Daailand Heritage
  • Home
  • Daailand Heritage
Daailand Heritage "Success is not final; failure is not fatal: It is the courage to continue that counts."
တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ🥲Daai နယ်မှာ အခုဖြစ်ပေါ်နေတဲ့ CHOLERAပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြောင့် ဒီကလေးတွေရဲ့...
17/06/2024
တကယ်ကို မယုံနိုင်လောက်အောင်ပါပဲ🥲
Daai နယ်မှာ အခုဖြစ်ပေါ်နေတဲ့ CHOLERA
ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြောင့် ဒီကလေးတွေရဲ့ မိဘနှစ်ပါးစလုံး ဆုံးပါသွားခဲ့ပါတယ်။
နို့စို့အရွယ် ကလေးတစ်ယောက်နှင့် ကျန်ခဲ့တဲ့ သားသမီးတွေကို ဘုရားသခင် စောင့်ရှောက်ပါစေ🙏🥲
တစ်ကမ္ဘာလုံး Happy Father Day ဖြစ်နေချိန်မှာ
မိဘနှစ်ပါးစလုံး ဆုံးရှုံးလိုက်ရတဲ့ ကလေးတို့ရေ စိတ်မကောင်းဖြစ်ရတယ်ကွာ🥲
သူတို့ကို ကူညီချင်တယ်ဆိုရင် Messenger ကနဲ့ဆက်သွယ်လို့ရပါတယ်။👇
https://www.facebook.com/share/p/xiVDc8psJ3FL5qnH/?mibextid=WC7FNe
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _
Daai အမျိုးတို့ ဒေသမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတယ် ကလေးတစ်ချို့လည်း အသက်ဆုံးရှူံးမှု ရှိတယ်ကြားတယ်
ကျေးဇူးပြုပြီး အောက်က key message ကို Daai လို့ဘာသာပြန်ပေးကြပါအုန်း
- သောက်သုံးရေကို ကျိုချက်ပြီးမှ သုံးဖို့၊ ချောင်းရေ မသုံးဖို့
- အစားအသောက်ကို ယင်မနားဖို့၊
- လက်ဆေးပြီးမှ အစားအသောက် ချက်တာ ကိုင်တာ ပြင်တာ လုပ်ဖို့
- နို့စို့ကလေးတွေကို မိခင်နို့ပဲ တိုက်ဖို့
- အိမ်သာကို ယင်လုံ အိမ်သာပဲ သုံးဖို့
- ဓါတ်စားရည်ဆောင်ထားသတိပေးချင်ပါတယ်
Moongtum Thangk'änaak.
Daai khomdeka kkhon-mshooi ngkohnu (Diarrhea Pandemic) tuh k'um shou mjoh kki. Hnashen ah mshah thi mjoh kkihe.
• Tui hmling sang lü ook vai. Long tui mnuu käh ook vai.
• Ei-ook Buh-an üng kpi noh käh hne kkhaija khüm ei vai.
• K*t angsiima mthi ei lü ei-ook buh-an khüün boih shook phaam vai.
• Sihtui k'o hnashen üm anu-a sihtui tu vai.
• Eek-im üng kpi käh lut kkhaija khüm vai.
• Tatsha kkhui (Dehhydration salt) tui üng thun lü ook vai.
- ဓါတ်စားရည်ဆောင်ထားဖို့
#ပြန်လည်မျှဝေသည်
08/06/2024
နားနဲ့ နားမထောင်ပါနဲ့။နှလုံးသားနဲ့ ခံစားကြည့်ပါ။
ဒီဂီတ သံစဥ်က သင့်ကို အတိတ်ဆီ ဆွဲခေါ်သွား
ပါလိမ့်မယ်။
Daai ရိုးရာ အမွေအနှစ်တွေထဲက တစ်ခုဖြစ်တဲ့
ဒီ ဂီတသံစဥ်လေးကို နှလုံးသားနဲ့ခံစားကြည့်လိုက်
ပါဗျာ။ ။
သင်ဟာ ကိုယ့်ရိုးရာ၊ယဥ်ကျေးမှုကို တန်ဖိုးထား
မြတ်နိုးတတ်သူဆိုရင် သင့်ရင်ထဲ တစ်စုံတစ်ခုက စကားလာပြောပါလိမ့်မယ်။
ူရင်းရဲ့ခွင့်ပြုချက်နဲ့တင်တာပါ။
Daailand Heritage
" ိုးရာဂျပ်ခုတ်ရက်ကန်း"ဒီ ဂျပ်ခုတ်ရက်ကန်း ပညာရပ်ဟာ Daai လူမျိုးများရဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတ...
09/05/2024
" ိုးရာဂျပ်ခုတ်ရက်ကန်း"
ဒီ ဂျပ်ခုတ်ရက်ကန်း ပညာရပ်ဟာ Daai လူမျိုး
များရဲ့ ယဉ်ကျေးမှု အမွေအနှစ် တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။
Daailand မှာ ဗမာထုတ်ကုန် ဘာပစ္စည်းမှ မရောက်
ရှိခင်၊ရှေးခေတ် ဘိုးဘွား၊ဘီဘင် လက်ထက် ကတည်း
က Daai နယ်မှာ ရေပန်းစားခဲ့တဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။
ကျနော်တို့ရဲ့ ဘိုးဘွား၊မိဘများ လက်ထက်မှာ စောင်ဖြူတစ်ထည် ဖြစ်တည်လာဖို့ သိပ်မလွယ်ကူခဲ့ပါဘူး။
စောင်ဖြူတစ်ထည်ရဲ့ကာလတန်ဖိုးကသိပ်မများပေ
မယ့် ရင်းနှီး စိုက်ထုတ်ရတဲ့ အချိန်နဲ့ လုပ်အားကတော့ မနည်းလှပါ။
ဒါကို Daai လူမျိုးတိုင်း အသိပဲဖြစ်ပါတယ်။တကယ်
တော့ ​ဒီစောင်ဖြူဟာ Daai လူမျိုးများရဲ့ ကြွယ်ဝချမ်းသာမှု သကေ်တ အမှတ်အသား တစ်ခုပါ။
မိသားစုတိုင်း၊မိသားစုတိုင်းမှာအနည်းဆုံး စောင်ဖြူ ဆယ်ထည် အထက်သိုထားရပါတယ်။ ဒါဟာ Daai ရိုးရာ၊ထုံးတမ်းစဉ်လာအရ အရေးကြုံလာတဲ့အခါ အလွယ်တကူ ထုတ်ယူသုံးစွဲဖို့ အတွက်ပဲ ဖြစ်ပါတယ်။
ရှေးခေတ် Daai ပျိုမေတိုင်းက ဒီဂျပ်ခုတ် ရက်ကန်း
ပညာရပ်ကို မဖြစ်မနေ တတ်မြောက်ထားကြရပြီး
ဒီရက်ကန်း ပညာရပ် မတတ်မြောက်တဲ့ မိန်းကလေး
ဆိုရင် အများအမြင်မှာ တင့်တယ်လှပမှုမရှိခဲ့ပါဘူး။
သူများအပြစ်ပြော ဝေဖန်၊ကဲ့ရဲ့စရာ ဖြစ်တတ်ပါတယ်။
ဒါကြောင့် Daai ပျိုမေတိုင်းက မဖြစ်မ​နေတတ်
မြောက်တဲ့ အထိသင်ယူလေ့လာကြရပါတယ်။
အဲဒီ​ခေတ် ၊အဲဒီအခါတုန်းက ဂျပ်ခုတ် ရက်ကန်းပညာ မတတ်မြောက်တဲ့ မိန်းကလေးဆိုရင် ယောကျာ်းလေးတွေ ကလည်း အိမ်ထောင်ဖက်အဖြစ် မရွေးချယ်ချင်
ကြပါ။
ဒီအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် ဒီဂျပ်
ခုတ်ရက်ကန်းဟာ Daai လူမျိုးတွေ တန်ဖိုးထား၊ မြတ်နိုးရတဲ့ ဓလေ့ တစ်ခုဆိုတာ သိသာ၊ထင်ရှားစေ
ပါတယ်။
တစ်နည်းအားဖြင့် ဒီဂျပ်ခုတ် ရက်ကန်းပညာရပ်ဟာ
Daai လူမျိုးများရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခု
လို့ ဆိုနိုင်ပါတယ်။
ရှေးခေတ်ကတည်းက ယနေ့ထိတိုင် မရိုးနိုင်ပဲ
Daai လူမျိုးတွေကြားရေပန်းစား တဲ့ ရိုးရာ တစ်ခု ဖြစ်ပါတယ်။
ဒါ​ပေမယ့် ယနေ့ခေတ် Daai ပျိုမေ အများစုက ဒီ
ဂျပ်ခုတ် ပညာရပ်ကို မတတ်မြောက်ကြတော့ပါဘူး။
တတ်မြောက်ချင်တဲ့ စိတ်အား ထက်သန်မှုလည်း မ
ရှိကြ တော့ပါဘူး။
သင်ယူလေ့လာဖို့လည်း စိတ်မကူးကြတော့ပါ။
၂၀၀၀ ခုနှစ်နောက်ပိုင်း မွေးတဲ့ Daai ပျိုမေ အ
ယောက်တစ်ရာမှာ ဂျပ်ခုတ် ရက်ကန်း တတ်မြောက်
တဲ့သူ တစ်ယောက်ရှိဖို့ သိပ်မသေချာတော့ပါဘူး။
ခေတ်ရေစီးကြောင်းပေါ် လိုက်ပြီး လက် ယက် ထက်
စက် ယက်ကိုသာ ပိုပြီး ဉီးစားပေးလာကြတာ တွေ့
ရပါတယ်။
ခေတ်အဆက်ဆက် ဘိုးဘွားဘီဘင်လက်ထက်ကတည်းက ထိန်းသိမ်း လာတဲ့ ဒီဂျပ်ခုတ် ပညာရပ်
ကို လက်ဆင့်ကမ်းပြီး ရိုးရာ အမွေအနှစ် တစ်ခုအဖြစ်
ဆက်လက် ထိန်းသိမ်း သွားဖို့က Daai လူမျိုးတိုင်း
ရဲ့ တာဝန် တစ်ခုပဲဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ဂျပ်ခုတ် ရက်ကန်း ပညာရပ်ကို
တတ်မြောက်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်သလို အခြားသူများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးနိုင်ပါတယ်။
#ချစ်ခင်လေးစားစွာဖြင့်❤🙏
ျိုမေ
Daailand Heritage
May/9/2024(9:30pm)
" ိုးရာပြာဟင်း"ဒီနေ့တော့ အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက် နေကြတဲ့ Daai လူမျိုးများ အတွက် ရည်ရွယ်ပြီး Daai  ရိုးရာဟင်...
