Chin Breaking News

  • Home
  • Chin Breaking News

Chin Breaking News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin Breaking News, Media/News Company, .

မတူပီမြို့တစ်ခုလုံး စစ်တပ်ရော CNF/A ရော အလုံးစုံကင်းစင်ပြီလို့ ချင်းညီနောင်က သတင်းထုတ်ပြန်လိုက်ပြီ။
29/06/2024

မတူပီမြို့တစ်ခုလုံး စစ်တပ်ရော CNF/A ရော အလုံးစုံကင်းစင်ပြီလို့ ချင်းညီနောင်က သတင်းထုတ်ပြန်လိုက်ပြီ။

လိင်အမြတ်ထုတ်မှုဖြစ်စဥ်ကိစ္စ၌ တိုင်ကြားသူဖြစ်သော မိမိအတွင်းရေးမှူးသည် စိတ်ပိုင်းဆိုင်ရာသိပ်မကောင်းဟု ဦးအိုင်ဇက်ခင်ပြော*...
29/06/2024

လိင်အမြတ်ထုတ်မှုဖြစ်စဥ်ကိစ္စ၌ တိုင်ကြားသူဖြစ်သော မိမိအတွင်းရေးမှူးသည် စိတ်ပိုင်းဆိုင်ရာသိပ်မကောင်းဟု ဦးအိုင်ဇက်ခင်ပြော
**************************

တိုင်ကြားသူသည် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုရှိသူဟု သိရသလို သူမနှင့်အပြင်သို့ ၂ ကြိမ်သာ သွားဖူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အကြိမ်ကြိမ်အမြတ်ထုတ်မှုဟု စွပ်စွဲမှုများသည်လည်း မဟုတ်မှန်ကြောင်း ဆလိုင်းအိုင်ဇက်ခင် က Mizzima သတင်းဌာနသို့ ဖြေကြားသွားသည်။

အိန္ဒိယ - မြန်မာကိုယ်စားလှယ်ရုံးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၌ စတင်လည်ပတ်ရာတွင် ဆလိုင်းအိုင်ဇက်ခင်၏ လက်အောက်၌ ကျွမ်းကျင်ဝန်ထမ်း ၃ ဦးတို့မှာ တာဝန်ထမ်းဆောင်ရင်း ၄ လကျော်အကြာ ဒီဇင်ဘာလ၌ ​အဆင်မ​ပြေမှုများကြောင့် နုတ်ထွက်သွားခဲ့ကြဖူးသေးသည်ဟု သိရသည်။

"ဆလိုင်းအိုင်ဇက်ခင်နဲ့ အင်တာဗျူးက အချုပ်ပြောရရင် အမှားတွေချည်းပဲ။ လူကြီးမဆန်စွာနဲ့ သူများရဲ့ privacy ကိုထုတ်ပြောလာတယ်။ တိုင်ကြားသူကို အမြင်စောင်းအောင်ပြောတာဖြစ်နေတယ်" ဟု အမျိုးသမီးအဖွဲ့ဝင်ဘက်က ပြောသည်။

ယင်းနောက်တွင် အိန္ဒိယ-မြန်မာကိုယ်စားလှယ်ဆလိုင်းအိုင်ဇက်ခင်တစ်ဦးတည်း ၄ လကျော်အောက်လက်ဝန်ထမ်းမရှိလုပ်ကိုင်ခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ၌ နောက်ထပ်ဝန်ထမ်းလူသစ် ၃ ဦးကို ခန့်အပ်ခဲ့ရာတွင် ထိုအထဲ၌ အတွင်းရေးမှူးနှင့်ငွေစာရင်းကိုင်တာဝန်ယူသူ အမျိုးသမီးအပေါ် ဆလိုင်းအိုင်ဇက်ခင်က Sexual_Harassment ကျူးလွန်သည်ဟု တိုင်ကြားခံရမှု ယခုကိစ္စပေါ်ပေါက်လာရခြင်းဖြစ်သည်။

"ရှေ့ကခန့်ထားတဲ့ ဝန်ထမ်း ၃ ယောက်က လုပ်ငန်းပိုင်းကျွမ်းကျင်သူတွေဖြစ်တယ်။ ဘယ်လိုလုပ်ကိုင်ရမယ် ဆိုတဲ့ အမှား/အမှန်ကို ဝေဖန်သုံးသပ် အကြံပေးနိုင်သူတွေဖြစ်တယ်။ ဒါကို ကိုယ်စားလှယ် အိုင်ဇက်ခင်ဘက်က လိုလားတဲ့ပုံမရှိတာကနေ သူတို့ကလည်း မထုတ်ခင် နုတ်ထွက်သွားကြတာ" ဟု ထိုဖြစ်စဥ်ကိုသိရှိသူက CBN ကို ပြောသည်။

ခံရသူဘက်က တိုင်ကြားချက်၌ နယူးဒေလီမြို့၊ မြန်မာကိုယ်စားလှယ်ရုံးလည်ပတ်စဥ်ချိန်က တာဝန်ထမ်းဆောင်သူ ၃ ဦးအပေါ်လည်း ဖွဲ့စည်းပုံပြောင်းလဲရမည်ဆိုသည့်အကြောင်းပြချက်များပြောဆိုဖိအားပေးမှုများဖြင့် လုပ်ပိုင်ခွင့် အာဏာအလွဲသုံးစားလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုင်ကြားသူအတွင်းရေးမှူးနှင့် သက်သေခံနှစ်ဦးတို့ကိုလည်း နုတ်ထွက်စေရာတွင် ဘတ်ဂျက်ကိစ္စများအကြောင်းပြခြင်း၊ ဝန်ထမ်း position အပြောင်းအလဲလုပ်ရမည်ဟု ပြောဆိုခြင်း၊ ၃ ဦးတည်းသာရှိသည့် ဝန်ထမ်းအပေါ် ကျား/မ ခွဲခြားကာ ရုံးတွင်း၌ ဆွေးနွေးခြင်းများမပြုရန် စည်းကမ်းထုတ်ခြင်း အစရှိသည့် အာဏာရှင်ဆန်ဆန်ကိုင်တွယ်ပြုလုပ်ခဲ့ကြောင်း တိုင်ကြားချက်၌ တွေ့ရသည်။

"ဒီကဝန်ထမ်းတွေက ဝန်ကြီးဌာနရုံးကမဟုတ်ဘူး။ ကိုယ်စားလှယ်ရုံးဖြစ်တယ်။ သူတို့သည် အချိန်မရွေးရုံးမှ ထွက်သွားလို့ရတယ်။ ဒီဝန်ထမ်းတွေထဲက တစ်ယောက်ဆို ကျွန်တော်တို့ အင်တာဗျူးပြီးခန့်တာမဟုတ်ဘူး။ မိတ်ဘက်အဖွဲ့အစည်းတွေဘက်ကနေ ပို့ပေးလာတာဖြစ်တယ်" ဟု ဆလိုင်းအိုင်ဇက်ခင်က ပြောသည်။

သို့သော် NUG နိုင်ငံခြားရေးဝန်ကြီးဌာန MoFA ၏ အိန္ဒိယ-မြန်မာကိုယ်စားလှယ်ရုံးဝန်ထမ်းခန့်စာကို ဆလိုင်းအိုင်ဇက်ခင်၏ နာမည်နှင့်ခန့်ပြီး နုတ်ထွက်ခွင့်ပြုသည့်စာ၌ ဒေါက်တာရိုတင်း (Dr.Rodinga) ၏ လက်မှတ်ဖြင့် ဖြစ်သည်ဟု သိရသည်။

နစ်နာသူအမျိုးသမီးနှင့်အတူ ပြင်ပသို့ ၂ ဦးတည်း အလုပ်ကိစ္စဖြင့် နှစ်ကြိမ်တည်းသာသွားလာဖူးပြီး သူမ၌ ဘုရားကျောင်းအမှုတော်ဆောင် Pastor ချစ်သူလည်းရှိနေကြောင်း၊ ထို့ပြင်သူမ၌ "စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများလည်း ရှိသည်" ဟူ၍ အခြားသူများဘက်က သတိပေးလာမှုလည်းရှိသည်ဟု ဆလိုင်းအိုင်ဇက်ခင် က Mizzima သတင်းဌာနသို့ ပြောသည်။

