Soe Paing Phyo

  • Home
  • Soe Paing Phyo

Soe Paing Phyo -သျှားကို-

"သို့ မမနုကြည်"-ဆန်းကျော်စွာဝင်း-
01/06/2024

"သို့ မမနုကြည်"

-ဆန်းကျော်စွာဝင်း-

နေပါဉီးဗျ...ကိုယ့်လူပြောတာဘယ်လို "ချမ်းသာ"မှုမျိုးလဲဘာတွေလဲ......ဘာတွေလဲ......ဘာတွေလဲ......-စိုးပိုင်ဖြိုး-
28/05/2024

နေပါဉီးဗျ...
ကိုယ့်လူပြောတာ
ဘယ်လို "ချမ်းသာ"မှုမျိုးလဲ
ဘာတွေလဲ......
ဘာတွေလဲ......
ဘာတွေလဲ......

-စိုးပိုင်ဖြိုး-

ကိုယ့်ဒူးတောင် ကိုယ်မယုံရတဲ့လောကမှာယုံကြည်စိတ်ချရတဲ့ မင်းကိုပိုင်ဆိုင်ထားရတာမင်္ဂလာတစ်ပါးပါပဲကွယ်... -သျှားကို-
27/05/2024

ကိုယ့်ဒူးတောင် ကိုယ်မယုံရတဲ့လောကမှာ
ယုံကြည်စိတ်ချရတဲ့ မင်းကိုပိုင်ဆိုင်ထားရတာ
မင်္ဂလာတစ်ပါးပါပဲကွယ်...

-သျှားကို-

စိတ်ချပါ လောကကြီးရယ်ရှေ့လျှောက် .....ငါ့မှာဆုံးရှုံးစရာ အများကြီးကျန်ပါသေးတယ်-သျှားကို-
26/05/2024

စိတ်ချပါ လောကကြီးရယ်
ရှေ့လျှောက် .....
ငါ့မှာဆုံးရှုံးစရာ အများကြီးကျန်ပါသေးတယ်

-သျှားကို-

လူတွေရဲ့စိတ်ဟာသံလိုက်ဂုဏ်သတ္တိလိုမျိုးတူကိုဆန့်ကျင်ပြီး ဆန့်ကျင်ဘက်ကိုဆွဲငင်လို့ရှိရင်ကိုယ်တို့မဝေးခဲ့ကြလောက်ဘူး -သျှားက...
25/05/2024

လူတွေရဲ့စိတ်ဟာ
သံလိုက်ဂုဏ်သတ္တိလို
မျိုးတူကိုဆန့်ကျင်ပြီး
ဆန့်ကျင်ဘက်ကိုဆွဲငင်လို့ရှိရင်
ကိုယ်တို့မဝေးခဲ့ကြလောက်ဘူး

-သျှားကို-

"မိုးဉီး"မိုးဉီးဟာ လှပသလိုအန္တရာယ်လည်း များလှပါတယ်ကွယ်ကျန်းမာရေးဂရုစိုက်ပါ အချစ်ရယ်-သျှားကို-
24/05/2024

"မိုးဉီး"

မိုးဉီးဟာ လှပသလို
အန္တရာယ်လည်း များလှပါတယ်ကွယ်
ကျန်းမာရေးဂရုစိုက်ပါ အချစ်ရယ်

-သျှားကို-

ငါ့အဖြစ်ကလဲ ရယ်ချင်စရာဂေါတမလိုပုဂ္ဂိုလ်မျိုးတောင်မာရ်နတ်ကနှောင့်ယှက်ဖျက်ဆီးသေးတာငါ့မှာ အတားအဆီးသေးသေးလေးကိုအကျယ်ချဲ့ပြီး...
23/05/2024

ငါ့အဖြစ်ကလဲ ရယ်ချင်စရာ
ဂေါတမလိုပုဂ္ဂိုလ်မျိုးတောင်
မာရ်နတ်ကနှောင့်ယှက်ဖျက်ဆီးသေးတာ
ငါ့မှာ အတားအဆီးသေးသေးလေးကို
အကျယ်ချဲ့ပြီး စိတ်ဓာတ်ကျရသတဲ့
ငါ့အဖြစ်ကလဲ ရယ်ချင်စရာ

