Hsi Hsieng Media

  • Home
  • Hsi Hsieng Media

Hsi Hsieng Media Hsi hsieng Media is a page of supporting to Pa-Oh National Peace Processes in Mynmar.

18/08/2024

စဲ့ꩻမန်းကောင်စီ တွမ်ႏ စဲ့ꩻမန်းစူခြဲမ်ဆလ PNO ပြည်သူ့စစ် သီးဖုံႏယို တွမ်ႏတနတ်တန် ခꩻပအိုဝ်ႏခမ်းသာႏတွော့ꩻ ဒေႏသခံႏလိုꩻမူႏ ၁ ဖြာꩻသီ၊ အသက် ၃ နေင်ႏအရွယ်ႏလိုꩻပေႏတဖြာꩻ ဗာႏဆာတဝ်

သြဂုတ်လာ ၁၅ ၊ နေင်ႏ ၂၀၂၄

စဲ့ꩻမန်းကောင်စီ တွမ်ႏ စဲ့ꩻမန်းစွူခြဲမ်ꩻဆလPNO ပြည်သူ့စစ် သီဖုံႏယို တွိုက်ꩻပွယ်ꩻတထွာတဝ်းအရပ် ကအဝ်းဒါႏ ပအိုဝ်ႏဒုံဆောင်ႏဖုံႏယိုတဲ့ တွမ်ႏ တနတ်တန်တွော့ အဝ်ႏခꩻသော့ꩻ အဝ်ႏခꩻကုဲင်စွုမ်ႏနီꩻနီꩻနဝ်ꩻသွူ။

မဟာနီꩻ မွူးရဝ်ꩻခိုႏ ၁၀ နာႏရီႏအခိန်ႏ သီႏသဲင်ႏဝေင်ꩻကို ကအဝ်ႏအုံသော့ꩻဒါႏ စဲ့ꩻမန်းကောင်စီတွမ်ႏ PNO ပြည်သူ့စစ် သီးယို တွိုက်ꩻပွယ်ꩻတဲ့တထွာတဝ်းတဲ့ တွမ်ႏတနတ်တန်တွော့ꩻ စွော့စွော့ ခꩻသော့ꩻလွေꩻ သီႏသဲင်ႏ‌ဝေင်ꩻခကွဥ်ႏ ပအိုဝ်ႏခမ်းသားဒုံကိုဖုံႏယို အဖြုံႏ ၄၀ လွိုနဝ်ꩻသွူ။

ကခꩻသော့ꩻဒါႏ တနတ်တန်ရာႏ အကို တဖြုံႏနဝ်ꩻ အထဲ့ပꩻသော့ꩻလွေꩻ ပင်အောင်ႏဒုံကိုတွော့ အဗာႏထိုꩻ ကအဝ်ႏလွေꩻသွို့ခြံတမွိုးပို ၂ ဖြာꩻ၊ အသက် ၄၀ အရွယ်ႏ မွိုးစွန် နဝ်ꩻသီထိုꩻနဝ်ꩻသွူ။

မွိုးစွန် အပိုပေႏ အသက်စလ ၃ နေင်ႏ ခွန်မောင်ႏပေႏ နဝ်ꩻတဲ့ ဗာႏဆာတဝ်ငါႏနဝ်ꩻမ အသက်အန္တရာယ်ႏယိုအဝ်ႏနန်းဗာႏနဝ်ꩻသွူ။

တနတ်တန်ရာႏ ကထဲ့ပꩻသော့ꩻဒါႏ ပင်အောင်ႏဒုံနဝ် တွိုက်ပွယ်တဲ့တထွာတဝ်း တော်ႏလန်ႏရေတပ်စွိုꩻဖုံႏလဲ့တအဝ်ႏသော့ꩻတဝ်းသွူ။ စဲ့မန်းကောင်စီတွမ်ႏ PNO ပြည်သူ့စစ် သီးယို စွော့စွော့ ခꩻဒျာႏ ပအိုဝ်ႏ ဒေသခံႏ ခမ်းသား တွမ်ႏတနတ်တန် နဝ်ꩻသွူ။

