Mom's Diary by Thet Mon

  • Home
  • Mom's Diary by Thet Mon

Mom's Diary by Thet Mon Thet Mon is a Digital Creator and create resourceful contents for Stay at home Moms and Working Moms.

Thet Mon is a full time mom of two beautiful children, a content creator, a podcaster and a booktuber.

15/07/2024

အရမ်းလှ 🤎

13/07/2024

Hello from Thailand 🤎

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
23/06/2024

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

16/06/2024

Good Morning 🤎

16/06/2024

Beach vibes 🤎

16/06/2024

Hello from Langkawi 🤎🤎🤎🌊

Hello မေမေတို့ရေ 🤎 How are you today? ရန်ကုန်မှာ ဇွန်လက ကျောင်းဖွင့်တဲ့ ရာသီပေါ့။မိုးကစွေ၊ တနေကုန် ဖျောက်ဖျောက်ရွာလိုက်ခ...
13/06/2024

Hello မေမေတို့ရေ 🤎

How are you today?

ရန်ကုန်မှာ ဇွန်လက ကျောင်းဖွင့်တဲ့ ရာသီပေါ့။

မိုးကစွေ၊ တနေကုန် ဖျောက်ဖျောက်ရွာလိုက်
ခဏနေတိတ်သွားလိုက်၊ နေတချက်ပူလိုက်
နေ့လည်ဆို မိုးအုံ့လာပြီးတော့
ညနေကလေးတွေ ကျောင်းဆင်းချိန်ဆို
သဲသဲမဲမဲ ပြန်စရွာပြီ။ 🌧️

ငယ်ငယ်လေးထဲက မိုးတွင်းမကြိုက်ပေမယ့်
ကြီးလာတော့ အပူဒဏ်သိပ်မခံနိုင်တော့
မိုးအေးရင် နေလို့သက်သာတာပေါ့လေ။ 🤎

သဘာဝတရားကို judgement တွေ
မလုပ်ရဘူးဆိုတဲ့ စာလေးတွေ့ပြီးထဲက

ပါးစပ်ကပွစိပွစိ အပြစ်တင်ရေရွတ်တာကို
တတ်နိုင်သမျှ သတိထားလျှော့ချတာလုပ်ကြည့်တယ်။

နေ့မရှိဘဲ ညပဲဖြစ်နေရင်
ညမရှိဘဲ နေ့ပဲဖြစ်နေရင်
မိုးမရွာဘဲ နေပူနေရင်
နေမပါဘဲ မ်ိုးပဲရွာနေရင်

တကယ်အဆင်ပြေပါ့မလား?

❌No ပါနော် !

Spiritual သမားတွေ ပြောနေတဲ့
Duality ဆိုတာကို အစက နားမလည်ပေမယ့်
အခုတော့ တဖြည်းဖြည်း သဘောပေါက်စပြုလာပြီ။

ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ အခြေအနေတိုင်း
အပေါ်မှာ သိပ်ပြီး ပရမ်းပတာ ယောက်ယက်ခတ်
စိတ်ပူလွန်တတ်တဲ့ anxiety ဖြစ်လွန်းတတ်သူ
အမျိုးသမီးဘဝကနေ အရင်ထက်ပိုတည်ငြိမ်တတ်လာဖို့
အခုနှစ်ထဲ စပြီးပြောင်းလဲယူလာနိုင်ပြီ။

အရှိိန်ကတော့ ဖြည်းဖြည်းနဲ့မှန်မှန်ပေါ့လေ။

Full time mom ဘဝကို အရင်တုန်းကနဲ့မတူတဲ့
system တခုတည်ဆောက်ယူပြီး transform
လုပ်နေတဲ့ ကာလက နှစ်တဝက်ကျိုးလာပြီ။

မိခင်တယောက်ရဲ့ journey ကို
documented လုပ်ပြီး၊ ဘဝတူမိခင်တွေအတွက်
ကိုယ်သိနားလည်သဘောပေါက်တာလေးတွေ၊
သဘောကျနှစ်သက်စရာကောင်းတဲ့ useful information နဲ့ data တွေ မျှဝေဖို့ Mom’s Diary by Thet Mon ကို
စတင်ခဲ့တဲ့ intention က ခုထိ အရင်အတိုင်း
ရှိနေဆဲပါပဲ။

