JUNE 10

JUNE 10 Traveling ✈️

🏆 Scholarship တွေ Financial Aid တွေအပေးကြမ်းတဲ့ 4-year American Universities တွေက်ို ဘယ်လိုလျှောက်ကြမလဲ?(Personal Experi...
25/05/2024

🏆 Scholarship တွေ Financial Aid တွေအပေးကြမ်းတဲ့ 4-year American Universities တွေက်ို ဘယ်လိုလျှောက်ကြမလဲ?
(Personal Experience Sharing)

ပထမဦးဆုံးထောက်ပြချင်တာက လူတော်တော်များများက US Education လို့ပြောလိုက်တာနဲ့ Community College လောက်ပဲ ပြေးမြင်ကြတာပါပဲ။

“Community College ပဲ လျှောက်ရမှာပေါ့ ဟ
4-year universities တွေက ဒီလောက် စျေးကြီးတာကို” လို့ပြန်ပြောကောင်း ပြောပါလိမ့်မယ်…

ဒါမယ့် သိပြီးပြီလား?

Need-based Financial aid တွေ Merit Scholarship တွေက Admission letter နဲ့ အတူ တစ်ပါတည်း ပါလာတယ်ဆိုတာ…

Top schools တွေဆို Acceptance ရသွားတာနဲ့ Full ride ရသွားသလိုပဲ ဆိုတာ…

(False hope ပေးတာလည်း မဟုတ်ဘူး Full ride ရတာကလည်း Top schools ဝင်မှ ဒါမှမဟုတ် Scholarship သက်သက်လျှောက်မှ ရတဲ့ အမျိုးပါ။)

Academic တအားမတော်ရင်တောင် နယ်ပယ်တစ်ခုခုမှာ ထူးချွန်နေရင် Full-tuition နီးပါး Scholarship တွေက ဖြစ်နိုင်တယ် ဆ်ိုတာ…

စိတ်ခွန်အားလေးပေးချင်တာက ကျနော်က (GED - 715, SAT - 1340) နဲ့ လျှောက်ခဲ့တာပါ။ Kentucky က Liberal Arts College ကျောင်းတစ်ခုမှာ တစ်နှစ် ဒေါ်လာ ၅ သောင်း (full-tuition) ရခဲ့ပါတယ်။ကျနော်က Academic မှာ မတော်တဲ့ ထဲမှာပါပါတယ်ဗျ။ US Education ရဲ့ကောင်းတာလေးတစ်ခုက ကျောင်းသားတွေကို Academics ဆိုတဲ့ ပေတံတစ်ချောင်းထဲနဲ့ပဲ မတိုင်းတာပါ။

ဒါကို Holisitc review လို့ခေါ်ပါတယ်။ ကျောင်းသားရဲ့ Personality, Extracurricular Activities, Diversity, Social Background အကုန် အကုန်ကြည့်ပြီးမှ ဆုံးဖြတ်တာပါ။

ကိုယ့်ရဲ့ grade တွေက အရမ်းမကောင်းရင်တောင် တခြားနယ်ပယ်မှာ potential လေးမြင်ရရင် US ကျောင်းက Officer တွေက ပေးနိုင်ပါတယ်။

နောက်တစ်ခုကောင်းတာက F1 Visa လျှောက်တဲ့အခါ 4-year college နဲ့သွားတာက ပိုပြီး Visa ရဖို့ Chance များစေပါတယ်။

ဒီ Application Process က 6 လ - 1 နှစ်လောက် ကြာသလို ကျောင်းတွေလည်း အများကြီးလျှောက်ရပါတယ်။ VO တွေရဲ့ အမြင်မှာ ဒီကျောင်းသားက တကယ်လို US Education ကို ရယူချင်လို့ ကြိုးစားတယ်ဆိုတာ မြင်ရစေပါတယ်။

CC တွေက Acceptance လည်းမြန်တယ်၊ I20 ထုတ်ပေးတာလည်း မြန်တယ်၊ CC ကို လူတိုင်းက လုပ်နေတဲ့အခါကြ VO တွေရဲ့ အမြင်မှာ ဒီကျောင်းသားက တကယ်တတ်မှာ မဟုတ်ဘူးလို့ ပိုမြင်ကြပါတယ်။

ဒါကြောင့်မို့ Common App နဲ့ ကျောင်းလျှောက်တာတွေကို Try ကြည့်ကြပါ။

စိတ်ဝင်စားရင်တော့ တစ်ပုံချင်းအောက်မှာ ဆက်ဖတ်သွားလို့ ရပါတယ်။

(Info တွေအများကြီး ရေးရတာမို့ အမှားတွေပါသွားခဲ့ရင် ထောက်ပြပေးခဲ့ပါ။)

BKK မြို့ရဲ့ နာမည်ကြီး Shopping Mall မှာရှိတဲ့ စိတ်ဝင်စားစရာ Library တစ်ခု 🤔📚 Library တွေဆိုတဲ့အမျိုးက တိတ်တိတ်ဆိတ်ဆိတ်န...
07/03/2024

BKK မြို့ရဲ့ နာမည်ကြီး Shopping Mall မှာရှိတဲ့ စိတ်ဝင်စားစရာ Library တစ်ခု 🤔

📚 Library တွေဆိုတဲ့အမျိုးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ချောင်ကျတဲ့ နေရာမျိုးမှာ ရှိတတ်တယ်လို့ပဲ မှတ်ယူထားခဲ့တာပါ။ ပြီးတော့ စာအုပ်တွေပဲ ရှိတယ်ပေါ့။ ဒါမယ့် ဒီ Library လေးကို မြင်လိုက်တော့ အတော်​လေးကို အမြင်တွေ ပြောင်းသွားတာပါ။

