MEZZO Studio Recording

  • Home
  • MEZZO Studio Recording

MEZZO  Studio Recording Musical production

04/10/2023

coming soon

04/02/2023
04/02/2023
22/12/2022

တစ်ယောက်တည်းနဲ့ - လေးဖြူ (Iron Cross)

Drum Cover By Naw Kaung

Mixing & Mastering - Ko Hay Man

#တစ်ယောက်တည်းနဲ့ #လေးဖြူ

22/12/2022

သတ္တုရဲ့မြစ်ဖျား (Velocity - tribute version) 🤘🤘

Drum Cover by Naw Khant

Mixing & Mastering - Ko Hay Man

#သတ္တုရဲ့မြစ်ဖျား

Music Producer တစ်ဦးဖြစ်အောင်ဘာတွေပြင်ဆင်ရမလဲ ????အကယ်လို့ သင်ဟာဈေးကွက်မှာ လူကြိုက်များတဲ့တေးဂီကိုတီးခတ်ထုတ်လုပ်ချင်သူဖြ...
18/10/2022

Music Producer တစ်ဦးဖြစ်အောင်ဘာတွေပြင်ဆင်ရမလဲ ????

အကယ်လို့ သင်ဟာဈေးကွက်မှာ လူကြိုက်များတဲ့တေးဂီကိုတီးခတ်ထုတ်လုပ်ချင်သူဖြစ်စေ ဒါမှမဟုတ် အဆိုတော်ပါဝင်တဲ့ တေးဂီတ ကိုထုတ်လုပ်ချင်သူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် တေးသီချင်းတီးခတ်ခြင်းကို စိတ်ဝင်စားပြီးထိုလုပ်ငန်းကို သင့်အနေနဲ့ အတန်အသင့်လုပ်ဆောင်နေပြီဆိုရင် ဒါဟာ သင့်ရဲ့ "စံပြ "အသက်မွေးဝမ်းကျောင်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Music Producerတစ်ဦးဟာ အခြေခံအားဖြင့် အခြားအနုပညာရှင်များ ဒါမှမဟုတ် မိမိကိုယ်ပိုင် Projectများအတွက် သီချင်းNote များရေးသားခြင်း ၊Arragement များနှင့် Recording အစအဆုံး ကိုစနစ်တကျ ကိုင်တွယ်လုပ်ဆောင်ပေးရပါတယ်။ ဂီတထုတ်လုပ်သူ (Music Producer)ဖြစ်ဖို့ဆိုတဲ့အခါမှာ သင်လုပ်‌ဆောင်ချင်တဲ့အရာကို ကောင်းမွန်စွာခိုင်းစေလုပ်‌ဆောင်နိုင်ရန်အတွက် ဂီတနဲ့သက်ဆိုင်သောအသိပညာနဲ့ ကျွမ်းကျင်မှုများ ရှိရန်လိုအပ်ပါတယ်။ဒီလိုသက်ဆိုင်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုကိုရရှိစေရန်အတွက်အခြေခံကျတဲ့ အချက်‌တွေကို ကျွန်တော်တို့ဆွေးနွေးသွားပါ့မယ်။

1.ဖန်တီးမှုအားကောင်းအောင် Creativeဖြစ်အောင်သင်ယူပါ။

တီထွင်ဖန်တီးနိုင်တယ်ဆိုတဲ့အရာဟာ အတက်အကျများစွာနဲ့ကျဆုံးနိုင်ချေ တကယ့်ကိုမြင့်မားပါတယ်။ သင်ဖန်တီးလိုက်တဲ့ သီချင်းအပေါ်မှာ ပြင်းထန်တဲ့ဝေဖန်မှုတွေရှိသည့်တိုင် ခံနိုင်ရည်ရှိဖို့လိုသလို ကွန်ပျူတာရှေ့မှာ "လူနဲ့အချိန်"ပေးဆပ်ရတာတွေလည်းသည်းခံနိုင်ရပါမယ်။

