D-Day News

D-Day News Public Media
(12)

ထိုင်းငံမှ ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းခံရသူများက စက်လှေဖြင့် လိုက်ပို့သည့် စစ်သား ၂ ဦးကို သတ်ဖြတ်ကာ လက်နက...
11/09/2024

ထိုင်းငံမှ ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းခံရသူများက စက်လှေဖြင့် လိုက်ပို့သည့် စစ်သား ၂ ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်းများနှင့်စက်လှေယူဆောင်ပြီး KNDO ထံ ခိုလှုံ

D Day News
စက်တင်ဘာလ ၁၁

ထိုင်းနိုင်ငံမှ ပြန်ပို့ခံရပြီး အတင်းအဓမ္မစစ်တပ်ထဲဆွဲသွင်းခံရသူများက စက်လှေဖြင့် လိုက်ပို့ သည့် စစ်သား ၂ ဦးကို သတ်ဖြတ်ကာ လက်နက်ခဲယမ်းများနှင့် စက်လှေကိုယူဆောင်ပြီး KNDO တပ်ရင်း ထံ ဝင်ရောက်ခိုလှုံခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့က မြိတ်မြို့တွင် အတင်းအဓမ္မစစ်သားစုဆောင်းထားသူများကို ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ထွက်ခွာလာသော ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာလာစဉ် စက်တင်ဘာလ ၈ ရက် ပုလောမြို့နယ်အတွင်းအရောက် စစ်သားအဖြစ် ပေါ် တာ ဆွဲခံ ရသူများသည် အစောင့်လိုက်ပါလာသည့် စစ်သား ၂ ဦးကို လုံးထွေး သတ်ပုတ်ကာ ရေထဲသို့ တွန်းချပြီး စစ်သားများကိုင်ဆောင်သည့် သေနတ် ၂ လက်နှင့်စက်လှေ တို့ကိုယူဆောင်ကာ KNU တပ်မဟာ ၄ ၊ KNDO တပ်ရင်း ၇ ထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရ သည်။

ယင်းစက်လှေပေါ်တွင် စစ်ကောင်စီတပ်၏ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရ ၂၇ ဦး ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ချမှတ်ခံရပြီး နောက် ကော့သောင်းမြို့ ဆိပ်ခံဘောတံတား၌ အကြမ်းဖက်စစ်ကောင်စီထံ ပြန်လညလွှဲပြောင်းပို့ ဆောင်ခံရပြီးနောက် စစ်သားအဖြစ် အဓမ္မထည့်သွင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦဂကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်လာသည့် အဓမ္မစစ် သားစုဆောင်းခံရသူများကို KNU တပ်မဟာ ၄ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ် ရင်း ၇ က စောင့်ရှောက်ထားကြောင်း သိရသည်။

စက်တင်ဘာလ ၇ ရက် ည ၈ နာရီခန့်ကလည်းပုလောမြို့နယ်၊ ခန္တီကျေးရွာအနီးတွင် မြိတ်မြို့မှ စစ်မှုထမ်းစစ်သားများကို ကုန်းကနေ ပို့ဆောင်စဉ် ကရင်အမျိုးသားကာကွယ်ရေး တပ် (KNDO) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ပုလောမြို့နယ်ပြည်သူ့ ကာကွယ် ရေး အဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ နှစ်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/11/tanintharyi-news-22/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ပုလောမြို့နယ် #အကြမ်းဖက်စစ်တပ်

11/09/2024

သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး (ရုပ်သံ)

D Day News
စက်တင်ဘာလ ၁၁

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော် သေဆုံးခဲ့ ကြောင်း Thawthikho အဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင်ဆင်း လာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ရွှေညောင်ပင်အောက်ရောက်ရှိလာစဉ် ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံပြောက်ကျား စစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/11/karen-state-news-8/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #သံတောင်ကြီးမြို့နယ် #အကြမ်းဖက်စစ်တပ်

ဆားလင်းကြီးမြို့နယ် NUG ပညာကျောင်းအတွက် လိုအပ်နေသည့် စာသင်ခုံ ၁၂ခုံ နှင့် ပုံနှိပ်စာအုပ် ၄၈စုံ ထောက်ပံ့D Day News စက်တင်...
11/09/2024

ဆားလင်းကြီးမြို့နယ် NUG ပညာကျောင်းအတွက် လိုအပ်နေသည့် စာသင်ခုံ ၁၂ခုံ နှင့် ပုံနှိပ်စာအုပ် ၄၈
စုံ ထောက်ပံ့

D Day News
စက်တင်ဘာလ ၁၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် NUG ပညာကျောင်းအတွက် လိုအပ်နေသည့် စာသင်ခုံ ၁၂ခုံ နှင့် ပုံနှိပ်စာအုပ် ၄၈စုံကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Photo-အညာပစ်တိုင်းထောင်လေးများ