( ဒီနှစ်တွေထဲ ဆင်ခြေအမျိုးမျိုးပေးပြီး content တွေ
မှန်မှန်မလုပ်ဖြစ်ခဲ့တာကိုတော့ ဝန်ခံပါတယ် 😃)

ပတ်ဝန်းကျင်နေရာအသစ်မှာ new versionနဲ့
Identity တခုတည်ဆောက်ပြီး
အကောင်းဆုံးနေထိုင်ဖို့ ကြိုးစားနေတဲ့၊
ကြိုးစားနေဆဲ မိခင်တဦးရဲ့
Authentic ဖြစ်တဲ့ content တွေကို
consume လုပ်ဖို့အတွက်

သက်မွန်ကို ဒီ platform တွေမှာ
တွေ့နိုင်ပါတယ်လို့ inform လုပ်ပါရစေ။ 😍

⬇️⬇️⬇️⬇️⬇️

YouTube

https://youtube.com/

Telegram

https://t.me/+3jbR-KPaA7k3OGFl

Instagram

https://www.instagram.com/momsdiarybythetmon/

Have a wonderful day to you all.

မေမေတွေအားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

ကျောင်းတွေပိတ်ပြီလေ Screen time လျော့ဖို့အရေး ဒို့အရေး အော်ထားမိတော့အငယ်မ အိပ်ချိန်မှ အကြီးကို ကိုယ်တိုင်စီစစ်ခွင့်ပြုထာ...
12/06/2024

ကျောင်းတွေပိတ်ပြီလေ

Screen time လျော့ဖို့အရေး ဒို့အရေး အော်ထားမိတော့

အငယ်မ အိပ်ချိန်မှ အကြီးကို ကိုယ်တိုင်စီစစ်ခွင့်ပြုထားတဲ့
ကာတွန်းကားကို ပြရတယ်။ 😂

( ကိုယ်လဲ ကြည့်ချင်တဲ့ ကာတွန်းပေါ့လေ ကော်ဖီအေးတခွက်နဲ့ ငုတ်တုတ်ထိုင်နေပြီး တူတူကြည့်ရတယ်။)

အိမ်မှာရှိတဲ့ TV ကအိပ်ပျော်နေတာ ၂ လနီးပါးရှိပြီ။

Remote control က တိုက်ဝရံတာက ပြုတ်ကျသွားပြီလို့
White lie နဲ့ ရွှေမှုန်ကို ပြောပြထားပြီး ဖွက်ထားတာ။

ခဏနေ မရွှေမှုန်နိုးလာရင်တော့

Bye bye cartoon လုပ်ရမယ်လို့ သုတကိုပြောထားတယ်။

မိုးတွေရွာတဲ့ Summer Break လို့ခေါ်တဲ့ ဇွန်ဇူလိုင်လတွေက

မနက် ၄ခွဲမထရ ၊၆ နာရီမှ ထရလို့ သက်သာသလိုရှိပေမယ့်
24/7 babysitter ဖြစ်သွားရတဲ့ ရက် ၆၀ ကျော်
ခရီးစဉ်တခုပေါ့။ 😁

ကျောင်းပိတ်တဲ့နေ့တွေကို မေမေတွေ
ဘယ်လိုဖြတ်သန်းကြလဲရှင်?

မေမေတွေအားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

07/06/2024

Last Day of School 🤎

ခဏနေကျောင်းသွားပြီး ကျောင်းနောက်ဆုံးနေ့ clap out လုပ်ကြတာကို သွားပြီး appreciate လုပ်ရမယ်ပေါ့။ 👏

✅သမီးလေးက တကျောင်းလုံးမှာ
အငယ်ဆုံးPrep Reception အတန်းပြီးပြီ။

✅သားသားက Grade 3 ပြီးပြီ။

အခု Summer break ပြီးလို့ Aug ကျောင်းတွေဖွင့်ရင်

😎Prep Junior နဲ့ Grade 4 တက်ကြတော့မယ်။

🗓️KL ရောက်တာ ဘာလိုလိုနဲ့ နှစ်ဝက်ကျိုးပြီဆိုတော့ ….