ထို့အပြင် တိုင်ကြားသူကို အဝတ်အစားလိုအပ်ချက်အရ နှစ်ဦးသားအတူတူသွားရောက်ဝယ်ဖူးကြောင်း၊ မိမိကိုင်ဆောင်သောဖုန်းတစ်လုံးကိုလည်း လုပ်ငန်းအဆက်အသွယ်လွယ်ကူရန်ပေးခဲ့ကြောင်း၊ နုတ်ထွက်စာမတင်ခင်၌ သူမ၏ Laptop ကို ရိုက်ခွဲကြောင်းနှင့် အလုပ်ချိန်အတွင်း ချစ်သူနှင့် ဖုန်းဆက်သွယ်ပြောဆိုမှုများရှိကြောင်း ထည့်သွင်းပြောသွားသည်။

"အဝတ်အစားက သူ့သဘောနဲ့သူဝယ်ပေးတာ၊ ဖုန်းကလည်းပေးတာမဟုတ်ဘူး၊ ပျက်လို့ပြင်ခိုင်းတာဖြစ်တယ်။ ခုထိရှိသေးတယ်။ Laptop ခွဲတာက သူမကိုယ်ပိုင်ပစ္စည်းပါ။ ဖုန်းပြောတယ်ဆိုတာကလည်း မေးထူးခေါ်ပြောလောက်ပါပဲ။ ဘာလို့ဆို တိုင်ကြားသူရဲ့ ချစ်သူက ကိုယ်စားလှယ်ရုံးရောက်ဖူးတော့ အနေအထားအရ သူ့ချစ်သူကို စိတ်မချသလိုမျိုးတော့ဖြစ်သွားတယ်။ အဲဒါကြောင့် ဖုန်းနဲ့အမြဲအဆက်အသွယ်လုပ်တာမျိုးပါ" ဟု တိုင်ကြားသူဘက်က အတွင်းသိသူကနေ ပြောသည်။

ထို့အပြင် တိုင်ကြားသူအမျိုးသမီးထံပေးပို့သော ဆလိုင်းအိုင်ဇက်ခင်၏ Message များလည်း ယခုချိန်ထိရှိနေသေးကြောင်း သိရပြီး တိုင်ကြားသူ၌ စိတ်ပိုင်းဆိုင်ရာအဆင်မ​ပြေမှုများရှိနေသည်ဟု ကြားသိရကြောင်းပြောဆိုမှုသည် အမျိုးသမီးအပေါ်၌ အမြင်စောင်းအောင် ​အမှားများကို ဖြေကြားနေခြင်းဖြစ်သည်ဟု ဆိုသည်။

"နစ်နာသူဟာ personal အရ မကောင်းတဲ့အမျိုးသမီးဖြစ်မယ်၊ ရည်းစားနဲ့လည်းအဆင်မပြေဘူး။ အဲဒီတော့ အလုပ်အပေါ်မှာ ထိခိုက်စေတယ်ဆိုတဲ့ပုံစံမျိုး ဖမ်းချင်တာ။ အဲဒါတွေက မဟုတ်နေဘူး။ သူဖြေသွားတာတွေက မှားယွင်းနေတယ်။ အဲဒီအင်တာဗျူးမှာ ရည်းစားကိစ္စတွေပြောနေစရာမလိုတာ" ဟု အမျိုးသမီးများဘက်က ပြောသည်။

သူ့အပေါ်တိုင်ကြားခြင်းကိုလည်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာသာ ကိုယ်တိုင်သိရှိရသည်ဟု ဆလိုင်းအိုင်ဇက်ခင်၏ပြောဆိုမှုသည်လည်း လိမ်ညာခြင်းသာဖြစ်ပြီး ယင်းမတိုင်ခင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက သူ့လုပ်ရပ်များကို တိုင်ကြားပြီးသားဖြစ်သဖြင့် အလုပ်ကိုလည်း Work From Home အဖြစ် ဆလိုင်းအိုင်ဇက်ခင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။

အင်တာဗျူးထဲ၌ အိန္ဒိယ - မြန်မာကိုယ်စားလှယ်ရုံးကနေ CDM ဝန်ထမ်း ၁၀၀ ကျော်ကိုထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ပြောဆိုထားရာ ထိုထောက်ပံ့မှုများသည် နာမည်ရရုံလောက်သာ လုပ်ဇာတ်ပြသည့် အနည်းငယ်သောထောက်ပံ့ပေးမှုများသာဖြစ်သည်ဟု မြန်မာကိုယ်စားလှယ်ရုံးနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

"ရူပီး ၂၀၀၀ဖိုး တစ်ခါစီ အယောက် ၁၀၀ ပါ၊ ဒေလီမှာပဲ ပေးတာ၊ ပြီးတော့ နာဂလန်းဘက်လည်း ရူပီး ၁၀၀၀၀ ကိုဝေပေးနေတာရှိတယ်။ ဒေလီမှာပဲ ရူပီး ၂၀၀၀ ဖိုး တစ်ခါစီ အယောက် ၁၀၀ ပေးတယ်။ ပြီးတော့ နာဂလန်းဘက်လည်း ၁၀၀၀၀ ကိုဝေပေးဖူးတယ်။ အဲဒါတွေက တစ်နှစ်လုံးမှာမှ တစ်ခါစီပဲ။ အဲဒါတွေကပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရပ်သွားပြီးဒေလီမြို့ကိုပေးတာကလည်း ဒီနှစ် ဧပြီလမှာ ရပ်သွားပြီ ထင်တယ်" ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆလိုင်းအိုင်ဇက်ခင်​ပြောသည့်အထဲ၌ CDM ၁၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့သည်ဟုဆိုရာဝယ် တစ်ဦးလျှင်ဘယ်လောက်နှုန်း၊ တစ်လဘယ်နှစ်ကြိမ်စသည့်ဖြင့် တိတိကျကျမပြောထားသလို အင်တာဗျူးမေးသည့်ဘက်ကလည်း အသေးစိတိမေးမြန်းမှုမရှိခဲ့သည်ကို တွေ့ရသည်။

လက်ရှိ၌ NUG နိုင်ငံခြားရေးဝန်ကြီးဌာန MoFA ၏ အိန္ဒိယ - မြန်မာကိုယ်စားလှယ်ရုံးလုပ်ငန်းများရပ်တန့်နေကာ ဆလိုင်းအိုင်ဇက်ခင်ကိုလည်း ရာထူးမှာရပ်ဆိုင်းပြီး တိုင်ကြားမှုကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

CBN_002
Chin Breaking News

#ဆလိုင်းအိုင်ဇက်ခင် #ချင်းပြည်နယ်ဝန်ကြီးဟောင်း #လိင်အမြတ်ထုတ် #ကျူးလွန်ခံရသူ #မဖွယ်မရာပြုကျင့် #အိန္ဒိယနိုင်ငံကိုယ်စားလှယ် #အမျိုးသားညီညွတ်ရေးအစိုးရ #ကလေးသူငယ် #ဟန်စုယဥ် #နိုင်ငံခြားရေးအတွင်းဝန် #ဦးအောင်မင်း ွေထွေအတွင်းရေးမှူး 's_League_of_Burma #ချင်းအမျိုးသမီးအဖွဲ့ #မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် #အိသဉ္ဇာမောင် #ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ

28/06/2024

ဆလိုင်းအိုင်ဇက်ခင်ဘက်က Sexual_Harassment ကိစ္စ ဖြေရှင်းချက်။

- တိုင်ကြားသူနှင့် ပြင်ပသို့ ၂ ကြိမ်သာသွားရောက်ဖူးခြင်း။

- တိုင်ကြားသူအပေါ် မိဘ မောင်နှမလိုမျိုးသား ဖေးမကူညီခဲ့ပြီး အားပေးနှစ်သိမ့်သည့် ကိစ္စမှလွဲ၍ သူမ၏ မဖွယ်မရာအပေါ် ထိတွေ့မှုလုံးဝမရှိခဲ့

- တိုင်ကြားသူ၌ အမှုတော်ဆောင်ပါစတာ ဖြစ်သော ချစ်သူရှိခြင်း။

- အလုပ်ဖိအားများကြောင့် တစ်ခါတစ်ရံ ဆူ ဖူးခြင်း။

- တိုင်ကြားမှုကို ၂၀၂၄ မတ်လ ၂၆ ရက်မှသာ ကိုယ်တိုင်ကြားသိရခြင်းနှင့်

- အိန္ဒိယ မြန်မာ ကိုယ်စားလှယ်ရုံးဌာနတစ်ခုအနေဖြင့် ဝန်ထမ်းအပေါ် ခန့်ပိုင်ခွင့် နှင့် ထုတ်ပယ်ပိုင်ခွင့်မရှိခြင်း

တို့ကို ဖြေကြားသွားသည်။

Credit - Mizzima သတင်းဌာနထံ အင်တာဗျူးဖြေကြားမှုအား ယူ၍ သုံးကာ Edit ထားပါသဖြင့် အပြည့်အစုံကို Link ဖြင့် ယှဥ်ကြည့်နိုင်ပါသည်။

https://www.facebook.com/MizzimaDaily/videos/1107931656972674/?mibextid=rS40aB7S9Ucbxw6v

