Taungzalat Time Media

  • Home
  • Taungzalat Time Media

Taungzalat Time  Media Taungzalattime Times is a Chin state news agency. It is also a news agency that focuses on Chin Sta

တစ်ခါတော့ မင်းသားကြီးဦးကျော်ဟိန်းက ကိုဗစ်လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို အိမ်အပြန် လိုက်ပို့တယ်။ လိုက်ပို့တော့ ဆင်းရဲသာ...
01/10/2022

တစ်ခါတော့ မင်းသားကြီးဦးကျော်ဟိန်းက
ကိုဗစ်လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို အိမ်အပြန် လိုက်ပို့တယ်။
လိုက်ပို့တော့ ဆင်းရဲသားရပ်ကွက်ပဲလေ။
လမ်းကြိုလမ်းကြားက ဝင်ရမှာမို့ ကိုဗစ်က လမ်းထိပ်ကနေ ဆင်းချင်တယ်။ ဦးကျော်ဟိန်းကလည်း အိမ်အထိ လိုက်ပို့ပါ့မယ်တွေ လုပ်တော့
ကိုဗစ်က ဒေါကန်ပြီး ဦးကျော်ဟိန်းရဲ့ ကားအကောင်းစားကြီးကို သုံးချက်လောက် ဆောင့်ကန် ထားခဲ့သတဲ့ဗျာ။
ဂီတသမားတိုင်းက လေးစားကြရတဲ့ ဆလိုင်းဇာလျန်းဆိုတာ အဲ့သလို ဂီတအနုပညာရှင်မျိုးပါ။
ဒီနေရာမှာတော့ ကိုယ်တိုင်လည်း သီချင်းတွေအများကြီး သီဆိုခဲ့တဲ့ ဦးကျော်ဟိန်းဟာ ဂီတအနုပညာသမားတွေအပေါ် နားလည်တဲ့စိတ် လေးစားရင်းစွဲစိတ် ရှိတယ်လို့ ထင်ပါတယ်။
တစ်ခါသားမှာလည်း သူ့ရုပ်ရှင်ဇာတ်ဝင်တေးမှာ သီဆိုဖို့ ကိုငှက်(ထူးအိမ်သင်) ကို လာခေါ်တယ်။ လာခေါ်တော့ ကိုငှက်က ခနစောင့်ဦးဗျာ ကျွန်တော် အိမ်သာတက်လိုက်ဦးမယ်ဆိုပြီးသွားလိုက်တာ၊ ဦးကျော်ဟိန်းက ထိုင်ခုံမရှိတဲ့ ကြမ်းပြင်မှာ နာရီဝက်လောက်ထိ ထိုင်စောင့်နေခဲ့ရဖူးပါတယ်တဲ့။
ထားပါတော့ဗျာ၊ ဒါက စကားစပ်မိလို့ပါ။
ကိုဗစ်(ဗစ်တာ)လို့ ခေါ်ကြတဲ့ ဆလိုင်းဇာလျန်းကို ချင်းပြည်နယ် ဖလမ်းမြို့မှာ မွေးဖွားပါတယ်။
ဖခင်ဖြစ်သူက ဆရာဝန်ဖြစ်တာကြောင့် တာဝန်ကျတဲ့ နေရာဒေသမျိုးစုံမှာ လိုက်လံနေထိုင်ပြီး ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းကနေ ဆယ်တန်းအောင်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကနေ ဓာတု‌ဗေဒ နဲ့ ဘွဲ့ရကျောင်းပြီးခဲ့ပြီး ၊GTIမှာလည်း ပညာဆက်သင်ခဲ့ပါသေးတယ်။
တစ်နေ့မှာတော့ ဖခင်ဖြစ်သူရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ နိုင်ငံခြားဆေးကိုယ်စားလှယ်တစ်ဦး‌ဆီကနေ ဂီတာသင်ရိုးစာအုပ်တစ်အုပ်ကို လက်ဆောင် ရခဲ့တယ်။
ဒါဟာ သူ့အတွက်တော့ ဘုရားသခင်ပေးတဲ့ ပထမဆုံး လက်ဆောင်ပါပဲ။
အဲ့ဒီစာအုပ်ထဲက သင်ရိုးတွေကို လေ့ကျင့်ရင်းနဲ့ ဂီတပညာကို သင်ယူခဲ့တယ်။
အပျော်တမ်းတီးဝိုင်းလေးတွေဖွဲ့ပြီး ဂီတလမ်းကြောင်း‌ေပါ်ကို ရောက်လာခဲ့တယ်။
ကိုဗစ်က အစကတော့ လိဒ်တီးတာပါပဲ။
နောက်မှ ဘေ့စ် တီးတာပါ။
ဒီနေရာမှာ ကျွန်တော့်ဆရာ ဆလိုင်းတင်မိုး ပြောဖူးတာလေး ပြန်အမှတ်ရပါတယ်။
ဆရာစောဘွဲ့မှူးက အဲ့ဒီ ဦးဇာလျန်းကြီးနဲ့ ပတ်သက်ပြီး ပြောတာလေ။
"တော်သေးတယ်ကွာ ကိုဇာလျန်းကြီး လိဒ် မကိုင်လို့၊ သူသာ လိဒ်ကိုင်ရင် ငါ ဘုံပျောက်လောက်တယ်" လို့ ပြောဖူးတယ် ဆိုပါတယ်။
ဦးဇာလျန်းကြီးကို ချီးကျူးဂုဏ်ပြုချင်လို့ ဒီလိုပြောတာ ဖြစ်မှာပါ။
စကားစပ်မိလို့ ထပ်ပြီးဖောက်သယ်ချရဦးမယ်။
IC က ဘေ့စ်တီးတဲ့ ဆလိုင်းခင်မောင်သန့်နဲ့ ပတ်သက်ပြီး ဦးဇာလျန်းက
"ဒီကောင်လေး ဘေ့စ်ပဲတီးနေလို့၊ လိဒ်သာတီးရင် ဘယ်သူမှ လိုက်မှီမှာ မဟုတ်ဘူး" လို့ မှတ်ချက်ပြုဖူးပါတယ်တဲ့။
ကိုသစ္စာ ရေးတဲ့ ဆောင်းပါး အင်တာဗျူးထဲမှာ ဖတ်ဖူးတာပါ။
ဦးဇာလျန်း နဲ့ The Aces တီးဝိုင်းရဲ့ ပုံပြင်တွေကတော့ အများကြီးပါ့။
The Aces ကို ရောက်လာရတာကတော့ The Aces က ဘေ့စ်သမား ထွက်သွားပြီးတဲ့နောက် ဘေ့စ်သမား ရှာရင်း ဦးဇာလျန်းကို ခေါ်လို့ ရောက်လာရတာလို့ သူက ပြောပြပါတယ်။
ကျွန်တော်တို့ရဲ့ ဂီတနတ်သားလေးတစ်ပါး ဖြစ်တဲ့ ကိုငှက်(ထူးအိမ်သင်)နဲ့လည်း ဇာတ်လမ်းလေး ရှိခဲ့ဖူးသေးတယ်။
ကိုငှက်နဲ့ အမှတ်တရ ဖြစ်ခဲ့ပုံကို ဦးဇာလျန်းက ဒီလို ပြောပြပါတယ်။
