စာမျက်နှာပေါ်မှာ စကားမဆင်မချင်ပြောတဲ့ ကရင်တိုင်းရင်းသားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့မှာဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာများမှာ ဖော်ပြထားပါတယ်။

နေရပ်ပြန်ပို့ခံရမဲ့သူဟာ အသက် ၂၅ နှစ်အရွယ် စောသန်းသန်းဝင်း(စောချယ်) ဆိုသူဖြစ်ပြီး၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘောဈေးမှာ သူရဲ့ TikTok အကောင့်ကနေ Live လွှင့်ပြီးတော့ "အမျိုးသမီးအင်္ဂါ လိုချင်တယ်"လို့ပြော ဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုခဲ့အတွက် ထိုင်းလူမှုကွန်ရက် အသုံးပြုတွေကြားမှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံသားအချို့ဟာ သူတို့ ထိုင်းအမျိုးသမီး‌တွေကိုပြောဆိုတယ်လို့ယူဆကာ သူ့ကိုဖမ်းဆီးအရေးယူဖို့ ထိုင်းရဲတပ်ဖွဲ့ကို ဖိအား ပေးခဲ့ကြပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ စောသန်းသန်းဝင်းဟာ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်နယ်‌ရဲစခန်းကို သွားရောက်ကာ "သူ့ TikTok Live မှာ ပြောဆိုခဲ့တဲ့ စကားက "အမျိုးသမီးအင်္ဂါ လိုချင်တယ်သာ ဖြစ်ပြီး ထိုင်းအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးဘာမှမပြောဆိုခဲ့ကြောင်း၊ ဒါကို ထိုင်းလူမျိုးတွေက နားမလည်တော့ အထင်အမြင်လွှဲမှားသွားတာဖြစ်ကြောင်းနဲ့ သူ့ရဲ့အပြုအမူအတွက်ကိုလည်း ထိုင်းလူမျိုးတွေကိုတောင်းပန်ပါကြောင်း"တာဝန်ရှိသူတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

သူရဲ့ ရှင်းပြပြောဆိုမှုတွေကို စကားပြန်ကတဆင့် ထိုင်းရဲတပ်ဖွဲ့က သိရှိနား လည်သွားခဲ့တဲ့အတွက် TikTok ပေါ်မှာ ပြောဆိုခဲ့တဲ့ စကားနဲ့ပတ်သက်ပြီးတော့ အရေးယူခြင်းမပြုလုပ်ခဲ့ပေမဲ့ TikTok Cele စောသန်းသန်းဝင်းမှာ နေထိုင်ခွင့်အထောက်အထားမရှိတာကြောင့် သူ့ကို ထိုင်းနိုင်ငံအတွင်း တရား မဝင်နေထိုင်မှုနဲ့ ဩဂုတ်လ ၂၀ ရက်ညပိုင်းက ဖမ်းဆီးခဲ့ပြီး ထိုင်းလူဝင်မှုကြီး ကြပ်ရေးဌာနကတဆင့် မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်သွားမယ်လို့ ရဲမှူးကြီး ကရစ်တိဒေ့ ကျန်ထေ့က ပြောပါတယ်။



#ထိုင်း #ကရင်တိုင်းရင်းသား #ဖမ်းဆီး #နေရပ်ပြန်ပို့

ထိုင်းမှာ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးတော့မှာလ...
20/08/2024

ထိုင်းမှာ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးတော့မှာလား?

မဲဆောက်၊ ဩဂုတ် ၂၀

ထိုင်းမှာ တရားမဝင် နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက မီးစိမ်းပြထားပေမဲ့ လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေများအရ လတ်တလောမှာ ပြုလုပ်ပေးမှာမဟုတ်သေးဘူးလို့ ထိုင်းရောက်မြန်မာအလုပ် သမားအရေးကူညီဆောင်ရွက်ပေးနေသူများက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံသားတွေကို တရားဝင်အလုပ် သမားဖြစ်အောင် နေထိုင်ခွင့်အထောက်အထားလက်မှတ် ဘတ်ပန်းရောင်ကတ်ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားမဝင်နိုင်ငံခြားသားအလုပ် သမားတွေကို နေထိုင်ခွင့်အထောက်အထား ဘတ်ပန်းရောင်ကတ်ပြုလုပ်ပေးမယ်လို့ သတင်းထုတ်ပြန်တဲ့ ဇွန်လ ၅ ရက်နေ့တစ်ရက်တည်းမှာပဲ တရားမဝင် အလုပ်သမားပပျောက်ရေး ရက်(၁၂၀) စီမံချက်နဲ့ ထိုင်းနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

" ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကပဲ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်အလုပ်သမားဖြစ်အောင် ဘတ်ပန်း ရောင်ကတ်ရိုက်မယ်ဆိုတဲ့ ကြေညာချက်ထုတ်တယ်။ အဲဒီနေ့ တစ်ရက်တည်းမှာပဲ ရက် (၁၂၀) စီမံချက်ဆိုပြီး တရားမဝင် အလုပ်သမားတွေကို လိုက်ဖမ်းတယ်။

ဒါကိုကြည့်မယ်ဆိုရင် တရားမဝင် အလုပ်သမားတွေကို ဘတ်တော့ရိုက်ပေးမယ်။ ဒါပေမဲ့ ချက်ချင်းရိုက်ပေးမှာ မဟုတ်ဘူး။ ရက်(၁၂၀)စီမံချက် ပြီးမှ ရိုက်ပေးမှာလို့ ပြောတဲ့သဘောကို သက်ရောက်တယ်။ နောက်ပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ်အပြောင်းအလဲကလည်း ပြီးခါစပဲရှိသေးတယ်။ ဆိုတော့ ဘတ်ရိုက်ပေးမဲ့ကိစ္စက လတ်တလောမှာ ဖြစ်နိုင်မယ်မထင်သေးဘူး"လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက သူရဲ့ အမြင်ကို ပြောပါတယ်။