နေရာသစ်မှာ Full time mom mode ကို ON ထားတာလဲ
အတော်တော့ အသားကျစပြုလာပြီ။

မနှစ်နှစ်ကုန်ထဲက လုံးဝနားထားတဲ့ အလုပ်တချို့ကို
ပြန်လုပ်ဖို့ သေသေချာချာ စနစ်တကျလေးနဲ့

Work life integration ဖြစ်ဖြစ်
စိတ်ကြိုက်ပုံဖော်ထားတဲ့
System ထဲကနေ လုပ်သွားဖို့
intention လေးလဲချထားတယ်။

Family oriented ဖြစ်တဲ့သူဖြစ်ပေမယ့်
Self Worth အရေးကြီးတာကိုလဲ
နားလည်သူမို့ သွားတဲ့လမ်းခရီးက

ဘယ်သူနဲ့မှ compare လုပ်မထားတဲ့

“At my own pace” ဖြစ်တဲ့အတွက်

နှေးတာမြန်တာထက် ကိုယ့်အတွက်
တကယ်စိတ်ကျေနပ်မှုရှိရှိနဲ့
အလုပ်ဖြစ်ဖို့ကိုပဲ focus ထားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက embodiment ဆိုတာကို
သေချာနားမလည်ခဲ့ဘူး။ အခုတော့ စိတ်အတွင်းထဲက
စတင် နားလည်သဘောပေါက်လာပြီ။

open mind , open heart နဲ့ သင်ယူလက်ခံတတ်ခြင်းက
Better version ကိုပြောင်းလဲနိုင်ဖို့ အများကြီး အထောက်အပံ့ဖြစ်စေတာ အမှန်ပါဆိုတာကို

ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ
သိလာရတဲ့ 2024ပေါ့။

မေမေတို့ရော ဒီနှစ်ဝက်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ?

မေမေတွေအားလုံးကျန်းမာပျော်ရွှင်ပါစေ။

Happy Parenting🤎

Thet Mon

It is me ⬇️ ➡️တယောက်ထဲလဲ အကြာကြီး မနေနိုင်➡️လူအများကြီး ကြားထဲလဲ အကြာကြီး မနေနိုင်✅လူနည်းနည်းနဲ့ တယောက်ထဲ လွတ်လွတ်လပ်လပ်...
05/06/2024

It is me ⬇️

➡️တယောက်ထဲလဲ အကြာကြီး မနေနိုင်
➡️လူအများကြီး ကြားထဲလဲ အကြာကြီး မနေနိုင်

✅လူနည်းနည်းနဲ့ တယောက်ထဲ
လွတ်လွတ်လပ်လပ် နေချင်စိတ်၊

✅ကိုယ့်ကို ထိန်းချုပ်မှုတွေ မရှိတဲ့
စိတ်အေးအေးလေးနဲ့ ကိုယ်လုပ်ချင်တာလေးတွေကို
တနေ့တာရဲ့ routine မှာ ခဏလောက်ဖြစ်ဖြစ်
လုပ်ခွင့်ရရင်ကို ပျော်တတ်နေပြီ။

💫ဘောင်တခုထဲ ပိတ်လှောင်
ကန့်သတ်ပြီးနေရတာကို
မကြိုက်တာက ဒီနှစ်တွေမှာ
ပိုသိသာလာတယ်။

Introvert တွေ၊ Extrovert တွေ ငြင်းနေတော့ဘူး
Intuition ကလာတဲ့အတိုင်း ဆက်သွားရရင်
ကျေနပ်နေပါပြီ။

မေမေတွေ အားလုံးပျော်ရွှင်ပါစေ။

Happy Parenting!

Photo Credit:
Yaoyao Ma Van As Art

Stay tuned !!!My new contents are Coming Soon 🤎My Telegram link is here ⬇️⬇️⬇️
31/05/2024

Stay tuned !!!

My new contents are Coming Soon 🤎

My Telegram link is here ⬇️⬇️⬇️

The Best Resource for Working Moms,Stay at Home Moms and Digital Moms.