သင်ဖန်တီးလိုက်တဲ့ တေးဂီတအားလုံးသည် အမိုက်စားအမြဲဖြစ်နေသော်လည်းကောင်း ၊မဖြစ်ခဲ့သော်လည်းကောင်း ရှုံးနိမ့်မှုဆိုတာဟာ လုပ်ငန်းစဉ်ရဲ့ တစိတ်တစ်ပိုင်းဖြစ်တာကြောင့် သင်ယုံကြည်မှုနဲ့တည်ဆောက်ထားတဲ့ တေးသီချင်းတွေအပေါ်မှာ 100ရာခိုင်နှုန်း အောင်မြင်ရမယ်လို့ စိတ်အမြဲထားလို့မရပါဘူး။ဂီတကိုဖန်တီးနိုင်ရန်အတွက် သင်ယူခြင်းဆိုတာဟာ ဝါသနာသက်သက်သာဖြစ်ပြီး ဂီတကိုမိမိကိုယ်တိုင်ကနှစ်သက်မြတ်နိုး၍ စနစ်တကျနဲ့အချိန်တစ်ခုပေးမှသာ Professional အဖြစ်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်သင်ဟာ သင့်ရဲ့ Comfort Zone ထဲကထွက်ပြီးစိန်ခေါ်မှုအသစ်တွေနဲ့ ကိုယ့်ကိုယ်ကို တင်ပြပြီး Goalတွေကိုသတ်မှတ်ပါ။ဒီလိုလုပ်ဆောင်ချင်းဟာ တနေ့ကိုသီချင်းအနည်းဆုံးတစ်ပုဒ်လောက်ပြီးအောင်လုပ်သလိုမျိုးဖြစ်နိုင်ပါတယ်။ဉပမာ - အသံသွင်းတာဖြစ်ဖြစ်၊သီချင်းရေးတာပဲဖြစ်ဖြစ်၊instrument တစ်ခုခုကိုတီးနေတာပဲဖြစ်ဖြစ် သင်ကိုယ်တိုင် သတ်မှတ်ထားတဲ့ Goalတွေကိုရောက်အောင် သေချာပြုလုပ်ပါ။စိတ်ကူးစိန်သန်းနှင့် အတွေးများအား တံခါးဖွင့်ပါ။

2. Music Theoryကို စနစ်တကျသင်ယူပါ။

Music Producer ဖြစ်ချင်ကြတဲ့လူငယ်အချို့ဟာ Music Theory သင်ယူရခြင်းရဲ့အကြောင်းအရင်းကို မမြင်ဘဲအလုပ်ရှုပ်စရာကိစ္စ ၊ငြီး‌ငွေ့စရာကိစ္စတစ်ခုအဖြစ် ရှုမြင်တက်ကြပါတယ်။ခုလို DAWတိုးတက်လာတဲ့ခေတ်မှာ အချိန်ဖြုန်းပြီးတကယ်မလိုအပ်ဘူးလို့တောင် ထင်တက်ကြပါတယ်။

Music Theoryဟာ ဂီတထုတ်လုပ်သူ Music Producerများအား ဂီတအပိုင်းအစတွေရဲ့အလုပ်လုပ်ပုံကို ကူညီပေးပြီး တေးဂီတစ်ခုကိုလေ့လာတဲ့အခါမှာလည်း Note တစ်ခုကို ဘာကြောင့်ရွေးချယ်ခဲ့တာလည်း၊ဘာကြောင့် ဒီNote ကို အနိမ့်မှာထားလဲ အမြင့်မှာထားလဲ စတာတွေကိုနားလည်စေဖို့အတွက် စနစ်တကျကူညီပေးပါတယ်။ဒီလို Music Theory သင်ယူခြင်းဟာ သင့်အား ဘက်စုံဂီတပညာရှင်တစ်ဦးဖြစ်ရန်ကူညီပေးမှာဖြစ်ပြီး ဂီတတွင်လည်း ပိုမိုအောင်မြင်တိုးတက်စေနိုင်မှာဖြစ်ပါတယ်။

3.ဂီတတူရိယာတစ်ခုခုကို လေ့လာပါ။

Music Producerဖြစ်ချင်တဲ့ သူဟာ ဂီတတူရိယာတစ်ခုခုကို သင်ယူသင့်ပါတယ်၊အကယ်၍မသင်ယူဖြစ်ခဲ့ပါက သင့်ကိုသင်ကြီးမားသောအားနည်းချက်တစ်ခုအဖြစ် သင်ကိုယ်တိုင်ခံစားရနိုင်ပါတယ်။ဂီတတူရိယာတစ်ခု တီးခတ်နိုင်ခြင်းဟာ အခြားဂီတသမားများနှင့် ကျွမ်းကျင်ပညာရှင်များက သင့်အားပို၍အလေးနက်ထားစေပါတယ်။

4.တကယ်လိုအပ်တဲ့ Music Equipmentများအားဝယ်ယူပါ။

ကျွန်တော်တို့ တေးဂီတထုတ်လုပ်ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့သီချင်းတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့အတွက် တကယ်လိုအပ်တဲ့ Music Equipment တွေရှိဖို့လိုအပ်ပါတယ်။ဒီလိုဝယ်ယူတဲ့နေရာမှာ မိမိခိုင်းစေချင်တဲ့ပမာဏနဲ့ကိုက်ညီမယ့် Computer/MIDI Controller/Speaker/Audio interface /Microphone/Headphones တွေကို ရွေးချယ်ဝယ်ယူရပါလိမ့်မယ်။အကယ်လို့ သင်ဟာ Hip Hop Producerတစ်ဦးဖြစ်ပါက MPC / Vinyl DJ တို့မရှိမဖြစ် ထပ်‌ဆောင်းဝယ်ထားသင့်ပါတယ်။