လက်ရှိ ထိုင်းအစိုးရက ရက် (၁၂၀) စီမံချက်နဲ့ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်နေတာ အခုဆိုရင် ရက် ၇၀ ကျော်ရှိပြီဖြစ်ပြီး စီမံချက်ရက်ပြည့်ဖို့ နောက်ထပ် တစ်လကျော်လောက် ကျန်ရှိပါသေးတယ်။



#ထိုင်း #အလုပ်သမားဝန်ကြီးဌာန #ဘတ်ပန်းရောင်ကတ် #တရားမဝင် #ရွှေ့ပြောင်းလုပ်သား #မြန်မာ #ကမ္ဘောဒီးယား #ဗီယက်နမ် #လာအို

ယနေ့ ပဲပြုတ်ဈေး===========ကာတွန်း : စိုးကြီး ပေါင်းတည် #မြဝတီမဲဆောက်မီဒီယာ
20/08/2024

ယနေ့ ပဲပြုတ်ဈေး
===========

ကာတွန်း : စိုးကြီး ပေါင်းတည်

#မြဝတီမဲဆောက်မီဒီယာ

လုပ်အားခ (၂) လစာမရရှိတဲ့ မြန်မာအလုပ်သမား ၇၀၀ ကျော်အရေး ထိုင်းအလုပ်သမားဝန်ကြီးဌာန သွားရောက်ဖြေရှင်းပေးမဲဆောက်၊ ဩဂုတ် ၂၀ထိ...
20/08/2024

လုပ်အားခ (၂) လစာမရရှိတဲ့ မြန်မာအလုပ်သမား ၇၀၀ ကျော်အရေး ထိုင်းအလုပ်သမားဝန်ကြီးဌာန သွားရောက်ဖြေရှင်းပေး

မဲဆောက်၊ ဩဂုတ် ၂၀

ထိုင်းမှာ လုပ်အားခ ၂ လစာမရရှိတဲ့ မြန်မာအလုပ်သမား ၇၀၀ ကျော်အရေးနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိတွေသွားရောက်ဖြေ ရှင်းပေးခဲ့တာကြောင့် မနက်ဖြန် ဩဂုတ်လ ၂၁ ရက်မှာ အလုပ်သမားတွေရရှိမဲ့ လုပ်အားခ ၂ လစာကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်က ရှင်ပေးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်ညပိုင်းက ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်၊ စရီမဟာဖိုထိမြို့နယ်၊ ဟွာဝါ့‌ေကျးရွာ၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ တရုတ်နိုင်ငံသား အလုပ်ရှင်က လုပ်အားခ ၂ လစာ မရှင်းပေးတာကြောင့် မြန်မာအလုပ် သား ၇၀၀ ကျော်က ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခရရှိဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပေမဲ့လည်း တရုတ်နိုင်ငံသား အလုပ်ရှင်က လုပ်ခလစာကို အပြည့်မထုတ်ပေးဘဲ ကြိုတင်ငွေ ဘတ် ၅၀၀ သာ ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် အလုပ်ရှင်နဲ့အလုပ်သမားတွေအကြားတင်းမာမှုဖြစ်ပွားကာ အလုပ်သမားတွေက တရုတ်အလုပ်ရှင်နဲ့ တရုတ်နိုင်ငံသားအလုပ်သမားကြီးကြပ်သူတွေကို လုပ်ငန်းခွင်ထဲကနေ ထွက်ခွါခွင့်မပြုဘဲ ဝိုင်းဝန်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

အဲဒီလို အလုပ်ရှင်နဲ့ အလုပ်သမားများအကြား တင်းမာမှုတွေဖြစ်ပွားနေတာ ကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်‌နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ အဆိုပါ လုပ်ငန်းခွင်ကိုသွားရောက်ပြီး အလုပ်ရှင်နဲ့တွေ့ ဆုံကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တာကြောင့် အလုပ်ရှင်ဘက်က မနက်ဖြန် ဩဂုတ်လ ၂၁ ရက်မှာ အလုပ်သမားတွေကို လုပ်အားခအပြည့်အဝ ပေးချေဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



#ထိုင်းနိုင်ငံ #ပါကျင်ဘူရီခရိုင် #တရုတ်နိုင်ငံသား #လုပ်အားခ #ဆန္ဒပြတောင်းဆို #မြန်မာအလုပ်သမား #အလုပ်ရှင် #ဆောက်လုပ်ရေးဆိုက် #ထိုင်းအလုပ်သမားဝန်ကြီးဌာန

ထိုင်းဝန်ကြီးချုပ်သစ် ဖယ်ထောင်ထန် ရှင်နာဝပ်၏ မိန့်ခွန်း================================ #မြဝတီမဲဆောက်မီဒီယာ #ထိုင်း  #ဝန...
19/08/2024

ထိုင်းဝန်ကြီးချုပ်သစ် ဖယ်ထောင်ထန် ရှင်နာဝပ်၏ မိန့်ခွန်း
================================

