The Flame Media

  • Home
  • The Flame Media

The Flame Media Connecting People with Love!
(2)

24/12/2022

ဇာတ်လမ်း/ဇာတ်ညွန်း - သိက္ခာတော်ရဆရာဦးဝင်းကြည်
ဒါရိုက်တာ မြတ်ဆန်း

မနက်ခင်းအတွေး (သို့)ဗန်ဒါစတင်း ဘာလဲ ဘယ်လဲရေးသားသူ - ကိုယ်တော်ကြီးနံနက်ခင်းလေပြေညင်းကိုရှုရှိုက်ရင်း ကိုယ်တော်ကြီးတယောက် ...
05/11/2022

မနက်ခင်းအတွေး (သို့)ဗန်ဒါစတင်း ဘာလဲ ဘယ်လဲ

ရေးသားသူ - ကိုယ်တော်ကြီး

နံနက်ခင်းလေပြေညင်းကိုရှုရှိုက်ရင်း ကိုယ်တော်ကြီးတယောက် မုခစာမျက်နှာများကို ကော်ဖီသောက်ရင်း မြည်းစမ်းနေပါတယ်။ မုခစာမျက်နှာမှာလည်း လူမျိုးစုံ၊ဘဝမျိုးစုံ၊သတင်းမျိုးစုံကို တွေနေရတော့တာပါဘဲ။ ဘဝတိုက်တွန်းခွန်အားပေးစာတွေ၊ တရားဓမ္မသဘောတွေ၊ ကြွားကြွားဝါဝါစိတ်သဘောတွေ အမျိုးကိုစုံလို့ပါဘဲ။

“ တိန်တိန်တိန် ”

လက်ထဲမှာကိုင်ထားတဲ့ တရုတ်နိုင်ငံလုပ်ဖုန်းလေးက အသံမြည်လာပါတော့တယ်။ ဒါဆိုရင် မုခစာတိုက်ပုံးထဲ စာတွေဝင်ရောက်လာတဲ့ အချက်ပေးသံဘဲ ဆိုတာ ကိုယ်တော်ကြီး သိလိုက်ပါပြီ။
ဘယ်သူများ မနက်စောစောစာတွေပို့နေ့ရတာလည်းဆိုပြီး စာတိုက်ပုံးကို လက်မလေးနဲ့ပွတ်ပြီးဖွင့်လိုက်ပါတော့တယ်။ လွန်ခဲ့တဲ့နှစ်များဆီက မြန်မာနိုင်ငံက ခရစ်ယန် လူမှု့ကယ်ဆယ်ရေး အဖွဲ့အစည်းတခုမှာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့မှာ လေး၊ငါး၊ခြောက်နှစ်အခြေချနေထိုင်ခဲ့တဲ့ မိတ်ဆွေတဦးပေဘဲ။

မိတ်ဆွေ - “ အလိုကိုယ်တော်ကြီး မင်္ဂလာနံနက်ခင်းပါဗျ ”
(သူကတော့တိုင်းတပါးဘာသာစကားနဲ့ရေးပါတယ်)

ကျွန်ုပ် -“ မင်္ဂလာပါခင်ဗျ ၊ ဘာကိစ္စများအထွေအထူးရှိလို့ မနက်စောစော စာတွေပို့နေရတာလဲ ခင်ဗျ”
မိတ်ဆွေ - “ အမြင်မတော်တာတွေ မြင်နေကြားနေရတော့ လည်းမနေနိုင်ဘဲ စာပို့လိုက်ရတာပါဗျာ၊ မြန်မာပြည်က နိုင်ငံရပ်ခြား ဘုရားဖူးတွေအကြောင်းပေါ့ဗျာ “

ကျွန်ုပ် - “ ဘုရားဖူးတာ ကောင်းတဲ့အလုပ်ဘဲလေ အကိုတော်ရဲ့ ဘာများမကောင်းတာရှိလို့လဲဗျ “
မိတ်ဆွေ - “ ဘုရားတရားနဲ့ပတ်သတ်တာတွေ လိုက်ပြီးဝေဘန် လေကန်ရတာတော့သိပ်မကောင်းဘူးပေါ့ဗျာ။ တခြားအကြောင်း ပြောစရာရှိတာတွေမျိုသိပ်ထားပြီး မပြောမဖြစ်တာလေးတော့ ပြောရမှာမို့ စာပို့လိုက်ရတာပါဗျာ။ မြန်မာပြည်သား အများစုပါတဲ့ နိုင်ငံရပ်ခြားဘုရားပွဲကြီးမှာ တွေ့နေရတဲ့မျက်နှာဖြူပုဂ္ဂိုလ်ကြီးအကြောင်း သတိပေးချင်လို့ပါဗျာ။ “