5. DAW (Digital Audio Workstation) အသုံးပြုနည်းကို လေ့လာပါ။

DAW သည် Digital Audio Workstation ကို ကိုယ်စားပြုပြီး– ၎င်းသည် အသံသွင်းခြင်း၊ ရောနှောခြင်း၊ တည်းဖြတ်ခြင်းနှင့် Digital Audioကိုလုပ်ဆောင်ခြင်းအတွက် အသုံးပြုသည့် ဆော့ဖ်ဝဲအမျိုးအစားတစ်ခုဖြစ်ပါတယ်။DAW ဟာအခြေခံအားဖြင့် သင့်အား တေးဂီတဖွဲ့စည်းတီးခတ်သည့်အခါတွင် အသံအားလုံးကို လွယ်ကူစွာစုစည်းနိုင်စေပြီး အလိုအလျောက်စနစ်များပါဝင်ကာ တူရိယာအားလုံးနှင့်Pluginနဲ့ပတ်သက်သည့် အရာအားလုံးကို သင်ထိန်းချုပ်‌ စေနိုင်ပါတယ်။

Digital Audio Workstations ရဲ့ကောင်းမွန်တဲ့အချက်မှာ ၎င်းတို့သည် plugins များပါရှိပြီး သင့်အား ရိုးရှင်းသော EQ နှင့် Vintage Compressorများ၊Emulationများ ပြုလုပ်ခြင်းအထိ အရာအားလုံးကို လုပ်ဆောင်နိုင်စေပါတယ်။

ဆက်ရန်....

6. သင့်ရဲ့ပထမဆုံး သီချင်းကိုစတင်ဖန်တီးပါ။
7. သီချင်းတစ်ပုဒ်ကို ဘယ်လို Mix လဲလေ့လာပါ။
8. Social Mediaမှာ သင့်ရဲ့သီချင်းကို Shareလုပ်ပါ။
9. အခြားmusic producersတွေနဲ့ Collabလုပ်ပါ။
10.Music Studioကြီးတွေဆီမှာ Volunteerလုပ်ပြီး အတွေ့အကြုံ‌ကောင်းများရယူပါ။

အားလုံးအဆင်ပြေကြပါစေ🙏MEZZO Studio Recording မှလည်းတေးသီချင်းများလက်ခံလျှက်ရှိပါတယ်

Internal Digital Value ဆိုတာဟာဘာလဲ???(Revision)Internal Digital Valueဆိုတာဟာ သီချင်းထဲမှာရှိတဲ့ Plus Stage or Minus Stag...
14/10/2022

Internal Digital Value ဆိုတာဟာဘာလဲ???(Revision)

Internal Digital Valueဆိုတာဟာ သီချင်းထဲမှာရှိတဲ့ Plus Stage or Minus Stage ( Sine Wave )တွေရဲ့ Phase Rotation /File Symmetry အစရှိသည်တို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့တွေဟာအစရှိတဲ့ Internal Digital Valueတွေကိုမှန်ကန်စေရန်အတွက် Audio Masteringမတိုင်မှီမှာ မှားယွင်းနေတဲ့ Artifact တွေကိုစနစ်တကျရှင်းလင်းပေးရပါတယ်။ ဒီလို Artifactကိုရှင်းလင်းတဲ့အခါမှာ Phase Rotation မမှန်ကန်ခြင်း /Sine Wave ရဲ့ Plus and Minus Stage များ မညီမျှခြင်းများကို False Internal Digital Valueလို့ခေါ်ဆိုကြပါတယ်။

(တေးဂီတထုတ်‌လုပ်ရေးတွင် Phase နဲ့ Similar Signals တွေရဲ့ဆက်နွယ်မှုတွေဟာ Artistတွေကို အဆုံးမရှိသော စွဲဆောင်မှုရဲ့ အရင်းအမြစ်တစ်ခုဖြစ်‌စေပြီး Phase Manipulation မရှိရင်လည်းကျွန်တော်တို့ရဲ့ နေ့စဉ် Audioဘဝမှာ Stereo Sound /Reverb/Flanging နှင့် တခြား Audio ဖြစ်စဉ်တွေကိုလည်း ခံစားရရှိနိုင်မှာမဟုတ်ပါဘူး။)

ဒီလို Internal Digital Value ကိုပြုပြင်ပြောင်းလဲတဲ့အခါမှာ သီချင်းရဲ့ RMS (Root Mean Square) Level ကိုလုံးဝထိခိုက်မှုမရှိစေပေမယ့် internal Digital Value ရဲ့ dB ကိုတော့ မဆိုသလောက်လျော့နည်းသွားစေတက်ပါတယ်။ဒီလိုပြောင်းလဲမှုကြောင့် Headroomလည်းအနည်းငယ် လျော့နည်းစေပြီး Mastering လုပ်တဲ့ Engineerကိုလည်းအသက်ရှူချောင်စေပါတယ်။

