Education For Myanmar-EFM

  • Home
  • Education For Myanmar-EFM

Education For Myanmar-EFM For Education

27/07/2023

Townships App
« « « « «:» » » » »
File Size - 2.40MB

(ယခုVersionတွင် မြို့နယ်မြေပုံများ မပါဝင်သေးပါ။)

- မြန်မာနိုင်ငံအလံကိုထိလိုက်ရင် နိုင်ငံနယ်နိမိတ်အကြောင်းပေါ်လာမယ်။

- ပြည်နယ်၊ တိုင်းဒေသကြီးတွေကို ၂စက္ကန့်လောက် ကြာကြာဖိထားလိုက်ရင် တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်းတွေ ပေါ်လာမယ်။

- မြို့နယ်တွေရဲ့ သမိုင်းအကျဉ်းကို သိချင်ရင်တော့ အင်တာနက် ခဏဖွင့်ပြီး ဖုန်းနံပါတ်နဲ့ Signin ဝင်ပေးရပါမယ်။ နောက်ခါဝင်ရင်တော့ အင်တာနက်ဖွင့်စရာ မလိုတော့ပါ။

https://t.me/eduformm/27

***အကြောင်းအရာများထဲတွင် အကြံဉာဏ်ပေးချင်သည်များ ရှိပါက Education For Myanmar-EFM Fb Page Messenger မှာလာပြောပေးနိုင်ပါတယ်ခင်ဗျာ။

Education_For_Myanmar-EFM

26/07/2023

My School App ဝယ်ထားပြီးသူများအတွက်
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
(26.7.2023)

ယခုနှစ် Update version မယူရသေးသူများ
- MySchool App update version လာရောက်ယူနိုင်ပါတယ်။

- စိတ်ဝင်စား အသုံးပြုလိုပါက "(က)စာရင်း App" ကိုလည်းလာရောက်ယူနိုင်ပါတယ်။

- စိတ်ဝင်စားအသုံးပြုလိုပါက STTDictionary App pro version ကိုလည်း လာယူနိုင်ပါတယ်။

* STTDictionary pro versionမှာ ဘာတွေပါသလဲဆိုတော့
ရိုးရိုး version မှာပါတဲ့ သတ်ပုံကျမ်း၊ စကားထာ၊ စကားပုံ၊ ဆိုရိုး၊ Eng Dictionary ၊ မြန်မာအဘိဓာန်အပြင်

>>မြန်မာစာအဖွဲ့က ထုတ်တဲ့ "မြန်မာစာမြန်မာစကား"
>>စကားကြီးဆယ်မျိုး
>> မွေးစားစကားလုံးများ
>> သတ်ပုံမှန်၊မှား
>> စကားနဲ့ ပတ်သက်တာများ

>> အပြင်မှာ ဝယ်ယူဖို့မလွယ်ကူတဲ့ စာအုပ်ဟောင်းများဖြစ်တဲ့ ဆရာ မောင်ခင်မင်(ဓနုဖြူ)ရဲ့ "မြန်မာစကား မြန်မာစာရုပ်ပုံလွှာ"၊ "ငယ်ပေါင်းကြီးဖော်မြန်မာစာနှင့် စာလံုးပေါင်းသတ်ပုံမှန်ကန်ရေး"၊ "ပြည်သူ့အတွက်မြန်မာစကားပြေ"၊

>> ဆရာ လှသမိန်ရဲ့ "ဘန်းစကားအနက်အဓိပ္ပာယ်"။

>> ဆရာမ ခင်နှင်းရည်(ရန်ကုန်တက္ကသိုလ်)ရဲ့ "သတင်းအတတ်ပညာနှင့် မြန်မာစာအသုံးအနှုံးဆက်နွယ်မှု"။
>> ဆရာ လူထုစိန်ဝင်းရဲ့ "နန်းစကားမန်းစကား မြန်မာတို့ရဲ့ မြန်မာစာစကား"။

>>အက္ခရာစဉ်ခြင်းနည်း၊ စာစီစာကုံးရေးနည်း တွေပါဝင်ပါမယ်။
(ကျွန်တော်ကိုယ်ပိုင် သုံးဖို့အတွက်ဆိုပြီး pdf ဖိုင်တွေကို စာပြန်စီထားတာတွေပါ)

26/07/2023

(က)စာရင်းApp ဝယ်ထားပြီးသူများအတွက်
-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
(၂၆.၇.၂၀၂၃)

(က)စာရင်း Updateမှာ ဘာတွေပါလာသလဲ

- အတန်းအချိန်ဇယားတွေ မှတ်ထားနိုင်တယ်။
- ကျောင်းတက်ရာခိုင်နှုန်းတွေကို သိမ်းနိုင် တွက်နိုင်တယ်။
- အမှတ်စာရင်းကို လအလိုက် သိမ်းနိုင်၊ တွက်နိုင်တယ်။

Update versionကို Education For Myanmar-EFM Fbpage messenger မှာ လာရောက်ယူနိုင်ပါတယ်ခင်ဗျာ။

နောက်ထပ် ထွက်ရှိမည့် App>>>>>>>>>>>>>>>>>>>မြို့နယ်ပေါင်း (၃၀၀)ကျော်ရဲ့ သမိုင်းအကျဉ်း၊ တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်း၊ ရ...
05/07/2023

နောက်ထပ် ထွက်ရှိမည့် App
>>>>>>>>>>>>>>>>>>>

မြို့နယ်ပေါင်း (၃၀၀)ကျော်ရဲ့ သမိုင်းအကျဉ်း၊ တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်း၊ ရာသီဥတု၊ ကျေးရွာအုပ်စု၊ မြို့နယ်မြေပုံ စသည်တို့ကို လေ့လာလို့ရမည့် .........

28/06/2023

My School App သုံးနေသူများ အနေဖြင့် MySchoolAppသုံးစွဲရာမှာ အဆင်မပြေမှုများ ရှိပါက Page Messenger မှာ လာပြောပေးပါ ခင်ဗျ။

ယခုနှစ် Update Version ကိုလည်း လာယူနိုင်ပါတယ်။

၂၀၂၃ခုနှစ်အတွင်း ထွက်ရှိသော Applicationများ1. STTDictionary Apphttps://t.me/eduformm/62. မြန်မာသဒ္ဒါ Apphttps://t.me/edu...
26/06/2023

၂၀၂၃ခုနှစ်အတွင်း ထွက်ရှိသော Applicationများ

1. STTDictionary App
https://t.me/eduformm/6

2. မြန်မာသဒ္ဒါ App
https://t.me/eduformm/7

3. ဟောပြောနည်း App
https://t.me/eduformm/8

4. မြန်မာကဗျာ App
https://t.me/eduformm/9

5. G-5 Eng Audio App
https://t.me/eduformm/10

6. G-8 Eng Audio App
https://t.me/eduformm/11

7. G-9 Eng Audio App
https://t.me/eduformm/12

8. G-11 Eng Audio App
https://t.me/eduformm/13

9. G-12 Eng Audio App
https://t.me/eduformm/14

အဆင်မပြေမှုများရှိပါက Education For Myanmar-EFM Telegram Commentတွင်ဖြစ်စေ၊ page Messengerတွင်ဖြစ်စေ မေးမြန်းနိုင်ပါသည်။

Education For Myanmar-EFM

ဒီည Application (၉)ခု Telegramမှာ တင်ပေးပါမယ်။
24/06/2023

ဒီည Application (၉)ခု Telegramမှာ တင်ပေးပါမယ်။

29/05/2023

«« My School App »» Update ရပါပြီခင်ဗျာ

အသုံးပြုနေသူများ ဆက်သွယ်ပေးကြပါ။

Telegram Channel------------------------------👇👇👇👇👇👇👇
18/02/2023

Telegram Channel
------------------------------
👇👇👇👇👇👇👇

အံ့ထူးမော်ကို ရှာပေးပါ           အမှန်တရားဆိုတာ လူတိုင်း လိုချင်တဲ့အရာ…။ လူတိုင်း ပြောတတ်တဲ့အရာ…။ ဒါပေမယ့်… အမှန်တရားကို...
26/01/2023