Wesite Link – https://ddaynewsmm.com/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
#အညာပစ်တိုင်းထောင်လေးများ

မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့ စစ်ကြောင်း ၁ နယ်မြေအတွင်းရှိ PDF တပ်ဖွဲ့စခန်းကို အလစ်အငိုက် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်သည့...
11/09/2024

မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့ စစ်ကြောင်း ၁ နယ်မြေအတွင်းရှိ PDF တပ်ဖွဲ့စခန်းကို အလစ်အငိုက် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်သည့် စစ်သားများ တိုက်မိုင်းမိပြီး ၁ ဦးသေဆုံး၊ သေနတ် ၁ လက် သိမ်း ဆည်းရရှိ

D Day News
စက်တင်ဘာလ ၁၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၏ မြောက်ဘက်ရှိ MBT တပ်ဖွဲ့ စစ်ကြောင်း ၁ နယ်မြေ အတွင်းရှိ PDF တပ်ရင်းစခန်းကို အလစ်အငိုက် ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်သည့် အကြမ်းဖက်စစ် သားများ တိုက်မိုင်းမိပြီး ၁ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်က တစ်ကြိမ်၊ စက်တင်ဘာ ၁၀ ရက် နံနက် ၇ နာရီ ဝန်းကျင် တွင်တစ်ကြိမ် မြင်းခြံမြို့နယ်၏ မြောက်ဘက်ခြမ်းရှိ Myingyan Black Tiger - MBTတပ်ဖွဲ့၏ စစ် ကြောင်း ၁ နယ်မြေအတွင်း သို့ ချဉ်းကပ်ဝင်ရောက်ကာ PDF တပ်ဖွဲ့မဟာမိတ် ပူးပေါင်း စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“၈ ရက်နေ့လားမသိဘူး မြင်းခြံကနေထွက်လာပြီး ဆမီးခုံဘက်ကို ရောက်လာတာ။ အဲဒီကနေ ကျနော်တို့ စစ်ကြောင်း ၁ နယ်မြေထဲကို ၉ ရက်နေ့ ည ၁၁ နာရီလောက်ကတစ်ကြိမ်၊ မနက်ခင်း ၇ နာရီလောက်မှ တစ်ကြိမ် ကားနဲ့လာပြီးပစ်ခတ်တာ။ ကျနော်တို့ စစ်ကြောင်း ၁ နဲ့ မဟာမိတ်တွေ အထိုင်ချထားတဲ့ စခန်းကိုလာတိုက်တာ၊ စစ်ကြောင်းထိုးတဲ့ပုံစံလည်းမဟုတ်ဘူး။ လျှပ်တပြက်နဲ့ ဝင်လုပ်တာ၊ ၉ ရက်နေ့ညကတော့ ရှင်းတယ်။ ၁၁ နာရီလောက်မှာ လာပစ်သွားတာ။ ကျနော်တို့ ဘက်က ပြန်မပစ်ဘူး၊ ခံစစ်ပဲလုပ်နေလိုက်တယ်။ ၁၀ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကင်းနဲ့ မလှမ်းမကမ်းမှာ ကားရပ်ပြီးတော့ ဝင်ပစ်တာ၊ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်က ပြန်ပစ် တော့ သူတို့က နယ်မြေဖြန့်ပြီးတော့ ဝင်လာတဲ့အနေအထားမျိုး။ နယ်မြေဖြန့်ဝင်လာတဲ့အချိန်မှာ တိုက်မိုင်းတွေမိကုန်ကြတာ။ တိုက်မိုင်းတွေမိပြီးတော့ ကားနဲ့ ပြန်လှည့်ဆုတ်ပြေးသွားတာ။ သူတို့ ပြန်လှည့်ပြေးသွားတဲ့အချိန် နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ သေနတ် တစ်လက်နဲ့ခဲယမ်း တွေ ရခဲ့တာ” ဟု Myingyan Balck Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်မိုင်းမိကာ စစ်သား ၁ ဦးသေဆုံးပြီး တပ်သားအချို့ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း အကြမ်းဖက်စစ်သားများ ဆုတ်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် G-3 အမျိုး အစား သေနတ် တစ်လက်နှင့် 7.62 ကျည် ၁၂ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း နှင့်အတူ Myingyan Eagle Defense Force (MEDF) ၊ Popa Guerilla Force (PGF)တို့ ပူးပေါင်း ကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/11/mandalay-news-23/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #မြင်းခြံမြို့နယ် #အကြမ်းဖက်စစ်တပ်

11/09/2024

ဘိုးတော်ဇော်ရဲ့ သရော်တော်တော် ကဗျာများ “စကားပုံများပေါ် ဖွတ်တက်ခြင်း” (ရုပ်သံ)

