22/04/2024
ပိတ်ရက်ရှည်အပြီးလုပ်ငန်းခွင်ပြန်ဝင်တဲ့အခါ..
▪️Energy အပြည့်နဲ့တရက်တာကိုစတင်နိုင်ဖို့အိပ်ချိန်လုံလောက်ပါစေ.
▪️နိုးနိုးချင်း Social Media လုံးဝ/လုံးဝ မသုံးမိပါစေနဲ့နော်.
▪️ပုံမှန်ရက်ထက် 30mins/ 1hr လောက်ကြိုတင်ပြင်ဆင်ပြီးရုံးကိုခပ်စောစောလေးအရောက်သွားပါ.
▪️အလုပ်စားပွဲနေရာကိုorganize ဖြစ်အောင်ပြင်ဆင်ပါ. scented candle/ indoor plants လေးတွေနဲ့ အလှဆင်ပါ.
▪️Email စစ်ပါ.
▪️To Do Listsကို Digital Tools တွေသုံးပြီးပြင်ဆင်တာထက် မြင်သာအောင်ချရေးထားပါ.
▪️To Do Lists အားလုံး အရေးကြီးတဲ့Priority အလိုက် meeting နဲ့ deadline tasksခွဲပြီး schedule သတ်မှတ်ပါ. Relist ပြန်လုပ်ပါ.
▪️45 mins ခြားတခါalarmပေးထားပါ. 5~10mins break ယူပါ.
▪️Focus အပြည့်နဲ့အလုပ်လုပ်နိုင်ဖို့ Phone က Notifications တွေကိုoff ထားပါ. မလိုအပ်တဲ့ browser tabsတွေကို laptop မှာမဖွင့်ထားမိစေနဲ့နော်.
▪️တရက်တာလုံးEnergy level ပြည့်ဝနေဖို့ အာဟာရပြည့်တဲ့နေ့လည်စာနဲ့ ရေသောက်ဖို့လဲမမေ့နဲ့နော်. Coffee ကတော့bonus ပေါ့.
▪️Lunch Time အပြီးTo Do Lists ကိုreview ပြန်လုပ်ပါ. အချိန်မှီလိုအပ်သလိုပြန် adjust လုပ်ပါ.
▪️ရုံးမဆင်းခင် (၁)နာရီအလိုမှာ မနက်ကသတ်မှတ်ခဲ့တဲ့ To Do Lists အတိုင်းပြီး/ မပြီး review ထပ်လုပ်ပါ. မဖြစ်မနေ deadline အမှီပြီးရမယ့် tasks တွေကိုလက်စသတ်ပါ.
▪️မနက်ဖန်အတွက် To Do Lists ကိုကြိုပြင်ဆင်ခဲ့ပါ.
အားလုံးဘဲ productive backtrack Mondayလေးဖြစ်ကြပါစေနော်…❤️
PS: သီချင်းလေးကတော့ postနဲ့မဆိုင်ဘူး. ကြိုက်လို့🥰