🎡 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐏𝐚𝐫𝐤 (𝐓𝐊 𝐏𝐚𝐫𝐤) ဟာဆိုရင်တော့ BKK ရဲ့အချက်အချာကျလှတဲ့ Central World လိုနေရာမျိုးမှာ ရှိပြီး စာအုပ်တွေသာမကပဲ အခြား Space တွေလည်း ပါရှိပါတယ်။ သူတို့မှာ ရှိတဲ့ အခြား Space လေးတွေကိုလည်း အနည်းငယ် ရှင်းပြပါဦးမယ်။

🤐 Quiet Room ဆိုတာကတော့ လုံးဝတိတ်ဆိတ်နေပြီး စာလုပ်တဲ့အခါ Concentration လုံးဝ လိုတဲ့နေရာ ဝင်သုံးဖို့ပါ။

👶 Kid Zone ဆိုတာကတော့ ကလေးတွေ အတွက် စာအုပ်ဖတ်ဖို့ နေရာလေးပေါ့။

👨‍💻 IT Room မှာ Computer တွေလည်း သုံးလို့ ရပါတယ်။

🛠️ Learning Auditorium တွေ Digital Workspace တွေလည်း ရှိပါသေးတယ်။ Event တွေလည်း လုပ်တယ် တူပါရဲ့။ Cafe လေးလည်း ရှိတော့ Coffee လေးနဲ့ Aesthetic Studying လေးလည်း လုပ်လို့ ရတာပေါ့။

⛲️ နောက်တစ်ခု အရမ်းသဘောကျရတာက ရှယ်လှတဲ့ View ရဲ့ဘေးက စာကြည့်စားပွဲခုံလေးတွေပါ။ နားကြပ်လေးတပ်ပြီး အဝေးကိုကြည့် တွေးဆွေးငေး နေရမယ့် Feeling လေးက ရှယ်ပါပဲ။

📕 Thai စာနဲ့ ရေးထားတဲ့ စာအုပ်တွေသာမကပဲ English စာအုပ်တွေလည်း တွေ့ရမှာပါ။ နည်းတော့ နည်းပေမယ့် ကိုယ်ဖတ်ချင်တဲ့ Topic လေးတွေ တွေ့ခဲ့တော့ ဖတ်ဖြစ်ပါတယ်။

📱 ကြိုက်ရတဲ့ နောက်အချက်လေးက TK Read ဆိုပြီး Library User တွေအတွက် သီးသန့် Application လေးပါ ထုတ်ထားပေးထားတာပါပဲ။

လူကတော့ များပေမယ့် Shopping Mall မှာ လိုက်ပတ်ပြီး နားနားနေနေ ထိုင်ပြီး စာဖတ်ချင်တဲ့ အခါဆိုရင်တော့ အတော်လေး အသုံးဝင်မယ်ထင်လို့ Sharing လုပ်ပေးတာပါ။ 🫶
🤷‍♂️ တစ်ခု မကောင်းတာလေးကတော့ Public Library မဟုတ်ပါဘူး။ နှစ်စဉ်ကြေးက Student / Work Permit ရှိရင်တော့ တစ်နှစ်မှ ဘတ် ၁၀၀ ပဲ ကျမှာဖြစ်ပြီး မပါရင်တာ့ ဘတ် ၄၀၀ ပေးရမှာပါ။

Member မဝင်ပဲ Visitor အနေနဲ့ပဲဆိုရင်တော့ Day pass က ဘတ် ၂၀ ပေးရပါတယ်။ 🙎‍♂️

🚨 Day Pass ပဲလုပ်လုပ် Member ပဲလုပ်လုပ် Passport ပြမှ ရပါတယ် ‼️

📚 𝗟𝗶𝗯𝗿𝗮𝗿𝘆 𝗡𝗮𝗺𝗲: Thailand Knowledge Park (TK Park)
📌 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: 8th floor of Central World
🔗 𝗚𝗼𝗼𝗴𝗹𝗲 𝗠𝗮𝗽 𝗟𝗶𝗻𝗸: https://maps.app.goo.gl/MJ83M7BGg8Yyzt3R9?g_st=ic
⌛️ 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗛𝗼𝘂𝗿𝘀: Everyday 10 a.m. to 8 p.m. Closed on Monday.

🙌 နောက်လည်းပဲ မြန်မာလူငယ်တွေ အထောက်အကူပြုမယ့် စာကြည့်တိုက်များစွာကိုလည်း Sharing လုပ်ပေးသွားဦးမှာပါ။

ဒါလေးတွေကတော့ အရင်က စာကြည့်တိုက်တွေနဲ့ ပတ်သက်ပြီး မျှဝေပေးခဲ့တဲ့ Content တွေပါ 👇

📕 ရန်ကုန်မြို့က စာကြည့်တိုက် ၈ ခု (Part 1):
https://www.facebook.com/100017175341054/posts/1228307234418443/?mibextid=cr9u03

📗 ရန်ကုန်မြို့က စာကြည့်တိုက် ၈ ခု (Part 2):
https://www.facebook.com/100082812927163/posts/209630778474018/?mibextid=cr9u03

📘 ဘန်ကောက်မြို့ရဲ့ အကြီးဆုံးစာကြည့်တိုက် Prince Vivadhanajaya Library:
https://www.facebook.com/61555251356299/posts/122127591104175045/?