“ထူးအိမ်သင်က ရှေးရိုးအစဉ်အလာအတိုင်း တည့်တည့်တီးပေးစေချင်တယ်။ ကျွန်တော်က စောင်းကန်း စောင်းကန်းတီးတာ။ အဲဒီ အရသာကို သူကမသိဘူး။ မသိတော့ ပြောတာပေ့ါ။ တည့်တည့်တီးပေးဖို့။ ကျွန်တော်က ဟေ့ကောင် မင်းဟာကို မင်းတည့်အောင်ဆို ငါတို့က ငါတို့ဘာသာသွားမယ်။ မင်းဆိုမယ့် အပိုင်းကို ဖြောင့်ဖြောင့်တန်းတန်း တည့်အောင်ဆိုလို့ ပြောတယ်။ ဒါပေမဲ့ သူနောက်တော့ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ကမ္ဘာမှာ ထွက်နေတဲ့ သီချင်းတွေက အဲဒီပုံစံတွေပဲ။ အစောင်း ခေါ်တာပေ့ါ”
ဂီတနတ်သားလေးနဲ့ ဂီတပညာရှင်ကြီးတို့ရဲ့ ချစ်စရာ အမှတ်တရပါပဲ။
တစ်ခါတော့ ဟော်တယ်တစ်ခုမှာ မင်္ဂလာဧည့်ခံပွဲတီးဖို့ရှိတာ၊ အဲ့ဒီမှာ ဦးဇာလျန်းရဲ့ ဘော်ဒါအပေါင်းအသင်းတွေလည်း ဦးဇာလျန်း မျက်နှာနဲ့ ခန်းမထဲ ရောက်လာကြတယ်။
ကုတ်အင်္ကျီကို အထဲခံမပါဘဲ ဝတ်တဲ့သူနဲ့ အားကစားဘောင်းဘီတို ဝတ်ထားတဲ့သူနဲ့၊
အန်တီနွဲ့ယဉ်ဝင်းက Country roads, take me home လည်း ဆိုရော သူ့ဘော်ဒါတွေက ထကတဲ့သူက က၊ ဟာမိုနီ လိုက်တဲ့သူကလိုက်နဲ့ ဝရုန်းသုန်းကား ဖြစ်ကုန်ရော ဆိုပဲ။
ဦးဇာလျန်းကြီးကတော့ ပြုံးလို့တဲ့ဗျာ။
ဦးဇာလျန်း ဂစ်တာတီးတာကို Live မမြင်ဖူးလိုက်တဲ့ ကျွန်တော်တို့အတွက် အတော်နာတာပါပဲ။
ဆလိုင်းဇာလျန်း လို့ ဟုန်းဟုန်းတောက်အောင် နာမည်ကြီးပြီး တစ်သက်တာဂီတထူးချွန်ပညာရှင်ဆု ရတဲ့သူကို။
စောဘွဲ့မှူးကို လိဒ်ဂီတာမှာ ဘုရင်လို့ သတ်မှတ်ရင် ဆလိုင်းဇာလျန်းကို ဘေ့စ်ဂီတမှာ ဘုရင်အဖြစ် သတ်မှတ်ရမှာပဲလို့ ဆိုကြတာကို။
ဦးဇာလျန်းက ဘေ့စ်တီးရုံတင်မကဘဲ သီချင်းတွေကိုလည်း ကိုယ်တိုင်ရေး သီဆိုခဲ့ပါသေးတယ်။
နောက်ဆုံး ကိုလေးဖြူနဲ့ လုပ်တဲ့အခွေလည်း ထွက်မလာခဲ့ဘူး ထင်ပါတယ်။
ကိုလေးဖြူရဲ့ အင်တာဗျူးတစ်ခုမှာတော့
"ကျွန်တော် အဲ့ဒီ ကိုဇာလျန်းရဲ့အခွေကို သီးသန့်လေး သိမ်းထားပါတယ်၊ ခင်ဗျားတို့သိပါတယ်ဗျာ ဒီလူကြီး ဘယ်လောက်တော်တယ် ဆိုတာကို"
လို့ ပြောခဲ့ဖူးတယ်။
ဦးဇာလျန်းရဲ့ သီချင်းတွေထဲမှာ နေဝန်းနီ ပေါ်ထွက်ပြီ၊ လိုရင် အကုန်လုံးယူ၊ ဖိုးသာထူး၊ ပြုံးပြလိုက်ပါ အချစ်ရယ်၊ ပန်းကလေးငိုတို့ စစ်နဲ့ငြိမ်းချမ်းရေးတို့ကို လူသိများကြပါတယ်။
သီချင်းတွေက ပြုံးမိနေရင်းကနေ တွေးစရာ ဆွေးစရာ ဘဝဒဿနအချို့ကို ရလိုက်နိုင်တာမျိုးတွေလေ။
ဦးခိုင်ထူး သီဆိုထားတဲ့ အဲ့ဒီ စစ်နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ သီချင်းလေးကတော့ မကြာခဏ နားထောင်ဖြစ်တဲ့ သီချင်းလေးပါပဲ။
စပါးနှံချီကာ ချိုးဖြူငှက်ငယ်တွေ
အာကာတစ်ခွင်မှာ ဝဲလို့ မြူးပျော်စေ
သာယာနားဝင်ချို အေးတဲ့တေးသံဝေ
ညီညီညာညာ ငြိမ်းချမ်းရေးကို လှမ်း..... တဲ့။
ကျွန်တော်တို့ ချစ်ရတဲ့ အလေးအမြတ်ပြုရတဲ့ ဆလိုင်းဇာလျန်းဟာ ၂၀၂၁ မတ်လ ၆ ရက်နေ့မှာတော့ မငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီးကို စွန့်ခွာသွားခဲ့ပါတယ်။
ငြိမ်းချမ်းရေးတေးသံနဲ့ ချိုးဖြူငှက်တွေ ဝဲပျံနေမယ့် ကောင်းကင်ရွှေပြည်တော်မှာ ဆလိုင်းဇာလျန်း ငြိမ်းချမ်းစွာဖြင့် ပျော်ရွှင်ပါစေ...။
ခေတ်လင်းနေ
27.9.2022
မှတ်ချက်။ ။ ကော်ပီကူးယူမယ် ဆိုရင် ကျွန်တော့်ရဲ့ နာမည်ကို မဖြုတ်ပစ်ဖို့ကို လေးစားစွာဖြင့် မေတ္တာရပ်ခံပါရစေ ခင်ဗျာ။
ကိုးကား;
၁။ The Aces ရဲ့ ပဉ္စမံတပ်မှူးကြီး ဆလိုင်းဇာလျာန်း (ခ) ကိုဗစ်နဲ့ စကားစမြည်၊ ကိုသစ္စာ၊ အလင်္ကာဂီတဂျာနယ်။
၂။ တစ်သက်တာဂီတထူးချွန်ဆုရှင် ဗေရိဥယျာဥ်ခြံထဲက ခြံစောင့်ကြီး၊ EMG။
၃။ အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ၊ သိမ်းတင်သား။
၄။ About the Salai Za Lian, Chin World Media.
ကို ဂီတသတင်းမျှဝေကြမယ် မှ ရယူထားခြင်း ဖြစ်ပါသည်။
တစ်သက်တာဂီတထူးချွန်ဆု ကို လက်ခံရယူချိန်က ပုံဖြစ်ပါသည်။

၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၂၀ ရက်ကယှဥ်ပြိုင်ခဲ့သည့်ဗိုဗီနမ်ပြိုင်ပွဲတွင် ချင်းတိုင်းရင်း...
20/05/2022

၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)၏ မေ ၂၀ ရက်ကယှဥ်ပြိုင်ခဲ့သည့်ဗိုဗီနမ်ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသားအိုက်စိုးလင်းမှနိုင်ငံအတွက် ၈ မြောက်ရွှေတံဆိပ်ဆွတ်ခူးပေးနိုင်ခဲ့သည်။
အိုက်စိုးလင်းသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တမန်းသားရွာကဖြစ်ပြီးယခင်ကလည်း အပြည်ပြည်ဆိုင်ရာဗိုဗီနမ်ပြိုင်ပွဲများတွင်ရွေ ၁ ငွေ ၂ရရှိထားသူဖြစ်သည်။

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းတက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ ---အကုန်သိ သတင်းဌာန---       ထိုင်းနိုင်ငံမှ...
25/04/2022

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းတက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ
---အကုန်သိ သတင်းဌာန---
ထိုင်းနိုင်ငံမှာ အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ စွဲဆိုခံထားရတဲ့ တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တက္ကစီယာဉ်မောင်းဟာ မိန်းကလေးကို အလုပ်ပေးမယ်လို့ ဖျားယောင်းကာ မိုတယ်တစ်ခုကို ခေါ်သွားခဲ့ပြီးနောက် မိုတယ်ခန်းမှာ လက်ကိုကြိုးတုတ် အဓမ္မပြုကျင့်ခဲ့သလို ဖြစ်စဉ်ကို ဓါတ်ပုံရိုက်ယူခဲ့တယ်လို့လည်း သိရပါတယ်။
ယခုလအစောပိုင်းကဖြစ်ပွားခဲ့တဲ့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ တရားရုံးက Phetchabun ပြည်နယ်သား တက္ကစီသမား Adirek Sae Bae (၃၉ နှစ်) ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ၎င်းကို ဘန်ကောက်မြို့ရှိ Victory Monument အနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
၎င်းကို အဓမ္မ မုဒိမ်းပြုကျင့်မှု၊ ညစ်ညမ်းမှု၊ တရားမဝင် ထိန်းသိမ်းထားမှု၊ ကလေးသူငယ် ညစ်ညမ်းဓါတ်ပုံတွေကို ကိုယ်ကျိုးအတွက် လက်ဝယ်ထားရှိမှု၊ ခိုးမှု အပါအဝင် ဆက်စပ်ပြစ်မှုများနဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းနိုင်ငံ လက်ထောက်ရဲချုပ် ဒုတိယရဲမှူးချုပ် ဆူရာချတ်ဟက်ပန်က စနေနေ့(ဧပြီ ၂၃) မှာ ထုတ်ဖော်ပြောဆိုပါတယ်။
ကျူးလွန်ခံရတဲ့ မိန်းကလေးဟာ ဘန်ကောက်မှာနေပြီး အလုပ်ရှာနေသူဖြစ်ကြောင်း၊ သူမအတွက် အလုပ်ရှာပေးဖို့ရာ ထိုင်းလို ပြောတတ် ရေးတတ်တဲ့ အဒေါ်ဖြစ်သူအား အွန်လိုင်းမှာ အလုပ်ရှာပို့စ်တစ်ခုတင်ပေးဖို့ အကူအညီတောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။
ကျူးလွန်သူ Adirek ဟာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ အခြားသူတစ်ဦးရဲ့ ပုံကိုသုံးထားပြီး မိန်းကလေးရဲ့ အလုပ်ရှာပို့စ်မှာ သူမကို အလုပ်ပေးနိုင်ကြောင်းနဲ့ တက္ကစီတစ်စီးလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်ဆိုတဲ့ comment ရေးသားခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ အမှုစစ်အရာရှိတွေက ပြောဆိုပါတယ်။
ဧပြီ ၁ ရက်နေ့မှာတော့ Adirek ဟာ ပန်းရောင်တက္ကစီတစ်စီးကို မောင်းလာပြီး အလုပ်ရှင်နဲ့ တွေ့ပေးမယ်ဆိုကာ မိန်းကလေးကို အဒေါ်ဖြစ်သူအိမ်သို့ သွားခေါ်ခဲ့ပါတယ်။ အဒေါ်ဖြစ်သူကလည်း သူ့ကိုယုံပြီး တူမဖြစ်သူကို ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ယင်းနောက် Adirek ဟာ မိန်းကလေးကို မိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Adirek ဟာ မိန်းကလေးလက်ကို ကြိုးတုတ် အဓမ္မပြုကျင့်ရင်း ဖြစ်စဉ်ကို ဓါတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ယင်းနောက် သူမရဲ့ ဖုန်းနဲ့ ဘတ်ငွေ ၅၀၀ ကိုသိမ်းယူကာ သူမကို ရဲစခန်းတစ်ခုဆီ ခေါ်ဆောင်သွားပြီး ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦးဖြစ်ကြောင်းနဲ့ ပတ်စ်ပို့မရှိကြောင်းပြောကာ ရဲလက်အပ်ခဲ့ပြီး သူကတော့ စခန်းကနေ တန်းပြန်ထွက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ဘန်ကောက်ပို့စ်

(zawgyi)

မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းတက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ
---အကုန်သိ သတင်းဌာန---
ထိုင်းနိုင်ငံမှာ အသက် ၁၇ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ စွဲဆိုခံထားရတဲ့ တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တက္ကစီယာဉ်မောင်းဟာ မိန်းကလေးကို အလုပ်ပေးမယ်လို့ ဖျားယောင်းကာ မိုတယ်တစ်ခုကို ခေါ်သွားခဲ့ပြီးနောက် မိုတယ်ခန်းမှာ လက်ကိုကြိုးတုတ် အဓမ္မပြုကျင့်ခဲ့သလို ဖြစ်စဉ်ကို ဓါတ်ပုံရိုက်ယူခဲ့တယ်လို့လည်း သိရပါတယ်။
ယခုလအစောပိုင်းကဖြစ်ပွားခဲ့တဲ့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ တရားရုံးက Phetchabun ပြည်နယ်သား တက္ကစီသမား Adirek Sae Bae (၃၉ နှစ်) ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ၄င်းကို ဘန်ကောက်မြို့ရှိ Victory Monument အနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
၄င်းကို အဓမ္မ မုဒိမ်းပြုကျင့်မှု၊ ညစ်ညမ်းမှု၊ တရားမဝင် ထိန်းသိမ်းထားမှု၊ ကလေးသူငယ် ညစ်ညမ်းဓါတ်ပုံတွေကို ကိုယ်ကျိုးအတွက် လက်ဝယ်ထားရှိမှု၊ ခိုးမှု အပါအဝင် ဆက်စပ်ပြစ်မှုများနဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းနိုင်ငံ လက်ထောက်ရဲချုပ် ဒုတိယရဲမှူးချုပ် ဆူရာချတ်ဟက်ပန်က စနေနေ့(ဧပြီ ၂၃) မှာ ထုတ်ဖော်ပြောဆိုပါတယ်။
ကျူးလွန်ခံရတဲ့ မိန်းကလေးဟာ ဘန်ကောက်မှာနေပြီး အလုပ်ရှာနေသူဖြစ်ကြောင်း၊ သူမအတွက် အလုပ်ရှာပေးဖို့ရာ ထိုင်းလို ပြောတတ် ရေးတတ်တဲ့ အဒေါ်ဖြစ်သူအား အွန်လိုင်းမှာ အလုပ်ရှာပို့စ်တစ်ခုတင်ပေးဖို့ အကူအညီတောင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့ပါတယ်။
ကျူးလွန်သူ Adirek ဟာ သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ အခြားသူတစ်ဦးရဲ့ ပုံကိုသုံးထားပြီး မိန်းကလေးရဲ့ အလုပ်ရှာပို့စ်မှာ သူမကို အလုပ်ပေးနိုင်ကြောင်းနဲ့ တက္ကစီတစ်စီးလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်ဆိုတဲ့ comment ရေးသားခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ အမှုစစ်အရာရှိတွေက ပြောဆိုပါတယ်။
ဧပြီ ၁ ရက်နေ့မှာတော့ Adirek ဟာ ပန်းရောင်တက္ကစီတစ်စီးကို မောင်းလာပြီး အလုပ်ရှင်နဲ့ တွေ့ပေးမယ်ဆိုကာ မိန်းကလေးကို အဒေါ်ဖြစ်သူအိမ်သို့ သွားခေါ်ခဲ့ပါတယ်။ အဒေါ်ဖြစ်သူကလည်း သူ့ကိုယုံပြီး တူမဖြစ်သူကို ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ယင်းနောက် Adirek ဟာ မိန်းကလေးကို မိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
Adirek ဟာ မိန်းကလေးလက်ကို ကြိုးတုတ် အဓမ္မပြုကျင့်ရင်း ဖြစ်စဉ်ကို ဓါတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ယင်းနောက် သူမရဲ့ ဖုန်းနဲ့ ဘတ်ငွေ ၅၀၀ ကိုသိမ်းယူကာ သူမကို ရဲစခန်းတစ်ခုဆီ ခေါ်ဆောင်သွားပြီး ရွှေ့ပြောင်းဝင်ရောက်သူတစ်ဦးဖြစ်ကြောင်းနဲ့ ပတ်စ်ပို့မရှိကြောင်းပြောကာ ရဲလက်အပ်ခဲ့ပြီး သူကတော့ စခန်းကနေ တန်းပြန်ထွက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ ဘန်ကောက်ပို့စ်

ရုရှားစစ်သင်္ဘော နစ်မြှုပ်ပြီးနောက် တတိယကမ္ဘာစစ်စတင်ပြီဟု ရုရှားရုပ်သံလိုင်းမှ ကြေညာမော်စကို၊ ဧပြီ ၁၇ယူကရိန်းစစ်ပွဲတွင် ...
17/04/2022

ရုရှားစစ်သင်္ဘော နစ်မြှုပ်ပြီးနောက် တတိယကမ္ဘာစစ်စတင်ပြီဟု ရုရှားရုပ်သံလိုင်းမှ ကြေညာ

မော်စကို၊ ဧပြီ ၁၇

ယူကရိန်းစစ်ပွဲတွင် ၎င်းတို့၏ မိုစကာဗာ(Moskva) စစ်သင်္ဘော နစ်မြှုပ်သွားပြီးနောက် တတိယကမ္ဘာစစ် စတင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းက ကြေညာခဲ့သည်ဟု အိန္ဒိယသတင်းဌာနဖြစ်သည့် NDTV.com မှ ရေးသား ဖော်ပြထားသည်။

