Nozel Gaming

Nozel Gaming သရဲအကြောင်းနဲ့ သဘာဝလွန်ဖြစ်ရပ်တွေစိတ်ဝင်စားတယ်ဆိုရင်တော့ နေရာမှန်ရောက်လာပြီနော်

21/07/2024

မင်းတို့ဟာကနည်းနည်းတော့များသွားပြီ😆

16/06/2024

WutheringWaves 1.1မှာပါလာမယ့် new region

Some leaked pic for WutheringWaves 1.1
11/06/2024

Some leaked pic for WutheringWaves 1.1

09/06/2024

Changli ရဲ့ Gacha animation

နောက်လည်း Wuwaနဲ့ ပတ်သတ်တဲ့ news တွေတင်ပေးမှာမို့လို့ Page ကို Like and follow လေးလုပ်ပေးပါဦးနော်🤗

09/06/2024

Jinhsi ရဲ့ Gacha animation

နောက်လည်း WuWaနဲ့ပတ်သက်တဲ့ newsတွေတင်ပေးမှာဖြစ်တဲ့အတွက် Page ကိုLike and followလေးလုပ်ပေးပါဦးနော်🤗

Wuthering Waves 1.1 မှာပါလာမယ့်နောက်banner ၂ခု
09/06/2024

Wuthering Waves 1.1 မှာပါလာမယ့်နောက်banner ၂ခု

28/05/2024

သင်သိပါသလား
WutheringWaves Close beta 1 မှာ YangYangဟာ ဇာတ်လမ်းအစမှာ မ​သေရုံတမယ်ဖြစ်ခဲ့ပါတယ်
Betaစမ်းဆော့တဲ့သူတွေက Darkဖြစ်တယ်လို့ပြောခဲ့တဲ့အတွက်ကြောင့် Dev တွေက story ကိုပြန်ပြင်ခဲ့ပါတယ်

WuWa မထွက်ခင် ဘယ်server မှာဆော့ရမလဲ?Asiaနဲ့Seaဘာကွာလဲမေးနေတဲ့သူတွေအတွက်Japanမလေးတွေနဲ့ဆော့ချင်ရင်တော့ asia server ရွေးကြ...
22/05/2024

WuWa မထွက်ခင် ဘယ်server မှာဆော့ရမလဲ?Asiaနဲ့Seaဘာကွာလဲမေးနေတဲ့သူတွေအတွက်

Japanမလေးတွေနဲ့ဆော့ချင်ရင်တော့ asia server ရွေးကြနော်

ကိုယ်တွေကတော့ Asiaမှာပဲဆော့မယ် pinoyတွေနဲ့တွေ့မှာဆိုးလို့😆

22/05/2024

Hello ဒီတစ်​ခေါက်တင်ဆက်ပေးလိုက်တဲ့ game ကတော့ Genshin killer လို့နာမည်ကြီးနေတဲ့
Wuthering Waves ဆိုတဲ့ game ပဲ ဖြစ်ပါတယ်

သူကတော့ Phမှာကော PCမှာကောဆော့လို့ရမှာဖြစ်ပြီး pre registered လုပ်ထားတဲ့သူတွေဆိုရင် download လုပ်ပြီး May 23 UTC+8 10:00မှာ ဆော့လို့ရမှာဖြစ်ပါတယ်

Game အမျိုးအစားကတော့ Gacha game အမျိုးအစားဖြစ်သလို openworld ဖြစ်ပါတယ်
Pre register လုပ်ပြီး download လုပ်ချင်တယ်ဆိုရင်တော့ အောက်ပါ Linkမှာdownလို့ရပါတယ်
Phမှာဆိုရင်တော့ storage က9GB နီးပါးလောက်လိုမှာဖြစ်ပါတယ်

စထွက်ရင်လည်း ဒီpageမှာstreamမှာဖြစ်တဲ့အတွက် အားပေးကြပါဦးနော် ✌

ဒါကတော့trailer လေးပါ

https://wutheringwaves.kurogames.com/m/en/

"ရုပ်ရှင်ရိုက်ကွင်းထဲက မင်းသမီး" - True Storyဒီဇာတ် လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ တစ်ဝိုက်ဆီကပါ။ဒီကာလမှာ စိတ...
16/04/2024

"ရုပ်ရှင်ရိုက်ကွင်းထဲက မင်းသမီး" - True Story

ဒီဇာတ် လမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ ကျော် ၁၉၈ဝ တစ်ဝိုက်ဆီကပါ။

ဒီကာလမှာ စိတ်ညစ်စရာတွေနဲ့ ဖြတ်သန်းခဲ့ရတော့ စိတ်အပြောင်းအလဲလေးတစ်ခုဖြစ်သွားအောင် ဦးဇင်ဝိုင်းပြောပြတဲ့ သူတို့ရုပ်ရှင်ရိုက်တုန်းက ဖြစ်ရပ်မှန်ဇတ်လမ်းလေး တစ်ပုဒ်ကို ပြန်လည်ပြောပြပါရစေ....။

အဲဒီအချိန်တုန်းက ပြင်ဦးလွင် မှာ အခုလိုဟိုတယ်၊ တည်းခို ခန်းတွေ အများ‌ကြီး မရှိကြသေးပါဘူး ။ ရှားရှားပါးပါး နန်းမြိုင်တစ်ခုလောက်ပဲရှိပါသေးတယ်။အဲဒီတော့ ရုပ်ရှင်သမားတွေ မေမြို့ တက်ပြီး ဇတ်ကားရိုက် ကြပြီဆိုရင် ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊လုံးချင်းအိမ်ပဲဖြစ်ဖြစ်ငှားရမ်းတည်းခိုကြရတာပေါ့။ အခုပြောမယ့် ဧည့်ဂေဟာ(၃) လို့ခေါ်တဲ့ (သဇင်မြိုင်) လည်း အပါအဝင်ပေါ့လေ။

သဇင်မြိုင်အကြောင်းပြောပြရရင် .... အင်္ဂလိပ်ကို လိုနီခေတ်ရဲ့ လက်ကျန်အ ဆောက်အဦး တစ်ခုဖြစ် သလို အပေါ်ထပ် တက်တဲ့ လှေကားလက်ရန်းတစ်လျှောက် အရင်ဒရဝမ် ဂေါ်ရခါးလူမျိုးက သရဲအခြောက်ခံရလို့ဓားနဲ့လိုက် ခုတ်ထားတဲ့ဓားရာတွေ၊ အပေါ် ထပ်လှေကား ထိပ် အခန်း(၁) တံခါးမှာလည်း တပ်မတော်အရာရှိ(စစ်ခွေး) ကြီးတစ်ဦးတည်းခိုစဉ် တံခါးလာခေါက်လို့ဖွင့်အကြည့် ကိုယ့် ဦးခေါင်းကို လက်ထဲကိုင်ထားတဲ့ သရဲနဲ့တွေ့လို့သေနတ်နဲ့ ပစ်ထားတဲ့ ကျည်ဆန် ရာတွေကလည်း အထင်အရှားပါပဲ။

တစ်ချိန်က အရမ်းနာမည်ကြီးတဲ့ ဇတ်လမ်းတစ်ခုဖြစ်တဲ့ ” ငွေစန္ဒာကစားသမား” ဆိုတဲ့ဇာတ်ကားကို ဆရာဦးတင်ဦးမေမြို့တက်ရိုက်တော့ အဲဒီနာမည်ကြီး ဧည့် ဂေဟာ(၃) - သဇင်မြိုင်ကြီး မှာရုပ်ရှင်အဖွဲ့တည်းခိုရပါတယ်။ ပါ ဝင်ကြတဲ့ သရုပ်ဆောင်တွေက နေအောင်၊ စောမြသန္တာ၊ ဟန်တင်နဲ့ အမည်မဖော်လိုတဲ့ မင်းသမီးတစ်ယောက် တို့ပါ။

ဒါရိုက်တာအဖွဲ့က အပေါ်ထပ်နာမည်ကြီး အခန်း(၁) မှာ အိပ်ကြပါတယ်။ ဆရာ မောင်တင်ဦးကို ခုတင်နဲ့အိပ်ယာ ပြင်ဆင်ပေးပြီး ကျန် တဲ့သူတွေကကြမ်းပေါ်မှာပဲ အိပ်ရာလိပ်ကိုယ်စီနဲ့ တန်းစီအိပ်ကြတာပေါ့။

ဦး တင်ဦး၊ အကယ်ဒမီချစ်မင်း လူ၊ဟန်တင်၊ ကင်မရာမင်း ကိုမြသန်းထွန်း၊ ကိုကြည်လှိုင်၊ ကိုမြတ်ထွန်း၊ ကိုဆန်းတင့် ပြီးတော့ ဦးဇင်ဝိုင်း ၊ (ဦးဇင်ဝိုင်း) နဲ့ အတူပါ လာတဲ့ နောင် တစ်ချိန် ဒါရိုက်တာဖြစ်လာတဲ့ ကဗျာဆရာပိုင်သ တို့ပါ။ ကွယ်လွန်သွားတဲ့ ရှုတင်ထမင်းကျွေးတဲ့ ကိုသိန်း ဝင်းက အဲဒီတုန်းက ညစောင့် ဘဝပဲ ရှိ ပါသေးတယ်။