❝ ကျောင်းသားတိုင်း တစ်ခေါက်လောက် ရောက်ကို ရောက်ဖူးသင့်တဲ့ ထိုင်းနိုင်ငံ က အကောင်းဆုံးသော public library (free) တစ်ခု 🎖️ ...
02/03/2024

❝ ကျောင်းသားတိုင်း တစ်ခေါက်လောက် ရောက်ကို ရောက်ဖူးသင့်တဲ့ ထိုင်းနိုင်ငံ က အကောင်းဆုံးသော public library (free) တစ်ခု 🎖️ ❞

“ဟာ မိုက်လိုက်တာကွာ ဒီလိုမျိုးကောင်းလိုက်တဲ့ Learning Center ကြီး ငါတို့ နိုင်ငံမှာ ရှိစေချင်လိုက်တာ” ဆိုတာက ကျနော့်ခေါင်းထဲကို ပထမဆုံး ရောက်ခဲ့တာပါ။

🏞️ Study Table ရဲ့ ရှေ့မှောက်မှာ မိုက်လိုက်တဲ့ Riverside View ကြီး…
🛳️ Cruise ကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်းလေးတွေ
🦢 ပင်လယ်ပျော် ငှက်လေးတွေ မြစ်ထဲမှာ ပျော်မြူး ဖြတ်သန်းနေတာ…
ကို စာကြည့်တိုက်တစ်ခုမှာ မြင်ရလိမ့်မယ်လို့ တစ်ခါမှ မျှော်မလင့်ခဲ့တာပါ…

ဟုတ်တယ်လေနော်… စာကြည့်တိုက်ဆိုတာက ငယ်ငယ်ထဲက မြင်ယောင်လာခဲ့တာ အခန်းထဲမှာ အလုံပိတ်ပဲလေ…. 📦

ခုမှ Riverview ကြီး မြင်မိတာ အံ့ဩမိတာ အမှန်ပါပဲ။ Library ရဲ့ Architects တွေကိုလည်း စိတ်ထဲမှာ လက်ခုပ်တီးမိပါတယ်။ 👏

River view နဲ့တင် မကသေးဘူး။

Study or Work အတွက် Mini Rooms လေးတွေ
များပြားလှတဲ့ စာကြည့်စားပွဲတွေက ကျနော့်ကို ဆက်လက်ပြီး ဆွဲဆောင်နေပါတယ်။

ရှေ့ဆက်လျှောက်ကြည့်တော့ အတော်လေးကို ကျယ်သားဗျ Cafe တွေကော Museum တွေကော အားလုံး Free ကိုမှ အေးချမ်းပြီး တိတ်ဆိတ်နေကောပါပဲ။

Center တစ်ခုလုံး လူတွေပြည့်ပြီး ကုန်းကုန်းစာလုပ်နေကြတာက အားရစရာပါပဲ။ Productive ဖြစ်တဲ့သူနားမှာ နေရင် ကိုယ်ကိုယ်တိုင်ပါ Productive ဖြစ်မိတော့ Energy က အရမ်းကို ကောင်းနေမိပါတယ်။

အပြင်ထွက်ကြည့်လိုက်မယ်ဆိုရင်လည်း ထိုင်စရာနေစရာလှလှလေးတွေ အများကြီးပါပဲ။ ညနေဘက်ဆို Riverview လေးနဲ့ လှလိုက်မယ့် ဖြစ်ချင်း…

Center ကြီးတစ်ခုလုံးကတော့ ကျနော့်လို Library တွေကို အရမ်းချစ်မိသူ တစ်ယောက်အတွက် သရေကျချင်စရာကြီးပါပဲ။

ကျနော့်လို သရေကျချင်ရင်တော့ Library သွားဖို့ ဟော့ဒီမှာ info တွေ

📚 𝗟𝗶𝗯𝗿𝗮𝗿𝘆 𝗡𝗮𝗺𝗲: Prince Vivadhanajaya Library
📌 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻: QF9X+46H, Wat Sam Phraya, Phra Nakhon, Bangkok 10300, Thailand
🎆 𝗚𝗼𝗼𝗴𝗹𝗲 𝗠𝗮𝗽𝘀 𝗟𝗶𝗻𝗸: https://maps.app.goo.gl/frErPgTZ8C9s5E4BA?g_st=ic
⏳ 𝗢𝗽𝗲𝗻𝗶𝗻𝗴 𝗛𝗼𝘂𝗿𝘀: Monday to Saturday, 9:30 am to 20:00 pm

မြန်မာကျောင်းသားတွေအနေနဲ့ လည်း Study Place လုပ်လို့ အရမ်းကာင်းတာမို့ Sharing လုပ်ပေးတာပါ၊ နောက်ကျရင်လည်း အခြား Library တွေများကြီး Sharing လုပ်ပေးပါဦးမယ်ဗျို့


❝𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚 အတွက် 𝐋𝐚𝐨𝐬  သို့ ၂ သိန်းဝန်းကျင်နဲ့ လည်လည်သွားမယ် 🇹🇭🇱🇦❞Bangkok ကို ဘာ Visa မှ မလျှောက်ဘဲ ရောက်လာတဲ...
28/02/2024