အံ့ထူးမော်ကို ရှာပေးပါ

အမှန်တရားဆိုတာ လူတိုင်း လိုချင်တဲ့အရာ…။ လူတိုင်း ပြောတတ်တဲ့အရာ…။ ဒါပေမယ့်… အမှန်တရားကို လူတိုင်း ရနိုင်ပါသလား။ ဒါမှမဟုတ် လူတွေနေ့စဉ်ပြောနေကြတဲ့ စကားလုံးတွေထဲမှာ အမှန်တရားအစစ် ဘယ်လောက်များများ ပါဝင်နိုင်ပါသလဲ။ ဖြစ်နိုင်ရင် ကျွန်တော် စမ်းစစ်ကြည့်ချင်တယ်။ ကျွန်တော် အမှန်တရားအစစ်ကို ရှာဖွေကြည့်ချင်တယ်။
ဒီနေရာမှာ ဘာလို့ အမှန်တရားအစစ်လို့ ပြောရသလဲဆိုတော့ တစ်ခါတစ်ရံ အမှန်တရားဟန်ဆောင်တတ်တဲ့ အမှားတွေဟာ အမှန်တရားလို့ ထင်ရအောင်ကို အင်အားကောင်းလွန်းနေတတ်လို့ပါ။ အဲဒီလို အမှန်တရားအတုတွေဟာ တောင်ကျရေများစီးသလို စီးဆင်းလာတဲ့ အခါ၊ အားမကောင်းတဲ့ ကျူပင်၊ မြက်ပင်လို အမှန်တရားတွေဟာ ပြတ်သတ် မြောပါကြရတတ်တယ်။ အောက်ခြေ မြေသားမခိုင်တဲ့ ကမ်းပါးယံလို အမှန်တရားတွေဟာလည်း ပြိုကျပျက်စီးကြရတတ်တယ်။ တောင်ကျချောင်းရေလို အဟုန်ပြင်းစွာ စီးဆင်းလာတတ်တဲ့ လူညီအမှား၊ သို့မဟုတ် အမှန်တရားအတုတွေကို ကျွန်တော်ကတော့ “ရေစီးကမ်းပြိုအမှန်တရား”လို့ အမည်ပေးချင်တယ်…။
ဒီစာဖတ်နေတဲ့ ခင်ဗျားဟာ အမှန်တရားကို အသက်နဲ့ထပ်တူ မြတ်နိုးသူတစ်ယောက်ဆိုရင်တောင်…
အဲဒီလို…
တက်ညီလက်ညီ အင်အားကောင်းကောင်းနဲ့ ဝါးခေါင်းတိုး စီးဆင်းလာတတ်တဲ့ အမှန်တရားအတုတွေကို ရုတ်တရက်ရင်ဆိုင်ရပြီဆိုရင် ခင်ဗျား… ဘယ်လောက်များ တောင့်ခံနိုင်မလဲ။ လူညီရင် ဤကို ကျွဲဖတ်တတ်တဲ့ ဒွန္တယာကြီးမှာ ကိုယ့်ဘဝကို အများရဲ့အပစ်ပယ်ခံ အထီးကျန်သမား မဖြစ်ဖို့အရေး…၊ အများနဲ့အတူ ရောယိမ်းလိုက်၊ ဘသားယိမ်းလိုက်နဲ့ အမှားဆိုတဲ့ မိုးခါးရေကို ခင်ဗျား… (သိသိကြီးနဲ့) ဘယ်နှစ်ကြိမ် သောက်ခဲ့ ပြီးပြီလဲ…။ ကျွန်တော် သိချင်မိပါတယ်…။
ဘာလို့ဆို… ကျွန်တော်က လူတစ်ယောက်ကို ကျွန်တော့်ဘဝတစ်လျှောက်လုံး ရှာဖွေနေခဲ့ရလို့ပါပဲ…။

*** *** ***

အဲဒီလို ဝါးလုံးထိုးစီးလာတဲ့ တောင်ကျချောင်းရေလို အမှန်တရားအတုတွေကို ချောင်းအလယ်မှာရှိတဲ့ ကျောက်ဆောင်ကြီးတစ်ခုလို အမှန်တရားအစစ်အတွက် မတုန်မလှုပ်၊ မယိုင်မလဲ၊ ကြံ့ကြံ့ခံရပ်တည်နိုင်တဲ့ ရဲရဲတောက် လူသားတစ်ယောက်ကို ကျွန်တော်တွေ့ခဲ့ဖူးတယ်။
လူသားဆိုလို့ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်လို့တော့ မထင်လိုက်လေနဲ့။ ကျွန်တော် သူ့ကိုတွေ့ခဲ့တဲ့အချိန်က အမှန်တရားဘက်တော် သား သကောင့်သားဟာ မူလတန်းတက်နေတဲ့ ဆယ်နှစ်အရွယ် ကလေးငယ်လေး တစ်ယောက်ပါ။
သူ့နာမည်က…
အံ့ထူးမော်

***

ပခုက္ကူမြို့၊ အ.မ.က.(၅)။ ဖောင်တော်ဦးကျောင်းလို့လည်း ခေါ်တယ်။ ဘာလို့ဆို ပခုက္ကူမြို့ရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ ဖောင်တော်ဦးဘုရားပွဲ လှည်တဲ့အခါ အဲဒီကျောင်းက ရဲလှေတစ်စီး အမြဲတမ်းပါတယ်။ ကျောင်းသားလေးနှစ်ယောက်က ရဲလှေရဲ့ထိပ်မှာ မင်းသားဝတ်စုံနဲ့က။ ကျန်တဲ့ကျောင်းသား နှစ်ဆယ်လောက်က လူပျိုတော်သားဝတ်စုံနဲ့ လှေဘောင်တစ်ဖက်တစ်ချက်မှာ လှော်တဲ့ဟန်လုပ်။ နောက်ကျောင်းသားနှစ်ယောက်က အမတ်ဝတ်စုံနဲ့ လှေပဲ့ပိုင်းမှာ တက်မကိုင်ရင်း ရပ်ကြည့်နေတဲ့ မြို့သူ/မြို့သားတွေကို ပြောင်ပြနဲ့။ ဖောင်တော်ဦးကျောင်းကရဲလှေယိမ်းဟာ သိပ်ကြည့်လို့ကောင်းတယ်။
ရဲလှေလို့ခေါ်တဲ့ လှေကြီးကလည်း အဲဒီခေတ်က ချက်ပလက်တစ်စီးစာ မကဘူး။ လှေဦးနဲ့ လှေပဲ့တွေဟာ ချက်ပလက်ကားကြီးရဲ့ ရှေ့နဲ့နောက်မှာ နှစ်ပေလောက်စီ ထွက်နေတယ်မှတ်တာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း လေးတန်းကျောင်းသားဘဝ အမှတ်ငါးကျောင်းရဲ့ မူလတန်းနောက်ဆုံးနှစ်မှာ အဲဒီ ရဲလှေကြီးနဲ့ မင်းသားကခဲ့ဘူးတယ်။ ဖောင်တော်ဦးကျောင်းလို့ အမည်တွင်ရတာဟာ အဲဒီရဲလှေကြီးရဲ့ အောင်မြင်မှုကြောင့်ပါ။
အဲဒီရဲလှေကြီးကလည်း အစဉ်အလာကြီးသလားမမေးနဲ့။ ကျန်တဲ့ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းနဲ့ တတိယတန်းက ကလေးတွေဟာ ရဲလှေပေါ်မှာ ပါဝင်ခွင့်မရဘူး။ ဖောင်တော်ဦးကျောင်းရဲ့ ကျောင်းအုပ် ဆရာကြီး ဦးစောကိုယ်တိုင်သင်တဲ့၊ မူလတန်းနောက်ဆုံးနှစ်ကျောင်းသား လေးတန်းတက်နေတဲ့ ကလေးတွေသာ ပါဝင်ရတယ်။
အံ့ထူးမော်ရဲ့ ကလေးအရွယ်နဲ့ မလိုက်အောင် သူ့အမှန်တရားကို ရဲရဲတောက် ကာကွယ်ခဲ့ပုံကလည်း အမှတ်ငါးကျောင်းရဲ့ လေးတန်းကျောင်းသားဘဝမှာ ကြုံခဲ့ရတာလေ။ ကျွန်တော် ဒီအဖြစ်အပျက်ကို အခုချိန်ထိမမေ့ဘူး။
ကလေးအရွယ်နဲ့ မလိုက်အောင် သူ့အမှန်တရားကိုသူ တန်ဖိုးထားတတ်လွန်းတဲ့ အံထူးမော်ရယ်။ အမှားတစ်ခုကို အမှန်တရားလို့ တညီတညာတည်း ဟစ်ကြွေးပြီး အံ့ထူးမော်ကို လှောင်ပြောင်ဝိုင်းပယ်ခဲ့ကြတဲ့ ဖောင်တော်ဦးကျောင်းက လေးတန်းကျောင်းသားတွေရယ်။ စည်းကမ်းကုလားနား တင်းကြပ်လွန်းပြီး တစ်ခါရိုက်ရင် အနည်းဆုံး ကြိမ်လုံးသုံးချောင်းလောက် ကုန်အောင်ဗျင်းတတ်တဲ့ ကျောင်းအုပ်ဆရာကြီး ဦးစောရယ်။ နောက်ပြီး အံ့ထူးမော်နဲ့အတူ အမှန်တရားကို သိပါရက်နဲ့ အများအင်အားနဲ့ ဆရာစောရဲ့ ကြိမ်လုံးဒဏ်ကို ကြောက်ပြီး အမှားဖက်ကို ဘက်ပြောင်းပစ်လိုက်တဲ့ ကျွန်တော်ရယ်…။ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တွေပါဗျာ…။