မေမြို့မိုးကလည်း တဖွဲဖွဲနဲ့ မို့ out door ခေါ်တဲ့ အပြင်အခန်းတွေက ရိုက်မရ၊ အိမ်ကြီးထဲ ပဲ လှည့်ပတ်ရိုက်၊ တွက်ခြေ က မကိုက်၊ ကံကောင်းတာတစ်ခုက ဒီလောက် ရက်ကြာလာပေမယ့် နာမည်သိပ်ကြီးတဲ့သရဲက မခြောက်တာပါပဲ။ တစ် ခုတော့ ရှိပါတယ်။

ရေအိမ်မှာဆီးသွားတဲ့အခါ ရေချိုးခန်းရဲ့ မျက်နှာကြက်ကနေ ကြိုးတန်းလန်း နဲ့ (၆ဝ)ဝပ်မီးတစ်လုံးက တွဲလောင်း ရှိနေပါတယ်။မတ်တတ်ရပ်ဆီးသွားရင် မီးလုံးကိုကျောပေးလျက်ဆိုပါ တော့ ... ဒီအခါ မျိုးမှာ လူကငြိမ်နေပေမယ့် ရှေ့နံရံမှာပေါ်နေတဲ့ အရိပ်ကြီးကဘယ်ညာလွဲ နေတတ်ပါတယ်။

နောက်ကမီးလုံးကို လှည့် ကြည့်တော့လည်း ငြိမ်လို့။ ရုပ်ရှင် သမားပီပီ အသောက်အစားလေး ဖက် လာပြီဖြစ်တဲ့ အခါ ရေချိန်လွန်လို့ ယိမ်းနေသလားလို့ သတိထား ပြန်တော့လည်း မဟုတ်ပြန်၊ ဒီတော့ မီးလုံး က လည်း မလွဲ၊မတ်မတ် ရပ်နေပါလျက်နဲ့ နံရံပေါ်က အရိပ်ကြီးကတော့ဘယ်ညာဟန် ချက်ညီညီကြီးကိုယိမ်းနေတာ ကျောချမ်းစရာပါပဲ။

တစ်နေ့ ရန်ကုန် က ----မင်းသမီးရောက်လာတဲ့နေ့၊ မိုးကလည်း တိတ်ပြီး နေလေးကသာလို့၊ ဒီလိုနဲ့အဲဒီနေ့က BT. Brother ရေကူးကန်မှာ ရိုက်ကြပါတယ်။ အဲဒီအချိန်က ----မင်းသမီးကလည်း အလှဆုံးအချိန်၊ ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ပေါက်တစ်ခုမှ ပြောစရာမရှိ စင်းလုံးချော။ အဲ..ရေကူးဝတ်စုံနဲ့ဆိုတော့ ပို၍ ပို၍ပေါ့။ (စာချပ် ။ ။ မတွေးနဲ့ အခုဆို အဘွားကြီးဖြစ်နေပီ)

အဲဒီနေ့ရိုက်ကွင်းသိမ်းလို့အိမ်ရှေ့က ပန်းခြံထဲ လမ်းလျှောက် နေတဲ့ ---- မင်းသမီး ကို ဒါရိုက်တာ ဆရာ ဦးတင်ဦးက ညည်းအဲဒီအလံတိုင်ကို သုံးခေါက်ပတ်ပြီး “ငါဘယ်သူ့မှ မေ ကြာက်ဘူးဟေ့” လို့ အော်ရဲရင် ညကျ စတော် ယ်ရီဖျော်ရည်တိုက်မယ်လို့ လှမ်းစပါရော။ အံမယ် ----- မင်းသမီးကလည်း အာဂဗျို့ အလံတိုင်တင်မက အိမ်ကိုပါသုံးပတ်ပတ်ပြီး “ငါဘယ်သူမှ မကြောက်ဘူးဟေ့” လို့ ဆိုပြီး အော်လေသဗျ။

ဒီလိုနဲ့ ညဘက်ရောက်လို့ နောက်နေ့ ရိုက်ကူးရေးအတွက် ဆွေးနွေးနေကြတုန်း မိန်းမ ‌တွေနေကြတဲ့အခန်းက အော်သံ ဟစ် သံတွေ ဝုန်း ဒိုင်း! ကြဲသံတွေပေါ် ထွက်လာပါတယ်။ ပထမတော့ တစ်ဖွဲ့လုံးကြောင်နေ ကြတာပေါ့။

နောက်မှ ဦးတင်ဦးက ” ဟေ့ကောင်! ဘယ် သူတွေ ရန်ဖြစ်နေကြ တာ လဲသွားကြည့်စမ်းလို့” ခိုင်းပါတော့တယ်။ ကြောက်ကြောက် နဲ့ အပေါ်ထပ်မှာ ရှိတဲ့ မိန်းမများနေတဲ့ အခန်းကိုပြေး တံခါးကို တွန်း ဖွင့်ကြည့် လိုက် တော့..အားလား..လား၊ ------ မင်းသမီး တစ်ယောက်တစ်ကိုယ်လုံး အဝတ်တစ်စမကပ်ဘဲ ခုန်ပေါက်ရင်း ပါးစပ်ကလည်း ငါ့ကိုစမ်းကြတယ်! ငါ့ကိုစမ်းကြတယ်! နဲ့ အော်နေပါတော့တယ်...။

ဒါ ကိုအထက် ဂိုဏ်းလိုက်တဲ့ အမေ ဒေါ်မေနွဲ့က ------မင်းသမီး ရဲ့ ဆံပင်ကိုဘယ်လက်နဲ့ဆွဲ၊ ညာလက်ကပါးကို ဖြန်းခနဲရိုက်ပြီး ” နင်ဘယ်သူလဲ ခုထွက်စမ်း ခုထွက်စမ်း” နဲ့အော်နေ တာ ကို တွေ့ရပါတယ်။

ချက်ချင်း အခန်းကို အမြန်ပြန်ပြေး.... တံခါးဝကရပ်ပြီး ” ဟိုမှာ -----မင်းသမီးကိုယ်လုံးတီးကြီးနဲ့ တစ္ဆေပူးခံနေရပြီ” လို့ပြောတာ စကားတောင် မဆုံးလိုက်ရ ပါဘူး။ အချင်းချင်းတွန်းထိုးလို့အလုအယက် တိုးဝှေ့ထွက်သွားတာ ဖင်ထိုင်ရင် လဲတဲ့သူလည်း လဲကုန်ကြပါတော့တယ်...။

သူတို့တွေ မိန်းမတွေနေတဲ့အခန်း ဝကနေစုပြုံတိုးဝှေ့ကြည့် နေတာကို အမေဒေါ်မေနွဲ့ က တွေ့တော့ ” သရဲကတစ်မှောင့်၊ဒီနှာဘူးတွေ က တစ်မှောင့် နင်တို့ကိုပါ ပါးချလိုက်ရမလား” ဆိုပြီးအခန်း တံခါးကိုပိတ်လိုက်ပါတော့ တယ်။

ဇာတ်ပေါင်းတော့ မင်းသမီးလည်း ညတွင်းချင်း မြို့ထဲက သူ့မိတ်ဆွေအိမ်ကိုပြောင်း သွားပါတော့တယ်။ မနက်ထမင်းကြော် စားရင်း ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဓာတ်ပုံမြသန်းထွန်းကတော့ တမ်းတမ်းတတလွမ်းလွမ်းဆွေးဆွေးကြီးကို ပြောရှာပါရဲ့။ ” သူပြောင်းသွားကို မတားကြတာ မှားတယ်ကွ။ မင်းတို့ဝိုင်းတားရမှာ။ အမှန်ဆိုသူဒီမှာပဲနေပြီး ညတိုင်း သရဲ ပူးနေရမှာကွ၊ နာတယ် ကွာတောက်” တဲ့ ခင်ဗျာ။

(စာကြွင်း) ဒီအိမ်ကြီးကို နောက်ပိုင်းမှာ သဇင်မြိုင်ဟိုတယ်ဆိုပြီး ဖွင့်ပါတယ်။ သိပ်မကြာခင်ပဲ ပြန်ပိတ်သွားပါတယ်။

မူရင်း စာမူပိုင်ရှင် - ဦးဇင်ဝိုင်း
Source: Popular Myanmar

တစ်ယောက်တည်းအိပ်ရတဲ့သူတွေအတွက် အထီးကျန်နေမှာဆိုးလို့ ဒါလေး order မှာပြီး​ ဘေးထားအိပ်လို့ရတယ်နော် 🤗❤
01/03/2024

တစ်ယောက်တည်းအိပ်ရတဲ့သူတွေအတွက် အထီးကျန်နေမှာဆိုးလို့ ဒါလေး order မှာပြီး​ ဘေးထားအိပ်လို့ရတယ်နော် 🤗❤

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-6)Hello ဒီနေ့ ပြောပြပေးသွားမယ့်နေရာကတော့ California ပြည်နယ် Long beachမှ...
26/02/2024

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-6)

Hello ဒီနေ့ ပြောပြပေးသွားမယ့်နေရာကတော့ California ပြည်နယ် Long beachမှာဖွင့်လှစ်ထားတဲ့ Queen Mary သင်္ဘော​ဟိုတယ် အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်

