Victor Khin Maung

  • Home
  • Victor Khin Maung

Victor Khin Maung Media consultant & photo/video skills

22/05/2022

News & Media

22/05/2022

ခရီးထွက်ရင်လိုရမယ်ရ သိမ်းထားပါ

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ
လိုအပ်သည်များ ထပ်ဖြည့်ပေးပါ
🚧 ၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

🚧 ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

🚧 ၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

🚧 ၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

🚧 ၁၁၅မိုင် (ဖြူးလမ်းခွဲ)

🚧 ၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

🚧 ၁၄၅မိုင် (ခပေါင်းတံတား)

🚧 ၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

🚧 ၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

🚧 ၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

🚧 ၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

🚧 ၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

🚧 ၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

🚧 ၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

🚧 ၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
Credit

20/05/2022

ဟိုက်ဂျက်ကားအမျိုးအစားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာများ နဲ့ စစ်ဆေးနည်းများ ဟိုက်ဂျက် ကားအမျိုးအစား ဟာ ဂျပန်အခြေ....

15/05/2022

ကမ္ဘာ့လေထု (Earth’s atmosphere) ဟာ ထူးခြားပါတယ်။ ဘာထူးခြားလဲ ဆိုတော့ အသက်ဇီဝ ဖြစ်ထွန်းဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ဓါတ် လု....

12/05/2022

ဘာကြောင့်ကားကို ခြေဗလာနဲ့မမောင်းသင့်လဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။ Grip ကုပ်အားကောင်းကောင်း...

08/05/2022

ဟိုက်ဂျက်ကားအမျိုးအစားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာများ နဲ့ စစ်ဆေးနည်းများ ဟိုက်ဂျက် ကားအမျိုးအစား ဟာ ဂျပန်အခြေ....

07/05/2022

မေးခွန်း - သင့်အိမ်သာကို သန့်ရှင်း‌ရေးလုပ်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကဖြစ်ပါသလဲ? တစ်ပတ်တစ်ခါ သန့်ရှင်...

15/04/2022

ကားဆီစားနှုန်းကို ၃၀ % ထိလျော့ချပေးနိုင်တဲ့ ကားမောင်းနည်း ကားဖိုးတတ်နိုင်တယ် ဆီဖိုးမတတ်နိုင်ဘူး ဆိုသူများ....

29/03/2022

ကား၀ယ်ရင် မဖြစ်မနေစစ်ဆေးသင့်သည့် အချက်၈ချက်

၁/ အရိုးဆစ် ကောင်း မကောင်း ကြည့်မယ်
အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ

တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား

ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်

ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ်

ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ”

ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန် မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်”

၂/ဘော်ဒီ ကောင်း မကောင်းကြည့်မယ်
ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ်

ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ်

ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို တဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ”

၃/မှန်စပေါ့ မှန် အက်ကြောင်း
ရှိမရှိ စစ်မယ် ဒါစစ်တာကတော့ လွယ်ပါတယ်လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ်

အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ”ဒါဆို လုံလောက်ပါပြီ”

၄/ဘော်ဒီကြမ်းခင်း ဆွေး
မဆွေး ကြည့်မယ်ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ

ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅/ အင်ဂျင် ကောင်း မကောင်းစစ်မယ်
မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ် ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ

မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ်လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။

အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါအောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်

မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါမီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ

အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ ရေလည်အုံ ဘောသံတိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်နားထောင်ရင် ရပါပြီ ။ဒါဆိုရင် အင်ဂျင်ကောင်းမကောင်း စစ်ဆေးတာ လုံလောက်ပါပြီ”

၆/ ဒိုင်ခွက်က သတိပေး
မီးများ ပုံမှန် ဟုတ် မဟုတ်စစ်ဆေးမယ်ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါသော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ်

ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်

တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီးအဲယားဘက်မီးဘတ္ထရီ ပုံအင်ဂျင်ဝိုင် ချက် မီး ABS ချက် မီးလင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်

မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ်

အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ”

၇/ အောက်ပိုင်း ကောင်း
မကောင်း ဂီယာချိန်းပုံ မှန်မမှန် မောင်းစစ်မယ် ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ

ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ

ဂီယာဘောက်အပိုင်းမှာ ကတော့ အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ

ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ ဂီယာချိန်းတာပုံမှန်ဖြစ်သလား

ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ”

၈/ ယာဉ် မှန် မမှန် စစ်မယ်
ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ

ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ”ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်

ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ”

ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့။

မိတ်ဆွေ သိသလို သူတစ်ပါးလည်း သိပါစေ ဆိုတဲ့ စိတ်နဲ့ တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါ”

“ရွှင်လန်းချမ်းမြေ့ကြပါစေ”

မူရင်းရေးသားမျှဝေသေါစာမူရှင်အားလေးစားမိရင်းကျေးဇူးတင်ပါတယ်ရှင့်

26/03/2022
24/03/2022

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ UK အခြေစိုက်စွမ်းအင် ကုမ္ပဏီတစ်ခုဟာ အကန့်အသတ်မရှိ စွမ်းအင်များကိုထုတ်လု.....

28/02/2022

အလင်းနှစ် ၉ ဘီလီယံအကွာမှ
ကမ္ဘာမြေဆီသို့ ဦးတည်လာနေတဲ့
PKS 2131-021 ဟု အမည်ပေးထားတဲ့ မဟာတွင်းနက်ကြီး နှစ်ခု သည်အပြိုင်ဆွဲအားတွေကြောင့် တဖြေးဖြေး
နီးကပ်လာပြီး ပေါင်းစပ်တော့မည်။

27/02/2022

Zawgyi အိမ်နားမှာခိုစာကျွေးတဲ့ နေရာရှိတာတို့ဝရံတာမှာခိုအသိုက်လာဆောက်တာတို့ဆို သတိသာထားပေတော့ အိမ်မှာ ရေချို....

25/02/2022
17/01/2022

🔳 နေအဖွဲ့အစည်းပြင်ပမှဂြိုဟ်တစ်လုံး၏လေထုထဲတွင်ရေငွေ့များရှာဖွေတွေ့ရှိ။
ကျွန်တော်တို့ကမ္ဘာမှ အလင်းနှစ်၁၅၀အကွာအဝေးမှာရှိတဲ့ နက်ပကျွန်းဂြိူဟ်အရွယ်အစားရှိ ဂြိုဟ်တစ်လုံးရဲ့လေထုထဲမှာရေငွေ့တွေပါဝင်ဖွဲ့စည်းနေတယ်ဆိုတာကို ကန်းဆက်တက္ကသိုလ်မှနက္ခတ္တပညာရှင်များကရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီသတင်းကို ပြီးခဲ့တဲ့ဇန်နဝါရီ၁၃ရက်နေ့ကကတင်ပြခဲ့တာပါ။

ဒီဂြိုဟ်ကတော့ နေအဖွဲ့အစည်းပြင်ပကဂြိုဟ်တစ်လုံးဖြစ်လို့ extra-solar planet ၊ ဒါမှမဟုတ် exoplanetဖြစ်ပါတယ်။ ဂျူပီတာနဲ့ စေတန်တို့လို ဓာတ်ငွေ့ဂြိုဟ်အမျိူးအစားဖြစ်ပြီး မိခင်ကြယ်မှအလွန်နီးကပ်တဲ့ပတ်လမ်းနဲ့လှည့်ပတ်နေတာမို့လို့ ယေဘုယျအားဖြင့် သက်ရှိတွေရှင်သန်နိုင်ခြေနည်းတဲ့ဂြိုဟ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့်သိပ္ပံပညာရှင်တွေအနေနဲ့ နေအဖွဲ့အစည်းပြင်ပဂြိုဟ်တွေရဲ့ လေထုအတွင်းကဓာတုဖွဲ့စည်းပုံတွေ၊ နေအဖွဲ့အစည်းတွင်းကဂြိုဟ်တွေရဲ့ဖွဲ့စည်းတည်ရှိမှုတွေကိုပိုမိုနှိုင်းယှဉ်လေ့လာနိုင်မယ်လို့ဆိုပါတယ်။