My favorite quote from my mentor ⬇️⬇️⬇️ “ကိုယ်တိုင်ရွေးချယ်ထားတဲ့ ရွေးချယ်မှုတွေကို လေးစားပါ။ ရွေးချယ်မှုတွေကို တာဝန်အပြ...
27/05/2024

My favorite quote from my mentor ⬇️⬇️⬇️

“ကိုယ်တိုင်ရွေးချယ်ထားတဲ့ ရွေးချယ်မှုတွေကို လေးစားပါ။
ရွေးချယ်မှုတွေကို တာဝန်အပြည့်ယူပြီး
ပီပီပြင်ပြင်လုပ်ပါလို့ “

သူပြောခဲ့တဲ့နောက်ပိုင်း အရင်တုန်းကလို
တွန့်ဆုတ်လွန်းတာ မဖြစ်တော့ဘူး။

အဲ့ဒါတွေကြောင့်လဲ မလုပ်ချင်လုပ်ချင် လုပ်နေရတာ
တချို့ကိုလဲ ရပ်ပစ်လိုက်တာရှိတယ်။

မလုပ်ချင်ပေမယ့် ရွေးချယ်ထားတဲ့ ကိုယ့် choice ကို
လေးစားပြီး တာဝန်ယူဖို့ ဆုံးဖြတ်ထားလို့
လုပ်နေတာတွေလဲ ရှိတယ်။

Self respect ဆိုတာ တော်တော်အရေးပါ
အရာရောက်တယ်ဆိုတာကို self love ကို
သေချာနားမလည်ခဲ့တဲ့သူမို့
အခုမှ နားလည်လာရတာအပေါ်လဲ
နောက်ကျတယ်လို့ မထင်ပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့next generation ကိုတော့
ငယ်ငယ်လေး ထဲက self worth ဆိုတာ
ဘယ်လောက် အရေးပါကြောင်းကိုတော့
စောစောနားလည်သဘောပေါက်စေချင်မိတယ်။

အထူးသဖြင့် မိခင်တွေက သားသမီးတွေအပေါ်
အများကြီး လွှမ်းမိုးမှုရှိကြတာမ်ို့ ကလေးလေးတွေကို

✅ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့
✅ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့
✅ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတာ ယုံကြည်ဖို့

ဒါတွေကို ငယ်ငယ်လေးထဲက နားလည်အောင်
ပြောပြပေးနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့
တွေးမိပါတယ်။

သက်မွန်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန်
ပိုပြီး ချစ်တတ်ဖို့ ကြိုးစားရင်း သားနဲ့သမီးကိုလဲ သူတို့ကိုယ်သူတို့ သေချာမှန်ကန်စွာ ချစ််တတ်ဖို့ ၊
ကိုယ်ရွေးချယ်ထားတဲ့ ရွေးချယ်မှုကို တာဝန်ယူတတ်ဖို့
ကြိုးစားပြီး သင်ပေးနေဆဲ မိခင်တယောက်ပါ။

တွန့်ဆုတ်တွေဝေခြင်းတွေကင်းတဲ့၊ ဆုံးဖြတ်ချက်ပြတ်သားပြီး
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူတွေ
များသထက်များလာစေဖို့ Intention နဲ့
ဒီစာလေးကိုရေးလိုက်ပါတယ်။

မေမေတွေ အားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

Thet Mon

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ကဆုန်လပြည့်နေ့သည်ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝတွင် ထူးခြားသော နေ့ (၄)နေ့ များဆုံတွေ့သော ရက်ထူးရက်မြတ်ဖ...
22/05/2024

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝတွင် ထူးခြားသော နေ့ (၄)နေ့ များ
ဆုံတွေ့သော ရက်ထူးရက်မြတ်ဖြစ်ပါတယ်။

ယနေ့သည်
မြတ်ဗုဒ္ဓ၏
(၁) ၂၆၄၇ နှစ်မြောက် ဖွားတော်မူသည့်နေ့

(၂) ၂၆၁၂ နှစ်မြောက် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည့်နေ့

(၃) ၂၅၆၇ နှစ်မြောက် ပရိနိဗ္ဗာန်ပြုတော်မူသည့်နေ့

(၄) ယနေ့ကမ္ဘာမှ နောက်လေးအသင်္ချေနှင့် ကမ္ဘာတသိန်း အထက် သုမေဓာရှင်ရသေ့ ဘဝဖြင့် ဒီပင်္ကရာ မြတ်စွာဘုရားထံတွင်
ဗျာဒိတ်တော်ခံယူခဲ့သောနေ့

