Newsland Media

  • Home
  • Newsland Media

Newsland Media ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေးနှင့် မျက်မှောက်ရေးရာ အဖြာဖြာအတွက် သတင်းစံနှုန်းပြည့်ဝသော သတင်းများကိုသာ ဖော်ပြသည့် Newsland Media

Photo of the Dayပြင်းထန်လွန်းလှတဲ့ နွေရာသီ အပူရှိန်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတာတွေကို အံတုပြီး Federal Wings တပ်ဖွ...
11/04/2024

Photo of the Day
ပြင်းထန်လွန်းလှတဲ့ နွေရာသီ အပူရှိန်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရတာတွေကို အံတုပြီး Federal Wings တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဝင်နေပုံ

Photo Credit: Federal Wings

အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်် မရလို့ သုံးလအတွင်း နိုင်ငံရေး အကျဉ်းသား ၇ ယောက် သေဆုံးရန်ကုန်၊ ဧပြီ ၇အကျဉ်း...
07/04/2024

အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်် မရလို့ သုံးလအတွင်း နိုင်ငံရေး အကျဉ်းသား ၇ ယောက် သေဆုံး
ရန်ကုန်၊ ဧပြီ ၇
အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေဟာ ၂၀၂၄ ပထမ သုံးလအတွင်းမှာပင် ၇ ယောက်ထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် PPN-M က ပြောပါတယ်။
“ဆေးဝါးစောင့်ရှောက်မှုမလုံလောက်ခြင်း၊အရေးကြီးလူနှာများကို အချိန်မှီ အကျဉ်းထောင်ပြင်ပသို့ ပို့ဆောင်ရန် ပျက်ကွက်ခြင်း၊မိသားစုမှ ပေးပို့သော နိုင်ငံခြားဆေးဝါးများ ကန့်သတ်ပိတ်ပင်ခြင်း ကြောင့် အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှု မြင့်တက်လျှက်ရှိပါသည်” လို့ ကွန်ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ဇန်နဝါရီလကနေ မတ်လအတွင်း ကျိုက်မရော အကျဉ်းထောင်က၂ ယောက်၊ ဒိုက်ဦး အကျဉ်းထောင်က၂ ယောက်နဲ့ မကွေး၊ ကလေးနဲ့ မန္တလေး (အိုးဘို) ထောင်တွေက ၁ ယောက်စီသေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ မကွေးအကျဉ်းထောင်မှာ အမျိုးသမီး နှစ်ဦးလည်း ပါဝင်ပါတယ်။
ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် မမေစုအောင်ဟာ အသည်းရောဂါနဲ့ အဆုတ်ရောဂါခံစားခဲ့ရပြီး ဆေးဝါးကုသခွင့် မရခဲ့လို့ ဇန်နဝါရီလ ၂၂ ရက်မှာ ကျဆုံးခဲ့ရပါတယ်။
အသက် ၃၅ နှစ်အရွယ် နိုင်ငံရေး အကျဉ်းသူ မယဉ်မိုးဟာလည်း ကျောက်ကပ်ရောဂါကို လုံလောက်တဲ့ ဆေးကုသခွင့်မရခဲ့လို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က မန္တလေး (အိုးဘို) ထောင်မှာ ကျဆုံးခဲ့ပါတယ်လို့ PPN-M ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ကပ်ရောဂါကို လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ မန္တလေး အိုးဘိုထောင်မှာ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသူ မယဉ်မိုး (Photo Credit : PPN-M)

စစ်အာဏာရှင်ဟောင်းဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တရုတ်သံအမတ်တွေ့ဆုံနေပြည်တော်၊ ဧပြီ ၅စစ်အာဏာရှင် ဗိုလ်ချု...
05/04/2024

စစ်အာဏာရှင်ဟောင်းဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တရုတ်သံအမတ်တွေ့ဆုံ
နေပြည်တော်၊ ဧပြီ ၅
စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တရုတ်သံအမတ်လိုက်လံတွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းဟာ အသက် ၉၀ ကျော်ရှိပြီဖြစ်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးနဲ့ သမ္မတဟောင်း စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ တရုတ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘာ့ကြောင့်တွေ့ဆုံရတယ် ဘာအကြောင်းအရာတွေ ဆွေးနွေးတယ် ဆိုတာကို ထုတ်ပြန်ခြင်းမရှိပေမယ့်ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေးနဲ့ ပြည်သူတွေ စားဝတ်နေရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေမှာ ကူညီပေးနိုင်ဖို့ တရုတ်နိုင်ငံဘက်က ဆန္ဒရှိနေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ဟောင်းတွေအပြင် ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးစိန်ဝင်းအောင် အပါအဝင် လူပုဂ္ဂိုလ်တချို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

Photo credit: တရုတ်သံရုံး

နေပြည်တော် စစ်ရုံးချုပ်နှင့် လေဆိပ်ကို ဒရုန်းများဖြင့်တိုက်ခိုက်ဒရုန်းတွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြောန...
04/04/2024

နေပြည်တော် စစ်ရုံးချုပ်နှင့် လေဆိပ်ကို ဒရုန်းများဖြင့်တိုက်ခိုက်
ဒရုန်းတွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြော
နေပြည်တော်၊ ဧပြီ ၄
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ နေပြည်တော်လေဆိပ်တွေကို တစ်ခါသုံး မောင်းသူမဲ့ လေယာဉ်ငယ် (ကာမီကာဇေ ဒရုန်း) တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်နဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal props တပ်ခွဲက အေလာလေတပ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော် ၊စစ်ရုံးချုပ်၊ မင်းအောင်လှိုင်နေအိမ်နှင့် အေလာလေတပ်အား မောင်းသူမဲ့လေယာဥ်ငယ်များအသုံးပြုကာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ KLOUD Teamမှ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KLOUD ကထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကို ဧပြီ ၄ ရက် နံနက်အစောပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု တစုံတရာမရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးသတင်းတွေကို ထုတ်ပြန်နေတဲ့ PDF Insight ကတော့ နေပြည်တော်စစ်ရုံးချုပ်ကို ကာမီကာဇေဒရုန်း (၁၆) စီး ၊ အေလာလေတပ်ကို (၁၃)စီးနဲ့ တိုက်ခိုက်ခဲ့တယ် လို့ ဖော်ပြထားတာတွေ့ရပါတယ်။
တိုက်ခိုက်ခံခဲ့ရတဲ့ နေပြည်တော် လေဆိပ်ကိုတော့ ဝင်ထွက်သွားလာခွင့်တွေ ပိတ်ထားတယ်လို့ အေလာလေဆိပ်အနီး နေထိုင်သူတစ်ဦးကပြောပါတယ်။
စစ်ရုံးချုပ်တိုက်ခိုက်ခံရပြီးနောက် စစ်ရုံးနဲ့ နီးတဲ့ မြို့နယ်တွေဖြစ်တဲ့ ဇေယျာသီရိ၊ ပျဉ်းမနားနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို စစ်ဆေးတာတွေ လုပ်နေတာတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ဝါဒဖြန့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား သတင်းဌာနမှာတော့ လေဆိပ်အရှေ့ဘက်က ပျံသန်းလာတဲ့ ဒရုန်း ၄ စင်းနဲ့ စစ်ရုံးတည်ရှိတဲ့ ဇေယျာသီရိမြို့နယ် အရှေ့တောင်ဘက်က ပျံသန်းဝင်ရောက်လာတဲ့ ဒရုန်း ၃ စင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အောင်မြင်စွာ ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: KLOUD Shar Htoo Wai

