Chin History And Culture School

  • Home
  • Chin History And Culture School

Chin History And Culture School headmaster = Salai Naw Sor
(1)

18/09/2023
ချင်းသမိုင်းနှင့် ယဥ်ကျေးမှုကျောင်းက ယာယီဓါတ်ပုံပြခန်း ဖွင့်လှစ်=============================7-5-2023 မှ မိုးရာသီရောက်သည...
08/05/2023

ချင်းသမိုင်းနှင့် ယဥ်ကျေးမှုကျောင်းက ယာယီဓါတ်ပုံပြခန်း ဖွင့်လှစ်
=============================
7-5-2023 မှ မိုးရာသီရောက်သည့်အထိ ရခိုင် ပြည်နယ်၊ မင်းပြားမြို့နယ် ၊သိုင်းကျပ်ကျေးရွာတွင် ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းက ချင်းသမိုင်းနှင့်သက်ဆိုင်သော ဓါတ်ပုံပြခန်းကို ဖွင့်လှစ်လျက်ရှိသည်။ ပြခန်းတွင် ချင်းသမိုင်းနှင့်သက်ဆိုင်သော ဓါတ်ပုံများကို ကြည့်ရှု့ရမည့်အပြန် ချင်းလူမျိုးနှင့် သက်ဆိုင်သော စာအုပ်များကိုလည်းဖတ်ရှုရမည်။ ကလေးသူငယ်နှင့် လူငယ်များစာဖတ်စွမ်းရည် မြင့်မားစေရန်ရည်ရွယ်ပြီး ကလေးရုပ်ပြစာအုပ်များကိုလည်း ဖတ်ရှုခွင့်ရမှာဖြစ်ပါတယ်။

ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ အခြေခံချင်းယဉ်ကျေးမှု သင်တန်းများပို့ချ။==================================8- 10 - 20...
17/10/2022

ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ အခြေခံချင်းယဉ်ကျေးမှု သင်တန်းများပို့ချ။
==================================
8- 10 - 2022 မှ 14 - 10 - 2022 အထိ ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ ချင်းရွာ အချို့တွင် ချင်းယဉ်ကျေးမှုဆိုင်ရာ အခြေခံသင်တန်းပို့ချခဲ့ပါသည်။ သင်တန်းသား သုံးရာကို ကျေးရွာအလိုက် အုပ်စုငယ်များဖွဲ့၍ ပို့ချခဲ့ပါသည်။ ထိုသင်တန်းတွင် ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်း၏ ကျောင်းသားဟောင်းများလည်း တက်ရောက်ခဲ့ကြသည်။ သင်တန်းသား သုံးရာထဲမှ သင်တန်းသားဦးရေ နှစ်ရာ့ငါးဆယ်က Khon Kaen City Thailand Country ရှိ Khon Kaen Univeristy တွင် Design Program မဟာဘွဲ့သင်တန်းတက်ရောင်နေသော မကျော့နှင်းဝေ၏ သုတေသန မေးခွန်းများကိုလည်း ဖြေဆိုခွင့်ရခဲ့ကြသည်။

08/10/2022

အခြေခံသုတေသန
Lesson 3

မောင်ပေစိချင်းရိုးရာအိမ် တည်ဆောက်ပုံ====================၁၉၈၀ - ၈၁ ခုနှစ်တွင် ထုတ်ဝေသော ချင်းမဂ္ဂဇင်းမှ ဆောင်းပါးဖြစ်သည်။ ...
08/10/2022

မောင်ပေစိ
ချင်းရိုးရာအိမ် တည်ဆောက်ပုံ
====================
၁၉၈၀ - ၈၁ ခုနှစ်တွင် ထုတ်ဝေသော ချင်းမဂ္ဂဇင်းမှ ဆောင်းပါးဖြစ်သည်။ ခ. စ.ယ (ရန်ကုန်)မှ ထုတ်ဝေသည်။

ချင်းမျိုးနွယ်စုအားလုံးကိုကိုယ်စားပြုသော "ဆလိုင်း - မိုင်"================================မြန်မာနိုင်ငံရှိ တိုင်းရင်းသား...
04/10/2022

ချင်းမျိုးနွယ်စုအားလုံးကိုကိုယ်စားပြုသော "ဆလိုင်း - မိုင်"
================================

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများတွင် ဝိသေသနာမည် ကိုယ်စီရှိကြသည်။ ၎င်းထဲတွင် ချင်းလူမျိုး၏ ဝိသေသ နာမည်ဖြစ်တည်လာပုံကို စာရေးသူ လက်လှမ်းမီသ၍ လေ့လာကြည့်သောအခါ 1965 ခုနှစ် ပတ်ဝန်းကျင်အချိန်အထိ ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုသော ဝိသေသနာမည်ဟူ၍ မရှိခဲ့ချေ။ မိမိတို့၏ နာမည်ရှေ့တွင် Taang-Lia , Pa-Nu, Val-Leng စသည်ဖြင့် မျိုးနွယ်စုအလိုက် ဝိသေသ အမည်အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်ဟု လေ့လာသိရှိရသည်။