-စိုးပိုင်ဖြိုး-

"မင်္ဂလာဉီးည"(ကျွန်တော်ပထမဆုံး ဖန်တီးထားသည့် ဟာသဇာတ်လမ်းတိုတိုလေးတစ်ပုဒ်ဖြစ်ပါသည်။)          လောက၌ ကိုယ်ချစ်ရသူနှင့်နေလိ...
22/05/2024

"မင်္ဂလာဉီးည"(ကျွန်တော်ပထမဆုံး ဖန်တီးထားသည့် ဟာသဇာတ်လမ်းတိုတိုလေးတစ်ပုဒ်ဖြစ်ပါသည်။)

လောက၌ ကိုယ်ချစ်ရသူနှင့်နေလိုသည်မှာ လူသားတိုင်းဆန္ဒပင်ဖြစ်ပါသည်။ကျွန်တော်လည်း လူပဲမို့ ချစ်ရသူနှင့်ပေါင်းဖက်လိုသည့် ဆန္ဒရှိပါသည်။ ကံကောင်းသည်မှာ မနက်ဖြန်သည် ကျွန်တော်၏ မင်္ဂလာဆောင်ပင်ဖြစ်သည်။ အိမ်ကပေးစားသည်မဟုတ်။ ချစ်သူသက်တမ်း(၇)နှစ်ကိုဖြတ်တောက်ကာ အကြင်လင်မယားသက်တမ်းဘက်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။
မနက်ဖြန်ဟူသောအချိန်သည် အလုပ်ရှုပ်နေ၍လားမသိ လျင်လျင်မြန်မြန်ပင် ရောက်လာခဲ့သည်။ ကျွန်တော့်သတို့သမီး၏ အသားမှာ စံပယ်ပန်းလေးကဲ့သို့ ဖြူဖွေးနူးညံ့၍ ပန်းနုရောင်မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်နေတော့သည်။ စနိုးဝှိုက်ခေတ်မှာ သူမ သာရှိခဲ့လျှင် မှော်မှန်ကြီးက စနိုးဝှိုက်အား အလှဆုံးဟုပြောလိမ့်မည်မဟုတ်ပေ။ကျွန်တော့်သတို့သမီး ဤမျှလောက် လှပနေပါသည်။
မင်္ဂလာဆောင်သို့ လာရောက် ချီးမြှောက်သူများအား ဧည့်ခံကျွေးမွေးပြီး၍ ပစ္စည်းများ သိမ်းသိုနေလေပြီ။မင်္ဂလာဝတ်စုံများကိုလဲ အပ်နှံခဲ့ပြီးလေပြီ။ ရေမိုးချိုးပြီး၍ ငယ်သူငယ်ချင်းများက ပူဆာ၍ ဘီယာဆိုင်သို့ ရောက်လာခဲ့လေပြီ။ မသောက်ပါကစိတ်ဆိုးမည်ဟု ​ပြောကြ၍ နည်းနည်းပင်သောက်ခဲ့ရသေးသည်။ ည၉နာရီခွဲ ၁၀နာရီအချိန်လောက်မှပင် အိမ်သို့ပြန်ရောက်၏။
အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် တွေ့လိုက်ရသည်မှာ ကုတင်ပေါ်တွင် အိစက်နေသော မွေ့ရာပေါ်၌ ခင်းထားသော အဝတ်ဖြူလေးများပင်ဖြစ်သည်။ ဝဲယာသို့ လှည့်လိုက်စဉ်ပင် ရင်ခုန်သံပိုမြန်လာခဲ့သည်။ ကြက်သွေးရောင်ညဝတ်အင်္ကျီဝတ်ကာ မှန်ကိုကျောခိုင်း၍ ကျွန်ုပ်အားကြည့်နေသော ဇနီးသည်အသစ်စက်စက်လေး။ကုတင်ယာဘက်သို့ကျွန်တော်လျှောက်သွားလိုက်သည်။ ကုတင်ဘေးတွင်ရှိသော sound box အားဖွင့်၍ ဖုန်းဖြင့်ချိတ်ကာ ထူးအိမ်သင်၏ "စကားလုံးမရှိသောကောင်းကင်"နှင့် စိုင်းထီးဆိုင်၏ "အပြာရောင်မျက်ရည်"သီချင်းနှစ်ပုဒ်သာဖွင့်ထားလိုက်သည်။🎼မျက်ဝန်းများနှင့် နမ်းပါ🎼 ဟူသောအပိုဒ်တွင် သီချင်းစာသားအတိုင်း နှစ်ယောက်သား မျက်ဝန်းများဖြင့်သာ အနမ်းခြွေနေကြသည်။ 🎼ရှိတစ်ဝတ် ပျက်တစ်ဝတ် ပါးပြင်ပေါ်မှာ🎼 စိုင်းထီးဆိုင်သီချင်းက အသားချင်းမထိဘဲ မျက်ဝန်းဖြင့်နမ်းနေသော အနမ်းများကို ရပ်တန့်စေခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်လှုပ်ရှားလာခဲ့ပြီ။ သူမ၏ အချိုးကျလှပသော ခန္ဓာလေးအား ခါးမှပွေ့ဖက်လိုက်သည်။ သူမသည် အလိုက်သင့်ပင်ပါလာခဲ့သည်။ နွေးနေသောနှုတ်ခမ်းပေါ်သို့ နွေးနေသောနှုတ်ခမ်းတစ်စုံ တင်ရန် နှစ်ဉီးစလုံး စိတ်စောနေကြသည်။ ထိုအချိန်တွင် "ဟာ မီးပျက်သွားပြီ"။ အမှန်မှာ ကျွန်တော်ရုပ်ရှင်ကြည့်နေခဲ့ခြင်းပင်ဖြစ်သည်။ မီးပျက်သွား၍ အိမ်တွင်မီးစက်မရှိသောကြောင့် အတွေးများစွာဖြင့် အမှောင်ထဲတွင် တစ်ယောက်တည်း ငူငူကြီးကျန်ခဲ့လေတော့သည်။
-စိုးပိုင်ဖြိုး(သျှားကို)-