မတ်လ တစ်လအတွင်းမှာပင် စစ်ကောင်စီကြောင့် အမျိုးသမီး ၆၀ ‌ကျော်သေဆုံးခဲ့ရသုံးပုံတစ်ပုံကျော်မှာ ရခိုင်ပြည်နယ်က အမျိုးသမီးတွေ...
28/03/2024

မတ်လ တစ်လအတွင်းမှာပင် စစ်ကောင်စီကြောင့် အမျိုးသမီး ၆၀ ‌ကျော်သေဆုံးခဲ့ရ
သုံးပုံတစ်ပုံကျော်မှာ ရခိုင်ပြည်နယ်က အမျိုးသမီးတွေဖြစ်နေ
Newsland၊ မတ် ၂၈
မတ်လ တစ်လ မပြည့်ခင်မှာပင် စစ်ကောင်စီကြောင့် အမျိုးသမီး ၆၀ ‌ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လ ၁ ရက်ကနေ ၂၇ ရက်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၆၁ ဦးရှိသွားပြီလို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့သူက ၂၉ ယောက်ရှိပြီး သေဆုံးသူစုစုပေါင်းရဲ့ ထက်ဝက်နီးပါးရှိပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီး သေဆုံးမှုက ၂၂ ဦးထိရှိပြီး တိုင်းနဲ့ ပြည်နယ်တွေထဲမှာ အများဆုံးနဲ့ စုစုပေါင်းသေဆုံးမှုရဲ့ သုံးပုံတစ်ပုံကျော်ရှိတာကို တွေ့ရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက ၂၀၂၄ ဖေဖော်ဝါရီ လကုန်အထိ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး အရေအတွက် ၈၁၀ ရှိပြီဖြစ်တယ်လို့ AAPP ထုတ်ပြန်ချက် အရသိရပါတယ်။
အာဏာသိမ်းပြီးကတည်းကဆိုရင်တော့ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီးအရေအတွက်အများဆုံးမှာ စစ်ကိုင်းတိုင်းကဖြစ်ပြီးတော့ ၃၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

ဓာတ်ပုံ - ရခိုင်ပြည်နယ်က စစ်ဘေးရှောင် အမျိုးသမီးအချို့ (Photo Credit : UNHCR)

ဆူးလေးလူကူး ကုန်းကျော်တံတားမှာ ပေါက်ကွဲမှုဖြစ်၊ ကလေး ၅ ဦးဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရNewsland၊ မတ် ၂၇ရန်ကုန်မြို့လယ် ဆူးလေး...
27/03/2024

ဆူးလေးလူကူး ကုန်းကျော်တံတားမှာ ပေါက်ကွဲမှုဖြစ်၊ ကလေး ၅ ဦးဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရ
Newsland၊ မတ် ၂၇
ရန်ကုန်မြို့လယ် ဆူးလေးဘုရားလမ်းပေါ်က လူကူးကုန်းကျော်တံတားမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ကလေး ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အခင်းဖြစ်ပွါးရာကို ရောက်ရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
ဆူးလေ ရှန်ဂရီလာဟိုတယ်အနီးကဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းဆုံ လူကူးကုန်းကျော်တံတားမှာ ယနေ့ည ၇ နာရီ ၄၀ မိနစ်ဝန်းကျင်က ဖြစ်ပွါးခဲ့တာပါ။
ပါဆယ်ဗုံးလို့ ယူဆရတဲ့ အထုပ်တစ်တစ်ထုပ်ကို ကလေးတွေက သွားဖွင့်ကြည့်ခဲ့လို့ ပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ မျက်မြင်သက်သေက ဆိုပါတယ်။
စစ်ကောင်စီ လုံခြုံရေး အဖွဲ့ဝင်များအချင်းချင်း ပေးပို့တဲ့ အစီရင်ခံစာမှာတော့ လက်လုပ်မိုင်းပေါက်ကွဲတယ်လို့ ရေးသားထားပြီး အခင်းဖြစ်ပွါးတဲ့နေရာမှာ ဓာတ်ခဲလေးလုံး၊ PVC ပိုက်နဲ့ သံမူလီအပိုင်းအစတွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒဏ်ရာရရှိသွားတဲ့ကလေးတွေက အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးတွေဖြစ်ပြီးတော့ ရင်ဘတ်၊ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့တဲ့ ၁၆ နှစ်အရွယ် ကလေးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ အဲဒီ အစီရင်ခံစာအရ သိရပါတယ်။