ထူးခြားသောနေ့ရက်များသည် ကဆုန်လပြည့်နေ့တွင်
သာ ဖြစ်ပေါ်ခဲ့သောကြောင့် ယနေ့ကဲ့သို့ နေ့ထူးနေ့မြတ်တွင်
ဗုဒ္ဓဘုရား၏ ဂုဏ်တော်များကို ရိုသေလေးစားစွာဖြင့်
ပူဇော်ကြပြီး ဗုဒ္ဓနေ့တွင် ကုသိုလ်တရားများပွါးများနိုင်ကြပါစေ။

EId Mubarak to all muslim friends from around the world.
10/04/2024

EId Mubarak to all muslim friends from around the world.

Slow Morning with parents 🤎❤️တနေ့က newsfeed မှာတွေ့လိုက်တဲ့ post တခုမှာLuxury life ဆိုတဲ့ meaning ထဲ slow morning ဆိုတာပ...
04/04/2024

Slow Morning with parents 🤎❤️

တနေ့က newsfeed မှာတွေ့လိုက်တဲ့ post တခုမှာ
Luxury life ဆိုတဲ့ meaning ထဲ slow morning
ဆိုတာပါတယ်။

တိုးတက်ပြောင်းလဲမှုတွေ အမြန်နှုန်းနဲ့ပြေးနေတဲ့
ကမ္ဘာကြီးထဲမှာ အရာအားလုံး speed နဲ့ သွားနေတယ်။

လူတွေရဲ့တနေ့တာ အစ မနက်ခင်းတွေကလဲ
ရေးကြီးသုပ်ပျာ အပြေးအလွှား စက်ရုပ်လိုပဲမလား?

ဒီလိုအချိန်မှာ မနက်စာ breakfast ကို
မိဘနဲ့အတူ အေးအေးဆေးဆေး အချိန်တခုပေးနိုင်တဲ့
နေ့ကို ပိုင်ဆိုင်ထားရင် quality of life တခုကို
ရလိုက်တာပဲလို့ ခံစားမိပါတယ်။

ခဏတာ အလည်လာတဲ့ မိဘနဲ့ မနက်စာတူတူ
စားခွင့်ရတဲ့ မနက်ခင်းတွေကလဲ အပူတွေများတဲ့
ကမ္ဘာကြီးထဲက ရှာဖွေပြီး ကျေးဇူးတင်ရမယ့်
Gratitude တခုလို့ ခံယူထားပါတယ်။

မေမေတွေ အားလုံးအေးချမ်းပျော်ရွှင်ပါစေ။

Happy parenting to you all.

Mom’s Diary by Thet Mon

15/03/2024

May Paul‘s soul rest in peace🤎

You are a real hero ✨

Received great inspiration from your perseverance and resilience.

My take is

I should stop making excuses in my life when things are not working well.

Polio vaccine is very important until today.
You must take polio vaccine for your child.
It is definitely save your life. ✨✨✨

ဒီနေ့ သားနဲ့သမီး ကျောင်းမှာ Free Dress Day 💜💜Support Gender Equality 💜❤️🤎သက်မွန်နားလည်တဲ့  gender equality ဆိုတာ …ယောကျာ...
15/03/2024

ဒီနေ့ သားနဲ့သမီး ကျောင်းမှာ Free Dress Day 💜💜

Support Gender Equality 💜❤️🤎

သက်မွန်နားလည်တဲ့ gender equality ဆိုတာ …

ယောကျာ်းမိန်းမ မခွဲခြားဘဲ လူတိုင်းက တန်ဖိုးအတူတူပဲ။
အခွင့်အရေးဆိုတာ လူတိုင်းနဲ့ထိုက်တန်တာလို့
သဘောပေါက်ထားတယ်။

အရေးကြီးတာက ကိုယ်လုပ်ရတဲ့အလုပ်ကို

✅သေချာအာရုံစိုက်
✅အချိန်ပေး
✅ကြိုးစားအားထုတ်မှု

လုပ်တဲ့သူတွေကတော့ လုပ်ချင်တဲ့အလုပ်တွေက အဆင်ပြေအောင်မြင်သွားမှာပဲ။

ယောကျာ်းဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် ….