❝𝐁𝐚𝐧𝐠𝐤𝐨𝐤 𝐓𝐨𝐮𝐫𝐢𝐬𝐭 𝐕𝐢𝐬𝐚 အတွက် 𝐋𝐚𝐨𝐬 သို့ ၂ သိန်းဝန်းကျင်နဲ့ လည်လည်သွားမယ် 🇹🇭🇱🇦❞

Bangkok ကို ဘာ Visa မှ မလျှောက်ဘဲ ရောက်လာတဲ့သူတွေ၊ လျှောက်လာတဲ့ Tourist Visa က ကုန်သွားတယ် ပြန်လျှောက်ဖို့ စဉ်းစားတဲ့သူတွေအတွက် Laos မှာ Tourist Visa ပြန်လျှောက်တာက သက်သာပြီးတော့ အတော်လေးလွယ်ကူတဲ့ Option ပါပဲ။

ပထမဆုံးအနေနဲ့ Tourist Visa ဆိုတာ ဘာမှန်းမသိရင်တော့ ဒီဟာလေးကို ဖတ်ကြည့်ပါ။

https://www.facebook.com/share/5YacLpwess8dW2vA/?mibextid=WC7FNe

ကဲ… Laos Journey လေးကို စတော့မယ်ဆိုရင်တော့ အရင်ဆုံး လုပ်ကို လုပ်ရမှာက

၁) Laos - Embassy of Thailand မှာ Online Booking Appointment ယူရတာပါပဲ။ မသွားခင် စောစောလေးဝင်ပြီး Booking ယူထားစေချင်ပါတယ်။ အမြဲပြည့်သွားတတ်လို့ပါ။ Monday & Tuesday ကိုပဲ ယူစေချင်ပါတယ်။

More info about Tourist Visa on Laos - Thai Embassy Website:
https://vientiane.thaiembassy.org/en/page/tourist-visa-2?menu=65cae2a4e3b89f35847555c3

Book Your Online Appointment Here: https://thaivisavientiane.com/

Monday လျှောက်ရင် Wednesday ရတယ်
Tuesday လျှောက်ရင် Thursday ရပါတယ်
Working Time က 2 days ပါ။ ကြားထဲမှာ Holiday ခံရင် ပိုကြာပါမယ်။

Visa Application ချိန်က မနက် 9 နာရီကနေ 12 နာရီဖြစ်ပြီး
Visa Collection ချိန်ကတော့ ညနေ 1 နာရီခွဲကနေ 4 နာရီခွဲပါ။

Friday Booking လျှောက်ရင်တော့ Tuesday မှ ရမှာ ဖြစ်ပါတယ်။

ကျနော်တို့ကတော့ Monday & Tuesday မရလို့ Friday မှ လျှောက်ရတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ 💀

ဆိုးတာက ကြားထဲမှာ Holiday တစ်ရက် အစားထိုးသွားတာကို Visa လျှောက်တဲ့ နေ့မှာသိရလို့ Hotel တစ်ရက် extend လုပ်ပြီး ရထား fee ကိုပါ အရှုံးခံပြီး Change လိုက်ရပါတယ်။

၂) dticket.railway.co.th မှာ လတ်မှတ်သွားဝယ်ရမှာပါ။

အနည်းဆုံးစျေးက 209 Baht ဖြစ်ပြီး
အစားစားပါ။ အိပ်စင်နဲ့ ဆိုရင်တော့ 600 Baht ဝန်းကျင်လောက်ကျမှာဖြစ်ပါတယ်။

လတ်မှတ်ဝယ်တာကလည်း Visa card ရှိရင် အဆင်ပြေပါတယ်။

Monday Visa ဝင်မယ်ဆို Saturday နေ့ည ရထားနဲ့ စီးလာဖို့ အကြံပေးချင်ပါတယ်။ Sunday ညရထားနဲ့ လာလည်း မှီတော့ မှီပေမယ့် အရမ်းလောနေရမှာစိုးလို့ပါ။

ကျနော်တို့ကတော့ လူငယ်တွေဆိုတော့ ခါးအညောင်းခံပြီးပဲ Budget အတန်းမှာပဲ စီးလိုက်တာ အဆင်ပြေပါတယ်။ အိပ်ရခက်ပေမယ့် ဟိုလှည့် ဒီလှည့်နဲ့ အိပ်ပျော်သွားတာပါပဲ။ 😂

ရထားက Thailand နယ်စပ်ဖြစ်တဲ့ Nongkhai မှာ ဆိုက်ပါလိမ့်မယ်။ အဲ့ကနေတစ်ဆင့် Thailand Border ကိုသွားရမှာပါ။ သွားဖို့အတွက် တုတ်တုတ်စီးရင်တော့ တစ်ယောက်ကို Baht 50 ကျမယ်။ အဖွဲ့လိုက်ဆိုရင်တော့ Grab သာ ခေါ်လိုက်ပါ။ Baht 67 လောက်ပဲ ကျပါတယ်။

Thailand Border ရောက်ရင်တော့ အထွက်တုံးထုပြီး Bus ကို တစ်ယောက် Baht 30 ပေးပြီး တံထားကိုဖြတ် Laos Border ကိုရောက်ပါလိမ့်မယ်။