ကျွနိုပ် - မျက်နှာဖြူကြီးပါကြောင်းတောင် မသိရပါဘူးဗျာ။ သို့ပေမယ် စိတ်ဝင်စားစရာကောင်းလှတာမို့ ဆက်ပါဦးဗျ “

မိတ်ဆွေ - “ ဒီပုဂ္ဂိုလ်ကြီးက နယ်သာလန်နိုင်ငံသားဗျ၊ ခရစ်တော်သာသနာမှာ ပါဝင်နေတယ်လို့ပြောလို့ရနိုင်ပေမယ့် နိုင်ငံတကာ ခရစ်ယန်အသိုင်းအဝိုင်းမှာတော့ သူရဲ့လုပ်ဆောင်မှု့နဲ့ အကျင့်သိက္ခာကတော့ ဘုရားသခင်ဘုန်း ထင်ရှားစရာမဖြစ်ဖူးလို့ သတ်မှတ်ကြတယ်ဗျ။ ခရစ်တော်ရဲ့ တရားဓမ္မဖြစ်တဲ့ သမ္မာကျမ်းစာနဲ့ သူရဲ့သွန်သင်မှု့တွေကလဲ ထပ်တူမကျပေဘူးဗျ။ “

ကျွနိုပ် - “ အင်း သမ္မကျမ်းစာနဲ့ မညီတဲ့သွန်သင်ခြင်း၊ လုပ်ဆောင်မှု့တွေ ဆိုရင်တော့ သတိထားရတော့မှာပေါ့ဗျာ။ အခုလိုသတိပေးလို့ ကျေးဇူးပါဗျ။ ကျွန်တော့ မိတ်ဆွေတွေကိုလည်း သမ္မာသတိလေးရှိအောင် အခုအကြောင်းတွေ အသိပေးလိုက်ပါ့မယ်ဗျာ။

သမ္မာကျမ်းစာဆိုတာ ခရစ်ယန်ဘာသာဝင်တွေအတွက် ဆံခြည်တမျှင်တောင်လွဲလို့မရတဲ့ စံနှုန်းဖြစ်တာမို့ ဒီနေ့ဖြစ်ပျက်နေတာတွေနဲ့နှိုင်းယှဉ်ပြီး သာသနာတော်အရေးမှာ ငါကိုယ်တော်ကြီး စိတ်မအေးဖြစ်ရပါလား လို့တွေးမိပါတယ်။ ဒီပုဂ္ဂိုလ်ကြီးအကြောင်း မိတ်ဆွေကြီးပြောသလို မှန်မမှန်ဆန်းစစ်ဖို့ ကွန်ပြုတာပါဝါခလုပ်ကို ဖွင့်လိုက်ရပါတော့တယ်။

မက်သရူးဗန်ဒါစတင်းသည် ဒက်ချ်လူမျိုး ဧဝံဂေလိ ဆရာသမားတယောက်ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်မှာမွေးဖွားပြီး ၂၀၀၂ ခုနှစ်မှာ TRIN အမှု့တော်လုပ်ငန်းတွင်ပါဝင်ခဲ့ပါသည်။ ယင်းအဖွဲ့အစည်းတည်ထောင်သူတဦးနှင့်ကျော်ကြားသော အမှု့တော်ဆောင်တယောက်ဖြစ်ခဲ့ပါသည်။ ၎င်းအမှု့တော်လုပ်ငန်းကို နောက်ပိုင်းတွင် သူ၏ကိုယ်ပိုင်အမည်ဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။