D Day News
စက်တင်ဘာလ ၁၁

D Day News သတင်းမျက်နှာကို ကြည့်ရှုအားပေးသူ မိဘပြည်သူတွေအတွက် ဘိုးတော်ဇော် ရဲ့ သရော်တော်တော် ကဗျာတွေထဲက “စကားပုံများပေါ်ဖွတ်တက်ခြင်း” ဆိုတဲ့ အကြမ်းဖက် စစ်ကောင် စီကို သရော်ထားတဲ့ ကဗျာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ရုပ်သံ၊ သီချင်း၊ ကဗျာ၊ မှတ်တမ်းတွေဟာ မေ့ဖျောက်လို့ မရတဲ့ သမိုင်းမှတ်တမ်းတွေကို မိဘပြည်သူတွေ နားဆင်၊ ဖတ်ရှု၊ ခံစားနိုင်ရန် တင်ဆက်ပေးလျက် ရှိပါတယ်။

နွေဦးတော်လှန်ရေးသီချင်း၊ မှတ်တမ်းတွေဟာ ကျနော်တို့ဘဝအတွက် မေ့မရတဲ့ သမိုင်းမှတ်တမ်း တွေ ဖြစ်လို့ ထိန်းသိမ်းထားနိုင်ဖို့ကြိုးစားနေခြင်းလည်းဖြစ်ပါတယ်၊

ဒါကြောင့် နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ သတင်း၊ ရုပ်သံ၊ သီချင်း၊ မှတ်တမ်း၊ သတင်း ဆောင်းပါး တွေကို တင်ဆက်ပေးနေတာဖြစ်တဲ့အတွက် ကူညီပေးပို့ကြပါရန် မေတ္တာရပ်ခံပါတယ်။

D Day News သို့ ဆက်သွယ်လိုပါက - Page Messenger ဖြစ်စေ၊ Telegram Link-https://t.me/ddaynewsmyanmar/ ကဖြစ်စေ၊ [email protected] ကဖြစ်စေ ဆက်သွယ်နိုင်ပါ ကြောင်း အသိပေးတင်ပြအပ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့လှည့်လည်ကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုကို မှတ်တမ်းထား...
10/09/2024

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့လှည့်လည်ကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုကို မှတ်တမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် အကြမ်းဖက်မှု မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်

D Day News
စက်တင်ဘာလ ၁၀

အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံအနှံ့လှည့်လည်ကာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုကို မှတ်တမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် အကြမ်းဖက်မှု မလိုလားသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်ိလိုက်သည်။

မြန်နိုင်ငံအနှံ့အပြား၌ လှည့်ပတ်၍ စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ တပ်မ၊ စကခ၊ ဒကစ၊ ရမခ အစရှိသော စစ်တိုင်းဌာနချုပ်များ၊ ရဲတပ်ရင်း၊ လေ့ကျင့်ရေးသင်တန်း ကျောင်းများ အပါအဝင် ၎င်းတို့ထိန်းချုပ်ထားသော မြို့၊ ရွာ အမြောက်အမြားတို့ကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးလျက် ရှိနေသောကြောင့် မိမိတို့ ညီနောင်သုံးဖွဲ့ အပါအဝင် အခြားသော တော်လှန် ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့၊ ရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူ လူထုများရှိရာနေရာများ၊ လူနေထူထပ်သော နေရာများ နှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသော စခန်း ဟောင်းများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် နေ့၊ ည မရွေး ဗုံးကြဲ တိုက်ခိုက်မှုများကို အငြိုးကြီး စွာဖြင့် ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့သော လေကြောင်းတိုက်ခိုက်မှုများအတွင်း မြန်မာနိုင်ငံ အနှံ့အပြားမှ အပြစ်မဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်များ၊ အရပ်သား၊ ရဟန်းရှင်လူ၊ ပြည်သူလူထု များ အပါအဝင် မိမိတို့အဖွဲ့အစည်းများထံတွင် စစ်သုံ့ပန်းအဖြစ်ရှိနေကြသော ၎င်းတို့၏ တပ်ဖွဲ့ဝင် များ၊ ၎င်းတို့တပ်ဖွဲ့ ဝင်များ၏ မိသားစုများပါ သေဆုံး၊ ဒဏ်ရာရရှိမှုများမှာလည်း နေ့တိုင်းနီးပါး ဖြစ် ပျက်လျက်ရှိသည်ဟု ဆိုသည်။