အဆိုပါ စစ်သင်္ဘောသည် မတော်တဆ မီးလောင်မှုဖြစ်ပွား၍ ပျက်စီးသွားကြောင်း ရုရှားက ပြောကြားသော်လည်း ယူကရိန်း ကတော့ “မော်စကို၏ ပင်လယ်နက်ရှိ ရေတပ်၏ ထင်ရှားသည့် စစ်သင်္ဘောကို မိမိတို့ထံမှ နက်ပကျွန်းဒုံးကျည်ဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း” သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် သင်္ဘောနစ်မြှုပ်မှု ဖြစ်စဉ်သည် ကရင်မလင်၏ အဓိကဝါဒဖြန့်ချိရေး အာဘော်ဖြစ်သည့် Russia 1 ရုပ်သံ ထုတ်လွှင့် ချက်တွင် မီးလောင်ပျက်စီးခြင်းကြောင့် နစ်မြှုပ်ခဲ့ရကြောင်း ဖော်ပြထားသည်။

“အဲဒီဖြစ်စဉ်ဟာ အရှိန်မြင့်လာတဲ့အတွက် တတိယကမ္ဘာစစ်လို့ ပြောလို့ရနေပြီ။ ဒါက လုံးဝကို သေချာနေပါတယ်” ဟု ရုပ်သံ အစီအစဉ် တင်ဆက်သူ အော်ဂါစကာဘီရဲဗာက တည်ငြိမ်အေးဆေးစွာဖြင့် ရုပ်သံကြည့်ရှုနေသည့် ပရိသတ်များကို အသိပေး ပြောကြားခဲ့သည်။

“အခု ကျနော်တို့ဟာ နေတိုးကိုယ်တိုင် မဟုတ်ရင်တော့ နေတိုးရဲ့ အခြေခံ အဆောက်အဦတွေကို ကျိန်းသေပေါက် တိုက်ခိုက် နေရပြီ ဖြစ်ပါတယ်။ ဒါကို အသိအမှတ်ပြုဖို့ လိုပါတယ်” ဟု အော်ဂါစကာဘီရဲဗာက ထပ်လောင်း ပြောကြားခဲ့သည်။

တခြား ရုရှားရုပ်သံချန်နယ် တစ်ခုတွင်လည်း သတင်းကြေညာသူက “ယူကရိန်းဟာ နောက်ထပ် ရန်စမှုတွေ၊ သွေးထွက် သံယို မှုတွေနဲ့ မတွေးဝံ့စရာတွေကို အနောက်အုပ်စုအလိုကျ လုပ်ဆောင်ပြနေပါတယ်” ဟု ထုတ်လွှင့်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ယူကရိန်း ပဋိပက္ခကို တတိယကမ္ဘာစစ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်း ရုပ်သံလိုင်းက ဧပြီ ၁၅ ရက် ညပိုင်းထုတ်လွှင့်ခဲ့သည်ဟု newsmax.com က ဖော်ပြခဲ့သည်။

Russia 1 ရုပ်သံလိုင်းမှ တင်ဆက်သူ အော်ဂါစကာဘီရဲဗာ၏ ပြောကြားချက်ကို ကိုးကားပြီး ဗြိတိန်သတင်းဌာန Metro News ကလည်း အလားတူ သတင်းဖော်ပြခဲ့သည်။

ရုရှားတို့၏ အထင်ရှားဆုံး စစ်သင်္ဘော မိုစကာဗာသည် ပင်လယ်နက်ရေပြင်ထဲ ဧပြီ ၁၄ ရက်၌ နစ်မြှုပ်သွားပြီးနောက် ရုရှား ရုပ်သံလိုင်းတစ်လိုင်းက အထက်ပါအတိုင်း သတင်းထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ယူကရိန်းသို့ နောက်ထပ် စစ်ရေးအကူအညီ ဒေါ်လာ သန်း ၈၀၀ ပေးပို့မည်ဖြစ်သဖြင့် စုစု ပေါင်း စစ်သုံးပစ္စည်းများနှင့် လက်နက်တန်ဖိုး ၂ ဒသမ ၅ ဘီလီယံ ဆက်လက်ကူညီမည်” ဟု ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။

ဘိုင်ဒန်သည် ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် တယ်လီဖုန်း ခေါ်ဆိုပြီးနောက် ယခုကဲ့သို့ နောက်ဆုံး အကူအညီ ပေးအပ် မည့်ကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

Source: NDTV, New Max World

လူစုဝေးခြင်းအတွက်ကန့်သတ်ချက်ကို ၁၇/၄/၂၂ မှစ၍ပယ်ဖျက်လိုက်သည် သို့သော် ကိုဗစ်စည်းကမ်းများကိုဆက်လက်လိုက်နာရန်လိုအပ်ပါသည်။
14/04/2022

လူစုဝေးခြင်းအတွက်ကန့်သတ်ချက်ကို ၁၇/၄/၂၂ မှစ၍ပယ်ဖျက်လိုက်သည် သို့သော် ကိုဗစ်စည်းကမ်းများကိုဆက်လက်လိုက်နာရန်လိုအပ်ပါသည်။

နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူရမည့်အသက်ကို စတုတ္ထအကြိမ်ပြင်ဆင်သတ်မှတ်ကြောင်းသိရ“၆၂နှစ်”အထိတိုးမြင့်
31/03/2022

နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူရမည့်အသက်ကို စတုတ္ထအကြိမ်ပြင်ဆင်သတ်မှတ်ကြောင်းသိရ“၆၂နှစ်”အထိတိုးမြင့်

စီးလာတဲ့ ရထား မိုင်းဆွဲခံရလို့ PDF အဖွဲ့ကို အကြမ်းဖက်အဖြစ်သုံးနှုန်းပြီး ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ သတင်း...
30/03/2022

စီးလာတဲ့ ရထား မိုင်းဆွဲခံရလို့ PDF အဖွဲ့ကို အကြမ်းဖက်အဖြစ်သုံးနှုန်းပြီး ကန့်ကွက်ရှုတ်ချတဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီကျင်းပတဲ့ တပ်မတော်နေ့ ပွဲကို ဖျော်ဖြေခဲ့ကြတဲ့ စစ်တပ်ထောက်ခံသူ အနုပညာရှင်တွေဟာ မတ်လ (၂၉)ရက်က ပြင်ဦးလွင်မြို့ဘက်ကို ရထားနဲ့ ထွက်ခွာလာခဲ့ကြတာပါ။
အဲဒီရထားကို ပြင်ဦးလွင်မြို့နဲ့ နောင်ချိုမြို့ကြားလမ်းတစ်နေရာအရောက်မှာ မနေ့ညနေစောင်းပိုင်းအချိန်မှာပဲ မိုင်းဆွဲတိုက်ခိုက်ခြင်းခံလိုက်ရတဲ့အတွက် လူ ၄၀ ကျော်လိုက်ပါလာခြင်းဖြစ်ပြီး အထက်တန်းအတွဲ ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး PDF အဖွဲ့ကို အကြမ်းဖက်အဖြစ် ကန့်ကွက်ရှုတ်ချ ထုတ်ပြန်ချက်တွေကို အခုလိုသတင်းစာမှ ဖော်ပြလာတာပါ။

တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းအနီး မတော်တဆမှုဖြစ်ပွားစာမေးပွဲမေးခွန်းများ ပို့ဆောင်မည့် တပ်မတော်ရဟတ်ယာဉ်တစ်စင...
29/03/2022

တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းအနီး မတော်တဆမှုဖြစ်ပွား

စာမေးပွဲမေးခွန်းများ ပို့ဆောင်မည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်းသည် ဟားခါးလေယာဉ်ကွင်းအနီးတွင် ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် မတော်တဆမှုဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရဟတ်ယာဉ်သည် စာမေးပွဲမေးခွန်းများကို ကလေးမြို့မှတဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ဟားခါးမြို့လေယာဉ်ကွင်းသို့ ဆင်းသက်သည့်အချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို အတည်ပြုပြောကြားသည်။

"သူကတော့ စာမေးပွဲမေးခွန်းတွေပို့တဲ့ ရဟတ်ယာဉ်ဖြစ်တယ်။ စာမေးပွဲမေးခွန်းတွေက လမ်း ပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဆိုတော့ တပ်မတော်ရဟတ်ယာဉ်သုံးပြီးပို့တာရှိတယ်။ ဒီနေ့မနက် ၈ နာရီ ၅ဝ လောက်တုန်းက ဒီရဟတ်ယာဉ်က စာမေးပွဲ မေးခွန်းတွေထုတ်တော့ ကလေးကနေတက်တယ်။ ဟားခါးမှာရှိတဲ့ ရဟတ်ယာဉ်ကွင်းကိုသွားတယ်။ ရဟတ်ယာဉ်ကွင်းကိုသွားတော့ ၉ နာရီ ၂ဝ မိနစ်လောက်မှာ ဟားခါးကိုရောက်တယ်။ ရဟတ်ယာဉ်က တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်က ပြုတ်ကျသွားတယ်။ ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁ဝဝ လောက်ကွာတဲ့ တောင်စောင်းပေါ်မှာပြုတ်ကျတယ်။ ရဟတ်ယာဉ်အမြီးကျိုးသွားတယ်။ ရဟတ်ယာဉ်လည်း နည်းနည်းတော့လန်သွားတာပေါ့" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ တပ်မတော်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ နှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း သုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

"သေဆုံးမှုကတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာ ၅ ယောက်ရှိတယ်။ တပ်က နှစ်ယောက်၊ အရပ်ဘက်က သုံးယောက်ပေါ့။ အရပ်ဘက်က ပညာရေးဝန်ထမ်းတွေများတယ်။ စိုးရိမ်ရ ဒဏ်ရာ မရှိပါဘူး။ ပေါက်ပြဲတာလောက်ပဲရှိတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်ဖြင့်သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများသည် ပျက်စီးမှုမရှိဘဲ တပ်သို့ရောက်ရှိသွားပြီဖြစ်ကာ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်ဆွဲနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရာခိုင်နှုန်းယူ၍ငွေသားလဲလှယ်ခြင်းများနှင့်ပတ်သတ်ပြီး ကော်မတီက စောင့်ကြည့်ကြပ်မတ်သွားမည့် အကြောင်း ဘဏ်များအား ဗဟိုဘဏ် အသိ...
24/03/2022

ရာခိုင်နှုန်းယူ၍ငွေသားလဲလှယ်ခြင်းများနှင့်ပတ်သတ်ပြီး ကော်မတီက စောင့်ကြည့်ကြပ်မတ်သွားမည့် အကြောင်း ဘဏ်များအား ဗဟိုဘဏ် အသိပေး
နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ် ပိတ်လအတွင်း ဆောင်ရွက်ရမည့်ကိစ္စများအား မတ်လ ၂၃ရက်က စည်းဝေးကြစဉ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဌက ဘဏ်များအား မှာကြားသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာအစိုးရဌာနများ၏ ငွေစာရင်းသို့ အခွန်အခများ အချိန်မီရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့် CBM-NET ၏ Fund Transfer ကို အသုံးပြု၍ လည်းကောင်း၊ Cheque/PO များ အသုံးပြု၍ လည်းကောင်း၊ လွှဲပြောင်းစာရင်း ရှင်းလင်းခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းခဲ့ကြကြောင်းလည်းသိရသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယခုလသည် ဘဏ္ဍာနှစ်ချုပ် ပိတ်လဖြစ်သည့်အတွက် နိုင်ငံတော်မှရရှိမည့် ဝင်ငွေများဖြစ်သည့် အခွန်အခများအား သက်ဆိုင်ရာ အစိုးရဌာနများ၏ ငွေစာရင်းသို့ အချိန်မီရောက်ရှိ ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်များအချင်းချင်း CBM-NET မှတစ်ဆင့် Fund Transfer နည်းဖြင့် လွှဲပြောင်းမှုများအတွက် ပမာဏများ ကန့်သတ်ထားခြင်းမရှိပါ၍ ဘဏ်များအနေဖြင့် အခွန်ထမ်းပြည်သူများမှ လာရောက်ပေးသည့် အခွန်များအား သက်ဆိုင်ရာဘဏ်စာရင်းသို့ Fund Transfer နည်းဖြင့် လွှဲပြောင်းသည့်အခါ အပြည့်အဝဆောင်ရွက်ပေးရန် ဘဏ်များအား တိုက်တွန်းထားသည်။
အကယ်၍ အခွန်ထမ်းပြည်သူများမှ ပမာဏ ကြီးမားသော လွှဲပြောင်းမှုများဖြစ်ပါက ဘဏ်အနေဖြင့် မိမိ၏ Customer နှင့် ညှိနှိုင်း၍ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်ပါ အလေးထားပြောကြားသည်။
ယင်းနောက် ဘဏ်များအနေဖြင့် PO ရောင်းချမှုများတွင် Customer များ၏ old Account မှဖြစ်စေ၊ New Account မှဖြစ်စေ၊ ရောင်းချပေးရန်၊ ဈေးကွက်တွင် ငွေသားယူစာရင်းပြောင်း၍ PO ဝယ်ယူခြင်းများ၊ ရခိုင်နှုန်းယူ၍ ငွေသား လဲလှယ်ခြင်းများနှင့် ပက်သတ်၍ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက် မည်ဖြစ်ကြောင်း အသိပေးစကားပါ ထည့်သွင်း ပြောဆိုခဲ့သည်ဟုသိရသည်။

ပေါ်ပျုလာနယူး

ဧပြီလ (၁)ရက်နေ့မှစတင်ပြီးပြီးတွင်းလေကြောင်းလိုင်းများစီးနှင်းမည့်သူများအနေဖြင့်နိုင်ငံသားကတ် (မှတ်ပုံတင်) ဖြင့်သာစီးနင်း...
23/03/2022

ဧပြီလ (၁)ရက်နေ့မှစတင်ပြီးပြီးတွင်းလေကြောင်းလိုင်းများစီးနှင်းမည့်သူများအနေဖြင့်နိုင်ငံသားကတ် (မှတ်ပုံတင်) ဖြင့်သာစီးနင်းလိုက်ပါရမည်ဖြစ်ကြောင်း
လေကြောင်းလိုင်းများမှထုတ်ပြန်ကြေညာ

သက်ဆင် သမီးအငယ်ဆုံး ဝန်ကြီးချုပ်​လောင်းအဖြစ်ယှဥ်ပြိုင်မည်ဟုထင်​ကြေး​ပေးခံ​နေရဘန်​ကောက်၊မတ် ၂၁ ထွက်ပြေးတိမ်းရှောင်နေသော ၀...
21/03/2022

သက်ဆင် သမီးအငယ်ဆုံး ဝန်ကြီးချုပ်​လောင်းအဖြစ်ယှဥ်ပြိုင်မည်ဟုထင်​ကြေး​ပေးခံ​နေရ
ဘန်​ကောက်၊မတ် ၂၁
ထွက်ပြေးတိမ်းရှောင်နေသော ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ Paethingtarn Shinawatra သည် ဝန်ကြီချုပ်​လောင်းအဖြစ်ပါဝင်ယှဥ်ပြိုင်မည်ဟု ​ထင်​ကြေး​ပေးခံ​နေရသည်။ တရားဝင် ထုတ်ပြန်ကြေညာခြင်း​တော့ မရှိသေး​​ပေ။
ပြီးခဲ့သည့် အောက်တိုဘာလက ဖြူထိုင်း ပါတီ၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြံပေးအရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော အသက် ၃၅ နှစ်ရှိ ပက်သွန်တန်က သူမ၏ဖခင်ကို အိမ်ပြန်ခေါ်ဆောင်ဖို့က ဦးစား​ပေးမဟုတ်​ကြောင်းပြောသည်။
“အဖေက သူ့မြေးတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်ပြန်ချင်နေတာ။ ဒါက အဓိကပြဿနာမဟုတ်ဘူး။ အဓိကက တိုင်းပြည်ရဲ့ စီးပွား​ရေးပြဿနာပါ” ဟု Udon Thani ပြည်နယ်ရှိ Pheu Thai အမှုဆောင်များစုဝေးပွဲတွင်သူမကတနင်္ဂနွေနေ့ကသတင်းထောက်များကိုပြောကြားခဲ့သည်။
Paethongtarn သည် ချူလာ​လောင်ကွန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး Surrey University မှ နိုင်ငံတကာ ဟိုတယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ရရှိထားသူဖြစ်သည်။
ထိုင်း အောက်လွှတ်တော်မှ ကျင့်ဝတ်ကော်မတီ ကလည်း Pheu Thai ပါလီမန်အမတ်အချို့နှင့်ဧပြီ ၄ ရက်​နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်​ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Chuan Leekpai ကယ​နေ့ တနင်္လာနေ့တွင် ပြောကြားထားသည်။
Pheu Thai ပါတီ၏ အကြီးကဲဖြစ်သူ တိမ်းရှောင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် သည် စင်္ကာပူတွင်ရှိ​နေသည်ဟုအတည်မပြုနိုင်သောသတင်းများထွက်​ပေါ်လျက်ရှိသည်။
Source: Khaosod

တောင်ကိုရီးယား အတိုက်အခံပါတီ ခေါင်းဆောင် သမ္မတဖြစ်   ————————————————————-▪️တောင်ကိုရီးယား နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှ...
10/03/2022