အစောပိုင်းကာလများတွင် သင်္ဘောအရာရှိတဦးအဖြစ် လေ့လာသင်ယူခဲ့ပြီး Youth With A Mission အမှု့တော်လုပ်ငန်း၏ ထင်ရှားသော Mercy Ship တွင်တာဝန်ယူ အမှု့တော်ထမ်းခဲ့ပါသည်။ အာဖရိကနိုင်ငံများစွာကို သွားရောက်လည်ပတ်ခဲ့ပါသည်။
နယ်သာလန်နိုင်ငံကိုအခြေပြုလျက် အမှု့တော်လုပ်ငန်းများစွာတွင်ပါဝင်ခဲ့ပါသည်။ လူကြိုက်များသော စာအုပ်များစွာကိုလည်း ရေးသားခဲ့ပသည်။
အမေရိကန်သူ ရေဗက္ကာ နှင့်လက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကွဲကွာခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ်တွင် သူ၏အသင်းတော်မှ အမျိုးသမီးတဦးနှင့် အိမ်ထောင်ထပ်မံပြုခဲ့ပါသည်။
မက်သရူးဗန်ဒါစတင်း၏ အမျုတော်ဆောင်ခြင်းတွင် ခရစ်ယာန် အသင်းတော်၊ အဖွဲ့အစည်းများ၏ ဝေဖန်ထောက်ပြခြင်းကို ခံရသောလုပ်ရပ်များစွာရှိခဲ့ပါသည်။ ဥပမာအားဖြင့် သူ၏ကျမ်းစာအုပ်ထဲမှ ရွှေမှုန်များထွက်ကျလာခြင်းဖြစ်ရပ်ကို ဝိုင်းဝန်းစီစစ်ကြသောအခါ ရွှေအစစ်များဖြစ်မနေခြင်း စသောအလားတူလုပ်းပ်များစွာ ဖြစ်ပါသည်။
ဗန်ဒါစတင်းသည် Word of Faith ယုံကြည်ချက်လမ်းစဉ်ကို တသွေမသိမ်းလိုက်လျောက်သောသူဖြစ်ပါသည်။( Word of Faith သည် ပင်တယ်ကော်စတယ်နှင့် ကယ်ရယ်စမတ်တစ် ယုံ့ကြည်ချက်ကြားတွင်ရှိပြီး ကျန်းမာခြင်းနှင်ချမ်းသာခြင်းသည် ယုံကြည်သူတိုင်းနှင့်ဆိုင်ကြောင်း အသားပေးသွန်သင်မှု့ဖြစ်ပါသည်။)
၂၀၁၇ခုနှစ်တွင် သူ၏အသင်းတော်မှ အမျိုးသမီးငယ်တဦးကို Sexual Abuse လုပ်ခဲ့ကြောင်း ပေါ်လွင်ခဲ့ပါသည်။ ၎င်းအမျိုးသမီးငယ်လေးကို ငယ်ရွယ်စဉ်အချိန်မှာပင် အိမ်၌ခေါ်ထားပြီးခဲ့ပါသည်။(သုရားသခင်၌ မိသားစုဝင်ဖြစ်လာကြောင်း ပရောဖတ်ပြုပြီး ဖခင်မရှိ ကျောင်းတက်ဖို့ရန်ခက်ခဲသော ကလေးငယ်အား အိမ်တွင် Sexual Abuse လုပ်ခဲ့ခြင်းဖြစ်ပါသည်)။ ၎င်း၏လုပ်ရပ်များအား မည်သူကိုမျှမပြောပြရန် ခြိမ်းခြောက်ခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးငယ်လေးမှ ၂၀၁၇ တွင် မက်သရူးဗန်ဒါစတင်း၏လုပ်ရပ်များကို ခြိမ်းခြေက်ခြင်းများကြားမှ ရဲစခန်းနှင့်တရားရုံးသို တိုင်ကြားခဲ့ပါသည်။
တရားရုံးတော်မှ ဗန်ဒါစတင်းအား ပြစ်မှု့ထင်ရှားသဖြင့် ထောင် တနှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ထောင်တနှစ်ကာလအတွင်း Community Service လုပ်ငန်းများလုပ်ဆောင်ခဲ့ရပါသည်။
အထက်ပါအချက်အလက်များကို အသေးစိတ်သိရှိလိုပါက အောက်ပါ Wikipedia စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

https://nl.wikipedia.org/wiki/Mattheus_van_der_Steen

ကျွန်တော့ဓမ္မမိတ်ဆွေတွေ ရွှေသမင်အလိုက်မမှားစေဖို့ စိတ်စေတနာထားပြီးရေးလိုက်မိပေမယ့် စေတနာ ဝေဒနာဖြစ်မှာ ကြောက်လှတာမို့ ဒီလာက်နဲ့ဘဲတော်တန်ပါပြီ။ ကျန်တာကတော့ မိတ်ဆွေတို့ သဘောရှိတိုင်း ဘုရားသခင်အလိုတော် ကျမကျ စီစစ်နိုင်ပါလို့ဆုတောင်းရင်းသာ လက်ကျန်ကော်ဖီလေးကို လက်စသတ်လိုက်ရပါတော့တယ်။