အဲ့မှာ Arrival Card တစ်ယောက် Baht 40 တောင်းပြီး ရေးပေးနေပါလိမ့်မယ်။ အဲ့တာယူပြီး Immigration ဖြတ်ပြီးရင်တော့ Laos အထဲရောက်ပါပြီ။ (Immigration မှာ Baht 20 က ပေးရသေး 🥲 အဝင်ကော အထွက်ကော)

ပထမဆုံးဝယ်ရမှာက Sim Card နဲ့ Laos Money ပါ Laos Border ဖြတ်ပြီးပြီးချင်း ညာဘက်မှာ နှစ်ခုလုံးရှိပါတယ်။

မြို့ထဲကို သွားဖို့အတွက် Loca App ကိုသာ သုံးပြီး EV နဲ့ အေးအေးဆေးဆေး သာသာယာယာသာ သွားလိုက်ပါ။ Taxi ခ မြန်မာငွေ ၄ သောင်းနီးပါးလောက်တော့ ကျပါတယ်။

၃) ဟိုတယ် Booking

Agoda ကနေ Booking တင်ရတာလည်း လွယ်ပါတယ်။ အမှန်တိုင်းပြောရရင် Laos တစ်မျိုးလုံးက ဘာမှ သိပ်မရှိတာမို့ ဘယ်မှာတည်းတည်း တစ်ပုံစံထဲပါပဲ။

ကျနော်တို့တည်းခဲ့တဲ့ ဟိုတယ်ကတော့ ကြောင်လေးတွေအများကြီး ရှိတဲ့ Heuan Lao ဆိုတဲ့ Guesthouse မှာတည်းခဲ့တာပါ။ နေရာလေးက Tourist Attraction လိုပါပဲ… ကော်ဖီသောက်ဖို့ နေရာလှလှလေးနဲ့ အလုပ်လုပ်လို့ အတော်ကောင်းပါတယ်။
တစ်ညကို တစ်ခန်းကို မြန်မာငွေ ၄၀,၀၀၀ လောက်ကျပါတယ်။

အဲ့အနောက်လေးက F&F ဆိုတဲ့ မိသားစုစားသောက်ဆိုင်မှာ ကျနော်တို့ နေ့တိုင်းကို သွားစားဖြစ်ပါတယ်။ ထမင်းကြော်ပွဲကြီးကြီးမှာ မြန်မာငွေနဲ့ တွက်ရင် ၃၈၀၀ ပဲ ကျတာမို့ အတော်ကို တန်ပြီး နီးလည်း နီးတာမို့ နေတိုင်းလိုလို သွားစားဖြစ်ပါတယ်။

၄) Embassy ဝင်ဖို့ ပြင်ဆင်သင့်သည့် စာရွက်စာတမ်းများ

သူများတွေကတော့ ဟိုဟာလိုတယ် ဒီဟာလိုတယ်ဆိုပေမယ့် တကယ်တမ်း တောင်းတာကတော့

၁) Passport Copy
၂) Print Copy of Laos Immigration Stamp
၃) BANK STATEMENT

ဒီ စာရွက်တွေနဲ့အတူ Passport ရယ် Baht 1000 ရယ် ပေးလိုက်ရင်တော့ အဆင်ပြေပါပြီ။ Receipt လေးထုတ်ပေးပါလိမ့်မယ်။

တကယ်အရေးကြီးတာက Bank Statement ပါပဲ။
ကျနော့် Bank Statement က Transaction သိပ်မရှိတာမို့ အတော်လေး အရစ်ခံလိုက်ခံရပါတယ်။ သိန်း ၂၀ ကို တစ်ခါတည်း ထည့်မိလိုက်လို့ပါ။

ဘယ်လိုလုပ်လို့မလည်း မေးကြည့်တော့
Transaction ပိုများတဲ့ Bank Accounts ကို ပြရင်ပြ (သို့မဟုတ်) ကိုယ့်မိဘရဲ့ Bank Statement ပြလည်း အဆင်ပြေတယ်ဆိုလို့

ကမန်းကတန်း အိမ်က အဖေ့ကို ဖုန်းဆက်ပြီး Bank Statement ထုတ်ပြိီး မွေးစာရင်း Notary နဲ့ တစ်ကွပြလိုက်မှပဲ အဆင်ပြေသွားပါတယ်။

နောက်တစ်ခုအကြံပေးချင်တာကတော့ အဝတ်အစားကိုလည်း ကောင်းကောင်းလေး ဝတ်သွားပါ။

၅) လာအိုအတွင်း သိသင့်တာလေးများ

၅.၁) လာအိုက အတော်လေးကို လူရှင်းပါတယ်။ နေ့လည်နေ့ခင်းတွေဆိုလည်း ဆိုင်တွေပိတ်ပြီး ညဘက် ၉ ကျော်ရင်လည်း ရှင်းလင်းနေပါပြီ။

အဲ့တော့ အဖော်မပါပဲ တစ်ယောက်ထဲ ညသန်းခေါငိကြီး လိုက်မသွားစေချင်ပါဘူး။

၅.၂) လာအို ပိုက်ဆံက KIP လို့ခေါ်ပါတယ်။

1 baht = 645 KIP ပတ်ချာလည်လောက် ရပါတယ်။

မြန်မာငွေ ၁၀၀ ကျပ်ဆို လာအို ငွေ 645 KIP လောက်ကျတာပေါ့။

၅.၃) ဟိုသွားဒီသွားလုပ်ဖို့ Loca ဆိုတဲ့ App ကို ဆွဲသွားပါ။ Grab လိုပါပဲ။ စျေးသက်သာပါတယ။