ကန်းဆက်တက္ကသိုလ်မှ နက္ခတ္တဗေဒနဲ့ရူပဗေဒဆိုင်ရာပါရဂူတက်ရောက်နေတဲ့ကျောင်းသားတစ်ဦးဖြစ်သူ ဂျိုနသန် ဘရန်ဒီ(Jonathan Brande)ရဲ့ပြောကြားချက်အရ ယခုရှာဖွေတွေ့ရှိခဲ့တဲ့ဂြိုဟ်ဟာ ကျွန်တော်တို့နေအဖွဲ့စည်းထဲကနက်ပကျွန်းဂြိုဟ်ထက် နည်းနည်းပိုကြီးပြီး မတူကွဲပြားမှုတွေတော့ များစွာရှိနေတယ်လို့ဆိုပါတယ်။ နက်ပကျွန်းဂြိုဟ်ရဲ့အရွယ်အစားထက်၁.၃ဆကြီးတဲ့ဒီဂြိုဟ်ကို TOI-674bလို့အမည်ပေးထားပါတယ်။ ပိုမိုတည်ငြိမ်တဲ့ ဂြိုဟ်ပတ်လမ်းရှိပြီး မိခင်ကြယ်နဲ့နီးကပ်တာကြောင့် ကြယ်ကိုတစ်ပတ်ပြည့်အောက်ပတ်ဖို့ ၂ရက်ပဲကြာမြင့်ပါတယ်။ ဒါဟာနက်ပကျွန်းနဲ့နှိုင်းယှဉ်ရင် အလွန်ကွာဟတဲ့အချိန်အတိုင်းအတာပါပဲ။ နက်ပကျွန်းဟာနေကိုတစ်ပတ်ပြည့်အောင်ပတ်ဖို့အတွက်စုစုပေါင်း၁၆၅နှစ်အချိန်ယူရပါတယ်။ ဒါဟာလူ့သက်တမ်းနဲ့တွက်ချက်ရင် မွေးကင်းစမှ မသေဆုံးခင်အထိတော်တော်လေးအသက်ရှည်ရှည်နေနိုင်မယ်ဆိုရင်တောင် နက်ပကျွန်းဂြိုဟ်နေကိုတစ်ပတ်အပြည့်ပတ်တာကိုမှီမှာမဟုတ်ပါဘူး။

ဒီလို နေအဖွဲ့အစည်းပြင်ပဂြိုဟ်တွေမှာ ရေငွေ့တွေရှာဖွေတွေ့ရှိတယ်ဆိုတာအခုမှမဟုတ်ပါဘူး။၂၀၁၉ခုနှစ်လောက်ကလည်း K2-18bဆိုတဲ့ဂြိုဟ်မှာရေငွေ့တွေရှိတယ်ဆိူတာကို ဟာဘယ်တယ်လီစကုပ်(Hubble Space Telescope)နဲ့ရှာဖွေတွေ့ရှိခဲ့ပြန်ပါသေးတယ်။ သူကတော့မိခင်ကြယ်မှ အရမ်းလည်းမနီးသလို အရမ်းလည်းမဝေးတဲ့ habitable zoneထဲမှာရှိပါတယ်။ habitable zone ဆိုတာက သက်ရှိတွေရှင်သန်နိုင်ခြေရှိတဲ့ရပ်ဝန်းဒေသကိုပြောတာဖြစ်ပါတယ်။ ဒီရပ်ဝန်းထဲမှာရှိတဲ့ ဂြိုဟ်တွေရဲ့မျက်နှာပြင်ပေါ်ကရေတွေဟာ အရည်အခြေနေမှာရှိနေနိုင်ပါတယ်။ အကယ်၍ မိခင်ကြယ်နဲ့ အရမ်းနီးကပ်သွားရင်ရေတွေခမ်းခြောက်အငွေ့ပျံသွားပါမယ်။ အရမ်းဝေးသွားခဲ့ရင်လည်းပလူတိုလို့ ရေခဲတွေအဖြစ်ကိုပြောင်းလဲသွားပါလိမ့်မယ်။ ဒါကြောင့် သက်ရှိတွေ ရှင်သန်နိုင်ခြေရှိမရှိ ဆိုတာကိုအခြေခံပြီး အခြားနေအဖွဲ့အစည်းပြင်ပဂြိုဟ်တွေကိုလေ့လာတဲ့အခါမှာ မိခင်ကြယ်နဲ့မနီးလွန်းမဝေးလွန်းတဲ့habitable zoneထဲကဂြိုဟ်တွေကိုအဓိကထားပြီးလေ့လာကြပါတယ်။