#ဆလိုင်းအိုင်ဇက်ခင် #ချင်းပြည်နယ်ဝန်ကြီးဟောင်း #လိင်အမြတ်ထုတ် #ကျူးလွန်ခံရသူ #မဖွယ်မရာပြုကျင့် #အိန္ဒိယနိုင်ငံကိုယ်စားလှယ် #အမျိုးသားညီညွတ်ရေးအစိုးရ #ကလေးသူငယ် #ဟန်စုယဥ် #နိုင်ငံခြားရေးအတွင်းဝန် #ဦးအောင်မင်း ွေထွေအတွင်းရေးမှူး 's_League_of_Burma #ချင်းအမျိုးသမီးအဖွဲ့ #မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် #အိသဉ္ဇာမောင် #ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ

လက်နက်မရှိ ဒဏ်ရာရလို့ လဲအိပ်နေသူ ၃ ဦးကို CNA ယူနီဖောင်းဝတ်တွေက ပစ်သတ်မှုကိစ္စ စုံစမ်းနေပြီလို့ဆို***************"ဟေ့ မင...
27/06/2024

လက်နက်မရှိ ဒဏ်ရာရလို့ လဲအိပ်နေသူ ၃ ဦးကို CNA ယူနီဖောင်းဝတ်တွေက ပစ်သတ်မှုကိစ္စ စုံစမ်းနေပြီလို့ဆို
***************

"ဟေ့ မင်းတို့အသက်မရှင်ချင်တော့ဘူးမလား" လို့ တဖတ်သတ်မေးမြန်းပြီး ခေါင်းမြှီးခြုံလျက်အိပ်နေသူကို ပစ်သတ်လိုက်တဲ့အပြင် "ကျွန်တော်ချင်းလူမျိုးပါ ဆရာ" လို့ အိပ်ယာပေါ်ကနေ လက်မြှောက်တောင်းပန်နေသူကိုပါ ပစ်သတ်လိုက်တဲ့ ချင်းပြည်နယ်က ရုပ်သံတစ်ခု ပြန့်နှံ့လာပါတယ်။

၂ မိနစ်နဲ့ ၄၆ စက္ကန့်ရှိတဲ့ အဲဒီရုပ်သံထဲမှာ CNA ယူနီဖောင်းဝတ်ဆင်ပြီး လက်နက်အပြည့်အစုံနဲ့ အနည်းဆုံး အင်အား ၆ ယောက်ပါတဲ့အဖွဲ့ဟာ စစ်ပွဲကြောင့်ပျက်စီးနေတဲ့ အဆောက်အဦပျက်တစ်ခုထဲကို ဝင်ရောက်လာကြတာပါ။

"တွန်းဇံမြို့ တိုက်ပွဲဖြစ်စဥ်တုန်းကလို့ ခန့်မှန်းထားတယ်ဆရာ။ တိုက်ပွဲပြီးလို့ နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့လာတဲ့ CNA ဝတ်စုံနဲ့အဖွဲ့တွေပေါ့။ မထနိုင်လို့ လဲအိပ်နေသူတွေကို မေးချင်ရာမေးပြီး အကုန်လုံးကို ပစ်သတ်တဲ့လုပ်ရပ်ကတော့ အရမ်းရက်စက်ပါတယ်" လို့ အဲဒီရုပ်သံနဲ့ပတ်သက်ပြီး ချင်းညီနောင်ဘက်က ရဲဘော်တစ်ဦးက ​ပြောပါတယ်။

ရုပ်သံအရ လက်နက်ကိုင်ထားတဲ့ ၄ ယောက်ကိုတွေ့ရပြီး ခေါင်းမြှီးခြုံအိပ်နေတဲ့အစွန်ဆုံးကလူကို "အသက်မရှင်ချင်တော့ဘူးမလား" လို့ တစ်ဖက်သတ်မေးမြန်းပြီး ပစ်သတ်လိုက်ကာ ဘေးနားမှာလဲနေတဲ့ လူမမာကို "မင်းရော အသက်ရှင်ချင်လား" လို့ မေးလိုက်ရာ "ရှင်ချင်ပါတယ်" လို့ ဖြေလိုက်တာကို တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ ဝါးတစ်ပြန်စာလောက်သာဝေးတဲ့ အဆောက်အဦရဲ့ ထောင့်ကနေ လဲအိပ်နေသူနောက်တစ်ဦးရဲ့ လှုပ်ရှားမှုသံကို ကြားတဲ့အတွက် အဲဒီဘက်ကို ပြေးပြီး "မိန်းမရှိသလား" လို့ မေးကာ "မြန်မြန်ပြော" လို့ပြောဆိုရင်းသေနတ်နဲ့အနီးကပ်ခေါင်းနဲ့ရင်အုပ်ကို ၃ ချက် ပစ်ချလိုက်ပါတယ်။

ဗမာစကားနဲ့ ချင်းစကားတွေကိုပါရောထွေးကာ ပြောဆိုနေကြတာကိုတွေ့ရပြီး နောက်ဆုံးတစ်ယောက်ဆီကို ပြန်သွားကာ ပစ်သတ်မယ်ပြုစဥ်မှာ "ကျွန်တော်က ချင်းလူမျိုးပါ" လို့ အဲဒီလူက ပြန်ပြောလိုက်ရာမှာတော့ အဆိုပါလက်နက်ကိုင်တွေက သူတို့အထက်လူကြီးလို့ဆိုရမယ့်သူထံကို စကားပြောစက်နဲ့ သူကတော့ "ချင်းလို့ပြောပါတယ်" လို့ သတင်းပြန်ပို့ခဲ့ပါတယ်။

ဒါပေမယ့် ဘာပဲဖြစ်​ဖြစ်ရှင်းလိုက်လို့ ယူဆရတဲ့ ချင်းဘာသာနဲ့ စကားပြောစက်ကနေလာတဲ့ အမိန့်အရပစ်ဖို့လုပ်နေချိန် အဲဒီချင်းပါဆိုတဲ့လူက လက်မြှောက်ပြီးတောင်းပန်တာတောင် ၄ ချက်လောက်အနီးကပ်ပစ်လိုက်ပါတယ်။

"သူတို့ပြောနေတဲ့ ချင်းဘာသာစကားက Zophei ဘာသာနဲ့ ထန်တလန်ဘက်က လိုင်(Lai) ဘာသာတွေပါ။ ဗမာ လိုလည်းပါတယ်" လို့ မြေပြင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီရုပ်သံဟာ ကျူးလွန်သူတွေဘက်ကနေ ရိုက်ကူးထားခြင်းမျိုးပုံစံတွေ့ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကမှ လူမှုကွန်ယက်ပေါ် တအားပြန့်သွားခဲ့တာကြောင့် CNA/F(Chinland Council) ဘက်ကလည်း စုံစမ်းဖော်ထုတ်ဖို့ အခုလို သတင်းထုတ်ပြန်လာပါတယ်။

"Chinland ကောင်စီမှာပါဝင်သော ကာကွယ်ရေးတပ်ဖွဲ့များသည် Geneva Conveention ပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကိုလေးစားလိုက်နာကြပါသည်။ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များလေးစားလိုက်နာကြဖို့လည်း သင်ကြားပေးပြီးသားဖြစ်သည်" ဆိုတဲ့ရည်ညွှန်းချက်ပါ ထုတ်ပြန်ချက်ကို ဇွန် ၂၇ ရက်မှာ Chinland Council ကနေ သတင်းထုတ်ပြန်ပြီး ကျူးလွန်သူတွေကိုစုံစမ်းကာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုလာပါတယ်။

ရုပ်သံပါအရ ကျူးလွန်သူ CNA ယူနီဖောင်းဝတ် ရဲဘော် ၄ ယောက်ရဲ့ မျက်နှာအသွင်အပြင်တွေကိုရှင်းရှင်းလင်းလင်းနဲ့ ဖော်ထုတ်လို့ရတဲ့အနေအထားကိုတွေ့ရသလို အထက်အရာရှိနဲ့လည်း တိုက်ရိုက်ဆက်သွယ်နေကာ အဆိုပါလက်နက်မဲ့လူမမာလှဲလျောင်းနေသူ ၃ ဦးစလုံးကို ရှင်းလင်းလိုက်တာကြတာဖြစ်ပါတယ်။

အဲဒီအပေါ် Chinland Council ရဲ့ထုတ်ပြန်ချက်နဲ့ ထောက်ပြကာ မေးမြန်းခဲ့ရာမှာတော့ "စုံစမ်းတုန်း" လို့ ပြန်ဖြေသွားပါတယ်။