25/04/2024
" ိုးရာပြာဟင်း"
ဒီနေ့တော့ အကြောင်းအမျိုးမျိုးကြောင့် အဝေး
ရောက် နေကြတဲ့ Daai လူမျိုးများ အတွက် ရည်
ရွယ်ပြီး Daai ရိုးရာဟင်းတွေထဲက အထူးခြား
ဆုံးနဲ့အရသာ အရှိဆုံး အစားအစာ တစ်ခုဖြစ်တဲ့
ပြာဟင်း အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
လူတစ်ယောက် အသက်ရှင် ရပ်တည်ဖို့နဲ့ ကျန်မာသန်
စွမ်းဖို့ ဆိုရင် အဟာရ ပြည့်ဝတဲ့ အစားအစာ စားသုံး
ဖို့ လိုအပ်ပါတယ်။အဲဒီ အစားအစာဟာလည်း ကျန်မာ ရေးနဲ့ ညီညွတ်ရပါမယ်။
ကျနော်တို့ Daai လူမျိုးတွေမှာ ရိုးရာ အစားအစာ
ဆိုလို့ ကြီးကြီးမားမား မရှိပါဘူး။ဘိုးဘွား၊ဘီဘင်
လက်ထက် ကတည်းက ခေတ်အဆက်ဆက် ပြာဟင်း
တစ်ခုတည်းကိုတာ မြတ်မြတ်နိုးနိုး စားသောက်လာ
ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။
ပြာဟင်းစားလို့ ဘာရောဂါမှ မဖြစ်ပါဘူး။ ပြာဟင်း
ကြောင့် အသက်တို သွားတာမျိုးလည်း မကြားဖူး
ပါ။ကျနော်တို့ရဲ့ ဘိုးဘွားများလည်း ပြာဟင်းစားပြီး အသက်ကိုးဆယ်၊တစ်ရာ အထိ အသက်ရှင်ခဲ့ကြတယ်။
ပြာရည်မှာ ဘာဓာတု ပစ္စည်းမှမပါဝင်ပါဘူး။ဒါ
ကြောင့်သံသယ ကင်းကင်းနဲ့ ယုံကြည်စိတ်ချစွာ
စားသုံးနိုင်တဲ့ တိုင်းရင်းဆေး တစ်ခုလို့တောင်
ပြောလို့ရမယ်ထင်ပါတယ်။
ဆိုတော့ အဲဒီပြာရည်က ဘယ်လို ဖြစ်လာတာ
လဲဆိုတာ အနည်းငယ်ထပ် ရှင်းပြပါမယ်။ပြာ အရည်
စစ်ဖို့ ငှက်ပျော်ပင်၊ ဝံသာနုပင် တို့လိုအပင်တွေကို အသုံးပြုကြရ ပါတယ်။
ပြာအရည်စစ်ဖို့ ပထမဦးဆုံး ငှက်ပျော်တုံးကိုအခွံ
ခွါပြီး အနည်း ဆုံး (၂) ရက်လောက်၊နေပူ လှန်းပြီး ခြောက်အာင် လုပ် ရပါတယ်။
ပြီးရင် သန့်ရှင်းတဲ့တစ်နေရာမှာ မီးရှို့ပြီး ပြာချရတယ်။ပြာချပြီးရင် အေးတဲ့အထိ ငှက် ပျော်ရွက်
နဲ့ဆက် အုပ်ထားရပါတယ်။
ပြာရည်ရဖို့ ဝါးနဲ့ ယက်လုပ်ထားတဲ့ရေစစ်နဲ့ ရေအနေတော်ထည့်ပြီး ဖြေးဖြေးချင်းအရည်စစ်ထုတ်ပြီး ပုလင်း (သို့) ဗူးထဲထည့်သိမ်းထားရပါတယ်။
အဲဒီပြာရည်ကို နှစ်ပေါင်းများစွာ ကြာတဲ့ အထိ
ထားနိုင်ပါတယ်။ ဘာအဆိပ်မှ မသင့်နိုင်ပါဘူး။
တကယ်တော့ ဒီပြာရည်ဟာ ကျနော်တို့ Daai
လူမျိုးတွေအတွက် ထူးခြား ဆန်းပြားတဲ့ ရိုးရာ
အစားအစာ တစ်ခုပါပဲ။ ကျန်မာရေးနဲ့လည်း ညီ
ညွတ်သလို လူတိုင်း စားသုံးနိုင်တဲ့သဘာဝ အရည်စစ်စစ်တစ်ခုလို့ ဆိုရပါမယ်။
ဒီပြာဟင်း စားခြင်းကြောင့် ဘာရောဂါမှ မရရှိ
နိုင်ပါ။ပြောရရင် ပြာဟင်းကDaai လူမျိုးတွေ
အတွက် ဘုရားပြင်ဆင်ပေးထားတဲ့ ဆုလဒ်တစ်
ခုပါပဲ။
ကျနော့်အနေနဲ့တော့ ဒီပြာဟင်းကို Daai ရိုးရာ အမွေအနှစ်တွေထဲက ထိန်းသိမ်းမြတ်နိုးအပ်တဲ့အ
ရာတစ်ခုလို့ ရှု့မြင်မိ ပါတယ်။
Daailand မှာ ထွက်ရှိသမျှ အရာတွေထဲက
အထူးခြားဆုံးနဲ့ အရသာ အရှိဆုံး အစားအစာ
တစ်ခုဖြစ်လို့ Daaiလူမျိုးတိုင်းက နှစ်သက်၊
တမ်းတ တတ်ကြတာ အထူးအဆန်း တော့မဟုတ်
ပါဘူး။
ဒါကြောင့် Daai လူမျိုးတိုင်းက ဘယ်နေရာ၊ဘယ်ဒေသပဲရောက်ရောက် ပြာဟင်းကို တမ်းတတတ်
ကြတယ်။ တန်ဖိုးထား မြတ်နိုး တတ်ကြတယ်။အ
ရသာရှိရှိ အားရပါးရ စားသောက် တတ်ကြတယ်။
ပြာရည်ဟာDaai ရိုးရာ အစားအစာ ချက်ပြုတ်
ရာမှာ ထည့်သွင်းတဲ့ အဓိက Ingredient တစ်
မျိုးပဲဖြစ်ပါတယ်။
သင်သာ Daai လူမျိုးမှန်ရင် ပြာဟင်းကို စွဲလန်း
တမ်းတနေပါလိမ့်မယ်။စျေးကြီးပြီး အရသာ ရှိတဲ့ အစားအစားတွေ ဘယ်လောက်စားစား အမေ့အိမ်က
Daai ရိုးရာ ပြာဟင်းလေးလောက် တော့ ခံတွင်း
တွေ့မိမယ်မထင်ပါဘူး။
#ပုံကတော့အမျိုးတွေဆီကမလာတာပါ။
#အဝေးရောက်အမျိုးများပုံကိုကြည့်ပြီးသရေယိုကြပါ။
#လေးစားစွာဖြင့်
Daailand Heritage
08/03/2024
Daai လူမျိုးတွေ မလှဘူး လို့ ဘယ်သူပြောလဲ။
Daai မလေး တစ်ယောက် နန်းဆန်နေတာလေး
တစ်ချက် ရှိုးကြည့်လိုက်။မင်းသမီးတောင် ရှုံးတယ်။
Daailand Heritage
Daai Songpyang နဲ့ Daai Ngla mi တို့ရဲ့ Daai ရိုးရာဝတ်စုံလေးနဲ့   Pre -wedding လေး ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းနေလဲ။က...
27/02/2024
Daai Songpyang နဲ့ Daai Ngla mi တို့ရဲ့ Daai ရိုးရာဝတ်စုံလေးနဲ့ Pre -wedding လေး ဘယ်
လောက်တောင် ကြည်နူးစရာ ကောင်းနေလဲ။
ကိုယ့်လူမျိုးနဲ့ လက်ထပ်ခြင်းဟာ ကိုယ့်လူမျိုး
ကို ချစ်မြတ်နိုးရာလည်း ရောက်ပါတယ်။Daai လူမျိုး
ကိုဘ၀ရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ လုံးဝ မတွေ
ဝေပါနဲ့။
ကမ္ဘာကြီးမှာ သန်းပေါင်းများစွာသော လူတွေထဲ
က ရိုးရာ၊ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာ တူညီတဲ့ မိမိတို့ရဲ့ Daai လူမျိုးနဲ့ စုံဖက်စေတာဟာ ဘုရား
အကြံအစည် ရှိပါတယ်။ Daai လူမျိုးနဲ့ လက်ထပ်
ခွင့်ရရင် ဂုဏ်ယူလိုက်ပါ။
ကိုယ့်လူမျိုးကို ချစ်ရင် ကိုယ့်လူမျိုးဂုဏ်ကို မြှင့်တင်
ပါ။ကိုယ့်လူမျိုးကို ကိုယ်တိုင် မချစ်ရင်အခြားသူများ
ကလည်း ချစ်လာနိုင်မှာ မဟုတ်ပါဘူး။ Daai ရိုးရာ၊
ဓလေ့၊ထုံးတမ်းများကို ကာကွယ် စောင့်ရှောက်ပါ။
Daailand Heritage
24/01/2024
ဒီနေ့တော့ အဝေးရောက် အမျိုးတွေအတွက်
Daai နယ်ပြန်ရောက်သွားသလို ခံစားစေမယ့်
မိမိတို့ Daai လူမျိုးများရဲ့ ရိုးရာ၊ဓလေ့ တစ်ခု
ဖြစ်တဲ့ လုံးယူးပွဲ အကြောင်းကို အလွမ်းပြေလေး
တင်ပေးပါရစေ။
အစီစဉ်တင်ဆက်သူရဲ့ နောက်ခံစကားပြောကို
Daai ဘာသာနဲ့ အသံအစားထိုးပြီး Video လေးကို
ပြန်ပြီးတည်ဖြတ်ဖို့ ကြိုးစားခဲပေမယ့် စာတန်းထိုးနဲ့
Logo တွေကြောင့် အဆင်မပြေ ခဲ့ပါဘူး။ ဒါကြောင့်
ဒီအတိုင်းလေး ပြန်တင်ပေးလိုက်ပါတယ်။
အားလုံးအလွမ်းပြေနိုင်ကြပါစေ💕❣
MRTV မှကူးယူဖော်ပြပါသည်။
#ချစ်တဲ့
Daailand Heritage
Happy New Year ပါအမျိုးတို့ရေ။ဒီ Page လေးနဲ့ ပါတ်သက်ပြီး ဝေဖန်အကြံပြုစရာများရှိခဲ့ရင် ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးကြပ...
01/01/2024
Happy New Year ပါအမျိုးတို့ရေ။
ဒီ Page လေးနဲ့ ပါတ်သက်ပြီး ဝေဖန်အကြံပြုစရာ
များရှိခဲ့ရင် ကွန်မန့်မှာ ဝင်ရောက်ဆွေးနွေးပေးကြပါ
ဦးကွယ်🙏❣
လူကြီးမင်းတို့ရဲ့ ဝေဖန် အကြံပြုချက်များကို
ကြားချင်မိပါတယ်။ ။
တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကြံပြုချက်များကို
ကျနော့်ဘက်က အလေးအနက် တန်ဖိုးထားပြီး
ပြုပြင်ပြင်ဆင်စရာများ ရှိရင် အကောင်းဆုံးဖြစ်အောင် ပြုပြင်၊ပြင်ဆင်သွားပါမယ်။
၂၀၂၄ ခုနှစ်မှာ တော့ အစီစဉ် ကောင်းလေးတွေ
တင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါတယ်။
Daailand Heritage
" #ဓားပလိုင်းလွယ်ခြင်းရဲ့သင်္ကေတ"အခြားသော ချင်းမျိုးနွယ်စုများနည်းတူ မိမိတို့Daai မျိုးနွယ်စုများလည်း ဓားပလိုင်း လွယ်တဲ့ဓေ...