Queen Mary ရဲ့သမိုင်း

တိုတိုနဲ့လိုရင်းပြောရရင် Queen Maryဟာ
Luxury ဆန်ဆန်နဲ့ သူဌေးတွေ ကုန်သည်တွေ နာမည်ကြီးသရုပ်ဆောင်တွေကြားမှာ ရေပန်းစားပြီး နည်မည်ကြီးခဲ့တဲ့ အထက်တန်း သင်္ဘောကြီးတစ်စီးဖြစ်ပါတယ်
သူ့ကို ခရီးသည်တွေတင်ပြီးပို့ဆောင်ရေးအတွက်အဓိက တည်ဆောက်ခဲ့တာဖြစ်ပါတယ်

1936 ခုနှစ်မှ 1967 ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကယ်လီဖိုးနီးယား၊ Long Beach တွင် ဆိုက်ကပ်ကာ ဟိုတယ်အဖြစ်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်

Mary သင်္ဘောပေါ်မှခြောက်လှန့်မှုများ #

နံပါတ် ၁
Stateroom B340
Queen Mary ဟိုတယ်အဖြစ် မဖွင့်လှစ်ခင်ကတည်းက ဒီအခန်းမှာ ပြဿနာတစ်ခုစဖြစ်ခဲ့တာပါ။ 1948 ခုနှစ်မှာ ဗြိတိသျှ တတိယတန်းစား ခရီးသည် Walter J. Adamsonဆိုသူသည်ဘာအ​ကြောင်းအရင်းမှမရှိပဲဒီ အခန်းထဲတွင် ကွယ်လွန်သွားခဲ့ပါတယ်။ 1966 ခုနှစ်နောက်ပိုင်းမှာတော့ အခန်းတွင်းရှိ အမျိုးသမီးတစ်ဦးကသူအိပ်နေတဲ့အချိန် တစ်စုံတစ်ယောက်က အိပ်ယာအဖုံးများကို ဆွဲချွတ်လိုက်တာကြောက့် နိုးလာပြီး အိပ်ယာခြေရင်းတွင် အမျိုးသားတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရပါတယ်။ သူမ အော်ဟစ်ပြီး ဘဏ္ဍာစိုးကို လှမ်းခေါ်တဲ့အခါမှာတော့ ထိုလူက လေထဲတွင် ပျောက်ကွယ်သွားခဲ့ပါတယ်။
နှစ်တော်တော်ကြာတဲ့အထိ ဧည့်သည်များသည် ညလယ်တွင် တံခါးခေါက်သံကြားရပြီး ရေချိုးခန်းမီးများ ထူးထူးခြားခြား ပွင့်လာတာကိုကြုံရပါတယ်။ ဟိုတယ်ရဲ့ ဝန်ထမ်းတွေကလည်းထိုအခန်းထဲတွင် မည်သူမျှ ကြာကြာနေပြီး အခန်းသန့်ရှင်းရေးမလုပ်ရဲ သူတို့အခန်းသန့်ရှင်းရေးလုပ်နေတဲ့အချိန် ရေချိုးခန်းမှ ရေများ ပွင့်လာပြီး တစ်ကြိမ်တွင် ကုတင်ခင်းပြီးတာနဲ့တစ်ပြိုင်နက်ထို ကုတင်အဖုံးများ လေထဲလွင့်သွားကြောင်း ဟိုတယ်ရဲ့ ဝန်ထမ်းများက အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြပါတယ်။

နံပါတ် ၂
Mauretania အခန်း
1989 ခုနှစ်တွင် VIP ဧည့်ခံပွဲအတွက် ထိုအခန်းကို သန့်ရှင်းရေးလုပ်ရန်အတွက် အမျိုးသမီးနှစ်ဦးကို စေလွှတ်ခဲ့ပါတယ်။ အခန်းထဲကို ဝင်လာတော့ အခန်းအလယ်ရှိ ကုလားထိုင်တစ်လုံးပေါ်မှာ ငြိမ်သက်စွာ ထိုင်နေတဲ့ ဧည့်သည်တစ်ယောက်ကို တွေ့လိုက်ရတယ်။ တတိယအမျိုးသမီးက ထိုသန့်ရှင်းရေးလုပ်တဲ့အမျိုးသမီး၂ယောက်ကို ကူညီဖို့ လာတဲ့အခါ ထိုအခန်းအလယ်မှာထိုင်နေတဲ့လူကိုနေရာရွေ့ရန်ပြောဆိုခဲ့ပါတယ်။သို့သော်ထိုလူဟာသူတို့ကိုဂရုမစိုက်ခဲ့ပါဘူး။ထို့ကြောင့်ဝန်ထမ်းတွေက လုံခြုံရေးကို ခေါ်တဲ့အခါမှာတော့ ထိုလူက သူတို့ရှေ့မှာ လေထုထဲမှာ ဖျတ်ခနဲ ပျောက်သွားတာကို အမျိုးသမီး သုံးယောက်စလုံး တစ်ပြိုင်နက် မြင်လိုက်ရတဲ့အတွက်အထက်ကိုတင်ပြခဲ့ပါတယ်။

နံပါတ်၃
Mayfair အခန်း

ဒီအခန်းဟာ တစ်ချိန်က သင်္ဘောထဲကအလှပြင်ဆိုင်ဖြစ်ခဲ့သော်လည်း ယခုအခါ ဟိုတယ်ဝန်ထမ်းများအတွက် ရုံးခန်းနေရာအဖြစ် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ 2001 ခုနှစ်မှာ စာရင်းကိုင်ဝန်ထမ်းတစ်ဦးသည် နံနက် 5:30 တွင် အလုပ်သို့ စောစောရောက်လာပြီး တစ်စုံတစ်ရာ ကသူ့ကိုဖြတ်သွားသလို ခံစားခဲ့ရပါတယ်။ ဒါကို သူမကဂရုမစိုက်ပဲ သူမရဲ့ ရုံးခန်းတွင် အလုပ်များကို စားပွဲခုံတွင် ထိုင်ကာလုပ်နေတုန်း ထူးထူးခြားခြား မှန်တွေရေငွေ့ရိုက်လာပြီးအေးလာသလိုခံစားခဲ့ရပါတယ် ။ နောခဏအကြာမှာတော့ သူမကထိုင်ခုံနောက်ဘက်တွင် တစ်စုံတစ်ယောက်ကသူ့ကိုလာလာ ပွတ်တိုက်မိသည်ဟု ခံစားမိသော်လည်း ထိုနေရာတွင် မည်သူမျှမရှိပေ။ ထို့နောက် မိနစ်ပိုင်းအကြာတွင် အဖြူရောင် ၀တ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ဦး အခန်းကိုဖြတ်ကာ တံခါးကိုဖြတ်သွားသည်ကို တွေ့လိုက်ရတဲ့အခါမှာတော့ ပြောစရာမလိုအောင် ဝန်ထမ်းက သူမရဲ့ သော့တွေကို ကိုင်ပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေ ရောက်တဲ့အထိ အခန်းထဲက ထွက်ပြေးသွားခဲ့ပါတော့တယ်။

နံပါတ်၄
ဘွိုင်လာအခန်း နံပါတ် ၄

တခါတရံ လက်မစုပ်ပြီး တစ်ခါတစ်ရံ လက်ထဲတွင် အရုပ်ကိုင်ထားသော ကလေးမလေးကို တွေ့ဖူးသည်ဟု လူအတော်များများက ပြန်ပြောကြပါတယ်။ ညစောင့်တွေကလည်းတစ်ခါတစ်ရံ ကလေးရယ်နေတဲ့အသံ ပြေးနေတဲ့အသံတွေကြားရတယ်လို့လည်းပြောကြပါတယ်။

နံပါတ်၅
Hatch Door နံပါတ် ၁၃

ဒီတံခါးပေါက်ကို Shaft Alley ဟုလူသိများပြီး ထိုနေရာမှာတော့ သင်္ဘောသားတစ်ဦး စက်ထဲလက်ညပ်ကာသေဆုံးသွားတဲ့ နေရာဖြစ်ပါတယ်

၁၉၆၆ ခုနှစ် ညတစ်ညမှာ အင်ဂျင်နှင့် ဘွိုင်လာခန်းရှိ ရေလုံတံခါးများကို ပိတ်ရန် captain ကအမိန့်ပေးခဲ့တဲ့အတွက်ကြောင့် Yorkshire ဆိုတဲ့ အသက် 18 နှစ်အရွယ် သင်္ဘောသားတစ်ဦးဟာသွားပိတ်ရန်ဆင်းသွားခဲ့ရာ ၁၀မိနစ်အကြာပြန်မတက်လာတဲ့အတွက်သွားရောက်ကြည့်ရှူရာ Hatch #13 ၏တံခါးဝမှာညပ်နေပြီးလက်၂ဖက်ဟာ ကြေမွသွားပြီးထိုတံခါးကြားထဲတွင်ညပ်နေခဲ့တာကိုတွေ့လိုက်ရပါတယ်။ ထိုလူကို ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပါတော့တယ်။ လက်မောင်း၊ ရင်ဘတ်နှင့် တင်ပါးဆုံရိုးတို့တွင် ကြိတ်ခံရသော ဒဏ်ရာ နှင့်တစ်ကိုယ်လုံးရှိအရိုးများကြေနေတဲ့အပြင် နှာခေါင်းမှ သွေးများထွက်လာကာမကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