***

“ဟေ့ကောင်တွေ မနေ့က ဆရာကြီးပေးလိုက်တဲ့ အိမ်စာ မင်းတို့ အဖြေဘယ်လောက်ရကြလဲ”
“၂း၁၄”
“အေး… ငါလည်း ၂း၁၄”
“ငါလည်း ၂း၁၄ ပဲ”
“ငါတို့လည်း အတူတူပဲ”
ကျောင်းသားတစ်ယောက်က အခန်းထဲကို လှမ်းဝင်လာရင်း မေးလိုက်တယ်ဆိုရင်ပဲ စတုတ္ထတန်း ကျောင်းသား/ကျောင်းသူအားလုံးဟာ တစ်ယောက်တစ်ပေါက် ဖြေလိုက်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဖြေအားလုံးကတော့ အတူတူပါပဲ။
မနေ့က ဆရာကြီးဦးစောက ကျွန်တော်တို့ကို သင်္ချာအိမ်စာတစ်ပုဒ်ပေးလိုက်ပါတယ်။ အချိန်ကိုတွက်ရ တဲ့ ပုစ္ဆာပါ။ မနက်ပိုင်းဆိုရင် ဆယ့်နှစ်နာရီကို စံထားပြီးတွက်ရပါတယ်။ နေ့လည်ဆယ့်နှစ်နာရီကနေ ညဆယ့်နှစ်နာရီထိဆိုရင်တော့ နှစ်ဆယ့်လေးနာရီကို စံထားရပါမယ်။ ဒီအချိန်ပုဒ်စာတွေကို မနေ့က ဆရာကြီးက သူကိုယ်တိုင် အကြိမ်ကြိမ်တွက်ပြပြီးပါပြီ။ ကျောင်းဆင်းတော့ အိမ်စာတစ်ပုဒ် ပေးလိုက်တာပါ။ အိမ်စာပေးရင်းနဲ့ ဆရာကြီးက ကျွန်တော်တို့ကို မှာလိုက်ပါသေးတယ်။
“ကျောင်းမှာ ငါကိုယ်တိုင် မင်းတို့ကို အကြိမ်ကြိမ် တွက်ပြပြီးသား။ ဒီတော့ အခုပေးလိုက်တဲ့ အိမ်စာကို မင်းတို့အားလုံး အိမ်ကနေ မှန်မှန်ကန်ကန် ဖြစ်အောင် သေချာတွက်ခဲ့ကြ။ မနက်ဖြန်ကျောင်းရောက်လို့မှ အိမ်စာမပြီးဘူးဆိုရင် မပြီးတဲ့ကျောင်းသားကို ကြိမ်လုံးနဲ့ ငါးချက်ရိုက်မယ်။ အဖြေ မှားတွက်လာရင်လည်း အရိုက်ခံရမယ်။ ငါကိုယ်တိုင် သေချာနားလည်အောင် သင်ပေးပါရက်နဲ့ မှားလာတယ်ဆိုရင်၊ အဲဒီကျောင်းသားဟာ ငါသင်နေတုန်းက သေချာနားမထောင်လို့ပဲ။ ဒါ့ကြောင့် အဖြေမှားရင် သုံးချက်အရိုက်ခံ ရမယ်။ ဒါပဲ…”
ကျွန်တော်တို့ စတုတ္ထတန်းကျောင်းသား/ကျောင်းသူ အကုန်လုံးဟာ ဆရာကြီးဦးစောဆိုရင် တုန်နေအောင် ကြောက်ရပါတယ်။ ဆရာကြီးက ဖောင်တော်ဦးကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်သလို၊ စည်းကမ်းလည်းကြီး၊ အရိုက်လည်း ကြမ်းပါတယ်။
ဖောင်တော်ဦးကျောင်းမှာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနဲ့ စတုတ္ထတန်းဆိုပြီး အတန်းငါးတန်းရှိပါတယ်။ အတန်းအားလုံးဟာ ကျောင်းသားဦးရေ ငါးဆယ်ခြောက်ဆယ်လောက်သာ ရှိပြီး တစ်တန်းကို တစ်ခန်း၊ ဆရာ/ဆရာမ တစ်ယောက်ပဲ သင်ပါတယ်။ သူငယ်တန်းကနေ တတိယတန်းအထိ ကျောင်းသားတွေ အတန်းတက်ရင် ဆရာ/ဆရာမတွေပါ လိုက်ပြီးအတန်းတက်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ကို သူငယ်တန်းမှာ သင်တဲ့ဆရာ/ဆရာမဟာ တတိယတန်းအထိ ဒီဆရာ/ဆရာမပါပဲ။ လုံးဝ မပြောင်းပါဘူး။
အဲ… ကျောင်းသားတွေ တတိယတန်းအောင်လို့ စတုတ္ထတန်းတက်ရင်တော့ တတိယတန်းက ဆရာ/ဆရာမဟာ သူငယ်တန်းပြန်ဆင်းပြီး ဖောင်တော်ဦးကျောင်းကို အသစ်ရောက်လာတဲ့ ကလေးတွေကို သင်ရပါတယ်။ ဒိလိုနဲ့ ဆရာ/ဆရာမတွေဟာ သူငယ်တန်းကနေ တတိယတန်းအထိ သင်လိုက်၊ တတိယတန်းပြီးရင် သူငယ်တန်းပြန်ဆင်း သင်လိုက်နဲ့ လည်ပတ်နေပါတယ်။
ဖောင်တော်ဦးကျောင်းရဲ့ အတန်းကြီးဖြစ်တဲ့ စတုတ္ထတန်းကိုတော့ ဘယ်ဆရာ/ဆရာမမှ မသင်ရပါဘူး။ ကျောင်းအုပ်ဆရာကြီးကပဲ သူကိုယ်တိုင် အတန်းပိုင်လုပ်ပြီး စာသင်ပါတယ်။ အဲဒီအချိန်က အစိုးရရဲ့ ပညာရေးစနစ်အရ စတုတ္ထတန်းကလည်း အစိုးရစစ်ဆိုတော့ အတော်အရေးပါပါတယ်။ နောက်ပြီး အဲဒီအချိန်က ဖောင်တော်ဦးကျောင်းဟာ စတုတ္ထတန်းအောင်ချက်မှာ တန်းလုံးကျွတ်အောင်မြင်တာ ငါးကြိမ်မက ရှိမယ်ထင်ပါ တယ်။ ဆရာကြီးဦးစော စရောက်ကတည်းက ဆိုပါတော့။
ဆရာကြီးဦးစောရဲ့ပုံစံက အသားညိုညို၊ ခပ်ဝဝ။ မျက်နှာက ခပ်ဝိုင်းဝိုင်း။ ဆံပင်ကို အမြဲတန်း ကတုံးဆံတောက်ကေပဲ ထားတယ်။ ကွမ်းတပြစ်ပြစ် ဝါးသေးတယ်။ ကွမ်းဝါးလွန်းလို့ ထင်ပါရဲ့။ အင်္ဂလိပ်စာကို ပီပီသသ အသံမထွက်နိုင်ဘူး။ ဒီတော့ ဆရာကြီးက မြန်မာစာ၊ သင်္ချာနဲ့ တစ်ခြားဘာသာတွေကို သင်ပြီး၊ အင်္ဂလိပ်စာကို ဆရာမတစ်ယောက်က သင်ပေးတယ်။