#မြဝတီမဲဆောက်မီဒီယာ

#ထိုင်း #ဝန်ကြီးချုပ် #ဖယ်ထောင်ထန်ရှင်နာဝပ် #မိန့်ခွန်း

တို့မြို့က ဆီဆိုင်မှာ===========ကာတွန်း : မိုးပျံ
19/08/2024

တို့မြို့က ဆီဆိုင်မှာ
===========

ကာတွန်း : မိုးပျံ

မွေထိုင်းအမျိုးသမီးဖိုက်တာရဲ့ ဒူးတိုက်ချက်တွေကို အလူးအလဲရှောင်တိမ်းရင်း အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရတဲ့ မြန်မာလက်ဝှေ့ကျော် သ...
18/08/2024

မွေထိုင်းအမျိုးသမီးဖိုက်တာရဲ့ ဒူးတိုက်ချက်တွေကို အလူးအလဲရှောင်တိမ်းရင်း အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရတဲ့ မြန်မာလက်ဝှေ့ကျော် သိန်းမင်း

မဲဆောက်၊ ဩဂုတ် ၁၈

ထိုင်းနိုင်ငံ၊ "Highland Boxing Gym" က ဒီနေ့ ဩဂုတ်လ ၁၈ ရက် ညနေ ၃ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့တဲ့ပွဲမှာ မြန်မာလက်ဝှေ့ကျော် သိန်းမင်းဟာ မွေထိုင်းအမျိုးသမီးဖိုက်တာရဲ့ ဒူးတိုက်ချက်တွေကို အလူးအလဲရှောင်တိမ်းရင်း အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရပါတယ်။

မြန်မာလက်ဝှေ့ကျော် သိန်းမင်းဟာ ပွဲစဉ်စလို့ ပထမအချီမှာပဲ မွေထိုင်းဖိုက်တာအမျိုးသမီး PetChomPoo Por ရဲ့ ဒူးတိုက်ချက်ခံရပြီး အမှတ်စဉ်ရေတွက်ခံခဲ့ရသလို ဒုတိယအချီမှာလည်း ပြိုင်ဘက်ရဲ့ဒူးတိုက်ချက်ကိုမရှောင်နိုင်ဘဲ လဲကျပြီးတော့ အမှတ်ရေတွက်တာကို ခံခဲ့ရပါတယ်။

အဲဒီလို အမှတ် ၂ ကြိမ်ရေတွက်ခံရတာတောင် အရှုံးမပေးဘဲ ပြိုင်ဘက်ကို အနိုင်ရရှိဖို့ ကြိုးစားပြီး ထိုးသ ္ တ်ခဲ့ပေမဲ့ ပွဲစဉ်အပြီးမှာ မြန်မာလက်ဝှေ့ကျော် သိန်းမင်းဟာ ဒိုင်အမှတ်နဲ့ မွေထိုင်းဖိုက်တာအမျိုးသမီးကို အရှုံးပေးခဲ့ရပါတယ်။

ဒီနေ့ မြန်မာလက်ဝှေ့ကျော်နဲ့ယှဉ်ပြိုင်ထိုးသ ္ တ်ခဲ့တဲ့ မွေထိုင်းဖိုက်တာအမျိုး သမီးဟာ အမျိုးသားဘဝကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။



#မွေးထိုင်း #မြန်မာလက်ဝှေ့ကျော် #ဒိုင်အမှတ် #ရှုံးနိမ့် #ယှဉ်ပြိုင်

ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းက ဝန်ကြီးချုပ်ရာထူးကိုလက်ခံပြီးနောက် မိသားစုဝင်အချို့နှင့်အတူတွေ့မြင်ရတဲ့ ထိုင်းဝန်ကြီးချု...
18/08/2024

ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းက ဝန်ကြီးချုပ်ရာထူးကိုလက်ခံပြီးနောက် မိသားစုဝင်အချို့နှင့်အတူတွေ့မြင်ရတဲ့ ထိုင်းဝန်ကြီးချုပ်သစ် ဖယ်ထောင်ထန် ရှင်နာဝပ်



#ထိုင်း #ဝန်ကြီးချုပ် #ဖယ်ထောင်ထန်ရှင်နာဝပ် #နိုင်ငံရေး

ဘုရားသုံးဆူရှိ တရားမဝင်ဂိတ်များကို မြန်မာဘက်က ပြန်လည်ဖွင့်လှစ်မဲဆောက်၊ ဩဂုတ် ၁၈ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူရှိ တရား...
18/08/2024

ဘုရားသုံးဆူရှိ တရားမဝင်ဂိတ်များကို မြန်မာဘက်က ပြန်လည်ဖွင့်လှစ်

မဲဆောက်၊ ဩဂုတ် ၁၈

ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူရှိ တရားမဝင်ဂိတ်များကို မြန်မာဘက်ကပိတ်ထားရာမှ ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့က ဘုရားသုံးဆူနယ်စပ်ရှိတရားမဝင်ဂိတ်များအား မြန်မာဘက်က စတင်ပိတ်ခဲ့ပြီးနောက် ၂ ရက်အကြာ ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

"ဒီနေ့မနက်ပိုင်းက ပြန်ဖွင့်ပေးတာပါ အခုလို ပြန်ဖွင့်ပေးတော့ နှစ်နိုင်ငံကူးပြီး အလုပ်နေတဲ့ အလုပ်သမားတွေနဲ့ ဈေးသည်ကုန်သည်တွေ အပါအဝင် အခြေ ခံလူတန်းစားတွေအတွက် အဆင်ပြေသွားတာပေါ့" ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ဘုရားသုံးဆူနယ်စပ်တွင် တရားမဝင်ဖြတ်သန်းသွားလာနေသည့် ဂိတ် များအား မြန်မာဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ တရားဝင် ဖြတ်သန်းသွားလာမှုပြုသည့် ဂိတ်နေရာအား ယခင်အတိုင်း ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။



