Urban Shoguns Burma

  • Home
  • Urban Shoguns Burma

Urban Shoguns Burma မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ၏ တရားဝင် ထောက်ပို့စာမျက်နှာဖြစ်သည်။

23/07/2024

မဲရောင်းမယ်

'ခုခံတော်လှန်သေနတ်သံ' ကံစမ်းမဲ (၂) လတာ လှုပ်ရှားမှု အစီအစဉ်ပြီးဆုံးပါတော့မယ် မနက်ဖြန်၊ ဇူလိုင်လ (၂၃) ရက်နေ့ မြန်မာစံတော်...
22/07/2024

'ခုခံတော်လှန်သေနတ်သံ' ကံစမ်းမဲ (၂) လတာ လှုပ်ရှားမှု အစီအစဉ်ပြီးဆုံးပါတော့မယ်

မနက်ဖြန်၊ ဇူလိုင်လ (၂၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၁) နာရီမှာ Urban Revolutionary Front - URF မြေပြင်ရဲဘော်ရဲမေတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ကျန်ရှိနေသေးတဲ့ ကံစမ်းမဲလက်မှတ်များကို ရောင်းချပေးသွားပါမယ်ရှင့်

စောင့်မေ ျှာ်ကြည့်ရှှုပေးပါဦး

'ခုခံတော်လှန်သေနတ်သံ' ကံစမ်းမဲ (၂) လတာ လှုပ်ရှားမှု အစီအစဉ်ပြီးဆုံးပါတော့မယ်

မနက်ဖြန်၊ ဇူလိုင်လ (၂၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၁) နာရီမှာ Urban Revolutionary Front - URF မြေပြင်ရဲဘော်ရဲမေတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး ကျန်ရှိနေသေးတဲ့ ကံစမ်းမဲလက်မှတ်များကို ရောင်းချပေးသွားပါမယ်ရှင့်

စောင့်မေ ျှာ်ကြည့်ရှှုပေးပါဦး

နိုင်ငံစုံကနေ 'Urban Sh**uns Burma - မြို့ပြရှိုးဂမ်း' ကမ်ပိန်းကို မေတ္တာပြ ဝန်းရံ အားဖြည့်ပေးခဲ့ကြတဲ့ Fundraisers-Frs တ...
22/07/2024

နိုင်ငံစုံကနေ 'Urban Sh**uns Burma - မြို့ပြရှိုးဂမ်း' ကမ်ပိန်းကို မေတ္တာပြ ဝန်းရံ အားဖြည့်ပေးခဲ့ကြတဲ့ Fundraisers-Frs တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဂုဏ်ပြုလွှာအသီးသီးအား ဖော်ပြအပ်ပါတယ်။
==============
ကမ်ပိန်းအတွက် ကြားခံပလက်ဖောင်းကြီးသဖွယ် ပေါင်းကူးပေး၊ ကူညီစီစဉ်ပေးခဲ့ပါသော CRPH - OFP Fundraising Program တို့ကိုလည်း ရဲဘော်ရဲမေများအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်။
===========
🫴CRPH Funding Ireland https://www.facebook.com/crphfundingireland?mibextid=LQQJ4d
_________________________________
🫴One-to-One CDM Campaign https://www.facebook.com/OneToOneCDMCampaign?mibextid=LQQJ4d
________________________________
🫴နွေဦးကံ့ကော်အင်ပါယာ https://www.facebook.com/SpringGumEmpire?mibextid=LQQJ4d
_________________________________
🫴Moe Yu Spring Revolution Market
💬 m.me/MYSRevoM
ပေးပို့နိုင်သော Currency - NUG Pay, SDB, USD
_________________________________
🫴GenY for Revolution - https://www.facebook.com/GenYForRevolutionJapan?mibextid=LQQJ4d
_____________________________
🫴With Love (Brunei) https://www.facebook.com/withlove.bru?mibextid=LQQJ4d
_________________________________
🫴Photographer's Supporting - Korea
https://www.facebook.com/P.S.K.korea?mibextid=LQQJ4d
_________________________________
🫴နွေဦးထောက်ပို့&Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm?mibextid=LQQJ4d
_________________________________
🫴Global Myanmar Volunteers| Frankfurt
https://www.facebook.com/globalmmvolunteers
_________________________________
🫴Findland Myanmar Society Ry| Helsinki
https://www.facebook.com/finlandmyanmar
_________________________________
🫴တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာအဖွဲ့ - Thailand
https://m.facebook.com/healthrevolutionnugaac
_________________________________
🫴PDFs Support Group
https://www.facebook.com/profile.php?id=100089635447333&mibextid=LQQJ4d
_________________________________
🫴“Khine SG “
(http://wa.me/6593802119)
m.me/khine.singapore
___________________________
🫴Taiwan Alliance for Myanmar
https://www.facebook.com/TaiwanAllianceforMyanmar
_________________________________
🫴2022 Bottle Depot အကောက်ခွန်
https://m.facebook.com/bottledepotminmin?mibextid=LQQJ4d
_________________________________
🫴Support For Springs
https://www.facebook.com/profile.php?id=100082730117883&mibextid=LQQJ4d
_________________________________
🫴 For Our people
https://www.facebook.com/cdmforourpeople?mibextid=LQQJ4d
_________________________________
🫴 National Alliance Bangkok
https://www.facebook.com/profile.php?id=100090015414810&mibextid=ZbWKwL
________________________________
🫴Support for Myanmar from Australia and Singapore
https://www.facebook.com/AUSG4MM/
________________________________
🫴GMSR Korea 글로벌 미얀마 봄혁명 연대 -တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး
https://www.facebook.com/gmsr.korea?mibextid=ZbWKwL
________________________________
🫴MMM
+66995026124 (TELEGRAM SIGNAL VIBER LINE)
________________________________
🫴Stalla
m.me/stella.ofp.fr
________________________________
🫴To Way Back Home
https://www.facebook.com/ToWayBackHome
________________________________
🫴နွေဦးစုဗူး
https://www.facebook.com/nwayoosubuu
________________________________
🫴Khin Hnin Kyi Thar
https://www.facebook.com/khin.kyithar?mibextid=LQQJ4d