25/03/2024

မန္တလေးမြို့လယ်​က ကမ္ဘောဇဘဏ် လူစည်ကားတဲ့အချိန် ဓားပြတိုက်ခံရ
စစ်ကောင်စီ အာဏာသိမ်းပြီး ဘဏ်တွေဓားပြတိုက်ခံရတာ ၂၆ ကြိမ်ရှိလာ
Newsland Media၊ မတ် ၂၅
မန္တလေးမြို့လယ်ကောင်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဒီကနေ့ မနက် ၁၁ ခွဲဝန်းကျင် လူစည်ကားတဲ့အချိန်မှာ သေနတ်သမား သုံးယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါတယ်။
ဓားပြတိုက်ခံခဲ့ရတာကတော့ မန္တလေးမြို့ ၇၄ လမ်းမပေါ် (၃၁-၃၂) လမ်းကြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ (၄၆) ဖြစ်ပြီး ငွေကျပ်သိန်း (၂၀၀၀) ကျော် ပါသွားတယ်လို့ အမည်မဖော်လိုသူ ကမ္ဘောဇဘဏ် ဝန်ထမ်းတစ်ဦးက Newsland Media ကိုပြောပါတယ်။
“ဘဏ်ရှေ့မှာရော ဘဏ်ထဲမှာရော လူတွေအများကြီးရှိတဲ့အချိန်ဝင်တိုက်သွားတာ။ နှစ်ထောင်ကျော်လောက်ပါသွားတယ်ပြောတယ်။ ခုထက်ထိတော့ မိတယ်မကြားသေးဘူး။” လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ CCTV ဗီဒီယိုဖိုင်မှာတော့ မနက် ၁၁ နာရီ မခွဲခင်မှာ သေနတ်ကိုင်ထားတဲ့သူ နှစ်ယောက်နဲ့ ပုဆိန်ကိုင်ထားတဲ့သူ တစ်ယောက်တို့ ဘဏ်ထဲကိုဝင်လာပြီး ဘဏ်ထဲမှာရှိတဲ့သူတွေကို သေနတ်နဲ့ချိန်ကာ တစ်နေရာတည်းမှာ ထိုင်နေစေပြီးတော့ ငွေတွေကို ပီနံအိတ် အစိမ်းတွေနဲ့ ထည့်သွားတာတွေ့ရပါတယ်။
ဘဏ်ထဲကို စဝင်လာချိန်ကနေ ငွေတွေယူပြီး ပြန်ထွက်သွားချိန်ထိ စုစုပေါင်း ၃ မိနစ်လောက်သာ ကြာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၃ ရက်ကလည်း မုံရွာမှာရှိတဲ့ အင်းဝဘဏ် ဓားပြတိုက်ခံခဲ့ရပြီးတော့ ငွေကျပ်သိန်း ၃၀၀ ကျော်ပါသွားခဲ့ပြီး ဘဏ်မန်နေဂျာ အမျိုးသမီးတစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်တွေ၊ သီပေါ စတဲ့ မြို့ကြီးတွေမှာ ဘဏ်ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွါးနေပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းမှာ ဘဏ်ဓားပြတိုက်မှု ၂၅ ခုဖြစ်ပွါးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့တွင် တာလပတ်တဲ သုံးထောင်ကျော် အရေးပေါ်လိုအပ်နေNewsland Media၊ မတ် ၂၅...
25/03/2024

မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့တွင် တာလပတ်တဲ သုံးထောင်ကျော် အရေးပေါ်လိုအပ်နေ
Newsland Media၊ မတ် ၂၅
မြို့သိမ်းတိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့လုံးကျွတ်နီးပါး ပျက်စီးခဲ့ရတဲ့ ပုဏ္ဏားကျွန်းမြို့က ပြည်သူတွေ အရေးပေါ်နေထိုင်ဖို့ တာလပတ်တဲ့ သုံးထောင်ကျော် လိုအပ်နေတယ်လို့ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ဒုဥက္ကဌ မနှင်းသဇင်လှိုင်က ပြောပါတယ်။
“မြို့ပေါ်က အိမ်ထောင်စု ၂၀၀၀ လောက်နဲ့ နယ်ထဲက အိမ်ခြေ ၁၀၀၀ လောက်တော့ အရေးပေါ်လိုလိမ့်မယ်။ မြို့ပေါ် ၄ ရပ်ကွက်မှာ ၃ ရပ်ကွက်က တော်တော်လေးအထိနာခဲ့တယ်။ နယ်မှာဆိုလည်း ရွာလုံးကျွတ်မီးရှို့ခံရတဲ့ရွာ ၂ ရွာရှိတယ်”လို့ မနှင်းသဇင်လှိုင်က ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်တွေဟာ နီးစပ်ရွာဆွေမျိုးသားချင်းတွေထံမှာ အဆင်ပြေသလို နေထိုင်နေကြပြီး ယာယီမှီခိုနေထိုင်စရာမရှိတဲ့သူတွေကတော့ အာရက္ခအစိုးရလက်အောက်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စီစဥ်ပေးတဲ့နေရာတွေမှာ နေထိုင်နေကြတယ်လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး ဒုဥက္ကဌက ပြောပါတယ်။
လူဦးရေ တစ်သိန်းသုံးသောင်းဝန်းကျင်ရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင် နှစ်သောင်းဝန်းကျင်ရှိတယ်လို့ ဒေသခံလူမှုရေးအဖွဲ့တွေထံမှ သိရပါတယ်။
စစ်ဘေးရှောင်တွေအတွက် အရေးပေါ် တာလပတ်တဲတွေကို မိုးဦးမကျခင် မေလနောက်ဆုံးထားဖြန့်ဝေနိုင်ဖို့ လိုအပ်ပြီးတယ်လို့ ဆိုပါတယ်။
“‌အခက်အခဲတွေကအများကြီးဘဲ ၊ မိုးရေထဲနေရနိုင်တယ်။ အခုလည်း ကောက်ရိုးလေးတွေသစ်ခက်လေးတွေ တွေမိုးပြီးနေရတာတွေအများကြီးဘဲ။ ဒီပြသာနာကို မဖြေရှင်းနိုင်ရင်၊ မိုးရေထဲနေရပြီး ‌လူတောင်သေနိုင်တဲ့အဆင့်ထိရှိတယ်။” လို့ မနှင်းသဇင်လှိုင်က ဆက်ပြောပါတယ်။
ရခိုင့်တပ်တော် အေအေက မြို့သိမ်းယူပြီးခဲ့တာ သုံးပတ်နီးပါးရှိပြီဖြစ်ပေမယ့် စစ်ကောင်စီက မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ စစ်တွေမြို့ကနေ နေ့စဥ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲကြသေးပါဘူး။
စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအကူအညီတွေလည်း အရေးပေါ်လိုအပ်နေပေမယ့် UN၊ NGO တွေအပါအဝင် ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီလှူဒါန်းတာ မရှိသေးဘူးလို့ ဒေသခံ လူမှုကူညီရေး အသင်းတစ်ခုက ပြောပါတယ်။
“ဘယ်အဖွဲ့အစည်းမှ ကမ်းလှမ်းမှုမျိုးလည်း မရှိသေးပါဘူး၊ ဒီပြည်သူတွေဆီကပဲလှူနေတဲ့ဟာတွေကို စုနေရတာပါ။ သူတို့ထောက်ပံ့ရင်တော့ပိုကောင်းတာပေါ့ ”လို့ အဆိုပါ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
ရခိုင့်တပ်တော် အေအေဘက်က ကူညီထောက်ပံ့မှုတွေလည်း မတွေ့ရသေးကြောင်းကို တော့ “ပျက်စီးဆုံးရှံးမှုတွေအတွက်က လောလောဆယ်မတွေ့ရသေးပါဘူး ၊ ဒါပေမယ့် ပြည်သူတွေအတွက်တော့ အကောင်းဆုံးလုပ်ပေးထားတာတွေ မြင်တွေ့ရတယ်”လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို ရခိုင့်တပ်တော်အေအေက ဖေဖော်ဝါရီလ ၂၁ ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ ၁၃ ရက်အကြာမတ်လ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲအပြီးမှာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။
မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်မှာ မတ်လ ၂၄ ရက်အထိ ရခိုင့်တပ်တော် အေအေက တိုက်ခိုက်သိမ်းယူထားတဲ့ မြို့ပေါင်း ၈ မြို့ထိရှိသွားပြီဖြစ်ပြီး စစ်ကောင်စီကလည်း ရခိုင့်တပ်တော် သိမ်းယူထားတဲ့ မြို့တွေက အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေယာဥ်နဲ့ ဗုံးကျဲတာတွေ နေ့စဥ်နီးပါး ပြုလုပ်နေတယ်လို့ ရခိုင့်တပ်တော် အေအေက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာတော့ ၂၀၂၃ နိုဝင်ဘာက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
Photo credit: P Y A