ဓါတ်ပုံ- CJ

#ထိုင်းမြန်မာနယ်စပ် #ဘုရားသုံးဆူ #တရားမဝင်ဂိတ် #ပြန်လည်ဖွင့်လှစ်

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဖယ်ထောင်ထန် ရှင်နာဝပ် တာဝန်ထမ်းဆောင်ပြီမဲဆောင်၊ ဩဂုတ် ၁၈ထိုင်းလွတ်တော်တွင် ပြီးခဲ့သည့်ရ...
18/08/2024

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဖယ်ထောင်ထန် ရှင်နာဝပ် တာဝန်ထမ်းဆောင်ပြီ

မဲဆောင်၊ ဩဂုတ် ၁၈

ထိုင်းလွတ်တော်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖယ်ထောင်ထန် ရှင်နာဝပ်အားဝန်ကြီးချုပ်အဖြစ်တင်မြှောက်ပြီးနောက် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်း တွင် ထိုင်းဘုရင်ထံမှ ဝန်ကြီးချုပ်အဖြစ် အသိအမှတ်ပြု ခန့်အပ်လွှာလက်ခံရရှိပြီးသည်နှင့်ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ကာ ထိုင်းနိုင်ငံ၏(၃၁)ဦးမြောက် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဖြစ်သည်။

ထိုင်းနိုင်ငံရေးသမိုင်းတွင် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ဝန်ကြီးချုပ်ဖြစ်လာသည့် ဝန်ကြီးချုပ်(ဟောင်း) သက်ဆင်၏ သမီးဖြစ်သူ ဖယ်ထောင်ထန် ရှင်နာဝပ်သည် အသက်အငယ်ဆုံးထိုင်းဝန်ကြီးချုပ်ဖြစ်ပြီး သူမ၏အဒေါ် ဝန်ကြီးချုပ်(ဟောင်း)ယင်လတ် ပြီးလျင် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်အမျိုး သမီးဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။



#ထိုင်း #ဝန်ကြီးချုပ် #အသက်အငယ်ဆုံး #အမျိုးသမီး #ဒုတိယမြောက် #ထိုင်းဘရင် #လွတ်တော် #နိုင်ငံရေး

ထိုင်းဘုရင်၏ သက်တော် (၇၂) နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်း သား (၅၀၀၀၀) သောင်းခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမဲဆောက်...
17/08/2024

ထိုင်းဘုရင်၏ သက်တော် (၇၂) နှစ် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်း သား (၅၀၀၀၀) သောင်းခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

မဲဆောက်၊ ဩဂုတ် ၁၇

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း၏ သက်တော် (၇၂) နှစ် မွေးနေ့အထိမ်း အမှတ်အဖြစ် ထိုင်းနိုင်ငံအကျဉ်းထောင်များမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၅၀၀၀၀) သောင်းခန့်ကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုတယ်လို့ ထိုင်းဘုရင့်နန်တော်က ဒီနေ့ ဩဂုတ်လ ၁၇ ရက်မှာ ကြေညာပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၇ ရက် မနက်ပိုင်းက ကြေညာတဲ့ဘုရင့်အမိန်တော်ပြန်တမ်းမှာ ထိုင်းနိုင်ငံအကျဉ်းထောင်များမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူတွေကို အုပ်စု(၃)စုခွဲပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုတာလို့ ပါရှိပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူတွေထဲမှာ ပြစ်မှုတစ်ခုခုကျူးလွန်လို့ ဒဏ် ငွေချမှတ်ခံထားရသူတွေ၊ အကျဉ်းထောင်ပြင်ပကိုထွက်ပြီး လူမှုအကျိုးပြုလုပ် ငန်းလုပ်ကိုင်ပေးသူတွေနဲ့ အကျဉ်းထောင်ကနေ လွတ်ရက်စေ့ကာနီးအကျဉ်း သား/သူ တွေပါဝင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့ အကျဉ်သူ/သား အရေးအတွက်ကတော့ (၅၀၀၀၀) ခန့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံအကျဉ်းထောင်များမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ် ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၉၂၈၉၈) ဦး၊ အကျဉ်းသူ (၂၇,၁၉၆) ဦး၊ စုစုပေါင်း အကျဉ်သား/သူ (၂၉၀,၇၄၉) ဦးရှိတယ်လို့ ထိုင်းအကျဉ်းဦးစီဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#မြဝတီမဲဆောက်မီဒီယာ

#ထိုင်းဘုရင် #မွေးနေ့အထိမ်းအမှတ် #လွမ်ငြိမ်းချမ်းသာ #အကျဉ်သား #အကျဉ်းသူ #သက်တော်၇၂နှစ် #မဟာဝိဇယလောင်ကွန်း

ထိုင်းမှာ တရုတ်နိုင်ငံသားအလုပ်ရှင်က လုပ်အားခ ၂ လစာ မရှင်းပေးသဖြင့် မြန်မာအလုပ်သမား (၇၀၀) ကျော်ဆန္ဒပြမဲဆောက်၊ ဩဂုတ် ၁၇ထို...
17/08/2024

ထိုင်းမှာ တရုတ်နိုင်ငံသားအလုပ်ရှင်က လုပ်အားခ ၂ လစာ မရှင်းပေးသဖြင့် မြန်မာအလုပ်သမား (၇၀၀) ကျော်ဆန္ဒပြ