30/12/2023
" #ဓားပလိုင်းလွယ်ခြင်းရဲ့သင်္ကေတ"
အခြားသော ချင်းမျိုးနွယ်စုများနည်းတူ မိမိတို့
Daai မျိုးနွယ်စုများလည်း ဓားပလိုင်း လွယ်တဲ့
ဓလေ့ ကို အစဉ်အလာ တစ်ခုလို ကျင့်သုံးလာခဲ့ကြ
တဲ့ မျိုးနွယ်စု တစ်ခု ဖြစ်ပါတယ်။ ။
'ဓား'ဆိုတာ လူတစ်ယောက်ကို အချိန်မရွေး အန္တာရာယ် ပြုနိုင်တဲ့ အရာဝတ္ထုတစ်ခုပါပဲ။ဒါကြောင့် အခြားသော မျိုးနွယ်စု များကြားမှာ ဓားထိုးမှု မကြာခဏဖြစ်တာ
မျိုးတွေ တွေ့ဖူး၊ကြားဖူး၊မြင်ဖူး ကြပါလိမ့်မယ်။
မိမိတို့ Daai မျိုးနွယ်စုများဖြစ်တဲ့ Daai pasong များကလည်း ဒီလို အန္တာရာယ် များတဲ့ အရာတစ်ခုကို ကိုယ်နဲ့မခွာပဲ အမြဲလိုလို လွယ်ထားကြတာကိုသတိ
ထားမိကြမယ်ထင်ပါတယ်။
ဒါဟာ ဘာကြောင့်ပါလဲ။အဓိကအားဖြင့် လိုအပ်တဲ့နေရာ
မှာအလွယ်တကူ ထုတ်ယူအသုံးပြုနိုင်ဖို့၊ကိုယ့်ကိုယ်ကိုယ်
ခုခံ၊ကာကွယ်ဖို့နဲ့ ကိုယ့်မိသားစု၊ကိုယ့်ရပ်ရွာအပေါ် ကျ
ရောက်လာနိုင်တဲ့ အန္တာရယ်များကို တားဆီး ဖို့အတွက်
ဖြစ်ပါတယ်။
ဒါပေမယ့် Daai လူမျိုးများအတွက်တော့ ဓားပလိုင်း လွယ်ခြင်းဟာ ဓလေ့ တစ်ခုထက် ပိုမယ် မထင်ပါ
ဘူး။ဘာလို့ ဒီလို ပြောရတာလဲဆိုရင် ဓားထိုးမှုကြောင့်
လူသေတဲ့ သတင်းမျိုး မကြားမိလို့ပါ။
မိမိတို့ Daai လူမျိုးတွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် စကားများ ရန်ဖြစ်ပြီး ဓား ထိုးမှု ဖြစ်တဲ့
အထိ ကြီးမားတဲ့ ခိုက်ရန် ဖြစ်ပွားမှုမျိုးလည်း မရှိဖူးပါ။
Daai လူမျိုး အများစုက တစ်ဖက်သားကို အားနာ
တတ်ကြတယ်။လူကို လူလို မြင်ပြီး စာနာ၊ငဲ့ညှာတတ်
ကြတယ်။တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်
တန်ဖိုးထား လေးစားတတ်ကြတယ်။
Daai လူမျိုးတွေထဲမှာ လူသတ်တယ်ဆိုတာ အယောက်
တစ်ရာမှာ နှစ်ယောက်မရှိနိုင်ပါဘူး။တကယ့်ကို ရိုးအ
ပြီးယဉ်ကျေးသိမ်မွေ့တဲ့ မျိုးနွယ်စုတစ်ခုလို့ ဆိုရမှာပါ။
ဒီလို ယဉ်ကျေးသိမ်မွေ့ပြီး ရိုးသားတဲ့ လူတွေက လူမ
သတ်တာက ထူးဆန်းတဲ့ အရာတော့မဟုတ်ပါ။ဒါဆို
လူသားတွေကို အချိန်မရွေး အန္တာရယ် ပြုနိုင်တဲ့
ဓားပလိုင်းကို ဘာလို့ ကိုယ်နဲ့မကွာ အမြဲလွယ်ထား
ကြတာပါလဲ။ ။
အဖြေကတော့ ရှင်းပါတယ်။အပေါ်မှာ ပြောထားတဲ့
အချက်တွေကို ကြည့်ခြင်း အားဖြင့် ဓားပလိုင်းလွယ်
ခြင်းဟာ မိမိတို့ရဲ့ လူမျိုးဂုဏ်ကို မြှင့်တင်ဖို့နဲ့ ထုံးတမ်း၊
စဉ်လာ တစ်ခုကို ထိမ်းသိမ်းခြင်းထက် မပိုနိုင်ပါဘူး။
ဒါဟာ ခေတ်အဆက်ဆက် ဘိုးဘွား၊ဘီဘင် လက်ထက်
ကတည်းက အစဉ်လာတစ်ခုလို ထိမ်းသိမ်းလာကြတဲ့ Daai လူမျိုးများရဲ့ အမွေအနှစ် တစ်ခုပါပဲ။
ဒါပေမယ့် ယနေ့လို အရာရာ တိုးတက်ပြောင်းလဲလာတဲ့
အိုင်တီ ခေတ်ကြီးထဲမှာတော့ Daai အမျိုးသားများရဲ့
ဓားပလိုင်း လွယ်တဲ့ ဓလေ့ဟာလည်း တိမ်ကော ပျောက်
ကွယ်လုနီးပါး ဖြစ်နေပါပြီ။
ခေတ်ရေစီးကြောင်းပေါ် လိုက်ပြီး ဓားပလိုင်းလွယ်တဲ့
ဓလေ့အစား အခြားအရာများကို အစားထိုးပြီး သွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။
Daai မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ သေချာ ထိမ်းသိမ်းပြီး လက်ဆင့်ကမ်း မမျှဝေဘူးဆိုရင် တစ်ချိန်
ချိန်မှာ ပုံပြင်ဒဏ္ဋာရီ တစ်ပုဒ်လို တိမ်ကော ပျောက်ကွယ်
သွားမယ့် Daai လူမျိုးများရဲ့ ထုံးတမ်း၊ဓလေ့တွေထဲက
ဓားပလိုင်းလွယ်ခြင်းဟာလည်း တစ်ခု အပါအဝင်ဖြစ်
ကြောင်း အနည်းငယ် တင်ပြလိုက်ရပါတယ်။
Daailand Heritage
" ကောင်လေးများဖတ်ဖို့"" လေးနဲ့အိမ်ထောင်ပြုခြင်းရဲ့ကောင်းကျိုး"လူရယ်လို့ ဖြစ်လာရင် တစ်ချိန်မဟုတ်၊တစ်ချိန်ချိန်မှာတော့ မဖြ...
07/12/2023
" ကောင်လေးများဖတ်ဖို့"
" လေးနဲ့အိမ်ထောင်ပြုခြင်းရဲ့ကောင်းကျိုး"
လူရယ်လို့ ဖြစ်လာရင် တစ်ချိန်မဟုတ်၊တစ်ချိန်ချိန်မှာ
တော့ မဖြစ်မနေ အိမ်ထောင်ပြုကြရပါမယ်။လူတိုင်းမှာ
လူမျိုး၊ဘာသာ၊မရွေး ကိုယ်ချစ်တဲ့ သူကို ကိုယ့်ဘ၀ရဲ့
အိမ်ထောင်ဖက်အဖြစ် လွတ်လပ်စွာရွေးချယ်ခွင့် ရှိပါ
တယ်။
ယနေ့လို အရာရာတိုးတက်ပြောင်းလဲနေတဲ့ နည်းပညာ
ခေတ်ကြီးမှာ ဘာသာမတူ၊လူမျိုး မတူတဲ့သူကို အိမ်
ထောင်ဖက်အဖြစ် မရွေးချယ်ရဘူး ဆိုပြီး ချုပ်ချယ်
ကန့်သတ်လို့လည်း မရနိုင်ပါဘူး။
လူတိုင်းမှာ တူညီတဲ့ ခံစားချက်၊ နှလုံးသားတွေရှိတာမို့
ဘယ်အရာကိုမှ ပုံသေတွက်လို့မရနိုင်ပါ။ချုပ်ချယ်၊ကန့်
သတ်လို့လည်း အဆင်ပြေနိုင်တော့မည်မဟုတ်ပါ။
ဒါကြောင့် တစ်သက်လုံး ရိုးမြေကျတဲ့အထိ၊ ပေါင်းသင်း
နေထိုင်မယ့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ့်စိတ်တိုင်း
ကျ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။
ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်ကို မယူရဘူး ဆိုပြီး
ကန့်သတ်တာမဟုတ်သလို လူမျိုးခြား၊ဘာသာ ခြားနဲ့
အိမ်ထောင်မပြုရဘူး ဆိုပြီးချုပ်ချယ်တာလည်း မဟုတ်
ရပါ။
မိမိတို့ Daai ကောင်လေးတွေအနေနဲ့ အနီးစပ်ဆုံးနဲ့
အဖြစ်သင့်ဆုံးအရာကို ကျနော် လေ့လာ တွေ့ရှိခဲ့တဲ့
အရာတွေထဲက အနည်းငယ် ပြန်ပြီး Sharing လုပ်ပေး
တဲ့ သဘောပါ။
Daai မလေးတွေမှာ တစ်ခြား လူမျိုးတွေနဲ့ မတူတဲ့
ကောင်းမွန်တဲ့ အချက်တွေများစွာရှိပါတယ်။အဲဒီအချက်
တွေများစွာထဲက ကျနော် သတိထားမိတဲ့ အချက် (၃)
ချက်ကို ပြောပြပေးသွားပါမယ်။
၁။ ။သစ္စာတရားကို တန်ဖိုးထားမြတ်နိုးတတ်မှု
ကျနော်လေ့လာမိသလောက် Daai မလေး တွေမှာ
အိမ်ထောင်ရေး ဖောက်ပြန်တဲ့သူ မရှိသလောက်ပါပဲ။
သူတို့ရဲ့ အိမ်ထောင်ရေးကို မေတ္တာတရား နဲ့ ပတ်ရစ်
ပြီး သစ္စာတရား နဲ့ ချည်နှောင်ထား တတ်ကြတယ်။
သားသမီး၊လင်ယောကျာ်းနဲ့ မိသားစုအပေါ် သစ္စာ
ဖောက်ပြီး ဖောက်ပြန်သွားမယ့် မိန်းမ စားတွေထဲမှာ
Daai မလေးတွေ မပါ ပါဘူး။ပါခဲ့ရင်တောင် ရာခိုင်
နှုန်းအားဖြင့် အရမ်းနည်းပါး ပါလိမ့်မယ်။
Daai မိန်းကလေး အများစုက မိသားစု ဘယ်လောက်
ဘဲဆင်းရဲ၊ ကြတ်တည်းနေပါစေ။မိသားစုကို အသက်
နဲ့ရင်းပြီး ထောက်မ တတ်ကြတယ်။မိသားစုကို ဘယ်
တော့မှမကျော်ခိုင်းတတ်ကြပါ။မစွန့်ပစ်တတ်ကြပါ။
မိသားစုဟာ သူတို့ရဲ့ အသက်၊မိသားစုသာ သူတို့ရဲ့
ဘ၀၊မိသားစုသာလျှင် သူတို့ရဲ့အသက်ရှူ သံလို သ
ဘောထားပြီး မိသားစု အပေါ် သစ္စာခံတတ်ကြတယ်။
တယ်။
အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ကွဲတာတွေ ရှိ
ပေမယ့် အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အိမ်ထောင်
ရေးပြိုကွဲတဲ့ သူ မရှိသလောက် ရှားပါတယ်။