တနတ်တန် ကဗာႏဆာတဝ်ဒါႏ အသက် ၃နေင်ႏ အရွယ်ႏ လိုꩻပေႏယိုနဝ်ꩻ ဒေႏသခံႏ အွဥ်ႏ ဒေါ့ဟွိုန် လွဥ် ပအိုဝ်ႏစွိုးခွိုꩻလွစ်ထန်ႏရေတပ်မတော်ႏ PNLA တပ်စွိုꩻတဲင် လွေꩻကူႏညီႏ အဝ်ႏလွုံꩻလာဖေႏနဝ်ꩻသွူ။

PNLA သတင်ꩻစဲဥ်ႏ

#ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

18/08/2024
18/08/2024

ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရရှိရန်လုပ်ဆောင်ပြီး အခြားတိုင်းရင်းသားများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု KA စစ်ဦးစီးချုပ်ပြော......................
ခမ်းသားငေါဝ်း
သြဂုတ် ၁၇၊ ၂၀၂၄

https://www.facebook.com/share/p/T1YhtwMS4sFewT1p/?mibextid=oFDknk

နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းဖြင့် ဒီမိုကရေစီအရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အား နှစ် ၇၀ ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင်မရရှိသေးဘဲ၊ ယခုအချိန်သည်အမျိုးသားစည်းလုံး ညီညွတ်မှုမှာ ထိပ်ဆုံးရောက်နေပြီ ဖြစ်၍ ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပြီး အခြား တိုင်းရင်းသားများနှင့် အတူ တိုက်ပွဲဝင်သွားရမည်ဟု (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ယနေ့ကျရောက်သော ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ပြောကြားခဲ့သည်။

လူထုတော်လှန်ရေး ဆင်နွဲနေချိန် ကရင်နီပြည်တပ်မတော်သည် လူထုနှင့် တတန်းထဲ ရှိရန်၊ လူထုဆန္ဒကို ဆန့်ကျင်ရေးမပြုလုပ်ကြရန်၊ လူထုနောက် မြီးဆွဲ မလုပ်ရန်၊ လူထုနှင့် မိမိကိုယ်ကိုသာ ယုံကြည်ရမည် ဖြစ်ပြီး ပြည်သူလူထု ဆိုသည့် နေရာတွင် အချောင်သမား၊ နိုင်ငံရေးသမားများ၊ ကိုယ်ကြိုးရှာ စီးပွားရေး အချောင်သမားများ မပါဝင်ကြောင်း၊ ၎င်း အချောင်သမားများကို အထူးသတိထားရန်လိုကြောင်း၊ ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများလည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးကြရန်လည်း စစ်ဦးစီးချုပ်က သတိပေးထားသည်။

ထို့အပြင်ကရင်နီ ပြည်နယ်တွင် လူငယ်များအနေဖြင့် စစ်အာဏာရှင်ကို လက်နက်စွဲကိုင်ပြီး တော်လှန်စစ် ဆင်နွှဲနေမှုအပေါ် များစွာ ဝမ်းမြောက်သလို လူငယ်ပီပီခံစားချက် များစွာရှိနေမည်ကိုနားလည်သော်လည်း နောင်တချိန် တိုင်းပြည်၏ တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်သောကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုကို အလေးအနက်ထား လုပ်ဆောင်ကြရန်တိုက်တွန်းထားသည်။

ထို့အတူလူငယ်ရဲဘော်များ၊ တပ်မှူးများ တာဝန်ယူမှု၊ တာဝန်ခံမှုကို နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကို ဆက်လက်ချီတက်သွား ကြရန်နှင့် ကရင်နီပြည်တပ်မတော် ဥပဒေ စစ်စည်းကမ်း၊ အမိန့် ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေများကို လိုက်နာကြရန် စစ်ဦးစီးချုပ်က မှာကြားခဲ့သည်။

