Goppy Village -ဂုပ္ပီကျေးရွာ

  • Home
  • Goppy Village -ဂုပ္ပီကျေးရွာ

Goppy Village -ဂုပ္ပီကျေးရွာ Minorities News ��

Massive congratulations to both Mijibu Rahaman မောင် ဉာဏ်လင်းမင်း , son of Mr Abdul Monnan , and Osman Goni, son of Moha...
22/03/2024

Massive congratulations to both Mijibu Rahaman မောင် ဉာဏ်လင်းမင်း , son of Mr Abdul Monnan , and Osman Goni, son of Mohammad Alom. Mijibu Rahaman secured the first position in Grade 11 among numerous students, while Osman Goni secured the second position in Grade 6. Both are students of Parami High School .

We, the villagers of Shwe Goppy, extend our heartfelt congratulations to them. We pray for both of you to achieve even greater success in the future.

Goppy Village -ဂုပ္ပီကျေးရွာ

22/03/2024

Poetry introduces the world the suffering of human beings and it also develops the community's empowerment to achieve anything.

Proud of Mayu Foyajul Islam . We, the villagers of Shwe Goppy are always praying for you to see in good one day .

Goppy Village -ဂုပ္ပီကျေးရွာ

Annual gathering for Ifater party within teachers and students of Shwe Goppy village was successfully completed on 16th ...
17/03/2024

Annual gathering for Ifater party within teachers and students of Shwe Goppy village was successfully completed on 16th March in camp . The moments we spent altogether was a joyous and the gathering was fruitful.

Goppy Village -ဂုပ္ပီကျေးရွာ

Happy World Teachers Day It is celebrated around the globe and in this day , the students admire and honor their teacher...
05/10/2023

Happy World Teachers Day

It is celebrated around the globe and in this day , the students admire and honor their teachers with incredible things .

The villagers of Goppy Village -ဂုပ္ပီကျေးရွာ wish Happy World Teachers Day to all the teachers who illuminated the villagers with formal education and made the villagers held pens and writing on the white papers who don't comprehend what is the meaning of white papers and how to hold pen . Thanks again to all the teachers of our village , Goppy for have been illuminating the generations with education.

Goppy Village -ဂုပ္ပီကျေးရွာ

26/09/2023

It is a newly constructed bridge between Buthidaung and Maungdaw in northern part of both cities . And especially, it is in our village and it is built across mayyu river that is very nearer to our village . Now , the residents of Buthidaung and Maungdaw can enjoy visiting from one city to another city through this road and across this bridge . It is named as Goppy Bridge .

Goppy Village -ဂုပ္ပီကျေးရွာ

" I myself is a victim of genocide. I was tried to slaughter and kill by eight terrorists militaries and two of my relat...
25/08/2023

" I myself is a victim of genocide. I was tried to slaughter and kill by eight terrorists militaries and two of my relatives were slaughtered in front of my eyes and they were put in an empty rice bag and binded it and then buried their bodies by digging a hole in the floor of a temple located in a Rakhine village in Sahun village ( Rakhine Language စဟုန်းရွာ ) , Northern Buthidaung . And I saw and heard the roaring of my uncles while they were being beaten and slaughtered. So, 25th , August is an unforgettable day for me and it always remembers me of my lost by the Genocidal Militaries " , said Mg Tin Shwe .

Goppy Village -ဂုပ္ပီကျေးရွာ

Our beloved brother Md Abdullah NY was saying the young brothers and sisters who are studying in Camp that Education is ...
23/08/2023

Our beloved brother Md Abdullah NY was saying the young brothers and sisters who are studying in Camp that Education is very important in human life to differentiate what's right or wrong.

Date:- 18.08.2023
Venue:- Cafe High Way Restaurant
Goppy Village -ဂုပ္ပီကျေးရွာ

Our beloved brother Mg Tin Shwe was sharing to the participants that wherever we are , we should give hand/support at an...
21/08/2023

Our beloved brother Mg Tin Shwe was sharing to the participants that wherever we are , we should give hand/support at any time if someone needs it.