မိမိတို့ Daai အသိုင်းအဝိုင်းတွေထဲမှာ မိန်းကလေးဘက်
က အိမ်ထောင်ရေး ဖောက်ပြန်တာ တွေ့ရခဲပါတယ်။အိမ်
ထောင်ရေး ပြိုကွဲစေတဲ့ အဓိက ပြသာနာက နှစ်ဖက်သော
မိဘများရဲ့ ပယောဂနဲ့ အခြားအကြောင်းအရာတွေက
၉၀%နှုန်း ဖြစ်တယ်ဆိုတာလေ့လာ တွေ့ရှိရပါတယ်။
အိမ်ထောင်ဖက်အပေါ် သစ္စာရှိမှု၊အိမ်ထောင်ဖက်ကို တန်ဖိုးထားတတ်မှုတွေက Daai မလေးတွေရဲ့ အမွန်
မြတ်ဆုံးသော အလှတရားတစ်ခုပါပဲ။ဒါဟာ ရိုးသား၊ယဉ်
ကျေးတဲ့ Daai မလေးတွေရဲ့ အစဉ်အလာ တစ်ခုပါ။
ဒီအရာနဲ့တင် သူတို့ဟာ ဂုဏ်ပြုထိုက်တဲ့ သူလေးတွေ
ဖြစ်နေပါပြီ။သူတို့ရဲ့ လူသားဆန်ခြင်း၊မိသားစုကို မြတ်
နိုးခြင်း၊လင်ယောကျာ်းအပေါ် သစ္စာ စောင့်တည်ခြင်း
တွေက အိမ်ထောင်ရေး မဖောက်ပြန်မှုကို ခိုင်မာ၊ပေါ်
လွင်စေတဲ့သက်သေ အထောက်အထားတွေပဲဖြစ်
ပါတယ်။ ။
တကယ်လို့ သင်ဟာ သင်ချစ်ရတဲ့ သင့်ရဲ့ အိမ်ထောင်
ဖက်က သင့်အပေါ် ဖောက်ပြန်သွားမှာကို တွေးကြောက်
တတ်သူဆိုရင် Daai မလေးကိုသာ ဘ၀ရဲ့ အိမ်ထောင်
ဖက်အဖြစ် ရွေးချယ်လိုက်ပါလို့ အကြံပေးပါရစေ။ ။
၂။ ။စည်းစိမ်ဥစ္စာတပ်မက်မှုမရှိခြင်း(ငွေမမက်ကြပါ)
Daai မလေးတွေရဲ့ ထူးခြားတဲ့ ဒုတိယ အချက်တစ်ခုက
တော့ ငွေနောက် လိုက်ပြီး ဘ၀ကို တန်ဖိုးမထားပဲ ပျက်
စီး နေတဲ့ မိန်းကလေးတွေထဲ မပါတဲ့ အချက်ပါပဲ။ ။
လူတစ်ယောက် အသက်ရှင် ရပ်တည်နိုင်ဖို့ ငွေဟာ မရှိ
မဖြစ် လိုအပ်တဲ့ အရာတစ်ခုဆိုတာ လူတိုင်း လက်ခံပါ
တယ်။ဒါပေမယ့် အဲဒီငွေနောက်ကို လိုက်ရင်း ကိုယ့်ဘဝ
ကို တန်ဖိုးမထားတတ်တဲ့ အထိတော့ မရူးမိုက်ရပါဘူး။
ငွေရဖို့ အတွက်ဆို ဘာမဆို ပေးဆပ် စွန့်စားရဲတဲ့ မိန်းက
လေးတစ်ယောက်ကို ဘယ်ယောကျာ်းလေးကမှ အိမ်
ထောင်ဖက် အဖြစ် ရွေးချယ်ချင်မှာ မဟုတ်ပါဘူး။
ဘ၀တစ်ခု ရှင်သန်ရပ်တည်ဖို့ အတွက်ငွေဟာ အရေး
ကြီးတာမှန်ပေမယ့် ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကိုမူ
ငွေနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်ပါ။Daai မလေး အများစုက
ငွေထက် ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို ပိုတန်ဖိုး
ထားတတ်ကြတယ်။
အောင်မြင်မှု၊ကျော်ကြားမှု၊ပညာ၊ စည်းစိမ်၊ငွေကြေး
နဲ့ အခြားအရာများအပေါ် အခြေခံပြီး တည်ဆောက်ထား
တဲ့ အိမ်ထောင်ရေးကလည်း ရေရှည် တည်တံ့၊ခိုင်မြဲနိုင်
မှာ မဟုတ်ပါ။ ။
Daai မလေးအများစုဟာ ငွေကြေးနောက်ကို လိုက်ပြီး အချစ်မပါတဲ့ အိမ်ထောင်ရေးကို မတည်ဆောက်ချင်
ကြသလို ငွေကြေး တစ်ခုတည်းကြောင့်လည်း သူတို့
တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးကို အပြိုကွဲမ
ခံချင်ကြပါ။ ။
ဒါကြောင့် Daai မလေးကို ယူရင် စီးပွားရေး အခက်အ
ခဲနဲ့ဒုက္ခပြသာနာတွေကြားမှာ သင့်ကို ဘယ်တော့မှတစ်
ယောက်တည်း ထားခဲ့ကြမှာမဟုတ်ပါဘူး။ငွေကြေး
မပြည့်စုံရုံနဲ့ အိမ်ထောင်ရေး ဖောက်ပြန်မယ့် သူတွေ
ထဲ Daai မလေးတွေ လုံးဝ မပါဝင် ပါဘူး။
အဆင်မပြေမှုတွေ ရှိခဲ့ရင် သင်နဲ့အတူတူ ရုန်းကန်ပြီး
သင့်ဘေးနားမှာ အမြဲရှိနေပါလိမ့်မယ်။သင် ဘယ်ဘ၀၊
ဘယ်လို အခြေနေမျိုးပဲရောက်ရောက် သင့်ကို ဘယ်တော့
မှ လက်တွဲဖြုတ်မှာ မဟုတ်ပါ။ ။
ငွေကြေး၊စည်းစိမ်၊ဥစ္စာတွေထက် သင့်ရဲ့ အလိုလိုက်မှု၊
ဂရုစိုက်မှုနဲ့ ပြုစုယုယမှုတွေကို ပိုပြီး တန်ဖိုးထားပါလိမ့်
မယ်။
သူတို့ဟာ ဆင်းရဲတဲ့ မိသားစုဘ၀က ဆင်းသက်လာသူ
တွေပီပီ ၊ဘ၀ရဲ့ သာမန် အခက်ခဲတွေဆို ခေါင်းမမူကြပါ။
သူတို့မှာ ဘယ်လို ဒုက္ခ၊ပြသာနာမျိုးကို မဆို ရင်ဆိုင် ဖြတ်
သန်းရဲတဲ့ အစွမ်းသတ္တိတွေ ရှိကြတယ်။
သူတို့အတွက် ငွေလိုအပ်တာမှန်ပေမယ့် လိုတာထက်
ပိုပြီး ငွေမမက်ကြပါ။ငွေမျက်နှာ တစ်ခုတည်းနဲ့ သင့်
အပေါ် ဘယ်တော့မှ သစ္စာ ဖောက်ကြမှာ မဟုတ်ပါဘူး။
အချစ်မပါပဲ ငွေနဲ့ မျှားလို့ ရမယ့် မိန်းမတွေထဲမှာ Daai
မလေးတွေ လုံးဝမပါဘူး။"သွားမရှိရင်နေ၊ကားရှိရင်ရပြီ"
ဆိုတဲ့ စကားက Daai မလေးတွေအတွက်တော့ ရယ်စရာ
ဟာသ တစ်ခုထက် မပိုနိုင်ပါဘူး။ဒါက မှန်သော စကားပါ။
၃။ ။ရိုးရာ၊ယဉ်ကျေးမှု တူညီခြင်း
Daai မလေးနဲ့ လက်ထပ်ခြင်းရဲ့ တတိယကောင်းကျိုး
တစ်ခုကတော့ ရိုးရာ၊ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတူ
ညီနေမှုပါပဲ။
မတူညီတဲ့ လူသားနှစ်ဦး(အဖိုနဲ့အမ)အတူတကွပေါင်း
သင်း နေထိုင်လာတဲ့အခါ အရာရာကို ကြိုးစားညှိယူ
ကြရပါမယ်။အဲဒီလို ကြိုးစား ညှိယူတဲ့ အပိုင်းတွေမှာ
ရိုးရာ၊ယဉ်ကျေးမှု မတူညီရင် ပိုတောင် ကြိုးစားညှိ
ယူရမှာပါ။
လူမျိုးတူ၊ဘာသာတူတဲ့ Daai မလေးကို လက်ထပ်ရင်
ဒါတွေကို တကူးတက ညှိယူစရာ မလိုတော့ပါဘူး။အ
ပြန်အလှန် အော်တို နားလည်ပြီးသား ဖြစ်နေပါလိမ့်မယ်။
ရှင်သန်ကြီးပြင်လာတဲ့ နယ်မြေဒေသ တူညီတဲ့ အတွက်
နှစ်ဖက်သောမိဘများရဲ့ အခက်ခဲတွေကို နားလည်ပေး
နိုင်ကြပါတယ်။ဘာသာစကား ၊ယဉ်ကျေးမှု၊ထုံးတမ်း
စဉ်လာတူညီတော့ လူမှုရေးနဲ့ ပါတ်သက်လာရင် ဘာမှ
ညှိယူစရာ မရှိတော့ပါ။
သင့်ရဲ့ မိဘတွေအပေါ်မှာလည်း စိတ်သဘောထားကြီး
ကြီးနဲ့ နားလည်ပေးကြပါလိမ့်မယ်။လူမျိုးခြားတွေက
ဒါမျိုး နားမလည်နိုင်ကြဘူးလို့ ဆိုလိုတာမဟုတ်ပါ။
ဒီလို ကိစ္စမျိုးကို လူမျိုးခြားတွေထက် မိမိလူမျိုးကသာ ပိုပြီးနားလည်ေ ပးတတ်တာပါ။ဘ၀ချင်းတူညီနေလို့
အများကြီး နားလည်မှု ယူစရာ မလိုတော့ပါ။
နိဂုံးချုပ်အနေနဲ့ ပြောရရင် Daai မလေးတွေဟာ ငွေကြေး
ထက် မေတ္တာတရားနဲ့ သစ္စာတရားကို ပိုတန်ဖိုးထားတတ်
ကြတယ်။
အိမ်ထောင်ရေး ဖောက်ပြန်ခြင်းနဲ့ ပါတ်သက်ပြီး ဘာသံ
သယမှ ထားစရာမလိုအောင် ယုံကြည် စိတ်ချရပါတယ်။
လူမျိုး၊ဘာသာ၊ယဉ်ကျေးမှု တူညီတဲ့အတွက် လူမှုရေး
နဲ့ ပါတ်သက်လာရင် အများကြီး ညှိယူစရာ မရှိတော့ပါ။
ဒါကြောင့်Daai မလေးနဲ့ ချစ်သူဖြစ်ထားတယ်ဆိုရင်
သူ့ကို တန်ဖိုးထားပေးပါ။မြတ်နိုးပေးပါ။အလိုလိုက်
ပေးပါ။ဂရုစိုက်ပေးပါ။
Daai မလေးတွေဟာ Daai ကောင်လေးတွေအတွက်
တော့ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ ဘုရားပေး
ထားတဲ့ပါရမီ ဖြည့်ဖက်ကောင်းတွေပါ။တန်ဖိုးကြီးတဲ့ ဆုလဒ် သရဖူလေးတွေပါ။
ဘယ်တော့မှ လက်မလွှတ်ကြပါနဲ့။အဆုံးရှူံး မခံကြပါနဲ့။
Daai မလေးကို ရအောင်ယူပြီး သာယာ ပျော်ရွှင်တဲ့
မိသားစု ဘ၀တစ်ခု အတူတကွ တည်ဆောက်သွား
ကြပါလို့ အကြံပြု တိုက်တွန်းပါရစေ။ ။
#ချစ်ခြင်းများစွာဖြင့်
Daailand Heritage
" #အကြံပြုစာ"ဒီ Post က ၁၉၇၄ ခုနှစ်မှာ ပထမဆုံး ဒိုင်ရ် (Daai) ချင်း စာပေကို တီထွင်ခဲ့ကြတဲ့  ပါးဈောင်ချိုင်းဆော (Pasong Kh...