တောင်ကိုရီးယား အတိုက်အခံပါတီ ခေါင်းဆောင် သမ္မတဖြစ်
————————————————————-
▪️တောင်ကိုရီးယား နိုင်ငံက သမ္မတ ရွေးကောက်ပွဲမှာတော့ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် ယွန်းဆက်ယို အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီကနေ သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဥ်ပြိုင်တဲ့ လီဂျေးမြောင်ကလည်း ရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ပြီး အနိုင်ရရှိသူကို ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။
▪️တောင်ကိုရီးယား သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေရဲ့ မဲရရှိမှုဟာ အပြတ်အသတ်ကွာခြားခြင်းတော့ မရှိခဲ့ပါဘူး။ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ယွန်းဆက်ယိုက ၁ရာခိုင်နှုန်းမဲအသာ ရရှိပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
▪️အခု ရွေးကောက်ပွဲမှာ မဲပေးမှုတွေလည်း များပြားခဲ့ပြီး၊ မဲပေးခွင့် ရှိသူ အားလုံးရဲ့ သုံးချိုးတစ်ချိုး မဲလာပေးခဲ့ကြတယ်လို့ တောင်ကိုရီးယား သတင်းတွေမှာ ဖော်ပြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မစ္စတာ ယွန်းဟာ သူ့ကို အားပေးထောက်ခံသူတွေကိုလည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ အမေရိကန် အိမ်ဖြူတော်ကလည်း တောင်ကိုရီးယား သမ္မတသစ်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါးခဲ့ပါတယ်။
#ဘီဘီစီမြန်မာပိုင်း

မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ဟုလူဝင်မှုကြီးကြပ်ရေးနှင့် ပ...
06/03/2022

မှတ်ပုံတင်အစား ထောက်ခံစာများပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ဟုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထုတ်ပြန်
ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင်လည်း ကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်းကောင်း တရားဝင် ထုတ်ပေးထားသော နိုင်ငံသားကတ်မှတ်ပုံတင်အား (၁-၄-၂၀၂၂ )မှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း နစကလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယနေ့တွင်ထုတ်ပြန်သည်။
အသက် (၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင် သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများအား (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့ အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးလျက်ရှိ၍ နိုင်ငံသားကတ် (မှတ်ပုံတင်) အစား ထောက်ခံစာများအားပြသ၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ကြောင်းလည်း ဝန်ကြီးဌာနကပြောဆိုသည်။
နိုင်ငံသားကတ် (မှတ်ပုံတင်) အတု ကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိ ကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်းလည်း အသိပေးထားသည်။

Popular News Journal

ယူကရိန်းကို ထောက်ခံတဲ့ ပရီးမီးယားလိဂ်ကို တရုတ်နိုင်ငံမှာ ပြသခွင့် ပိတ်ပင်၂၀၂၂ ခုနှစ်၊ မတ်လ ၅ယူကရိန်းကို ထောက်ခံအားပေးမှု...
05/03/2022

ယူကရိန်းကို ထောက်ခံတဲ့ ပရီးမီးယားလိဂ်ကို တရုတ်နိုင်ငံမှာ ပြသခွင့် ပိတ်ပင်

၂၀၂၂ ခုနှစ်၊ မတ်လ ၅
ယူကရိန်းကို ထောက်ခံအားပေးမှုတွေ အများကြီးပြသနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဒီတစ်ပတ် တရုတ်နိုင်ငံမှာ ထုတ်လွှင့် ပြသတော့မှာ မဟုတ်ဘူးလို့ နိုင်ငံအတွင်းပြသခွင့်ရရှိထားတဲ့ အဖွဲ့အစည်းက ပရီးမီးယားလိဂ်ကို ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ယူကရိန်းကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားရဲ့ ရင်းနှီးတဲ့ မဟာမိတ်အဖြစ် ရှိနေတာပါ။ ပရီးမီးယားလိဂ်ကတော့ ရုရှားရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတာဖြစ်ပြီး ယူကရိန်းနဲ့အတူ စည်းလုံး ညီညွှတ်စွာရှိနေတဲ့ အကြောင်းတွေကို ပြသဖို့ စီစဉ်ထားပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အစီအစဉ်မှာ အသင်းခေါင်းဆောင်တွေဟာ ယူကရိန်းအရောင်နဲ့ အထူးပြုလုပ်ထားတဲ့ လက်ပတ်တွေကို ဝတ်ဆင်ကြမှာဖြစ်ပါတယ်။ ကွင်းထဲကကြီးမားတဲ့ ဘုတ်ပြားတွေပေါ်မှာ ယူကရိန်းနိုင်ငံရဲ့ အရောင်ပါဝင်တဲ့ ‘Football Stands Together’ စာသားကို ပြသထားမယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက ပွဲတွေပြသဖို့ ငြင်းဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာမှာ ပရီးမီးယားလိဂ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ တာပါ။ တရုတ်နိုင်ငံမှာ ပရီးမီးယားလိဂ် ပြသခွင့်ကို iQiyi Sports က ပြီးခဲ့တဲ့ နှစ်ကတည်းက ရယူထားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ရုရှားနဲ့ ချုပ်ဆိုထားတဲ့ ထုတ်လွှင့်ပြသခွင့် စာချုပ်တွေကို ပြန်လည်သုံးသပ်နေချိန်မှာ တရုတ်က ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၉ ကလည်း ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြသခွင့် ပိတ်ပင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အာဆင်နယ်အသင်း ကွင်းလယ် ကစားသမားဟောင်း အိုဇေးလ်ရဲ့ မှတ်ချက်စကားတွေကြောင့် တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်း CCTV က အာဆင်နယ်နဲ့ မန်စီးတီးပွဲကို ပြသမယ့် သူတို့ရဲ့ ပွဲအချိန်ဇယားကနေ ဖယ်ရှားခဲ့တာပါ။
အိုဇေးလ်ဟာ တရုတ်နိုင်ငံက တရုတ်နိုင်ငံရှိ ဝီဂါလူမျိုးစုတွေအပေါ် ပြုမူပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၉ အတွင်းမှာ အာဆင်နယ် အသင်းရဲ့ပွဲတွေကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပရီးမီးယားလိဂ်ကတော့ လက်ရှိအချိန်မှာ ယူကရိန်းကို အားပေးထောက်ခံကြောင်းကို ကစားသမားတွေနဲ့ ပရိသတ်တွေက ပွဲမစတင်ခင်နဲ့ ပွဲချိန်အတွင်းမှာ ပြသနေခဲ့ ကြတာလည်း ဖြစ်ပါတယ်။

Source: BBC
CNI Sport News

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇေ...
02/03/2022

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်ပေးမယ်လို့ဗိုလ်ချုပ် ဇော်မင်းထွန်းပြော

ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး ဘာကြောင့် လွှတ်တယ်ဆိုတာ အသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီနေ့လွှတ်ပေးမယ့်သူတွေထဲမှာမလေးရှားနိုင်ငံသားတစ်ဦးလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပိုနဲ့ ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။
အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စစ်ကောင်စီကချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။
BBC

ဘယ်လာရုစ်နယ်စပ်တွင် ရုရှားနှင့်ဆွေးနွေးရန် သဘောတူဟု ဇာလန်းစကီးပြောယူကရိန်း-ဘယ်လာရုစ်နယ်စပ်မှာ ရုရှားအရာရှိများနှင့် ဆွေး...
27/02/2022

