Yangon University Film Making - YUFM

  • Home
  • Yangon University Film Making - YUFM

Yangon University Film Making - YUFM YUFM is gathered by the students of University of Yangon passionate in video and film creation!We're

08/02/2023

ဘယ်အနုပညာလက်ရာမဆို စိတ်ကူးတစ်ခုကနေ စတင်ပေါ်ပေါက်လာတာပါ။
ဒီစိတ်ကူးတွေကို အကောင်အထည်ဖော်ဆောင်ဖို့ သင်ဟာ အသိပညာနဲ့ အတတ်ပညာ နှစ်မျိုးစလုံးကို ညီမျှစွာအသုံးချဖို့ လိုအပ်ပါတယ်။

ရုပ်ရှင်လက်ရာတစ်ခု ဖန်တီးရာမှာ သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားအားလုံးကို လာရောက်သင်ကြားကြတဲ့သူတွေ သိရှိနားလည်ရုံတင် မဟုတ်ဘဲ ဆန်းသစ်တဲ့ ကိုယ်ပိုင်စိတ်ကူး အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး အနုပညာလက်ရာအဖြစ် ကျွမ်းကျွမ်းကျင်ကျင် လက်တွေ့ဖန်တီးနိုင်စေဖို့ဆိုတာက ကျနော်တို့ စိတ်ကူးအနုပညာကျောင်းရဲ့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။

စိတ်ကူးအနုပညာကျောင်းရဲ့ ဦးဆုံးသင်တန်းအဖြစ် ရုပ်ရှင်အနုပညာလက်ရာတစ်ခု ဖန်တီးရာမှာ အခရာအကျဆုံးဖြစ်တဲ့ ဇာတ်လမ်းတင်ဆက်ပြသမှုကို ရုပ်ရှင်တည်းဖြတ်မှုပညာရပ်မှတဆင့် သင်ကြားပို့ချမှာ ဖြစ်ပါတယ်။

ဒီပထမဦးဆုံးသင်တန်းမှာ သင်ကြားပေးမယ့် ခေါင်းစဉ်တွေကတော့

- ရုပ်ရှင်သမိုင်းအကျဉ်းချုပ်နှင့် အခြေခံရုပ်ရှင်သဘောတရားများ
- ရုပ်ရှင်တစ်ကားဖြစ်မြောက်ရန် ပါဝင်လုပ်ဆောင်သူများနှင့် ၎င်းတို့၏ကဏ္ဍများ
- ဇာတ်လမ်းတင်ဆက်ပြသပုံ သဘောတရားများ
- တည်းဖြတ်ဆော့ဖ်ဝဲလ် အသုံးပြုပုံများ
- ဇာတ်ညွှန်းအခြေပြု စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းများ ဖန်တီးရာတွင် ပါဝင်မည့် သဘောတရားများ
- သုတေသနအခြေပြု မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းများ ဖန်တီးရာတွင် ပါဝင်မည့် သဘောတရားများ

သင်တန်းကာလအတွင်းမှာ ပို့ချသွားမယ့် ရုပ်ရှင်ပညာရပ်သဘောတရားတွေကို သင်တန်းသူ သင်တန်းသားတွေဟာ စိတ်ကူးအနုပညာကျောင်းက စီစဉ်ပေးထားတဲ့ ကျောင်းကွန်ပျူတာတွေမှာ တည်းဖြတ်ဆော့ဖ်ဝဲလ်တွေ အသုံးပြုပြီး လက်တွေ့လေ့ကျင့်ခန်းတွေ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။

Every piece of art is conceived from an idea. To implement this idea, you will need to utilize both knowledge and skill in equal measures.

The primary objective at Seikku School for the Arts is for anyone attending our courses to not just be exposed to and understand all the basic concepts that a filmmaker should know, but to combine this knowledge with unique ideas and philosophy in order to skillfully transform them into artistic creations.

The first course that will be offered at Seikku School for the Arts is to learn about the most fundamental aspects of storytelling, and study it through the discipline of film editing.

The topics that will be covered in the first course are:
- A Brief History of Cinema & Basic Filmmaking Concepts
- Individuals Involved in Completing a Film & Their Roles
- How To Tell A Story
- Learning & Mastering Editing Softwares
- Understanding Storytelling in Script-Based Fiction Films
- Understanding Storytelling in Research-Based Documentary Films

Every person attending this course will put the knowledge they have learned to use by completing exercises with editing softwares on computers provided by Seikku School for the Arts.

Address


Website

Alerts

Be the first to know and let us send you an email when Yangon University Film Making - YUFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share