ချင်းညီနောင်ဘက်ကတော့ ဒီရုပ်သံထဲမှာ ပစ်ခတ်ရှင်းလင်းခံရသူတွေဟာ တွန်းဇံမြို့တိုက်ပွဲဖြစ်စဥ်အတွင်းထွက်မပြေးနိုင်လို့ ကျန်ရစ်သူတွေဖြစ်နိုင်ပြီး ဘယ်အဖွဲ့အစည်းကလဲဆိုတာကိုတော့ အတည်ပြုရခက်သလို ကျူးလွန်သူ ရဲဘော်တွေကလည်း CNA ဘက်ကလားဆိုတာကို အတည်မပြုနိုင်ပေမယ့် သူတို့တပ်ဖွဲ့ရဲ့ တံဆိပ်ဝတ်ဆင်တာကိုတော့ အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျူးလွန်သူတို့ ပြောဆိုနေသော ဘာသာစကားတွေမှာ Zophei ချင်းဘာသာနဲ့ Lai ချင်းဘာသာစကားအပြင် ဗမာစကားတွေဖြစ်တယ်လို့လည်း အတည်ပြုပေးခဲ့ပါတယ်။

CBN-002
Chin Breaking News

#ချင်းညီနောင် #တွန်းဇံ #ချင်းလူမျိုး #စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ

ကျဆုံးပြီထင်၍ ဈာပနပြုလုပ်ပြီးသော CNA ရဲဘော်ကို ၄ လခန့်ဆေးကုသပေးကာ မိဘများထံသို့ တရားဝင်လွှဲအပ်*************Paw Lay Thua ...
27/06/2024

ကျဆုံးပြီထင်၍ ဈာပနပြုလုပ်ပြီးသော CNA ရဲဘော်ကို ၄ လခန့်ဆေးကုသပေးကာ မိဘများထံသို့ တရားဝင်လွှဲအပ်
*************

Paw Lay Thua (ခ) လေးထွား ဟုခေါ်သော CNA ရဲဘော်လေးကို Chin Brother ညီနောင်တပ်ဖွဲ့ဖြစ်သော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - Maraland Defence Force (MDF) က ၄ လခန့်ကောင်းမွန်စွာကုသပေးကာ ဇွန် ၂၆ ရက်၌ မိဘများထံသို့ တရားဝင်လွှဲအပ်ခဲ့ကြောင်းသိရသည်။

မရာနယ်မြေ လိုင်လဲန်းပီ နှင့် မလာကျေးရွာကြားတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ က CNA နှင့် MDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြရာ၌ CNAတပ်ဖွဲ့ဝင် (R- 2056) ရဲဘော်လေး Paw Lay Thua (ခ) လေးထွားမှာ ထိခိုက်ဒဏ်ရာရရှိကာ MDF က ဖမ်းဆီးရမိခဲ့သည်။

သို့သော်လည်း ကိုယ့်ချင်းလူမျိုးအချင်းချင်းဖြစ်သဖြင့် ထိုရဲဘော်လေးရရှိသောဒဏ်ရာများကို MDF တပ်ဘက်က အကုန်အကျခံကာ လူ့အခွင့်အရေးစံချိန်စံညွန်းနှင့်အညီ ကောင်းမွန်စွာ ဆေးကုသမှုပေးခဲ့ရာ ၃ လခွဲကျော်ကြာသည်အထိ သူ့မိခင်တပ်ရင်း CNA ဘက်ကမည်သည့်သတင်းတစ်စုံတစ်ရာမျှ ဆက်သွယ်မေးမြန်းမှုမပြုခဲ့ဟု သိရသည်။

ဒါ့အပြင် ရဲဘော်လေး၏ ဇာတိဖြစ်သော မတူပီမြို့နယ်၊ စော်တီးကျေးရွာတွင်မူ Paw Lay Thua (ခ) လေးထွား သေဆုံးပြီဟု ထင်မှတ်ကာ အသုဘပင် ကျင်းပခဲ့ကြသည်ဟု MDF ဘက်က ကြားသိခဲ့ရသည်။

တိုက်ပွဲအတွင်းရရှိသော ​ခြေထောက်ဒဏ်ရာမှာပြင်းထန်သဖြင့် ဖြတ်တောက်လိုက်ရသောကြောင့် ယင်းမှသက်သာပျောက်ကင်းစပြုချိန်တွင် ၎င်း၏မိဘများထံပေးအပ်မည်ဖြစ်သဖြင့် မိခင်တပ်ရင်း CNA သို့ ဆက်သွယ်သတင်းပေးပို့ခဲ့သည်ဟု MDF က ဆိုသည်။

ထိုအချိန်မှ CNA ဘက်က မိမိတို့ရဲဘော်၏ ဆေးကုသအထွေထွေကုန်ကျစရိတ်ကို ပြန်ပေးမည်ဟုပြန်ကြားလာသည့်အပေါ် MDF ဘက်က လူ့အသက်တစ်ချောင်းကယ်တင်ခြင်းဖြစ်၍ဟု ငြင်းဆန်ကာ ရဲဘော်အတွက်လိုအပ်သော ခြေအတုကိုသာတပ်ဆင်ပေးရန် ပန်ကြားခဲ့သည်။

ရဲဘော် Paw Lay Thua (ခ) လေးထွား ကို သူ့နေရပ်မိဘများထံတရားဝင်လွှဲအပ်နိုင်ရေးလိုအပ်သည်များနှင့် သက်ဆိုင်ရာအသီးသီးများထံသို့ ဆက်သွယ်သတင်းပေးပို့ပြင်ဆင်ပြီးသည့်အခါတွင် ဇွန် ၂၆ ရက်၌ တရားဝင်လွှဲအပ်ပေးလိုက်ပြီဟု မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ - Maraland Defence Force (MDF)ထံမှ သိရသည်။

CBN-004
Chin Breaking News

#မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ #ချင်းညီနောင် #ကျဆုံးဟုထင်၍ #ဈာပန #

ရှုံးပွဲမရှိအရပ် ၆ ပေကျော် တူရကီဖိုက်တာနဲ့ ထိုးသတ်ရတော့မယ့် မြန်မာ့ စပါးအုံမြွေ*************************အမေရိကန်ပြည်ထောင...
27/06/2024

ရှုံးပွဲမရှိအရပ် ၆ ပေကျော် တူရကီဖိုက်တာနဲ့ ထိုးသတ်ရတော့မယ့် မြန်မာ့ စပါးအုံမြွေ
*************************

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာကျင်းပသွားမယ့် September (၆) ရက်၊ One 168 ပြိုင်ပွဲမှာ Aung La N Seng ကို တူရကီဖိုက်တာ နဲ့ ပွဲထုတ်မယ်လို့ ဥက္ကဋ္ဌ ချက်ထရီက အတည်ပြုလိုက်ပါတယ်။

အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်ကစားမယ့် တူရကီကစားသမားဟာ အသက် ၃၃ နှစ်အရွယ် Shamil Erdogan ဆိုသူဖြစ်ပြီး အရပ် ၆ ပေ ၂ လက်မ၊ ကိုယ်အလေးချိန် (၂၀၅)ပေါင်ရှိသူပါ။ MMA မှာ ( ၉ ) ပွဲကစားယှဥ်ပြိုင်ထားရာမှာတော့ ရှုံးပွဲမရှိထားဘူးလို့သိရပါတယ်။

မြန်မာစပါးအုံကြီး Burmese Python အောင်လအန်ဆန်းကတော့ လက်ရှိမှာ အသက် ၃၉ နှစ် ဖြစ်ပြီး၊ အရပ် (၆ )ပေ၊ ကိုယ်အလေးချိန် (၂၀၃) ပေါင်ပါ။ MMA မှာ ၁၄ ပွဲနိုင် ၃ ပွဲရှုံးထားပြီး One Championship ရဲ့နှစ်ထပ်ကွမ်းချန်ပီယံဟောင်းကြီးမှတ်တမ်းကိုပိုင်ဆိုင်ထားသူပါ။

၂၀၂၃ ခုနှစ် မေလ ၅ ရက်က တရုတ်နိုင်ငံသား Fan Rong ကို ဒုတိယအချီမှာ ချုပ်ကွက်နဲ့ ပွဲသိမ်းပြပြီးနောက် ဒီနေ့ထိ ပွဲဝေးနေခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄၊ ဇွန်လ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ Bangkok One 167 ပြိုင်ပွဲမှာ အောင်လအန်ဆန်းပါဝင်ထိုးသတ်မယ်လို့ သတင်း တွေထွက်ပေါ်ခဲ့သလို အောင်လအန်ဆန်းကိုယ်တိုင်ကလည်း မိသားစုနဲ့အတူ ဘန်ကောက်မြို့ကို​ေရောက်ရှိလာခဲ့ပေမယ့် ပွဲမဖြစ်လိုက်ရပါဘူး။