________________________________

10/07/2024

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front -URF)တာဝန်ခံ ကိုထက်၏ (၃) နှစ်ပြည့် မိန့်ခွန်း (Video)

08/07/2024

"မြို့ပြတော်လှန်ရေးတပ်ဦး (၃) နှစ်ပြည့်အတွက် Click4Freedom အဖွဲ့ Admin Obito ပေးပို့လာသည့် ဗီဒီယို သတင်းစကား"

မွန်တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council)နှင့် မွန်ပြည်တော်လှန်ရေးတပ် (Mon...
08/07/2024

မွန်တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council)နှင့် မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force) တို့ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
=====================

သဝဏ်လွှာများ အပိုင်း - ၂
08/07/2024

သဝဏ်လွှာများ အပိုင်း - ၂

(၃) နှစ်ပြည့်အတွက် သဝဏ်လွှာများ
08/07/2024

(၃) နှစ်ပြည့်အတွက် သဝဏ်လွှာများ

(၃)နှစ်တာကာလအတွင်း URF ရဲဘော်ရဲမေတွေ ဘာလုပ်ခဲ့ပါသလဲ? အောက်ပါ 'စစ်ရေးလှုပ်ရှားမှုများ Infographic' မှာ အသေးစိတ် တင်ပြပေးလ...
07/07/2024

(၃)နှစ်တာကာလအတွင်း URF ရဲဘော်ရဲမေတွေ ဘာလုပ်ခဲ့ပါသလဲ? အောက်ပါ 'စစ်ရေးလှုပ်ရှားမှုများ Infographic' မှာ အသေးစိတ် တင်ပြပေးလိုက်ပါတယ်ရှင်
============
၂၀၂၁ ခုနှစ် ဆဲဗင်းဇူလိုင်တွင် စတင်တည်ထောင်ခဲ့သည့် မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) သည် ယနေ့ ၂၀၂၄ ခုနှစ် ဆဲဗင်းဇူလိုင်တွင် ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်ခဲ့ပါပြီ။
=========
ဆက်သွယ်ရန် Signal: +66928414432 (မြေပြင်သတင်းနဲ့မီဒီယာ)

'URF ရဲဘော်ရဲမေများသည် သမိုင်း နာမည်တွင်ကျန်နေစေဖို့ တိုက်ခိုက်ခြင်းမဟုတ်ဘဲ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခြင်းသာဖြစ်ရမယ်...
07/07/2024

'URF ရဲဘော်ရဲမေများသည် သမိုင်း နာမည်တွင်ကျန်နေစေဖို့ တိုက်ခိုက်ခြင်းမဟုတ်ဘဲ လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခြင်းသာဖြစ်ရမယ်'

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front -URF)စတင်ဖြစ်တည်၊ တိုက်ပွဲဆင်နွှဲလာတာ ယနေ့ ဆဲဗင်းဇူလိုင်မှာ (၃) နှစ်တ...
07/07/2024

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front -URF)စတင်ဖြစ်တည်၊ တိုက်ပွဲဆင်နွှဲလာတာ ယနေ့ ဆဲဗင်းဇူလိုင်မှာ (၃) နှစ်တိုင်ခဲ့ပါပြီ။
============

URF တာဝန်ခံ ကိုထက်၏ (၃) နှစ်ပြည့် မိန့်ခွန်းကို ဖော်ပြအပ်ပါတယ်
ဆက်သွယ်ရန် Signal: +66928414432

ထောက်ပို့လေးတို့ဆီကနေ သိန်း ၂,၃၀၀ ကျော် ရခဲ့ပါပြီ+++++Urban Revolutionary Front - URFရဲ့ မြို့ပြစစ်သူကြီးတွေအတွက် လက်နက်...
20/06/2024