ဝေဒနာရထားဟာ တရိပ်ရိပ်ပြေးနေဆဲစိတ်ဓာတ်ဟာ အနက်ရောက်ဝတ်ရုံအောက်မှာကွန်မြူနစ် မဖြစ်ရုံလေး-သျှားကို-
21/05/2024

ဝေဒနာရထားဟာ
တရိပ်ရိပ်ပြေးနေဆဲ
စိတ်ဓာတ်ဟာ အနက်ရောက်ဝတ်ရုံအောက်မှာ
ကွန်မြူနစ် မဖြစ်ရုံလေး

-သျှားကို-

"ဆက်ဆံရေးတစ်ခု"          ဆက်ဆံတစ်ခုမှာအများကြီးမျှော်လင့်မထားဖို့အရေးပါသည်။မျှော်လင့်စိတ်ကြောင့် အမြင်စောင်းတာ အထင်လွဲတာ...
20/05/2024

"ဆက်ဆံရေးတစ်ခု"
ဆက်ဆံတစ်ခုမှာအများကြီးမျှော်လင့်မထားဖို့အရေးပါသည်။မျှော်လင့်စိတ်ကြောင့် အမြင်စောင်းတာ အထင်လွဲတာတွေအများအားဖြင့် ဖြစ်တတ်ကြပါတယ်။"သူငယ်ချင်း(ချစ်သူ)ဖြစ်ပြီး ဘာလို့ဒါလေးတောင်....." စသည်အားဖြင့် တွေးတောတတ်ကြပါတယ်။တကယ်တမ်းစဉ်းစားကြည့်မည်ဆိုလျှင် ကမ္ဘာထဲမှာအတူနေကြတဲ့ တစ်စိတ် တစ်ခန္ဓာကိုယ်စီပဲမဟုတ်ပါလား။ဘယ်သူကမှအမြဲတမ်းကြီးအကူပေးနိုင်မှာမဟုတ်သလို အမြဲတမ်းအတူရှိနေနိုင်မှာလဲမဟုတ်ပါ။တစ်ခါတစ်လေ(ဒါမှမဟုတ် တစ်သက်လုံး)တစ်ယောက်တည်းဖြတ်သန်းရပါလိမ့်မယ်။တစ်ဖက်လူကမကူညီနိုင်သည့်အခါလဲရှိကောင်းရှိလိမ့်မည်။သည်လိုမကူညီနိုင်တိုင်းသာ အခေါ်အပြောမလုပ်ဘူးဆိုလျှင် ကျွန်တော်တို့တွင် ပေါင်းသင်းစရာလူရှိတော့မည်မဟုတ်ပေ။"လူ"ဖြစ်နေသည့်အတွက် သူလဲ အနိမ့်မြင့်အမြဲရှိပေလိမ့်မည်။သူအမြဲအဆင်ပြေလိမ့်မည်မဟုတ်ပေ။ကျွန်တော့်(စာရေးသူ) မျက်စိရှေ့တွင်တွေ့နေမြင်နေရသည်မှာ "သူငယ်ချင်းဖြစ်ပြီး...."စသည်အားဖြင့်တွေးတောကာ အမြင်မှားနေသူများလှသည်။ဂရုစိုက်တွေးတောဆင်ခြင်သင့်လှပေသည်။
နောက်တစ်ချက်မှာ သူနှစ်သက်သောအရာဝတ္ထုတစ်ခုခု တောင်းယူ(မရမကတောင်းယူ)ခြင်းဖြစ်သည်။မိတ်ပျက်စေရန်အများဆုံးအချက်ပင်ဖြစ်သည်။ပစ္စည်းအသစ်တစ်ခုခုဝယ်လျှင်ပင် *ထိုသူကို ရန်သူတစ်ယောက်လိုထင်မှတ်ကာ မပြဝံ့ကြတော့ပေ။"ငါပြလိုက်ရင် သူငါ့ဆီကနေ မရမချင်းတောင်းမှာပါကွာ"ဟုတွေးကာ တဖြည်းဖြည်းကွာဝေးသွားတတ်သည်။မိမိနှစ်သက်သောပစ္စည်းတစ်ခုကို လူနိုင်သူတစ်ယောက်က အတင်းယူသွားသည်ဟု စဉ်းစားကြည့်ပါ။ဘယ်လိုမှ သည်းခံနိုင်စရာမဟုတ်တော့ပေ။ကိုယ်ချင်းစာပေးသင့်သည်။မိတ်ပျက်ဆေးတစ်ခုပင်ဖြစ်သည်။

*ပစ္စည်းကိုမရမကတောင်းယူသောသူ

#စိုးပိုင်ဖြိုး(သျှားကို)

ကျွန်တော်နေသော"တိုင်းပြည်"စကားလုံးအသစ်တစ်လုံးပေါ်တိုင်း ပလူပျံပါတယ်ပေါ့ပျက်ပျက်အနုပညာကိုအလေးပေးပါတယ်အစားအသောက်၊အဝတ်အစား၊...
16/05/2024

ကျွန်တော်နေသော"တိုင်းပြည်"

စကားလုံးအသစ်တစ်လုံးပေါ်တိုင်း ပလူပျံပါတယ်

ပေါ့ပျက်ပျက်အနုပညာကိုအလေးပေးပါတယ်

အစားအသောက်၊အဝတ်အစား၊ယဉ်ကျေးမှူနယ်ချဲ့ခံနေတာကို
ခေတ်မီတယ်လို့ထင်ပါတယ်

စသည် စသည်အားဖြင့်

ကျွန်တော်"ထိုတိုင်းပြည်"တွင်နေထိုင်ပါသည်

-စိုးပိုင်ဖြိုး-

အချစ်တစ်ခုမှာစွန့်ပစ်ခံရမှာကြောက်တဲ့စိတ်နဲ့နေရင်ပိုပြီးဝေးတတ်တယ်-သျှားကို-
09/05/2024