***

ဆရာကြီးဦးစောရဲ့ စည်းကမ်းကောင်းမှု၊ အရိုက်ကြမ်းမှု၊ ကျောင်းသားအောင်ချက်ကောင်းမှုတွေဟာ ဖောင်တော်ဦးကျောင်းရဲ့ ဂုဏ်သတင်းကို ပိုပြီးတော့ မွှေးပျံ့စေခဲ့တယ်။
တစ်ခါတစ်ခါ ဆရာကြီးဦးစောဟာ သူ့ရှေ့က စားပွဲမှာ ကြိမ်လုံးငါးလုံးလောက်ကို တင်ပြီး ဘာစကားမှမပြောပဲ ကျောင်းသား/ကျောင်းသူတွေကို စီးကြည့်ပြီး ကွမ်းတမြုံ့မြုံ့ဝါးနေတတ်တယ်။ အဲလိုအချိန်မျိုးဆို ကျွန်တော်တို့အားလုံးဟာ ဆရာကြီးကို မျက်လုံးချင်းဆိုင် မကြည့်ဝံတာနဲ့ကို လွယ်အိပ်ထဲက စာအုပ်တွေကို ထုတ်ပြီး စာကြက်ချင်ယောင် ဆောင်ကြရတယ်။
အဲလောက်ကြောက်ရတဲ့ ဆရာကြီးက ကျွန်တော်တို့ကို အိမ်စာပေးလိုက်တယ်။ တစ်တန်းလုံး ဘယ်သူမှ မလုပ်ပဲ မနေရဲဘူး။ အိမ်မှာ ပုစ္ဆာကို နားမလည်လို့ပဲ ဖြစ်ဖြစ်၊ အဆော့မက်လို့ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့တဲ့သူတွေ လည်းရှိပါတယ်။ သူတို့က ကျောင်းကို စောစောလာပြီး အိမ်စာလုပ်ခဲ့တဲ့ကျောင်းသားတွေဆီက တစ်ဆင့်ပြန်ကူးကြတာပေါ့။
ဆရာကြီးဦးစောက အိမ်စာပေးရုံတင်မက အဖြေလည်းမှန်ရမယ်လို့လည်း မှာလိုက်သေးတယ်။ ဒီတော့ အဖြေကို ကျောင်းမတက်ခင်မှာ အချင်းချင်းတိုက်ကြည့်ကြရပြန်တယ်။ အားလုံးရဲ့ အဖြေတွေဟာ ၂း၁၄။ အကုန်လုံးက အဖြေဖြေအတူတူပဲ။ ကျွန်တော် တန်းသိလိုက်တယ်။ ဒါဟာ သူတို့အားလုံး မနက်ပိုင်း စံအချိန် ဆယ့်နှစ်နာရီနဲ့ တွက်ထားတာ။ အမှန်က ဒီပုစ္ဆာဟာ နေ့လည်ပိုင်းစံအချိန် နှစ်ဆယ့်လေးနာရီနဲ့ တွက်ရမှာ။
ပုစ္ဆာထဲမှာ နေ့လည်ဆိုတာကို အလွယ်တကူမသိအောင် လှည့်စားပြီး မေးထားတယ်။ ကျောင်းသားရဲ့ ဥာဏ်ရည်ကို စမ်းတဲ့သဘော နေမှာပေါ့။ ကျွန်တော်က သူတို့နဲ့ မတူဘူး။ နှစ်ဆယ့်လေးနာရီနဲ့ တွက်ထားတော့ အဖြေက တစ်မျိုးဖြစ်နေတယ်။ ဒါပေမယ့် ရှိသမျှကျောင်းသားအားလုံးက အဖြေအတူတူဖြစ်နေတော့ ‘ငါများ မှားသလား’ဆိုတဲ့ စိုးရိမ်စိတ်နဲ့ လွယ်အိပ်ထဲက ပုံနှိပ်စာအုပ်ကို ထုတ်ပြီး ပုစ္ဆာကို ပြန်ဖတ်ကြည့်မိတယ်။ ‘ဟုတ်ပါတယ်… မှန်ပါတယ်… နှစ်ဆယ့်လေးနာရီနဲ့ တွက်ရမှာပါ’။ ကိုယ့်ကိုယ်ကို ပြန်အားပေးနေမိတယ်။
ဒီလောက်နဲ့လည်း ကျွန်တော့်စိတ်က စိုးရိမ်စိတ်မပြယ်သေးဘူး။ အကုန်လုံး အဖြေတိုက်ရင်း ဆူညံနေတဲ့ ကျောင်းခန်းတစ်ခုလုံးကို ပတ်ကြည့်မိတယ်။ ကျွန်တော့်ရဲ့ မျက်လုံးတွေက အတန်းရဲ့ နောက်ဆုံး စာသင်ခုံမှာ ဖတ်စာအုပ်တစ်အုပ်ကို အေးအေးလူလူထုတ်ဖတ်နေတဲ့ အံ့ထူးမော်ကို သွားတွေ့တယ်။

***

အံ့ထူးမော်ရဲ့ပုံက တော်တော်ထူးခြားတယ်။ ဒီလောက်ကျောင်းသား/ကျောင်းသူတွေ စာအုပ်တွေကိုယ်စီဖွင့်ပြီး အဖြေတိုက်နေကြတာတောင် သူကတော့ သူနဲ့ မဆိုင်သလို လုံးဝ အေးအေးဆေးဆေးပဲ။ သူ့ဘေးနားမှာ ပွက်ပွက်ညံအောင် အဖြေတိုက်ကြ၊ ရယ်ကြ၊ မောကြ လုပ်နေကြတဲ့ ကျောင်းသား/ကျောင်းသူ တွေရဲ့ အသံကို သူက မကြားသလိုပဲ။ ပုံနှိပ်စာအုပ်တစ်အုပ်ကိုသာ သဲကြီးမဲကြီး ဖတ်နေတယ်။
အံ့ထူးမော်က အတန်းရဲ့ နောက်ဆုံးတန်းမှာသာ အမြဲထိုင်ပြီး ကျွန်တော်က အတန်းရဲ့ ရှေ့ဆုံးခုံမှာ ထိုင်ပါတယ်။ ကျွန်တော်တို့ ဖောင်တော်ဦးကျောင်းမှာ ကျောင်းသားငါးယောက်လောက် ရင်ဘောင်တန်းထိုင်လို့ရတဲ့ ခုံတန်းရှည်တွေကိုသာ သုံးပါတယ်။ ဒါဟာ စာရေးဖို့ စားပွဲခုံပါပဲ။ ထိုင်စရာခုံ လုံးဝမရှိပါဘူး။ ဖျာကြမ်းတွေ ခင်းပေးထားပြီး ဖျာကြမ်းပေါ်မှာ စာရေးဖို့ ခုံတန်းရှည်တွေကို စီခင်းထားတယ်။
ခုံတန်းရှည်တွေကို တစ်ဖက်ငါးခုံ ဒါမှမဟုတ် ခြောက်ခုံလောက် နှစ်တန်း တန်းစီခင်းထားတယ်။ အဲတော့ ခုံတန်းရှည်အတန်းဟာ နှစ်ခြမ်းဖြစ်သွားတယ်။ ဘယ်ဘက်ခြမ်းက မိန်ကလေးတွေ ထိုင်ပြီး၊ ညာဘက်ခြမ်းက ကျွန်တော်တို့ ယောက်ျားလေးတွေ။ အားလုံးဟာ ထိုင်ခုံမပါတော့ ဖျာပေါ်မှာပဲ ပျဉ်ပြင်ခွေထိုင်ပြီး စာသင်ကြရတယ်။
ကျွန်တော်လည်း အံ့ထူးမော်ထိုင်နေတဲ့ နောက်ဆုံးတန်းကို သွားလိုက်တယ်။ ပြီးတော့ နောက်ဆုံးတန်းရဲ့ စာရေးခုံတန်းရှေ့ အံ့ထူးမော်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။ သူက ကျွန်တော် ရောက်လာတာတောင် ကျွန်တော့်ကို မော့မကြည့်ပဲ၊ သူ့ရှေ့ခုံတန်းပေါ်က ပုံနှိပ်စာအုပ်ကိုသာဖတ်နေပါတယ်။