ထောက်ပို့လေးတို့ဆီကနေ သိန်း ၂,၃၀၀ ကျော် ရခဲ့ပါပြီ
+++++
Urban Revolutionary Front - URFရဲ့ မြို့ပြစစ်သူကြီးတွေအတွက် လက်နက်ငယ်နဲ့ ကျည်ကာချပ်ဝတ်တန်ဆာများ ဖြည့်တင်းဖို့ ရည်ရွယ်ပြုလုပ်ခဲ့တဲ့ 'မြို့ပြရှိူးဂမ်း' ကမ်ပိန်း ပိတ်သိမ်းအပြီးမှာ ခန့်မှန်း မြန်မာကျပ်ငွေ သိန်း ၂,၃၀၀ (စာဖြင့် သိန်းနှစ်ထောင့်သုံးရာ ကျပ်) ရရှိခဲ့ပါတယ်။

ငွေလဲနှုန်းအရ ခန့်မှန်း ၅၀ ဒဿမ ၇ ရာခိုင်နှုန်း၊ သိန်းပေါင်း ၂၃၀၀ ကျော်ရခဲ့ပါတယ်။

ပါဝင်ကူညီအားဖြည့်သူ လူပုဂ္ဂိုလ်တဦးချင်းစီ၊ ထောက်ပို့အဖွဲ့ငယ်များနှင့် နိုင်ငံတကာ ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းအသီးသီး စုစုပေါင်း (၃၁၈) ဦး/ဖွဲ့၊ ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးခဲ့ကြောင်း အသိပေးတင်ပြအပ်ပါတယ်။

"စစ်ပွဲမှာ အဓိကက စစ်ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။ ပြည်သူ့ရဲ့ ရန်ပုံငွေကို ရန်သူစစ်တပ်ကို ခုခံသွားမယ့် လူထု ဒိုင်းကာသဖွယ် ပြန်လည်အသုံးပြုသွားပါ့မယ်"

ဝယ်ယူရရှိ ဖြည့်တင်းခဲ့တဲ့ လက်နက်ငယ် အရေအတွက်နဲ့ ကျည်ကာချပ်ဝတ်တန်ဆာ စာရင်းရှင်းတမ်းများကိုလည်း ယခု စာမျက်နှာကနေ မကြာခင်ကာလများအတွင်း တင်ပြပေးသွားပါဦးမယ်ရှင်

(၂)လနဲ့ (၂)ပတ်တာ ကြာမြင့်ခဲ့တဲ့ မြို့ပြရှိုးဂမ်းကမ်ပိန်းဟာ ဇွန်လ (၁၅) ရက်နေ့မှာ ပိတ်သိမ်းခဲ့ပါပြီရှင်။ ============မြေပြ...
18/06/2024

(၂)လနဲ့ (၂)ပတ်တာ ကြာမြင့်ခဲ့တဲ့ မြို့ပြရှိုးဂမ်းကမ်ပိန်းဟာ ဇွန်လ (၁၅) ရက်နေ့မှာ ပိတ်သိမ်းခဲ့ပါပြီရှင်။
============
မြေပြင်မှာ ရန်သူစစ်တပ်ကို အသက်နဲ့ဘဝတွေ ရင်းနှီးမြှုပ်နှံပြီး တိုက်ခိုက်နေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ထောက်ပို့အယောက်စီတိုင်းကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။
==============
ကမ်ပိန်းအပြီးသတ် ဘဏ္ဍာရေးလွှဲပြောင်းမှုတွေ မပြီးပြတ်သေးတာကြောင့် ကမ်ပိန်းအနှစ်ချုပ် အစီရင်ခံစာကို ဇွန် (၂၀) ရက်နေ့မှာ တင်ပြပေးမယ့်အကြောင်း အသိပေးအပ်ပါတယ်။

နွေဦးတော်လှန်ရေးအောင်ရမည် |||

ဧပြီလ (၁) ရက်နေ့ကတည်းက စတင်ခဲ့တဲ့ 'မြို့ပြရှိူးဂမ်း' ကမ်ပိန်းဟာ ဒီနေ့၊ ဇွန်လ (၁၅) ရက်နေ့မှာ ပြီးစီးခဲ့ပါပြီရှင်။မြေပြင်မ...
15/06/2024

ဧပြီလ (၁) ရက်နေ့ကတည်းက စတင်ခဲ့တဲ့ 'မြို့ပြရှိူးဂမ်း' ကမ်ပိန်းဟာ ဒီနေ့၊ ဇွန်လ (၁၅) ရက်နေ့မှာ ပြီးစီးခဲ့ပါပြီရှင်။

မြေပြင်မှာ ရန်သူစစ်တပ်ကို အသက်နဲ့ဘဝတွေ ရင်းနှီးမြှုပ်နှံပြီး တိုက်ခိုက်နေကြတဲ့ ရဲဘော်ရဲဘက်တွေအတွက် ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ထောက်ပို့အယောက်စီတိုင်းကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။