✨ကိုယ့်တာဝန်ကိုယ်ယူတဲ့သူ
✨ဆင်ခြေမများတဲ့သူတွေကတော့

သင်္ချာပုစ္ဆာ equation တခုထဲဝင်သွားသလို
လုပ်တဲ့အလုပ်တွေ အဆင်ပြေမှာက သေချာနေတာပဲ။

ဒါက ငြင်းလို့မရတဲ့အဖြေပဲ။

တခုတော့ရှိတယ်……

Attitude တို့ Mindset တို့ ကောင်းတဲ့သူဆိုရင်တော့
ကောင်းမွန်တဲ့ Growth rate နဲ့ သူ့ရဲ့ value က
Increase ဖြစ်ဖို့များတာပေါ့လေ။

ဘာရယ်မဟုတ် အမျိုးသမီးမိခင်တယောက်အနေနဲ့
လူတိုင်းက တန်ဖိုးရှိတယ်ဆိုတာရယ်၊ မိမိကိုယ်ကို
self worth လေးထားပြီး အခွင့်အရေးတိုင်းက
မိခင်တိုင်းနဲ့ ထိုက်တန်ပါတယ်ဆိုတာလေးကို
reflect လုပ်မိတဲ့ ဒီနေ့မနက်ရဲ့ အတွေးတစကို
ချရေးမိလိုက်တာပါ။

မေမေတွေအားလုံးပျော်ရွှင်ပါစေ။

Happy Parenting

If you are curious to know about me !!!Read this post ⬇️⬇️⬇️
07/03/2024

If you are curious to know about me !!!

Read this post ⬇️⬇️⬇️

07/03/2024

Social media မှာ fakes တွေ unrealistic
တွေကများနေတယ်။

ဒီနေ့သက်မွန်ရဲ့ glamorous မဖြစ်တဲ့
အပိုင်းအစတချို့ပြောပြချင်တယ်။

No one is perfect✨✨

Who am I ?

1. family oriented ဖြစ်ပေမယ့် ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ မလုပ်ခဲ့ရတဲ့ အချိန်တွေအတွက် self guilt ရှိတဲ့ မေမေတယောက်

2. old pattern parenting တွေကို မကြိုက်ဖူးပြောနေပေမယ့် မကြာခဏ ကိုယ်ငယ်ငယ်တုန်းက ဆုံးမခံခဲ့ရတဲ့ အတိုင်း ကလေးတွေ အပေါ် ဆုံးမမိနေတုန်းပဲ။

3. Boundary setting တွေကို ဖြည်းဖြည်းချင်း စချနေပေမယ့် ကျင့်သားရနေတဲ့ people pleaser လုပ်တဲ့ အကြိမ်ရေက ခုထိ ရှိနေတုန်း။

4. Camera confidence ရှိဖို့ အတော်ကြိုးစားခဲ့ပေမယ့် ရေးထားတဲ့ script တွေကို မမြင်ယောင်ဆောင်ပြီး video content မလုပ်ဖြစ်တဲ့ အချိန်တွေရှိတယ်။

5. ကျန်းမာဖို့ ဦးစားပေးမယ် ပြောနေပေမယ့် မနက်စောစော အိပ်ယာထပြီး လမ်းမလျှောက်ချင်တဲ့ အပျင်းစိတ်က တပတ်မှာ သုံးရက်တော့ ရှိနေတုန်းပဲ။

How about you?

ဒီစာကိုဖတ်နေတဲ့ မေမေမှာရော realistic ဖြစ်တဲ့
social media မှာ မပြဖြစ်တဲ့ အမူအကျင့်လေးတွေ ရှိလား?

Please let me know in the comment 🤎

First day of my period 🗓️လစဉ်လတိုင်း ဒီ လို နေရောက်လာပြီဆိုရင် 😁သက်မွန်ရဲ့ Period Craving က ပုံထဲကအတိုင်းပဲ။! မေမေတို့ရဲ...
05/03/2024

First day of my period 🗓️

လစဉ်လတိုင်း ဒီ လို နေရောက်လာပြီဆိုရင် 😁

သက်မွန်ရဲ့ Period Craving က ပုံထဲကအတိုင်းပဲ။!