မဲဆောက်၊ ဩဂုတ် ၁၇

ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်၊ စရီမဟာဖိုထိမြို့နယ်၊ ဟွာဝါ့ကျေးရွာ၊ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ တရုတ်နိုင်ငံသားအလုပ် ရှင်က လုပ်အားခ ၂ လစာ မရှင်းပေးတာကြောင့် မြန်မာအလုပ်သမား ၇၀၀ ကျော်က ဆန္ဒပြတောင်းဆိုနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက် မနေ့ညပိုင်းက မြန်မာအလုပ်သမား ၇၀၀ ကျော်စုဝေးပြီး လုပ်အားခ ၂ လစာ ရရှိရေးအတွက် အလုပ်ရှင်ကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြ တောင်းဆိုမှုကြောင့် အလုပ်ရှင်ဘက်က ကြိုတင်ငွေအ နေနဲ့ အလုပ်သမားတစ်ယောက်ကို ဘတ် ၅၀၀ စီထုတ်ပေးမယ်လို့ ကမ်းလှမ်း ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အလုပ်ရှင်ရဲ့ကမ်းလှမ်းမှုကို မြန်မာအလုပ်သမားတွေဘက်က ငြင်းဆိုပြီး သူတို့ရရှိမဲ့ လုပ်အားခ ၂ လစာကို အပြည့်ရှင်းပေးဖို့ တောင်းဆိုရာမှာ အလုပ် ရှင်ဘက်ကသဘောတူလက်ခံခြင်းမရှိတာကြောင့် အလုပ်ရှင်တရုတ်နိုင်ငံသားနဲ့ တရုတ်နိုင်ငံသားအလုပ်သမားခေါင်းဆောင်တွေကို အလုပ်ဆိုက်ထဲက ပေးမထွက်ဘဲ ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

"ဒီအလုပ်ဆိုက်ထဲမှာ ကျွန်တော်တို့ မြန်မာအလုပ်အလုပ်သမား ၇၀၀ ကျော်လောက်ရှိတယ်။ အလုပ်ရှင်က ကျွန်တော်တို့အလုပ်သမားတွေကို လုပ်အားခမရှင်းပေးတာ ၂ လရှိပြီး တစ်ချို့အလုပ်သမားတွေဆို စားစရာမရှိတော့ဘူး။ သူတို့က အလုပ်နေ့တိုင်းခိုင်းပြီး လုပ်အားခကြမရှင်းပေးဘူး။ ကျွန်တော်လုပ် အားတွေ မရှင်းပေးသ၍ ဆက်ပြီးဆန္ဒပြတောင်းဆိုသွားမယ်" လို့ အသက် ၃၃ နှစ်အရွယ် အလုပ်သမားခေါင်းဆောင် ကိုစိုးက ပြောပါတယ်။

အဆိုပါ တရုတ်နိုင်ငံသားအလုပ်ရှင်က မြန်မာအလုပ်သမား ၇၀၀ ကျော်ကို ပေးချေရမဲ့လုပ်အားခပမာဏဟာ ထိုင်းဘတ်ငွေ (၁၀) သန်းခန့် ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်ဆိုက်ထဲကနေ ထိုင်းလူမျိုးအလုပ်သမားတွေကလွဲပြီး တရုတ်နိုင်ငံ သားတွေကို အဝင်အထွက်ပေးမလုပ်ဘဲ ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။



#ပါကျင်ဘူရီခရိုင် #တရုတ်နိုင်ငံသား #လုပ်အားခ #ဆန္ဒပြတောင်းဆို #မြန်မာအလုပ်သမား #အလုပ်ရှင်

ဝန်ကြီးချုပ်(ဟောင်း) သက်ဆင်၏ သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်မဲဆောက်၊ ဩဂုတ် ၁၆ဝန်ကြီး...
16/08/2024

ဝန်ကြီးချုပ်(ဟောင်း) သက်ဆင်၏ သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ကို ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်

မဲဆောက်၊ ဩဂုတ် ၁၆

ဝန်ကြီးချုပ်(ဟောင်း) သက်ဆင်၏ သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ကို ထိုင်း လွှတ်တော်က ထိုင်းနိုင်ငံ၏ (၃၁) ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။

ယနေ့ ဩဂုတ် ၁၆ ရက်နံနက်ပိုင်းက ထိုင်းလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်သစ်ရွေး‌ကောက်တင်မြှောက်ပွဲတွင် ဖယ်ထောင်ထန် ရှင်နာဝပ်က ထောက်ခံမဲ (၃၁၉)မဲ၊ ကန့်ကွက်မဲ(၁၄၅)မဲ၊ ကြားနေမဲ (၂၇) မဲဖြင့် ရွေးချယ် ခံခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖယ်ထောင်ထန်အား လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် တက်မြှောက်လိုက်ပြီဖြစ်သော်လည်း ထပ်မံ၍ ထိုင်းဘုရင်ထံတင်ပြရမည်ဖြစ်ကာ ထိုင်းဘုရင်မှ သူမကို ဝန်ကြီးချုပ်အဖြစ် အသိအမှတ် ပြုကြောင်း လက်မှတ်ရေးထိုးမှသာ ထိုင်းအစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် တင်မြှောက်ခံရသည့် အသက် ၃၇ နှစ်အရွယ်ရှိဖယ်ထောင်ထန် ရှင်နာဝပ်သည် ဝန်ကြီးချုပ်(ဟောင်း) သက်ဆင်၏ သမီဖြစ်ပြီး သူမတွင် ခင်ပွန်းသည်နှင့် သားတစ်ဦး၊သမီးတစ်ဦးရှိကာ လက်ရှိ အာဏာရ ဖုယာ့ထိုင်း (ဖြူထိုင်း)ပါတီတွင် ပါတီခေါင်ဆောင်းတစ်ဦးလည်းဖြစ်သည်။