ဇွန်လ (၁၆)၊ မနက်ဖြန်မှာ ကမ်ပိန်းဝင်ငွေအနှစ်ချုပ်ကို ထပ်မံတင်ပြပေးသွားပါဦးမယ်။

နွေဦးတော်လှန်ရေးအောင်ရမည် |||

13/06/2024

[ရဲဘော်ရဲဘက် Podcast နားထောင်ရန် ကြာချိန် ၉ မိနစ်]

တောင်ယာအလုပ်ကြမ်းတောင်မလုပ်နိုင်သူ၊ မွေးပါရာနှလုံးရောဂါရှင်အဖြစ်ကနေ ရိန်းဂျားဘက်တံဆိပ် (URF သင်တန်းကာလမှာရရှိခဲ့သော ဘက် တံဆိပ်) ရရှိခဲ့တဲ့ ဆေးရဲမေ ဧကရီ

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၃)ရက်သာလိုပါတော့တယ် 💪💪💪ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်
12/06/2024

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၃)ရက်သာလိုပါတော့တယ် 💪💪💪

ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်

12/06/2024

မြိုပြတော်လှန်ရေးတပ်ဦး (URF) ရဲ့ Theme Song လေးပါရှင်
ခံစားနားဆင်ပေးပါဦး

Click4Freedom ၏ ထောက်ပို့မှု=========ထောက်ပို့ ကလစ်ကာတဦးချင်းစီတိုင်းနဲ့ ပလက်ဖောင်းကို စီမံခန့်ခွဲကြသူ အဖွဲ့သားများကို က...
12/06/2024

Click4Freedom ၏ ထောက်ပို့မှု
=========
ထောက်ပို့ ကလစ်ကာတဦးချင်းစီတိုင်းနဲ့ ပလက်ဖောင်းကို စီမံခန့်ခွဲကြသူ အဖွဲ့သားများကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ်။

ရဲဘော်တွေအသက်ကို ကယ်တင်မယ့် ချပ်ဝတ်တန်ဆာတွေအတွက် ထောက်ပို့လှူဒါန်းငွေ သိန်း (၇၀) ကျပ် တိတိပါရှင်။

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၄) ရက်သာလိုပါတော့တယ် 💪💪💪ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်...
11/06/2024

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၄) ရက်သာလိုပါတော့တယ် 💪💪💪

ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော် 👏👏👏

11/06/2024

ဇာပဝါ ဖြူဖြူတွေ
_______________
ငါတို့ခံတပ်တွေဟာ
ရင်ဘတ်တွေနဲ့ တည်ဆောက်ထားတာမို့
အမြင်မှာ ပဲ့ကြွေလွယ်တယ်
ဂုဏ်သိဏ္ခာကို အခြေခံတဲ့တိုက်ပွဲ ဖြစ်လို့
ငါတို့ ဒီလမ်းကို ရွေးခဲ့တယ်
သေမယ်ဆိုတာ သိတယ်
ဒါပေမယ့် ပြုံးထားတယ်
နာကျင်မှု သန်းခေါင်ယံမှာ
ကြယ်တွေကို ကြည့်ရင်း
ပြုံးတဲ့ အပြုံးတွေလိုပေါ့
အမေ့ကို မှာခဲ့တယ်
တစ်စုံတစ်ခု ပေးဆပ်လိုက်ခြင်းပါ
ညီလေးကို မှာခဲ့တယ်
အန္တရာယ်များတယ် သတိထားပါ
လွတ်လပ်ခြင်းမှာ
အနာတရတွေ ရှိခဲ့ရင်လည်း
ပျောက်လွယ်ပါတယ်
လေတိုးသံ တစ်ချက်မှာ
ငါ အသက်ရူနေသေးရင်
တစ်ခဏ အသက်ရှင်နေသေးတာပဲ
ဇာပဝါတွေ
သေနတ်ပြောင်းရှင်းတဲ့ ဇာပဝါတွေ

ဇာပဝါ ဖြူဖြူတွေ
လေမှာလွှင့်ပြီး တိုက်ပွဲကို ကြိုနေမှာပါ

လဲဝါစိုင်အောင်
# #

“မိဘစကားနားထောင်တဲ့ တော်လှန်ရေးသမားတော့ရှိမှာမဟုတ်ဘူးဗျ”===========ကျနော့်နာမည် ဂျော့ပါဗျ။ ကယန်းလူမျိုးပါ။ ကျနော့်အသက် ၂...
11/06/2024