003
#ကရင်နီပြည်တပ်မတော်နေ့
#ဗိုလ်မှူး ချုပ်အောင်မြတ်


ခမ်းသားငေါဝ်း သတင်းများကို အောက်ပါလင့်တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်သည်။
youtube channel
www.youtube.com/
ခမ်းသားငေါဝ်း Burmese Version
https://www.facebook.com/KhamSarNgor
ခမ်းသားငေါဝ်း English Version
https://www.facebook.com/KSNEnglish/
website
https://www.thepeoplevoicepaoh.com/
ခမ်းသားငေါဝ်း Telegram
t.me/ppv21
ခမ်းသားငေါဝ်း Tittok www.tiktok.com/
ခမ်းသားငေါဝ်း N-social
https://mita.website/d/social.php?r=ur1534

18/08/2024
18/08/2024
18/08/2024

(၇၇)ကြိမ်​မြောက်မွန်​တော်လှန်​ရေး​နေ့တွင် မွန်​တော်လှန်​ရေးတပ်များ ပူးတွဲထုတ်ပြန်​ကြေညာချက်

22/07/2024

နစက ဘယ်လို အပြောင်းအလဲ လုပ်လာနိုင်သလဲ

CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၂

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကသည် ၆ လ သက်တမ်းတိုးကာလ လာမည့် ဇူလိုင် ၃၁ ရက် နေ့တွင် ပြည့်မည်ဖြစ်၍ မည်ကဲ့သို့ အပြောင်းအလဲ လုပ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

နစကအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုး မြှင့် သတ်မှတ်ခဲ့သည်။

အဆိုပါ ၆ လ သက်တမ်းတိုး ကာလသည် ယခုလ ဇူလိုင် ၃၁ ရက်နေ့တွင် သက်တမ်းပြည့်မည်ဖြစ်၍ နောက်ထပ် သက်တမ်း ၆ လ တိုးမည်လား သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းလာမလား အမျိုးမျိုး သုံးသပ်ဆွေးနွေးနေကြသည်။

လက်ရှိ ယာယီသမ္မတ ဦးမြင့်ဆွေသည် ခွဲစိတ်ကုသမှု အချို့ကို ပြုလုပ်ခဲ့ရပြီး အာရုံကြော အားနည်းရောဂါကို ဆက်လက် ခံစားနေရသဖြင့် ဆေးခွင့်ယူ၍ နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိကြောင်း၊ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန် လာခြင်းမရှိသေးဘဲ အစားအသောက် စားသုံးခြင်း အပါအဝင် နေ့စဉ် ပုံမှန်သွားလာလှုပ်ရှားမှုကို လုပ်ဆောင်နိုင်မှု မရှိသေးကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