ဖမ်းဆီးခံအရပ်သားကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို KNDF ဗဟိုစစ်ခုံရုံးက ထောင် အနှစ် (၂၀) ချNewsland Media၊ မတ်...
24/03/2024

ဖမ်းဆီးခံအရပ်သားကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို KNDF ဗဟိုစစ်ခုံရုံးက ထောင် အနှစ် (၂၀) ချ
Newsland Media၊ မတ် ၂၄
အရပ်သားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ် တပ်ဖွဲ့ဝင် နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာကြောင့် ဗဟိုစစ်ခုံရုံးက ထောင်အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်က လွိုင်ကော်မြို့နယ် ပီကင်း ကောခူရွာက အရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန် ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွါးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖြစ်စဉ်ကို ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦီးအား စစ်အက်ဥပဒေ ပုဒ်မ(၂၂)၊ (၃၀)အရ ထောင်ဒဏ်(၂၀)နှစ်နှင့် (၁)လပြစ်ဒါဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့မှ ၂၄ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်တွင် စီရင်ချက်ချမှတ်လိုက်သည်” လို့ KNDF က ဒီကနေ့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“တော်လှန်ရေးအကြောင်းပြုပြီးမှ ကိုယ်ကျိုးရှာဖွေတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ တွေ့လာရပြီ။ လုံးဝခွင့်မလွှတ်ဘူး။ ပြည်သူကို ကာကွယ်ပါမယ်ပြောပြီး ပြည်သူ့ဥစ္စာ ပြည်သူ့အိုးအိမ်၊ ပြည်သူ့ရဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုး ကျွန်တော်တို့ လုံးဝလက်မခံဘူး” လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြီးခဲ့တဲ့လ ၇ ရက်က ပြုလုပ်တဲ့ ဗျူဟာအမှတ် (၆) အခြေခံစစ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Photo credit:KNDF

ဖရူဆိုမြို့နယ် ဆိုသယ်စစ်ရှောင်စခန်းမှာ ရေပြတ်လပ်နေ၊ လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်နွေ၊ မတ် ၁၂ကရင်နီပြည်၊ ဖရူဆို...
12/03/2024

ဖရူဆိုမြို့နယ် ဆိုသယ်စစ်ရှောင်စခန်းမှာ ရေပြတ်လပ်နေ၊ လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်
နွေ၊ မတ် ၁၂

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရေပြတ်လပ်နေတာ သုံးလ‌‌ခန့်ရှိနေပြီးတော့ စစ်ဘေးရှောင် ၉၀၀ ‌‌ကျော်အတွက် လူတစ်ယောက်ကို တစ်လ ရေတစ်ပုံးသာ ပေးနိုင်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့ တောင်ဘက် လျားဒူအနီးမှာရှိတဲ့ ဆိုသယ် စစ်ရှောင်စခန်းအနီးအနား ဝန်းကျင်မှာ ရေရရှိနိုင်တဲ့ အရင်းအမြစ် ရေထွက် မရှိတာကြောင့် မိုးရာသီမှာ မိုးရေကိုစုဆောင်းသုံးစွဲရပြီး နှစ်စဥ် ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ မဆိုဖီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးလအတွင်းမှာဆို စစ်ရှောင်တစ်ဦးကို ရေ ၂၀ လီတာပုံး ၃ ပုံးသာ ပေးနိုင်တယ်လို့ ဆိုပါတယ်။

“ဘယ်အဖွဲ့အစည်းဘယ်သူပဲလာလာ ရေအတွက်ပဲ အလှူခံပြီး ရေဝယ်ပြီး စစ်ရှောင်တွေကို မျှဝေပေးတယ်။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။ တစ်ယောက်ကို တစ်ခေါက်ကို လီတာ ၂၀ ပုံး တစ်ပုံး အဲဒီလိုမျိုးပဲရတာပေါ့နော်။ သုံးခေါက်ပဲရှိသေးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလက လီတာ ၆၀၀၀ တင်တဲ့ ရေကားတစ်စီးအတွက်ငွေကျပ် ၂ သိန်းခွဲပေးရပေမယ့် အခု အချိန်မှာ ရာသီဥတု ပိုမိုပူပြင်းလာပြီး ရေရနိုင်တဲ့နေရာ ဝေးတာကြောင့် ‌ရေကားတစ်စီးကို သုံးသိန်းခွဲ‌လောက်ပေးရတယ်လို့ ဆိုပါတယ်။

“လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အခါကြတော့ ဒီဇယ်တွေ ကားခတွေ စျေးတက်တော့ ရေလည်း‌ စျေးကြီးတယ်” လို့ မဆိုဖီယာက ပြောပါတယ်။

ဆိုသယ်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၁၈ အိမ်ရှိပြီးတော့ လူဦးရေ ၉၄၇ ဦးရှိပါတယ်။ ဒါကြောင့် လူတစ်ဦးကို ရေလီတာ ၂၀ ပုံးတစ်ပုံးရနိုင်ဖို့အတွက် အနည်းဆုံး ရေကား သုံးစီး ငွေဆယ်သိန်းကျော်ကုန်ကျမှာဖြစ်ပါတယ်။

တစ်လကို ရေတစ်ပုံးသာရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မသုံးစွဲနိုင်တဲ့အကြောင်းကို “သူတို့က သောက်ဖို့နဲ့ စားဖို့ကိုပဲ ဦးစားပေးပြီးတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို မလုပ်နိုင်တဲ့ အခြေအနေရှိတယ်ပေါ့” လို့ မဆိုဖီယာက ပြောပါတယ်။