သူရဲ့တစ္ဆေကိုတော့ ယခုအခါ ထိုနေရာတစ်ဝိုက်တွင်မှာညရောက်ရင် တစ်ခါတစ်လေတွေ့နေရပြီး အနောက်မှ ပြေးလာကာ လေချွန်သံများ ကြားရတယ်လို့ပြောကြပါတယ်။ ထို့အပြင်တစ်ခါတစ်ရံ မထိုစက်ခန်းထောင့်မှ အကျီအပြာ ဝတ်ထားပြီး မုတ်ဆိတ်မွေး နဲ့ အမျိုးသားတစ်ဦးကို အချို့က မြင်ကြရတယ်လို့ပြောကြပါတယ်။

တစ်ခါတစ်ရံအင်ဂျင်နီယာတစ်ဦးသည် စင်္ကြံလမ်းများတွင် လှည့်ပတ်သွားလာနေပြီး ဧည့်သည်များကို သူရဲ့ ဂွကိုတွေ့မိသေးသလားဟု မေးမြန်းပြီးနံရံထဲဝင်ကာပျောက်ကွယ်သွားခဲ့သည်ဟု အချို့က လည်းပြောဆိုကြသည်။

ထိုမတူကွဲပြားပြီး ဆန်းကြယ်သောဖြစ်ရပ်များကြောင့် QueenMaryအား Time မဂ္ဂဇင်းမှ အမေရိကတွင် သရဲအခြောက်ဆုံးနေရာ ၁၀ ခုအနက်မှ တစ်ခုအဖြစ် ရွေးချယ်ခဲ့ပါတယ်။

Part-7 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

ကောင်မလေးချောချောလေးနဲ့တစ်ဖြတ်😬😬😬
30/01/2024

ကောင်မလေးချောချောလေးနဲ့တစ်ဖြတ်😬😬😬

30/01/2024

ကိုယ်တွေ မနေ့ကသွားခဲ့တဲ့ conjuring universe tour 👻👻 အထဲမှာဘာတွေဘယ်လိုရှိလဲသိချင်ရင် ကြည့်လိုက်တော့

29/01/2024

လောလောဆယ်တော့ ကြည့်နေရင်းနဲ့ Annabelle ပျောက်သွားပြီဗျ (Video အစမ်းတင်ပေးတာနော်)
နောက်နေ့အပြည့်လာမယ် 👻👻👻

ဒီနေ့ conjuring tour သွားခဲ့တယ်ဗျ ညကျရင် ဒီ conjuring tour mini videoလေးတင်ပေးမယ်နော်👻👻👻
29/01/2024

ဒီနေ့ conjuring tour သွားခဲ့တယ်ဗျ ညကျရင် ဒီ conjuring tour mini videoလေးတင်ပေးမယ်နော်👻👻👻

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-5)Hello ဒီနေ့ပြောပြပေးသွားမယ့်နေရာကတော့နာမည်ကြီးသရဲseriesဖြစ်တဲ့ Conjuri...
24/01/2024

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-5)

Hello ဒီနေ့ပြောပြပေးသွားမယ့်နေရာကတော့နာမည်ကြီးသရဲseriesဖြစ်တဲ့ Conjuring 2 ရုပ်ရှင်ရဲ့ ကျောရိုး သို့မဟုတ် သူ့ရဲ့ သမိုင်းဝင်တစ်ကယ့်အဖြစ်အပျက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်

နေရာကတော့London မြို့ မြောက်ဘက် Enfieldဆင်ခြေဖုံးရပ်ကွက် အမှတ် 284 GreenStreet လမ်းမကြီးမှာရှိတဲ့ အိမ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်

ထိုအိမ်မှာခြောက်လှန့်ခံခဲ့ရတဲ့လူတွေကတော့ Peggy Hodgson နဲ့ သူမရဲ့ သား၂ယောက်ရယ် သမီး၂ယောက်ဖြစ်ပါတယ်

အဆိုးဆုံးခြောက်လှန့်ခံခဲ့ရတဲ့သူကတော့အသက်11နှစ်အရွယ် Janet ဆိုတဲ့​ကောင်မလေး ဖြစ်ပါတယ်

1977ခုနှစ် August 30 ညနေခင်းမှာတော့ထိုအိမ်ကြီးမှာခြောက်လှန့်မှုများစတင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ Janetက သူ့အမေကိုမနေ့ညက သူ့မောင်၂ယောက်ရဲ့ကုတင်တွေဟာ လှုပ်ရမ်းနေခဲ့တယ်လို့ပြောခဲ့ပေမယ့် သူ့အမေကတော့ မယုံခဲ့ပါဘူး။ဒီလိုနဲ့ ထိုညနေခင်းရောက်တဲ့အခါမှာတော့ သူ့သမီး janetအိပ်တဲ့အခန်းထဲမှ ပရိဘောကရွှေ့သံများကြားရလို့တက်ကြည့်တဲ့အခါမှာတော့ အံဆွဲတွေဟာဖွင့်ပြီး ပြန်ပိတ်သွားကို သူကိုယ်တိုင်တွေ့မြင်ခဲ့ပါတယ်။ ထို့အပြင်သစ်သားဖြင့်ပြုလုပ်ထားသော သေတ္တာဟာလည်း တံခါးဘက်ကိုသူ့အလိုလိုရွေ့သွားခဲ့ပါတယ်။

ထိုခြောက်လန့်မှုများဟာခဏခဏ ဖြစ်လာခဲ့တာ​ကြောင့် ​သူတို့ အိမ်နီးခြင်းဖြစ်တဲ့ Vic Nottinghan နဲ့အိမ်ကို သွားကာ အကူအညီတောင်းခဲ့ပါတယ်
ထိုလူဟာ မယုံတဲ့အတွက်ကြောင့် Enfield အိမ်ထဲကို တစ်ယောက်ထဲဝင်ပြီး လေ့လာတဲ့ အခါမှာတော့ လှေကားတစ်လျောက်မှာ နံရံကို လက်နဲ့ခေါက်တဲ့အသံများကြားခဲ့ အတွက် တစ်စုံတစ်ယောက် နောက်ပြောင်နေသည်ဟုထင်ပြီး ရဲခေါ်ခဲ့ပါတယ်

ထို့နောက်ရဲ၂ယောက်​ရောက်လာပြီး ထိုအိမ်ကို လေ့လာခဲ့တဲ့ အခါမှာတော့ ရုပ်ရှင်မှာ ပါဝင်တဲ့အတိုင်း လက်တင်သစ်သားခုံဟာ သူတို့အရှေ့မှာရွေ့သွားခဲ့တာကို သူတို့ကိုယ်တိုင်တွေ့မြင်ခဲ့ပါတယ်

ထိုသို့ သဘာဝလွန်ဖြစ်ရပ်များနာမည်ကြီးလာခဲ့ပြီး သတင်းထောက်တွေရဲ့ အာရုံစူးစိုက်မှုကို ရလာခဲ့ပါတယ်
နာမည်ကြီးသွားတဲ့အဖြစ်အပျက် တစ်ခုကတော့ Daily Mirror သတင်းစာတိုက်မှ ဓာတ်ပုံဆရာ Graham Morris ရိုက်ယူရရှိခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ် ထိုပုံတွေမှာဆိုရင် Janetဟာ သူမရဲ့အိပ်ယာအထပ်မှာခုန်နေသလို လေထဲမှာ လွင့်နေခဲ့တာပါ

Conjuring 2ထဲမှ အဖိုးကြီး Bill

ဒီအဖိုးကြီးက အပြင်မှာလည်းတစ်ကယ်ရှိခဲ့တာဗျ
ကလေးမ Janet ကိုအဲ့အဖိုးကြီးကဝင်ပူပြီး သူ လက်တင်တဲ့ ကုလားထိုင်မှာဦးနှောက်သွေးယိုစိမ့်မှူဖြစ်ပြီးသေးဆုံးခဲ့တာလို့ Ed Warren နဲ့ Lorraine Warrenကိုပြောခဲ့ပါတယ်။ ထို့နောက်အိမ်ရဲ့နောက်ကြောင်းကိိုစုံစမ်းတဲ့အခါမှာ တော့ဒီအဖိုးကြီးဟာ janetပြောတဲ့ အတိုင်း တကယ်သေဆုံးခဲ့တာဖြစ်ပါတယ်

Ed နဲ့ Lorraine လာရောက်စုံစမ်းခြင်း
ထိုသရဲခြောက်တဲ့အကြောင်းတွေဟာနာမည်ကြီးလာခဲ့ပြီး Edနဲ့ Lorraineတို့ရှိ ထိုသတင်းတွေဟာပျံ့လာခဲ့ပါတယ် ။ သူတို့၂ယောက်ထိုအိမ်ကိုသွားယောက်စုံစမ်းတဲ့အခါမှာတော့ အိမ်ပေါ်ထပ်နံရံမှ ရေများယိုကျခြင်း တစ်ချို့အခန်းတွေထဲမှာ သာမန်အခန်း​တွေထပ် အေးနေခြင်း မီးခြစ်စံများ အလိုလို ထတောက်ခြင်း အပြင် Ed Warrenကိုတစ်စုံတစ်ယောက်က ​ထိတွေ့ခြင်းတွေကို ကြုံခဲ့ရပါတယ်

Enfield အိမ်ရဲ့ အဆုံးသတ်

ရုပ်ရှင်ထဲမှာတော့ The nunနာမည် ခေါ်လိုက်တဲ့အချိန်မှာ ထိုခြောက်လှန့်မှုတွေဟာပြီးဆုံးခဲ့ပါတယ်