Date:- 18.08.2023
Venue:- Cafe High Way Restaurant
Goppy Village -ဂုပ္ပီကျေးရွာ

Our Honorable Teacher Saya   was sharing the importance of getting in touch with each other. Date:- 18.08.2023Venue:- Ca...
21/08/2023

Our Honorable Teacher Saya was sharing the importance of getting in touch with each other.
Date:- 18.08.2023
Venue:- Cafe High Way Restaurant

15/03/2023

အာဏာသိမ်းစစ်ကောင်စီအစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေရှ့်သို့ရောက်ရှိ

မတ် ၁၅၊ AEN

အာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ရိုဟင်ဂျာဒုက္ခသည်များပြန်လည်ခေါ်ယူရန်အတွက် မတ်လ ၁၅ ရက်နေ့၊ ယနေ့နေ့လည်အချိန်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီ၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေရှ့်သို့ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံခေါ်ယူရန်အတွက် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ၊ တဲခ်နာဖ်မြို့သို့ ယနေ့နေ့လည်အချိန်တွင် ရောက်ရှိခဲ့ကြောင်း၊ မြန်မာစစ်ကောင်စီမှ ပေးပို့ထားသော စာရင်းမှာရှိသည့် ရိုဟင်ဂျာဒုက္ခသည်များနှင့်သာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ရိုဟင်ဂျာဒုက္ခသည်များနှင့်တွေ့ဆုံပြီး ပြောဆိုဆွေးနွေးမည့်အရာကို ဆွေးနွေးပွဲပြီးသည့်အချိန်တွင် ပြန်လည်ဖော်ပြသွားပါမည်။

ဓာတ်ပုံ - ဆိုရှယ်မီဒီယာ

The Arakan Express News

15/03/2023

နာရေးသတင်း
😭😭😭😭😭
(إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُون)
ဘူးသီးတောင်မြို့နယ်၊ဂုပ္ပီကျေးရွာအုပ်စုတွင်နေတိုင်ခဲ့ပြီး‌ယခုလက်ရှိ ကောစ့်ဘာဇာဒုက္ခသည်စခန်းအမှတ်(၁၅)တွင်‌ နေထိုင်ခဲ့သူ ဦးနိုရ်အာဟ်မတ်(အသက် -၁၁၀နှစ်)၊သည်မတ်လ(၁၄)ရက်၊၂၀၂၃ ခုနှစ်တွင် လူကြီးမင်းရောဂါဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုခံယူသွားကြောင့်ကို ကြားသိရ၍ မီးသားစုနှင့်အတူ ဝမ်းနည်းကြေကွေးပါကြောင်း ဖော်ပြလိုပါသည်။

အလ္လာဟ်အရှင်မြတ်က သူ့ကိုဂျန္နသ်သုခဘုံန်၌ အမြင့်ဆုံးနေရာကို ပေးသနားတော်မူပါစေ။
အာမိန်း။

ပုံ/
(၁၄၊၀၃၊၂၀၂၃)
ရွာသူရွာသားများ

12/01/2023

နာရေးသတင်း
بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيم
ဘူးသီးတောင်မြို့နယ်၊ ဂုပ္ပီကျေးရွာ အုပ်စု တွင်နေတိုင်ခဲ့ပြီး‌ယခုလက်ရှိ ကောစ့်ဘာဇာဒုက္ခသည်စခန်းအမှတ် (၁၆) တွင်‌နေထိုင်ခဲ့သူ #ဦးဇာဖောရ်အာဟ်မတ်@ကြက်ညွှတ်ကွင်းထောင်သူ(အသက်-၆၀ နှစ်)သည်ယနေ့ ဇန်နိုဝါရီလ(၁၂)ရက်၊၂၀၂၃ခုနှစ်တွင် နာတာရှည်ရောဂါဖြင့် MSF ဆေးရုံ၌ ဆေးကုသနေစဉ် အလ္လာဟ်အရှင်မြတ်၏ အမိန့် တော်ကိုခံယူသွားပါသည်။

အလ္လာဟ်အရှင်မြတ်က သူ့ကိုဂျန္နသ်သုခဘုံန်၌ အမြင့်ဆုံးနေရာကို ပေးသနားတော်မူပါစေ။ အာမိန်း။