06/12/2023
" #အကြံပြုစာ"
ဒီ Post က ၁၉၇၄ ခုနှစ်မှာ ပထမဆုံး ဒိုင်ရ် (Daai) ချင်း စာပေကို တီထွင်ခဲ့ကြတဲ့ ပါးဈောင်ချိုင်းဆော (Pasong Kheng Sho) နှင့် ဒေါက် တာ ဟယ်လ်ဂါ ( Dr Helga So-Hartmann) တို့အပေါ် ကျနော့်ရဲ့ စိတ်သဘော
ထား အမြင်ကို ဆွေးနွေးတင်ပြခြင်းသာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒေါက်တာ ဟယ်လ်ဂါ( Dr Helga So-Hartmann)အကြောင်းကို ခဏဘေးဖယ်ထားပြီး Pasong Kheng Sho အကြောင်းကို ဦးစားပေး ဖော်ပြသွားပါမယ်။
လူမျိုးတစ်ခု တည်ရှိခြင်းရဲ့ သင်္ကေတ အမှတ်အသား
တွေထဲမှာ စာပေ ဟာ နံပါတ်တစ် နေရာမှာ ရပ်တည်
လျှက် ရှိပါတယ်။
ရိုးရာ၊ယဉ်ကျေးမှုနဲ့ စာပေ မရှိရင် လူမျိုးတစ်ခု ရေရှည်
ရပ်တည်ဖို့ မလွယ်ကူပါဘူး။ရပ်တည်လို့လည်း မရနိုင်
ပါဘူး။ဒီသုံဟာ အဲဒီ လူမျိုးစုရဲ့ အသက်သွေးကြော လို့
ပြောရင်လည်း မှားမယ်မထင်ပါ။
အဲဒီလူမျိုးတစ်ခု ရေရှည် ရပ်တည်နိုင်ဖို့ စာပေဟာ မရှိ
မဖြစ် တဲ့ အရာတစ်ခုဆိုတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်
မယ်။မိမိတို့ Daai လူမျိုးတွေဟာ ရှေးခေတ်ကတည်း Daailand မှာ နေထိုင်၊ကျက်စားလာခဲ့ကြတဲ့ မျိုးနွယ်စု တစ်ခုပါ။
စာပေအခက်အခက်အခဲကြောင့် Daai လူမျိုးများရဲ့
တည်ရှိခြင်းနဲ့ သမိုင်းမှတ်တမ်းများကို ရှာဖွေ ဖို့လည်း
ခက်ခဲပါတယ်။Daai လူမျိုးတည်ရှိလာတာ ကြာခဲ့ပေမယ့်
Daai လူမျိုးလို့ တရားဝင် ခေါ်သွင်လာတဲ့ အချိန်ကိုမူ
တိတိကျကျ သိရဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
အင်္ဂလိပ်တို့ ချင်းတောင်ကို သိမ်းပိုက်တဲ့အချိန်
၁၈၉၇ ဝန်းကျင်ခန့်က ဒါးရ် ရင်းဒူ( Yindu Daai) ဆိုပြီး အစောဆုံးအနေနဲ့ မှတ်တမ်းတင် ဖော်ပြထားတာ
တွေ့မြင် ရပါတယ်။။
စာပေမရှိတော့ မှတ်တမ်း၊မှတ်ရာ၊နောက်ခံသမိုင်းတွေ
ရှာဖွေရတာလည်း အတော်ခက်ခဲပါတယ်။Daai အဆို
အမိန့်နဲ့ ပုံပြင်များစွာကိုလည်း တစ်ဆင့်စကားတစ်ဆင့်
မှတ်သားပြီး နှုတ်စကားနဲ့သာ မှတ်တမ်းတင်ထားကြတာ
တွေ့ရပါတယ်။
၁၉၇၄ မတိုင်မီအထိ Daai ( Daai Sa)စာပေ ဆိုတာ
မရှိခဲ့ပါ။Daai လူမျိုးတွေရဲ့ ဒီစာပေ အခက်အခဲနဲ့ ပြသာနာတွေကို ကူညီဖြေရှင်းဖို့ မိမိတို့ Daai လူမျိုး
တွေထဲက တစ်ယောက်ဖြစ်တဲ့ Pasong Kheng Sho
ကို ဘုရားက ဦးစွာရွေးကောက်ခဲ့ပါတယ်။
ဒေါက်တာ ဟယ်လ်ဂါ နဲ့ ပေါင်းပြီး ၁၉၇၄ ခုနှစ်မှာ ပထမ
ဆုံး Daai စာပေ ကို တီထွင်၊ဖန်တီးခဲ့ကြတယ်။အဲဒီ ကနေတစ်ဆင့်၊လက်ဆင့်ကမ်းပြီး ကြိုးစား လာခဲ့ကြရာ ဒိုင်ရ် (Daai) ချင်း ခရစ်ယာန် ဓမ္မသစ် ကျမ်းစာ ကို ဟောင်ကောင်မှာရှိတဲ့ UBS သမ္မာကျမ်းစာ အသင်းက ၁၉၉၆ ခုနှစ်တွင် ပထဆုံး ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။။
ဒိုင်ရ် (Daai) ချင်း သဒ္ဒါ (A descriptive grammar of Daai Chin) စာအုပ် ကိုလည်း ၂၀၀၉ ခုနှစ် ဧပြီလ (၁၉) ရက်နေ့ ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ဘာကလေ မှာ ထုတ်ဝေနိုင်ခဲ့ကြတယ်။
ဒီလို အစချီတာက Pasong Kheng Sho ရဲ့ အကြောင်း
မသိသေးတဲ့ သူတွေအတွက် ပြန်ပြီးမိတ်ဆက် ပေးတဲ့
သဘောနဲ့ Sharing လုပ်ပေးတာ ဖြစ်ပါတယ်။
ဒီနေရာမှာ အဓိက ပြောချင်တာက သူ့ရဲ့ ပေးဆပ်မှုနဲ့
ကြိုးစားအားထုတ်မှုတွေကို အသိမှတ်ပြုပြီးဂုဏ်ပြု
ချီးမြှင့်သင့်တဲ့ လူပုဂ္ဂိုလ် တစ်ဦး ဖြစ်တယ် ဆိုတဲ့ အကြောင်း ဖော်ပြချင်တာပါ။
ဟုတ်ပါတယ်။သူဟာ ဂုဏ်ပြုခြင်း ခံထိုက်တဲ့ ပုဂ္ဂိုလ်
တစ်ယောက်ဆိုတာ အားလုံး လက်ခံကြမယ်ထင်ပါတယ်။
Daai လူမျိုးတွေအတွက် သူ့ရဲ့ ပေးဆပ်မှုနဲ့ ကြိုးစား
လုပ်ဆောင်မှုတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။
ကျနော်တို့ဟာ သူ့ကို အသိမှတ်ပြုဖို့ ပျက်ကွက်ခဲ့ကြ
တယ်ထင်ပါတယ်။ဂုဏ်ပြု ချီးမြှင့်ပေးဖို့ မေ့လျော့ ခဲ့ကြတယ်။ဘာလို့ ဒီလို ပြောရတာလဲဆိုတာ ဆက်ပြော
ပြပါမယ်။
ကျနော်တို့ Daai လူမျိုးတွေထဲမှာလည်း အသိပညာရှင်၊
အတတ်ပညာရှင်နဲ့ စာအုပ်၊စာပေ ရေးသား ထုတ်ဝေန်ုင်
တဲ့ အထိ ထူးချွန်းထက်မြက်သူတွေ များစွာ ရှိနေပါပြီ။
ဒါဟာ ဝမ်းသာစရာပါ။တစ်ချိန်တုန်းကဘာမှမသိ၊နား
မလည်ကြခဲ့ပေမယ့် ဒီချိန်မှာတော့ လူတွေနဲ့ ရင်ဘောင်
တန်းပြီး အဘက်ဘက်မှာ တိုးတက် အောင်မြင်လာကြ
တာ တကယ်ဂုဏ်ယူ ဝမ်းသာစရာပါပဲ။ ။
မိမိတို့ရဲ့ကိုယ်ပိုင်စာပေကို တွင်တွင်ကျယ်ကျယ် အသုံးပြု
ပြောဆိုလာကြတာဟာလည်း တိုးတက်မှု တစ်ခုလို့ ဆို
ရပါမယ်။
ဒါပေမယ့် ဒီလို အခြေနေ ရောက်ရှိလာဖို့ အတွက် အနစ်
နာခံပေးဆပ်ခဲ့သူကိုတော့ ကျနော်တို့တွေ မေ့လျော့နေ
ခဲ့ကြပါတယ်။ခုချိန်ထိ သူ့ကို ဂုဏ်ပြုပေးတဲ့ စာအုပ်စာ
ပေတစ်အုပ်မှ မထွက်ရှိသေးပါဘူး။
ဒီလို ပုဂ္ဂိုလ်မျိုးကို ဂုဏ်မပြုပေးရင် ဘယ်လို လူမျိုးကို
ဂုဏ်ပြုပေးရမလဲ။သူဟာ ဂုဏ်ပြုခြင်းနဲ့ ထိုက်တန်သူပါ။
သူ့ရဲ့ တီထွင်ဖန်တီးမှုကို အသိအမှတ် ပြုပေးသင့်ပါ
တယ်။
ကျနော့်အနေနဲ့ ပြောရရင် သူ့ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်မဟုတ်
ရင်တောင်သူနဲ့ ပါတ်သက်တဲ့ စာအုပ်တစ်အုပ်လောက် ထုတ်စေချင်ပါတယ်။သူ့အကြောင်းကို နောင်လာ နောက်