မေမေတို့ရဲ့ normal day မဟုတ်တဲ့ နေ့တွေမှာ

ဘယ်လိုအစားအစာ တွေကို craving ဖြစ်လဲ? ❓❓❓

ဘာတွေစားဖြစ်လဲ?















မတ်လ (၁)ရက် ရောက်ပြီမို့   ဖေဖော်ဝါရီလတုန်းက ကိုယ့်ကိုယ်ကိုယ် reflect လေးလုပ်ကြည့်မိတယ်။ ဖေဖော်ဝါရီမှာ မလွယ်တဲ့ ဘဝစာမေးပ...
01/03/2024

မတ်လ (၁)ရက် ရောက်ပြီမို့ ဖေဖော်ဝါရီလတုန်းက

ကိုယ့်ကိုယ်ကိုယ် reflect လေးလုပ်ကြည့်မိတယ်။

ဖေဖော်ဝါရီမှာ မလွယ်တဲ့ ဘဝစာမေးပွဲတွေ စစစ်ခံရတယ်။ ကိုယ့်အတွင်းထဲက မမြင်ချင်တဲ့ dark side တွေကို မြင်လာရတယ်။ အရမ်းခံရခက်တာပဲ။ အကောင်းဆုံးတော့ စလုပ်နိုင်ခဲ့တယ်။

မတ်လရဲ့အစမှာ အစွဲတချို့ပြုတ်သွားတယ်။
Illusion တချို့မြင်ရတယ်။ Big shift တခုစဖြစ်နေတာကို body ကခံစားရတယ်။

ကိုယ့် energy ကိုယ် စခံစားတတ်လာပြီ။
ကိုယ့်အကြောင်းကိုယ်ပိုသိလာတဲ့ မတ်လပေါ့။

အလုပ်လုပ်ဖို့ ဆင်ခြေပေးအချိန်ဆွဲနေတာကို
စပြုပြင်နေပြီမို့ မနှစ်ကနဲ့ မတူတဲ့ Version တခုကို ခုထဲက ခံစားမိနေပါတယ်။

ကျန်းမာပြီး စိတ်ချမ်းသာဖို့ ဦးစားပေးမယ့် 2024 မှာ ချစ်ခင်လေးစားရသူတွေနဲ့ တူတူပျော်ရွှင်ချင်ပါတယ်။

ကမ္ဘာပေါ်က အမျိုးသမီးအားလုံး
ကျန်းမာပျော်ရွှင်အေးချမ်းပါစေ။ 🤎

သက်မွန်သဘောကျ ချစ်ခင်ရတဲ့ ညီမလေး စုထွေးရဲ့

Page မှာ အခုပဲ declare လုပ်ပြီး ရေးခဲ့ တာ လေးကို

ဘဝတူမေမေတွေအတွက်

ပြန်မျှဝေပေးလိုက်ပါတယ်နော်။

PS. စုရဲ့ Art Theraphy Workshop တွေက သက်မွန်အတွက် တကယ်ကို ထိရောက်ခဲ့ပါတယ်။

စိတ်ဝင်စားတဲ့ မေမေတွေအတွက် စုရဲ့ page လေးကို

Comment မှာ ရေးပေးထားပါတယ်။















မေမေတွေရဲ့ စိတ်ကူးထဲတော့ ကလေးတွေ ကျောင်းစတက်ရင်အတော်ကို သက်သာပြီလို့ ထင်ခဲ့ကြတာမလား? တ ကယ် လက် တွေ့ ကျ တော့ ကျောင်းတက်တဲ...
29/02/2024

မေမေတွေရဲ့ စိတ်ကူးထဲတော့ ကလေးတွေ
ကျောင်းစတက်ရင်အတော်ကို
သက်သာပြီလို့ ထင်ခဲ့ကြတာမလား?