***

“အံ့ထူးမော်”
အံ့ထူးမော်က ဖတ်လက်စ စာအုပ်ကနေ အကြည့်ကိုခွာ၊ ခေါင်းကိုမော့ပြီး ကျွန်တော့်ကို ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်။ သူ့မျက်နှာက တစ်လောကလုံးကို ထီမထင်သလို။ ဒါဟာ အံ့ထူးမော်ရဲ့ စတိုင်ပါပဲ။
ဖအေက ဆိုက္ကားသမား။ မအေက ပဲပြုတ်သယ်။ ချို့တဲ့လွန်းတဲ့သူ့ဘဝကို အထင်သေးပြီး တစ်ခြားကျောင်း သားတွေ မနှိမ်ဝံ့အောင် မျက်နှာမှာ မာန်မာနကို အမြဲမောင်းတင်ထားသလားမှတ်ရပါတယ်။ အသားလတ်လတ်။ ဆံပင်က ဘိုကေတို။ မျက်လုံးတွေက ခပ်မှေးမှေး။ ကျောင်းသားချင်း ကြည့်တဲ့အခါ မျက်လုံးတွေကို တမင်မှေးထားသလို ထင်ရအောင် အကြည့်မျိုးနဲ့ ကြည့်တတ်တယ်။
အခုလည်း ကျွန်တော့်ခေါ်သံအဆုံးမှာ သူ့မျက်လုံးမှေးမှေးတွေနဲ့ မော့ကြည့်ပြီး တစ်ဆက်တည်း မေးကို ဆတ်ပြလိုက်တယ်။ သူ့နုတ်ခမ်းကလည်း ထီမထင်သလို အတွန့်အကွေးလေးက ပေါ်လို့။ ဒါ အံ့ထူးမော်ရဲ့ စတိုင်ပဲလေ။
သူ့စတိုင်ကို အလွတ်ရနေတဲ့ ကျွန်တော်တောင် ရုတ်တရက်မြင်လိုက်ရတော့ လာရင်းကိစ္စကို မေ့ပြီး ဘာပြောရမှန်းမသိပဲ၊ ပြန်စဉ်းစားနေရတယ်။ သူ့အနားရောက်လာ။ သူ့နာမည်ကို ခေါ်ပြီးမှ ဘာမှမပြောပဲ ကြောင်တောင်တောင် လုပ်နေတဲ့ ကျွန်တော့်ကို အံ့ထူးမော်က စိတ်မရှည်သလို မေးလိုက်တယ်။
“ဟ ဘာလဲကွ တင့်လွင်စိုးရ…”
“ဟို… အဲ… ဒီလိုကွာ… မနေ့က ဆရာကြီးပေးလိုက်တဲ့ အိမ်စာ အဲ… အဲ… အဲဒါ… မင်းတွက်ခဲ့လားလို့…”
ကျွန်တော် ဟာ သူ့အမေးကို အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်မိတယ်။ အံ့ထူးမော်က သူ့ရဲ့ မဲနက်နေတဲ့ မျက်ခုံးနှစ်ခုကို အတွန့်ကွေးလေးပေါ်အောင် မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး ကျွန်တော့်ကို ပြန်မေးတယ်။
“ဟေ့ကောင်… မင်းက မတွက်ခဲ့ရသေးဘူးလား။ ဘာလဲ မတွက်တတ်လို့ ငါ့ဆီက ကူးချမလို့လား။ ဒီမှာ သူငယ်ချင်း ဒါမျိုးတော့ ငါလုံးဝ အားမပေးဘူး။ မင်းမတွက်တတ်ရင် တွက်နည်းပြောပြမယ်။ ငါ့ထဲကတော့ အကူးမခံဘူးကွ…”ဆိုပြီး အံထူးမော်က ကျွန်တော် ပြန်ပြောချိန်မရအောင် ရေပက်မဝင် ပြောချလိုက်ပါတယ်။ အံ့ထူးမော်က အဲသလို အကောင်။
“မဟုတ်ပါဘူး အံ့ထူးမော်ရာ။ ငါ တွက်လည်း တွက်တတ်တယ်။ တွက်လည်း တွက်ခဲ့ပါတယ်။ မင့်ဆီ အခု ငါလာတာက အဖြေတိုက် ချင်လို့ပါ။”
“ဟ… ဘာအဖြေတိုက်စရာလိုလည်းကွ။ တွက်နည်းမှန်ရင် အဖြေမှန်မယ်။ တွက်နည်းမှားရင် အဖြေမှားမယ်။ ဘာမှ တိုက်စရာမလိုဘူး။”
“ဒါတော့ ဒါပေါ့ကွာ။ ဒါပေမယ့် တစ်တန်းလုံးက ဆယ့်နှစ်နာရီနဲ့ တွက်ထားပြီး ငါက နှစ်ဆယ့်လေးနာရီနဲ့ တွက်ထားတော့ သူတို့နဲ့ ငါနဲ့ အဖြေက မတူဘူး ဖြစ်နေတယ်။ အဲဒါ မင့်အဖြေနဲ့ များတူမလားလို့ ငါက တိုက်ကြည့်ချင်လို့ပါ။”
ကျွန်တော့် စကားကို ကြားတယ်ဆိုရင်ပဲ အံ့ထူးမော်ဟာ ကလေးတစ်ယောက်နဲ့ မလိုက်ဖက်တဲ့ သူ့စတိုင်အတိုင်း နုတ်ခမ်းထောင့်စွန်းလေးကို အနဲငယ်ကွေးပြီး မခိုးမခန့် ပြုံးလိုက်ပါသေးတယ်။ ပြုံးလို့ အားရလောက်ပြီဆိုမှ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ပြီး အောက်ပါစကားတွေကို တစ်လုံးချင်း ပြောချလိုက် တယ်။
“တင့်လွင်စိုးရယ် ငါပြောပြီးပြီပဲ။ မင့်တွက်နည်းမှန်ရင် အဖြေမှန်မယ်။ တွက်နည်းမှားရင် အဖြေမှားမယ်။ ငါနဲ့ အဖြေတိုက်တော့ရော ငါက ဟိုကောင်တွေလို ဆယ့်နှစ်နာရီနဲ့ တွက်ထားရင် မင်း ဘယ်လိုလုပ်မလဲ။ မင့်အဖြေကို ငါနဲ့တူအောင် လိုက်ပြင်မှာလား။ အေး အဲလို ပြင်မယ်ဆိုရင် ငါပြမယ်။ မဟုတ်ရင် မပြဘူး။ အိုကွာ… ရှုပ်ပါတယ်။ မှားမှားမှန်မှန် ကိုယ်ကိုယ်တိုင် တွက်ထားတာက ကိုယ့်အဖြေပါပဲ။ ပြလည်း မပြဘူး။ ပြင်လည်း မပြင်နဲ့။ သွားတော့… သွားတော့…။ ငါ… စာကျက်နေတာ လာမနောက်ယှက်နဲ့…”

***

နောက်ဆုံးတော့….
ကျွန်တော်ဟာ အံ့ထူးမော် ဘယ်လိုတွက်ထားတယ်။ သူ့အဖြေက ဘယ်လောက်ဆိုတာ မသိခဲ့ရပဲ၊ သူ့အနားက ခွာခဲ့ရပါတယ်။ ကျွန်တော့် နေရာ ကျွန်တော် ပြန်ရောက်တော့ ကျွန်တော်နဲ့ အဖြေတူတဲ့ လူများရှိနေမလားဆိုတဲ့ စိတ်နဲ့ ကျွန်တော်ဟာ နောက်မှ ရောက်လာတဲ့ တစ်ခြားကျောင်းသားတွေနဲ့ အဖြေတိုက်ကြည့်ပါသေးတယ်။ အားလုံးဟာ အတူတူပါပဲ။ တစ်ယောက်မကျန် ၂း၁၄ပါ…။ ကျွန်တော် တစ်ယောက်တည်းသာ…။
ကျွန်တော်ဟာ စဉ်းစားရင်းနဲ့ ကြောက်လာတယ်။ ကျောင်းကမတက်သေးတော့ ဆရာကြီးဦးစောလည်း ရောက်မလာသေးပါဘူး။ ဒါပေမယ့် ဆရာကြီးဦးစောရဲ့ လက်နက်ကိရိယာတွေဖြစ်တဲ့ မြေဖြူဗူးရယ်၊ သင်ပုန်းဖျက်ရယ်၊ ကြိမ်လုံးငါးချောင်းရယ်ကတော့ ဆရာကြီးရဲ့ စားပွဲပေါ်မှာ အဆင်သင့် နေရာယူထားပြီးပါပြီ။ ဆရာကြီးမလာခင်မှာ အတန်းခေါင်းဆောင် ကျောင်းသားက ဗီရိုထဲက ဆရာကြီးရဲ့ လက်နက်ပစ္စည်းတွေကို ထုတ်ထားပေးတာပါ။
အရင်နေ့တွေက အဲဒီပစ္စည်းတွေကို မြင်ရင် ကျွန်တော့်ရင်ထဲ ဘယ်လိုမှ မခံစားရပါဘူး။ အခုတော့ ကျွန်တော့်ရင်ထဲမှာ အဲဒီပစ္စည်းတွေဟာ ဂျပန်ကင်ပေတိုင်ရုံးက ပလာယာတွေ၊ ရေနွေးခရားတွေ၊ ကြာပွတ်ကြီးတွေကို ကြည့်နေရသလိုပါပဲ။ ကျွန်တော့်ကို ကျွန်တော်လည်း ဖက်ဆစ်တော်လှန်ရေး ဇာတ်ကားထဲက ဘုမသိ၊ ဘမသိ အနှိပ်စက်ခံရမယ့် တော်လှန်ရေးသမားတစ်ယောက်လို မြင်လာပါတယ်။ တကယ်လည်း ကျွန်တော်ဟာ အများစုနဲ့ အဖြေမတူသော တော်လှန်သူတစ်ယောက်၊ ပုန်ကန်သူတစ်ယောက် ဖြစ်နေပြီလေ။ ဒီကြားထဲ အံ့ထူးမော်က ပြောလိုက်သေးတယ်။
“ငါက ဟိုကောင်တွေလို ဆယ့်နှစ်နာရီနဲ့ တွက်ထားရင် မင်း ဘယ်လိုလုပ်မလဲ။ မင့်အဖြေကို ငါနဲ့တူအောင် လိုက်ပြင်မှာလား။”တဲ့…
သူ့စကား အသွားအလာကြည့်ရတာ သူလည်း ကျန်တဲ့ကျောင်းသားတွေနဲ့ အဖြေတူချင် တူနေနိုင်တယ်။ တကယ်လို့များ သူလည်း ကျန်တဲ့ကျောင်းသားတွေလို ဆယ့်နှစ်နာရီနဲ့ တွက်ထားရင်၊ နှစ်ဆယ့်လေးနာရီ စံအချိန်နဲ့ ပုစ္ဆာကိုတွက်ခဲ့တာ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေမှာပေါ့။
ဒီကြားထဲ ကျွန်တော်နဲ့ တစ်ခုံတည်းထိုင်တဲ့ ကျွန်တော့်သူငယ်ချင်းတွေကလည်း ကျွန်တော့်ကို ဝိုင်းပြောကြတယ်။ ကျွန်တော့် အဖြေဟာမှားသတဲ့။ ကျွန်တော်နဲ့ တူတဲ့သူ တစ်တန်းလုံးမှာ ဘယ်သူမှ မရှိဘူးဆိုပဲ။ ယောက်ျားလေးတွေတင်မက ကောင်မလေးအုပ်စုထဲမှာလည်း ကျွန်တော်နဲ့ အဖြေတူတဲ့သူ မရှိဘူးဆိုပဲ။ အင်း… ဖြစ်နိုင်ပါတယ်။
ကျွန်တော့်ရဲ့ ဆယ်နှစ်သားဆိုတဲ့ဘဝအတွေ့အကြုံအရ တစ်ယောက်စ နှစ်ယောက်စ အမှားမျိုးကိုသာ ကျွန်တော် တွေ့ဖူးခဲ့ပေမယ့်၊ အခုလို တညီတညွတ်တည်း တစ်တန်းလုံး မှားတာမျိုးကိုတော့ ကျွန်တော်လည်း မတွေ့ဖူးသေးဘူးလေ။
အကယ်၍ တစ်တန်းလုံးမှားတယ်ဆိုရင်တောင် ဆရာကြီးက ကျောင်းသားလေးငါးခြောက်ဆယ် ကိုတော့ တန်းစီမရိုက်လောက်ပါဘူး။ ရိုက်လည်းရိုက်နိုင်မှာ မဟုတ်ဘူး။ သူ့ခမျာ လက်အံသေအောင်၊ လက်ညောင်းအောင် ရိုက်ရမှာ။ ဒီလောက်တော့ ဆရာကြီးအနေနဲ့ အပင်ပန်းခံနိုင်လိမ့်မယ် မထင်ဘူး။ တကယ်လို့ တစ်တန်းလုံးက မှန်ပြီး ငါတစ်ယောက်တည်း မှားနေရင်တော့ ငါ့ကို ဆရာကြီးက အသေရိုက်မှာ။ တွေးရင်း… တွေးရင်းနဲ့ ကျွန်တော် ကြောက်လာတယ်။
အမှန်ဆို အဲဒီနေ့က အဖြေတိုက်ချင်လို့ ကျောင်းကို စောစောလာခဲ့မိတာ။ ကလေးသဘာဝပေါ့ဗျာ။ ကျောင်းက ပေးလိုက်တဲ့အိမ်စာကို ကိုယ်က ပြီးအောင်တွက်လာခဲ့တယ်ဆိုရင် ကျောင်းကို စောစောရောက်ချင် တတ်ကြတယ်။ အဖြေတိုက်ချင်ကြတယ်။ မပြီးသေးတဲ့သူကိုတွေ့ရင် ကိုယ်ကပြီးအောင် တွက်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူမှုမျိုးနဲ့ ကြွားချင်တတ်ကြတယ်။ ကိုယ့်တွက်တာက သူများတွေနဲ့တူပြီး အဖြေမှန်ရရင်လည်း ပျော်ရွှင်တတ်ကြတယ်။
အခုတော့ ခက်ပြီ။ ကျွန်တော့်အဖြေဟာ ဘယ်သူနဲ့မှ မတူတဲ့အပြင်၊ ကိုယ်မှန်တယ်လို့ တစ်ထစ်ချ ထင်ထားခဲ့တဲ့ တွက်နည်းကိုတောင် မှန်လား၊ မှားလား မဆုံးဖြတ်နိုင်တော့အောင် ကျွန်တော့်စိတ်မှာ ကြောက်ရွံ့ စိတ်က လွှမ်းမိုးလာတယ်။ အများနဲ့တစ်ယောက်ဖြစ်နေတော့ အားငယ်ဝမ်းနဲတဲ့စိတ်အခံကလည်း ပြင်းပြင်းထန် ထန် ရုန်းထလာတယ်။
နောက်ဆုံးတော့…
ကျွန်တော်အိမ်ကတွက်လာခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်လုံးကို ဖျက်ပြီး၊ ဆယ်နှစ်နာရီစံအချိန်နဲ့ တစ်ပုဒ်လုံး ပြန်တွက်ပစ်လိုက်တယ်။ အဲဒီတော့မှ ကျွန်တော့်စိတ်တွေဟာ လွတ်လပ်ပေါ့ပါးပြီး သူများနဲ့တန်းတူ ဖြစ်သွားသလို ခံစားလိုက်ရတယ်။
ကဲ…. ကျောင်းကြီးရေ… တက်ပါတော့။ ဆရာကြီးလည်း လာပါတော့။ ကျွန်တော်လည်း အများနဲ့အတူ မှန်ရင်လည်း မှန်ကြရုံ။ မှားတော့လည်း တညီတညာတည်း မှားကြတာပေါ့။ ကျွန်တော် မကြောက်တော့ပါဘူး။ တစ်တန်းလုံးရဲ့ အဖြေက မှားနေရင်တောင် ဆရာကြီးဟာ သူ့အတန်းသားတွေ အကုန်လုံးကို တစ်ယောက်မကျန် ရိုက်ရလောက်အောင်တော့ မေတ္တာခေါင်းပါးလိမ့်မယ် မဟုတ်ပေဘူး။
ကျွန်တော် တွေးနေတဲ့အချိန်မှာပဲ ကျောင်းတက်ခေါင်းလောင်းသံနဲ့အတူ ဆရာကြီးဦးစောဟာ ကွမ်းတစ် မြုံ့မြုံ့ဝါးရင်း၊ အတန်းထဲကို လှုပ်လီလှုပ်လဲ့ လှမ်းဝင်လာပါတော့တယ်…