သားတွေ သိရှိနိုင်အောင် မှတ်တမ်းတင်ထားသင့်တယ်လို ရှု့ မြင်မိပါတယ်။
ဒါဟာ Daai လူမျိုးများရဲ့ သမိုင်းပေးတာဝန်တစ်ခုပါ။
သူကတော့ တာဝန်ကျေပွန်စွာ လူမျိုးအတွက် သမိုင်း မှတ်တိုင် တစ်ခုကို စိုက်ထူ နိုင်ခဲ့ပါပြီ။မိမိလူမျိုးအတွက်
ကိုယ်စွမ်း၊ညာဏ်စွမ်း ရှိသလောက်စွမ်းဆောင်ပေးခဲ့ပါပြီ။
သူဟာ တကယ့်ကို တာဝန်ကျေတဲ့ပုဂ္ဂိုလ်တစ်ယောက်ပါ။
စာပေဝါသနာရှင် Daai လူမျိုးတွေကို ဒီကနေ မေတ္တာ
ရပ်ခံချင်တာတစ်ခုရှိတယ်။ခဗျာင်္တို့ရဲ့ အစွမ်းအစကို
လူမျိုးအတွက် အသုံးပြုကြပါ။လူမ်ျုးကိုချစ်ကြပါ။
စာပေကို ထိမ်းသိမ်းကြပါ။စောင့်ရှောက်ကြပါ။ပြော
ဆို ရေးသား အသုံးပြုကြပါ။
မိမိတို့ လူမျိုးတွေထဲက ဂုဏ်ပြုပေးထိုက်တဲ့ ပုဂ္ဂိုလ်တွေ
ကို ဂုဏ်ပြုချီးမြှင့်ပေးကြပါ။ Pasong kheng Sho နဲ့
ပါတ်သက်တဲ့ စာအုပ် တစ်လောက်လောက် ထွက်ရှိလာ
နိုင်အောင်လည်း ကြိုးစားပေးကြပါ။
တကယ်လို့ စာအုပ်ထုတ်ဝေချင်တဲ့သူ ရှိရင် နိုင်တဲ့ဘက်
ကကူညီမယ့် သူတွေလည်း ရှိပါတယ်။ကျနော်ကိုယ်တိုင်
လည်း ငွေကြေးနဲ့ ဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်က ပါဝင်အား
ဖြည့်ပါ့မယ်။
အခြေနေ အကြောင်းတရား အမျိုးမျိုးကြောင့် သူ့ကို
ဂုဏ်မပြု၊မချီးမြှင့် နိုင်သေးရင်တောင် သူ့ကို မဝေ
ဖန်၊မတိုက်ခိုက်ကြဖို့ တောင်းဆိုလိုပါတယ်။
အရာရာတိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ခေတ်
နဲ့ အညီ ပြုပြင် ၊ပြင်ဆင်၊ပြောင်းလဲလိုက်ရတဲ့ အရာတွေ
များစွာ ရှိပါတယ်။အဲဒီအရာများစွာထဲမှာ စာပေဟာ
လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။
အဲဒီသဘာဝကြီးရဲ့ သဘောတရားကို နားလည်ပေမယ့်
မူရင်းကို ဖျက်ဆီးပြီး အသစ်ဖန်တီးတာမျိုးက မဖြစ်သင့်
ပါဘူးထင်ပါတယ်။
လိုအပ်လို့ ပြုပြင် ပြင်ဆင်တာမျိုးကိုဘာမှမပြောလို
ပေမယ့် မူရင်း အာဘော် ပျက်တဲ့ အထိပြင်ဆင်တာမျိုး
က ပြုပြင်တာ မဟုတ်ဘဲ ဖျက်ဆီး ရာကျနေပါလိမ့်မယ်။
တစ်နည်းအားဖြင့် ကနဦး တီထွင် ဖန်တီးသူကို အထင်
မြင်သေး ရှုတ်ချရာ ရောက်ပါတယ်။
သူ့ကို မလေးစာချင်ရင် နေပါ။မကဲ့ရဲ့ကြပါနဲ့။အသိမှတ်
မပြုချင်နေပါ။မတိုက်ခိုက်ကြပါနဲ့။မထိုးနှက်ကြပါနဲ့။
ဘယ်သူဘာပဲပြောပြော သူဟာ ကျနော်တို့ထက်ပို ရှေ့
ရှောက်သူပါ။
ကျနော်တို့ မတွေးခင်၊မမြင်ခင်ကတည်း ကြိုမြင်၊ကြို
တွေးထားသူပါ။လက်တွေ့ကျကျ လုပ်ဆောင်သူပါ။
သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။Daai
လူမျိုးတွေအနေနဲ့ သူ့ရဲ့ ကြိုးစားလုပ်ဆောင်မှုကို အသိ
မှတ် ပြု လက်ခံစေချင်တယ်။
မိမိလူမျိုးကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ အရာရာမှာ
အနစ်နာခံပေးဆပ်သူပါ။Daai စာပေနဲ့ ပါတ်သက်လာ
ရင် သူ့ကို လုံးဝ လျစ်လျှူ ရှု့ လို့ မရနိုင်ပါဘူး။ဘေး
ဖယ်ထားလို့လည်း မရနိုင်ပါ။
Copy ဘယ်လောက်တော်တော် မူရင်းထက်တော့ ပို
မကောင်းနိုင်ပါဘူး။တကယ်တော်နေ၊တတ်နေ၊သိနေရင်
မူရင်းမပါပဲ တစ်ခြား စာပေ တီထွင်ဖန်တီးကြပေါ့။
ကိုယ်မလုပ်နိုင်တဲ့အရာကို လုပ်နိုင်တဲ့သူကို ချီကျူးပေး
ရမယ်။အသိအမှတ်ပြုပေးရမယ်။ဒါဟာ လွူကျင့်ဝတ်ပဲ။
တစ်နည်း အားဖြင့် လူသားဆန်ခြင်းရဲ့ အမှတ်အသား
တစ်ခုပဲ။
သူများလုပ်တာကို မကြိုက်ရင် ကိုယ်တိုင်အရင်လုပ်ပါ။
ကိုယ်တိုင်လည်းမလုပ်နိုင်ဘဲ လုပ်တဲ့လူတွေကိုလည်း
အားမရ၊မနာလို ဝန်တို စိတ်နဲ့ အမြဲ ဘုကလန့် ၊လိုက်တိုက်
ခိုက်နေရင် ကိုယ့် အဆင့်အတန်းကို သိလို့ရနေပါပြီ။
နိဂုံးချုပ်အနေနဲ့ ပြောရရင် Pasong Kheng Sho ကို
အသိမှတ်ပြု၊ဂုဏ်ပြုပေးတဲ့ စာအုပ်လေး တစ်အုပ်
လောက် ထွက်ရှိစေချင်တယ်။အဲဒီကိစ္စဟာ Daai လူမျိုးအားလုံးနဲ့ သက်ဆိုင်ပါတယ်။
သူ့ကို ဝေဖန် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး သူဟာ
လူသားမျိုးနွယ်စု တစ်ခုရဲ့ အသက်သွေးကြော ဖြစ်တဲ့
စာပေကို တီထွင်ပေးခဲ့သူမို့ ဂုဏ်ပြု ပေးကြပါပါစို့လို့
အကြံပြု တိုက်တွန်းလိုက်ရပါတယ်။
#ဆက်လက်ဖော်ပြပါမည်။
#လေးစားစွာဖြင့်
Daailand Heritage
22/11/2023
စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဂိမ်းတစ်ခုကစား
ကြရအောင် အမျိုးတို့ရေ..။ Daai နယ်မှာ အချောဆုံး
နဲ့ လူမှုဆက်ဆံရေး အတော်ဆုံး ရွာနှစ်ရွာရဲ့ အမည်
ကိုဖော်ပြပြီး kpay တစ်သောင်းလာယူကြပါ။
မိမိတို့ရဲ့ အမြင်များကို ဝင်ဆွေးနွေးပေးကြပါနော်။
မှတ်ချက်။ ။Admin ကရွာနှစ်ရွာရွေးထားပါတယ်။
Admin နဲ့ အမြင်တူရင် kpay တစ်သောင်း ရရှိပါမယ်။
21/11/2023
ချစ်ရတဲ့ အမျိုးတို့ရေ..။
မိမိတို့ လူမျိုးနဲ့သက်ဆိုင်တဲ့ စာပေလေးတွေ အရင်
လို ပုံမှန်အတိုင်း ပြန်တင်ပေးပါတော့မယ်နော်။ ထူးခြား
တဲ့ အစီစဉ်ကောင်းလေးတွေလည်း ပြင်ဆင်ထားပါတယ်။
ဆက်လက် ဖတ်ရှု့ အားပေးကြပါဦးနော်💕🙏❣
Daailand Heritage
" #လူမျိုးဂုဏ်ကိုမြှင့်တင်ပါ.."ကိုယ့်လူမျိုးကို အမှန်တကယ် ချစ်တယ်ဆိုရင်လူမျိုးဂုဏ် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ကိုယ့်လူမျိ...
16/09/2023
" #လူမျိုးဂုဏ်ကိုမြှင့်တင်ပါ.."