Food panda လည်း သုံးလို့ရပါတယ်။

Google Translate မှာတော့ Laos ဘာသာစကားကို Download ဆွဲဖို့နဲ့ Google Maps မှာ Vientiane ကို Download ဆွဲဖို့လည်း မမေ့ပါနဲ့။

၆) လာအိုအတွင်း သွားစရာများ

အမှန်တိုင်းဝန်ခံရရင်တော့ ဟုတ်တိပတ်တိ သွားစရာဆိုလို့ ဘာမှကို သိပ်မရှိပါဘူး။ ပိုဆိုးတာက နေ့ခင်းဆို မခံမရပ်နိုင်အောင်ကို ပူလွန်းလှပါတယ်။

“မရဘူး သွားကို သွားချင်တယ်” ဆိုရင်တော့
ဟော့ဒီမှာပါ

၆.၁) Patuxai Victory Monument

လာအိုရဲ့ မြို့လယ်ခေါင်က Iconic Tourist Attraction ပါပဲ။
အဆောက်အအုံကြီးက
အတော်လေးကို လှပါတယ်။
အဲ့ပေါ်ကို တက်ဖို့ကို
ညနေ ၅ နာရီဆို ပိတ်တာမို့ တက်ခွင့်တော့ မသာလိုက်ပါဘူး။
ပုဂံရောက်နေတဲ့ပုံစံအလား ရှယ်ရိုက်ခဲ့လို့ ရပါတယ်။

ညနေ ၅ နာရီခွဲဆို အဲ့နားက Park လေးမှာ ရေပန်းအလှကလည်း ဆန်းဆန်းကြယ်ကြယ်လေးမို့ သွားကို သွားသင့်တဲ့ နေရာလေး တစ်ခုပါ။

၆.၂) Night Market

မဲခေါင်မြစ်နားလေးမှာ ရှိနေတဲ့ ညစျေးလေးကတော့
လေလေးတစ်ဟူးဟူးနဲ့ အင်းယားကန်ဘောင် ပြန်ရောက်သွားသည်အလား ခံစားမိအောင် စွမ်းဆောင်နေမှာပါ။

များပြားလှတဲ့ ဆိုင်တွေရဲ့ကြားမှာ တစ်လှမ်းချင်း လျှောက်ရင်း ကြီးမြင့်လှတဲ့ စျေးတွေကြားမှာ ရင်သပ်ရပါလိမ့်မယ်။ ဗိုက်ပြည့်လောက်တဲ့အထိ မစားပဲ အမောပြေ အပန်းပြေ ညဘက်လမ်းလျှောက်ဖို့ အတွက်တော့ အားပေးချင်ပါတယ်။

၆.၃) PARKSON & VIENTIANE Center

Mall နှစ်ခုကတော့ မျက်နှာချင်းဆိုင်ပါပဲ။ မြန်မာဆိုရင်တော့ Junction Square နဲ့ Time City လိုပါပဲ။

ဒါဆို လူစီသလားဆိုရင်တော့…

အန်ကယ်ကတော့ နိုးပါ။

ဟိုဟိုဒီဒီလျှောက်ပတ်ကြည့်ပေါ့။

၇) အနည်းဆုံး ကုန်ကျစရိတ်

4 ယောက်အုပ်စုဖွဲ့ပြီး စနေနေ့ညရတားနဲ့လာ
ကျနော်တို့တည်းတဲ့ ဟိုတယ်မှာတည်းပြီး
ကျနော်တို့စားတဲ့ ဆိုင်မှာစားပြီး
Monday Visa ဝင်
Wednesday ညရထားနဲ့ ပြန်မယ်ဆို ကုန်ကျစရိတ်က….

ညရထား အသွား + အပြန် - 418 Baht
ဟိုတယ်ခ သုံးညစာ - 600 baht
Sim card + data package - 150 baht
စားစရိတ် လေးရက်စာ (တစ်နပ်ကို 40 baht နဲ့တွက်) - 480 baht
Nong Khai ဘူတာကနေ Vientiane မြို့ထဲ - 170 baht
Embassy ကို Visa နေ့ အသွားအပြန် + Visa collection နေ့ အသွားအပြန် - 30 baht
အပြန်နေ့ Taxi + Immigration အထွက် - 120 baht

အနည်းဆုံး - baht 1,800 ကျော်လောက်တော့ ကုန်ပါတယ်။

ဒီလောက်ဆိုရင်တော့ အတော်လေး နားလည်ပြီး ကိုယ့်ဟာကိုယ် လုပ်တတ်ကိုင်တတ်မယ်လို့ ထင်ပါတယ်။ ကိုယ်ကြုံခဲ့ရတဲ့ အမှားတွေကို သူများတွေ ကျော်ဖြတ်နိုင်အောင် သိသလောက်လေး မျှဝေပေးတာပါ။ တစ်ခုခု Info မှားရင်လည်း Comment မှာ ဝင်ထောက်ပေးလို့ ရပါတယ်။

ကျနော်ကတော့ ကိုယ့်ဟာကိုယ်စာဖတ် မေးမြန်းပြီး သူငယ်ချင်းနဲ့ တူတူသွားတာကို Suggest ပေးပါတယ်။ ပိုက်ဆံလည်း အရမ်းမကုန်သလို ခရီးတစ်ခုလည်း ထွက်ရတာပေါ့။