***

“ကဲ မနေ့က ငါပေးလိုက်တဲ့ အိမ်စာ တွက်ခဲ့ကြသလားဟေ့…”
ဆရာကြီးဦးစောဟာ သူရဲ့ ဝဖိုင့်ဖိုင့် ခန္တာကိုယ်ကြီးကို စားပွဲနောက်က ကုလားထိုင်မှာ ရော့တိရော့ရဲ မှီထိုင်ရင်း အတန်းသားတွေကို မေးလိုက်ပါတယ်။ ဆရာကြီးရဲ့ အမေးကို ကျွန်တော်တို့အားလုံး တညီတညာတည်း ဖြေလိုက်ပါတယ်။
“တွက်ခဲ့ပါတယ် ဆရာကြီး…”
“အဖြေ ဘယ်လောက်ရသလဲ”
“၂း၁၄”
အံ့ထူးမော်က လွဲရင် တစ်တန်းလုံးက ဖြေလိုက်ပါတယ်။ အံ့ထူးမော် မဖြေတာကို ကျွန်တော်က ဘာ့ကြောင့် သိသလဲဆိုရင်၊ ဆရာကြီးရဲ့ ‘အဖြေဘယ်လောက်ရသလဲ’ဆိုတဲ့ မေးခွန်းအဆုံးမှာ အံ့ထူးမော် ဘယ်လိုဖြေမလဲ သိချင်ဇောနဲ့ ကျွန်တော်ဟာ သူ့ကို လှည့်ကြည့်မိလိုက်လို့ပါ။
အံ့ထူးမော်ဟာ ဆရာကြီးရဲ့ အမေးကို တစ်ခြားကျောင်းသားတွေလို မဖြေပဲ၊ သူ့ရှေ့က လေ့ကျင့်ခန်း စာအုပ်ကိုသာ စိုက်ကြည့်နေပါတယ်။ သူ့ရဲ့ စတိုင်အတိုင်း မဲနက်နက် မျက်ခုံးနှစ်ဖက်ကို အတွန့်ကွေး၊ မျက်မှောင်ကုတ်ပြီး စာအုပ်ကို သဲသဲမဲမဲ စိုက်ကြည့်နေတာပါ။ ကျွန်တော်တောင် သူ့ကို လှည့်ကြည့်ရင်းကနေ ‘၂း၁၄’ဆိုတဲ့ အဖြေကို နုတ်ဖျားက အလိုလို ထွက်ကျသွားသေးတာ ဒီကောင်ဘာလို့ မဖြေသလဲ ကျွန်တော် စဉ်းစားလို့မရဘူး။ ကျွန်တော် တွေးနေတုန်းမှာပဲဆရာကြီးဆီက နောက်ထပ်မေးခွန်းတစ်ခု ကြားလိုက်ရတယ်။ ကျွန်တော်လည်း ကမန်းကတန်း အတန်းရှေ့က ဆရာကြီးဆီကို အာရုံပြုလိုက်ရတယ်။
“အဲဒီ အဖြေမရတဲ့သူ ရှိလား”