တ ကယ် လက် တွေ့ ကျ တော့ ကျောင်းတက်တဲ့
ကလေးတွေအတွက် အစစ အကုန်လိုက်
စီစဉ်ပေးရတာတွေ၊

ကျောင်းပို့ကြို ၊ ကျောင်းကပြန်လာရင်

✅စားဖို့ သောက်ဖို့ ၊
✅အိမ်စာလုပ်ဖို့ ၊
✅After school activities တွေ join ဖို့

support လုပ်ပေးရတာတွေက
အများကြီးဆိုတာ သိလာရပြီလေ။

စိတ်ကူးနဲ့ လက် တွေ့ ဘဝ တွေက ကွာခြားတဲ့
ဘဝတူ မေမေတွေရှိရင် 🙋‍♀️ “Yes“ လို့ ရေး ပေးနော်။















Tell me who relate this ?  ကလေးတွေကျောင်းသွားချိန် အိမ်မှာလုပ်ရမယ့် အလုပ်တွေကို ဘယ်လိုစီမံလဲ?အလုပ်ဖြစ်တဲ့ နည်းလမ်း တွေကြ...
27/02/2024

Tell me who relate this ?

ကလေးတွေကျောင်းသွားချိန် အိမ်မှာလုပ်ရမယ့်

အလုပ်တွေကို ဘယ်လိုစီမံလဲ?

အလုပ်ဖြစ်တဲ့ နည်းလမ်း တွေကြောင်း

မပြောတော့ဘူးနော် 😆

အလုပ်မဖြစ်တဲ့ နှစ်ခုက ⬇️

🚫 လုပ်ရမယ့် အလုပ် အကြောင်း ခဏခဏ တွေးတာနဲ့

🚫 မလုပ်သေးတဲ့ အလုပ်အတွက် စိတ်ဖိစီး နေတာ

ဒီ (၂) ခုကို မလုပ် တော့ရင်ကို မေမေတို့အတွက်

လုပ်စရာရှိတာ တွေကို စလုပ်ဖြစ်မှာ သေချာတယ်။

















I've received 200 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
19/02/2024

I've received 200 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

Happy New Year 2024 🎉🎉🎉🤎နှစ်သစ်မှာ အကောင်းဆုံးအရာတွေကို ကျန်းမာပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်ကြပါစေ။ ➡️သက်မွန်အတွက်တော့ ၂...
04/01/2024

Happy New Year 2024 🎉🎉🎉

🤎နှစ်သစ်မှာ အကောင်းဆုံးအရာတွေကို

ကျန်းမာပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်ကြပါစေ။

➡️သက်မွန်အတွက်တော့ ၂၀၂၃ က အများကြီး
အပြောင်းအလဲတွေ ဖြစ်စေခဲ့တယ်။

🖤Last week of Dec 2023 က ……

ကျန်းမာရေးမကောင်းဖြစ်ခဲ့ရလို့ နှစ်သစ်ကို

ကျန်းမာပျော်ရွှင်စွာနဲ့ နှုတ်ဆက်တာမလုပ်နိုင်ခဲ့ပေမယ့်

🖤 နှစ်ဟောင်းက ပေးတဲ့ အကောင်းဆုံး သင်ခန်းစာနဲ့

၂၀၂၄ အတွက်

✅ဘာတွေကို ဦးစားပေးလုပ်ရမယ်

✅ဘယ်လိုလူတွေရှိတဲ့ ပတ်ဝန်းကျင်မှာ နေရမယ်

✅ ဘယ်လို အလုပ်တွေကို ရွေးချယ်လုပ်ရမယ်

✅ ဘဝကို ဘယ်လိုအကျိုးရှိအောင် လုပ်ရမယ်

အများကြီးအတွက် ကောင်းသော message တွေရခဲ့တယ်။

🖤ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာထက်
တကယ်အလုပ်ဖြစ်တာတွေကိုပဲ လုပ်ဖို့
intention လေးချနိုင်ခဲ့ပါတယ်။

Stay tuned for my contents 🤎🤎🤎

Love you all 🖤🤎🖤

27/12/2023

Good Morning from KL 🤎🤎🤎

🎉 Facebook recognized me as a top rising creator this week!Thank you everyone 🤎🤎🤎
27/12/2023

🎉 Facebook recognized me as a top rising creator this week!

Thank you everyone 🤎🤎🤎

Address


Website

Alerts

Be the first to know and let us send you an email when Mom's Diary by Thet Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mom's Diary by Thet Mon:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share