အချစ်တစ်ခုမှာ
စွန့်ပစ်ခံရမှာကြောက်တဲ့စိတ်နဲ့နေရင်
ပိုပြီးဝေးတတ်တယ်

-သျှားကို-

နှုတ်လည်းမဆက်တတ်ဘူးနော်သိပ်လည်းဝမ်းမသာသလိုပဲနော်ဘာမှမဖြစ်သလိုပဲနော်ဘာရယ်မှတော့မဟုတ်ပါဘူးပုံမှန်အတိုင်းလေးနေသွားချင်ရုံပါ...
08/05/2024

နှုတ်လည်းမဆက်တတ်ဘူးနော်
သိပ်လည်းဝမ်းမသာသလိုပဲနော်
ဘာမှမဖြစ်သလိုပဲနော်

ဘာရယ်မှတော့မဟုတ်ပါဘူး
ပုံမှန်အတိုင်းလေးနေသွားချင်ရုံပါ

-သျှားကို-

"သေသောသူကြာရင်မေ့"တဲ့သြော်...ရှင်နေလျက်နဲ့ အမေ့ခံနေရပါလား-သျှားကို-
06/05/2024

"သေသောသူကြာရင်မေ့"တဲ့
သြော်...
ရှင်နေလျက်နဲ့ အမေ့ခံနေရပါလား

-သျှားကို-

သတိ!နှလုံးသားစာများကိုဉီးနှာက်ဖြင့်မဖတ်မိရန်သတိပေးအပ်ပါသည်-သျှားကို-
30/04/2024

သတိ!
နှလုံးသားစာများကို
ဉီးနှာက်ဖြင့်မဖတ်မိရန်
သတိပေးအပ်ပါသည်

-သျှားကို-

၃၁ဘုံ လမ်းပေါ်လျှောက်နေတုန်းလူ့ဘဝဆိုတဲ့ အချိန်အပိုင်းအခြားလေးမှာကောင်းတဲ့ခြေရာတစ်ခုလောက်တော့ကျန်ခဲ့စေချင်ရဲ့-စိုးပိုင်ဖြ...
22/04/2024

၃၁ဘုံ လမ်းပေါ်လျှောက်နေတုန်း
လူ့ဘဝဆိုတဲ့ အချိန်အပိုင်းအခြားလေးမှာ
ကောင်းတဲ့ခြေရာတစ်ခုလောက်တော့
ကျန်ခဲ့စေချင်ရဲ့

-စိုးပိုင်ဖြိုး-

လူတိုင်း..ကိုယ့်စိတ် ကိုယ့်ခန္ဓာမို့ဘာကိုမှချည်နှောင်မထားတာအကောင်းဆုံးပါကွယ်-သျှားကို-
21/04/2024

လူတိုင်း..
ကိုယ့်စိတ် ကိုယ့်ခန္ဓာမို့
ဘာကိုမှချည်နှောင်မထားတာ
အကောင်းဆုံးပါကွယ်

-သျှားကို-

"ကျွန်တော်ချစ်သော"ကျွန်တော်ချစ်သောအရာမှာဆောင်းထားသော မကိုဋ်၊သရဖူများမဟုတ်ဘဲဆံနွယ်လေးများဖြစ်ပါသည်...-စိုးပိုင်ဖြိုး-
18/04/2024

"ကျွန်တော်ချစ်သော"

ကျွန်တော်ချစ်သောအရာမှာ
ဆောင်းထားသော မကိုဋ်၊သရဖူများမဟုတ်ဘဲ
ဆံနွယ်လေးများဖြစ်ပါသည်...

-စိုးပိုင်ဖြိုး-

ဒီမှာ ထူးအိမ်သင် ဆိုတဲ့လူကြီးခင်ဗျားပြောတာတွေကို ကျုပ်နားငြီးနေပြီချစ်ခြင်းမေတ္တာနှင့်ဉာဏ်ပညာကို အလေးအမြတ်ပြုရမယ် ဟုတ်လာ...
17/04/2024