ဤကဲ့သို့ စစ်ရှုံးစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိသူများ၏ မိသား စု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပါကြောင်း၊ အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံး အ ကြမ်းဖက် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်း ဖက်တိုက်ခိုက်မှုလုပ်ရပ် များကို မိမိတို့ အနေဖြင့် မှတ်တမ်းတင်ရှိထားပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်လုပ်ရပ်မျိုးစုံကို နေ့စဉ်ပုံစံအမျိုးမျိုးဖြင့် လက်ရဲဇက်ရဲကျူးလွန်နေသော စစ်ရှုံးစစ်ကောင် စီ ခေါင်းဆောင်များ၏ အမိန့်ပေးတာဝန်ပေးခြင်းခံရသော လေသူရဲများအနေဖြင် ယခုကဲ့သို့သော အ ကြမ်းဖက် တိုက်ခိုက်မှုမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုမျိုးမလုပ်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်လက် တိုက်တွန်းထားသည်။

အာဏာရူး ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များကို သတိထား စောင့် ကြည့်ထားကြရန်နှင့် မြန်မာတစ်နိုင်ငံလုံးရှိ မိဘပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း စစ်ရှုံး စစ် ကောင်စီ၏ လေကြောင်း အန္တရာယ်ကို သတိထားကြရန် အထူးအလေးအနက် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်ထားသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/war-crime-news-5/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ညီနောင်မဟာမိတ် #အကြမ်းဖက်စစ်တပ် #စစ်ရာဇဝတ်မှု #လေကြောင်းတိုက်ခိုက်မှု

မင်းတုန်းမြို့နယ်၊ခုန်တိုင်းကျင်းရွာအနီးတွင် လုံခြုံရေးကင်းပုန်းယူပေးနေသော PDF တပ်ဖွဲ့ဝင်များ၏ နေရာကို သတင်းပေးပို့ခံရမှ...
10/09/2024

မင်းတုန်းမြို့နယ်၊ခုန်တိုင်းကျင်းရွာအနီးတွင် လုံခြုံရေးကင်းပုန်းယူပေးနေသော PDF တပ်ဖွဲ့ဝင်များ၏ နေရာကို သတင်းပေးပို့ခံရမှုကြောင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးဒဏ်ရာရ၊ စစ်တပ်က ခုန် တိုင်ကျင်ရွာ ကို ဝင်ရောက်စီးနင်းပြီး ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၄၀ ကျော်ကို ဓားစာခံဖမ်းဆီး

D Day News
စက်တင်ဘာလ ၁၀

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာအနီးတွင် လုံခြုံရေးကင်းပုန်းယူပေးနေသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးခံရမှုကြောင့် အကြမ်း ဖက်စစ် တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းတုန်းပကဖထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းကျေးရွာဘက်သို့ အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာကြောင်း သတင်းအရ ကျေးရွာနေပြည်သူများ စစ်ကြောင်း မဝင်ရောက်မချင်းပုံမှန်အတိုင်းနေထိုင်နိုင်စေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကာကင်း လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကင်းယူပေးနေသည့် နေရာကို ပြည်သူထဲမှ သတင်း ပေးတစ်ဦးက အကြမ်းဖက်စစ်တပ်ထံ နေရာအတိအကျ သတင်း ပေးပို့ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ် များ ဖြင့် တရစပ် ပစ်ခတ် စီးနင်းခြင်းခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ် ရာ ရရှိကာ ကံကောင်းထောက်မစွာဖြင့် ရဲဘော်အားလုံးထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကာကင်းရဲဘော်များ စီးနင်းခံရခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည် သူလူထုအား စနစ်တကျ ကူညီနိုင်ခြင်းမရှိတော့ပဲ တိမ်းရှောင်ရန် အရေးပေါ် ခေါ်ထုတ်ခဲ့ရကာ ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် ပြည်သူများကို ဖမ်းမိသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဖမ်းမိပြည်သူများကို ဖိအားပေးကာ ထွက်ပြေးနေသူများ ပြန်လာရန်၊ လိုက်လံခေါ်ဆောင် အတင်းအဓမ္မနည်းမျိုးမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး ပြည်သူပိုင်နေအိမ် များ၊ စာသင်ကျောင်းများ၌ စခန်းချကာ ပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုခံရသူ ပြည်သူ ၄၀ ကျော်ရှိကြောင်း၊ ထို့ နောက်ကျေးရွာအတွင်းရှိ ပြည်သူပိုင်ကြက်၊ ဝက်များကို သတ်ဖြတ်စား သောက်ကာ ယနေ့ စက်တင် ဘာလ ၁၀ ရက်နေ့အထိ တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီစစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ခုန်တိုင်ကျင် ကျေးရွာ အနီး တဝိုက်ရှိ ကျေးရွာများတွင် နေထိုင်သော မိဘပြည်သူလူထုအားလုံး အထူသတိပြုကြပါရန်နှင့် စစ် ဘေးရှောင်ရင်း ဆေးဝါး/ရိက္ခာ အခက်ခဲများကြုံတွေ့ရပါက ဆက်သွယ်ပေးပါရန် မင်းတုန်း ပကဖ မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/magway-news-26/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #မင်းတုန်းမြို့နယ် #အကြမ်းဖက်စစ်တပ်