အမေရိကားသွား တောလား 🗽Episode (1): ခြေလှမ်းအစ“သားရေ မင်း ဒီ Program လေး လျှောက်ကြည့်ပါဦး ပါးပါးသူငယ်ချင်း ပြောပြတာ”အဲ့အခိ...
04/01/2024

အမေရိကားသွား တောလား 🗽
Episode (1): ခြေလှမ်းအစ

“သားရေ မင်း ဒီ Program လေး လျှောက်ကြည့်ပါဦး ပါးပါးသူငယ်ချင်း ပြောပြတာ”

အဲ့အခိုက်အတန့်လေးကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်းကြီး မှတ်မိနေသေးပါတယ်။

Program Description လေးဖတ်လိုက်တော့ Requirements တွေအကုန်လုံးက မလုပ်ယူပဲ ကိုယ်နဲ့ အရမ်းကိုက်ညီသလိုပါပဲ။ Leadership နဲ့ Community Service မှာ အရမ်းကို စိတ်အားထက်သန်နေတာရော၊ “ငါ ဒီ Program ထဲ ဝင်ကို ဝင်ရမယ်” ဆ်ိုပြီး စိတ်အားထက်သန်မှုတို့နဲ့အတူ Application Journey ကို စတင်လှော်ခတ်လာပါတော့တယ်…

ကြာအသင့် ရေအသင့်ဖြစ်သွားတာက အဲ့ချိန်မှာ Experience တွေက Ready ဖြစ်သွားတာမျိုးပါ။ ဒါကလည်း တက်ခဲ့တဲ့ ကျောင်းကောင်းသွားလို့လည်း ပါပါတယ်။

သို့ပေမယ့် အဲ့ချိန်ထိ English Speaking နဲ့ ပတ်သက်ပြီး အတော်လေး Nervous ဖြစ်နေဆဲပါ။
English နဲ့ပတ်သက်ပြီး Self-study တွေ အများကြီး လုပ်ခဲ့ပေမယ့် Speaking ကကျတော့ ၁၆ နှစ်အရွယ်ကမှ စပြောခဲ့တာမို့ စကားပြောရင် တုန်တုန် တုန်တုန် ဖြစ်နေဆဲပါ။ (စပြောခဲ့တဲ့ချိန်ကလည်း မှတ်မှတ်ရရ ကျောင်း Placement Test Exam အတွက် Interview မှာ ပထမဆုံး စပြောခဲ့တာပေါ့။ တအားတွေ Nervous တွေဖြစ်ပြီး အင်း အဲ တွေလုပ်တော့ … ကျတာပေါ့ Interview 😂)

ငယ်ငယ်ကနေတဲ့ မြို့မှာ English စာအတန်းတွေလည်း မရှိတာမို့ English က အတော်လေးကို လိုအပ်ခဲ့ပါတယ်။ ကျောင်းစတက်တုန်းက ဆို ကိုယ့် Classmates တွေ ဘိုလိုတွေ မှုတ်တာမြင်ရင် အရမ်းတွေအားကျပြီး နောက်ကွယ်မှာ Extra အတန်းတွေတက်် ကိုယ့်ဘာသာကိုယ် Self-study တွေလည်း ကုန်းလုပ်ခဲ့ပါတယ်။

ဒါလေးပြောပြတယ်ဆိုတာက လုံးဝ အတော်ဆုံး အတတ်ဆုံးတွေမှ Scholarships တွေဆုံး ရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောချင်တာပါ။
ကျနော်ပြောပြောနေကျ အတိုင်းပဲ Scholarships ဆိုတဲ့ အမျိူးက အတော်ဆုံးကို ပေးတာထက် စာရင် အသင့်တော်ဆုံးကို ပေးတာပါ။ လျှောက်တဲ့ အရာနဲ့ ကိုယ်တော်တဲ့အရာ ကိုက်ညီနေဖို့ လိုပါတယ်။

Application အကြောင်း ပြန်သွားမယ်ဆိုရင်
Essays တွေပေါ့။ အဲ့ချိန်ကတော့ အတော်လေးကို Focus ထားနိုင်ခဲ့ပါတယ်။ တစ်လလုံးကို အချိန်ယူခဲ့ပြီး နေ့နေ့ညည အဲ့အာရုံ တစ်ခုပဲထားပြီး ရေးနိုင်ခဲ့လို့လည်း အောင်မြင်သွားတယ်လို့ ပြောလို့ ရပါတယ်။ ဒိနေရာမှာ Take away က “Efforts တွေအများကြီးထည့်ရင် At least you won’t be disappointed. ရှုံးနိမ့်သွားရင်တော့ “ငါအကောင်းဆုံး ကြိုးစားခဲ့တယ်” ဆိုတဲ့ ပီတီလေးကိုတော့ ခံစားနေရမှာပါ။

Application တင်ပြီး တစ်လလောက်အကြာမှာတော့ ရင်တုန် ဖင်တုန်အောင် လုပ်နိုင်တဲ့ “Interview Invitation” Email လေး ရောက်လို့ လာပါတယ်။
ခေါင်းမိုးထိလုတဲ့အထိ ထခုန်ခဲ့တာပေါ့။ ဘေးနားကအိပ်တဲ့ ပါးပါးကို အသကုန် လှု့ပ်နိုးပြီး ပြောလိုက်တော့ သူက တုန်တုန်ရီရီနဲ့ ပြေးဖက်တာလေး မြင်ရောင်နေပါသေးတယ်။