တစ်ကယ့်အဖြစ်အပျက်ကတော့ 1978မှာ ဘုန်းတော်ကြီးတစ်ပါးသူတို့အိမ်ကို ရောက်လာပြီး ရွတ်ဖတ်မှုတွေပြုလုပ်ပေးခဲ့တဲ့အခါမှာတော့ ထိုသရဲခြောက်မှုတွေဟာ ရပ်တန့်သွားခဲ့ပါတယ်
သို့သော်တစ်ခါတစ်ရံမှာ အသံတွေကြားနေရသေး တယ်လို့ Peggyကတော့ပြောခဲ့ပါတယ်

Conjuring seriesကို မကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်

ဒီEnfield တကယ့်အဖြစ်အပျက်​တွေကို BBCက interviewထားတဲ့ Enfield documentary ကို comment မှာချထားပေးမယ်နော်

ထို့အပြင်Janetဝင်ပူးခံရစဥ် recording လုပ်ထားတဲ့ အသံfileကိုလည်း commentမှာပဲLinkပေးထားတယ်နော်

ကဲ ပရိတ်သတ်ကြီးတို့ ဒါဟာ တစ်ကယ်လား ယုံတမ်းပုံပြင်ဖြစ်နိုင်လားကို comment မှာဆွေးနွေးသွားကြပါဦး

Part-6 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

20/01/2024

ကဲ MLBB player တွေတော်တော်များများစောင့်မျှော်နေကြတဲ့ Attack on titan X Mlbb event လာပြီနော်
Eran အဖြစ် Yin
Levi အဖြစ် Martis နဲ့
Mikasa အဖြစ် F***y နော် Diamond လေးတွေကြိုစုထားလိုက်ကြတော့

videoကတော့ crd to offical web

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-4)Hello အားလုံးပဲ မင်္ဂလာညချမ်းလေးပါ ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်နေရာ...
16/01/2024

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-4)

Hello အားလုံးပဲ မင်္ဂလာညချမ်းလေးပါ

ဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်နေရာကတော့ အမေရိကန် နိုင်ငံ NewYork မြို့ Ocean Avenue လမ်းပေါ်မှာတည်ရှိတဲ့ Amityville အိမ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်

ထိုအိမ်ရဲ့သမိုင်းအကြောင်းကနေစပြောပေးသွားမယ်နော်
Amityville အိမ်ကြီးကို 1924မှာ ဆောက်လုပ်ခဲ့ပါတယ်။ 1974ခုနှစ် November 13th မှာတော့ ထိုအိမ်ကြီးမှာကြောက်မက်ဖွယ်ရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။
ထိုအဖြစ်အပျက်ဟာ သရဲခြောက်တာထပ် လူသတ်မှုလို့ယူစလို့ရသလို မကောင်းဆိုးဝါး(စေတန်)ရဲ့ခိုင်းစေမှုလို့လဲ ပြောကြတယ်ဗျ။

ဘာကြောင့်လဲဆိုတော့ ထိုအိမ်မှာ နေခဲ့တဲ့ DeFeo(ဒိဖီရို) ဆိုတဲ့ မိသားစုရဲ့ ၂၃ နှစ်အရွယ် အကြီးဆုံးသားဖြစ်သူ Ronnie DeFeo Jr. ဟာ ည 3:15 အချိန်မှာ အိပ်နေကြတဲ့ သူရဲ့ မိသားစုဝင် အကုန်လုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပစ်သတ်ခဲ့တဲ့အထဲမှာ သူရဲ့ အဖေ အမေအပြင် မွေးချင်း မောင်နှမ၄ယောက်အပါအဝင်ဖြစ်ပါတယ်...

ပထမအစကတော့ လူမိုက်တစ်စုဟာ သူ့ရဲ့မိသားစုကို ဝင်ရောက်သတ်တယ်လို့ ပြောဆိုခဲ့ပြီး နောက်မှာတော့ သူကိုယ်တိုင်သတ်ခဲ့ကြောင်းဝန်ခံ ခဲ့ပါတယ်။ထိုသို့ဝန်ခံရာမှာလည်း သူ့ကိုထို ည ၃နာရီအချိန်မှာ တစ်စုံတစ်ရာက နှိုးနေပြီး သတ်ရန်စေခိုင်းခဲ့တဲ့လို့ပြောပါတယ်
ထိုအမှုဟာ ပုံမှန်ကြည့်ရင် ရိုးရှင်းပေမယ့် သေချာစဥ်းစားရင် ညသန်းခေါင် လူခြေတိတ်နေတဲ့အချိန် သေနတ်သံကို မကြားရတာ အဓိပ္ပါယ်မရှိတဲ့အပြင်ပစ်သတ်ခဲ့တာလည်း တစ်ကြိမ်တည်းမဟုတ်ဘူးဗျ သေဆုံးသွားတဲ့ လူတွေကိုကြည့်တော့လည်းအကုန်လုံးကလည်း ပြန်လည်ခုခံတဲ့ပုံ မရှိတဲ့အပြင် တစ်စုံတစ်ယောက်က ချုပ်ထားတဲ့ပုံလည်းမရှိပဲ အိပ်နေတဲ့ပုံစံအတိုင်းသေဆုံးခဲ့ပါတယ်။ပစ်သတ်ခဲ့တဲ့လူကိုတော့ 1975ခုနစ် December မှာထောင်ဒဏ် ၂၅နှစ်ချမှတ်ခဲ့ပါတယ်
ဒါကတော့ ထိုအိမ်ရဲ့ သမိုင်းအကြောင်းပေါ့

ထိုလူထောင်ချခံလိုက်ရတဲ့အချိန်မှာပဲ 1975ခုနှစ် December 18မှာတော့ Georgeနဲ့ Kathy Lutzဟာ သူတို့ရဲ့ သားသမီး၃ယောက်နဲ့အတူ ထိုအိမ်ကိုစျေးသက်သက်သာသာနဲ့ရတဲ့အတွက်ပြောင်းလာခဲ့ပါတယ် (ဒါကတော့ နာမည်ကြီးရုပ်ရှင် Conjuring 2 မှာပါတယ်ဗျ ဒီမိသားစုအကြောင်းကို)
သူတို့မိသားစုကတော့ ထိုအိမ်မှာ 28ရက်ပဲနေထိုင်နိုင်ခဲ့တယ်ဗျ (သရဲခြောက်လွန်းလို့ထင်တယ်)

ခြောက်လှန့်ခြင်းရဲ့အစ
အိမ်ထောင်ဦးစီးဖြစ်သူ George ဟာညတိုင်း ထိုလူသတ်မှုဖြစ်ခဲ့တဲ့အချိန် 3:15ရောက်တိုင်း နိုးနိုးလာခဲ့ပါတယ်
ထို့အပြင် အိမ်နဲ့ တစ်ချို့နေရာတွေမှာဆိုရင် အပုတ်နံများရတဲ့အပြင် တစ်ချို့အခန်းတွေမှာဆို အရမ်းအေးနေတတ်ပါတယ်
တစ်ခါတစ်ရံ အိမ်သာအိုးထဲမှာ အမည်းရောင် အရည်များ ပြည့်နေပြီး နံရံတွေထဲမှ အစိမ်းရောက်ချွဲကျိကျိအရည်တွေကျလာတတ်ပါတယ်
ထိုသို့ဖြစ်တဲ့အခါမှာတော့ သူတို့ဟာ ဘုန်းကြီးကို ပင့်ခဲ့ပေမယ့် ထိုဘုန်းကြီး အိမ်အပေါ်ထပ်တက်လာတဲ့အချိန်မှာတော့ "GET OUT" ထွက်သွားဆိုပြီး အသံသြသြကြီးကိုကြားလိုက်ရတယ်လို့ပြောပါတယ်
ထို့နောက် ထိုအိမ်ထဲမှ အခန်းတစ်ခန်းကို သော့တွေနဲ့ ပိတ်ခဲ့ပြီး ထိုအခန်းကိုမဝင်ဖို့အတွက် အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်
ဒါ့အပြင်ကားဂိုဒေါင်ဟာ သူ့အလိုလိုပွင့်လာခြင်း
မီးဖိုချောင် ထဲတွင် ဓားများပြုတ်ကျပြီး ကြမ်းပြင်တွင်စိုက်နေခြင်းများဖြစ်ပွားခဲ့ပါတယ်
အဆိုးဆုံး တွေကတော့ George နဲ့သူရဲ့သား ဖြစ်သူဟာ ညတစ်ညမှာ ပြတင်းပေါက်အပြင်ဘက်မှာ မျက်လုံးနီနီ ဝက်မျက်နှာလို အကောင်တစ်ကောင်ဟာ သူတို့ကို စိုက်ကြည့်နေတာ တွေ့ခဲ့ပါတယ်
အဆိုးဆုံး ကတော့ George ရဲ့မိန်းမLutz နဲ့ သူတို့ရဲ့သမီးဖြစ်သူတို့ဟာ ညဘက်ကြီး လေပေါ်မှာပျံပြီး ဝင်ပူးခံရသလိုဖြစ်နေခဲ့ပါတယ်
ထိုအကြောင်းအရာဟာ နာမည်ကြီးလာခဲ့ပြီး ဒီcaseကိုတော့ နာမည်ကြီး သရဲနှင်တဲ့သူတွေဖြစ်တဲ့ Edwardနဲ့ Lorraine Warrenတို့ ဇနီးမောင်နှံက ကိုင်တွယ်ခဲ့ပါတယ်
ထို Edward နဲ့ Lorraine သွားရောက်စစ်ဆေးတဲ့အခါမှာတော့ Edwardဟာ လှေကားပေါ်က တွန်းချ ခံခဲ့ရပြီး Lorraineကတော့ နတ်ဆိုးရဲ့ အနံ့အသက်ကိုရတယ်လို့ပြောခဲ့ပါတယ်
ထို့အပြင် Cameraတွေ အသံဖမ်းစက်တွေထောင်ပြီးစစ်တဲ့အခါမှာတော့ ကလေးပုံစံမကောင်းဆိုးဝါးပုံကိုရိုက်ကူးနိုင်ခဲ့ပါတယ်
(အောက်မှာပုံပြထားတယ်နော်)
အစကတော့ George မိသားစုဟာ ညာနေတယ် လို့ဆိုကြပေမယ့် အလိမ်အညာဖော်တဲ့ စက်ကိုသုံးပြီး မေးကြည့်တဲ့အခါမှာတော့ ညာနေတာကိုမတွေ့ရဘဲ အမှန်တိုင်းပြောနေခဲ့တာဖြစ်ပါတယ်

သရဲအကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့သွားရောက်လေ့လာရမယ့်နေရာထဲမှာတစ်ခုအပါအဝင်ပေါ့ဗျာ
ကဲ ပရိတ်သတ်ကြီးတို့ကော် သွားရဲလား
ဒါဟာ တစ်ကယ်လား ယုံတမ်းပုံပြင်ဖြစ်နိုင်လားကို comment မှာဆွေးနွေးသွားကြပါဦး

Part-5 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

Hello ဒီနေ့ ညကျွန်တော်stream မယ့်gameကတော့ Don't Scream ဆိုတဲ့သရဲgame ဖြစ်ပါတယ် ဒီသရဲgameကိုsteamမှာ Oct 27th 2023မှာear...
10/01/2024

Hello ဒီနေ့ ညကျွန်တော်stream မယ့်gameကတော့ Don't Scream ဆိုတဲ့သရဲgame ဖြစ်ပါတယ် ဒီသရဲgameကိုsteamမှာ Oct 27th 2023မှာearly access အဖြစ် release ခဲ့ပြီး streamer တွေကြားထဲမှာ နာမည်ကြီးလာခဲ့ပါတယ်

ဘာလို့လဲဆိုတော့ Game နာမည် Don't screamဆိုတဲ့အတိုင်း အပြင်မှာပါအော်လို့မရဘူးဗျ သူအသံသတ်မှတ်ထားတဲ့အသံထွက်တာနဲ့ gameထဲမှာသေမှာဖြစ်ပါတယ်

Gameplay ကတော့ 18မိနစ်ပဲကြာမြင့်ပြီးUnreal engine 5နဲ့ရေးထားတာကြောင့် graphicက အပြင်ရအတိုင်းဖြစ်နေမှာဖြစ်ပါတယ် နောက်ပြီး အဲ့18မိနစ်လုံးမအော်ပဲဆော့ကစားရမှာဖြစ်ပါတယ်

အဲ့18မိနစ်ကိုကျော်ရင်ကော်ဘာဖြစ်မလဲဆိုတာ ကျွန်တော်နဲ့အတူ ဒီည9နာရီ streamမှာ လာရောက်ကြည့်ရှုရင်း အားပေးကြပါဦးနော် 🙆‍♂️🙆‍♂️

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-3)ရဲ့အဆက်ဒီတစ်ခေါက်ကတော့ ကျွန်တော် အရင်တစ်ပတ်ကတင်ပေးသွားတဲ့ မလေးရှားနိုင...
10/01/2024

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-3)ရဲ့အဆက်

ဒီတစ်ခေါက်ကတော့ ကျွန်တော် အရင်တစ်ပတ်ကတင်ပေးသွားတဲ့ မလေးရှားနိုင်က Karek အဝေးပြေးလမ်းမကြီးရဲ့ နောက်ထပ်နာမည်ကြီးပြီး လူပြောများတဲ့ Yellow volkswagen beetle (အဝါရောင်လိပ်ခုံးကား) အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်

ကြုံဖူးသူတွေပြောပြချက်အရ ထွက်ပေါက်နံပါတ် 803 နှင့် Genting highland ထွက်ပေါက်ကြားရှိ Genting Sempah လှိုင်ဂူထဲမှာဖြတ်သန်းသွားလာတဲ့ ကားဒရိုင်ဘာတော်တော်များများ ထိုအဝါရောင်ကားနဲ့ ကြုံရတယ်လို့ပြောကြပါတယ်

ထိုဥမင်လိုဏ်ခေါင်းထဲရောက်တဲ့အခါ တစ်ခါတစ်ရံထိုအဝါရောင်ကားဟာ ရှေ့မှာရုတ်တရက်ပေါ်လာပြီး လမ်းကိုပိတ်ပြီး သူ့ကို ကျော်တက်အောင် အရှိန်နှေးပြီးမောင်းတယ်လို့ ပြောကြတယ်ဗျ သူ့ကိုကျော်တက်ပြီးရင်လည်း ခဏအကြာ အရှေ့မှာပြန်ပြန်ပေါ်လာပါလိမ့်မယ်.....သူကအဲ့လို ခဏခဏလုပ်နေပြီးတစ်ဖက်ကလာတဲ့ကားနဲ့မတိုက်တိုက်အောင်လုပ်တာဗျ

သူ့ကိုကျော်သွားတဲ့အချိန် ကားထဲကိုကြည့်လိုက်ရင်လည်း ကားဒရိုက်ဘာ နေရာမှ လူမရှိဘူးလို့လည်းပြောကြပါတယ်
ထိုကားအပြင်တစ်ခါတစ်ရံဆိုရင်လည်း ကားလမ်းဘေးမှာ ​ညသန်းခေါင်အချိန် ကောင်လေးတစ်ယောက်ဟာ ကားတားစီးနေပြီးသူ့အမေကိုမေးတာကိုလည်း ကြုံကြရတယ်လို့လည်းပြောကြတယ်ဗျ

ပါးစပ်ရာဇဝင်တွေအရကတော့ ထိုအဝါရောင်​ကားဟာတစ်ချိန်က သားအမိ၂ယောက်မောင်းလာတဲ့ကားဖြစ်ပြီး အရှေ့ကကားကိုကျော်တဲ့အချိန် မှာ ဘရိတ်မမိတော့ပဲ တောင်အောက်ကိုထိုးဆင်းကာအမေဖြစ်သူက ကားပေါ်ကနေလွင့်ထွက်ပြီး သားဖြစ်သူကတော့ ကားထဲမှာပဲ သေဆုံးခဲ့တယ်လို့ပြောကြတယ်ဗျ

ထို မလေးရှားရဲ့ karekအဝေးပြေးလမ်းမကြီးမှာ ဖြစ်ပွားခဲ့တဲ့ အဆိုးဆုံး accident တွေလည်းရှိပါတယ်
ဖေဖော်ဝါရီ ၂၈၊ ၁၉၉၀ တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် (Gas)ဂတ်စ်ထရပ်ကားတစ်စီး၊( FRU )အဓိကရုဏ်းနှိမ်နင်းရေးရဲယာဉ်အများအပြား၊ အခြားထရပ်ကား၊ တက္ကစီနှစ်စီးနှင့် ကားခြောက်စီးတို့သည် Genting Sempah ဥမင်လိုဏ်ခေါင်းမှ ၅ ကီလိုမီတာအကွာရှိ Karak အဝေးပြေးလမ်းမကြီး၏ ကီလိုမီတာ 30.9 တွင် တိုက်မိခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်

2013 ခုနှစ် သြဂုတ်လ 21 ရက်နေ့တွင် Genting Sempah- Genting Highlands အဝေးပြေးလမ်းမကြီးတစ်လျှောက်သို့ခရီးသည် 53 ​​ဦး တင်ဆောင်လာတဲ့ဘတ်စ်ကားသည်ထိန်းချုပ်မှုပြတ်တောက်ပြီးလျှိုမြောင်ထဲသို့ပြုတ်ကျကာလူ ၃၇ ဦး သေဆုံးပြီး၊ နောက်ထပ် ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်

ဒီမတော်တဆမှုဟာ ၁၉၉၀ ခုနှစ် မတော်တဆမှုရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀ အကွာမှာ ဖြစ်ပွားခဲ့တာပါ
မလေးရှားသမိုင်းတွင် အဆိုးရွားဆုံး အဝေးပြေးလမ်းမကြီးအဖြစ် သတ်မှတ်ခံထားရတဲ့နေရာလည်းဖြစ်ပါတယ်

သရဲအကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့သွားရောက်လေ့လာရမယ့်နေရာထဲမှာတစ်ခုအပါအဝင်ပေါ့ဗျာ
ကဲ ပရိတ်သတ်ကြီးတို့ကော် သွားရဲလား
ဒါဟာ တစ်ကယ်လား ယုံတမ်းပုံပြင်ဖြစ်နိုင်လားကို comment မှာဆွေးနွေးသွားကြပါဦး

Part-4 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-3)ဒီနေ့ည ကျွန်တော်ပြောပြပေးသွားမယ့်နေရာကတော့  Malaysia မှ Karak Highway(...
01/01/2024