ပုံ/
(၁၂၊၀၁၊၂၀၂၃)
ရွာသူ/သားများ

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمဘူးသီးတောင်မြို့နယ်၊ ဂုပ္ပီကျေးရွာ   အုပ်စု တွင်နေတိုင်ခဲ့ပြီး‌ယခုလက်ရှိ ကောစ့်ဘာဇာဒ...
09/11/2022

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيم
ဘူးသီးတောင်မြို့နယ်၊ ဂုပ္ပီကျေးရွာ အုပ်စု တွင်နေတိုင်ခဲ့ပြီး‌ယခုလက်ရှိ ကောစ့်ဘာဇာဒုက္ခသည်စခန်းအမှတ်(၁၆)တွင်‌နေထိုင်ခဲ့သူ #ဆရာဦးအဒူ‌ဆော်ဖုရ်(အသက်-၆၀ နှစ်) Ro Md Ayass ၏ ချစ်သောအဖေ သည်ယနေ့ နိုင်ဝင်ဘာ(၉)ရက်၊၂၀၂၂ခုနှစ် နံနက် (၁၁:၅၀)နာရီတွင် နာတာရှည်ရောဂါဖြင့် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုခံယူသွားပါသည်။ ဆရာသည် ရပ်လူကြီးတစ်ဦးဖြစ်ခဲ့ပြီ ကျေးရွာရှိကျောင်း၌ကျောင်းဆရာအဖြစ်တာဝန်တမ်းဆောင်ခဲ့ရာ တပည့်ပေါင်းများစွာကိုထုတ်ပေးခဲ့သူတစ်ဦးဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်က ဆရာ့ကိုဂျန္နသ်သုခဘုံန်၌ အမြင့်ဆုံးနေရာကို ပေးသနားတော်မူပါစေ။

အာမိန်း။
(၀၉၊၁၁၊၂၀၂၂)
ရိုကျော်မြင့်

မှတ်ပုံတင်အတုကိုင်ဆောင်၍ ရန်ကုန်သို့ သွားသည့် မူဆလင် ၃ ဦး စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံရဩဂုတ် ၅/၂ဝ၂၂မှတ်ပုံတင်အတုကိုင်ဆောင်...
06/08/2022

မှတ်ပုံတင်အတုကိုင်ဆောင်၍ ရန်ကုန်သို့ သွားသည့် မူဆလင် ၃ ဦး စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံရ

ဩဂုတ် ၅/၂ဝ၂၂

မှတ်ပုံတင်အတုကိုင်ဆောင်၍ ရန်ကုန်သို့သွားသည့်မူဆလင် ၃ ဦးသည် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ နူရ်မိုဟာမောက်(၂၉ နှစ်)၊ မဖဲလ်ဘာနူ (၂၀ နှစ်)နှင့် မရွှေနု (၂၁ နှစ်)ဆိုသူတို့ ဖြစ်သည်။

သူတို့သည် ယမန်နေ့ ဩဂုတ်လ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မှတ်ပုံတင်အတုကိုင်ဆောင်ကာ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါရန်ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၄င်းတို့ကိုင်ဆောင်ထားသည့် (ပြု)နိုင်ငံသားစိစစ်ရေးကတ်များတွင် မြေပုံမြို့နယ် တောင်ပေါ်ရပ်ကွက်ဟု ဖော်ပြထားသည်ကို မသင်္ကာသဖြင့် သက်ဆိုင်ရာ မြို့နယ်လဝကရုံးနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ရုံးလက်ခံမှတ်တမ်း အချက်အလက်၊ ဓာတ်ပုံများ ကွဲလွဲနေကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဆက်လက်စစ်ဆေးခဲ့ရာ နူရ်မိုဟာမောက်၏ အမည်ရင်းမှာ မာမွတ်တာဟဲရ်၊ ရွှေနု၏ အမည်ရင်းမှာ ဖာတေမာနှင့် မဖဲလ်ဘာနူ၏ အမည်ရင်းမှာ မူစတော်ကာမာတို့ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားမြို့နှင့် တက္ကနာပ်ဖ်မြို့ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

