02/04/2023
ကောင်လေးက ဧရာဝတီသား တောထဲမှာရှိချိန်
ကောင်မလေးက ကချင်ပြည်နယ်ကတိုင်းရင်းသူ
လိုင်းပေါ်ကနေ စကားပြောရင်း ချစ်သူဖြစ်ကြတာ
ချစ်သူဖြစ်ပြီး ၂လပဲကြာတယ် ကချင်ပြည်ကနေ
ကောင်လေးရှိတဲ့ဒေါနတောထဲကို တစ်ယောက်တည်း
လိုက်ချလာတဲ့ ကချင်တိုင်းရင်းသူလေးပေါ့
ကျွန်တော်တို့တပ်ခွဲမှာလဲ သူတို့စုံတွဲလေးက
ပထမဆုံးဇနီးမောင်နှံအဖြစ် စခန်းမှာပဲ အမှတ်တရနဲ့
မဂ်လာပွဲလေး ဝိုင်းစီစဉ်ပေးခဲ့ကြရတဲ့ စုံတွဲလေးပေါ့
စခန်းမှာ ဘယ်နေရာကြည့်ကြည့်
သူတို့အတွဲလေးက အမြဲတူတူရှိနေတက်ကြတယ်
ရေသွားခတ်လဲတူတူလိုက်တယ်
ထင်းသွားသယ်လဲ တူတူလိုက်ရှာတယ်
ထမင်းစားရင်တောင်ခုချိန်ထိ
တစ်ပန်ကန်ထဲကို နှစ်ယောက်တူတူစားကြတာ
စခန်းမှာပဲအမြဲတူတူရှိတယ်မထင်နဲ့
ဘယ်ကင်းစခန်းကိုပဲ တာဝန်ကျကျ
ယောကျာ်းကျောပိုးအိတ်ကိုလွယ်
သူတို့ခွေးပေါက်စ စနိုးကိုခေါ်ပြီး
ဘယ်လောက်ဝေးတဲ့ နေရာဖြစ်ဖြစ်
အထုပ်ထမ်းရင်း နောက်ကပါသွားတက်သူ။
အဲ့လို ကင်းစခန်းတွေထိအမြဲလိုက်တက်လို့
နောက်ပိုင်းမှာ တာဝန်ရှိတဲ့သူတွေက
ကင်းစခန်းတွေကို အမျိုးသမီးတွေမလိုက်ဖို့
တားယူရတဲ့အထိ သူတို့စုံတွဲက ဘယ်တော့မှမခွဲခဲ့ကြဘူး
အဲ့လိုမလိုက်ရလို့များ ပြောင်းခင်းစခန်းမှာပဲ
သူဟာသူ နေနေခဲ့တယ်များ ထင်နေလား
မိုးလင်းတာနဲ့ အထိုင်စခန်းမှာ ကူစရာရှိတာကူ
ပြီးတာနဲ့ သူ့ယောကျာ်းရှိတဲ့ ကင်းစခန်းကို
သူ့ခွေးလေးခေါ်ပြီး လိုက်လိုက်သွားတက်ပြန်တယ်
ဟိုမှာချက်ပြုတ်ကျွေးပြီး ညနေမှောင်ခါနီးမှ
သူ့ခွေးပေါက်စနဲ့ ပြောင်းခင်းစခန်းပြန်လာတက်တာ။
ဆယ်ရက်တခါ ကင်းချိန်းတိုင်း နေ့စဉ်မပြတ်
ယောက်ျားရှိတဲ့ကင်းကို ဝတ္တရားမပြတ်လိုက်တော့
ရဲဘော်တွေကအမြဲစရင် သူပြန်ပြောတာက
" ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ ငါတို့ဘဝက
အနားနေခွင့်ရှိသမျှ ငါ့ယောကျာ်းနားနေလို့ရသမျှ
ဘယ်လောက်ဝေးဝေးငါကလိုက်မှာ " တဲ့
" ချစ်လွန်းလို့ မြစ်ကြီးနားကနေ ဒီတောထဲ
တစ်ယောက်တည်းလိုက်လာတာ
ဒီလောက်ကတော့ ငါကမပင်ပန်းဘူနော် " တဲ့
ဒီနေ့တော့ ရှေတန်းသွားရမဲ့သူတွေထဲ
သူ့အမျိုးသားပါတော့ သူမှာမိုးလင်းကတည်းက
မျက်ရည်လေးစမ်းစမ်းနဲ့ ယောကျာ်းအနားကမခွာပဲ
မှာစရာတွေ တတွတ်တွတ်နဲ့မှာရှာတယ်
ရှေ့တန်းကိုတော့ ဘယ်လိုမှလိုက်မရတဲ့အတွက်
သူတို့ဇနီးမောင်နှံအတွက် ဒါပထမဆုံးခွဲခွာရတာလေ
မျက်ရည်တွေ တစ်ယောက်နဲ့တစ်ယောက်သုတ်ပေးရရင်း
သူတို့နှစ်ယောက်အတွက် ပထမဆုံးခွဲကြရတာဆိုတော့
အားလုံးပါဝိုင်းပြီးစိတ်မကောင်းဖြစ်ကြရတဲ့ထိ
သူတို့က တစ်ယောက်ကိုတစ်ယောက် အပျောက်မခံပဲ
ချစ်ခဲ့ကြတာမို့ တကယ်တာဝန်နဲ့ခွဲရတဲ့အခါ
သူတို့ကိုကြည့်ရင်း ကိုယ်တွေပါဘေးက
စိတ်မကောင်းဖြစ်ခဲ့ကြရတာပါပဲ။
သူပြောသလိုပါပဲ ဒီကာလကြီးက
ဘယ်အချိန်ဘာဖြစ်မယ်မသိတဲ့ အခြေအနေတွေမို့
အသက်ရှင်ချိန်လေးမှာ တစ်ယောက်ကိုတစ်ယောက်
ချစ်ခြင်းမေတ္တာတွေနဲ့ ပိုဂရုစိုက်နိုင်ကြပါစေဗျာ။
credit - မူရင်း
MyanmarDmo