ဒီလိုပြဿနာနဲ့ပါတ်သတ်လို့ မဖြေရှင်းခဲ့ရင်လူ
တော်တော်များများက သီချင်းမှာ ဘာတွေထိခိုက်မှုရှိလာနိုင်သလဲ၊ဘယ်လို ပြီးမြောက်အောင်ဖြေရှင်းမလဲ?ဆိုတဲ့ မေးခွန်းတွေလည်းမကြာခဏဆိုသလိုတွေ့ရတက်ပါတယ်။ဒီလို Internal Digital Value ရဲ့ Artifactတွေကို မ‌ဖြေရှင်းတဲ့အခါမှာ မလိုအပ်ပဲ သီချင်းမှာDistortionတွေများတာ ၊Phase Rotation ပြဿနာကြောင့် အသံရဲ့လားရာ‌တွေမရှင်းလင်းတာ စတဲ့ပြဿနာတွေနဲ့ အများဆုံးကြုံတွေ့ နိုင်ရပါတယ်။

အကောင်းဆုံးဉပမာအနေနဲ့ ကျွန်တော် Artist တစ်ယောက်ရဲ့ သီချင်းကို Masterလုပ်ပေးတုန်းကExact Mix ရဲ့ Guitar Valueဟာ နှစ်ဆ ဖြစ်သလိုခံစားရပြီးတော့ Distortionလည်းပါလာသလို ဖြစ်နေပါတယ်။ကျွန်တော်ကလည်း ဒီလို Distortionမျိုးကို မလိုချင်တာကြောင့် Mixing Processကိုပြန်ပြီးစစ်တော့လည်း Guitar က Duplicateဖြစ်တာ Doubleဖြစ်တာမျိုးမရှိပြန်ဘူး။

ဒီတော့မသင်္ကာတာနဲ့ Sine Wave ရဲ့ Positive Negative Stage‌ တွေကို Izotpes RXနဲ့စစ်လိုက်တော့ Sine Wave ရဲ့ Plus Stageဟာ Negative Stageထက် အတော်များနေတာကိုတွေ့ရတယ်။ဒီတော့ Internal Digital Value မှန်ကန်ဖို့က ဘယ်လောက်ထိအရေးပါလာသလဲဆိုတာကို သတိထားမိလာပြန်ပါတယ် ။ဒီလို Artifactတွေကို ဖြေရှင်းတဲ့အခါမှာ Softwareများဖြင့်တိကျစွာ ဖြေရှင်းနိုင်ပြီးတော့ သီချင်းတွေကိုလည်း Distortionမရှိ‌စေပဲ ပြီးပြည့်စုံမျှတစေပါတယ်။

အားလုံးအဆင်ပြေကြပါစေ။
မူရင်းပို့စ်အား crdပေးပါတယ်

09/08/2022

🤘🤘

ဟီဟီး.....
08/08/2022

ဟီဟီး.....

🕴🕴🕴
19/07/2022

🕴🕴🕴

17/06/2022

မျိုးဆက်သစ်ညီငယ်များအောင်မြင်ပါစေ💛

မိုနိုလီဆာ😑
01/06/2022

မိုနိုလီဆာ😑

🎨 Mono Lisa
📷 instagr.am/akiyoshikitaoka
▶️ avid.com/pro-tools

🤒🤒😰😰
07/05/2022

🤒🤒😰😰

😛😛
11/04/2022

😛😛

07/03/2022
Magic Frequencies ဆိုတာဘာလဲ?(Revision 2022)Mastering မတိုင်မှီ သီချင်းမှာမလိုအပ်တဲ့ အသံတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေတာဟ...
29/01/2022

Magic Frequencies ဆိုတာဘာလဲ?(Revision 2022)

Mastering မတိုင်မှီ သီချင်းမှာမလိုအပ်တဲ့ အသံတွေကိုရှင်းရှင်းလင်းလင်းဖြစ်စေတာဟာ ကောင်းမွန်တဲ့ Mix /Master ကိုသွားဖို့ အရေးပါတဲ့လမ်းကြောင်းတစ်ခုလို့ဆိုရမှာပါ။ကျွန်တော်တို့တွေ Mix လုပ်တဲ့အခါမှာ Instrument တစ်ခုချင်းစီရဲ့ Frequency Spectrum တွေကို Focus ထားချင်းဖြင့် Instrument တွေရဲ့ Tone တွေShape‌တွေဟာ သေသေသပ်သပ်နဲ့ Great Sounding Mix တစ်ခုဖြစ်လာစေပါတယ်။Equalizing တွေကိုအသုံးပြုတဲ့အခါမှာ တူရိယာတွေရဲ့အသံကို Sound Full ဖြစ်အောင် /Clarity ဖြစ်အောင် /တူရိယာ တစ်ခုချင်းစီရဲ့ Own Frequency Range တွေနဲ့ Fit ဖြစ်အောင် Primary Equalizing အနေနဲ့ လုပ်ဆောင်ကြရပါတယ်။ အဲ့ဒီအချက်တွေကို အသေးစိတ်လုပ်ဆောင်ဖို့ Magic Frequency အနေနဲ့ပြောရရင် အဓိကအားဖြင့် Frequency အုပ်စုကြီး 6band ရှိပါတယ်။