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-3)

ဒီနေ့ည ကျွန်တော်ပြောပြပေးသွားမယ့်နေရာကတော့ Malaysia မှ Karak Highway(ကဲရက် အဝေးပြေးလမ်းမကြီး)အကြောင်းဖြစ်ပါတယ်

Karak Highway ကို 1970 တွင် Malaysia အစိုးရက စတင်ဆောက်လုပ်ခဲ့ပြီး 1979မှာတော့ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ် ..တောင်ပေါ်မှာဖောက်လုပ်ထားပြီး​မြွေလိမ်မြွေကောက်လိုလမ်းများရှိပါတယ်
ထို့အပြင် ဆောင်းရာသီ ဆိုရင် မြူများဖုံးနေတာကြောင့် ကားမတော်တဆမှုများ ခဏခဏဖြစ်ပွားခဲ့ပါတယ်.....ထိုအထဲမှာမှ နာမည်အကြီးဆုံးအဖြစ်အပျက်တစ်ခုကိုပြောပြပေးသွားမှာပါ

ဒီအဖြစ်အပျက်ကတော့malay နိုင်ငံက လူအများအပြားရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဗျ....ဖြစ်ပွားခဲ့တဲ့နေရာက အဝေးပြေးလမ်းမကြီးရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဥမင်လှိုဏ်ခေါင်းအနီးမှာဖြစ်ပွားခဲ့တာပါ....

ညဘက်၂နာရီအချိန် မလေးစုံတွဲတစ်တွဲနဲ့ သူတို့ရဲ့​၁နှစ်သားအရွယ်ကလေးဟာ မိသားစုရှိအလည်အပတ်သွားပြီးထိုhighwayမှ ပြန်လာခဲ့ပါတယ် ..ညမိုးချုပ်နေပြီဖြစ်တဲ့အတွက် ကားတွေဟာလဲ နည်းပါးနေပါတယ်...ကံမကောင်းစွာနဲ့ သူတို့မောင်းလာတဲ့ကားဟာ ထိုဥမင်လှိုင်ခေါင်းရောက်ခါနီးမှာ ပျက်သွားခဲ့ပါတယ်..သူမရဲ့ခင်ပွန်းကတော့ ကလေးငယ်ပါလာတဲ့ အတွက် သူမနဲ့သူရဲ့ကလေးကို ကားထဲမှာပဲ နေစေခဲ့ပြီး ကားအပြင်ထွက်လာကာ ကားအင်ဂျင်အဖုံးကို လှန်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေပါတယ်..သူရဲ့ ဇနီးကတော့ ကားအင်ဂျင်အဖုံးကွယ်နေတာကြောင့် ကားအရှေ့ကိုမမြင်ရပါဘူး

ခဏအကြာ သူမခင်ပွန်းရှိက ဘာသံမှမကြားတဲ့ အတွက် စိတ်ပူပင်လာခဲ့သော်လည်း ကလေးရှိတဲ့အတွက်ကြောင့်အပြင်မထွက်ခဲ့ပါဘူး
ဖြတ်သွားဖြတ်လာကားများရှိသော်လည်း မရပ်ပေးပဲ သူတို့နားရောက်တဲ့ အခါ အရှိန်ပြင်းစွာနဲ့မောင်းနှင်ခဲ့တဲ့အပြင် ကလေးဟာလည်း ရုတ်တရက် ငိုယိုနေခဲ့ပါတယ်

ထို့နောက် ခဏအကြာရဲကား၂စီးဟာ သူတို့ကားကို အမြန်မောင်းနှင်ဖြတ်ကျော်ပြီး မီတာ၁၀၀ခန့်အကွာ ဥမင်နားမှာ ရပ်ကာ သူမကိုပြေးလာဖို့အော်ခေါ်ခဲ့ပါတယ်..ထို့အပြင်သူမကိုလည်းမျက်လုံးစုံမှိတ်ပြီး သူတို့ရှိတန်းတန်းမတ်မတ်ပြေးလာရင် အော်ဟစ်နေခဲ့ပါတယ်

သူမဟာလည်း ရဲတွေကအော်ဟစ်နေတဲ့အပြင် ကလေးကိုလည်းပွေ့ချီထားတဲ့အတွက်ကြောင့် ကြောက်လန့်စွာ ရဲတွေပြောတဲ့အတိုင်းလုပ်ဆောင်ခဲ့ပါတယ်

ရဲကားနားနောက်ခါနီးမှ သူမ ခင်ပွန်းဖြစ်သူကိုသတိရကာ နောက်ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ ဂါဝန်အဖြူဝတ်ထားပြီးဆံပင်စုတ်ဖွားနဲ့ အမျိုးသမီးတစ်ယောက်ဟာ ( Malaysia ကသူတွေကတော့ သူမကို Pontianakလို့ခေါ်ကြပါတယ်)
သူမခင်ပွန်းရဲ့သွေးများတောက်တောက်ကျနေတဲ့ခေါင်းပြတ်ကို ကိုင်ပြီး ကားခေါင်းမိုးပေါ်မှာ ထိုသွေးများကို သောက်နေခဲ့ပါတယ်
ရဲတွေကလည်း သူမကြောက်လန့်ပြီးပြေးတာရပ်တန့်သွားမှာစိုးရိမ်တဲ့အတွက် သူမကို ကားရှိအတင်းဆွဲခေါ်ခဲ့ပြီးထိုနေရာမှ မောင်းထွက်လာခဲ့ပါတယ်
မနက်ရောက်တဲ့အခါ ထိုနေရာကိုမှုခင်းအဖွဲ့ဝင်တွေသွားစစ်ဆေးတဲ့အခါမှာတော့ ဦးခေါင်းမရှိတော့တဲ့အမျိုးသားတစ်ဦးရဲ့ ကိုယ်ကိုသာ တွေ့ခဲ့ကြပါတယ်

ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့မြင်ခဲ့တာတော့သူမအပြင် ရဲတပ်ဖွဲ့ဝင်၇ဦးအပါအဝင်လည်းဖြစ်ပါတယ်

ဒီအဖြစ်အပျက်က ဘယ်လိုနာမည်ကြီးလာလဲဆိုတော့ ညဘက်မှာ သရဲအကြောင်းပြောတဲ့ ရေဒီယိုအစီအစဥ်တစ်ခုမှာ ပါလာခဲ့တာပါ..ထိုအစီအစဥ်အကြောင်းပြောပြီးတဲ့အခါမှာတော့ ဖုန်း၃call ဝင်လာခဲ့ပါတယ် ပထမတစ်ဦးကတော့ ထိုနေ့ကအမျိုးသမီးကို ကားပေါ် တင်မောင်းပြီးပြေးခဲ့တဲ့ ရဲတပ်သားတစ်ဦးဖြစ်ပြီး ထိုဖြစ်ရပ်ဟာ သူကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ် နောက်တစ်ယောက်ကတော့ ​ထိုနေရာကနေ ဖြတ်မောင်သွားတဲ့ကားသမား ဖြစ်ပြီး သူကိုယ်တိုင် ကားပေါ်မှာ မိန်းမကြီး တစ်ယောက်ထိုင်နေတာကိုတွေ့မြင်ခဲ့တယ်လို့ပြောခဲ့တာဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ထိုနေရာမှလွတ်မြောက်ခဲ့တဲ့ မိန်းမဖြစ်ပြီး သူကိုယ်တိုင် တရားခံရှာလို့မတွေ့သောကြောင့် အမှုပိတ်ခဲ့သူဖြစ်ပါတယ်

ဒီလမ်းမကြီးကတော့ သရဲအခြောက်ဆုံး highwayလမ်းမကြီးလို့ malaysia မှာနေတဲ့လူတွေတော်တော်များများပြောကြတယ်ဗျ ဒီအဖြစ်အပျက်အပြင်တစ်ခြား ဟာတွေလည်းကျန်သေးတယ်ဗျ
နောက်မှဆက်တင်ပေးမယ်နော်

Pontianak ဆိုတဲ့ သရဲမကြောင်း

အရပ်သားတွေပြောပြချက်အရ သူမဟာ မီးဖွားရင် ကလေးမမွေးနိုင်ပဲ သေဆုံးခဲ့သူဖြစ်ပြီး တစ်ခါတစ်ရံ ဂါဝန်အဖြူရောင်နဲ့ လိုက်လံ ခြောက်လှန့်ကာ ကလေးများကို လိုက်လံဖမ်းယူစားသုံးတယ်​လို့လဲ ပြောကြပါတယ်
တစ်ချို့ကတော့ သူမဟာ သူခင်ပွန်းကို စိတ်နာတဲ့အတွက် ယောကျာ်းသားများကို သာ လိုက်လံသတ်ဖြတ်တယ်လို့လဲဆိုကြပါတယ်
ထို့အပြင်သူမက ညဘက်အချိန်မတော် အဝတ်လှန်းထားတဲ့ အိမ်ကို ပစ်မှတ်ထားတယ်လို့လဲ ဆိုကြပါတယ်(အဲ့တာကြောင့်လူကြီးတွေညဘက်ဆိုအပြင်မှာ အဝတ်တွေမလှန်းခိုင်းပဲ နေဝင်ချိန်လောက်ဆိုရင် အဝတ်တွေ သိမ်းခိုင်းတာလားမသိဘူးဗျ)
သူမအနားရောက်လာတဲ့အခါကျရင် Plumeria flower ဆိုတဲ့ ပန်းရနံ့ကိုရတယ်လို့လည်းပြောကြတယ်ဗျ

