Zenith Maung

Zenith Maung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zenith Maung, Magazine, .

နှင်းထက်လေးတဲ့ အလွမ်းပန်းထက်မွှေးတဲ့ လိပ်ပြာကဗျာထက်ဖွဲ့တဲ့ ညနေအားလုံးကို ရွှေဖြစ်အောင်ဘယ်သူချစ်ဖူးလဲ ... (မောင်သိန်းဇော်...
25/01/2024

နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့ လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကို ရွှေဖြစ်အောင်
ဘယ်သူချစ်ဖူးလဲ ...

(မောင်သိန်းဇော်)

25/01/2024
သိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း💢💢💢💢💢💢💢💢💢💢💢💢💢💢💢Johnnie Walker သည် အရက်စျေးကွက်တွင် ကမ္ဘာ့အရက်စျေး...
23/01/2024

သိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း
💢💢💢💢💢💢💢💢💢💢💢💢💢💢💢

Johnnie Walker သည် အရက်စျေးကွက်တွင် ကမ္ဘာ့အရက်စျေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်စျေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။

၄။ Johnnie Walker Green Label

Green Label သည် Linkwood ၊ Cragganmore ၊ Talisker နှင့် Caol lla ကဲ့သို့သော အရက်ချက်စက်ရုံကြီးများမှ အကောင်းဆုံးမုယောအရက်များကို ထပ်မံရောနှော ချက်လုပ်ထားခြင်းဖြစ်သည်။ ၁၅နှစ်သက်တမ်းရှိသော မုယောဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Green Label ကို အကြမ်းဖျဉ်းအားဖြင့် ၁၅နှစ်သက်တမ်းရှိသော ဝီစကီဟု ဆိုနိုင်သည်။

၅။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်စျေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။

၆။ Johnnie Walker Blue Label
Blue Label သည် Johnnie Walker ဝီစကီထဲတွင် စျေးအကြီးဆုံးနှင့်အရှားပါးဆုံးပင် ဖြစ်သည်။ ပညာရှင်များသည် ကမ္ဘာပေါ်မှ အကောင်းတကာ့ အကောင်းဆုံးအရက်များကို ထပ်မံစိစစ်ရွေးချယ်၍ ၁၉ရာစုစတိုင် (အရသာ) ဖြင့် Blue Label ကို ထုတ်လုပ်ထားပါသည်။

ငါ ဖျားနာနေတာနွေသုံးခု၊ မိုးသုံးခုဆောင်းသုံးခုဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီလူနာကုတင်ပေါ် အိပ်ရာပြင်ပညာရှိများကို ကန့်ကွက်ရဲ့အသ...
17/01/2024

ငါ ဖျားနာနေတာ
နွေသုံးခု၊ မိုးသုံးခု
ဆောင်းသုံးခု
ဒုမဲ့ဒြပ်မဲ့ လက်ပတ်နာရီ
လူနာကုတင်ပေါ် အိပ်ရာပြင်
ပညာရှိများကို ကန့်ကွက်ရဲ့
အသက်ရှင်ခြင်းဆိုတာ ရင်ခုန်တာပဲ
ဘယ်သူငြင်းမလဲဟေ့
ဘယ်သူငြင်းမလဲ။

ဆရာဝန် ညွှန်ကြားချက်မှာ
လက်ဖက်ရည်တစ်ခွက်ပေးပါ
ဒူးယားတစ်လိပ်ပေးပါ
မမကျွန်တော့်ကို ချစ်ပါ
ဒီကောင် လက်နက်ချရမယ်တဲ့။

‌-အောင်ချိမ့်

08/01/2024

လှချက်
Comment မှာ

ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီ (၁၈ရာစုနှောင်း-၁၉ ရာစုဦး)သိဒ္ဓထ္ထ မင်းသား နမိတ်ကြီးလေးပါးကိုမြင်တော်မူပြီး၊ တောမထွက်မီ န...
04/01/2024

ကုန်းဘောင်ခေတ်နံရံဆေးရေးပန်းချီ (၁၈ရာစုနှောင်း-၁၉ ရာစုဦး)

သိဒ္ဓထ္ထ မင်းသား နမိတ်ကြီးလေးပါးကိုမြင်တော်မူပြီး၊ တောမထွက်မီ နောက်ဆုံးအကြိမ် ယသော်တရာနှင့် သားတော်ရာဟုလာကို ကြည့်တော်မူပုံ။

လောကီအာရုံ ကာမဂုဏ်ကိုလည်း စွန့်လွှတ်ချင်စိတ်ပေါက်စေအောင် ဆွဲလည်း ဆွဲတတ်ပါပေ့ ပန်းချီဆရာရယ်။ ဒီလိုရေးဆွဲပုံမျိူးကို ဒီဘုရားတစ်ဆူ၌ပင် တွေ့ဖူးသေးသည်။ (ပုံမှာ စောင်းသည်၊ ညင်းသည်တို့အိပ်ပျော်နေပုံ)

Amazing modern-art installation on Bo Myat Tun road, corner Mahabandoola. Entrance is free. Shouldn’t miss when in town....
04/01/2024

Amazing modern-art installation on Bo Myat Tun road, corner Mahabandoola. Entrance is free. Shouldn’t miss when in town.
Who’s the artist?