“မိဘစကားနားထောင်တဲ့ တော်လှန်ရေးသမားတော့ရှိမှာမဟုတ်ဘူးဗျ”
===========
ကျနော့်နာမည် ဂျော့ပါဗျ။ ကယန်းလူမျိုးပါ။ ကျနော့်အသက် ၂၀ မပြည့်သေးပါဘူး။ ကျနော်တို့မိသားစုမှာ သားတွေချည်းပဲ (၅)ယောက်တောင်ရှိတယ်။ အိမ်ထောင်ကျသူလည်းကျ၊ တောင်ယာအလုပ်ပဲ လုပ်သူလည်းလုပ်၊ ကျနော်ကတော့ ရဲဘော်ပဲ ဝင်လိုက်တယ်။ ကျနော် ဘာလို့ရဲဘော်ဝင်လိုက်လဲဆိုတာ နောက်ပိုင်းကျ ဆက်ပြောပြမယ်နော်။

အရင်ဆုံး ၂၀၂၁ တုန်းက ‘အာဏာသိမ်းခံရတယ်’ ဆိုတာကို ကျနော် မသိခဲ့ဘူး၊ လူငယ်ဆိုတော့ သတင်းတွေဘာတွေလည်း သိပ်မကြည့်မိဘူး။ လူတွေ ဆန္ဒပြတာမြင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းသွားတယ်ဆိုတာ သိလိုက်တယ်။ နောက်တော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင် ပါဝင်ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကျနော့် ကျောင်းနေဖက်တွေ တော်လှန်ရေးအဖွဲ့ထဲ တဖြည်းဖြည်း ဝင်ကုန်ကြတယ်လေ။

မှတ်မိကြသေးလားမသိဘူး။ မိုးဗြဲ ဖလိုင်မှာ ၂၀၂၂၊ ဖေဖော်ဝါရီလောက်က ခုခံရေးအဖွဲ့တွေ အထိနာခဲ့တဲ့ ပွဲရှိတယ်။ အဲ့ပွဲမှာ စစ်တပ်က လေယာဉ်ကြဲနှိမ်နင်းတုန်းက ကျနော့်ဘော်ဒါတယောက်ကျသွားတယ်။ ကျနော့်ဘော်ဒါတွေ ကိုယ့်သူငယ်ချင်းတွေ အဲလိုကြီး ပေးဆပ်နေရတာမြင်တာ ကျနော့်အတွက် အဆင်မပြေဘူးဗျ။ ကျနော်တို့အားလုံးက တရွာထဲနေ၊ တရေထဲသောက် တူတူကြီးပြင်းခဲ့ကြတာလေ။ ခံစားရတယ်ဗျ။ ဒါနဲ့ အိမ်ကိုခွင့်တောင်းတယ်၊ ရဲဘော်ဝင်မယ်ပေါ့။

“မိဘစကားနားထောင်တဲ့ တော်လှန်ရေးသမားတော့ရှိမှာမဟုတ်ဘူးဗျ”

ဘာလို့ ပြောလဲဆို ကျနော် ခွင့်တောင်းကာမှ “ကျနော်တို့က အပျော်သက်သက်ပဲတို့၊ လုပ်နိုင်မှာမဟုတ်ဘူး၊ စစ်တပ်ကို ဘယ်လိုပြန်လုပ်မလဲတို့” ရွာကလူတွေက ဝေဖန်ခဲ့ကြသေးတယ်။ ကျနော်တို့ရဲဘော်တွေ ကိုယ့်ရွာပြန်ရင်တောင် ရွာထဲပေးမအိပ်ဘူး၊ ရွာပြင်သွားအိပ်ခဲ့ရတဲ့နေ့တွေလည်းရှိခဲ့တယ်။ ပြောရင် ယုံမှာမဟုတ်ဘူးနော်။ ဒါပေမယ့် အခုတော့ ကျနော်တို့ ပြန်တိုက်ခိုက်နိုင်တယ်၊ ကျနော်တို့က အပျော်မဟုတ်ဘူး၊ တကယ် ပြန်ချေမှုန်းကြတယ်ဆိုတာ လက်တွေ့သက်သေပြနိုင်ခဲ့ကြတော့ ဝေဖန်သူတွေ အခုဆို ဘာမှမပြောတော့ဘူးလေ။

“မင်းတို့က အခုလုပ်နိုင်ပြီတဲ့” အခုမှပဲလူရာပြန်သွင်းခံရတယ်ဗျာ။

တပ်မှာနေထိုင်ရင်းနဲ့ အမှတ်တရတွေလည်း များသားပဲဗျ။ တပ်ထဲမှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုခိုး Thet၊ ခိုးစားကြတဲ့အမှတ်တရတွေရှိတယ်။ ကြက်တွေ ခိုး Thet စားတယ်၊ အရက်မသောက်ရ ကန့်သတ်ထားတဲ့အချိန်တွေဆို တောထဲသွားခိုးသောက်ကြတယ်။ အုပ်စုလိုက် ပြစ်ဒဏ်ပေးခံရတာတွေလည်းရှိတယ်။