***

ဆရာကြီးက တစ်တန်းလုံးနီးပါး အော်ပြောလိုက်တဲ့ အဖြေကို အဖြေမှန်လို့ ယူဆလိုက်ပုံရပါတယ်။ ဆရာကြီး ယူဆမယ်ဆိုလည်း ယူဆချင်စရာ။ ဆရာကြီးရဲ့ ထပ်ဆင့်မေးခွန်းကို ဘယ်သူမှ ပြန်မဖြေကြဘူး။ ကျန်တဲ့သူတွေကို ကျွန်တော် စိတ်မဝင်စားပါဘူး။ တစ်တန်းလုံးမှာ ကျွန်တော် စိတ်အဝင်စားဆုံးကျောင်းသား ဟာ အံ့ထူးမော်ပါ။ သူဘာပြောမလဲ ကျွန်တော် စိတ်ဝင်စားတယ်။ သူ့အဖြေဘာလဲ ကျွန်တော် စိတ်ဝင်စားတယ်။ ကျန်တဲ့ကျောင်းသားတွေရဲ့ အဖြေနဲ့ သူ့အဖြေ တူသလား၊ မတူဘူးလား။ ဒါကို ကျွန်တော် အရမ်းစိတ်ဝင်စားတယ်။ သိချင်တယ်။
အတွေးနဲ့အတူ အံ့ထူးမော်ကို ဒုတိယအကြိမ် လှည့်ကြည့်မိတော့ သူဟာ သူ့စတိုင်အတိုင်း မျက်ခုံးကွေး၊ မျက်မှောင်ကုတ်ပြီး လေ့ကျင့်ခန်းစာအုပ်ကိုသာ စိုက်ကြည့်နေတယ်။ ကြည့်နေတာမှ သူ့ယုံကြည်ချက် ဒါမှမဟုတ် သူ့အမှန်တရားဟာ ယုန်တစ်ကောင်လို စာအုပ်ထဲကနေ ခုန်ထွက်လာတော့မယ့် အတိုင်းပဲ။ ဆရာကြီးက နောက်တစ်ကြိမ်ထပ်မေးတယ်။
“အဲဒီအဖြေ မရတဲ့သူရှိလား။ ရှိရင် ရှေ့ထွက်ခဲ့။”
အမိန့်ပေးသလို ပြောလိုက်တဲ့ ဆရာကြီးရဲ့စကားအဆုံးမှာ အံ့ထူးမော်ဟာ သက်ပြင်းတစ်ခုကို မှုတ်ထုတ်ပြီး သူ့ရှေ့ကလေ့ကျင့်ခန်းစာအုပ်ကို ပိတ်လိုက်တယ်။ ပြီးတော့ စာအုပ်ကို ကိုင်ပြီး ရဲရဲဝင့်ဝင့် မတ်တတ်ထရပ်လိုက်တယ်။ သူ့မျက်နှာကလည်း အဲဒီအချိန်က ကျွန်တော့်ကလေးဥာဏ်နဲ့ အဓိပ္ပါယ်ဖော်ရခက် တဲ့ အရိပ်တွေ ပြေးလွှားလို့။ အခုချိန် ပြန်စဉ်းစားကြည့်တော့ အဲဒီတုန်းက အံ့ထူးမော် မျက်နှာပေါ်က အရိပ်တွေ၊ အရောင်အသွေးတွေဟာ ရဲရင့်ဝင့်စားတဲ့ ယုံကြည်ချက်။ သူလက်ခံထားတဲ့အမှန်တရားအတွက် အသက်ပင်သေသေဆိုတဲ့ စိတ်ခံစားချက်။ သူ့အမှန်တရားကို ထိပါးလာရင် ကျားရဲတစ်ကောင်အလား တုန့်ပြန်တိုက်ခိုက်တော့မယ့် သတ္တိများ ဖြစ်နေမလားလို့ ခုချိန်မှာ ကျွန်တော် တွေးနေမိတယ်။

***

“ဘာလဲအံထူးမော်… မင်းက… သူတို့ အားလုံးနဲ့ အဖြေမတူဘူးလား…”
ဆရာကြီးက နောက်ဆုံးတန်းမှာ တစ်ယောက်တည်း မတ်တတ်ရပ်၊ စာအုပ်ကို လက်တစ်ဖက်က ကိုင်ရင်း လက်ပိုက်ထားတဲ့ အံ့ထူးမော်ကို လှမ်းမေးလိုက်တယ်။ အံထူးမော်က ဆရာကြီးရဲ့အမေးကို “ဟုတ်ပါတယ် ဆရာကြီး”လို့ ပြန်ဖြေလိုက်တယ်။ ဆရာကြီးက…
“မင့်အဖြေက ဘယ်လောက်လဲ”
“…………………………………..”
အံ့ထူးမော်ရဲ့စကားအဆုံးမှာ ဆရာကြီးရဲ့ မျက်နှာပေါ်ကို အပြုံးတစ်ပွင့်ရောက်လာသလို၊ ကျွန်တော့်ရဲ့ ရင်အစုံကလည်း ဒိန်းကနဲ ခုန်သွားတယ်။ မခုန်ခံနိုင်ရိုးလားဗျာ။ အံ့ထူးမော် ဆရာကြီးကို လှမ်းပြောလိုက်တဲ့ အဖြေဟာ နှစ်ဆယ့်လေးနာရီ စံအချိန်နဲ့ တွက်ထားတဲ့အဖြေ။ မှားတယ်ထင်ပြီး ကျွန်တော် ပြင်လိုက်မိတဲ့ တွက်နည်း။ အံ့ထူးမော်ရဲ့အဖြေဟာ ကျွန်တော့်အဖြေနဲ့ အတူတူပဲ။ အကယ်၍ အံ့ထူးမော်ရဲ့အဖြေသာ မှန်တယ်ဆိုရင်၊ အံ့ထူးမော်ရဲ့အမှန်တရားဟာ ကျွန်တော် လက်ခံယုံကြည်ခဲ့ဖူးတဲ့အမှန်တရားနဲ့ အတူတူပါပဲ။
“ကဲ… အံ့ထူးမော်။ အတန်းရှေ့ကို ထွက်ခဲ့စမ်း…”
အမြဲတမ်း မျက်နှာထားကို တည်တည်တင်းတင်းနေတတ်တဲ့ ဆရာကြီးဟာ ရုတ်တရက်ပွင့်လန်းလိုက် တဲ့ သူ့မျက်နှာပေါ်ကအပြုံးကို သူကိုယ်တိုင် ရုတ်သိမ်းပြီး၊ မတ်တတ်ရပ်နေဆဲဖြစ်တဲ့ အံ့ထူးမော်ကို လေသံမာမာနဲ့ လှမ်းခေါ်လိုက်တယ်။ သွားပြီ…။
ဆရာကြီးရဲ့လေယူလေသိမ်းနဲ့ မျက်နှာအနေအထားကိုကြည့်ရတာ အံ့ထူးမော်သကောင့်သားတော့ သွားရှာပြီ။ ဆရာကြီးပုံစံက စိတ်ဆိုးသွားတဲ့ပုံစံ။ အံ့ထူးမော်ရဲ့အဖြေကတော့ မှားရှာပြီ။
အံ့ထူးမော်။ ကလေးနဲ့ မလိုက်အောင် မာနကြီးလွန်း။ စိတ်ဓာတ်ပြင်းထန်လွန်း။ အကြောတင်းလွန်းတဲ့ကောင်။ ဒီတစ်ခါတော့ သွားရှာပြီ။ ဒီကောင့်ဘက်မှာ အမှန်တရားမရှိတော့ဘူး။ အံ့ထူးမော်တော့ သေပြီဆရာပဲ။
အတန်းရှေ့က ဆရာကြီးရဲ့စားပွဲရှိရာကို ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ ဆတ်တောက်ဆတ် တောက်နဲ့ လျှောက်သွားတဲ့ အံ့ထူးမော်ရဲ့ကျောပြင်ကို ကြည့်ပြီး ကျွန်တော် တွေးနေမိတယ်။ ဒီကောင်တော့ ဗျောတင်ခံရပြီပေါ့ဗျာ။ တွေးရင်းနဲ့ စိတ်ထဲကလည်း ဝမ်းသာသလိုလို၊ သနားတာလိုလို မသဲကွဲဘူး။
တစ်တန်းလုံးမှာ ရှိသမျှ စတုတ္ထတန်းကျောင်းသား/ကျောင်းသူတွေဟာလည်း ဆရာကြီးမေးလို့ မတ်တတ်ထရပ်လိုက်ကတည်းက အံ့ထူးမော်ကိုပဲ အထူးအဆန်းသတ္တဝါလို ဝိုင်းကြည့်နေကြတာ။ ကျွန်တော်တို့ကို ကျောပေးပြီး၊ ဆရာကြီးစားပွဲရှေ့မှာ အံ့ထူးမော် မတ်တတ်ရပ်လိုက်တဲ့အထိ အကြည့်ကို သူ့ဆီက မခွာကြသေးဘူး ထင်တာပဲ။ အဲဒီအချိန်မှာ ဆရာကြီးကို ကြောက်လို့သာ အသံထွက်မဝေဖန်ရဲပေမယ့်၊ အံ့ထူးမော်ကို သနားသူရှိသလို၊ ‘ဒီလောက်ခေါင်းမာတဲ့အကောင် အရိုက်ခံရတာ ကောင်းတယ်’လို့ တွေးတဲ့သူလည်း ရှိနေနိုင်တယ်။ ကျွန်တော်ကိုယ်တိုင်တောင် ရင်ထဲမှာ သနားတာလိုလို၊ ဝမ်းသာတာလိုလို ဖြစ်နေသေးတာပဲ။

