Lwin Lwin's Creative

  • Home
  • Lwin Lwin's Creative

Lwin Lwin's Creative Digital Service
(1)

23/05/2022

"မသိချင်ယောင်ဆောင်ခြင်းက တခါတရံကောင်း၏" တဲ့။

တခါသား တွတ်ပီနဲ့ ဗိုက်ကလေးတို့ကို မသေးမျှင်က ထုံးစံအတိုင်း ဆူပူသောင်းကျန်းလို့ တောပစ်ထွက်ရတယ်။

ကံဆိုးချင်တော့ တောထဲ ဘာသားကောင်မှ ရမလာခဲ့ဘူး။

အဲဒါနဲ့ တောစပ်မှာ မယောင်မလည်ရှိနေတဲ့ အိမ်မွေးခွေးလေးကို လက်စဖျောက် ကိစ္စတုံး ဆတ်သားအသွင်ပြောင်းလို့ ရွာထဲခပ်တည်တည်နဲ့ ဝင်လာတယ်။

တွတ်ပီ ဆတ်တကောင်ရလာတယ်ပေါ့။

ခွေးကနေ အသွင်ပြောင်းလာတဲ့ဆတ်ကို အခြောက်လှန်းလိုက်တော့
ဆတ်သားခြောက်ဖြစ်ရော။

ဖြစ်ချင်တော့ အဲဒီအသွင်ပြောင်းဆတ်က သူကြီးဘစီအိမ်က ခွေးလေး။

တရက် မနက်ခင်းမှာ သူကြီးဘစီက တွတ်ပီအိမ်ပေါက်ချလာတယ်။

မသေးမျှင်က အသွင်ပြောင်း ဆတ်သားခြောက်နဲ့ ဧည့်ခံတယ်။

"ဦးတွတ်ပီ ခင်ဗျားဆတ်သားခြောက် အတော်ကောင်း" ဆိုပြီး ဘစီက လွှတ်တွယ်။

ဆတ်သားမဟုတ်ဘဲ ခွေးသားမှန်းသာ သိသွားရင် ဘယ်လောက်များ ဒေါသ ဖြစ်လိုက်မလဲပေါ့ ....

မသိခြင်းက တခါတရံ ကောင်းတယ်ဆိုပြီး ဇာတ်လမ်းလေးကို ပုံဖော်သွားတာ။

ကျွန်မတို့လည်း ဘာထူးလဲ။

လောကကြီးအကြောင်း လူတွေအကြောင်း မသိခင်ကဆို

လွတ်လွတ်လပ်လပ် ပျော်ရွှင်ခဲ့ရတယ်။

လောကကြီးအကြောင်း ပိုသိလာလေလေ ပျော်ရွှင်မှုက ဆိတ်သုဉ်းလေ။

===

သစ်တောမရှိ၊ ဆတ်မွေးမြူရေးလုပ်ငန်းမရှိဘဲ ဈေးထဲမှာ ဆတ်သားခြောက်လို့ ပြောရောင်းနေကြတဲ့ နီနီရဲရဲ အသားချောင်းတွေကို ဆတ်သားခြောက်အမှတ်နဲ့ မြိန်ရေယှက်ရေ ဝယ်စားနေကြတဲ့သူတွေကို ကြည့်ပြီး မသိဘူးဆိုတာထက် "မသိချင်ယောင်ဆောင်"တတ်ခြင်းက ပိုအေးချမ်းပါလားလို့ ....

Lwin Lwin's Creative

Address


Website

Alerts

Be the first to know and let us send you an email when Lwin Lwin's Creative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share