10/09/2024

96 Soldiers -PDF ၏ ရဲဘော် မဖူး မှ "တော်လှန် ကျ-ည်ဆံ"ကမ်ပိန်းလေးတွင် ပါဝင်အားဖြည့်ပေးကြပါရန် မိဘပြည်သူများအား တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျ။

ယခုအချိန်တွင် အညာဒေသမှာ တလရအရှိန်အဟုန် အားအကောင်းဆုံးကာလဖြစ်သလို အောင်ပွဲတွေလည်း ရရှိနေပြီဖြစ်ပါတယ်။

အဲ့ဒီအောင်ပွဲတွေ ဆက်လက်ရယူနိုင်ဖို့အတွက် ရှေ့တန်းကရဲဘော်တွေက အကောင်းဆုံးကြိုးစား တို-က်ပွဲဝင်နေကြပါတယ်။
သို့သော် ကျ-ည်တွေ လိုအပ်မှုတွေလည်း ရှေ့တန်းမှာ များစွာ ဖြစ်ပေါ်နေပါတယ်။

ကျွန်တော်တို့ရဲ့ "တော်လှန် ကျ-ည်ဆံ"ကမ်ပိန်းလေးရဲ့ ရည်ရွယ်ချက်ကလည်း ရှေ့တန်းအတွက် အရေးပေါ်လိုအပ်နေတဲ့ ကျ-ည်တွေ ဖြည့်တင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ခြင်းဖြင့် ရှေ့တန်းအတွက် ကျ-ည်ဖြည့်ကူပေးကြဖို့ အထူးပဲ တိုက်တွန်းလိုပါတယ်ခင်ဗျ။

"တော်လှန် ကျ-ည်ဆံ" ကမ်ပိန်းအကြောင်း အသေးစိတ် 👇👇
https://m.facebook.com/story.php?story_fbid=122104106552439351&id=61563180537398&mibextid=Nif5oz

အောက်ပါနိုင်ငံတကာ Fundraiserများမှတစ်ဆင့်လည်း ပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျ 👇👇
https://m.facebook.com/story.php?story_fbid=122104080068439351&id=61563180537398&mibextid=Nif5oz

အောက်ပါ Telegram Linkမှလည်း ပါဝင်နိုင်ပါတယ်ဗျ 👇👇
t.me/mtchi1223

#တော်လှန်ကျည်ဆံ
#ကမ်ပိန်း

ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူမှ ထွက်လာသ...
10/09/2024

ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန်ထွက်လာသော စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူမှ ထွက်လာသော စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် တိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး

D Day News
စက်တင်ဘာလ ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက် နံနက် နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့မရဲစခန်းမှ မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို ဘက်စုံကွေ့အနီးအရောက် အသင့် စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးနေရာမှာပင်လဲကျသေဆုံးပြီး ကျန်စစ် ကောင်စီတပ်သားများမှာ မြို့မရဲစခန်းအတွင်းသို့ ပြန်ပြေးဝင်သွားကြောင်း သိရသည်။

“ရေစကြိုမြို့အဝင်လေးမှာ စောင့်ပစ်တာ၊ နှစ်ဦးကတော့ နေရာတင်မှောက်သွားတယ်။ ကျန်တဲ့သူ တွေက စခန်းထဲပြန်ပြေးဝင်သွားကြတာ၊ ပြီးမှ အဲဒီလဲကျသွားတဲ့ ၂ ဦးကို ပြန်လည်သယ်သွားတာ” ဟု ရေ စကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် ရေစကြိုမြို့နယ်၊ ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကား ၃ စီးကို ပေပါမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက် ညနေ ၃ နာရီအချိန်တွင် ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင် စီ၏ ကား ၃ စီးကို ကြည့်ကန်ကျေးရွာနှင့်ကံသစ်ကျေးရွာကြား အရောက် ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များက ပေပါမိုင်းများဖြင့် အသင့်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန် ပျက်စီး သွားပြီး စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပခုက္ကူကနေ ရေစကြိုကိုတက်လာတာ။ ပခုက္ကူ-ရေစကြိုလမ်းမအတိုင်းပဲ၊ ရှေ့ဆုံးကတက်လာတဲ့ ကားကို မိုင်းဆွဲလိုက်တာ၊ ကားပေါ်ပါတဲ့ ၃ ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းရတယ်။ မိုင်းဆွဲခံရပြီး ကားပေါ်ကနေ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်ပြီး ရေစကြို ခလရ ၂၅၈ တပ်ထဲ ကို အတင်းမောင်းဝင်ပြေးသွားတာ၊ မိုင်းဆွဲတဲ့နေရာကလည်း တပ်နဲ့နီးတဲ့နေရာမှာပဲဆိုတော့” ဟု ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် - ရေစကြို ပကဖ တပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး အကြမ်းဖက်စစ်ကောင်စီ တပ် ဖွဲ့က ရမ်းသမ်းပစ်ခတ်သော ၄၀ မမ ကျည်စ ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/magway-news-25/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ရေစကြိုမြို့နယ် #အကြမ်းဖက်စစ်တပ်