#ထိုင်းဝန်ကြီးချုပ် #လွှတ်တော် #တင်မြှောက် #ဖယ်ထောင်ထန်ရှင်နာဝပ် #သက်ဆင်

မလေးရှားတွင် မြန်မာလူငယ်တစ်ဦး ကြိုး္ ဆဲ္ွချပြီး အဆုံးစီရင်သွားကွာလာလမ်ပူ၊ ဩဂုတ် ၁၅မလေးရှားနိုင်ငံ၊ ဘာတူးဘာဟတ်မြို့နယ်တွင...
15/08/2024

မလေးရှားတွင် မြန်မာလူငယ်တစ်ဦး ကြိုး္ ဆဲ္ွချပြီး အဆုံးစီရင်သွား

ကွာလာလမ်ပူ၊ ဩဂုတ် ၁၅

မလေးရှားနိုင်ငံ၊ ဘာတူးဘာဟတ်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသော မြန် မာလူငယ်တစ်ဦးသည် ၎င်းနေထိုင်သည့် နေအိမ်အိပ်ခန်း၌ ကြိုး္ ဆွဲ္ ချပြီး အဆုံးစီရင်သွားကြောင်း နှလုံးလှပရဟိတလူငယ်များသွေအလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) အသင်းမှ သိရသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသောလူငယ်မှာ အသက် (၂၃) နှစ်အရွယ် ကို ဇေယျာမိုး ဆိုသူဖြစ်ပြီး မလေးရှားနိုင်ငံ၊ ဘာတူးဘာဟတ်မြို့နယ်တွင် မြန်မာ နိုင်ငံမှ လာရောက်အလုပ်လုပ်ကိုင်သည်မှာ (၃) လခန့်သာ ရှိသေးကြောင်း သိရသည်။

မိသားများစုဝင်များ၏ဆန္ဒအရ ကွယ်လွန်သူ၏ ရုပ်အ‌ေ္လာင်းအား မလေးရှားနိုင်ငံ၌ သင်္ဂြိုလ်ပေးပါရန် အကူအညီတောင်းခံလာသဖြင့် နှလုံးလှပရဟိတအသင်းနှင့်၊ လောကအလင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ယနေ့ ဩဂုတ် ၁၅ ရက်နံနက် ၁၁ နာရီအချိန်က Fairy Park Pagoh သုဿာန် သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ကွယ်လွန်သူ ကိုဇေယျာမိုးသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ခရောင်းကျေးရွာမှ မလေးရှားနိုင်ငံ၊ ဘာတူးဘာဟတ်မြို့နယ်၌ လာရောက်အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။



ဓါတ်ပုံ- နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )

#မလေးရှား #ကွာလာလမ်ပူ #ဘာတူးဘာဟတ် #မြန်မာလူငယ်

(၃၁)ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်(ဟောင်း)သက်ဆင်၏ သမီးဖြစ်သူ ဖယ်ထောင်ထန် ရှင်နာဝပ်ကို တင်မြောက်မည်မဲဆောက်...
15/08/2024

(၃၁)ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်(ဟောင်း)သက်ဆင်၏ သမီးဖြစ်သူ ဖယ်ထောင်ထန် ရှင်နာဝပ်ကို တင်မြောက်မည်

မဲဆောက်၊ ဩဂုတ် ၁၅

မနက်ဖြန် ဩဂုတ်လ ၁၆ ရက်တွင် ထိုင်းလွှတ်တော်၌ (၃၁) ဦးမြောက် ထိုင်းဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်(ဟောင်း)သက်ဆင်၏ သမီး ဖယ်ထောင်ထန် ရှင်နာဝပ်ကို တင်မြောက်မည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ဖယ်ထောင်ထန် ရှင်နာဝပ်သည် ဖခင်ဖြစ်သူ သက် ဆင် တည်ထောင်ထားသည့် ဖုယာ့ထိုင်း(ဖြူထိုင်း)ပါတီ၌ ပါတီခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပြီး ပါတီအတွင်း ဩဇာညောင်းသူတစ်ဦးဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဝန်ကြီးချုပ် စေ့ထာ ထဝီဆင်ကို ဥပဒေချိုးဖောက်မှုဖြင့် ရာထူးမှဖယ်ရှားခဲ့သဖြင့် သူမအား ဝန်ကြီးချုပ်ရာထူးတာဝန်ထမ်းဆောင်ရန် ပါတီဝင်များက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အာဏာရပါတီ ဖုယာ့ထိုင်း (ဖြူထိုင်း) ပါတီက ထိုင်းလွှတ်တော်၌ မနက်ဖြန် ဩဂုတ် ၁၆ ရက်တွင် ဝန်ကြီးချုပ်ရာထူးအတွက် ဖယ်ထောင်ထန် ရှင်နာဝပ်အား အဆိုတင်သွင်းမည်ဖြစ်ပြီး အဆိုတင်သွင်းမှုအောင်မြင်ပါက ဖယ်ထောင်ထန်သည် ထိုင်းနိုင်ငံ၏ (၃၁) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်သလို ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ် မြင်တွေ့မည်ဖြစ်သည်။



#ထိုင်းဝန်ကြီးချုပ် #ထိုင်းလွှတ်တော် #ဆက်သက် #ဖယ်ထောင်ထန် #စေ့ထာထဝီဆင် #ဖုယာ့ထိုင်းပါတီ #ဖြူထိုင်း