ဒါပေမယ့်အခုရှာဖွေတွေ့ရှိခဲ့တဲ့ TOI-674bဟာ habitable zoneထဲကမဟုတ်ဘဲ မိခင်ကြယ်ကိုတစ်ပတ်ပြည့်အောင်၂ရက်ပဲအချိန်ယူရတဲ့ အလွန်နီးကပ်တဲ့ပတ်လမ်းနဲ့လှည့်လည်နေတဲ့ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့်ဒီလောက်နီးကပ်တဲ့ပတ်လမ်းနဲ့သူ့ရဲ့ လေထုထဲမှာ ရေငွေ့တွေအများကြီးကိုသိုလှောင်ထားနိုင်တယ်ဆိုတာဟာ အတော်လေးထူးဆန်းလို့နေပါတယ်။ ကျွန်တော်တို့နေအဖွဲ့အစည်းမှာဆိုရင် နေနဲ့အနီးကပ်ဆုံးဂြိုဟ်ဖြစ်တဲ့မာကျူရီဟာ အရမ်းပူပြင်းတဲ့အတွက်သူ့ရဲ့လေထုဟာ အလွန်သေးမျှင်တဲ့အိတ်ဇိုစဖီးယား အလွှာလေးတစ်ခုသာပါဝင်ပါတယ်။ ဟိုက်ဒြိုဂျင်၊ ဟီလီယမ်၊ ဆိုဒီယမ်၊ အောက်ဆီဂျင်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ရေငွေ့နဲ့ အခြားဓာတ်ငွေ့စုစုပေါင်းရဲ့ဖိအားလယ်ဗယ်ဟာ10−14 bar (1 nPa)ခန့်သာရှိပါတယ်။ ဒါကြောင့်မို့လို့ မိခင်ကြယ်နဲ့နီးကပ်စွာလည်ပတ်နေတဲ့ TOI-674bဂြိုဟ်ဟာ ဘယ်လိုအခြေနေကြောင့်ရေငွေ့တွေအများကြီးကိုလေထုထဲမှာထိန်းသိမ်းထားနိုင်ရတာလဲဆိုတာစဉ်းစားစရာတစ်ခုပါပဲ။ ဂျိုနသန်တို့အဖွဲ့ကတော့ TOI -674bဂြိုဟ်ဟာ မိခင်ကြယ်နဲ့ယခုထက် ဝေးကွာတဲ့အရပ်မှာ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိလည်ပတ်နေတဲ့နေရာကိုတဖြည်းဖြည်းချဉ်းကပ်ရောက်ရှိလာခဲ့တယ်လို့ယူဆကြပါတယ်။