၄င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၄င်းတို့ ၃ ဦးအနက် မာမွတ်တာဟဲရ်သည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ မလေးရှားနိုင်ငံ၌ အိမ်ထောင်ပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်တောင်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းသို့ ဇူလိုင်လ ၁၅ ရက်တွင် စက်လှေဖြင့် ရောက်ရှိခဲ့သည်ဟု သိရသည်။

စစ်တွေမြို့သို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်အတုရရှိခဲ့ပြီး လမ်းခရီးကုန်ကျစရိတ် အားလုံးကို မလေးရှားနိုင်ငံတွင် နေထိုင်သည့် မာမွတ်တာဟဲရ်၏ အစ်ကိုဖြစ်သူ အာစ်တာရ်ကာမန်နှင့် အမျိုးသမီး ၂ ဦး၏ ခင်ပွန်းလောင်းများက ငွေထုတ်ပေးပြီး ချိတ်ဆက်ခေါ်ယူခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

ရခိုင်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သူများသည် ယခုနောက်ပိုင်း မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများရှိလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီကလည်း စစ်တွေလေဆိပ်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအား စစ်ဆေးစဉ် မာမာတ်တာဟဲရ်( ၂၂ နှစ်)နှင့် အာမ်ရ်ဟာမ်ဇာ(၂၀ နှစ်)တို့မှာ မှတ်ပုံတင်အတုကိုင်ဆောင်မှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည်ဟု သိရသည်။

အလားတူ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းကလည်း စစ်တွေမှ ရန်ကုန်သို့ မှတ်ပုံတင်အတုကိုင်ဆောင်ပြီး လေယာဉ်နှင့်သွားမည့် မူဆလင် ၁ ဦး၊ ဇန်နဝါရီလ ၃၀ ရက်တွင် မူဆလင် ၁ ဦးနှင့် ဇန်နဝါရီလ ၂၂ ရက်တွင် မူဆလင် ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်ကလည်း အမ်းစစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်အတုကိုင်ဆောင်သည့် မူဆလင် ၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံနှင့်စာ - Narinjara

Shwe Goppy Thar

ဂမ်ဘီယာ vs မြန်မာမှာ မြန်မာဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးများအားလုံးက တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ပါတယ်။ (နှ...
22/07/2022

ဂမ်ဘီယာ vs မြန်မာမှာ မြန်မာဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးများအားလုံးက တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ပါတယ်။

(နှစ်ချက်မှာ တရားသူကြီး တစ်ဦးက သဘောမတူဘူး)

ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

အရေးကြီးတဲ့အဆင့်တစ်ဆင့် အောင်မြင်သွားပါပြီ။

Nay San Lwin


အိန္ဒိယ သမ္မတသစ်အဖြစ် ဒရောပတ်တီမိုမိုကို အတည်ပြုလိုက်ပြီ=========အိန္ဒိယနိုင်ငံ ဘီဂျေပီပါတီကအဆိုပြုသည့် အမျိုးသားဒီမိုကရ...
22/07/2022

အိန္ဒိယ သမ္မတသစ်အဖြစ် ဒရောပတ်တီမိုမိုကို အတည်ပြုလိုက်ပြီ
=========
အိန္ဒိယနိုင်ငံ ဘီဂျေပီပါတီကအဆိုပြုသည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်ပါတီ၏ သမ္မတလောင်း ဒရောပတ်တီမိုမို သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး၊ အိန္ဒိယသမ္မတနိုင်ငံ၏ ၁၅ ဦးမြောက်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ဒရောပတ်တီမိုမို သည် အိန္ဒိယနိုင်ငံသမိုင်းတွင် ပထမဆုံးလူမျိုးစုသမ္မတနှင့်ဒုတိယမြောက်အမျိုးသမီးသမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သူမသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဘဏ်လုပ်ငန်းရှင်သည် ၂၀၁၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး၊ သားနှစ်ဦးသည်လည်း ကွယ်လွန်ခဲ့ပြီး
ဖြစ်သည်။ သူမသည် ခြောက်နှစ်တာကာလအတောအတွင်း ခင်ပွန်းနှင့်သားနှစ်ဦးတို့ကို ဆုံးရှုံးခဲ့ရသည်။ သမီးတစ်ဦး သာ ကျန်ရစ်သည်။