BASS (16Hz(20Hz) to 60Hz)

လူကြားနိုင်တဲ့ 20Hz ကနေ 60Hz မှာရှိတဲ့ SUB BASS Frequency ဟာ Low End အပိုင်း ဖြစ်ပြီးတော့ more bassy ကိုပိုခံစားရပါတယ်။ယခုနောက်ပိုင်း ခေတ်စားလာတဲ့ Genres တွေဟာ SUB Bass ကို Power of the Sound လို့ ပြောရအောင် နေရာပေးလာပါတယ်။အဲဒီ့ Frequency အတွင်းမှာ Boost လုပ်ရင် သီချင်းဟာ Muddy( ထူထူထဲထဲ) အရသာကိုရရှိစေမှာပါ။

(60Hz to 250Hz)

60Hz ကနေ 250Hzဟာအခြေခံအကျဆုံး Bass ရဲ့ Rhythumic Section လို့ပြောလို့ရပါတယ် ။အဲ့ဒီ Frequency အတွင်းမှာBoost အနဲ /အများပေါ်မူတည်၍ သီချင်း affect ဟာ thickness /Fatness low tone ကိုရရှိလာစေမှာပါ။

Mids (250 Hz to 2000Hz)

250Hz ကနေ 2000Hz ကြားမှာရှိတဲ့ Frequency Range ဟာ Musical Instrument တွေကို လိမ်လည်နေတဲ့ Frequency တစ်ခုလို့ပြောလို့ရပါတယ်။ Engineer အများစုဟာ 300Hz တဝိုက် ကို Devil Frequency လို့တောင်ပြောကြပါတယ်။အဲ့ဒီ Frequency နားတစ်ဝိုက် ကို Boost လုပ်မယ်ဆိုရင် Telephone သံလိုအူအူအုံ့အုံ့ ကြီး ထွက်လာမှာပါ။ဒီ ကြားထဲမှာရှိတဲ့ Frequency ဟာ နာမည်ဆိုး နဲ့ကျော်ကြားပါတယ်။သတိထားပြီး လုပ်ဆောင်ရမဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Mids (2000Hz to 4000Hz)

High Mids Frequency မှာ Vocal ရဲ့ Quality အမြောက်အမြား ကိုလွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။သူ့ကိုခပ်များများ Boost လုပ်ရင်တော့ Speech element တွေဟာမရှင်းမလင်းမသဲမကွဲတွေ ဖြစ်တက်ပါတယ်။လူတော်တော်များများဟာ အဆိုတော်ရဲ့အသံကို ဂရုတစိုက် နားထောင်နေကျမို့လို့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ /အသံကြည်လင်ဖို့ အရေးကြီးပါတယ်။အဲ့ဒီ Frquency မှာ အလုပ်လုပ်ရင် Helpful Trick အနေနဲ့ Instrument တွေကို လျော့ချပေးခြင်း သို့မဟုတ် Side Chain Compression လုပ်တာကအကောင်းဆုံးသော Vocal Trick တွေပါပဲ။

(4000Hz to 6000Hz)

ဒီ Frequency ဧရိယာဟာ Vocal နဲ့ Instrument တွေရဲ့ အသံကြည်လင်တဲ့အပိုင်း အရေးကြီးဆုံးအပိုင်းလို့ဆိုရမှာပါ။ဒီ Frequencyတွေဟာ အသံရဲ့အကွာ အဝေးကို ဖော်ပြနိုင်တယ် ဆိုလည်းမမှားပါဘူး။သီချင်းကိုနားထောင်တဲ့ပရိတ်သတ်တွေဟာ Vocal ကို In your Face ဖြစ်တာကိုပဲသဘောကျတာဖြစ်တဲ့ အတွက် ဒီ Frquency ကို Boost အနဲအများလုပ်ခြင်းဟာ သင်ရဲ့ အသံကို ကောင်းမွန်တဲ့ Result တွေ ဖြစ်လာစေမှာပါ။

( 6000Hz to 16000Hz)

ဒီ Frquency ဟာအသံတွေရဲ့ တောက်ပကြည်လင်ဆုံးအပိုင်းလို့ဆိုနိုင်ပါတယ်။ Hi Hat/Cymbal အစရှိတဲ့ Instrument တွေ / Vocal ရဲ့ Sibilance အသံတွေအများဆုံးတည်ရှိတဲ့အပိုင်းလို့ဆိုရမှာပါ။ ဒီFrequency ကို Boost တာများရင်တော့ ခပ်စူးစူးလျလျအသံမျိုးတွေက သီချင်းမှာပြည့်နေပြီးတော့ နားထောင်သူကိုလည်း မောပန်းနွမ်းနယ်စေပါတယ်။