"မသန့်တဲ့ရေကိုသုံးရတာကြောင့် အရေပြားရောဂါတွေဖြစ်လာတယ်။ အခုကပူလာတော့ ဝမ်းပျက်ဝမ်းလျောတွေလဲ ဖြစ်နေကြတယ်။ ရေဓာတ်ခမ်းခြောက်တဲ့ ဟာလဲရှိတယ်" လို့သူက ဆိုပါတယ်။ လုံခြုံရေးနဲ့ စားဝတ်နေရေးကြောင့် ရေရရှိနိုင်တဲ့နေရာကိုရွှေ့ပြောင်းဖို့လည်း ခက်ခဲတယ်လို့ဆိုပါတယ်။

ဆိုသယ်စစ်ရှောင်စခန်းဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှာကို စိုးရိမ်တဲ့ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာဝန်းကျင်က စစ်ဘေးရှောင်နေကြသူတွေ ဖြစ်ပါတယ်။

ရေပြတ်လပ်မှုအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ကိုတင်ပြထားပေမယ့် ကူညီဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ စစ်ဘေးရှောင်တွေထံမှ သိရပါတယ်။

Photo Credit: Clean Yangon

မြို့သိမ်းတိုက်ပွဲအပြီး ပုဏ္ဏားကျွန်းမြို့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွား၊ ဒေသခံများ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ...
12/03/2024

မြို့သိမ်းတိုက်ပွဲအပြီး ပုဏ္ဏားကျွန်းမြို့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွား၊
ဒေသခံများ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေ
မတ် ၁၁
ရခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ လူနေအိမ်အဆောက်အအုံ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားခဲ့တယ်လို့ ပုဏ္ဏားကျွန်း လူငယ်များ အစည်းအရုံးက ပြောပါတယ်။
မြို့ပေါ်မှာရှိတဲ့ အဆောက်အဦး တော်တော်များများ ပျက်စီးနေပြီး မတ်လ ၉ ရက်အထိ မီးလောင်ကျွမ်းတာတွေ ရှိနေသေးတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
မြို့သစ်ရပ်ကွက်နဲ့ အလယ်စုရပ်ကွက်တို့မှာ အကုန်လုံးနီးပါး ပျက်စီးသွားခဲ့ပြီး အခြားရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေလည်း လက်နက်ကြီးထိမှန်တာတွေနဲ့ မီးလောင်တာတွေကြောင့် ပျက်စီးကုန်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“၈၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားပြီ။ စာသင်ကျောင်းရော၊ ဘုန်းကြီးကျောင်းတွေရော အကုန်”လို့ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ဒုတိယ ဥက္ကဌ မနှင်းသဇင်လှိုင်က ပြောပါတယ်။
မြို့မှာရှိတဲ့ တစ်ခုတည်းသော စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ခမရ (၅၅၀) ကို ရခိုင့်တပ်တော်အေအေက ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီးတော့ ၁၃ ရက်အကြာ မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
“လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာပေါ့။ ရခိုင်တပ်တော်က သိမ်းပြီးပြီလို့ မကြေညာခင်ကတည်းက လေယာဥ်တွေနဲ့ ကြဲတယ်။ ဒရုန်းတွေနဲ့ ပစ်တယ်။ ဂျက်ဖိုက်တာတွေရော ဝိုင် ၁၂ တွေရော အကုန်လုံးပါတယ်။ အဲဒီမှာတင် တော်တော်များများ ပျက်စီးသွားပြီးပြီ” လို့ မနှင်းသဇင်လှိုင်ကရှင်းပြပါတယ်။
ရခိုင့်တပ်တော်အေအေက မြို့သိမ်းယူပြီးပြီလို့ ကြေညာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု မရှိတော့ပေမယ့် စစ်တွေမြို့ကနေ လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်နေတာတွေရှိနေတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့ဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာမှာတည်ရှိပါတယ်။
“သိမ်းပြီးသွားတော့လည်း ရော့ကတ်တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်ပေါ့။ စစ်တွေဘက်ကနေပြီးတော့။ အဲလိုလုပ်လို့ ဖြစ်သွားတာ။ ဒီနေ့တစ်ရက်နဲ့ မနေ့ကတစ်ရက် နှစ်ရက်ပဲရှိသေးတယ် ဆက်မလုပ်သေးတာ။ ၉ ရက်နေ့လောက်အထိလုပ်နေတုန်းပဲ”လို့ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ဒုတိယ ဥက္ကဌက မတ်လ ၁၁ ရက်နေ့က ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကတည်းက ဘေးလွတ်ရာ ‌ကျေးရွာတွေမှာ သွားရောက် ခိုလှုံနေကြတဲ့ ဒေသခံတွေလည်း မြို့ကို ပြန်မလာကြရဲသေးဘူးလို့ဆိုပါတယ်။
“ခန့်မှန်းထားသလောက်တော့ စစ်တွေမြို့ကို သိမ်းလို့ မရ မချင်း ပြန်လို့မရဘူး။ စစ်တွေက လက်နက်ကြီးတွေနဲ့ ပစ်နေမှာပဲ” လို့ ရခိုင့်တပ်တော်အေအေက စစ်တွေမြို့ကို သိမ်းယူပြီးမှာသာ ပြန်လာနိုင်လိမ့်မယ်ဆိုတဲ့သူ့ရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။
“စားစရာလည်း မရှိတော့ဘူး ကိုယ့်မှာ ပါလာတဲ့ ပစ္စည်းလေးတွေလည်း ကုန်ပြီ။ ဒုက္ခရောက်နေတဲ့သူတွေ အများကြီးပဲ။ ဆန်ပြုတ်တောင် ကျိုသောက်ရတဲ့ အခြေအနေမှာ ရှိနေပြီ”လို့ ဆိုပါတယ်။
၂၀၁၉ ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရတော့ ပုဏ္ဏားကျွန်းမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၄ မှာ နေထိုင်တဲ့ လူဦးရေ ၁ သောင်း ၃ ထောင်ကျော်ရှိပါတယ်။ ကျေးရွာပေါင်း ၉၂ ရွာရှိပြီး တစ်မြို့နယ်လုံး စုစုပေါင်းလူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မတ်လ ၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရတော့ နိုဝင်ဘာ ၁၃ မှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော်‌အေအေရဲ့ မြို့သိမ်းတိုက်ပွဲတွေကို ၂၀၂၃ နိုဝင်ဘာမှာ စတင်ခဲ့ပြီးတော့ ဒီနေ့အထိ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့တွေကို သိမ်းယူပြီးဖြစ်ပါတယ်။
ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့တွေမှာလည်း ရခိုင့်တပ်တော်အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Photo Credit: PYA

ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UN ထု...
06/03/2024

ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UN ထုတ်ပြန်
မတ် ၆
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းခွဲနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံးက ဒီကနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
“ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ခန့်မှန်းခြေ အိုးအိမ်စွန့်ခွာသူ ၁၄၈, ၅၀၀ ခန့်ရှိနေပါတယ်” လို့ အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရခိုင်ပြည်မြို့နယ်အများအပြားမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အပါအဝင် လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဘေးဒဏ်သင့်ခံ ဒေသခံတွေ အနေနဲ့စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဖိစီးမှုတွေ တိုးပွားလာနေပါတယ်လို့လည်း ကုလရုံးက ပြောဆိုထားပါတယ်။
ရခိုင့်တပ်တော် အေအေက ပြည်နယ်မြို့တော် စစ်တွေနဲ့ ပိုမိုနီးကပ်စွာ ချဥ်းကပ်လာနေပြီး စစ်တွေမြို့ခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကလည်း ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက စတင်ပြီး လက်နက်ကြီးနဲ့ ပတ်ခတ်တာတွေ တိုးမြှင့်လုပ်ဆောင်လာနေတယ်လို့ ဆိုထားပါတယ်။
“တိုက်ပွဲများစတင်ဖြစ်ပွားချိန်ကစလို့ ရေလမ်း၊ ကားလမ်းများ ပိတ်ထားခြင်းကြောင့် စားနပ်ရိက္ခာရှားပါးမှုနှင့် အခြားသော ကုန်ပစ္စည်းများပြတ်လပ်မှုများဖြစ်ပွားနေသလို မရှိမဖြစ် ကုန်ပစ္စည်းများမှာလည်း စျေးနှုန်းများ မြင့်တက်နေသည်” လို့ UN ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းလွှာမှာ ဖော်ပြထားပါတယ်။
ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဟာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ပြီးတော့ အခု လေးလနီးပါးရှိလာတဲ့အချိန်မှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့အထိ တိုက်ပွဲများ ကူးစက်ပျံ့နှံ့လာပြီ ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ တစ်ရာကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၀၀ နီးပါးရှိတယ်လို့ ရခိုင့်တပ်တော် အေအေရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
လေးလအတွင်းမှာ ရခိုင့်တပ်တော်အေအေက မြို့နယ်ပေါင်း ၇ မြို့နယ်ကို တိုက်ခိုက်သိမ်းယူခဲ့ပြီးဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ လူပေါင်း ၂ ဒဿမ ၇ သန်းရှိနေပါတယ်။

Photo credit : AA info desk

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားမတ် ၆ရခိုင်ပြည်နယ်တောင်ပိုင်း တော...
06/03/2024

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့တွင် အေအေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွား
မတ် ၆
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့မှာ မတ်လ ၆ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က စတင်၍ ရခိုင့်တပ်တော် အေအေနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တောင်ကုတ်ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
တောင်ကုတ်မြို့ တောင်ဘက် ၉ မိုင်ခန့်အကွာ တောင်ကုတ်-သံတွဲ ကားလမ်းပေါ်ရှိ ၂၃၀ KV ပင်မဓာတ်အားခွဲရုံရှိတဲ့ ဘာယေကျေးရွာအနီးမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး လေးလခန့်အကြာမှာ တောင်ပိုင်းသို့ တိုက်ပွဲ စတင်ကူးစက်လာခဲ့တာဖြစ်ပါတယ်။
နံနက် ၆ နာရီလောက်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး ၁၀ နာရီကျော်အထိ ကြားနေရဆဲ ဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
“နားတွေလည်း ကွဲတော့မယ် တစ်ခါလားမှ မနားဘူး။ မိုးခြိမ်းတဲ့အတိုင်းပဲ။ ခုထက်ထိ၊ ခုထက်ထိ” လို့ အဆိုပါ တောင်ကုတ်ဒေသခံက တယ်လီဖုန်းကတဆင့် ဖြေကြားပါတယ်။
လက်နက်ကြီးပစ်ခတ်သံများကို တိုက်ပွဲဖြစ်ပွားရာ ဘာယေကျေးရွာနဲ့ ၃၇ မိုင်ခန့်ကွာဝေးတဲ့ သံတွဲမြို့ကပါ ကျယ်လောင်စွာ ကြားနေရတယ်လို့ သံတွဲမြို့ခံ စားသောက်ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

တောင်ကုတ်မြို့မှ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ရခိုင့်တပ်တော် အေအေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲစတင်ဖြစ်ပွားရတာဖြစ်တယ်လို့ ရခိုင်အခြေစိုက် သတင်းမီဒီယာတစ်ချို့မှာ ဖော်ပြထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
တောင်ကုတ်မြို့အနီးပတ်ဝန်းကျင်မှာ ယခုနှစ် နှစ်ဆန်းပိုင်းကစလို့ ရခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ စစ်ရေးတင်းမာနေခဲ့ပြီး တောင်ကုတ်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်ရတဲ့ စကစ လက်အောက်ခံ ဝန်ထမ်းတစ်ချို့ ပြီးခဲ့တဲ့လကတည်းက ထွက်ပြေးတိမ်းရှောင်သွားတာတွေရှိတယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစလို့ ရခိုင့်တပ်တော် အေအေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ လေးလနီးပါးရှိလာခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ပေါက်တော်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို တိုက်ခိုက်သိမ်းယူထားပြီးဖြစ်ပါတယ်။

ဓနုတပ်မတော်မှာသင်တန်းတက်ဖို့လာတယ်လို့ စွပ်စွဲပြီး ဘော်ဆိုင်းမှာ လူငယ် ၁၄ ဦးဖမ်းဆီးခံရနွေနန်း၊ မတ် ၅ဓနုပြည်သူ့လွတ်မြောက်ရ...
05/03/2024