ဒီမှာ ထူးအိမ်သင် ဆိုတဲ့လူကြီး
ခင်ဗျားပြောတာတွေကို ကျုပ်နားငြီးနေပြီ
ချစ်ခြင်းမေတ္တာနှင့်ဉာဏ်ပညာကို အလေးအမြတ်ပြုရမယ် ဟုတ်လာ"
"ဒီမှာ ကျုပ်ပြောမယ်
အခုခေတ်က ချစ်ခြင်းမေတ္တာကို
တဏှာ၊ရာဂ လောက်ထင်နေကြတာ
ပြီးရင်
ဉာဏ်ပညာဆိုတာ ဉီးထုပ်လှလှတစ်လုံးလောက်တောင်တန်ဖိုးမထားကြဘူးဗျ ခင်ဗျားခေတ်မမီသေးပါဘူးဗျာ"
"ကိုယ်ခန္ဓာဆိုတာ ချစ်ခြင်းမေတ္တာနှင့်ဉာဏ်ပညာကိုသယ်ဖို့ ယာဉ်ရထားသက်သက်ဆို
ကျုပ်မှာတော့ မာန၊အတ္တတွေသယ်နေရတဲ့အတွက် နေရာတောင်မလောက်ပါဘူးဗျာ"
"ပြီးရင်ခင်ဗျားပြောတယ်လေ
"ဘဝဆိုတာ သက်တံလိုပဲ ရှိတော့ရှိပါရဲ့ ဒါပေမယ့် အရှိမဲ့"ဆိုပဲ
ဒီမှာက ဘယ်တော့မှမသေတော့ဘူးအထင်နဲ့ မရှိတာကိုအရှိထင်ပြီး မာန်တက်နေတာ ခြယ်လှယ်နေကြတာ
တော်ပြီဗျာ ခင်ဗျားမပြောနဲ့တော့"
"အခုခင်ဗျားကိုပြောနေတာ တစ်ယောက်ယောက်များကြားသွားရင် ကျုပ်ကို ပြက်ရယ်ပြုကြလိမ့်မယ်ဗျ"

-စိုးပိုင်ဖြိုး-

ပကတိ "ရေ"နဲ့ရင်ထဲကအပူကိုဘယ်လိုငြိမ်းရမလဲ"နွေ"ရယ်.....-သျှားကို-
17/04/2024

ပကတိ "ရေ"နဲ့
ရင်ထဲကအပူကို
ဘယ်လိုငြိမ်းရမလဲ
"နွေ"ရယ်.....

-သျှားကို-

ပိုဂရုစိုက်ခံရတဲ့ ဒဏ်ရာဟာ...ပိုပြီးနာကျင်ရလေသတဲ့...-သျှားကို-
27/03/2024

ပိုဂရုစိုက်ခံရတဲ့ ဒဏ်ရာဟာ...
ပိုပြီးနာကျင်ရလေသတဲ့...

-သျှားကို-

အချိန်အခါမဟုတ် မိုးတွေရွာတော့အတိတ် မေ့သူများပြန်သတိရ ။ -ဂန္ဓမာ-
21/03/2024

အချိန်အခါမဟုတ်
မိုးတွေရွာတော့
အတိတ် မေ့သူများ
ပြန်သတိရ ။

-ဂန္ဓမာ-

"နောက်ဆုံးပေါ် "ပစ္စည်းတွေပဲ "နောက်ဆုံးပေါ် " ကောင်းပါတယ်စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရားကတော့မကောင်းပါဘူးသို့သော်....ကုန်စျေ...
16/03/2024

"နောက်ဆုံးပေါ် "

ပစ္စည်းတွေပဲ "နောက်ဆုံးပေါ် " ကောင်းပါတယ်
စိတ်ဓာတ်နှင့်ကိုယ်ကျင့်တရားကတော့မကောင်းပါဘူး

သို့သော်....

ကုန်စျေးနှုန်းလိုမျိုးဆိုရင်တော့
"နောက်ဆုံးပေါ် "က ပိုအဆင်ပြေလိမ့်မယ်

-သျှားကို-

တကယ်ကြင်နာမြတ်နိုးနေမပန်ခင်မှာမခြွေရက်ဘူးလေ....နာရီပေါ်ကမျက်ရည်စက်များ-ထူးအိမ်သင်
15/03/2024

တကယ်ကြင်နာမြတ်နိုးနေ
မပန်ခင်မှာမခြွေရက်ဘူးလေ....