အချုပ်အနေနဲ့ ဒီလို Frequency Balance ကို Adjust လုပ်တဲ့အခါမှာ Mixကို အတန်အသင့်နားထောင် ဖို့ကအရေးကြီးပါတယ်။နာရီဝက် /၄၅မိနစ်ခန့်သာချိန်ပြီး နားကို ခဏအနားပေးသင့်ပါတယ်။ အကယ်၍ဒီလို အနားမယူဘူးဆိုရင် ကျွန်တော်တို့အလုပ်လုပ်နေတဲ့နားဟာ Frquency တွေကိုရှင်းလင်းမှုမရှိတော့ဘဲ နားထောင်အား တွေကျလာနိုင်ပါတယ်။နားရဲ့ကျန်းမာရေးလည်းအထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အသံနှင့်နားကျန်းမာရေး

အသံနှင့်နားကျန်းမာရေးဆောင်းပါးမှ ကောက်နှုတ််ဖော်ပြပါသည် ။

Aviod Ear Fatigue
(နားပင်ပန်းမှုကိုရှောင်ကျဉ်ပါ)

နားပင်ပန်းမှုဆိုတာဟာ သာမန်ဂီတကိုခံစားနားထောင်သူဖြစ်စေ၊ Technical Point of View အရ ဝေဖန်ပိုင်းခြားနားထောင်စွမ်းရည်တဲ့ ရှိတဲ့ Artistတွေ၊အင်ဂျင်နိယာတွေဖြစ်စေ အာရုံလှုပ်ဆော်မှု‌တွေ ထိတွေ့မှု‌တွေများလာတာကြောင့် မည်သူမဆိုဖြစ်လာနိုင်တဲ့ ပင်နွမ်းနယ်မှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒီလိုထိတွေ့မှုများလာတာနဲ့အတူ နာကျင်ခြင်း၊ကိုက်ခဲခြင်းအပြင် အာရုံစူးစိုက်မှုဆုံးရှုံးတာတွေကိုပါ စတင်ကြုံတွေ့လာရတက်ပါတယ်။ဒီလိုပင်ပန်းမှုတွေထဲမှာ နားကိုအချိန်တစ်ခုနဲ့တစ်ခုကြား Relaxမလုပ်ဘဲ အချိန်အကြာကြီး Mix /Masterလုပ်နေတာမျိုးတွေအပြင် ၊Sound Pressure Levelအရမ်းမြင့်တဲ့ System တွေကို အချိန်တစ်ခုထိနားထောင်တာတွေကလဲ နားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

*မိတ်ဆွေတို့လဲကြုံဖူးကြမှာပါ ၊ညကတော့ သီချင်းကို ကိုယ်အကြိုက်ဆုံး ကာလာဖြစ်ပြီအထင်နဲ့ချိန်ထားတယ် မနက်နိုးတဲ့အချိန်ပြန်နားထောင်ကြည့်တော့ ကိုယ်ချိန်ထားတဲ့ သီချင်းကကိုယ်လိုချင်တဲ့ ကာလာမဟုတ်တော့ဘူး။ဒီလိုမျိုး Mixdownကို လောဘကြီးပြီး ကိုယ့်ရဲ့အာရုံစူးစိုက်မှုကိုအတင်းခိုင်းယူမိတာကြောင့် လွဲချော်တဲ့ အသံပုံဖော်မှုအမှားတွေကိုကြုံရတာပါ။ဒါဟာ Beginnerကစပြီး ကျွမ်းကျင်အဆင့်ရှိတဲ့အင်ဂျင်နိယာတွေမှာတောင်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပါ။

ကျွန်တော်ဒီလိုမျိုးဖြစ်စဉ်တွေကြုံတွေ့ရတဲ့ နောက်ပိုင်းမှာ နားပင်ပန်းမှုကို လျော့နည်းသက်သာစေတဲ့Multiple Small Session Mixdownဟာ များစွာ‌သောအကျိုးသက်ရောက်မှုရှိတာကို ကျွန်တော့်ရဲ့အတွေ့အကြုံအရသိလာရပါတယ်။ Multiple Small Sessionဆိုတာဟာ
Drum and Bass Groupလိုက်ဖြစ်စေ၊ Vocal Groupလိုက်ဖြစ်စေ ၊အုပ်စုတစ်ခုကိုတစ်ခါချိန်ညှိပြီးသွားတဲ့အခါမှာ ၅မိနစ်ကနေ၁၀မိနစ်အတွင်း အနားယူပေးတာဟာ နားပင်ပန်းမှုကိုလျော့နည်းစေပြီး ပိုမိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို ရရှိစေမှာပါ။ သို့ပေမယ့် Music Arrangementsလုပ်တာ Sound Degisnလုပ်တာတို့ကတော့ အပေါ်ကပြောသွားသလို Break အများကြီးလုပ်ဖို့မလိုအပ်ပြန်ပါဘူး။