က်ိုယ်တော်ကြီး

ဤဆောင်းပါးသည် စာရေးသူ ကိုယ်တော်ကြီး ၏အာဘော်သာဖြစ်ပြီး၊ The Flame Media မှအများသူငှါ ချင့်ချိန်စဉ်းစားပြီး ဗဟုသုတတိုးပွါးစေရန်အလို့ငှါ တင်ဆက်ပေးခြင်းသာဖြစ်ပါသည်။

ဝယ်စလီ အမွေအနှစ်ဖော်ထုတ်ရေးကော်မတီ၊ မြန်မာပြည် (Wesleyan Heritage Committee Myanmar) မှ စီစဥ်ကျင်းပသော Aldersgate Day 20...
19/05/2022

ဝယ်စလီ အမွေအနှစ်ဖော်ထုတ်ရေးကော်မတီ၊ မြန်မာပြည် (Wesleyan Heritage Committee Myanmar) မှ စီစဥ်ကျင်းပသော Aldersgate Day 2022 အစီအစဥ် များတွင်လာရောက်ပါဝင်ကြပါရန်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ မက်သဒစ် ဝိညာဉ်ရေးရာ လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့သော Rev John Wesley ၏ အသက်တာပြောင်းလဲ ခြင်း အတွေ့အကြုံကို အမှတ်ပြုလျက် ၂၀၂၂ခု နှစ်၊ မေလ ၂၃ ရက်နေ့နှင့် ၂၄ရက်နေ့များတွင် အတူတကွမိတ်သဟာရဖွဲလျက် ပါဝင်ကြဖိုဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျား။
အစီအစဥ် နှစ်ခုစလုံးကို ရန်ကုန်မြိုရှိ မက်သဒစ် အင်္ဂလိပ် အသင်းတော်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ လူကိုယ်တိုင်မလာရောက်နိုင်ပါက Zoom Application ဖြင့်လည်းပါဝင်တက်ရောက်နိုင်ပါသည်။

08/02/2022

မှတ်မှတ်သားသား ရှေးစကား
johnwesley

31/01/2022

ခွန်အားတိုးပွား ကျမ်းစကား
bible

01/01/2022

ခရစ်​ေတာ်၌ ချစ်စွာသော ညီအကိုမောင်နှများ ခင်ဗျား
မင်္ဂလာ ရှိသောနှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ်။
မနက်ဖြန် မနက်၊ ၂၀၂၂ ခုနှစ် ပထမဆုံးသော မက်သဒစ်အင်္ဂလိပ် အသင်းတော်၏ သခင်ဘုရားနေ့ ဝတ်ပြုကိုးကွယ်ခြင်းတွင် ယူနိုက်တက် မက်သဒစ် အသင်းတော် ဝင့်စကွန်းဆင့် နှစ်စဥ်စည်းဝေးကြီး ဦးဆောင်သူ ဂိုဏ်းချုပ်ဆရာတော်ကြီး Hee Soo Jung မှ တရားဒေသနာ ဝေငှပေးမည်ဖြစ်ပြီး၊ ပွဲတော် မင်္ဂလာ ဝတ်ကို ဂုဏ်ထူးဆောင်ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာ ဇိုးထန်မောယာမှ ဦးဆောင်ပေးမည်ဖြစ်ပါသောကြောင်း အတူတကွပါဝင် မိတ်သဟာရ ဖွဲ့ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
အစိအစဥ်အားလုံးကို Zoom ဖြင့် ကျင်းပပြုလုပ်ပါမည်။

မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံအဖွဲ့မှ Christmas Cantata,2021ခရစ်စမတ်သီချင်းကြီး ၂၀၂၁ ဂုဏ်တော်ချီးမွမ်းကျူးဧခြင်းကို အော...
18/12/2021

မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံအဖွဲ့မှ Christmas Cantata,2021
ခရစ်စမတ်သီချင်းကြီး ၂၀၂၁ ဂုဏ်တော်ချီးမွမ်းကျူးဧခြင်းကို အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါ၍ အားလုံးကိုလေးစားစွာ ဖိတ်ကြားအပ်ပါသည်။