အခုတူရကီဖိုက်တာနဲ့ပွဲကိုတော့ အောင်လအန်ဆိုင်းရဲ့ Official Page ကနေရော တရားဝင်ချပြလာခဲ့တာကြောင့် ပွဲမျှော်နေကြတဲ့ သူ့ပရိသတ်တွေအနေနဲ့ ပျော်ရွှင်ကျေနပ်နေကြတာကိုတွေ့ရကာ ၂ လကျော်ကြာဦးမယ့် ပွဲအတွက် ထပ်မလွဲစေဖို့ ပွဲနေ့ရက်မရောက်မချင်းကတော့ ရင်တမမဖြစ်နေကြပါတယ်။

CBN-001
Chin Breaking News

#စပါးအုံမြွေ

ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွားရန်ကုန်တိုင်းဒေသကြီးအတွင်း  ယနေ့  (ဇွန် ၂၆ ရက်)  ညပိုင်း ၇  နာရီ မိနစ် ၅၀ ခန့်မှစ၍...
26/06/2024

ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ (ဇွန် ၂၆ ရက်) ညပိုင်း ၇ နာရီ မိနစ် ၅၀ ခန့်မှစ၍ ဓာတ်အားစနစ် ယာယီချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်သည်။

ဗုဒ္ဓလုလင်ဟု လူသိများသည့် နီပေါနိုင်ငံက အမျိုးသား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် လာမည့်လတွင် အမိန့်ချခံရမည်**********...
26/06/2024

ဗုဒ္ဓလုလင်ဟု လူသိများသည့် နီပေါနိုင်ငံက အမျိုးသား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် လာမည့်လတွင် အမိန့်ချခံရမည်
*******************

နီပေါနိုင်ငံတွင် ဗုဒ္ဓလုလင်ဟု လူသိများသည့် အမျိုးသားတစ်ဦးသည် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရသဖြင့် လာမည်လ ရုံးချိန်း၌ ပြစ်ဒဏ်အမိန့်ချမှတ်တော့မည်ဟု သိရသည်။

"ရမ်ဘာဘာဒါဘွမ်ဂန်"အမည်ရှိ ထိုအမျိုးသားသည် ဗုဒ္ဓဝင်စားသူဖြစ်ပြီး လပေါင်းများစွာကြာ အစာမစား၊ ရေမသောက်ဘဲ အိပ်စက်ချင်လည်းမရှိဘဲ တရားထိုင်သူဖြစ်သည်ဟု ၎င်းအား ကိုးကွယ်သူများက ပြောကြားခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ်ကတည်းက လူသိများထင်ရှားလာခဲ့သူဖြစ်သည်။

သို့သော် ခရိုင်တရားရုံးက သူ့ကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့သည်ဟု ဆာလာဟီမြို့ရှိ တရားရုံး၏ သတင်းထုတ်ပြန်ရေးအရာရှိတစ်ဦးက ဇွန် ၂၅ ရက်မှာ ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ပြစ်ဒဏ်ချမှတ်ခံရသော "ရမ်ဘာဘာဒါဘွမ်ဂန်" သည် ၎င်း၏နောက်လိုက်များအား ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုများဖြင့် ကာလကြာရှည်စွပ်စွဲခံခဲ့ရသူဖြစ်သည်။

ထို့သို့စွပ်စွဲခံရပြီးနောက် နှစ်အနည်းငယ်ကြာ ပုန်းအောင်းနေထိုင်ခဲ့ကာ ယခုနှစ်ဇန်နဝါရီလတွင်မူ နီပေါနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက သူ့ကို ခတ္တမန္ဒူမြို့တော်ဆင်ခြေဖုန်းရှိ နေအိမ်တစ်လုံထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ အမေရိကန်ဒေါ်လာ ၂၂၅၀၀၀ တန်ကြေးရှိ နီပေါရူပီးသန်း ၃၀ နှင့် အခြားနိုင်ငံခြားငွေကြေးများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

CBN-001
Chin Breaking News

#နီပေါ #ဗုဒ္ဓဝင်စားသူ #ခတ္တမန္ဒူမြို့တော်ဆင်ခြေဖုန်း #လိင်ပိုင်းဆိုင်ရာစော်ကားမှု

NUG ဝန်ထမ်းရဲ့ လိင်အမြတ်ထုတ်မှုကို ဆိုရှယ်မီဒီယာကနေ ပေါက်ကြားပြီးမှ ၃ လကျော်ကြာ ဒီနေ့မှာ စုံစမ်းစစ်ဆေးနေပြီလို့ ဆို*****...
25/06/2024

NUG ဝန်ထမ်းရဲ့ လိင်အမြတ်ထုတ်မှုကို ဆိုရှယ်မီဒီယာကနေ ပေါက်ကြားပြီးမှ ၃ လကျော်ကြာ ဒီနေ့မှာ စုံစမ်းစစ်ဆေးနေပြီလို့ ဆို
************************

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန (MoFA) လက်အောက်ရှိ အိန္ဒိယ - မြန်မာကိုယ်စားလှယ်ရုံးတည်ရှိရာ နယူဒေလီမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းလောက် CDM ဝန်ထမ်းအမျိုးသမီးငယ်မှာ အထက်အရာရှိ ဆလိုင်းအိုင်ဇက်ခင်(အိန္ဒိယ-မြန်မာကိုယ်စားလှယ် ၂) ရဲ့ အကြိမ်ကြိမ်လိင်အမြတ်ထုတ်မှုကို ခံရတာလို့ ဆိုပါတယ်။

အဲဒါကြောင့် အိန္ဒိယ-မြန်မာကိုယ်စားလှယ် (၁) ဖြစ်တဲ့ နယူဒေလီ မြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါက်တာရိုတင်း (Dr.Rodinga) ကို တိုင်ကြားကာ ၂၀၂၄ ခုနှစ်၊ မတ်လမှာ MoFA ရုံးကို လိပ်မူပြီး Sexual Harassment ခံရမှုဖြစ်စဥ်ကို ပေးပို့တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

"ဒီအနိုင်ကျင့်ခံရတာတွေကိုခေါင်းဆောင် Dr.Rodinga ကနေတစ်ဆင့် MoFA ဝန်ကြီးဌာန ကို တင်ပြခဲ့တယ်။ အဲဒီမှာ MoFA ရဲ့အတွင်းဝန်မဟန်စုယဥ်ကိုယ်တိုင်က ခံရသူဝန်ထမ်းနဲ့ တိုက်ရိုက် ဖြစ်စဥ်ကို အကုန်မေးမြန်းတယ်။ အဲဒီတော့ နစ်နာသူဘက်ကလည်း ​​ဖြစ်စဥ်အားလုံးကိုပြောပြခဲ့တယ်လို့ ပြန် ပြောပါတယ်" လို့ ကျူးလွန်ခဲ့သူဘက်က သက်သေ​ဖြစ်သူကနေ ပြန်ပြောပြခဲ့ပါတယ်။

တိုင်ကြားစာပေးပို့အပြီး တစ်လကျော်အကြာ ဧပြီလလယ်လောက်မှာတော့ MoFA ဝန်ကြီးဌာနရဲ့ အတွင်းဝန်ဒေါ်ဟန်စုယဥ်ရဲ့ လက်မှတ်နဲ့ "ဆလိုင်းအိုင်ဇက်ခင်ကို ခေါ်ယူမေးမြန်းပြီး ထိုကဲ့သို့ထပ်မံမဖြစ်ပွားစေရန် နုတ်ဖြင့်သတိပေးပြီး ဖြစ်ပါကြောင်း" ဆိုပြီးတော့ နယူဒေလီ မြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါက်တာရိုတင်း (Dr.Rodinga) ကနေတဆင့် စာပြန်ခဲ့ပါတယ်။

"ဒီကိစ္စကို အိန္ဒိယမြန်မာသံရုံးအဓိကခေါင်းဆောင်Dr.Rodinga ကိုလည်း တိုင်တယ်။ NUG ကိုလည်းတိုင်တယ်တဲ့။ အဲဒါကို နုတ်ဖြင့်သတိပေးလိုက်တယ်လို့တော့ ပြောတယ်။ အဲဒါလည်း သူတို့အပြောပဲရှိတယ်၊ တကယ်ပြောမပြောတော့မသိဘူး။ ဒါပေမယ့် သူတို့လုပ်ရပ်က Fair မဖြစ်ဘူး" လို့ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အရေးယူပေးဖို့တောင်းဆိုတဲ့ အမျိုးသမီးများအဖွဲ့တာဝန်ရှိသူဘက်က ပြောပါတယ်။