#စီအန်အေ

"Innah Lilah Hi Wa innah Ilaihi Rajewaun"အမျိုးသား​ခေါင်း​ဆောင်ကြီး အာဇာနည်သူရဲကောင်း  #ဆရာကြီးဦးရာဇတ် + ​ #ဒေါ်ခင်ခင် တ...
21/07/2022

"Innah Lilah Hi Wa innah Ilaihi Rajewaun"
အမျိုးသား​ခေါင်း​ဆောင်ကြီး အာဇာနည်သူရဲကောင်း #ဆရာကြီးဦးရာဇတ် + ​ #ဒေါ်ခင်ခင် တို့၏သားကြီး ဦးတင်မြင့် အသက်(၈၂)နှစ်သည် ယ​နေ့ ၂၀၂၂. ၇. ၂၁ ရက်​နေ့မနက်တွင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာ​​တော်ခံယူသွားပါသဖြင့် မီးသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင့် ပြောကြလိုပါသည်။
အလ္လာဟ်အရှင်မြတ်က သူ့ကို ဂျန္နသ်သုက္ခဘုံ၌ နေရာပေးသနာတော်မူပါစေ။ အာမိန်။

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အမေရိကန်သတ်မှတ်Unicodeမတ် ၂၁၊ ၂၀၂၂               ...
21/03/2022

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အမေရိကန်သတ်မှတ်

Unicode
မတ် ၂၁၊ ၂၀၂၂ Myanmar Muslim Media

မြန်မာစစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ရာဇဝတ်ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရက တရားဝင်သတ်မှတ်ဆုံးဖြတ်ထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံတော်အတွင်းဝန်အန်တိုနီဘလင်ကန်က ဟိုလိုကော့စ်ဖြစ်ရပ်ဆိုးပြတိုက်မှာ တနင်္လာနေ့မှာကြေငြာသွားမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေကဆိုပါတယ်။ မြန်မာစစ်တပ်က ၂၀၁၇ခုနှစ်မှာ အကြမ်းဖက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင် ၇သိန်း၃သောင်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးခဲ့ရပါတယ်။ ဒီအကြမ်းဖက်စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အုပ်စုဖွဲ့အစုလိုက်အပြုံလိုက် အဓ္ဓမပြုကျင့်မှုတွေ ရွာလုံးကျွတ်မီးရှို့ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

ဘလင်ကန်က တရားဥပဒေနဲ့ဖြစ်ရပ်မှန်စီစစ်မှု လုပ်ဆောင်သွားဖို့ အမိန့်ပေးစေခိုင်းခဲ့ကြောင်း အမည်မဖော်လိုတဲ့သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ မြန်မာစစ်တပ်ဟာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေကြောင်း စီစစ်လေ့လာတွေ့ချက်တွေက ကောက်ချက်ချခဲ့ပြီး တရားဝင်သတ်မှတ်ဆုံးဖြတ်ချက်ဟာ စစ်အစိုးရကို အရေးယူမှုတွေတိုးမြင့်လုပ်ဆောင်သွားဖို့ နိုင်ငံတကာရဲ့ဖိအားတွေတိုးလာစေလိမ့်မယ်လို့ ဝါရှင်တန်က ယုံကြည်ထားပါတယ်။ “သူတို့အတွက် နောက်ထပ်စော်ကားချိုးဖောက်ကျူးလွန်မှုတွေလုပ်ဖို့ ခက်ခဲသွားပါလိမ့်မယ်” လို့ အကြီးတန်းအစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုမြောက်ကြောင်း ၂၀၁၈ခုနှစ် ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ရက်စက်မှုတွေဟာ လူမျိုးရေးရှင်းလင်းမှု လို့ အဲဒီအချိန်အခါတုန်းက ဝါရှင်တန်ကရည်ညွှန်းပြောကြားခဲ့ပါတယ်။ ဒီအသုံးအနှုံးဟာ နိုင်ငံတကာရာဇဝတ်မှုဥပဒေအောက်မှာ တရားဝင်အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိတဲ့ ဝေါဟာရလည်းဖြစ်ပါတယ်။ “ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က အသိအမှတ်ပြုတယ်ဆိုတာ ကမ္ဘာကြီးကိုအချက်ပြလိုက်တာပဲဖြစ်ပါတယ် အထူးသဖြင့် ရိုဟင်ဂျာအသိုင်းအဝန်းအတွင်း ထိခိုက်ခံစားခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အသိပေးလိုက်တာပဲဖြစ်ပါတယ်” လို့ အစိုးရဌာနရုံးအကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

