27/01/2024
လူလူချင်းတူရင်တောင် အတ္တနည်းတဲ့လူက ပိုပြီး ပျော်ရွှင်ရတယ်။
မေတ္တာချင်းတူရင်တောင် အသွားအပြန်ရှိတဲ့မေတ္တာက ပိုခိုင်မြဲတယ်။
ဒုက္ခကို သည်းခံပါ၊
ဘဝမှာ ဒုက္ခတွင်းထဲ
ကျသွားတဲ့အခါ မညည်းတွားပါနဲ့။
ရေနှောက်တွေ ပြီးသွားရင်
ရေကြည်တွေ ထွက်လာပါလိမ့်မယ်။
စိတ်ဓာတ်ကို ကြံ့ခိုင်ပါ။
ဘဝမှာ ကြိုးစားလို့
အရာမထင်ရင် စိတ်ဓာတ်မကျပါနဲ့၊
ပိုကြိုးစားပါ။
အောင်ပွဲဆိုတာ
စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတွေ
အဖို့သာ ဖြစ်တယ်။
ဉာဏ်ဆိုတာ ပညာက လာတယ်။
ပညာဆိုတာ စာပေက လာတယ်။
ဒါကြောင့် စာများများ ဖတ်ပါ။
စာပေဆိုတာ စိတ်ရဲ့အရင်းမြစ်ပဲ။
သူများကို ကူညီတာက
ကိုယ့်ကိုကိုယ် ကူညီတာနဲ့ အတူတူပဲ။
ကိုယ့်ကိုကိုယ်ချစ်တာက
သူများကို ချစ်တာနဲ့အတူတူပဲ။
သေတယ်ဆိုတာ
အသက်ထွက်သွားမှ မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာ အသက်ရှင်လျက်နဲ့
သေနေရတဲ့သူတွေ အများကြီးရှိပါတယ်။
#စိတ်ဓာတ်ကျရင်ဖတ်ဖို့
🔷တန်ဖိုး-၁၂၀ဘတ်
🔷စာမျက်နှာ-၁၅၁
🔷ပို့ခ-free
ထိုင်းနိုင်ငံအနှံ့ပို့ပေးပါသည်။
#စာချစ်သူအားလုံးစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...🪴🌸
Mr.Book💙