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ဆိုပြီး သတ် မှတ်ကာလအတွင်း စေလွှတ်နိုင်ခြင်းမရှိပါက အလုပ်သမားတွေဆီ...
15/08/2024

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ဆိုပြီး သတ် မှတ်ကာလအတွင်း စေလွှတ်နိုင်ခြင်းမရှိပါက အလုပ်သမားတွေဆီကကောက်ခံထားတဲ့ ငွေကြေးများ ပြန်လည်ပေးအပ်ရမဲ့အပြင် အလုပ်သမားတစ်ဦး အ တွက် ဒဏ်ကြေး ကျပ် ၄ သိန်းပေးဆောင်ရမယ်လို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

မဲဆောက်၊ ဩဂုတ် ၁၅

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ဆိုပြီး သတ် မှတ်ကာလအတွင်း စာချုပ်ပါနိုင်ငံသို့ စေလွှတ်နိုင်ခြင်းမရှိပါက အလုပ်သမားတွေဆီက ဝန်ဆောင်ခကောက်ခံထားတဲ့ငွေကြေးများကို ပြန်လည်ပေးရအပ်မဲ့အပြင် ဒဏ်ကြေး အလုပ်သမားတစ်ဦးအတွက် ကျပ် ၄ သိန်းပေးဆောင်ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံတွေက အလုပ်ခေါ်စာမရှိဘဲ အလုပ်သမားတွေဆီက ဝန်ဆောင်ခ ကြိုတင်ရယူခြင်း၊ ငွေကြေးလိမ်လည်ရယူခြင်း၊ အလွဲသုံးစားလုပ်ခြင်းများ စီစစ်‌တွေ့ရှိရပါက အလုပ်သမားများထံကကောက်ခံထားတဲ့ ငွေကြေးအားလုံးကို အလုပ်သမားများထံ ပြန်လည်ပေးအပ်ရမဲ့အပြင် အလုပ်သမားတစ်ဦးအတွက် ‌ဒဏ်ကြေးအဖြစ် ကျပ် ၅ သိန်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံများက အလုပ်ခေါ်စာရရှိပြီးနောက် အေဂျင်စီများအနေ ဖြင့် အလုပ်သမားတွေဆီကဝန်ဆောင်ခရယူပြီး အကြောင်းအမျိုးမျိုးကြောင့် စေလွှတ်နိုင်မှုမရှိသဖြင့် တိုင်ကြားခံရခြင်း၊ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပြီး (၃) လအတွင်း အကြောင်းအမျိုးဖြင့် စေလွှတ်နိုင်မှုမရှိခြင်းနဲ့ အလုပ်သမားတွေ စုဆောင်းပြီး ဝန်ဆောင်ခများကောက်ခံထားပြီး စေလွှတ်ပေးနိုင်မှုမရှိခြင်းတို့ကို စီစစ်တွေ့ရှိရပါကလည်း အေဂျင်စီအနေဖြင့် အလုပ်သမားတစ်ဦးကို ဒဏ်ကြေး ကျပ် ၄ သိန်း ပေးဆောင်မယ်လို့ ထုတ်ပြန်ထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနမှ တရားဝင် ခန့်အပ်ထားတဲ့ နယ် ကိုယ်စားလှယ်မဟုတ်ဘဲ ပွဲစားများထံက အလုပ်သမားလက်ခံထားကြောင်း စီစစ်တွေ့ရှိရပါက သက်ဆိုင်ရာ အေဂျင်စီအနေဖြင့် အလုပ်သမားတစ်ဦးကို ဒဏ်ကြေး ကျပ် ၄ သိန်း ပေးဆောင်ရမှာဖြစ်ပြီး၊ အလုပ်ခေါ်စာ လက်ခံထားခြင်းမရှိဘဲ အလုပ်သမားများကို ဆေးစစ်ခြင်း၊ ဆေး Online တင်ကြောင်း စီစစ်တွေရှိရပါက အလုပ်သမားတွေဆီက ကောက်ခံထားတဲ့ ငွေကြေးအားလုံးကို ပြန် လည်ပေးအပ်ရမဲ့အပြင် အဆိုပါ အေဂျင်စီအနေဖြင့် အလုပ်သမားတစ်ဦးကို ဒဏ်ကြေး ကျပ် ၄ သိန်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့ပြင် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာအတုဖြစ်ကြောင်းသိပါလျက်နဲ့တင်ပြခြင်း၊ အလုပ်သမားများကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ အခြားလုပ်ငန်းခွင်များကို အလုပ်သမားဦးစီး ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ပို့ဆောင်ခြင်း၊ အလုပ်ခေါ်စာရရှိတဲ့အချိန်မှာ စီစစ်ခဲ့မှုမရှိခြင်းကြောင့် အလုပ်ခေါ်စာအတုဖြစ်ပွားပါက အလုပ်သမားများထံက ကောက်ခံထားသော ငွေကြေးအားလုံးကို အလုပ်သမားတွေဆီ ပြန်လည်ပေး အပ်ရမဲ့အပြင် သက်ဆိုင်ရာအေဂျင်စီအနေဖြင့် အလုပ်သမားတစ်ဦးကို ဒဏ် ကြေး ကျပ် ၄ သိန်းနှုန်းဖြင့် အလုပ်သမားဝန်ကြီးဌာနထံ ပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ အလုပ်ခေါ်စာ(Damand Letter)ရရှိပြီး ဝန်ဆောင်ခများရယူ ထားပြီးနောက် အလုပ်ရှင်ရဲ့ပျက်ကွက်မှုကြောင့် အလုပ်ခန့်ထားမှုဆိုင်ရာ သ ဘောတူစာချုပ်ပါနိုင်ငံကို စေလွှတ်နိုင်ခြင်းမရှိကြောင်း စီစစ်တွေ့ရှိရပါက သက်ဆိုင်ရာအေဂျင်စီအနေဖြင့် အလုပ်များထံက ကောက်ခံထားတဲ့ ငွေကြေး အားလုံးကို ပြည်လည်ပေးအပ်ရမဲ့အပြင် အလုပ်သမားများကို စာချုပ်ဖျက် သိမ်းခလျော်ကြေးပေးအပ်ရမှာဖြစ်သလို အလုပ်သမားတစ်ဦးကို ဒဏ်ကြေး ကျပ် ၃ သိန်းနှုန်းဖြင့် အလုပ်သမားဝန်ကြီးဌာနကို ပေးဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေး ပေးဆောင်ဖို့ပျက်ကွက်တဲ့ အေဂျင်စီတွေကို လိုင်စင်ရုတ်သိမ်းပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာ ပုဒ်မ ၂၉ အရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