စစ်အေးကာလကတည်းက အမေရိကန်အစိုးရဌာနရုံးက ဒီအသုံးအနှုံးကို ၆ကြိမ်သာ သုံးနှုံးခဲ့ပါတယ်။ ဘော့စ်နီးယား၊ ရဝမ်ဒါ၊ အီရတ်နဲ့ ဒါဖာရ်တို့က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ယာဇီဒီတွေနဲ့တစ်ခြားလူနည်းစုတွေအပေါ် အိုင်အက်စ်အဖွဲ့ရဲ့သတ်ဖြတ်မှုတွေကို သတ်မှတ်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကတော့ ဝီဂါနဲ့တစ်ခြားမွတ်စလင်တွေအပေါ် တရုတ်ရဲ့ဆက်ဆံမှုတွေကိုပါ ရည်ညွှန်းပြောဆိုခဲ့ပေမယ့် တရုတ်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုယူဆချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ ဒါ့အပြင် အနာဂတ်ကာလမှာဖြစ်လာနိုင်တဲ့ တရားစွဲဆိုသွားဖို့အလားအလာတွေအတွက် သက်သေတွေစုတောင်းနေတဲ့ ဂျနီဗာအခြေစိုက် ကုလအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရားအတွက် ထပ်တိုးရန်ပုံငွေ ဒေါ်လာ၁သန်းထောက်ပံ့ကူညီပေးသွားမယ်လို့ ဘလင်ကန်ကကြေငြာသွားမှာဖြစ်ပါတယ်။

Reuters သတင်းဌာနပါ Humeyra Pamuk နဲ့ Simon Lewis တို့ရေးသားသည့် “Biden administration rules Myanmar army committed genocide against Rohingya” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Zawgyi

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း အမေရိကန်သတ်မှတ်

မတ် ၂၁၊ ၂၀၂၂ Myanmar Muslim Media

မြန်မာစစ်တပ်က ရိုဟင်ဂျာလူနည်းစုအပေါ်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ရာဇ၀တ်ကျူးလွန်မှုမြောက်ကြောင်း ဘိုင်ဒန်အစိုးရက တရား၀င်သတ်မှတ်ဆုံးဖြတ်ထားတယ်လို့ အမေရိကန်တာ၀န်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံတော်အတွင်း၀န်အန်တိုနီဘလင်ကန်က ဟိုလိုကော့စ်ဖြစ်ရပ်ဆိုးပြတိုက်မှာ တနင်္လာနေ့မှာကြေငြာသွားမှာဖြစ်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေကဆိုပါတယ်။ မြန်မာစစ်တပ်က ၂၀၁၇ခုနှစ်မှာ အကြမ်းဖက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင် ၇သိန်း၃သောင်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲထွက်ပြေးခဲ့ရပါတယ်။ ဒီအကြမ်းဖက်စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အုပ်စုဖွဲ့အစုလိုက်အပြုံလိုက် အဓ္ဓမပြုကျင့်မှုတွေ ရွာလုံးကျွတ်မီးရှို့ရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာတော့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။