ကျနော်တို့ ရန်သူစစ်တပ်ကို ပြန်တိုက်ခိုက်ရင်းနဲ့ ရဲဘော်ရဲဘက်တွေလည်း ဆုံးရှူံးရတာတွေရှိတာပေါ့ဗျာ။ တရွာထဲနေ တရေထဲသောက် တစခန်းထဲနေခဲ့တဲ့ ဘော်ဒါအရင်း၊ URF ရဲဘော်အောင်စာကျသွားတုန်းက ကျနော် စိတ်ဓာတ်အတော်ကျခဲ့တယ်။ ကျနော်နဲ့ သူနဲ့လည်း အမျိုးတော်တယ်လေ။ နှစ်ဝမ်းကွဲ ညီအကိုပဲ …။ ကျနော် အဲတုန်းက ရဲဘော်ကနားတော့မယ်၊ ရှေ့တန်းမထွက်ချင်တော့ဘူးဆိုပြီး ဖြစ်တယ်။

အောင်စာ့ အမေ စကားတခွန်းကြောင့် ကျနော် ဒီနေ့ ဒီချိန်ထိ ဆက်တိုက်ဖြစ်တယ်ဗျာ။ သူ့အမေက နာရေးမှာ ငိုပြီး “ငါ့သားတောင် ပေးဆပ်သွားပြီ ငါဘာမှမဖြစ်ဘူး နင်တို့လည်း စိတ်ဓာတ်မကျနဲ့” ဆိုပြီး ပြောသွားတော့ ကျနော်ဒီနေ့ထိ ဆက်လုပ်နေတာဗျာ။

ချေမှုန်းရေးနဲ့ ကင်း တာဝန်တွေထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါ့ဗျာ။ မနှစ် ၂၀၂၃ က (xx) ရွာနားတဝိုက်မှာ ကင်းစောင့်နေရင်း တိုက်မိုင်းတိုးမိတယ်။ ခြေဖဝါးကနေ ခေါင်းထိ မိုင်းစ စင်သွားတယ်။ (၃) ပတ်လောက်ကြာမှ ကျနော် လမ်းပြန်လေ ျှာက်နိုင်တယ်လေ။ အခုချိန်ထိ ညာဖက် ပုခုံးလက်နဲ့ အဆုတ်မှာ မိုင်း အစတွေကျန်နေသေးတယ်။

အဲဒဏ်ရာက သက်သာပြီး၊ တလလောက်နားပြီးတာနဲ့ ဆီဆိုင်ဘက် (၁) လ ကင်းပြန်ထိုးတယ်။ နောက် ၂၀၂၄၊ ဧပြီလမှာ ၄၂၂ စစ်ဆင်ရေးချေမှုန်းရေးပြန်ဝင်ခဲ့တယ်။

ဒီနေရာမှာ ‘ကင်း’ တာဝန် အရေးကြီးတာလည်း ကျနော် ပြောပြချင်တယ်။ ကင်းနဲ့ ပတ်သက်ရင် အစပိုင်းက ရဲဘော်တိုင်းက ဝါသနာပါတယ်.၊ ဒါပေမယ့် အချိန်ကြာလာတော့ ကင်းတာဝန်ကို ငြီးငွေ့တာရှိလာကြတယ်။ ကျနော်လည်း တခါတလေ အဲလို ခံစားရတယ်။ ဒါပေမယ့် ကင်းတာဝန်က အရေးကြီးတယ်လေ၊ ကျနော်တို့ဆိုလည်း ရဲဘော်ဟောင်း၊ လူဟောင်းတွေဆိုတော့ လူသစ်တွေရှေ့မှာ တာဝန်ကျေပြချင်တာပေါ့နော်။ ကင်းစောင့်တာဝန်က ရဲဘော်တိုင်းအတွက် အရေးကြီးတယ်။ ကင်းပေါ့ဆလို့ ခံရဖူးတာတွေလည်းရှိတော့ ကင်းတာဝန်က တအား အရေးကြီးပါတယ်။ အဓိက ကင်းပဲ၊ ကင်းတပေါက်သာလွတ်ရင် စစ်ဆင်ရေးလုပ်နေတဲ့ အဖွဲ့အကုန် ခံရမှာ။ ကျနော်တို့ URF ကင်းတာဝန်ပေါ့လို့ ခွေးထိုးလာတာတော့ တခါမှမရှိခဲ့ဖူးဘူးဗျ။

ပြီးတော့လေ ပြောလက်စနဲ့ ကျနော်တို့လို ရဲဘော်မလုပ်ဘဲ နိုင်ငံရပ်ခြားရောက်နေတဲ့လူငယ်တွေကို တခုလေးတော့ သတိမမေ့ဖို့ ဒီနေရာက ပြောချင်တာလေးရှိတယ်ဗျ။ မိသားစု အသိုင်းအဝန်းကလူတိုင်းမှာရှိတယ်ဗျာ။ ဒါပေမယ့် တော်လှန်ရေးတော့ ပါနိုင်သလောက် ဆက်ပါစေချင်တယ်။ ပေးဆပ်သွားတဲ့လူတွေမျက်နှာပြန်ထောက်စေချင်တယ်။ “သူသေရင်သေ ငါမသေရင်ပြီး” ဆိုတဲ့ စိတ်မျိုးတော့ မရှိစေချင်ဘူး။ ကိုယ့်တယောက်စာကောင်းဖို့ပဲ မလုပ်စေချင်ဘူး ..အများပြန်ကြည့်ဖို့လည်း တိုက်တွန်းချင်တယ်ဗျာ။