ဒါပေမယ့် အဲဒီလို NUG ရဲ့ MoFA ဘက်က ပြန်ကြားစာရရှိပြီးမကြာခင်မှာပဲ လိင်အမြတ်ထုတ်ခံရတဲ့ အမျိုးသမီးနဲ့အတူ သက်သေခံဆောင်ရွက်ပေးသူ ၂ ဦးတို့ကို ဆလိုင်းအိုင်ဇက်ခင်ဘက်က နုတ်ထွက်စာ ရေးခိုင်းပြီး ခေါင်းဆောင် မြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံ ဒေါက်တာရိုတင်း (Dr.Rodinga) လက်မှတ်နဲ့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

"သူတို့ဖြေရှင်းပေးတာတွေက ပွင့်လင်းမြင်သာမှုမရှိဘူး။ လုပ်ထုံးလုပ်နည်းတွေနဲ့မကိုက်ညီဘူး။ ဝန်ထမ်းနုတ်ထွက်စာတွေဆိုလည်း အဲဒီဝန်ထမ်းတွေနုတ်ထွက်စာရေးခိုင်းပြီး NUG ဘက်ကို တင်ပြရာမှာ အကြောင်းပြန်ကြားလာတဲ့ Notice စာတွေမှာ နုတ်ထွက်ပါတယ်ဆိုတဲ့ ဝန်ထမ်းတွေရဲ့ Serial Number တွေမပါလာဘူး။ အရမ်းကြီးရိုးသားတဲ့ပုံစံတော့ ရှိမနေဘူး" လို့ အမျိုးသမီးအဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

Sexual Harassment ဖြစ်စဥ် ​အပေါ်တိုင်ကြားခြင်းရဲ့နောက်ဆက်တွဲအကျိုးရလဒ်အဖြစ် ခံရသူအမျိုးသမီးငယ်နဲ့အတူ အခြားသက်သေလိုက်ပေးတဲ့ ဝန်ထမ်း ၂ ဦးတို့ဟာ ထုတ်ပယ်ခံလိုက်ရခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်မှာ အဲဒီဖြစ်စဥ်ကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထပ်မံတိုင်ကြားခဲ့ပါတယ်။

အဲဒီတိုင်ကြားစာကို နစ်နာသူတွေဘက်ကနေ လူမှုကွန်ယက်ပေါ်တင်လိုက်ရာမှာ မီဒီယာတွေကနေ ဖော်ပြလာတဲ့အတွက် သတင်းပေါက်ကြားပြီး အမျိုးသမီးများအဖွဲ့အသီးသီးကနေပါ ထုတ်ပြန်စာတွေနဲ့ NUG ကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ အကြောင်းကြားစာတွေရေးပို့ခဲ့ကြပါတော့တယ်။

အဲဒီနောက်မှာတော့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကနေပြီး ဒီဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးရေးဖွဲ့စည်းကာ စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်လို့ ဒီနေ့ ဇွန် ၂၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန​၏အိန္ဒိယနိုင်ငံကိုယ်စားလှယ်အပေါ် တိုင်ကြားချက်နှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကော်အထည်ဖေါ်ရေးကော်မတီ​၏ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၄ -PSHEA ကို ယနေ့ ဇွန် ၂၅ ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာသည်" လို့ ထုတ်ပြန်လာတာပါ။

လက်ရှိအတွင်းသတင်းအရ ဆလိုင်းအိုင်ဇက်ခင်ကို ဒီဖြစ်စဥ်စုံစမ်းကာလအတွင်း တာဝန်မှရပ်ဆိုင်းထားလိုက်ပြီလို့ကြားသိရပေမယ့် အဓိကတာဝန်ခံ ဝန်ထမ်းထုတ်ပယ်သူ ဒေါက်တာရိုတင်း (Dr.Rodinga)ကိုတော့ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာ မသိရပါဘူး။

ဖြစ်စဥ်ကို ခြုံငုံသုံးသပ်ကြည့်ရင် ကျူးလွန်ခံရသူ CDM အမျိုးသမီးငယ်ဟာ ဆလိုင်းအိုင်ဇက်ခင်ရဲ့အတွင်းရေးမှူးအဖြစ် ၁၀ ​လကြာတာဝန်ထမ်းဆောင်ပြီး လိင်အမြတ်ထုတ်မှုကိုခံရတဲ့အတွက် မတ်လ (၂၀၂၄ ၊ သုံးလပိုင်း)
ကတည်းက သက်ဆိုင်ရာကို တိုင်ကြားခဲ့တာပါ။

ဒါကို တာဝန်ခံ ဒေါက်တာရိုတင်း (Dr.Rodinga) လည်းသိသလို NUG တာဝန်ရှိသူတွေလည်း သိခဲ့ကြတာပါ။ ဒါပေမယ့် ဆလိုင်းအိုင်ဇက်ခင်ကို အဲဒီလိုထပ်မလုပ်ဖို့သတိပေးတယ်ဆိုတာလောက်သာ ပြန်ကြားခဲ့ပြီး ဝန်ထမ်းတွေကို အာဏာရှင်ဆန်ဆန် ထုတ်ပယ်ခဲ့ကြတာလို့ နစ်နာသူဘက်ကမိတ်ဆွေတွေကနေ ဆိုရှယ်မီဒီယာပေါ် NUG ရဲ့လုပ်ဆောင်မှုတွေကို ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

တကယ်လည်း Sexual Harassment တိုင်ကြားတဲ့ ကာလဟာ ဒီနှစ် မတ်လပိုင်းကတည်းကဖြစ်ပြီး ဆိုရှယ်မီဒီယာကနေပေါက်ကြားလာရာမှ ၃ လကျော်အကြာ ဒီဇွန်လ ၂၅ ရက်မှသာ စုံစမ်းစစ်ဆေးနေပြီလို့ NUG ဘက်က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

CBN_002
Chin Breaking News

#ဆလိုင်းအိုင်ဇက်ခင် #ချင်းပြည်နယ်ဝန်ကြီးဟောင်း #လိင်အမြတ်ထုတ် #ကျူးလွန်ခံရသူ #မဖွယ်မရာပြုကျင့် #အိန္ဒိယနိုင်ငံကိုယ်စားလှယ် #အမျိုးသားညီညွတ်ရေးအစိုးရ #ကလေးသူငယ် #ဟန်စုယဥ် #နိုင်ငံခြားရေးအတွင်းဝန်
#ဦးအောင်မင်း ွေထွေအတွင်းရေးမှူး 's_League_of_Burma #ချင်းအမျိုးသမီးအဖွဲ့
#မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် #အိသဉ္ဇာမောင် #ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ

လိင်အမြတ်ထုတ်မှုနဲ့ ပတ်သက်ပြီး NUG ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက အလုပ်စလုပ်ပြီလို့ သတင်းထုတ်ပြန်လာပါတယ...
25/06/2024

လိင်အမြတ်ထုတ်မှုနဲ့ ပတ်သက်ပြီး NUG ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာနက အလုပ်စလုပ်ပြီလို့ သတင်းထုတ်ပြန်လာပါတယ်။

ကျူးလွန်သူ ဆလိုင်းအိုင်ဇက်ခင်(MoFA အိန္ဒိယ - မြန်မာ) ကိုယ်စားလှယ် (၂) ကို တာဝန်ကနေ ခေတ္တရပ်စဲထားပြီး အမှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းကာ စစ်ဆေးနေပြီလို့ ဆိုပါတယ်။
********************

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန​၏အိန္ဒိယနိုင်ငံကိုယ်စားလှယ်အပေါ် တိုင်ကြားချက်နှင့်ပတ်သက်၍ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတို့မှကာကွယ်ခြင်းဆိုင်ရာမူဝါဒ (PSHEA)အကော်အထည်ဖေါ်ရေးကော်မတီ​၏ သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၂၄ -PSHEA ကို ယနေ့ ဇွန် ၂၅ ရက်နေ့စွဲဖြင့်ထုတ်ပြန်ကြေညာသည်။

မတူပီမြို့နယ်ရှိ CC တပ်တွေကို​မောင်းထုတ်နိုင်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေး ချင်းညီနောင်အဖွဲ့စတင်ပြင်ဆင်*************...
25/06/2024

မတူပီမြို့နယ်ရှိ CC တပ်တွေကို​မောင်းထုတ်နိုင်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရေး ချင်းညီနောင်အဖွဲ့စတင်ပြင်ဆင်
**********************