နစကအနေဖြင့် မည့်သည့် အပြောင်းအလဲ လုပ်လာမလဲဆိုသည်ကို ခန့်မှန်း၍ မရကြောင်း၊ သို့သော်လည်း ကြီးကြီးမားမား ပြောင်းလဲနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ထင်မြင်ချက်ကတော့ အမျိုးမျိုး ပေးကြပါတယ်ခင်ဗျ၊ ကျနော်လည်း ခန့်မှန်းလို့တော့ မရဘူး။ ဒါပေမဲ့ ထူးထူးခြားခြား ကြီးကြီးမားမားတော့ ပြောင်းလဲနိုင်တယ်လို့ ပြောနိုင်ပါတယ်” ဟု ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေရသော ယာယီသမ္မတ ဦးမြင့်ဆွေ၏ နေရာကို သမ္မတ (ငြိမ်း) ဦးသိန်းစိန်ကို အစားထိုး ခန့်အပ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး နစကအနေဖြင့် နောက်ထပ် ၆ လ သက်တမ်းတိုး ရမည်ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တိုးမှပဲ သူ့ဖက်က ဘယ်လိုပြောမလဲ၊ အောက်တိုဘာ သန်းခေါင်စာရင်းကို နစကအစိုးရအနေနဲ့ ကောက်ယူ နိုင်မှာပေါ့၊ စာရင်း ခိုင်ခိုင်မာမာနဲ့ အခြေပြုထားတဲ့ဟာ ဆောင်ရွက်နိုင်မယ်လေ၊ အဲဒါ လိုအပ်ချက်ကို ပြောတာပါ၊ နစက ၆ လ ယူမှာပေါ့။ ဖြစ်နိုင်ခြေကို တွက်ရင် ၂၀၂၅ ဆိုတာက ၁၂ ဆိုတာ ကျန်ပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကို တွက်ရင် သူ့ဖက်က အောက်တိုဘာလကလည်း သန်းခေါင်စာရင်း လုပ်မယ်ဆိုတော့ အဲဒီ အောက်တိုဘာ ပါတဲ့ ၆ လကတော့ဖြင့် သူယူကို ယူရမှာပဲ နစက၊ နစကအနေနဲ့ ၆ လယူရင် ခင်ဗျားတို့ ကျနော်တို့ ပြောကြတဲ့အတိုင်းပါပဲ၊ လာမယ့် ၂၀၂၅ ဇန်နဝါရီ ၃၁ ရက်နေ့အထိ သွားမှာပေါ့၊ ဆက်ပြီး ယူမလား၊ မယူဘူးလား ဆက်ပြီး ယူမှပဲ မိုးတွင်းကာလကို ဖြတ်သန်းနိုင်မှာပေါ့၊ ရွေးကောက်ပွဲသည် ၂၀၂၅ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတဲ့ လနှစ်လလောက်မှာပဲ ဖြစ်နိုင်ချေ (ရွေးကောက်ပွဲ) များတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

လက်ရှိ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရန်နှင့် သာမာန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ထပ်မံ၍ ၆ လ သက်တမ်းကို ယာယီသမ္မတက တိုးမြှင့်ပေးခဲ့သည်။

Websiteတွင်ဖတ်ရှုရန်........https://cnimyanmar.com/index.php/political-2/politics-local/23411-2024-07-22-05-48-03

ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

14/07/2024
12/07/2024
08/06/2024
16/05/2024

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်းအတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် PNLOမှ ပေးပို့သော
ဝမ်းနည်းကြောင်းသဝဏ်လွှာ

26/04/2024
24/04/2024
21/04/2024

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်PNLO ဒုတိယ ဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်နှင့် ဒေသခံ၏ နေအိမ် ၆ အိမ်ကို ဖြိုချဖျက်ဆီး မီးရှို့

ဧပြီလ ၂၁ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ယမန်နေ့တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ဒုတိယ ဥက္ကဌ ၂ ၊ စစ်ဦးစီးချုပ်၏ မိသားစုပိုင်နေအိမ်ကို ဖြိုချဖျက်ဆီးကာ မီးရှို့ခဲ့သည်။

ယင်းနေအိမ်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုတိယ ဥက္ကဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုဝင်များက စုပေါင်းပိုင်ဆိုင်သည့် နေအိမ်ဖြစ်ပြီး တော်လှန်ရေးကို ဦးဆောင်နေသည့်သူ၏ နေအိမ်ဟုဆိုကာ PNO ပြည်သူ့စစ်များက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နားခိုက်ကျေးရွာအတွင်းရှိ အခြား နေအိမ် ၆ လုံးကိုလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO/ PNLA ကို အားပေးသည့် သူများ၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့သည်။

ယင်းနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနေအိမ်များကို ဖြိုချဖျက်ဆီးခြင်းမပြုမီ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများ အိမ်တွင်းပရိဘောဂပစ္စည်းများကိုလည်း သယ်ယူသွားခဲ့သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ယင်းအတိုင်းလည်း ကျင့်သုံးခဲ့သည်။

ထိုသို့ ကျင့်သုံးသော်လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို လက်နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်ခဲ့သည်။

PNLA သတင်းစဉ်

်းစဉ်

18/04/2024
17/04/2024
19/03/2024
16/03/2024
13/03/2024
02/03/2024

Address


Alerts

Be the first to know and let us send you an email when Hsi Hsieng Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hsi Hsieng Media:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share