အမေးရှိလို့ ဖြေရရင်တော့ တော်လှန်ရေးအောင်ခဲ့ရင် ပြီးသွားခဲ့ရင် ကျနော်ဘာလုပ်ချင်လဲဆိုတော့ “တောင်ယာတခင်းလောက် ကိုယ်ပိုင် ပြန်လုပ်ချင်တယ်၊ ရွာထဲမှာ လူငယ်တယောက်လို အေးဆေးပြန်နေချင်တယ်။ ကိုယ်ပိုင်အိမ်လေးနဲ့ သက်တောင့်သက်သာ အေးဆေးနေချင်တယ်။ ငါးမြှားမယ်”

အဓိကက စစ်တပ်က ကိုယ့်ဒေသ ကိုယ့်ရွာကို အနိုင်မကျင့်တော့ဖို့ပဲ။ ပြီးရင် ကျနော့်ရွာမှာ တော်လှန်ရေးအပြီးမှာ မိုင်းတွေရှင်းလင်းရေးလုပ်စေချင်တယ်၊ ရွာပြန်လည်ထူထောင်ရေးတွေလုပ်စေချင်တယ်။ စစ်တပ်က မီးရှို့လို့ အကုန် ပျက်စီးကုန်ကြပြီ။ နောက် ကျောင်းကောင်းကောင်းမတက်လိုက်ရ၊ ပညာမသင်လိုက်ရတဲ့ ကလေးတွေ လွတ်လွတ်လပ်လပ် ပညာပြန်သင်စေချင်တယ်၊ ကျောင်းပြန်တက်စေချင်တယ်။ ဒီလောက်ပါပဲဗျာ။ ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျ။

10/06/2024

PVTV အစီအစဥ်မှာ ကြေညာပေးခဲ့တဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်းအကြောင်းပါ။ ကြည့်ပြီးရင် ပါဝင်အားဖြည့်ပေးပါဦး 💪💪💪

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၅) ရက်သာလိုပါတော့တယ် 💪💪💪ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်
10/06/2024

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၅) ရက်သာလိုပါတော့တယ် 💪💪💪

ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်

‘စလုံး Foodies’ ၏ "မြို့ပြရှိူးဂမ်း" ကမ်ပိန်းအတွက် ထောက်ပို့ပေးမှု။ 💪ကျေးဇူးတင်စွာ ဖော်ပြအပ်ပါတယ်။
10/06/2024

‘စလုံး Foodies’ ၏ "မြို့ပြရှိူးဂမ်း" ကမ်ပိန်းအတွက် ထောက်ပို့ပေးမှု။

💪ကျေးဇူးတင်စွာ ဖော်ပြအပ်ပါတယ်။

ရဲဘော်ရဲဘက် Podcast ကနေ ဆေးရဲမေ ဧကရီ့ အကြောင်းလည်း ထုတ်လွှင့်ပေးသွားပါဦးမယ်စောင့်မျှော်နားဆင်ပေးပါဦးရှင်
09/06/2024

ရဲဘော်ရဲဘက် Podcast ကနေ ဆေးရဲမေ ဧကရီ့ အကြောင်းလည်း ထုတ်လွှင့်ပေးသွားပါဦးမယ်

စောင့်မျှော်နားဆင်ပေးပါဦးရှင်

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၆) ရက်သာလိုပါတော့တယ် 💪💪💪ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်
09/06/2024

URF ရဲ့ "မြို့ပြရှိူးဂမ်း" ကမ်ပိန်း ပြီးဆုံးရန် (၆) ရက်သာလိုပါတော့တယ် 💪💪💪

ကမ်ပိန်းအပိတ်လေးမှ ဝုန်းမယ်ဆို လာလို့ရပါပြီနော်

တိုက်ပွဲအတွင်းခွေးကိုတောဝက်ထင်ပြီးပြေးခဲ့ဖူးတဲ့ တပ်ထိန်း ရဲဘော်ကိုဖြိုး================မြို့ပြတော်လှန်ရေးတပ်ဦး (Urban Re...
08/06/2024

တိုက်ပွဲအတွင်းခွေးကိုတောဝက်ထင်ပြီးပြေးခဲ့ဖူးတဲ့ တပ်ထိန်း ရဲဘော်ကိုဖြိုး
================
မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF)၊ တိုက်ခိုက်ရေးရဲဘော်ကိုဖြိုးကတော့ ရန်သူထက် တောဝက်ကို ပိုကြောက်ပုံရပါတယ်။ တိုက်ပွဲတစ်ခုမှာ နှစ်ဖက်အပြန်အလှန်ပစ်နေရင်း ရဲဘော်တစ်ယောက်မွေးထားတဲ့ ခွေးလေးတစ်ကောင် သူ့ဆီပြေးလာတာကို တောဝက်လို့အော်လိုက်မိလို့ တိုက်ပွဲအတွင်းမှာပဲ ရဲဘော်တွေအားလုံးပြေးကြလွှားကြ ဖြစ်ကုန်ကြပါတယ်။