ကိုယ့်လူမျိုးကို အမှန်တကယ် ချစ်တယ်ဆိုရင်
လူမျိုးဂုဏ် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ကိုယ့်
လူမျိုးဂုဏ်ကို မြှင့်တင်ဖို့က လူမျိုးစုတိုင်းရဲ့
တာဝန် ဝတ္တရား တစ်ခုပဲဖြစ်ပါတယ်။
လူတချို့က ဒီလို ထင်တတ်ကြတယ်။ကိုယ့်လူမျိုး
ဂုဏ်ကို မြှင်တင်ဖို့ ဆိုတဲ့ နေရာမှာအခြားလူမျိုးများ
ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို တန်ဖိုးမထား
ဖို့၊ဂရုမစိုက်ဖို့၊မလေးစားဖို့နဲ့ မထီမဲ့မြင် ပြုဖို့ လို့တွေး
တတ်ကြတယ်။
တကယ်တော့ကိုယ့်လူမျိုးဂုဏ်ကို မြှင့်တင်ဖို့ အတွက် လူမျိုးခြားတွေနဲ့ ပြိုင်ဆိုင်ဖို့၊တိုက်ခိုက်ဖို့မလိုသလို သူတို့ရဲ့ ရိုးရာ၊ဓလေ့များကိုလည်း မုန်းတီးဖို့ မဟုတ်ပါ။
အခြားသူမျာရဲ့ ယဉ်ကျေးမှုကိုလည်း အသိမှတ်
ပြုပြီး တန်ဖိုးထားပေးတတ်ရပါမယ်။ ။
ဒါပေမယ့် လိုတာထက်ပိုပြီး လူမျိုးခြားများရဲ့
ဘာသာစကား၊ရိုးရာ၊ယဉ်ကျေးမှု နဲ့အနုပညာများ
ကို အထင်ကြီး၊ အားကျပြီး ကျင့်သုံး နေဖို့တော့
မဟုတ်ပါ။
ဒါဆို လူမျိုးဂုဏ်ကို ဘယ်လို မြှင့်တင်ရမလဲ။လွယ်
ပါတယ်။ကိုယ့်လူမျိုးကို အမှန်တကယ် ချစ်ရမယ်။
ဘယ်နေရာရောက်ရောက်ကိုယ့်စကားကိုပြောရမယ်။ ကိုယ့်စာပေကို ရေးရမယ်။ကိုယ့်ရဲ့ယာဉ်ကျေးမှု၊
ဓလေ့ထုံးစံနှင့် အနုပညာများကို တန်ဖိုးထား တတ်
ရမယ်။
မိမိလူမျိုးဂုဏ်ကို မြှင့်တင်ဖို့ လိုက်နာ ကျင့်သုံး
သင့်တဲ့ အရာတွေ များစွာ ရှိပါတယ်။အဲဒီအရာ
များစွာထဲက အဓိက အချက် (၇)ချက်ကို အောက်
မှာ ဖော်ပြ ပေးလိုက်ပါတယ်။
၁။ ။ကိုယ့်လူမျိုးထက် အခြားလူမျိုးကို သခင်လိုအ
ထင်ကြီး အားကိုးတာမျိုး မလုပ်ပါနဲ့။မိမိလူမျိုးကို
အခြားလူမျိုးနဲ့ နှိုင်းယှဉ်ပြီး မနှိမ်ပါနဲ့။လူမျိုးခြားတွေ
ကြားမှာ မိမိလူမျိုး အသုံးမကျတဲ့ အကြောင်း
ဘယ်တော့မှ မပြောမိပါနဲ့။
ကိုယ့်လူမျိုးကို အထင်မသေးပါနဲ့။ လိုအပ်လာ
ရင် ကိုယ့်လူမျိုးကို အချိန်မရွေး ခုခံ ကာကွယ်
တတ်ပါစေ။မကာကွယ်ချင်ရင်တောင် မရှုတ်ချ
မိအောင် ကြိုးစားပါ။
၂။ ။ကိုယ့်စာပေကို မြတ်နိုးပါ။ကိုယ့်စာပေထက်
အခြားလူမျိုးများရဲ့ စာပေကို နှစ်သက်ခုံမင် မြတ်
နိုးခြင်းကို ရှောင်ရှားပါ။
၃။ ။မလိုအပ်တဲ့နေရာမှာ လူမျိုးခြားစကားကို မပြော
ပါနဲ့။အခြားသော ဘာသာစကားကို ပြောဆိုပြီး ငါသိ၊
ငါတတ်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဂုဏ်မရှာပါနဲ့။
ကိုယ့်စကားကို တန်ဖိုးထားပါ။မြတ်နိုးပါ။ပြောဆို
ပါ။အထူးသဖြင့် Daai လူမျိုးအချင်းချင်းကြားမှာ
Daai ဘာသာစကား ပြောဆိုဖို့ မရှက်ပါနဲ့။မ
ကြောက်ပါနဲ့။ကိုယ့်စကားကို တန်ဖိုးပါ။
၎။ ။ကိုယ့်ရဲ့ ယဉ်ကျေးမှုထက် အခြားလူမျိုးများရဲ့
ယဉ်ကျေးမှုကို မမြတ်နိုးပါနဲ့။ကိုယ့်ယဉ်ကျေးမှုကို
မြတ်နိုးပါ။ကာကွယ်ပါ။ကိုယ့်ရဲ့ရိုးရာနဲ့ယဉ်ကျေးမှု
ကို အခြားလူမျိုးများအား ချပြဖို့ ဝန်မလေးပါနဲ့။
အခြေနေပေးတိုင်း နေရာတိုင်းမှာ ကိုယ့်ယဉ်ကျေး
မှုကို ချပြတတ်ပါစေ။Daai ရိုးရာ အ၀တ်အစားတွေ
ကို ဂုဏ်ယူ ဝံ့ကြွားစွာ ဝတ်ဆင်ပါ။(အစိုးရကတား
မြစ်ထားတဲ့နေရာတွေကလွဲလို့ပေါ့။)
၅။ ။အခြားလူမျိုးများရဲ့ ဓလေ့ထုံးစံကို ကိုယ့်ရဲ့
ဓလေ့ထုံးစံထက်ကျင့်သုံးတာမျိုးကို ရှောင်ကျဉ်ပါ။
ကိုယ်ရောက်နေတဲ့ နေရာတိုင်းမှာ ကိုယ့်ရဲ့ ဓလေ့၊
ထုံးစံကို ကျင့်သုံးပါ။သင့်ရဲ့ မျိုးဆက်သစ်များကို
လည်း ဓလေ့၊ထုံးစံ များကို လက်ဆင့်ကမ်းမျှဝေ
ပါ။အသိပေးပါ။ပြောပြပါ။သင်ကြား ပို့ချပေးပါ။
၆။ ။ကိုယ်ရာထူးထိုင်ခုံနေရာရဖို့ တစ်ခုတည်းနဲ့
လူမျိုးခြားဆီ မိမိလူမျိုးကို မရောင်းစားပါနဲ့။
ဘယ်အချိန် ဘယ်နေရာမဆို သင့်ရဲ့ လူမျိုးကို
ထိပါးစော်ကားလာသူရှိရင် ခုခံ ကာကွယ်ဖို့
ဝန်မလေးပါနဲ့။
၇။ ။ကိုယ့်လူမျိုး အသုံးမကျတဲ့ အကြောင်းအခြား
လူမျိုးများဆီမှာ မပြောပါနဲ့။လူမျိုးခြားနဲ့ တွေ့ရင်
ကိုယ့်လူမျိုးကို ချီးမွမ်းပါ။Daai လူမျိုးဖြစ်ရတာ
ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောဆိုပါ။မိမိလူမျိုး
ဟာ လူမျိုးကြီး ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ထုတ်
ဖော်တတ်ပါစေ။
အပေါ်မှာ ပြောပြထားတဲ့ အချက် (၇)ချက်ကို လိုက်
နာကျင့်သုံးခြင်းဖြင့် မိမိလူမျိုးဂုဏ်ကို မြှင့်တင်နိုင်
ပါတယ်။တကယ်လို့ မိမိတို့ရဲ့ လူမျိုးဂုဏ်ကို မမြှင့်
တင်နိုင်ခဲ့ရင်တောင် မိမိကြောင့် မိမိလူမျိုးဂုဏ်မငယ်
အောင် ပြုမူကျင့်ကြံ၊ကြိုးစား အားထုတ်သင့်ပါ
ကြောင်း အနည်းငယ် ရေးသား တင်ပြလိုက်ရပါတယ်။
#လေးစားစွာဖြင့်
Daailand Heritage
ှရေးသားတင်ပြသည်။
" #လူမျိုးခြားနဲ့အိမ်ထောင်ပြုခြင်းရဲ့ဆိုးကျိုး.."ခေါင်းစဉ်ကြည့်ပြီး ကျနော့်ကို လူမျိုးရေး အစွန်းရောက်လို့ မထင်ပါနဲ့ဦး။စ...
04/09/2023
" #လူမျိုးခြားနဲ့အိမ်ထောင်ပြုခြင်းရဲ့ဆိုးကျိုး.."
ခေါင်းစဉ်ကြည့်ပြီး ကျနော့်ကို လူမျိုးရေး အစွန်း
ရောက်လို့ မထင်ပါနဲ့ဦး။စာကို အဆုံးထိ ဖတ်ရင်
Post ရဲ့ ဆိုလိုရင်းကို သိရမှာပါ။
လောကကြီးမှာ အရာရာဟာ အမှားနဲ့ အမှန်၊
အဆိုးနဲ့အကောင်း ဒွန်တွဲ၊လွန်ဆွဲလျှက် ရှိနေပါတယ်။
ကိစ္စရပ်တိုင်းဟာ အမြဲတမ်း အမှန်တွေချည်း မဖြစ်
နိုင်သလို အမြဲတမ်းလည်း မှားမနေနိုင်ပါဘူး။ဒါဟာ သခါင်္ရတရားရဲ့ သဘောသဘာဝ တစ်ခုပါပဲ။
ထို့အတူပဲ။လူမျိုးခြားနဲ့ အိမ်ထောင်ပြုခြင်းမှာလည်း
ကောင်းတဲ့အချက်ရှိသလို မကောင်းတဲ့ အချက်လည်း ရှိပါတယ်။အခု Post မှာတော့ ကောင်းတဲ့အချက်ကို ခဏဘေးဖယ်ထားပြီးမကောင်းတဲ့ အချက်ကိုပဲအဓိက ဦးစားပေး ဖော်ပြသွားချင်ပါတယ်။(နောက်အပိုင်းမှ ကောင်းတဲ့ အချက်ကို ဖော်ပြသွားပါမယ်)
ဒီလိုပြောလို့ လူမျိုး ခြားနဲ့ အိမ်ထောင်မပြုရ
ဘူးလို့ မဆိုလိုပါ။ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်
ကို ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပါ
တယ်။လူမျိုးမတူ၊ဘာသာမတူလည်း ကိုယ့်ကိုယ် အမှန်တကယ် ချစ်ပြီး ကိုယ့်အပေါ် နားလည်ပေး
နိုင်မယ့် မည်သူ့ကို မဆို အိမ်ထောင်ဖက် အဖြစ်
ရွေးချယ် နိုင်ပါတယ်။
ဒါပေမယ့် လူမျိုးခြားနဲ့ အိမ်ထောင် ပြုရင် ဆိုးကျိုး
ဆိုတာထက် ထည့်စဉ်းစားရမယ့် အရာတွေများစွာ
ရှိပါတယ်။ကိုယ်ပုံမှန် ကျင်လည်နေတဲ့ ပတ်ဝန်း
ကျင်မဟုတ်လို့ သာမန်ထက် ပိုပြီး ကြိုးစား ညှိယူရ
မယ့်အပိုင်းတွေလည်း ရှိပါတယ်။(အဲဒီအကြောင်း
အရာကို" ကောင်လေးနဲ့Daaiပျိုမေများဖတ်ဖို့" ဆိုတဲ့ခေါင်းစဉ် လေးနဲ့ တစ်ခါ တင်ပြဖူးပါတယ်။)
ကျနော့် အသိတစ်ယောက်က လူမျိုးခြား မိန်းကလေး
နဲ့ လက်ထပ်ထားသူပါ။သူတို့မှာ ကလေး တစ်ယောက်
ထွန်းကားပြီး အိမ်ထောင်ရေးလည်း မဆိုးဘူး ပြောရ
မယ်။အပြန်အလှန် နားလည်မှုတွေနဲ့ တော်တော်လေး
ပျော်စရာ ကောင်းတဲ့ မိသားစု ကမ္ဘာငယ် လေးတစ်ခု