ဓနုတပ်မတော်မှာသင်တန်းတက်ဖို့လာတယ်လို့ စွပ်စွဲပြီး ဘော်ဆိုင်းမှာ လူငယ် ၁၄ ဦးဖမ်းဆီးခံရ
နွေနန်း၊ မတ် ၅
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF မှာ သင်တင်တန်းတက်ဖို့လာတယ်လို့ စွပ်စွဲပြီးတော့ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာမှာ စစ်ကောင်စီက လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံများထံမှ စုံစမ်းသိရှိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကားလေးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရတ်ရောက်လာပြီး ဘော်ဆိုင်း‌ကျေးရွာ ကုန်သာဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
"ရွာကိုရုတ်ရက်ရောက်လာတယ် စစ်ကားက သုံး လေးစီလောက်ရှိမယ်။ ရှာဖွေမှုတွေလုပ်နေပြီးတော့ ဖမ်းသွားတယ်။ ပစ်သံတော့မကြားရဘူး ။တခြားတော့ ကျနော်တို့လဲ ကြောက်လို့မကြည့်ရဲဘူး။ တော်ကြာ မဆိုင်ပဲဝင်ဆွဲသွားမှာစိုးလို့" လို့ အဆိုပါ ဒေသခံအမျိူးသားတစ်ဦးက ပြောပါတယ်။
လူငယ် ၁၄ ဦးထဲမှာ မိန်းကလေး ၄ ဦး ပါဝင်ပြီးတော့ လက်နက်များပါ ရှာဖွေ့တွေ့ရှိသွားခဲ့တယ်လို့ အသက် ၃၀ အရွယ် ဘော်ဆိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
" သူတို့က ဘယ်ကလာတာလဲတော့မသိဘူး။ မိန်းကလေးက ၄ ယောက်ပါတယ်။ ပြီးတော့ သေနတ်တွေပါတွေ့တော့ အကုန်သိမ်းပြီး ဖမ်းသွားတယ်။ စိတ်လည်းမကောင်းဘူး" လို့၎င်းကဆိုပါတယ်။
အဲဒီလူငယ်တွေဟာ စစ်မှုမထမ်း မနေရ ဥပဒေ အရ စစ်ကောင်စီထံမှာ စစ်မှုထမ်းရမှာစိုးရိမ်လို့ ထွက်ပြေးလာတဲ့ လူငယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် Newsland Media အနေနဲ့ အတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချယ်နယ်လ်တွေမှာတော့လူငယ် ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး ဘုန်းကြီးကျောင်း ဂိုထောင်ထဲက သေနတ် ၄ လက်၊ ကျဥ်အိမ် ၁၀ခု၊ ကျဥ် ၅၆၀ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံး ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
DPLF မှာ စစ်သင်တန်းတက်ဖို့ လာရောက်တဲ့သူတွေဆိုတဲ့ စစ်ကောင်စီစွပ်စွဲမှုမှန် မမှန် ဓနုပြည်သူလွတ်မြောက်ရေးတပ်မတော် (DPLF) အဖွဲ့ကို ဆက်သွယ်အတည်ပြုပေမယ့် ဖြေကြားချင်းတစုံတရာမရှိသေးပါ။
ကလောမြို့နယ်ထဲမှာရှိတဲ့ ဘော်ဆိုင်းစံပြကျေးရွာဟာ ငွေ၊ ခဲ စတဲ့ သတ္ထုတွင်းထွက်တွေ ထွက်ရှိတဲ့ တဲ့အတွက် တိုင်းရင်းသားလူမျိုးစုံ နေထိုင်ကြပြီး လူဦးရေ တစ်သောင်းခွဲနီးပါးရှိတဲ့ ကျေးရွာအုပ်စုကြီးဖြစ်ပါတယ်။

Photo Credit:DPLF

နေပြည်တော်မှာ ဧည့်စာရင်းမတိုင်ပါက ထောင် ၆ လအထိ ချနိုင်မည့် ဒေသန္တရအမိန့်ထုတ်ပြီး ဧည့်စာရင်းဆက်တိုက်စစ်နေနေပြည်တော်၊ မတ် ...
01/03/2024

နေပြည်တော်မှာ ဧည့်စာရင်းမတိုင်ပါက ထောင် ၆ လအထိ ချနိုင်မည့် ဒေသန္တရအမိန့်ထုတ်ပြီး ဧည့်စာရင်းဆက်တိုက်စစ်နေ
နေပြည်တော်၊ မတ် ၂
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ရှိ မြို့နယ်တွေမှာ ဧည့်စာရင်း မတိုင်ကြားပါက အိမ်ရှင်ရော ဧည့်သည်ပါ ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရ အမိန့် ထုတ်ပြန်ထား တယ်လို့ ဥတ္တရသီရိမြို့နယ် ကျေးရွာတစ်ခုမှ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဧည့်စာရင်းတင်းတင်းကြပ်ကြပ်စစ်ဖို့ လည်းညွှန်ကြားထားတယ်လို့ အဆိုပါ အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆိုပါတယ်။
ဒေသန္တရ အမိန့်ကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ပြီး ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ လိုက်လံ‌ သတိပေးနေတာကိုလည်း‌တွေ့ရပါတယ်။
“ရပ်ကွက်တိုင်း ရွာတိုင်းမှာ နေ့တိုင်းလော်နဲ့ လိုက်လှည့်အော်နေတာ။ ဧည့်သည်လာရင် ဧည့်စာရင်းတိုင်ဖို့ မတိုင်ရင် အိမ်ရှင်ရော ဧည့်သည်ပါ ထောင် တစ်လကနေ ခြောက်လထိ ချလို့ရတယ်ဆိုပြီး” လို့ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်သား၊ ရဲ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ရက်တိုစစ်သင်တန်းပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နေ့တိုင်းနီးပါး ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ဧည့်စာရင်းလုံးဝ မတိုင်တဲ့သူတွေကို ရုံးတင်အမှုစွဲပြီး ရက်ကျော်တဲ့သူတွေကိုတော့ ဒဏ်ငွေနှစ်သောင်းကနေ တစ်သိန်းအထိ တောင်းတာတွေ ရှိနေတယ်လို့ ၎င်းက ဆိုပါတယ်။
ဧည့်စာရင်းတိုင်ကြားတဲ့နေရာမှာလည်း အရင်ထက် ပိုတင်းကြပ်လာပြီး အိမ်ငှားနေသူတွေကို အိမ်ငှားစာချုပ်ပြခိုင်းတာ၊ မွေးသက္ကရဇ်နဲ့ အခြား အချက်အလက်တွေ ဖြည့်ခိုင်းတာတွေလုပ်ခိုင်းပြီး ကျေးရွာနဲ့ ရပ်ကွက်အချို့မှာတော့ ဧည့်စာရင်းမှာ ပါတဲ့သူအားလုံးကို ဓာတ်ပုံရိုက်ပြီး စာအုပ်ရဲ့ ရှေ့မျက်နှာဖုံးမှာ ကပ်ထားရတာတွေ လုပ်ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ယာယီလာရောက်တည်းခိုလို့ ဧည့်စာရင်းတိုင်ကြားသူတွေကိုတော့ လူကိုယ်တိုင် ရပ်ကွက်ရုံးကို ခေါ်လာခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
ယင်းသို့ နေ့စဥ်ရက်ဆက်ဧည့်စာရင်းစစ်ဆေးခြင်းနဲ့ ပတ်သက်လို့ “နေ့စဥ်လူမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာ လှုပ်ရှားနိုင်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ဧည်စာရင်း စစ်ဆေးမှုများရှိပါကြောင်း” လို့ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦးက ဖေဖော်ဝါရီ ၂၉ ရက်က လယ်ဝေးမြို့နယ်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေး‌နွေးပွဲမှာ ပြောသွားပါတယ်။
စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းယူပြီး ၁၃ ရက်အကြာမှာပဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဌာန်းပြီး NLD အစိုးရ လက်ထက်က ပယ်ဖျက်ထားခဲ့တဲ့ ဧည့်စာရင်း စနစ်ကို ပြန်လည် အသက်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit:IPRD