"ရန်သူကလှမ်းပစ်တဲ့အချိန်မှာ လူကကြောင်သွားပြီး အဲလိုအော်လိုက်မိတာ။ အဲဒီအဖြစ်အပျက်ကတော့ ကျွန်တော်ရဲ့အမှတ်တရအဖြစ်ဆုံး ရှေ့တန်းအတွေ့အကြုံပေါ့ လို့" သူကပြန်ပြောပြပါတယ်။

ရဲဘော်ကိုဖြိုးဟာ တိုက်ပွဲအတွင်း အနီးအနားမှာ လက်နက်ကြီးပေါက်ကွဲတာ ကြုံခဲ့ရဖူးပြီး ဝပ်နေတဲ့နေရာမှာ အကာအကွယ် ကောင်းကောင်းရှိနေတဲ့အတွက် အသက်အန္တရာယ်တော့မရှိခဲ့ပါဘူး။

အသက်(၂၃)နှစ်အရွယ် ရဲဘော်ကိုဖြိုးက ဧရာဝတီတိုင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လူမျိုးပေါင်းစုံပါဝင်တဲ့တော်လှန်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ကိုယ်တိုင် ပါဝင်ဆင်နွှဲချင်လို့ ကရင်နီဒေသကို ရောက်လာခဲ့တာပါ။

ကိုဖြိုးက ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ မြန်မာတနိုင်ငံလုံးက ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ ကျော်ထဲမှာ တဦးအပါအဝင်လည်း ဖြစ်ပါတယ်။ အခုတော့ သူက မြို့ပြတော်လှန်ရေးတပ်ဦး (URF)မှာ တပ်ထိန်းတာဝန်ယူထားပါတယ်။

တခြားသော လူငယ်ရဲဘော်ရဲဘက်တွေနဲ့ အလားတူပါပဲ သူ့ရည်မှန်းချက်ကမြန်မာတစ်နိုင်ငံလုံးစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့ပဲလို့ ပြောပြပါတယ်။

ရဲဘော်ကိုဖြိုးဟာ တော်လှန်ရေးပြီးရင်တော့ စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါပဲဖြစ်ဖြစ် အခြားသော ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ကူညီဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

"မြို့ပြခေါ်သံ ရှိုးဂမ်းအပြန်"သရုပ်ဖော်ကာတွန်းကို အတူတူ ဖတ်ကြစို့လေArtist - Su Pode========အဓိက သဘောတရားက ရန်သူ့ဘက်က အာဏ...
07/06/2024

"မြို့ပြခေါ်သံ ရှိုးဂမ်းအပြန်"
သရုပ်ဖော်ကာတွန်းကို အတူတူ ဖတ်ကြစို့လေ
Artist - Su Pode
========
အဓိက သဘောတရားက ရန်သူ့ဘက်က အာဏာရှင် စစ်ဗိုလ်ချုပ်တွေရဲ့ သူတို့အမိန့်ပေးနေတဲ့ ပါးစပ်ပေါက်တွေကို ပိတ်သွားစေဖို့ဖြစ်တယ်။

တပုံချင်းထောက်ပြီး ဖတ်........

07/06/2024

‘ရဲဘော်ရဲဘက် Podcast’
++++
တော်လှန်ရေးပြီးသွားရင် အသက်ဆက်ရှင်သေးရင် ဘောလုံးပဲပြန်ကစားမယ့် ရှေ့တန်းထောက်ပို့ရဲဘော်ရဲဘက် ဂျိမ်းအကြောင်း
[နားထောင်ရန်ကြာချိန် ၉ မိနစ်]

06/06/2024

'ခုခံတော်လှန်သေနတ်သံ' ကံစမ်းမဲ အစီအစဉ်အကြောင်း ကယန်းလူငယ်၊ တေးရေးနဲ့တေးဆို ဒေးဗစ်ကိုက ဘာတွေပြောပြထားပါလဲ?

အချိန် (၂) မိနစ်လောက်ပဲပေးပြီး ဒီဗီဒီယိုလေးကို နားဆင် ကြည့်ရှု့ပေးပါ

Urban Sh**uns Burma

#မြို့ပြခေါ်သံSh**unsအပြန် **uns #မိုးဗြဲ #ဖယ်ခုံ #မြို့ပြ #၁လေးလုံးစစ်ဆင်ရေး

Address


Website

https://t.me/urbanshoguns, https://twitter.com/Urbanshoguns

Alerts

Be the first to know and let us send you an email when Urban Shoguns Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Urban Shoguns Burma:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share