ပိုင်ဆိုင်ထားကြတယ်။
ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် သူ့မိဘ
နဲ့ သူ့အမျိုးသမီး တို့က တစ်ခါမှအပြင်မှာ မဆုံဖူး
ကြသလို ဖုန်းလည်း မပြောဖြစ် ကြပါဘူး။
တစ်နေ့တော့ သူငယ်ချင်းက သူ့အမျိုးသမီးနဲ့ သူ့ရဲ့
မိဘတွေကို ဖုန်းကနေ V Call နဲ့ စကားပြောခိုင်း
ခဲ့တယ်။သူငယ်ချင်းရဲ့ မိဘတွေက လုံးဝ ဗမာစကား နားမလည်ကြပါဘူး။အဲတော့ သူငယ်ချင်းက ကြား
ကနေ ဘာသာ ပြန်ပေးရတယ်။
ဘာသာပြန်နဲ့ ဆိုတော့ ထင်သလောက်တော့ မလွယ်
ကူခဲ့ပါဘူး။သူငယ်ချင်းရဲ့ မိခင်ကို ကြည့်လိုက်တော့
စိတ်ထဲမှာ ပျော်ရွှင်မှု၊ကြည်နူးမှု အပြည့်နဲ့ သူမရဲ့
ချွေးမလေးကို စကားတွေ အများကြီး ပြောချင်ခဲ့တယ်။
ဆိုဆုံးမချင်တယ်။သွန်သင်ချင်တယ်။လမ်းပြချင်တယ်။
သူမဖြတ်သန်းလာခဲ့တဲ့ ဘ၀ရဲ့အတွေ့အကြုံ၊အိမ်
ထောင်ရေး အတွေ့အကြုံနဲ့လူတွေရဲ့ အကြောင်း၊
လောကကြီးရဲ့ အကြောင်းတွေကို သူ့ချွေးမလေးအား ပြန်ပြီး ပြောပြချင်ခဲ့တယ်။
ဒါပေမယ့် ဘာသာစကား အခက်အခဲကြောင့် သူမ
ပြောပြချင်တဲ့ စကားလုံး အချို့ကို ပြန်ပြီး မြိုချပစ်
လိုက်ရတယ်။ပြီးတော့..... ဟာသနှောပြီးသူ့သားလေး
ကို ဒီလို ပြောလိုက်တယ်....။
"သားရေ....ဗမာစကားကို ဝယ်လို့ ရရင် ငါးမိနစ်
လောက် ဖြစ်ဖြစ် ဝယ်ချင်လိုက်တာ...။
အမေ့ချွေးမလေးကို ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ပီတိတွေ၊
ခံစားချက်တွေကို စကားလုံးအဖြစ် ထုတ်မပြောနိုင်လို့
အမေ စိတ်မကောင်းဘူး"ဆိုပြီး ပြောရင်း သူပါး
ပြင်ပေါ်မှာ စီးကျလာတဲ့ ပီတိ မျက်ရည်တွေကို သုတ်
လိုက်တာ မြင်ရတော့ ကျနော့်စိတ်ထဲ တစ်မျိုးကြီး
ဖြစ်သွားတယ်။
သူ့ချွေးမလေး ပြောလိုက်တဲ့ အသံကို
ကြားရပေမယ့် ပစပ်လှုပ်တာကို သာ မြင်ရပြီး
စကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်တဲ့အဖြစ်။
နားကြားလျှက်နဲ့ ကမ်းနေတဲ့ မိခင် တစ်ယာက်ရဲ့
နှလုံးသားမှာ ဘယ်လောက်တောင် ကြေကွဲနေ
မလဲ။တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
အဲဒါကျနော့် ရဲ့မျက်မြင် ကိုယ်တွေ့ ဖြစ်ရပ်မှန်တစ်
ခုပါ။ဟုတ်ပါတယ်။ဒီခေတ်ကြီးမှာ ဘာသာ စကားအ
ခက်အခဲက ကျနော်တို့အတွက် ဘာမှ ပြသာာနာမရှိ
ဘူးလို့ ထင်ရပေမယ့် ကျနော်တို့ရဲ့ မိဘတွေအတွက်
တော့ တကယ့် ကြေကွဲဝမ်းနည်းစရာ ဆုံးရှုံး နစ်နာမှု
ကြီး တစ်ခုလို ခံစားနေကြတာ ပါ။
သံယောဇဉ်နဲ့ မေတ္တာတရား ဆိုတာ လည်း စကားလုံး
ကို အခြေခံပြီး ဖြစ်တည်လာတာပါ။တစ်ယောက်နဲ့
တစ်ယောက် စကားအရင်ပြောကြမယ်။ပြီးရင် သံယော
ဇဉ် ဖြစ်ပြီး ချစ်လာကြမယ်။တွယ်တာ မြတ်နိုးလာ
ကြမယ်။အချစ်လည်း စကားလုံးနဲ့ စသလို အမုန်းဟာလည်း စကားလုံးနဲ့ စတာပါ။
လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ ဒီ
လောက်အရေးပါ အရာရောက်တဲ့ စကားလုံးကို ပုံဖော်ရာမှာ ဘာသာစကားဟာ အရေးအကြီးဆုံးပါ။
Daai ဘာသာစကား တစ်ခုတည်းပဲ တတ်မြောက်ကြ
တဲ့ ကျနော်တို့ရဲ့ မိဘတွေအတွက်တော့ လူမျိုးခြား
နဲ့ ပြောဆို ဆက်ဆံရာမှာ ဘာသာစကားဟာ အခက်အခဲ တစ်ခုအဖြစ် ရှိနေတာတော့ အမှန်ပါပဲ။ ။
ဖြစ်နိုင်ရင် ယဉ်ကျေးမှု တူ၊ရိုးရာတူ၊ထုံးတမ်းစဉ်လာ
လည်း တူပြီးဘာသာစကားလည်းတူတဲ့ မိမိ တို့ရဲ့ Daai လူမျိုးနဲ့ အိမ်ထောင်ပြုခြင်းဟာ ကျနော်တို့ရဲ့ မိဘတွေအတွက်တော့ ဘယ် အရာနဲ့မှအစားထိုး၊
တန်ဖိုးဖြတ်လို့ မရတဲ့ မွန်မြတ်ခြင်း တစ်ခုပါ။ဒါဟာ
တစ်နည်း အားဖြင့် မိဘကျေးဇူးဆပ်ရာလည်း
ရောက်ပါတယ်။
ကျနော်တို့ရဲ့ မိဘတွေ ကိုယ်တိုင်ကလည်း သူတို့
ချစ်တဲ့ သားသမီလေးတွေကို လူမျိုးတူတဲ့ Daai
လူမျိုးနဲ့ သာ အိမ်ထောင် ပြုစေချင်ကြတာပါ။ဒါဟာ
Daai မိဘတိုင်းရဲ့ ဆန္ဒအမှန်တစ်ခု ဖြစ်မှာပါ။
လူမျိုးခြားနဲ့ အိမ်ထောင်ပြုခြင်းက အတွေ့အကြုံ
အသစ်၊အမြင်သစ်နဲ့ ပတ်ဝန်းကျင်သစ်မှာ စွန့်စားရတာ
သဘောကျတဲ့ကျနော်တို့ လူငယ်တွေအတွက် အဆင်
ပြေပေမယ့် ကျနော်တို့ ရဲ့ မိဘတွေကတော့ တကယ့်
ကြီးမားတဲ့ စွန့်လွှတ် နစ်နာမှု ကြီး တစ်ခုအဖြစ် ရှု့ 
မြင် သုံးသပ် ခံစားနေကြ ရတုန်းပါပဲ။
အထူးသဖြင့်Daai ကောင်လေးတွေအနေနဲ့ လူမျိုး
ခြားနဲ့ အိမ်ထောင်ပြုမယ်ဆိုရင် မွေးလာမယ့် ရင်သွေး
ငယ်လေးတွေရဲ့ အနာဂတ်အတွက်လည်း ကြိုတင်
ထည့်သွင်း၊စဉ်းစားတတ်ဖို့ လိုအပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိမိယူတဲ့ အမျိုးသမီးဟာ
လူမျိုးခြားဆိုရင် မိမိမွေးလာတဲ့ ကလေးအတွက်
ဘာသာ စကားအခက်အခဲဖြစ်လာနိုင်ပါတယ်။ကိုယ့်
ကလေးကို ကိုယ်က Daai ဘာသာစကားနဲ့ သင်ပေး
မယ်။သူ့အမေကလည်း သူ့ ဘာသာစကားနဲ့ သင်ပေး
မယ်ဆိုရင် ကလေးအတွက် ခက်ခဲ ပါတယ်။
လူမျိုးခြားနဲ့ အိမ်ထောင်ကျပြီး မွေးလာတဲ့ တချို့
ကလေးတွေဆို ဘာသာစကား နှစ်ခု ကြားမှာ ညှပ်
မိနေတတ်ကြတယ်။
အသက် သုံး၊လေးနှစ် ကျော်နေတာတောင်
"အီအီ အာအာ အယ်အယ်"လို့ အော်ပြီးမှသာ
သူတို့လိုချင်တဲ့ အရာတစ်ခုခုကို ပူဆာတတ်ကြတယ်။
ဒီအရာတွေက ကိုယ့်ကလေးရဲ့ ညာဏ်ရည် ဖွံ့ဖြိုးမှု
လည်း နှောင့်နှေး ကြန့်ကြာ စေတတ်ပါတယ်။
ကလေးအများစုက ဖခင် ရဲ့ ဘာသာစကားထက်
သူတို့ မိခင်ရဲ့ ဘာသာစကားကိုပဲ ပိုပြီး တတ်မြောက်
ပြောဆိုတတ်ကြတယ်။ကလေးအများစုက မိခင်
နဲ့ အတူ အနေ များတော့ ဒီလို ဖြစ်တာ သဘာဝ
ကျပါတယ်။
ဒီလို အကြောင်းအမျိုးမျိုးကြောင့် Daai လူမျိုး
ဖြစ်ပြီး Daai ဘာသာစကား မသိနား မလည်တဲ့ ကလေးငယ်တွေ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အများကြီး တွေ့မြင်နေရပါတယ်။
ဒီလိုသာ ဆက်သွားနေရင် သိပ်မကြာမီ ကာလမှာ
ကျနော်တို့ရဲ့ မိခင်Daai ဘာသာစကားလည်း ပျောက်
သွားနိုင်ပါတယ်။
ဒါကြောင့် ဘယ်လူမျိုး၊ဘယ်ဘာသာဝင်ပဲ ယူယူ၊
ကိုယ့်ရဲ့ မိခင်ဘာသာ စကားကို တန်ဖိုးထားပါ။
မြတ်နိုးပါ။ကိုယ့်ရဲ့ ရင်သွေး ငယ်လေးများကိုလည်း
Daai ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုတတ်တဲ့
အထိ သင်ယူလေ့ကျင့်ပေးပါ။
တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မိမိလူမျိုးနဲ့ အိမ်
ထောင်ပြုတာက အကောင်းဆုံးပါပဲ။သူ့မိဘ၊
ကိုယ့်မိဘ နှစ်ဦးနှစ်ဖက် နားလည်ပေးနိုင်တယ်။
ရိုးရာ၊ယဉ်ကျေးမှု၊ထုံးတမ်းစဉ်လာ တွေလည်း
အများကြီး ညှိယူစရာ မလိုတော့ပါဘူး။
နိဂုံးချုပ်ရရင် လူမျိုးခြားနဲ့ လက်ထပ်ခြင်းထက်
မိမိလူမျိုးနဲ့ လက်ထပ်ခြင်းက မိဘတွေအတွက်ရော၊
ရင်သွေးငယ်လေးအတွက်ပါ အများကြီး အထောက်
အကူဖြစ်စေပါကြောင်း တင်ပြလိုက်ရပါတယ်။
#လိုအပ်ချက်နဲ့အမှားအယွင်းများရှိခဲ့ရင်အပြုသဘောနဲ့
#ဝေဖန်အကြံပြုပေးကြဖို့မေတ္တာရပ်ခံပါတယ်။
Daailand Heritage
ှရေးသားတင်ပြသည်။
Address
Website
Alerts
Be the first to know and let us send you an email when Daailand Heritage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?
Share