ဘယ်လာရုစ်နယ်စပ်တွင် ရုရှားနှင့်ဆွေးနွေးရန် သဘောတူဟု ဇာလန်းစကီးပြော

ယူကရိန်း-ဘယ်လာရုစ်နယ်စပ်မှာ ရုရှားအရာရှိများနှင့် ဆွေးနွေးရန် ကိယက်ဗ်(ယူကရိန်း)က ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ သဘောတူထားသည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားသတင်းဌာနက ရေးထားဖော်ပြထားသည်။
"ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်း-ဘယ်လာရုစ်နယ်စပ်က Pripyat မြစ်အနီးမှာ ရုရှား [အရာရှိများ]နဲ့ တွေ့ဆုံဖို့ သဘောတူညီထားပါတယ်"ဟု ယူကရိန်းသမ္မတ ဇာလန်းစကီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် ယူကရိန်းနှင့်ရုရှား ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲ အချိန်ကို သတ်မှတ်ရေး ကြိုးပမ်းပေးလျက်ရှိသည်။
ထို့နောက် ဆွေးနွေးပွဲ လာရောက်မည့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်နှင့် လုံခြုံရေးကို တာဝန်ယူပေးရမည်ဟုလည်း ယူကရိန်းဘက်က ပြောသည်။
ဘယ်လာရုစ်သည် ရုရှား၏ မဟာမိတ်ဖြစ်ပြီး လက်ရှိတွင်လည်း ဘယ်လာရုစ်နယ်မြေအတွင်း ရုရှားက ရဟတ်ယာဉ်များနှင့် ဒုံးကျည်များချ၍ တပ်စွဲထားသည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုကလည်း ယူကရိန်းနှင့်ရုရှား တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလျက်ရှိသလို တွေ့ဆုံဆွေးနွေးပွဲအတွက် အလုံးစုံတာဝန်ယူဖြည့်စီးပေးမည်ဟုလည်း ပြောကြားထားသည်။
သို့သော် ယူကရိန်းနှင့်ရုရှား တွေ့ဆုံဆွေးနွေးရေးအတွက် နေရာနှင့်အချိန်သည် ရှုပ်ထွေးနေဆဲဖြစ်သည်။ ရုရှားသည် ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့ သို့မဟုတ် ဂိုမဲလ်မြို့မှာ ကျင်းပရန် ဆန္ဒရှိနေပြီး ယူကရိန်းဘက်ကလည်း ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ ကျင်းပရန် ဆန္ဒရှိကြောင်း ပြီးခဲ့သည့်ရက်များအတွင်းက ထုတ်ဖော်ပြောထားကြသည်။
Source: Aljazeera
CNI International News

ချယ်လ်ဆီးကို အသင်းဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးလိုက်တဲ့ အေဘရာမိုဗစ်ခ်ျချယ်လ်ဆီး အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ...
27/02/2022

ချယ်လ်ဆီးကို အသင်းဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးလိုက်တဲ့ အေဘရာမိုဗစ်ခ်ျ

ချယ်လ်ဆီး အသင်းပိုင်ရှင် ရုရှားဘီလျံနာ အေဘရာမိုဗစ်ခ်ျဟာ အသင်းရဲ့အုပ်ချုပ်မှုအပိုင်းကို အသင်းဖောင်ဒေးရှင်းဖြစ်တဲ့ Charitable foundation ကို လွှဲပြောင်းပေးလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။

အေဘရာမိုဗစ်ခ်ျဟာဆိုရင် ရုရှားနဲ့ ယူကရိန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကြောင့် အသင်းအပေါ် ထိခိုက်လာမှာကို စိုးရိမ် နေတဲ့အတွက် ဒီလိုပြုလုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။ အေဘရာမိုဗစ်ခ်ျဟာ ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီး တဲ့ ဆက်ဆံရေးတွေကြောင့် ပိတ်ဆို့မှုတွေ ခံရဖို့ ရှိနေတာ
ဖြစ်ပါတယ်။
အေဘရာမိုဗစ်ခ်ျက "အသင်းကို နှစ်ပေါင်း(၂၀)နီးပါး ပိုင်ဆိုင်ခဲ့ချိန်မှာ ကလပ်ကို စောင့်ထိန်းတဲ့သူ တစ်ယောက်အနေနဲ့ ကျနော့်ရဲ့ အခန်းကဏ္ဍကို အမြဲတမ်း ရှုမြင်ခဲ့ပြီး ဒီအလုပ်က ဒီနေ့ ကျနော်တို့ လုပ်နိုင်သလောက် အောင်မြင်စေတဲ့အပြင် အနာဂတ်အတွက်ပါ တည်ဆောက်ပေးတာပါ။ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်းမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် အေဘရာမိုဗစ်ခ်ျက "ကျနော်ဟာ ကလပ်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်တွေကို အမြဲတမ်း ချမှတ် ခဲ့တာပါ။ ကျနော်ဟာ ချယ်လ်ဆီး အသင်းရဲ့ Charitable foundation ကို အုပ်ချုပ်မှုနဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်နေတာပါ။ လက်ရှိအချိန်မှာ သူတို့က ကလပ်၊ ဝန်ထမ်းတွေ၊ ကစားသမား‌တွေနဲ့ ပရိသတ်တွေရဲ့ အကျိုးစီးပွားကို ဂရုစိုက်ဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတယ်ဆိုတာ ကျနော် ယုံကြည်တယ်"လို့ ပြောပါတယ်။

ဒီလို လုပ်ဆောင်မှုဟာ အမြဲတမ်းလား ယာယီပဲလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အေဘရာမိုဗစ်ခ်ျဟာ ချယ်လ်ဆီး အသင်းကို ၂၀၀၃ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အသင်းကို ဥရောပထိပ်သီး အသင်းဖြစ်အောင် ပံ့ပိုး ပေးခဲ့သူလည်း ဖြစ်ပါတယ်။

Source: Metro
CNI Sport News

ယူကရိန်းနဲ့ ရုရှားသမိုင်းကြောင်းကပြဿနာမြေပုံ ငါးချပ်နဲ့ အကျဉ်းချုပ်ရှင်းပြထားပါတယ်။ BBC
26/02/2022

ယူကရိန်းနဲ့ ရုရှားသမိုင်းကြောင်းကပြဿနာ
မြေပုံ ငါးချပ်နဲ့ အကျဉ်းချုပ်ရှင်းပြထားပါတယ်။

BBC

Omicron သည် စိုးရိမ်ဖွယ်ရာဗီဇမျိုးကွဲဖြစ်သည်မပေါ့ဆပါနှင့်
22/02/2022

Omicron သည် စိုးရိမ်ဖွယ်ရာဗီဇမျိုးကွဲဖြစ်သည်
မပေါ့ဆပါနှင့်

20/02/2022

ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
---------------------------------

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ချင်းအမျိုးသားတစ်ရပ်လုံးက ချင်းအမျိုးသားနေ့ကို ၁၉၅၁ခုနှစ်မှစ၍နှစ်စဉ် ကျင်းပ လာခဲ့ကြသည်မှာ ၂၀၁၆ခုနှစ်တွင် (၆၈) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးများ၏ သူ့ကျွန်မခံလို သည့်စိတ်ဓာတ်၊နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူထုဆန္ဒအရ ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုမြတ်နိုးသည့်စိတ်ဓာတ်တို့အပေါ်အခြေခံ၍ ပေါက်ဖွားလာခဲ့ခြင်းဖြစ်
သည်။

ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ရသည့်အကြောင်းရင်းဖြစ်သောသမိုင်း၀င် ဖြစ်ရပ်ကြီး (၃)ရပ်ရှိခဲ့သည်။

ပထမသမိုင်းဖြစ်ရပ်မှာ - နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်ကျရောက်ခဲ့ကြရသည့် ချင်းအမျိုးသားတို့သည် အခြေ အနေအရ နယ်ချဲ့စစ်တပ်တွင် အမှုထမ်းခဲ့ကြရသော်လည်းမိမိလူမျိုးလွတ်လပ်ရေးအတွက်နယ်ချဲ့ကိုပြန်လည် တွန်းလှန်မောင်း ထုတ်နိုင်ရန် ခေတ်ပညာတတ်မြောက်ဖို့လိုအပ်ကြောင်း သဘောပေါက်သည့်အလျောက် မင်းတပ်မြို့နယ် ၀မ္မသူးရွာသား ဦး၀မ္မသူးမောင်း ဦးဆောင်သောချင်းမျိုးချစ်ပုဂ္ဂိုလ်များကဦးဆောင်၍ ၁၉၁၈ခုနှစ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ချင်းအမျိုးသား များ ပညာမြှင့်တင်ရေးအဖွဲ့ကို မေမြို့(ပြင်ဦးလွင်)တွင် ဖွဲ့စည်းပြီး ချင်းအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးကို စတင်ဆောင်ရွက် ခဲ့သည်။