10/09/2024

ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်သံ)

D Day News
စက်တင်ဘာလ ၁၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း LPDF တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ စခန်းတပ်စွဲထားပြီး ဂိတ်ဖွင့်ကာ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို SHAR HTOO WAW နည်း ပညာ Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ဆက် ကြေးကောက်နေသည့်နေရာမှ အဆောက်အအုံအတွင်း ပြေးဝင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိ နယ်မြေဒေသ အခက် အခဲကြောင့် သိရှိရခြင်းမရှိသေးဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကိုကြောင်လက်သည်း တပ်ဖွဲ့၊ Drop for justic ဒရုန်းတပ်ဖွဲ့ ၊ ဇာမဏီ နဂါးတပ် ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့တို့နှင့်အတူ နယ်မြေခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည် ။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/sagaing-news-34/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #ဝက်လက်မြို့နယ် #အကြမ်းဖက်စစ်တပ်

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ D Day Newsစက်တင်ဘာလ ၁၀စစ်ကိုင်းတိုင...
10/09/2024

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

D Day News
စက်တင်ဘာလ ၁၀

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက ယနေ့စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Wesite Link – https://ddaynewsmm.com/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968
ဝင်ရောက်ကြည့်ရှုပေးကြပါရန်မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
#မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ
#အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်း #သပိတ်

အုတ်ဖိုမြို့နယ်၊ စဉ့်ကူးရွာအုပ်ကြီးပစ်ခတ်ခံရပြီးသေဆုံး၊ သေဆုံးအလောင်းကို လာရောက်သည့် ပျူများ ကို ထပ်မံတိုက်ခိုက်မှု ပျူ၂...
10/09/2024

အုတ်ဖိုမြို့နယ်၊ စဉ့်ကူးရွာအုပ်ကြီးပစ်ခတ်ခံရပြီးသေဆုံး၊ သေဆုံးအလောင်းကို လာရောက်သည့် ပျူများ ကို ထပ်မံတိုက်ခိုက်မှု ပျူ၂ ဦးသေဆုံး

D Day News
စက်တင်ဘာလ ၁၀

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောအုပ်စု၊ စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သက်ကြီး(ခ)သက်အောင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

စက်တင်ဘာလ ၉ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ တယ်ပင်ကျောကျေးရွာအုပ်စု၊ စဉ့်ကူး ကျေးရွာနေအကြမ်းဖက်စစ်တပ် ထောက်တိုင် အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် သက်အောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တောင်သုံးလုံးဘုရားနှင့် စဥ့်ကူးကျေးရွာကြားရှိ လမ်းပေါ်၌ အသင့် စောင့်ကြို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် အကြမ်းဖက်စစ်ကောင်စီတပ်ထောက်တိုင်တစ်ဦးဖြစ်ပြီးပြည်သူများအား အတင်း အကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်း၊ စကစများထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စဥ့်ကူးကျေးရွာနှင့် တမံကြီး ရွာ ကြား၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးကောက်ခံခြင်း၊ ဒေသခံလူငယ် များ အား စည်းရုံး၍ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးအဖွဲ့ ဖွဲစည်းပြီး ပြည်သူများအား အမျိုး မျိုး ဒုက္ခပေးနေသဖြင့် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

ထိုသို့ ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်းထံမှ မိုလ်ဘိုင်းဖုန်း၁လုံး၊ ငွေကျပ်၁သိန်း နှင့် စစ်မှုထမ်းဟောင်း ကတ်ပြား၁ခုအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ နံနက် ၉ နာရီခန့်တွင် သေဆုံးသွားသော စဥ့်ကူးကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သက်ကြီး(ခ)သက်အောင်အလောင်းကို ၎င်း၏လက်အောက်ငယ် သားပျူများက လာရောက်ယူစဉ် အပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့ -အုတ်ဖို ၏ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စကစထောက်တိုင်များကို ပြင်း ပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အဆိုပါထောက်တိုင်များအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/bago-news-23/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #အုတ်ဖိုမြို့နယ် #အကြမ်းဖက်စစ်တပ်

Southern Eagle PDF တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း ပထမအကြိမ် စာမေးပွဲ ပြု...
10/09/2024