မတူပီမြို့နယ်တခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ ချင်းညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

မတူပီ-ပလက်ဝလမ်းဘက်ရှိ စစ်ကောင်စီ ခမရ ၃၀၄ တပ်စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျန်ရှိနေတဲ့ ခမရ ၁၄၀ တပ်နဲ့ အခြားတပ်စခန်းတွေကို ဆက်လက်သိမ်းပိုက်ဖို့ ချင်းညီနောင်က ဖော်ဆောင်နေပါတယ်။

အဲဒါကို ချင်းလဲန်း CNA/CNF ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့က အလစ်ငိုက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ဆင်ရေးနှောင့်နှေးမှုများကြုံတွေ့ခဲ့ရပေမယ့်ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ CNA/CNF ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့ကို မောင်းထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

ချင်းလဲန်း CNA/F ကိုမောင်းထုတ်နိုင်ပေမယ့်လည်း သူတို့ တပ်စခန်းချထားတဲ့ ဖနိုင်-ငလိုင်ကျေးရွာကြား၊ တောင်ကြား အနီးတ၀ိုက်မှာ မြေမြုပ်မိုင်းအများအပြားထောင်ထားခဲ့တာကြောင့် ချင်းညီနောင်မဟာမိတ်အဖွဲ့က နယ်မြေရှင်းလင်းရေး အသေးစိတ်လုပ်ဆောင်ရဦးမှာဖြစ်လို့ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ အသိပေးထားပါတယ်။

Chin Breaking News

(B-2) #ဆလိုင်းထက်နီ #ချင်းညီနောင် #မတူပီး

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ပညာရေးဌာန မှ ဦးဆောင်ဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင် သီးပင်၊ စားပင် နှင့် အရိပ်ရအပင်...
24/06/2024

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ပညာရေးဌာန မှ ဦးဆောင်ဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင် သီးပင်၊ စားပင် နှင့် အရိပ်ရအပင် ၃၀၀၀ ကျော် စိုက်ပျိုး
*************************

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ပညာရေးဌာန မှ ဦးဆောင်ဖွင့်လှစ်သည့် ပြည်သူ့ကျောင်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ကျောင်းသူ၊သားများမှ မိမိတို့ ကျောင်းအသီးသီး၌ သီးပင်၊ စားပင်နှင့် အရိပ်ရအပင် ၃၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြသည်။

ထိုကဲ့သို့ အပင်များ မစိုက်ပျိုးမီ ကျောင်းဆရာ၊ ဆရာမများမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင် ပန်းပင်များ အရေးကြီးပုံနှင့် စိုက်ပျိုးရန်လိုအပ်တဲ့အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ယခုစိုက်ပျိုးခဲ့သည့် အပင်များမှာ သီးပင်၊ စားပင်၊ အရိပ်ရအပင် နှင့် ပန်းပင်များဖြစ်သည်။

သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန

ဆလိုင်းအိုင်ဇက်ခင် လိင်အမြတ်ထုတ်မှုကို ခေါင်းဆောင် Dr.Rodinga နှင့် NUG တာဝန်ရှိသူများ၏ ဆောင်ရွက်မှုမရှိသည့်အပေါ် အမျိုး...
24/06/2024

ဆလိုင်းအိုင်ဇက်ခင် လိင်အမြတ်ထုတ်မှုကို ခေါင်းဆောင် Dr.Rodinga နှင့် NUG တာဝန်ရှိသူများ၏ ဆောင်ရွက်မှုမရှိသည့်အပေါ် အမျိုးသမီးများဘက်က ထောက်ပြတောင်းဆိုလာ
****************************

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်(၂) ဆလိုင်းအိုင်ဇက်ခင်သည် CDM တော်လှန်ရေးအမျိုးသမီးအပေါ် လိင်အမြတ်ထုတ်ခဲ့သည့်အကြောင်း ကာယကံရှင်နစ်နာသူများဘက်က လူမှုကွန်ယက်မှတစ်ဆင့်တင်ပြခဲ့သည်။

ထိုဖြစ်စဥ်၌ ကျူးလွန်သူ ဆလိုင်းအိုင်ဇက်ခင် ကို အရေးယူပေးပါရန် NUG ထံ နစ်နာသူအမျိုးသမီးဘက်က တိုင်ကြားပါသော်လည်း မည်သည့်အရေးယူဆောင်ရွက်ပေးမှုမရှိသည့်အပြင် တိုင်ကြားသူနှင့်အတူ သက်သေခံဆောင်ရွက်ပေးသူတို့ ၃ ဦးစလုံးကို နုတ်ထွက်စာရေးခိုင်းကာ အလုပ်မှထုတ်ပယ်မှုကိုပါ ခံရသည်ဟု သိရသည်။

"ဦးအိုင်ဇက်ခင် ကို အရေးယူဖို့ NUG ကိုတိုင်တဲ့အခါမှာ နစ်နာသူမိန်းကလေးနဲ့ အခြားသက်သေဝန်ထမ်း ၂ယောက်ကို နုတ်ထွက်စာ ရေးခိုင်းပြီးထုတ်လိုက်တာ" ဟု နစ်နာသူ၏ မိတ်ဆွေဘက်ကပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယမြန်မာကိုယ်စားလှယ် (၁) ဖြစ်သော Dr.Rodinga ထံတိုင်ကြားရာ ဦးအိုင်ဇက်ခင်ကို ထိုသို့မပြုရန် နုတ်ဖြင့်သတိပေးပြောကြားသည်ဟု ဆိုသော်လည်း ထိရောက်မှုမရှိသည့်အပြင် ၎င်းလက်မှတ်ပါရှိသော နုတ်ထွက်စာဖြင့် အလုပ်ထုတ်ပယ်ခံရကြောင်း သိရသည်။

ဆလိုင်းအိုင်ဇက်ခင်ဖြစ်စဥ်နှင့်ပတ်သက်၍ နစ်နာသူ၏ တင်ပြချက်များကို ချင်းအမျိုးသမီးအဖွဲ့နှင့် Women's League of Burma - အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့က သိရှိသွားသည့်အခါ၌ NUG အနေဖြင့် အမြန်ဆုံး ဖြေရှင်းပေးရန်အတွက် ဇွန်လ ၂၃ ရက်တွင် တောင်းဆိုလိုက်သည်။

"ခုချိန်ထိတော့ NUG ဘက်က Reply မပြန်လာသေးဘူး။ ဒီကိစ္စကို အိန္ဒိယမြန်မာသံရုံးအဓိကခေါင်းဆောင်Dr.Rodinga ကိုလည်း တိုင်တယ်။ NUG ကိုလည်းတိုင်တယ်တဲ့။ အဲဒါကို နုတ်ဖြင့်သတိပေးလိုက်တယ်လို့တော့ ပြောတယ်။ အဲဒါလည်း သူတို့အပြောပဲရှိတယ်၊ တကယ်ပြောမပြောတော့မသိဘူး။ ဒါပေမယ့် သူတို့လုပ်ရပ်က Fair မဖြစ်ဘူး" လို့ အမျိုးသမီးများအဖွဲ့ဝင်တစ်ဦးက ဇွန် ၂၄ ရက်၊ နံနက် ၉ နာရီတွင် Chin Breaking News ကို ပြောသည်။

နစ်နာသူအမျိုးသမီးသည် CDM သမားဖြစ်ပြီး NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာန (MoFA) လက်အောက်ရှိ နယူးဒေလီမြို့၌ ဖွင့်လှစ်သော အိန္ဒိယ-မြန်မာကိုယ်စားလှယ်ရုံး၌ ဆလိုင်းအိုင်ဇက်ခင် ၏ အတွင်းရေးမှူးအဖြစ် ၁၀ လ ကြာတာဝန်ထမ်းဆောင်စဥ် လိင်အမြတ်ထုတ်မှုကို အကြိမ်ကြိမ်ခံရသည့်အတွက် MoFA သို့ ဦးစွာတိုင်ကြားခဲ့သည်ဟု သိရသည်။

MoFA သို့တိုင်ရာတွင် အိန္ဒိယ-မြန်မာကိုယ်စားလှယ်ရုံး၌ အတူလုပ်ကိုင်ကြသော ဝန်ထမ်း ၂ ဦးကလည်း သက်သေအဖြစ်ပါဝင်ပေးခဲ့သဖြင့် ကျူးလွန်ခံရသူနှင့်အတူ ၎င်းတို့ ၃ ဦးစလုံး ထုတ်ပယ်ခံရသည်ဟု ဆိုသည်။