"Love Transcending"
သီကုံးရေးသားသူ John W. Peterson

နေ့ရက် ။ ။ ၁၉ ဒီဇင်ဘာ ၂၀၂၁ (တနင်္ဂနွေနေ့)

ပထမအကြိမ်ကျူးဧခြင်း
မနက် ၉း၃၀ မှ ၁၁း၀၀ နာရီ

ဒုတိယအကြိမ်ကျူးဧခြင်း
ညနေ ၅း၀၀ မှ ၇◌း၀၀ နာရီ

Zoom-84749715887
Passcode- psalms91

12/12/2021
Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များ
17/08/2021

Delta မျိုးရိုးဗီဇကွဲဗိုင်းရပ်စ်နှင့် ပတ်သက်သော အချက်အလက်များ

ကဗျာဆရာ 'ယောန'ခေါ်  ဦးဒိုးဒို ခေါ် ဦးရဲညွန့်ကျော်ခရစ်တော်၌ အိပ်ပျော်သွားပါပြီမန္တလေးမှာ ကိုဗစ်ရောဂါအတွက်ဆေးသွားကုရင်းဒီ...
30/07/2021

ကဗျာဆရာ 'ယောန'
ခေါ် ဦးဒိုးဒို ခေါ် ဦးရဲညွန့်ကျော်
ခရစ်တော်၌ အိပ်ပျော်သွားပါပြီ

မန္တလေးမှာ ကိုဗစ်ရောဂါအတွက်
ဆေးသွားကုရင်း
ဒီနေ့မနက် ကွယ်လွန်သွားကြောင်း
ဝမ်းနည်းစွာ ဖော်ပြအပ်ပါသည်။

ဘဝက အဆင်ပြေနေတာမျိုးရှိတက်သလို တခါတလေမှာ မမျှော်လင့်တဲ့ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။အရေးကြီးသတိပြုရမှာက အခက်အခဲတွေကို အ...
28/06/2021

ဘဝက အဆင်ပြေနေတာမျိုးရှိတက်သလို တခါတလေမှာ မမျှော်လင့်တဲ့ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။
အရေးကြီးသတိပြုရမှာက အခက်အခဲတွေကို အခွင့်အလမ်းတွေအဖြစ်အသုံးပြုလို့ ရတယ်ဆိုတာပါဘဲ။

ဘယ်လိုအသက်ရှင်နေပါသလဲ
03/06/2021

ဘယ်လိုအသက်ရှင်နေပါသလဲ

တိုတွေ့ အသက်ဘယ်လောက်ရှည်ရှည်နေရတယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လို ကောင်းကောင်းအသက်ရှင်ခဲ့တယ်ဆိုတာဘဲ အရေးကြီးပါတယ်။

၁၇၆၀၊ ဂျွန်လ၊ ၁ရက်နေ့ ဂျွန်ဝယ်စလီ၏ Dorothy Furly ထံသို့ရေးသောစာမှ ကောက်နှုတ်ချက်

Aldersgate Celebration မှာ The Life of John Wesley ကိုလေ့လာရင်း မိတ်သဟာရဖွဲ့ကြပါစို့။ မနက်ဖြန် ညနေ လေးနာရီမှာ တွေ့ကြမယ်။
23/05/2021

Aldersgate Celebration မှာ The Life of John Wesley ကိုလေ့လာရင်း မိတ်သဟာရဖွဲ့ကြပါစို့။ မနက်ဖြန် ညနေ လေးနာရီမှာ တွေ့ကြမယ်။

မနက်ဖြန်ညနေ လေးနာရီမှာတွေ့ပါမယ်။ ဝယ်စလီ အမွေအနှစ် ဖော်ထုတ်ရေး ကော်မတီ၊ မြန်မာပြည် မှ စီစဥ်ကျင်းပပါသည်။
Aldersgate Celebration 2021
24-5-2021 (Monday)
4:00 Pm
Zoom Link - 84698178915
အစီအစဉ်ကို အသေးစိတ်ကို ပူးတွဲဖော်ပြပေးထားပါသည်။

29/04/2021

စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မြင်​ရ​ကြ​လ​တ္တံ့။
ရှင်မဿဲခရစ်ဝင် ၅း၈

Address


Website

Alerts

Be the first to know and let us send you an email when The Flame Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Flame Media:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share