Southern Eagle PDF တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း ပထမအကြိမ် စာမေးပွဲ ပြုလုပ်

D Day News
စက်တင်ဘာလ ၁၀

တောင်ပိုင်းတိုင်း စစ်ဒေသအမှတ်(၃၁)ဗျူဟာ စစ်ကြောင်း လက်အောက်ခံ Southern Eagle PDF တပ်ခွဲအတွင်းရှိ ရဲဘော်များ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း ပထမအကြိမ် စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၉ရက်​နေ့တွင် Southern
Eagle PDF တပ်ခွဲအတွင်း မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လေ့လာသိရှိမှု စစ်ဆေးခြင်း စာမေးပွဲ (ပထမအကြိမ်)ပြုလုပ်ခဲ့ပြီး ပြုလုပ်ရခြင်းမှာရည်ရွယ်ချက်မှာ ရဲဘော်များအနေဖြင့် တိုက်ခိုက် ခိုက်ရေး စွမ်းရည် ပြည့်ဝသည့်အပြင် လက်ရုံး‌ရည် နှလုံးရည်ပါ ပြည့်ဝစေရန် ဖြစ်ပြီး ပြည်သူ့စစ်သားကောင်းများဖြစ်လာစေရန်ဖြစ်ကြောင်း သိရသည်။

Wesite Link – https://ddaynewsmm.com/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ


#နွေဦးတော်လှန်ရေး
#စာမေးပွဲ

မောင်တောမြို့ နခခ ၂ စစ်သုံ့ပန်းအကျဉ်းစခန်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု မောင်တောမြို့သိမ်းတိုက်ပွ...
10/09/2024

မောင်တောမြို့ နခခ ၂ စစ်သုံ့ပန်းအကျဉ်းစခန်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှု မောင်တောမြို့သိမ်းတိုက်ပွဲမှ ဖမ်းမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံး

D Day News
စက်တင်ဘာလ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နခခ ၂ စစ်သုံ့ပန်း အကျဉ်းစခန်းနှင့် ဝေသာလီကျေးရွာရှိ UN အဆောက်အအုံတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင် တောမြို့ သိမ်းတိုက်ပွဲမှ ဖမ်းမိထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့ကြောင်း ရခိုင့်တပ်တော် -AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်တွင် မောင်တောမြို့၊ လေးမိုင် နခခ ၂ စခန်းကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်က ဂျက်ဖိုက်လေယာဉ် ၂ စီးအသုံးပြုပြီး လေ ကြောင်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်တောမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးထိန်းသိမ်း ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိပြီး အသက်အန္တရာစိုးရိမ်ရသူများစွာလည်း ဆက်လက်ရှိ နေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် မောင်တောမြို့သိမ်းတိုက်ပွဲ အတွင်း ဖမ်းဆီးရမိထားသော စစ်သုံပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက် ကိုင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့ လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက် ပေး ပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူ များနှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ပါကြောင်း သိရသည်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့သော စခန်းသည် ၎င်းတို့၏ စခန်း ဟောင်းဖြစ်ပြီး အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ တွင် အပြီးသတ်သိမ်း ပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်သည်။

ထိုအပြင် အကြမ်းဖက် စစ်ကောင်စီသည် နခခ (၂) အား ပစ်ခတ်တိုက်ခိုက်မှုမတိုင်ခင် ည ၈ နာရီ မိနစ် ၂၀ နှင့် ၈ နာရီ ၂၃ မိနစ်တို့တွင် မောင်တောမြို့၊ (၃) မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အ ဆောက်အအုံ တို့အား လေကြောင်းမှ ဂျက်လေယာဉ် (၁) စီးဖြင့် ဦးစွာလာရောက်ပစ်ခတ် တိုက်ခိုက် ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ယခင်ကထက် ပိုမို ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိပြီး လူနေထူထပ်သော နေရာများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ စျေး၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ လူနေအ ဆောက်အဦးကြီးများ၊ အစိုးရအဆက်ဆက်လက်ထက် အသုံးပြုခဲ့သော ဌာနဆိုင်ရာ အဆောက်အအုံ များ အပါအဝင် ၎င်းတို စွန့်လွှတ်ခဲ့ရသော စခန်းများပါမကျန် ဗုံးကြဲတိုက်ခိုက်လျက်ရှိသောကြောင့် အဆိုပါနေရာများတွင် သတိထားသွားလာကြရန်၊ လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားကြရန် နှင့် မိုင်းအန္တရာယ်ကိုလည်း သတိထားကြပါရန် ရခိုင့်တပ်တော် - AA က အသိပေးထားသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/aa-news-38/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #မောင်တောမြို့နယ် #အကြမ်းဖက်စစ်တပ် #စစ်ရာဇဝတ်မှု #လေကြောင်းတိုက်ခိုက်မှု