အောက်မှာကျွန်တော်ပုံတွေပြထားတယ်ဗျ တစ်ပုံချင်းစီထောက်ကြည့်သွားဦးနော်

အိပ်မက်လှလှမက်ကြပါစေဗျာ🙆‍♂️

သရဲအကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့သွားရောက်လေ့လာရမယ့်နေရာထဲမှာတစ်ခုအပါအဝင်ပေါ့ဗျာ
ကဲ ပရိတ်သတ်ကြီးတို့ကော် သွားရဲလား
ဒါဟာ တစ်ကယ်လား ယုံတမ်းပုံပြင်ဖြစ်နိုင်လားကို comment မှာဆွေးနွေးသွားကြပါဦး

Part-4 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-2)Christmas ရာသီဆိုတော့ chirtsmasရောက်ရင် နိုင်ငံခြားမှာပြောလေ့ပြောထရှိတ...
27/12/2023

ကမ္ဘာပေါ်မှာ သရဲခြောက်သည်ဟုယူစရသောနေရာများ(Part-2)

Christmas ရာသီဆိုတော့ chirtsmasရောက်ရင် နိုင်ငံခြားမှာပြောလေ့ပြောထရှိတဲ့ သရဲအကြောင်းကိုဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်

ဒီနေ့တင်ဆက်ပေးမယ့်နေရာကတော့ England မှာရှိတဲ့ Bramshill စံတော်အိမ်ကြီးအကြောင်းကိုပြောပြပေးသွားမှာပါ

Bramshill စံအိမ်ကြီးကို 14th ရာစုအစပိုင်းမှာ Foxleyဟုအမည်ရတဲ့ မိသားစု က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်...

Christmas ဆိုတော့ christmas နဲ့ဆိုင်တဲ့အကြောင်းကိုပဲတန်းပြောပါတော့မယ်နော်

ထိုနေ့ကတော့ chirstmas နေ့ဖြစ်ပြီး ထို Bramshillစံတော်အိမ်ကြီးမှာ ပျော်ရွှင်စရာ တယောသံများ သီချင်းဆိုသံများ ရယ်သံများ ဝိုင်ပုလင်းတိုက်သံများနဲ့ဖုံးလွှမ်းနေပါတယ်
နှင်းဖွဲလေးများဟာလဲ ကျနေပြီး ရာသီဥတုဟာသာယာလှပါတယ်

ထိုနေရာမှာမင်္ဂလာပွဲကျင်းပနေတာဖြစ်ပြီး သတို့သမီးနာမည်ကတော့ Anna cope ဖြစ်ပြီး သူမရဲ့အနားမှာ မိသားစုတွေ သူငယ်ချင်းတွေဝိုင်းနေကြကာကောင်းချီးမင်္ဂလာပေးနေကြပြီး အလွန်ကြည်နူးဖို့ကောင်းလှပါတယ်

သူမဟာ အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး လက်ထဲမှာ mistletoe (ကျီးပေါင်းပင်)ပန်းစည်းကို ကိုင်ထားပါတယ်

ဒီလိုနဲ့ မင်္ဂလာပွဲ ကျင်းပတယ်ဆိုပါတော့
ထိုမင်္ဂလာပွဲ ကျင်းပအပြီးမှာ သူမဟာ ပွဲကိုတက်ရောက်လာကြတဲ့ ဧည့်သည်တွေကို တူတူပုန်းတန်းဆော့မယ်လို့ပြောလိုက်ပါတယ် သူမခင်ပွန်းအပါအဝင်ပေါ့

ထို့နောက်Anna က အိမ်ကြီး၏ ကြီးမားသော လှေကားထစ်များကို ပြေးတက်ပြီး စင်္ကြံများနှင့် အခန်းများကို ဖြတ်ကျော်ကာ ထပ်ခိုးတွင်ရှာဖို့ခက်တဲ့ နေရာကိုလိုက်လံရှာဖွေရင်း အခန်းလွတ်တစ်ခန်းထဲမှာ ခေါင်းတလား တစ်လုံးကိုတွေ့သွားကာ ဝင်ရောက်ပုန်းအောင်းရန်စီစဥ်ခဲ့ပါတယ်

ထိုသို့ဝင်ရောက်တဲ့အချိန်မှာ mistletoe ပန်းစည်းကိုသူမဟာလက်ထဲမှာပုံမပျက်အောင်ကိုင်ဆောင်ထားပြီး ထိုအခေါင်းထဲသို့ဝင်ရောက် လှဲလျောင်းကာ ပုန်းအောင်းခဲ့ပါတယ်

ထိုနောက်သူ့မ၏ခင်ပွန်းအပါအဝင်သူမမင်္ဂလာဆောင်ပွဲကိုလာရောက်သူများကပါ လိုက်လံရှာဖွေခဲ့သော်လည်း သူမကိုမတွေ့ခဲ့ပါဘူး

သူမဟာ ၁၀မိနစ်အကျော် ပြန်ထွက်မည်လုပ်သော်လည်း ခေါင်းတလားဟာ ပြန်ဖွင့်လို့မရခဲ့ပါဘူး
ဧည့်သည်များကြားအောင် အော်ဟစ်ခြင်း အခေါင်းနံရံကိုထုရိုက်ခြင်းတို့ပြုလုပ်ခဲ့သော်လည်း အချည်းအနှိးသာဖြစ်ခဲ့ပြီး လက်မှသွေးများသာထွက်ခဲ့ရုံမှအပ သူမကို ဘယ်သူမှမကြားခဲ့ပါဘူး

တစ်ချို့သူတွေကတော့ သူမခင်ပွန်းကို မင်္ဂလာမဆောင်ချင်လို့ ထွက်ပြေးသွားသည်ဟု ပြောကြပါတယ်

သို့သော်သူမခင်ပွန်းဖြစ်ဟာ သူမကိုနေ့မအိပ်ညမအိပ်ရှာဖွေခဲ့တဲ့အပြင် နောက်တစ်ယောက်ကို မင်္ဂလာဆောင်ဖို့ကိုလည်း ငြင်းဆိုခဲ့ပါတယ်

နှစ်၅၀အကြာထိတိုင်အောင်သူမခင်ပွန်း မှာလက်မလျှော့ပဲ လိုက်လံရှာဖွေခဲ့ရာ တစ်ညမှာတော့ ထပ်ခိုးအပေါ်ထပ်က ခေါင်းတလားကိုသူတွေ့ခဲ့ပါတယ်

တွန်းဖွင့်လိုက်တဲ့အခါမှာတော့ အခေါင်းအဖုံးအတွင်းဘက်မှာ ကုတ်ခြစ်ရာများအပြင် သွေးစွန်းနေသော အဖြူရောင် မင်္ဂလာဝတ်ရုံကို ဝတ်ထားသော အရိုးခြောက်တစ်ခုနဲ့ ပန်းစည်းကိုတွေ့တဲ့အခါမှာတော့ ငိုယိုကာ စိတ်ထိခိုက်ပြီး မကြာခင်မှာ သေဆုံးသွားခဲ့ပါတော့တယ်

ယနေ့ခေတ်မှာတော့ ထိုစံအိမ်ကြီးကို ပြတိုက်အဖြစ်ဖွင့်လှစ်ထားပြီး စွန့်စားလေ့လာသူတွေ အပြင် ထိုနေရာတွင်အလုပ်လုပ်သော လုံခြုံရေးများက ညအချိန်သို့ရောက်သောအခါ နံရံထုရိုက်သံများကြားရခြင်း Hallခံထဲတွင် လမ်းလျှောက်သံများကြားရတဲ့အပြင် သူမမသေခင်က လက်ထဲတွင်ကိုင်ဆောင်ထားတော့ mistletoe ပန်းစည်းမှ ခြူသံများကိုကြားရတယ်လို့ဆိုကြပါတယ်
ထို့အပြင် Christmas ညသို့ရောက်ခါနီးတိုင်း အဖြူရောင်အရိပ်၂ခု ထို hall ခန်းမကြီးထဲတွင် က နေတာကိုလည်း မြင်တွေ့ရတယ်လို့ပြောကြပါတယ်
ထိုအဖြစ်အပျက်ဟာနောက်ပိုင်းမှာနာမည်ကြီးလာပြီး သတင်းစာတွေထဲမှာပါ ပါဝင်လာခဲ့ပါတယ်

သရဲအကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့သွားရောက်လေ့လာရမယ့်နေရာထဲမှာတစ်ခုအပါအဝင်ပေါ့ဗျာ
ကဲ ပရိတ်သတ်ကြီးတို့ကော် သွားရဲလား
ဒါဟာ တစ်ကယ်လား ယုံတမ်းပုံပြင်ဖြစ်နိုင်လားကို comment မှာဆွေးနွေးသွားကြပါဦး

Part-3 ကိုလည်း ဒီPageမှာပဲတင်ပေးသွားမှာမို့လို့လူကြီးမင်းတို့ စိတ်ဝင်စားတယ်ဆိုရင် Like,follow and shareလေး လုပ်ပေးသွားကြပါဦးနော်

Address


Telephone

+886908331372

Website

Alerts

Be the first to know and let us send you an email when Nozel Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nozel Gaming:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share