ဆမို တိုက်မောင်၏ မှတ်တမ်းအရ ဆလိုင်း- မိုင်နှင့် ပတ်သက်၍ အရှိုချင်း. . .သမိုင်း မှတ်တမ်းတွင် ဤ သို့ ဖေါ်ပြထားသည်။"မြေပြန့်ချင်း (သို့) တောင်ပိုင်းချင်း. . . အမျိုးသားအမည်ရှေ့တွင် ဆလိုင်း။ အမျိုးသမီး အမည်ရှေ့တွင် မိုင် ဟု သက်မှတ် အသုံးပြုရန် " ချင်းနယ်ရှင်နယ်အသင်းကြီး"မှ ဆုံးဖြတ်ပြီး ပြည်ပိုင် အင်္ဂလိပ် အစိုးရထံသို့ တင်ပြပြီး အသိအမှတ်ပြုစေခဲ့သည်။ ဟု ဖေါ်ပြထားသည်။ ထို့နောက်၎င်းတွင် မှတ်ချက်အနေဖြင့် အောက်ပါအတိုင်း တွေ့ရသည်။

"ဆလိုင်း"၏ အဓိပ္ပာယ်မှာ ရဲရင့်ခြင်း သူရသတ္တိနှင့် ပြည့်စုံခြင်းဖြစ်သည်။ အမျိုးသမီးများ၏ အမည်ရှေ့တွင် သုံးစွဲသော "မိုင်"၏ အဓိပ္ပာယ်မှာ ပြည့်စုံခြင်း ကျက်သရေမင်္ဂလာရှိခြင်းကို ဖေါ်ညွှန်းသည်။ ဟု ဖေါ်ပြပါရှိသည်။ မည်သည့်ခုနှစ်တွင်အတည်ပြုကြောင့် တိုက်ရိုက်ဖေါ်ပြမထားသော်လည်း 1934 ဖြစ်မည်ဟု ခန့်မှန်းနိုင်ပါသည်။

တဖန် စာရေးဆရာ ဆလိုင်းရွှေလင်း၏ "လူသိနည်းတဲ့ ချင်းထဲက ဖြစ်ရပ်များ" စာအုပ်တွင် ဆလိုင်း - မိုင် နှင့်ပတ်သက်၍ ဤသို့ဖေါ်ပြထားပါသည်။1935 ခုနှစ်က သက်ရက်မြို့တွင် မြေပြန့်ချင်းတို့၏ နယ်ပေါင်းစုံ အစည်းအဝေး တစ်ခုခေါ်ယူကျင်းပပြီး ချင်းတို့၏ အမည် သင်္ကေတအဖြစ် ဆလိုင်း- မိုင် ကိုသုံးစွဲရန်စတင်ခဲ့ကြသည်ဟု ဖေါ်ပြထားသည်။ ထို့နောက် 1973 ခုတွင် ရန်ကုန် တက္ကသိုလ် ခ. စ. ယ အစည်းအဝေးတစ်ခု၌ ချင်းအမျိုးသားအားလုံးက ဘုံအဖြစ် အသုံးပြုနိုင်မည့် ကျား-မ သင်္ကေတ တစ်ခုခုကို သတ်မှတ်သင့်ကြောင့် ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးတွင် Salai - Main ဝေါဟာရ နှစ်ခုကို ဘုံအဖြစ် အများက လက်ခံခဲ့ကြပြီး 1973 ခုနှစ် မောင်မယ် သစ်လွင်ကြိုဆိုပွဲတွင် စတင်သုံးခဲ့ကြသည်။ 1977ခုနှစ် ခ. စ. ယ အစည်းအဝေး ဆုံးဖြတ်ချက်အဖြစ် ပေါ်ထွက်ခဲ့ပြီး သတင်းစာများတွင်လည်း တရားဝင် ကြေငြာနိုင်ခဲ့ခြင်းကြောင့် ခံယူချက် မှန်မှန်ဖြင့် Salai - Mai ကို ချင်းလူထုကြားတွင် သုံးစွဲလာကြသည်။