အားမာန်သစ် သပိတ်‌အင်အားစုက "၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြို ၊ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ"စာတန်း ...
10/09/2024

အားမာန်သစ် သပိတ်‌အင်အားစုက "၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြို ၊ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ"စာတန်း ကိုင်ဆောင်ချီတက်

D Day News
စက်တင်ဘာလ ၆

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ် သပိတ်အင်
အားစုက "၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြို၊ဖက်ဆစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခိုလှုံကြ"စာတန်းကိုင်ကာအကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။

Wesite Link – https://ddaynewsmm.com/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ

#ပြည်သူ့တော်လှန်ရေးဘယ်ပွဲစားမှကြေးဖြတ်ခွင့်မရှိ

အရာတော်မြို့နယ် စစ်ရှောင်စာသင်ကျောင်းသို့ စာရေးကိရိယာ  လှူဒါန်းD Day News စက်တင်ဘာလ ၁၀အရာတော်မြို့နယ် စစ်ရှောင်စာသင်ကျော...
10/09/2024

အရာတော်မြို့နယ် စစ်ရှောင်စာသင်ကျောင်းသို့ စာရေးကိရိယာ လှူဒါန်း

D Day News
စက်တင်ဘာလ ၁၀

အရာတော်မြို့နယ် စစ်ရှောင်စာသင်ကျောင်းရှိကလေးငယ်များအတွက် စာရေးကိရိယာများကို အလှူရှင်ကိုယ်စား စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Wesite Link – https://ddaynewsmm.com/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည်
#စစ်အာဏာရှင်စနစ်ကျဆုံးပါစေ
#စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်
#အရာတော်မြို့နယ် #စစ်ရှောင်စာသင်ကျောင်း #စာရေးကိရိယာပညာဒါနအလှူ

10/09/2024

အရာတော်မြို့တွင် စစ်ကောင်စီစစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၃ စီး ပျက်စီး (ရုပ်သံ)

D Day News
စက်တင်ဘာလ ၁၀

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၃ စီးပျက်စီးခဲ့ကြောင်း Ayadaw Rocket LPDF တပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ်၊ စခတ အမှတ် ၁၀ မှ ထွက်လာသော အ ကြမ်း ဖက်စစ်တပ် စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းများ ရှာဖွေပြီး ရှင်းလင်းရေး ပြုလုပ်နေစဉ် တူမီးပြောင်း ၃ ပြောင်း၊ မိုင်းလုံးရေ ၁၃ လုံး၊ ရှေ့ထွက်မိုင်း ၉ လုံး၊ စုစုပေါင်းမိုင်း ၂၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး ၃၆၉ အမြှောက်တပ်ဘက်သို့ သယ်ယူကာ ထွက်ခွာသွားကြောင်းသိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ကျင်အားရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လမ်းသွားလမ်းလာပြည်သူအချို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။

စက်တင်ဘာလ ၅ ရက် ညနေပိုင်းတွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာ အနောက်ဘက်သို့ ညကင်း ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်‌သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် မုံရွာမြို့ဘက်မှ အရာတော်မြို့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် သံပြားကာ ထောက်ပို့ရိက္ခာ ကား ၁၇ စီးကို မိုင်းလုံးရေ ၁၈ လုံး၊ တူမီးပြောင်း ၃ ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး နေရာမှာပင် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ ၃၆၉ အ မြှောက်တပ်သို့ တစ်စီး ဝင်ရောက်သွားကြောင်းသိရှိသည်။

ထို့အပြင် ကျန်ကားများသည် အရာတော်ဘက်သို့ ဆက်လက်မောင်းနှင်းသွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ကြောင့်အကြမ်းဖက်စစ်သား အထိအခိုက် သေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ညပိုင်း တွင် ယင်းစစ်ယာဉ်တန်းမှာ မုံရွာမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Ayadaw Rocket LPDF ၊ Eagle Brother တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၂၁ တပ်ခွဲ ၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ နှင့် BGS Ayadaw Drone Force ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Wesite Link - https://ddaynewsmm.com/index.php/2024/09/10/sagaing-news-33/

Telegram Link - https://t.me/ddaynewsmyanmar

Twitter Link - https://twitter.com/DDayNews124968

နွေဦးတော်လှန်ရေး ရုပ်သံသတင်း၊ သီချင်းများကို https://www.youtube.com/c/DDayNews
Youtube Channel တွင် ဝင်ရောက်ကြည့်ရှုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

#အရေးတော်ပုံအောင်ရမည် #စစ်အာဏာရှင်စနစ်ကျဆုံးပါစေ #အရာတော်မြို့နယ် #အကြမ်းဖက်စစ်တပ်

Address


Alerts

Be the first to know and let us send you an email when D-Day News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D-Day News:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share