#အလုပ်သမားဝန်ကြီးဌာန #ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ #ထိုင်း #အလုပ်သမား #ဒဏ်ကြေး #ထုတ်ပြန် #အလုပ်ခေါ်စာ #လိုင်စင် #ရုတ်သိမ်း

ခြံကွက်ထဲက မြေပုံဟာ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်နဲ့တူတယ်ဆိုပြီးကန်တော့ပွဲပေးကာ နှစ်လုံးဂဏန်းတောင်းတဲ့ ထိုင်း...
15/08/2024

ခြံကွက်ထဲက မြေပုံဟာ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်နဲ့တူတယ်ဆိုပြီးကန်တော့ပွဲပေးကာ နှစ်လုံးဂဏန်းတောင်းတဲ့ ထိုင်းနိုင်ငံသားများ

မဲဆောက်၊ ဩဂုတ် ၁၅

ထိုင်းနိုင်ငံ၊ နောင်ဘွာလန်ဖူခရိုင်၊ နာကလန်မြို့နယ်၊ နာကလန်ကျေးရွာက အ သက် ၆၅ နှစ်အရွယ်ရှိ (အငြိမ်းစား) ကျောင်းဆရာမကြီးတစ်ဦး ပိုင်ဆိုင်တဲ့ ခြံထဲက မြေပုံဟာ အဲဒီရွာက ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်နဲ့တူတယ်ဆိုပြီး ရွာသူ/ရွာသားတွေစုဝေးကာ ကန်တော့ပွဲပေးပြီးတော့ နှစ်လုံးဂဏန်းတောင်းနေတာကို တွေ့မြင်ရတာဖြစ်ပါတယ်။



#မြေပုံ #ကျောင်းထိုင်ဆရာတော် #နှစ်လုံးဂဏန်း #နာကလန်ရွာ #ထိုင်း

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဥပဒေချိုးဖောက်မှုဖြင့် ထိုင်းဝန်ကြီးချုပ် စေ့ထာ ထဝီဆင်ကို ရာထူးမှဖယ်ရှားမဲဆ...
14/08/2024

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဥပဒေချိုးဖောက်မှုဖြင့် ထိုင်းဝန်ကြီးချုပ် စေ့ထာ ထဝီဆင်ကို ရာထူးမှဖယ်ရှား

မဲဆောက်၊ ဩဂုတ် ၁၄

ထိုင်းဖွဲ့စည်းပုံအခြေခံဆိုင်ရာ တရားရုံးက ထိုင်းဝန်ကြီးချုပ် စေ့ထာ ထဝီဆင်ကို ဖွဲ့စည်ပုံအခြေခံဥပဒေချိုးဖောက်မှုဖြင့် ဒီနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ရာ ထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် စေ့ထာ ထဝီဆင်ဟာ အဂတိမှုဖြင့် ပြစ်ဒဏ် (၆)လကျခံခဲ့ဖူးသူ Mr. ဖိချစ် ချှုန့်ဘန်ကို ထိုင်းအစိုးရအဖွဲ့မှာ အတွင်းဝန် ရာထူး ခန့်အပ်ခဲ့မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလပိုင်းက ထိုင်းစစ်တပ်က ခန့်အပ်ထားတဲ့ အ ထက်လွှတ်တော် ၄၀ ဦးက ဖွဲ့စည်းပုံအခြေခံဆိုင်ရာ တရားရုံးကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီ အထက်လွှတ်တော်အမတ် ၄၀ ဦးရဲ့တိုင်ကြားမှုကို ကြားနာစစ်ဆေးပြီးနောက် တရားရုံးက ဒီနေ့ ဩဂုတ်လ ၁၄ ရက်မှာ ပြစ်ဒဏ်ကျခံခဲ့ဖူးသူကို ထိုင်းအစိုးရအဖွဲ့မှာ အတွင်းဝန်ရာထူးခန့်အပ်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့ဆိုကာ ထိုင်းဝန်ကြီးချုပ်ကို ရာထူးကနေ ဖယ် ရှားလိုက်တာပါ။

လက်ရှိ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်မရှိတော့တာကြောင့် ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်ရာထူးတာဝန်ထမ်းမဲ့သူကို နောက်ထပ်တစ်ကြိမ် ထပ်မံရွှေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။



#ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး #ထိုင်းဝန်ကြီူချုပ် #စေ့ထာထဝီဆင် #အထက်လွှတ်တော်အမတ်

Address


Alerts

Be the first to know and let us send you an email when Myawaddy & Maesot Media Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myawaddy & Maesot Media Group:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share