နာရီပေါ်ကမျက်ရည်စက်များ-ထူးအိမ်သင်

နှလုံးသားဆိုတာအမေမွေးတုန်းက ပါလာလို့သာခင်ဗျားတို့ ကိုယ်ခန္ဓာမှာ ရှိနေတာပါဘာမှ အသုံးမဝင်တော့ဘူး။-အောင်ချိမ့်-(ဂန္ထဝင်မမ)
14/03/2024

နှလုံးသားဆိုတာ
အမေမွေးတုန်းက ပါလာလို့သာ
ခင်ဗျားတို့ ကိုယ်ခန္ဓာမှာ ရှိနေတာပါ
ဘာမှ အသုံးမဝင်တော့ဘူး။

-အောင်ချိမ့်-
(ဂန္ထဝင်မမ)

ဒုက္ခတွေသာ အကြွေးထားလို့ရရင်....
11/03/2024

ဒုက္ခတွေသာ အကြွေးထားလို့ရရင်....

"ဉာဏ်ပညာ"မှတစ်ပါး လောက၏ အမိုက်အမှောင်ကို ဖောက်ထွင်းလျက် ဘဝကို လမ်းပြတတ်သော အလင်းရောင်သည် မရှိ..."ချစ်ခြင်းမေတ္တာ"မှတစ်ပါ...
05/03/2024

"ဉာဏ်ပညာ"မှတစ်ပါး လောက၏ အမိုက်အမှောင်ကို ဖောက်ထွင်းလျက် ဘဝကို လမ်းပြတတ်သော အလင်းရောင်သည် မရှိ...

"ချစ်ခြင်းမေတ္တာ"မှတစ်ပါး နှလုံးသားကို စင်ကြယ်စွာ သုတ်သင်လျက် လောကကိုငြိမ်းချမ်းအေးစေတတ်သော အမြိုက်ရေစင်သည်လည်းမရှိရာ၏...

လောက၌ ချစ်ခြင်းမေတ္တာနှင့်ဉာဏ်ပညာမှတစ်ပါး အလေးအမြတ်ထားရာဟူ၍ အခြားမရှိ။

-သျှပ်မှူးကျော်(ထူးအိမ်သင်)-

ကဗျာဆရာလိုလိုနိုင်ငံရေးသမားလိိုလိုဒီကောင့်ကိုချစ်ရတာမင်းမှာ သိပ်ပင်ပန်းခဲ့မှာပဲ-ကေဇဝင်း-
04/03/2024

ကဗျာဆရာလိုလို
နိုင်ငံရေးသမားလိိုလို
ဒီကောင့်ကိုချစ်ရတာ
မင်းမှာ သိပ်ပင်ပန်းခဲ့မှာပဲ

-ကေဇဝင်း-

နာရီကမပျက်ဘဲ ကိုယ်ကျင့်တရားတွေပျက်နေရင်ကျွန်တော်တို့နေထိုင်ရာ ကာလဟာရှက်စရာကောင်းလာပါတယ်-သျှားကို-
02/03/2024

နာရီကမပျက်ဘဲ
ကိုယ်ကျင့်တရားတွေပျက်နေရင်
ကျွန်တော်တို့နေထိုင်ရာ ကာလဟာ
ရှက်စရာကောင်းလာပါတယ်

-သျှားကို-

ထို့နောက် ...အမှားတွေလား အများကြီးပဲအားရစရာကောင်းအောင် မှားပြီးပြီ ။မှန်ကြဖို့ မှန်ကြစို့ ။မလွဲမသွေမှန်ကြစို့။      ။-အေ...
02/03/2024

ထို့နောက် ...

အမှားတွေလား
အများကြီးပဲ
အားရစရာကောင်းအောင်
မှားပြီးပြီ ။
မှန်ကြဖို့
မှန်ကြစို့ ။
မလွဲမသွေ
မှန်ကြစို့။ ။

-အောင်ချိမ့်-

Address


Website

Alerts

Be the first to know and let us send you an email when Soe Paing Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share