ဆလိုင်း - မိုင် ဟူသော ဝေါဟာရသည် မြေပြန့်ဒေသနေ အရှိုချင်း ညီအစ်ကိုများ၏ ဝေါဟာရဖြစ်သည် . . . ဆလိုင်းသည် အမျိုးသားတို့၏ အမည်ရှေ့တွင် တပ်ဆင်အသုံးပြုရန်ဖြစ်ပြီး "သားကောင်းဇာနည်"ဟု အဓိပ္ပာယ်ရသည်။ မိုင်မှာ အမျိုးသမီးနာမည်ရှေ့တွင် တပ်ဆင်အသုံးပြုရန်ဖြစ်ပြီး "ဇာနည်မိန်မမြတ်"ဟု အဓိပ္ပာယ်ရသည်။ဟု ဖေါ်ပြထားပါသည်။

ဖေါ်ပြပါ မှတ်တမ်းနှစ်ခုအရ ဆလိုင်း - မိုင်၏ အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ အနည်းအငယ်စီကွားခြားသော်လည်း အဓိပ္ပာယ်မှာ တူညီနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ဆလိုင်း - မိုင်၏ အဓိပ္ပာယ်ကို စာရေးဆရာ ဆလိုင်းရွှေလင်း မှတ်တမ်းတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုပါက ပို၍သင့်လျှော်မည်ဟု ယူဆမိပါသည်။ ထို့ကြောင့် ယနေချင်းလူငယ်အချို့ကြားတွင် ဆလိုင်း - မိုင် သည် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုမပြု ဟူသော ဒွိဟရှိနေသေးသည်ကိုတွေ့ရသည်။ စာရေးသူ လေ့လာတွေ့ရှိသော ဖေါ်ပြပါမှတ်တမ်းများအရ ဆလိုင်း - မိုင် သည် ချင်းမျိုးနွယ်စုအားလုံးကို ကိုယ်စားပြုသော ဝိသေသနာမည်ဖြစ်ကြောင့် လေ့လာစုစည်း၍ တင်ပြရခြင်းဖြစ်ပါသည်။

ဆလိုင်းနောစော်
======================
စာကိုး
(1)ဆလိုင်းရွှေလင်း
"လူသိနည်းတဲ့ ချင်းထဲက ဖြစ်ရပ်များ။ စာ - ၂၃။
(2) ဆလိုင်းဒါဝိဒ်(M.A)
"အရှိုချင်း . . . သမိုင်း"(၂၀၁၇)။ စာ - ၁၀၃။

24/07/2022

Lesson 2

24/07/2022

Lesson 1
သုတေသနအခြေခံ။
ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းက online သင်တန်းမှာ အသုံးပြုခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လည်မျှဝေပေးပါမယ် ခင်ဗျာ့။

ဤယဉ်ကျေးမှုသည် ချင်းအားလုံးနှင့် သက်ဆိုင်တဲ့ ဘုံယဉ်ကျေးမှုဖြစ်သင့်တယ်ဆိုရင် like ပေးခဲ့ပါ။ မဖြစ်သင့်ဘူးဆိုရင် အကြံပြုပေးပါ...
25/05/2022

ဤယဉ်ကျေးမှုသည် ချင်းအားလုံးနှင့် သက်ဆိုင်တဲ့ ဘုံယဉ်ကျေးမှုဖြစ်သင့်တယ်ဆိုရင် like ပေးခဲ့ပါ။ မဖြစ်သင့်ဘူးဆိုရင် အကြံပြုပေးပါ ခင်ဗျား။

ရခိုင်ပြည် ချင်းအမျိုးသား ညီလာခံသမိုင်း
11/05/2022

ရခိုင်ပြည် ချင်းအမျိုးသား ညီလာခံသမိုင်း

"ဘုရင်တွေ အတော်ကောက်မှာစိုးလို့ ပါးရဲထိုးကြတယ် "ဆိုတာ ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်ပြီး ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ ...
12/04/2022

"ဘုရင်တွေ အတော်ကောက်မှာစိုးလို့ ပါးရဲထိုးကြတယ် "ဆိုတာ ဟုတ်မဟုတ် ဆိုတာနဲ့ပတ်သက်ပြီး ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ သုတေသန ပြုစုနေသည်။

ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ ချင်းပြည်နယ်ပြင်ပရှိ ချင်းမျိုးနွယ်စုများ၏ ရိုးရာဓလေ့ဥပဒေ(ဒုတိယ မူကြမ်း)အတွက် မင်ြး...
12/04/2022

ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ ချင်းပြည်နယ်ပြင်ပရှိ ချင်းမျိုးနွယ်စုများ၏ ရိုးရာဓလေ့ဥပဒေ(ဒုတိယ မူကြမ်း)အတွက် မင်းပြာမြို့နယ်ရှိ လေးတူ ချင်းရွာများတွင် သုတေသန ပြုနေသည်။