***

“ကဲ အံ့ထူးမော်…. မင့်စာအုပ်ထဲမှာ တွက်ထားတဲ့အဖြေကို ဆရာ မကြည့်တော့ဘူး။ ဟောဟိုက သင်ပုန်းပေါ်မှာ မင်း… ဒီအဖြေရအောင် ဘယ်လိုတွက်ခဲ့တယ်ဆိုတာ တွက်ပြစမ်း။”
ဆရာကြီးရဲ့စကား ဆုံးတာနဲ့ အံ့ထူးမော်ဟာ လုံးဝ တွန့်ဆုတ်ခြင်းမရှိပဲ၊ ဆရာကြီးရဲ့ စားပွဲပေါ်က မြေဖြူဗူးထဲက မြေဖြူတစ်ချောင်းကို ယူလိုက်ပါတယ်။ နောက်တော့ သင်ပုန်းဆီကို လှမ်းလျှောက်သွားပြီး၊ သူတွက်ထားတဲ့တွက်နည်းအတိုင်း။ သို့မဟုတ် ကျွန်တော်တွက်ခဲ့ဖူးတဲ့တွက်နည်းအတိုင်း ပုစ္ဆာကို စတင်တွက်ပါ တော့တယ်။ အံ့ထူးမော်က သင်ပုန်းပေါ်ကို တစ်ကြောင်းချရေးလိုက်၊ ကျွန်တော်တို့အားလုံးက ကိုယ့်စာအုပ်ကို ငုံ့ကြည့်လိုက်။ သူက ဂဏန်းတစ်လုံးရေးလိုက်၊ ကျွန်တော်တို့က စာအုပ်ထဲက ကိုယ်ရေးထားတဲ့ဂဏန်းတွေကို ငုံ့ကြည့်လိုက်နဲ့ စတုတ္ထတန်းစာသင်ခန်းတစ်ခုလုံးဟာ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ပြီး တိတ်ဆိတ်နေပါတယ်။

***

အံ့ထူးမော်တစ်ယောက် ဆရာကြီးပေးလိုက်တဲ့အိမ်စာကို တွက်ပြီးသွားပါပြီ။ အံ့ထူးမော်ရဲ့ အဖြေဟာ ကျွန်တော်ရခဲ့ဖူးတဲ့အဖြေနဲ့ အတူတူပါပဲ။ တူဆို အံထူးမော်ရဲ့ ပြဿနာကို ဖြေရှင်းနည်းကလည်း ကျွန်တော့်ရဲ့ ဖြေရှင်းနည်းနဲ့ တူပေတာကိုး…။
အံ့ထူးမော်ဟာ ကျောက်သင်ပုန်းပေါ်မှာ ပုစ္ဆာကို ချတွက်ပြီးတဲ့အခါ ဆရာကြီးရဲ့စားပွဲဘေးမှာ အတန်းဘက်ကို မျက်နှာမူပြီး လက်ပိုက်ရပ်နေလိုက်ပါတယ်။ ဆရာကြီးဟာ စားပွဲပေါ်က ကြိမ်လုံးတစ်ချောင်းကို ယူပြီး ထိုင်နေရာကနေ လေးလေးကန်ကန်ထလာပါတယ်။ ပြီးတော့ အတန်းသားတွေကို လှမ်းမေးလိုက်ပါ တယ်။
“ကဲ… အခု အံ့ထူးမော်ရဲ့ အဖြေနဲ့ မင်းတို့အဖြေနဲ့ တူကြသလား”
“မတူပါဘူးဆရာကြီး…”
“ဒါဆို ဘယ်သူမှားသလဲ”
ဆရာကြီးရဲ့ မေးခွန်းကို ဘယ်သူမှ ပြန်မဖြေနိုင်ပါဘူး။ အာလုံးဟာ တစ်ယောက်နဲ့တစ်ယောက် လှည့်မေးကြပြောကြရင်းနဲ့ အတန်းတစ်ခုလုံးဟာ ကြွက်စီကြွက်စီ ဖြစ်လာပါတယ်။ ဆရာကြီးက သင်ပုန်းကို တဗျန်းဗျန်းရိုက်ပြီး အခြေအနေကို ပြန်ထိမ်းလိုက်ပါတယ်။ ကျောင်းသား/ကျောင်းသူတွေလည်း အားလုံးငြိမ် သက်သွားပါတယ်။
“ကဲ… အံ့ထူးမော် အဖြေနဲ့ တွက်နည်းကို မှားတယ်လို့ ထင်တဲ့လူ လက်ညှိုးထောင်”
ဆရာကြီးရဲ့စကားအဆုံးမှာ တစ်တန်းလုံးရဲ့ လက်ညှိုးတွေဟာ ဖြေးဖြေးမှန်မှန်၊ လေးလေးကန်ကန် လေထဲကို ထောင်တက်လာပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျွန်တော် မပါပါဘူး။ ကျွန်တော် အံ့ထူးမော်ကို မှားတယ်လို့ မ

My School Update မှာ ဘာတွေပါလာမလဲ???-(၁) အတန်းအချိန်ဇယားတွေ မှတ်ထားနိုင်မယ်။-(၂) ရုံးလုပ်ငန်းလက်စွဲ(၂၀၁၀)ကို ထည့်ပေးထားတ...
02/01/2023

My School Update မှာ ဘာတွေပါလာမလဲ???

-(၁) အတန်းအချိန်ဇယားတွေ မှတ်ထားနိုင်မယ်။

-(၂) ရုံးလုပ်ငန်းလက်စွဲ(၂၀၁၀)ကို ထည့်ပေးထားတယ်။

-(၃) ဝန်ထမ်းကျင့်ဝတ်(၂၀၁၇)ကို လေ့လာလို့ရအောင်ထည့်ထား‌တယ်။

-(၄) ကျောင်းစာကြည့်တိုက်စီမံခန့်ခွဲမှု(၂၀၂၀)လည်းပါမယ်။

-(၅) ဘတ်ဂျက်ခေါင်းစဉ်တွေလည်းပါမယ်။

-(၆) ရမှတ် အဆင့်ခွဲတာတွေလည်းပါမယ်

-(၇) MRC/CPR အမှတ်ပေးပုံတွေလည်းပါမယ်။

(အသုံးပြုနေသူများအနေဖြင့် appအတွင်း အချက်အလက်များမှားယွင်းနေခြင်း(သို့မဟုတ်)အကြံပြုချင်သည်များရှိပါကEducation For Myanmar-EFM page သို့ အကြံဉာဏ်များပေးပို့နိုင်ပါသည်။ )

စာလုံးဖောင့်ဒီဇိုင်းလည်း အနည်းငယ်ပြောင်းထားပါတယ်။

မှတ်တမ်းများနှင့် ဆိုရိုး၊စကားပုံများကိုတော့ပြန်ဖြုတ်ထားပါတယ်။‌
လေ့လာလိုသူများအတွက်ကတော့ STTDictionary Application ကို ဖြန့်ပေးသွားပါမယ်။

# #ကျေးဇူးပြုပြီး အချင်းချင်းပြန်ကူးပေးခြင်း၊ Social Media ပေါ်တင်ခြင်းများကိုတော့ မပြုလုပ်စေလိုပါဘူးခင်ဗျာ။ ငွေကြေးကောက်ခံခြင်းမှာလည်း Dataအချက်အလက်များကို ရောင်းချခြင်းမဟုတ်ဘဲ၊ Application အသုံးပြုခွင့်ကိုသာ ကောက်ခံခြင်းဖြစ်ပါတယ်။

**Supporting ပေးကြသူများကိုလည်း အထူး(အထူး)ကျေးဇူးတင်ပါတယ်ခင်ဗျာ။ **

မကြာမီSTTDictionary Appသတ်ပုံစကားထာစကားလိမ်စကားဝှက်စကားပုံဆိုရိုးအင်္ဂလိပ် Dictionaryမြန်မာအဘိဓာန်မြန်မာစာအဖွဲ့က ထုတ်တဲ့...
21/12/2022

မကြာမီ

STTDictionary App

သတ်ပုံ
စကားထာ
စကားလိမ်
စကားဝှက်
စကားပုံ
ဆိုရိုး
အင်္ဂလိပ် Dictionary
မြန်မာအဘိဓာန်
မြန်မာစာအဖွဲ့က ထုတ်တဲ့ မြန်မာစာမြန်မာစကား
စကားနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ
အစရှိသဖြင့်.......

ဂန္တဝင်ခရီးလှစ်တစ်မိုးသစ်လေပြီ
13/10/2022

ဂန္တဝင်ခရီးလှစ်တစ်မိုးသစ်လေပြီ

Grade-8အနုပညာ(ဂီတ)တေးပြုစာဆို-ဦးချစ်ငွေတေးဆို-ဦးဗိုလ်မြင့်

08/10/2022

စည်တော်သံ_Grade5_ဂီတ
တေးသံစဉ်-ရှေးရိုးရာတေး
တေးရေး-ကျော်ဘုန်းသစ်

ပြည်သစ်ရွှေနိုင်ငံ_Grade5_ဂီတ
08/10/2022

ပြည်သစ်ရွှေနိုင်ငံ_Grade5_ဂီတ

ပြည်သစ်ရွှေနိုင်ငံGrade-5 Songsတေးရေး-ဦးကျော်မြင့်(ပညာရေးကောလိပ်)

စည်တော်သံGrade5
28/08/2022

စည်တော်သံ
Grade5

စည်တော်သံGrade-5 Songတေးရေး - ကျော်ဘုန်းသစ်တေးသံစဉ် - ရှေးရိုးရာတေး

Address


Website

Alerts

Be the first to know and let us send you an email when Education For Myanmar-EFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share