ဘလင်ကန်က တရားဥပဒေနဲ့ဖြစ်ရပ်မှန်စီစစ်မှု လုပ်ဆောင်သွားဖို့ အမိန့်ပေးစေခိုင်းခဲ့ကြောင်း အမည်မဖော်လိုတဲ့သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ မြန်မာစစ်တပ်ဟာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေကြောင်း စီစစ်လေ့လာတွေ့ချက်တွေက ကောက်ချက်ချခဲ့ပြီး တရား၀င်သတ်မှတ်ဆုံးဖြတ်ချက်ဟာ စစ်အစိုးရကို အရေးယူမှုတွေတိုးမြင့်လုပ်ဆောင်သွားဖို့ နိုင်ငံတကာရဲ့ဖိအားတွေတိုးလာစေလိမ့်မယ်လို့ ဝါရှင်တန်က ယုံကြည်ထားပါတယ်။ “သူတို့အတွက် နောက်ထပ်စော်ကားချိုးဖောက်ကျူးလွန်မှုတွေလုပ်ဖို့ ခက်ခဲသွားပါလိမ့်မယ်” လို့ အကြီးတန်းအစိုးရတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုမြောက်ကြောင်း ၂၀၁၈ခုနှစ် ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ရက်စက်မှုတွေဟာ လူမျိုးရေးရှင်းလင်းမှု လို့ အဲဒီအချိန်အခါတုန်းက ဝါရှင်တန်ကရည်ညွှန်းပြောကြားခဲ့ပါတယ်။ ဒီအသုံးအနှုံးဟာ နိုင်ငံတကာရာဇ၀တ်မှုဥပဒေအောက်မှာ တရား၀င်အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိတဲ့ ဝေါဟာရလည်းဖြစ်ပါတယ်။ “ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး အမေရိကန်က အသိအမှတ်ပြုတယ်ဆိုတာ ကမ္ဘာကြီးကိုအချက်ပြလိုက်တာပဲဖြစ်ပါတယ် အထူးသဖြင့် ရိုဟင်ဂျာအသိုင်းအ၀န်းအတွင်း ထိခိုက်ခံစားခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အသိပေးလိုက်တာပဲဖြစ်ပါတယ်” လို့ အစိုးရဌာနရုံးအကြီးတန်းတာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

စစ်အေးကာလကတည်းက အမေရိကန်အစိုးရဌာနရုံးက ဒီအသုံးအနှုံးကို ၆ကြိမ်သာ သုံးနှုံးခဲ့ပါတယ်။ ဘော့စ်နီးယား၊ ရ၀မ်ဒါ၊ အီရတ်နဲ့ ဒါဖာရ်တို့က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ ယာဇီဒီတွေနဲ့တစ်ခြားလူနည်းစုတွေအပေါ် အိုင်အက်စ်အဖွဲ့ရဲ့သတ်ဖြတ်မှုတွေကို သတ်မှတ်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကတော့ ဝီဂါနဲ့တစ်ခြားမွတ်စလင်တွေအပေါ် တရုတ်ရဲ့ဆက်ဆံမှုတွေကိုပါ ရည်ညွှန်းပြောဆိုခဲ့ပေမယ့် တရုတ်ကတော့ လူမျိုးတုံးသတ်ဖြတ်မှုယူဆချက်တွေကို ငြင်းဆန်ပယ်ချထားပါတယ်။ ဒါ့အပြင် အနာဂတ်ကာလမှာဖြစ်လာနိုင်တဲ့ တရားစွဲဆိုသွားဖို့အလားအလာတွေအတွက် သက်သေတွေစုတောင်းနေတဲ့ ဂျနီဗာအခြေစိုက် ကုလအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရားအတွက် ထပ်တိုးရန်ပုံငွေ ဒေါ်လာ၁သန်းထောက်ပံ့ကူညီပေးသွားမယ်လို့ ဘလင်ကန်ကကြေငြာသွားမှာဖြစ်ပါတယ်။

Reuters သတင်းဌာနပါ Humeyra Pamuk နဲ့ Simon Lewis တို့ရေးသားသည့် “Biden administration rules Myanmar army committed genocide against Rohingya” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

Address


Website

Alerts

Be the first to know and let us send you an email when Goppy Village -ဂုပ္ပီကျေးရွာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Goppy Village -ဂုပ္ပီကျေးရွာ:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share