သန်းခေါင်ယံအချိန်တွင် ရန်ကုန်မြစ်အတွင်းဆီတင်သင်္ဘောတစ်စီး ကျယ်လောင်စွာပေါက်ကွဲမှုဖြစ်ပွါးရန်ကုန်၊ မတ် ၁မတ်လ ၁ ရက် နံနက် ...
29/02/2024

သန်းခေါင်ယံအချိန်တွင် ရန်ကုန်မြစ်အတွင်းဆီတင်သင်္ဘောတစ်စီး ကျယ်လောင်စွာပေါက်ကွဲမှုဖြစ်ပွါး
ရန်ကုန်၊ မတ် ၁
မတ်လ ၁ ရက် နံနက် ၂ နာရီဝန်းကျင်ခန့်က ရန်ကုန်မြစ်အတွင်းရပ်နားထားတဲ့ ဆီတင်သင်္ဘောတစ်စီး ကျယ်လောင်စွာပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာ ဆိပ်ကမ်းအနီး ရန်ကုန်မြစ်အတွင်းမှာရပ်ထားတဲ့ ဆီတင်သင်္ဘော ပေါက်ကွဲမီးလောင်ခဲ့တာပါ။
ကျယ်လောင်တဲ့ပေါက်ကွဲသံကို ရန်ကုန်မြစ်ကမ်းဘေးမှာရှိတဲ့ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှိုင်၊ အင်းစိန်မြို့နယ်တွေသာမက ဗဟန်း၊ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေကပါ ကြားခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဆီသင်္ဘော ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးပေမယ့် နံနက် ၃ နာရီ ခွဲဝန်းကျင်ခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

Photo credit:မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

လူစည်ကားချိန် စစ်တွေမြို့မစျေးကြီးအတွင်း လက်နက်ကြီးကျ၊ အရပ်သား‌ ၁၀ ဦးထက်မနည်းသေဆုံးစစ်တွေ၊ ဖေ‌ဖော်ဝါရီ ၂၉ရခိုင်ပြည်နယ်၊...
29/02/2024

လူစည်ကားချိန် စစ်တွေမြို့မစျေးကြီးအတွင်း လက်နက်ကြီးကျ၊ အရပ်သား‌ ၁၀ ဦးထက်မနည်းသေဆုံး

စစ်တွေ၊ ဖေ‌ဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မ စျေးကြီးအတွင်း စျေးသွားစျေးလားများ စည်ကားနေချိန် နံနက် ၉ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားချိန် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောပါတယ်။

“စျေးစည်တဲ့အချိန် ကျကွဲတာ။ ၉ လောင်း ၁၀ လောင်း‌ လောက်က ချက်ချင်းပဲ။ ထပ်သေတာတွေလည်း ရှိနိုင်တယ်” လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ အဆိုပါ ကယ်ဆယ်ရေးလုပ်သားက ဆိုပါတယ်။

သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ ကလေးများပါဝင်နေတာ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ အနည်းဆုံး ၄၀ ဝန်းကျင်ရှိနေပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က လာရောက်ကူညီတာမရှိဘဲ လူမှုကူညီရေးအဖွဲ့တွေက စစ်တွေဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက်အနီးမှာရှိတဲ့ ဓညဝတီ ရေတပ်စခန်းက ပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံ ၃ ဦးထက်မနည်းက အတည်ပြုပါတယ်။

“နေဗီ (ရေတပ်) ဘက်ကပစ်လိုက်တာ။ စျေးထဲက ဟင်း (ဟင်းသီးဟင်းရွက်) တန်းကို တည့်တည်ကျတာပဲ။ သေတာမှ မြင်မကောင်းဘူး။ ကလေးတွေလည်းပါတယ်”လို့ စျေးအနီးမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျပြီးနောက် စစ်တွေမြို့ပေါ်မှာရှိတဲ့ လမ်းမကြီးတွေမှာ စစ်ကားတွေနဲ့ လှည့်လည်သွားလာနေတာကို တွေ့နေရပြီးတော့ ဒေသခံတွေ သွားလာမှုမရှိသလောက် နည်းပါးသွားတာတွေ့ရတယ်လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။

စစ်တပ်နဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဘေးလွတ်ရာကို ခေါ်ထုတ်ပြီး ပြည်သူကို အညှိုးထား တိုက်ခိုက်မှာကို စိုးရိမ်မိတယ်လို့ ၎င်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်အချို့ကို ရခိုင့်တပ်တော် AA က သိမ်းယူအပြီး မြို့နယ်အများစုမှာလည်း တိုက်ပွဲများ ပြင်းထန်နေချိန်မှာ စစ်ကောင်စီတပ်က ပြည်နယ်မြို့တော် စစ်တွေက စစ်တပ်မိသားစုဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ လေကြောင်း ရေကြောင်းတွေနဲ့ ပြောင်းရွှေ့နေတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်ဖြေရှင်းမှု တစ်စုံတစ်ရာမရှိသေးသလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
Newsland Media က ထပ်မံစုံစမ်းသိရှိရသလောက် သေဆုံးသူ ၁၂ ဦးထိတိုးလာပါတယ်။

ဒီဖြစ်စဉ်အပေါ် ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ အပြန်အလှန် စွပ်စွဲသည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး စတင်ခဲ့သည့် နိုင်ဝင်ဘာ ၁၃ ရက်ကနေ ဇန်နဝါရီ ၂၀ ဝန်းကျင်အထိ ၂ လကျော်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၅၀ ကျော်ရှိခဲ့တယ်လို့ ရခိုင့်တပ်တော် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရုံးရဲ့ HDCO ထုတ်ပြန်ချက်အရ သိရပါတယ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေး စတင်ခဲ့သည့် နိုင်ဝင်ဘာ ၁၃ ရက်ကနေ ဇန်နဝါရီ ၂၀ ဝန်းကျင်အထိ ၂ လကျော်အတွင်းမှာ အရပ်သားပြည်သူ တစ်ရာကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၄၀၀ နီးပါးရှိခဲ့တယ်လို့ HDCO ကသတင်းထုတ်ပြန်ထားပါတယ်။

အထက်ပါသတင်းကို Newsland Mediaမှ Daw Na News သို့ ပေးပို့ထားတာဖြစ်ပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Newsland Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share