သိပ္ပံပညာရှင်တွေ အနေနဲ့နေအဖွဲ့အစည်းပြင်ပဂြိုဟ်တွေကိုလေ့လာတဲ့နေရာမှာသူတို့လည်ပတ်နေတဲ့မိခင်ကြယ်တွေကိုအရင်ဆုံးရှာဖွေကြရပါတယ်။ အဲဒီနောက် ကြယ်တွေရဲ့အရှေ့ဘက်ကနေ ဖြတ်သန်းလှည့်လည်နေတဲ့ အရာလေးတွေကို လေ့လာရတာဖြစ်ပါတယ်။ ဒီအရာလေးတွေဟာအဆိုပါကြယ်ကိုလှည့်ပတ်နေတဲ့ဂြိုဟ်တွေဖြစ်ပါတယ်။ အကယ်၍ဂြိုဟ်တွေဟာ ကြယ်ရဲ့ အခြားတစ်ဖက်ခြမ်းကိုရောက်ရှိသွားကြတဲ့အခါတယ်လီစကုပ်နဲ့မြင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် လှည့်ပတ်ရင်း ကြယ်ရဲ့အရှေ့ကို ရောက်ရှိလာတဲ့အခါမှသာ ဖမ်းယူလေ့လာနိုင်တာဖြစ်ပါတယ်။ အဲဒီနောက် ကြယ်ရဲ့အရှေ့မှာကားဆီးထားတဲ့ဂြိုဟ်ကိုဖြတ်သန်းလာတဲ့အလင်းရောင်စဉ်ကွဲတွေကိုကြည့်ပြီး ရေငွေ့နဲ့ အခြားဓာတုဓာတ်ငွေ့တွေပါမပါဖော်ပြနိုင်တာဖြစ်ပါတယ်။ TOI-674b ဟာမိခင်ကြယ်ရဲ့အရှေ့မှပတ်နေစဉ်အတွင်း ကြယ်၏စုစုပေါင်းအလင်းရောင်ရဲ့၁.၃ရာခိုင်နှုန်းလောက်ကိုပိတ်ဆို့ခဲ့ပါတယ်။ ၁၀၀ပုံပုံရင် ၁.၃ပုံလောက်ကိုကွယ်လိုက်တာဖြစ်တာကြောင့် အမည်းစက်လုံးလုံးလေးအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။

ဂျိုနသန်နဲ့ သူ့ရဲ့လေ့လာရေး လုပ်ဖော်ကိုင်ဖက်တွေဟာ TOI-674bရဲ့ လေထုကိုဟာဘယ်တယ်လီစကုပ်အပြင် 2018ခုနှစ်ကလွှတ်တင်ခဲ့တဲ့နာဆာ(Nasa)ရဲ့ Transiting Exoplanet Survey ဂြိုဟ်တုမှရရှိတဲ့အချက်အလက်တစ်ချို့ရယ်၊ ၁၆နှစ်အကြာအာကာသလေ့လာရေးမစ်ရှင်ပြီးနောက်ရပ်ဆိုင်းခဲ့တဲ့ Spitzer Spaceတယ်လီစကုပ်တို့ကရရှိခဲ့တဲ့အချက်အလက်တွေပေါင်းပြီး လေ့လာရေးပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုရှာဖွေတွေ့ရှိမှုတွေဟာ ရှေ့ဆက်အာကာသနဲ့စကြာဝဋ္ဌာလေ့လာရေးအတွက်အမြည်းသဘောပဲရှိပါသေးတယ်။ မကြာသေးမီကလွှတ်တင်ခဲ့တဲ့နာဆာရဲ့ ဂျိမ်းစ်ဝက်ဘ်(James Webb)တယ်လီစကုပ်နဲ့ဆိုရင် စကြဝဠာကိုဒီထက်ပိုပြီး နက်နက်တူးဖော်နိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပညာရှင်တွေအနေနဲ့ TOI-674bရဲ့ လေထုအတွင်းမှရေငွေ့တွေအကြောင်းသိရဖို့ James Webbတယ်လီစကုပ်ကိုပိုမို မျှော်လင့်လျက်ရှိပါတယ်။

SOURCE : NBCNEWS.COM

BY HTTPS://MMSCIENCEPLATFORM.BIO.LINK



𝗶𝗺𝗮𝗴𝗲 𝗰𝗿𝗲𝗱𝗶𝘁𝘀 : NASA.GOV

𝗶𝗺𝗮𝗴𝗲 𝗱𝗲𝘀𝗰𝗿𝗶𝗽𝘁𝗶𝗼𝗻 : TOI-674bဂြိုဟ်ရဲ့ သရုပ်ဖော်ပုံ။

08/12/2021

Address


Website

Alerts

Be the first to know and let us send you an email when Victor Khin Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share