5-3-2022 မှ 6-3-2022 အထိ မြေပုံမြို့နယ်။ ဝါးခုတ်ချောင်းကျေးရွာတွင် ကျင်းပသော ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲတွ...
10/03/2022

5-3-2022 မှ 6-3-2022 အထိ မြေပုံမြို့နယ်။ ဝါးခုတ်ချောင်းကျေးရွာတွင် ကျင်းပသော ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲတွင်
ချင်းသမိုင်းနှင့် ယဉ်ကျေးမှုကျောင်းမှ ဆလိုင်းနောစော်က
ချင်းလူငယ်နှင့် ချင်းသမိုင်း ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့။

မေးမြန်းချက်အရ နာဂ အမျိုးသမီးတဲ့။
01/03/2022

မေးမြန်းချက်အရ နာဂ အမျိုးသမီးတဲ့။

ချင်းယဉ်ကျေးမှု ကောက်ကြောင်း သို့မဟုတ် ချင်းပါရဲ (ပါးမဲ) ဒီဇိုင်းအလှ။
28/02/2022

ချင်းယဉ်ကျေးမှု ကောက်ကြောင်း သို့မဟုတ် ချင်းပါရဲ (ပါးမဲ) ဒီဇိုင်းအလှ။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်တန်းကျေးရွာအနီးရှိ အရိုးတောင်တွင်တွေ့ရှိသော ချင်းယဉ်ကျေးမှု အသုံးအဆောင်များ။
27/02/2022

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်တန်းကျေးရွာအနီးရှိ အရိုးတောင်တွင်တွေ့ရှိသော ချင်းယဉ်ကျေးမှု အသုံးအဆောင်များ။

တောင်ဇလပ်ပန်း ဖြူ နီ ဝါ
27/02/2022

တောင်ဇလပ်ပန်း ဖြူ နီ ဝါ

ချင်းကျုံးကြီး ငါးဌာန=============တကောင်းပြည်ကြီးကို သကျသာကီဝင်မင်းများ အုပ်စိုးစဉ်က ချင်းကျုံးကြီး ငါးဌာနကိုတာဝန်း ၄၂၀ ...
08/02/2022

ချင်းကျုံးကြီး ငါးဌာန
=============
တကောင်းပြည်ကြီးကို သကျသာကီဝင်မင်းများ အုပ်စိုးစဉ်က ချင်းကျုံးကြီး ငါးဌာနကိုတာဝန်း ၄၂၀ အကျယ်ဖွဲပြီး

၁။ ဆင်ခြံမြို့အမည်ကို သမုတ်၍ ပထမ ကျုံးတွင်နေသော ချင်းစော်ဘွားက ရာဇဝတ်တော်ကို ပိုင်သည်။

၂။ ဒုတိယကျုံးတွင်နေသော ချင်းမြေတိုင်ကြီးက လယ်တီကျင်း ကန်သင်း ဆည်မြောင်းများနှင့် တရားမှုကို ပိုင်သည်။

၃။ တတိယကျုံးတွင်နေသော ချင်းမြို့စာရေးက ရာဇဝတ်မှုကို ရေးသားနိုင်သည်။

၎။ စတုတ္ထကျုံးတွင်နေသော ချင်းမြို့ထိန်းက ခြောက်လ တစ်ကြိမ် ရွာစဉ်ကျယ်ကို လည်၍ ကြည့်ရှုရသည်။ အစဉ်ရှိနေရန်း နတ်ကွန်းနတ်အိမ်များကို ဆောက်လုပ်ပြင်ဆင်၍ အချိန်ကာလတို့၌ ခေါ်တည်ပသရသောကြောင့် နတ်ထိန်းဟုလည်း ခေါ်သည်။

၅။ ပဉ္စမကျုံးတွင်နေသော ချင်းကြေးကိုင်က တစ်နှစ်တစ်ကြိမ် အိမ်ခွန်တော်ကို တောင်းခံဆက်သွင်းရသောကြောင့် ကြေးကိုင် ကြေးခေါင်းဟုခေါ်သည်။

ဖေါ်ပြပါ သမိုင်းမှတ်တမ်း၏ တည်နေရာမှာ ယနေ့ပထဝီဝင်အနေအထားအရ စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းဒေသကို ရည်ညွှန်းနေသည်။ ထို့ကြောင့် ၎င်း ဒေသတွင် ကနဦးချင်းအုပ်စုများနေထိုင်ခဲ့သော ဒေသဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ဆလိုင်းနောစော်
==========================
စာကိုး ။ ။အကိုစော
"လေ့လာမိသမျှ ကတူးကနန်းဒေသ" စာ ၁၈၉-၁၈၀။

Address


Telephone

09250882563

Website

Alerts

Be the first to know and let us send you an email when Chin History And Culture School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share