ဘုန်းကြီးတစ်ချို့ ဟာ သူဌေးသားတွေနဲ့တူလာတယ်ကားမောင်းကြမ်းတယ်အသုံးအဖြုန်းကြီးတယ်မာနကြီးတယ်အသိုင်းအဝိုင်းကြီးတယ်ဖုန်း ကား လ...
04/01/2024

ဘုန်းကြီးတစ်ချို့ ဟာ
သူဌေးသားတွေနဲ့တူလာတယ်
ကားမောင်းကြမ်းတယ်
အသုံးအဖြုန်းကြီးတယ်
မာနကြီးတယ်
အသိုင်းအဝိုင်းကြီးတယ်
ဖုန်း ကား လက်တော့ပ် နောက်ဆုံးပေါ်
ဘရန်း အကောင်းစားတွေပဲကိုင်တယ်

ဘုန်းကြိးကျောင်းတွေဟာ
Hotel အကောင်းစားကြိးတွေနဲ့တူလာတယ်
ပိုင်ဆိုင်မှုတွေများလာတယ်
တခမ်းတနားနေလာတယ်
အကုန်လုံးက ဖူးဖူးမှုတ်ထားတာ ခံရတယ်
သူတို့ပြောတာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
အကုန်လုံးက လက်အုပ်ချီ မှန်ပါ့ဘုရားထူးရတယ်

ဒီခေတ်မှာ ဘုန်းကြီးမွေးနေ့နဲ့
သူဌေးသားမွေးနေ့ပွဲတွေဟာ
ခမ်းနားတာခြင်း စည်ကားတာခြင်း
ကုန်ကျစရိတ်များတာခြင်း တူတယ်
တခါတလေ ဘုန်းကြီးမွေးနေ့က ပိုသာနေတယ်

ဒီလိုတွေဖြစ်လာတာ ဘယ်သူ့အပြစ်လဲမေးရင်
အကုန်လုံးရဲ့အပြစ်
မြန်မာ့လူ့အဖွဲ့အစည်းတခုလုံးရဲ့အပြစ်ပဲ
ကတုံးတုံး သင်္ကန်းဝတ်လိုက်ရုံနဲ့
လူတယောက်ကို အကိုးကွယ်ခံဖြစ်အောင်
လုပ်ပစ်ထားတဲ့ကိစ္စကြီးက
အစကတည်းက မှားနေတဲ့စနစ်ကြီး။

Crd.

စေတန်ဂြိုလ်ရဲ့ခါးပတ်ကွင်းစေတန်ဂြိုလ်သည်အနေအဖွဲ့စည်းအတွင်းအလွန်ကြီးမားတဲ့ ခါးပတ်ကွင်းရှိသော ဂြိုလ်တစ်လုံးဖြစ်သည် စေတန်ဂြိ...
04/01/2024

စေတန်ဂြိုလ်ရဲ့ခါးပတ်ကွင်း

စေတန်ဂြိုလ်သည်အနေအဖွဲ့စည်းအတွင်းအလွန်ကြီးမားတဲ့ ခါးပတ်ကွင်းရှိသော ဂြိုလ်တစ်လုံးဖြစ်သည် စေတန်ဂြိုလ်ရဲ့
ခါးပတ်ကွင်းမှာ ရေခဲတုံး အများအပြား ပါဝင် ပြီး ကျောက်တုံး များလည်းပါဝင်သည် ရေခဲတုံး နှင့် ကျောက်တုံး များရဲ့ အရွယ်အစားသည် အလွန်သေးငယ်သောအမှုန်အမွားလေးများမှစ၍ အိမ်တစ်လုံးအရွယ်အစားအထိရှိပါတယ် အကျယ် မိုင် မှာ ၁၇၅၀၀၀ ကျော်ရှိပြီး အထူမှာတော့ ပေ ၃၀ ခန့်သာရှိပါတယ် ကာဆီနီ အာကာသယာဥ်မှလေ့လာချက်များအရ ဂြိုလ်ခါးပတ်ကွင်းများသည် တစ်စုတစ်စည်းထဲမဟုတ်ဘဲ တစ်ကွင်းချင်းစီ အထပ်ထပ် တည်ရှိနေတာဖြစ်ပါတယ်။

နောင်အနှစ်တစ်ရာ၊ နှစ်တစ်ထောင်ဒီကောင်ရဲ့အချစ်ပျိုမျစ်နေမှာပဲမုချယုံတယ် ။ အလုံခြုံဆုံး တံခါးတစ်ချပ်ဘယ်နှရာသီ ဖြတ်သန်းနိုင်...
30/12/2023

နောင်အနှစ်တစ်ရာ၊ နှစ်တစ်ထောင်
ဒီကောင်ရဲ့အချစ်
ပျိုမျစ်နေမှာပဲ
မုချယုံတယ် ။

အလုံခြုံဆုံး တံခါးတစ်ချပ်
ဘယ်နှရာသီ ဖြတ်သန်းနိုင်သလဲ
ကမ္ဘာထဲ တုန်ခါနေတော့တယ် ။ ။

#အောင်ချိမ့်
#ဂန္တဝင်မမ

Address


Website

Alerts

Be the first to know and let us send you an email when Zenith Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share