Prevent Hearing Damage
(ပြင်းထန်တဲ့ နားထောင်ကြားနာမှုများကို ကာကွယ်ခြင်း)

ပင်ပန်းနွမ်းနယ်နေတဲ့အချိန်မှာ မိတ်ဆွေရဲ့အကြားအာရုံကို ယာယီပျက်စီးစေတယ်ဆိုတာကို အထက်မှာပြောသွားတဲ့Aviod Ear Fatigue မှာမြင်တွေ့ခဲ့ရပြီး United States အလုပ်သမားရေးရာဌာန၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးစီမံခန့်ခွဲမှုမှထုတ်ဝေသောဆောင်းပါးအရ -ကျယ်လောင်သောဆူညံသံများနှင့်ထိတွေ့ခြင်းသည်ကျွန်တော်တို့နားအတွင်းထဲမှာရှိတဲ့အာရုံကြောများကို အဆုံးသတ်စေပြီး ပိုမိုထိတွေ့မှုများပါကအာရုံကြောများပိုမိုသေစေနိုင်တယ်လို့ဆိုပါတယ်။
(ဉပမာ-Stage Showတို့ Club /Barတို့မှာ ကြားရတဲ့ Sound Pressure Level တွေဟာ အကြားအာရုံကိုထိခိုက်မှုပြင်းထန်တဲ့ Levelရှိတယ်လို့ ဆိုနိုင်ပါတယ်)

ရလဒ်မှာအကြားအာရုံဆုံးရှုံးခြင်းဖြစ်စေနိုင်ပြီး ခွဲစိတ်ကုသမှုဖြင့်သော်လည်းကောင်း ဆေးဝါးဖြင့်သော်လည်းကောင်း ပြန်လည်ကုသ၍မရနိုင်ပါဘူး။ဆူညံသံကြောင့်ဖြစ်ပေါ်သောအကြားအာရုံဆုံးရှုံးမှုဆိုတာဟာ High Frequency (ကြိမ်နှုန်းမြင့်‌ အသံ)ဆုံးရှုံးမှုကို အဓိကဖြစ်ပေါ်စေချင်းဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဘာသာစကားနားလည်နိုင်စွမ်းပါ ထိခိုက်စေနိုင်ပါတယ်။ဒီနေရာမှာ အကြားအာရုံကိုအထောက်အကူပြု‌စေမယ့်ကိရိယာများကအကူအညီဖြစ်စေနိုင်‌သော်လည်း အကြားအာရုံကိုပုံမှန်အနေအထားသို့ပြန်ရောက်စေမှာတော့မဟုတ်ပါဘူး။(တချို့ Damageများမှာ သီချင်းကြောင့်ဖြစ်ပေါ်လာတဲ့အကြားအာရုံထိခိုက်မိမျိုးမဟုတ်ဘဲ မိုးကြိုးပစ်သံ၊သေနတ်သံ၊ပေါက်ကွဲသံနဲ့ ဦးခေါင်းနားတစ်ဝိုက်ထိခိုက်မှုများ အစရှိတဲ့ ပရောဂ တွေကြောင့်လည်းဖြစ်တက်ပါတယ်)

ဒါကြောင့်မိတ်ဆွေရဲ့အကြားအာရုံထိခိုက်မှုမရှိအောင်
ပျှမ်းမျှအားဖြင့် သတ်မှတ်ထားတဲ့ Continuous dB ကိုကျွန်တော်တို့အနည်းငယ်ဆွေးနွေးကြပါမယ်။Continuous dB ဆိုတာ‌ကို အရိုးရှင်းဆုံးပြောရရင် ကျွန်တော်တို့စက္ကန့်မလပ်နားထောင်နေတဲ့ အသံ level(သို့မဟုတ်)သီချင်း Level လို့ နားလည်သဘောပေါက်စေပါတယ်။ဒါကိုနေ့စဉ်ထိတွေ့မှု
ကန့်သတ်ချက်တွေဖြစ်တယ်လို့ အခြေခံအားဖြင့်သတ်မှတ်ထားဖို့လိုအပ်ပါလိမ့်မယ်။(ပုံတွင်ကြည့်ပါ)
ဉပမာ- 88dB SPLကို နံနက်ပိုင်းမှာ Permissable Exposure Timeကို 4နာရီကြာအထိသာနားထောင်ရမယ်လို့ Recommendပေးထားပြီး ညပိုင်းမှာတောင် တူညီတဲ့ Same Level /Same timeနဲ့ တောင်နားမထောင်သင့်ပါဘူး။