ဒုတိယသမိုင်းဖြစ်ရပ်မှာ - ချင်းအမျိုးသားများ၏နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည်။ဦး၀မ္မသူးမောင်းသည် ၁၉၂၄ခုနှစ်တွင် နယ်ချဲ့စစ်တပ်မှ နှုတ်ထွက်ပြီး ၁၉၂၅ခုနှစ်တွင် သူ၏ဇာတိ ၀မ္မသူးရွာ၌ မူလတန်းကျောင်းဖွင့်ပြီး အမျိုးသားရေးအတွက် စတင်လှုပ်ရှားခဲ့သည်။ ၁၉၃၄ခုနှစ် မတ်လတွင်မင်းတပ်မြို့နယ် မသုန်နူးကျေးရွာ၌ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ၁၉၃၉ခုနှစ် ဇူလိူင်လ (၂၈)ရက်နေ့တွင်ချင်းတောင်ညီညွတ်ရေးအဖွဲ့ဟု
ပြောင်းလဲခေါ်ဝေါ်ကာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများလုပ်ဆောင် ခဲ့သည်။ ယင်းအဖွဲ့သည် ဒို့ဗမာအစည်းအရုံးနှင့် ဖဆပလ အဖွဲ့ချုပ်တို့ကို ဆက်သွယ်ကာ ဗြိတိသျှဘုရင်ခံထံ ချင်းအမျိုးသားတို့၏ အခွင့်အရေးနစ်နာချက်(၉)ချက်ကိုတောင်းဆိုခဲ့သည်။ မြန်မာပြည်ဆိုင်ရာအင်္ဂလိပ်ဘုရင်ခံကချင်းအမျိုးသားတို့၏တောင်းဆိုချက် များကိစ္စကို ဖြေရှင်းရန် မကွေးတိုင်းမင်းကြီး မစ္စတာနီလာ၊ကန်ပက်လက်နယ်ခြား၀န်ထောက်
ဂျေဖူးညိုတို့ကိုကန်ပက်လက်မြို့ သို့ စေလွှတ်ခဲ့သည်။

၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်ဦး၀မ္မသူးမောင်းခေါင်းဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့နှင့် လူထု (၁၀၀၀) တစ်ထောင်ခန့်တို့သည် ကန်ပက်လက်မြို့၌ ဗြိတိသျှနယ်ချဲ့ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပွဲ (ဒါဘာပွဲ) ပြုလုပ်ခဲ့ကြ သည်။ ဒါဘာပွဲတွင်မစ္စတာမက္ကရီကင်းက ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ အရေးကြီးသောတောင်းဆိုချက်အချို့ကို မလိုက်လျော ပေးနိုင် ကြောင်းဖြေကြားရာ ဗြုန်းကနဲချင်းလူထုကြီးကထလာက လက်သီးလက်မောင်းတန်း၍ အော်ဟစ်ဆန့်ကျင်ခဲ့ကြသည်။ လုံးဝမျှော် လင့်မထားသော ချိုးချင်းလူမျိုးတို့၏ ဆန့်ကျင်ဆန္ဒပြမှုကို ထိတ်လန့်တုန်လှုပ်ကာ နယ်ချဲ့ဗြိတိသျှကိုယ်စားလှယ် အဖွဲ့ သည် ဆောမြို့သို့ချက်ချင်းထွက်ပြေးခဲ့ကြသည်။ မကြာမီ ဗြိတိသျှအစိုးရက ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို မတရား အသင်းဟု ကြေညာကာ ချင်းတောင်အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ ဦး၀မ္မသူးမောင်းနှင့် ချိုးချင်းခေါင်းဆောင်(၉)ဦးတို့ကို ၂၄ - ၃ - ၁၉၄၀ ခုနှစ်တွင် စတင်ဖမ်းဆီးခဲ့သည်။ ချိုးချင်းမျိုးချစ် (၁၃၀)ကျော်ဖမ်းဆီးခံရပြီး ဖလမ်း၊ တီးတိန်၊ ဟားခါး၊ မြင်းခြံ ၊ ကသာနှင့် မန္တလေးထောင်များ တွင် အကျဉ်းချထားခြင်းခံခဲ့ကြရသည်။

တတိယသမိုင်းဖြစ်ရပ်မှာ - လွတ်လပ်ရေးရပြီးနောက် ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေ ဗြူရိုကရက်အုပ်ချုပ်ရေးစနစ် ဖျက်သိမ်းပြီး ခေတ်မီဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အစားထိုးကျင့်သုံးရန်အဆိုကို အတည်ပြုဆုံးဖြတ်ခဲ့သည့် လူထုလှုပ်ရှားမှုဖြစ် သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော ချင်းဝိသေသ တိုင်းတွင် ချင်းအမျိုးသားအများစုက နယ်ချဲ့စနစ်၏ အမွေဟောင်းဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်ကို မလိုလားမှုများပိုမိုပြင်းထန် လာရာ ချင်းရေးရာဌာနက ၀န်ကြီးအဖွဲ့သို့ချင်းတောင်စုံစမ်းရေးကော်မရှင်အဖွဲ့ ဖွဲ့ပေးရန်တင်ပြခဲ့ရာ ၅-၂-၁၉၄၈ တွင်ဖွဲ့စည်းပေး ခဲ့သည်။ ထိုအဖွဲ့က စုံစမ်းလေ့လာပြီး ၂၂-၉-၁၉၄၈ တွင်ဗြူရိုကရေစီအုပ်ချုပ်ရေးကိုဖျက်သိမ်း၍ ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် စနစ်ကိုကျင့်သုံးရန်နှင့်တိုက်သူကြီးများဖြင့်အုပ်ချုပ်သည့်စနစ်ကို အဆုံးသတ်သင့်ကြောင်း ထောက်ခံတင်ပြခဲ့သည်။

ဤအတောအတွင်း ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ဖလမ်းမြို့၌ လူထုအစည်းအဝေးပွဲတစ်ရပ်ကျင်းပခဲ့ သည်။ထိုအစည်းအဝေးတွင် ချင်းဝိသေသတိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးရေးအတွက် နယ်ချဲ့အမွေအုပ်ချုပ်ရေး စနစ်ဟောင်းကိုဖျက်သိမ်းရန်အဆိုကို တင်သွင်းရာ အားလုံးကထောက်ခံအတည်ပြုခဲ့သည်။

ထိုသို့လျှင်ချင်းဝိသေသတိုင်း၌ နယ်ချဲ့အမွေအုပ်ချုပ်ရေးစနစ်ဟောင်းကိုဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော စနစ်တည်ထောင်ရန်ဆုံးဖြတ်ခဲ့သည့် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ ကန်ပက်လက်ဒါဘာပွဲ၌ နယ်ချဲ့ဗြိတိသျှအစိုးရကို ရဲဝံ့စွာဆန့်ကျင်ဆန္ဒပြခဲ့သည့်၁၉၄၀ခုနှစ် ဖေဖော်ဝါရီလ(၂၀)၊ ချင်းအမျိုးသားများပညာမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း၍ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးအတွက် စတင်လှုပ်ရှားခဲ့သည့် ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်တို့သည်ချင်းအမျိုးသားတစ်ရပ်လုံးအတွက် အလွန်ထူးခြားဂုဏ်ယူဖွယ်ရာနေ့ရက်များဖြစ်သည်ဟု ချင်းရေးရာကောင်စီက သုံးသပ်ခံယူလျက် ဤနေ့ထူးနေ့မြတ်ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ဂုဏ်ပြုကျင်းပရန် ၁၉၅၀ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့သတ်မှတ်ပြီး ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက် နေ့တွင်စတင်ကျင်းပခဲ့ပေသည်။

ချင်းလူမျိုးအပေါင်းတို့၏ ချင်းအမျိုးသားနေ့သည်ကား သူ့ကျွန်မခံလိုသောစိတ်ဓာတ်၊ဒီမိုကရေစီစနစ်ကိုချစ်မြတ်နိုးသောစိတ်
ဓာတ်နှင့်အမျိုးသားရေးစိတ်ဓာတ်တို့မှ မွေးဖွားလာခဲ့သော နေ့ထူးနေ့မြတ်ဖြစ်သည်။ဤနေ့ထူးနေ့မြတ်ချင်းအမျိုးသားနေ့ကိုကျွန်ုပ်တို့ချင်းတစ်မျိုးသားလုံးက နှစ်စဉ်ဖေဖော်ဝါရီလ(၂၀)ရက်နေ့ရောက်တိုင်း ဂုဏ်ယူကျင်းပကာ ချင်းအမျိုးသားညီညွတ်ရေးကို တည်ဆောက်လျက် ရှေ့သို့ချီတက်ကြပါစို့ ။ ။

(မှတ်ချက် ။ ။ဤဆောင်းပါးကိုချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ၌ ချင်းအမျိုးနေ့ဖြစ်ပေါ်လာပုံအကြောင်း ထည့်သွင်းဟောပြောရာ၌ အသုံးပြုနိုင်လိမ့်မည်ဟုမျှော်မှန်းပါသည်။)

အားလုံးကိုလေးစားလျက် -
ဆလိုင်းအောင်မင်းလှိုင် (၀၉ ၅၀၄ ၃၇၀၉)

Address


Website

Alerts

Be the first to know and let us send you an email when Taungzalat Time Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungzalat Time Media:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share