"ဒီအနိုင်ကျင့်ခံရတာတွေကိုခေါင်းဆောင် Dr.Rodinga ကနေတစ်ဆင့် MoFA ဝန်ကြီးဌာန ကို တင်ပြခဲ့တယ်။ အဲဒီမှာ MoFA ရဲ့အတွင်းဝန်မဟန်စုကိုယ်တိုင်က ခံရသူဝန်ထမ်းနဲ့ တိုက်ရိုက် ဖြစ်စဥ်ကို အကုန်မေးမြန်းတယ်။ အဲဒီတော့ နစ်နာသူဘက်ကလည်း ​​ဖြစ်စဥ်အားလုံးကိုပြောပြခဲ့တယ်လို့ ပြန် ပြောပါတယ်" ဟု ထုတ်ပယ်ခံရသူ ဝန်ထမ်းက CBN သို့ပြောသည်။

သို့သော် ဆလိုင်းအိုင်ဇက်ခင်၏ လုပ်ရပ်များအပေါ် ခေါင်းဆောင် Dr.Rodinga ထံမှတဆင့် NUG-MoFA တာဝန်ရှိသူများက နုတ်ဖြင့်သတိပေးသည်ဟုဆိုကာဘက်ဂျက်မလုံလောက်မှုများတို့ဖြင့်အကြောင်းပြကာ ဝန်ထမ်းများကို နုတ်ထွက်စေခဲ့သည်ဟု ဆိုသည်။

"သူတို့ဖြေရှင်းပေးတာတွေက ပွင့်လင်းမြင်သာမှုမရှိဘူး။ လုပ်ထုံးလုပ်နည်းတွေနဲ့မကိုက်ညီဘူး။ ဝန်ထမ်းနုတ်ထွက်စာတွေဆိုလည်း အဲဒီဝန်ထမ်းတွေနုတ်ထွက်စာရေးခိုင်းပြီး NUG ဘက်ကို တင်ပြရာမှာ အကြောင်းပြန်ကြားလာတဲ့ Notice စာတွေမှာ နုတ်ထွက်ပါတယ်ဆိုတဲ့ ဝန်ထမ်းတွေရဲ့ Serial Number တွေမပါလာဘူး။ အရမ်းကြီးရိုးသားတဲ့ပုံစံတော့ ရှိမနေဘူး" ဟု အမျိုးသမီးအဖွဲ့ဘက်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဆလိုင်းအိုင်ဇက်ခင်မှလည်း "လေးစားစွာ အပြည့်အဝပူး​ပေါင်း​ဆောင်ရွက်သွားပါမည်" ဟု သူ့အကောင့်၌ ဖော်ပြလာသည့်အပြင် "လက်ရှိဖြစ်​ပေါ်​နေသည့် သတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအ​နေဖြင့် မိမိထံတိုက်ရိုက်ဆက်သွယ်​မေးမြန်းနိုင်ပါ​ကြောင်း" ဟု Post ခဲ့ပါသော်လည်း Chin Breaking News ဘက် Salai Isaac Khen ၏ Messager သို့ဆက်သွယ်ခဲ့ရာ ယနေ့ထိ ပြန်လည်ပြောဆိုခြင်း မရှိသေးပေ။

ထိုဖြစ်စဥ်၌ အိန္ဒိယမြန်မာ ကိုယ်စားလှယ်ဖြစ်သော Dr.Rodinga ၏ ကိုင်တွယ်မှုသည်လည်း ရိုးသားမှုမရှိဘူးဟု နစ်နာသူများဘက်က ပြောဆိုထားသည်။

ကျူးလွန်သူ ဦးအိုင်ဇက်ခင် သည် Chinland Council အဖွဲ့၏ အကြံပေးအဖြစ်ဆောင်ရွက်ဖူးသည်ဟု သိရသဖြင့် Chinland Council ဘက်သို့မေးမြန်းရာ "မဆောင်ရွက်ဖူးကြောင်း"နှင့် အကြံပေးမထားဘူးဟူ၍ ငြင်းဆိုသွားသည်။

ယခုဖြစ်စဥ်မတိုင်ခင် ရန်ကုန်တက္ကသိုလ် CDM ပါမောက္ခ၏ ၅ နှစ်အရွယ်သမီးကို တွံတေးမြို့နယ်၊ NLD ပါတီ အလုပ်အမှုဆောင်နှင့် အထွေထွေအတွင်းရေးမှူး ဦးအောင်မင်း (၆၀) နှစ်က မဖွယ်မရာ ပြုကျင့်ခဲ့သည့်ကိစ္စကိုအရေးယူပေးရန် ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ - Interim University Council - University of Yangon က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်၌ သတင်းထုတ်ပြန်ဖော်ပြဖူးသည်။

ယင်းကိစ္စသည်လည်း ယနေ့တိုင်အောင် NUG ဘက်က ဖြေရှင်းမပေးသည့်အပေါ် Women's League of Burma - အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) တို့က ထောက်ပြကာ လက်ရှိ ဆလိုင်းအိုင်ဇက်ခင် အမှုနှင့်အတူ အမှန်တရားကို စုံစမ်းစစ်ဆေးအရေးယူပေးရန် တောင်းဆိုလိုက်သည်ကို ထုတ်ပြန်ချက်၌ တွေ့ရသည်။

"တော်လှန်ရေးကာလဆိုတော့ NUG နာမည်ပျက်မှာတွေကို သူတို့ကမကြိုက်ဘူး။ ဒါပေမယ့် ကျွန်မတို့အမျိုးသမီးအဖွဲ့အနေနဲ့ တော်လှန်ရေးကာလပဲဖြစ်ဖြစ် ဘယ်ကာလပဲဖြစ်​​ဖြစ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လုံးဝ(လုံးဝ)မဖြစ်သင့်တာကြောင့် ကာကွယ်ပေးရမှာ​ဖြစ်တယ်" ဟု Women's League of Burma - အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တာဝန်ရှိသူက ပြောသည်။

အဆိုပါ NLD ပါတီ ဦးအောင်မင်းမှ ကလေးသူငယ်အပေါ် လိင်အကြမ်းဖက်မှုကို NUG ထံ တိုင်ကြားမှုရှိပါသော်လည်း အပြစ်ပေးအရေးယူဆောင်ရွက်ပေးမှုမရှိသည့်အပြင် အဖွဲ့စည်းတစ်ခုမှ လူပုဂ္ဂိုလ်အချို့ကနေ နစ်နာသူကလေးငယ်နှင့် မိခင်အပေါ်၌ ရည်ရွယ်ချက်ရှိရှိ Victim Blaming သတင်းလွှင့်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများပါ လုပ်ဆောင်ခံသည်ထိ ခံရမှုများရှိသည်ဟု သိရသည်။

"NUG အမျိုးသမီးရေးရာနှင့်ကလေးသူငယ်ဆိုင်ရာဌာနရဲ့သက်ဆိုင်သူတွေကနေ ဒီဖြစ်စဥ်ကို မေးမြန်းတယ်၊ ဆွေးနွေးတယ်။ ဒါပေမယ့် အပြစ်ပေးအရေးယူမှုမရှိဘူး" ဟု ဆိုသည်။

ယင်းအမှုဖြစ်စဥ်မှာ ၁ နှစ်ကျော်ကြာသော်လည်း ကျူးလွန်သူ ဦးအောင်မင်း (၆၀) နှစ်မှာလွတ်မြောက်နေဆဲဖြစ်ပြီး လက်ရှိ ဆလိုင်းအိုင်ဇက်ခင်၏ ဖြစ်စဥ်နှင့်အတူ စုံစမ်းအရေးယူပေးရန် Women's League of Burma က တောင်းဆိုထားသည်။

ထို့အပြင် ဆလိုင်းအိုင်ဇင်ခင်သည် ယခင်ကလည်း လိင်အမြတ်ထုတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်သူဖြစ်သည်ဟု Women's Advocacy Coalition - Myanmar အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာကလည်း သတင်းထုတ်ပြန်ကာ NUG ဘက်က ဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားသည်။

CBN_002
Chin Breaking News

#ဆလိုင်းအိုင်ဇက်ခင် #ချင်းပြည်နယ်ဝန်ကြီးဟောင်း #လိင်အမြတ်ထုတ် #ကျူးလွန်ခံရသူ #မဖွယ်မရာပြုကျင့် #အိန္ဒိယနိုင်ငံကိုယ်စားလှယ် #အမျိုးသားညီညွတ်ရေးအစိုးရ #ကလေးသူငယ်
#ဦးအောင်မင်း ွေထွေအတွင်းရေးမှူး 's_League_of_Burma #ချင်းအမျိုးသမီးအဖွဲ့
#မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် #အိသဉ္ဇာမောင် #ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီ

Address


Website

Alerts

Be the first to know and let us send you an email when Chin Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chin Breaking News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share