ဒါကြောင့် အသံLevelကို မနက်ပိုင်း levelများများနဲ့ထောင်ရင် ညဘက်မှာ အသံကို Levelအနည်းငယ်လျော့နားထောင်ဖို့ဂရုပြုရမှာပါ။ဒီနေရာမှာ မိတ်ဆွေတို့ရဲ့ ပုံမှန်နားထောင်နေကြ Listen Level ဟာ တစ်ဦးနဲ့တစ်ဦးကြားမှာမတူညီဘူးဆိုတာကို ကျွန်တော် Understoodဖြစ်ပါတယ်။ကျွန်တော့်ရဲ့ ပုံမှန်နားထောင်/အသံချိန်ညှိနေကျ dB SPLဟာတော့ပျှမ်းမျှအားဖြင့်75dB SPLရှိပါတယ်။ဒါ‌ကြောင့်ကိုယ်သီချင်းနားထောင်တဲ့အခန်းမှာ ပုံမှန်နားထောင်နေကျdB SPLကိုအလွယ်တကူသိနိုင်ဖို့ Noise Testerများဖြင့်တိုင်းယူနိုင်ပြီး Nosie Testerမရှိလည်း App Storeကနေ Nosie Tester Appကို Downloadရယူပြီး မိမိ Smart Phoneဖြင့်အလွယ်တကူတိုင်းတာနိုင်ပါတယ်။(https://play.google.com/store/apps/details?id=com.ktwapps.soundmeter)

Music Productionလုပ်တဲ့အခါမျိုးတွေမှာလည်း အတက်နိုင်ဆုံးကိုယ့်ရဲ့ Continuous dBကို အချိန်မကျော်လွန်အောင် ဂရုပြုဖို့လိုအပ်ပါတယ်။ဖြစ်နိုင်ရင်တော့ သီချင်းတီးတဲ့အခါမျိုးမှာဖြစ်ဖြစ် Stage Showတွေမှာဖြစ်ဖြစ် Earplugsတွေသုံးနိုင်ရင်တော့အကောင်းဆုံးဖြစ်မှာပါ။Earplugsတွေဟာနားရဲ့ Damagedဖြစ်မှုကိုအတက်နိုင်ဆုံး ကာကွယ်ပေးတာဖြစ်ပြီး Earplugsတွေမသုံးဖြစ်ပါက Low levelထားပြီး တီးခတ်တာဟာလည်း နားထိခိုက်မှု‌ကို လျော့နည်းသက်သာစေပါတယ်။

အချုပ်အားဖြင့်ပြောရရင် အကြားအာရုံကို လူအတော်အများဟာ ဂရုသိပ်မစိုက်ကြဘဲ Earbudsတွေ Headphones‌‌တွေကို Higher Levelထားပြီး Long Period Time သီချင်းနားထောင်တာ၊ Earbudsတွေတပ်ရင်းအိပ်ပျော်သွားတာ၊အစရှိတာမျိုးတွေဟာ မိတ်ဆွေရဲ့အကြားအာရုံကို ကောင်းကောင်းပျက်စီးစေပြီး လုံးဝလုံးဝကိုရှောင်ကျဉ်သင့်ပါတယ်။ကျွန်တော်တို့ဟာ အသက်အရွယ်ဘယ်လောက်ထိ အကြားအာရုံခံစားမှုကို အသုံးချရမလဲဆိုတာကိုမသိနိုင်တဲ့အတွက်
မိမိရဲ့ နားကျန်းမာရေးနဲ့ အခြားကျန်းမာရေးတွေဂရုစိုက်ကြပါလို့ ပြောရင်း ပိုမိုကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ဖို့ ဒီဆောင်းပါးလေးကနေတိုက်တွန်းလိုက်ပါတယ်။
Crd #ပေးခြင့်ဖြင့်ထပ်ဆင့်မျှဝေပါသည်

လက်ရှိအလုပ်ခြေနေအရ ဝယ်လိုက်ပါဘီနော်🤗🤗
11/01/2022

လက်ရှိအလုပ်ခြေနေအရ ဝယ်လိုက်ပါဘီနော်🤗🤗

ကိုယ်ပိုင်သံစဥ် India Style ကိုယ်ပိုင်ဖန်တီးမှုတစ်ပုဒ်ပါဒီညီလေးကိုအားပေးကြပါအုန်းလို့🤗🤗 👉BoBo Kishore Kumer👈
09/01/2022

ကိုယ်ပိုင်သံစဥ် India Style ကိုယ်ပိုင်ဖန်တီးမှုတစ်ပုဒ်ပါ
ဒီညီလေးကိုအားပေးကြပါအုန်းလို့🤗🤗
👉BoBo Kishore Kumer👈

😑😑
03/12/2021

😑😑

Address


Website

Alerts

Be the first to know and let us send you an email when MEZZO Studio Recording posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share