နှစ်ရက်ပဲ အချိန်ရတော့ ကမှန်းကတန်း Interview questions တွေကျင့် Alumni တွေကို ပူစာပြီး Mock Interview တွေလုပ် အတော်လေးကို Efforts တွေ ထုတ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

နောက်ဆုံး Interview လည်းရောက်ရော လေ့ကျင့်ထားတဲ့ အရှိန်နဲ့ လုံးဝတုန်လှုပ်မှုမရှိပဲ ကိုယ်ဖြေချင်တဲ့ အဖြေကို ပေးသွားနိုင်ခဲ့တာပေါ့။ ဆရာတွေ ဆုံးမခဲ့တဲ့ “Practice is the key” ဆိုတာလေးကတော့ အမှန်ပါပဲ။

ညညဆိုလည်း Interview လုပ်တဲ့သူတွေကို အိမ်မက်ထဲ မက်လိုမက်၊ ညတစ်ခါ မနက်တစ်ခါ သူတို့မျက်နှာကိုပဲ ပြေးပြေးမြင်၊ ဘုရားရှိခိုးလည်း သူတို့ကိုပဲ ကျေးဇူးရှင်နေရာထားပြီး ကန်တော့တဲ့ အဆင့်ထိကို ဖြစ်ခဲ့တာ့ပါ။ (Fun Fact တစ်ခုက Nov 1 Application စပြင်တဲ့ရက်ကစပြီး ဘုရားတရားလုပ် ညတိုင်း ပရိတ်တွေ ရွတ်လာတာ ဒီနေ့ထိတိုင်ပါပဲ။)

“Acceptance Letter” လေး တွေ့လိုက်တဲ့ချိန် အမှတ်မထင် အော်လိုက်မိတာ ထိုင်နေတဲ့ Restaurant က လူတွေ သမင်လည်ပြန် ကြည့်တဲ့ အကြည့်တွေ မှတ်မိပါသေးတယ်။ ဘေးနားမှာရှိတဲ့ သူငယ်ချင်းပေါင်ကိုလည်း အားရပါးရ ရိုက်၊ အိမ်ကို ကမန်းအတန်း အကြောင်းကြား။ လူက စိတ်ကူးထဲမှာ အမေဒီကားကို ရောက်လို့နေပါဘီ 😂

Final round ရှိတာကို မသိပဲ သားပါပြီပေါ့ လို့ ပြောလိုက်မိတာကို မားမားက တစ်မျိုးလုံးတစ်ဆွေလုံး သိအောင် ကြေညာပါလေရော အနောက်ကနေ လိုက်ဆွဲရပါတယ်။

အဲ့တုန်းကဆိုရင်တော့ လူက ပါပြီးသလိုလို မပါပြီးသလိုလို အီလည်လည်ကြီးနဲ့ ထိုင်စောင့်နေရတာ လုံးဝအမှတ်တရပါပဲ။ Final Round ၁၅ ယောက် ၃ ယောက်ထပ်ဖြုတ်မယ်ဆိုတော့ လူက “ဂလု ဂလု”

စောင့်ဆိုင်းသူ အမောင်ဂျွန်အပေါ် သနားကြင်မှု ကျဆင်းလာပါတယ်။ “ Email တွေရကုန်ပြီတဲ့ ဟာ ငါ့ Email box ထဲမှာ ရောက်နေပြီပေါ့ “ တွေးလည်းတွေးပြီးကော … မထူးပါဘူးကွာ Reaction Video ရိုက်ထားရမယ် ဆိုပြီး ဖုန်းထည့်ပြီး တုန်တုန်လှုပ်လှုပ် ရိုက်လိုက်မိသေး…

စိတ်ကို သမဏိလိုထား၊ ရဲရဲတင်းတင်းလက်ကနေ Gmail ကို နှိပ်လိုက်ပြီးတဲ့နောက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းက ကျနော့်ကို ၀.၃ စက္ကန့်ကြာ မှင်သက်သွားစေပါတယ်။ ရလာတဲ့ သတိနဲ့အတူ အော်လိုက်တဲ့ အသံက တာဝတိသာနတ်ပြည်ကတောင် ကြားရမယ်တောင် ထင်ပါတယ်။ လူက ဝမ်းသာလုံးဆို့ပြီး အော်လိုက်တာများ လည်ချောင်းပါ ကွဲတော့မလို့ပါပဲ။

“အမေဒီကား ငါလာပြီကွ”

ဘဝမှာ ပထမဆုံးသိပြီး လျှောက်လိုက်မိတဲ့ Scholarship၊ သွားရဖို့ စိတ်ကူးထဲတောင် မမက်ခဲ့ဘူးတဲ့ အမေဒီကား…

၁၇ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ရင်ထဲမှာ ခံစားချက်ပေါင်းများစွာနဲ့ မဝေးတော့တဲ့ သွားရမယ့် ခရီးတစ်ခုအကြောင်းကို တွေးတော ခံစားနေမိတော့တယ် . . .

အပိုင်း (၂) လာမည်မျှော်

Introducing “အမေရိကားသွား တောလား” Content Series (မိတ်ဆက်)အားလုံးပဲ မာကလာပင်ပါ အသစ်စက်စက်ဖွင့်ထားတဲ့  JUNE 10 မှာကြိုဆို...
01/01/2024

Introducing “အမေရိကားသွား တောလား” Content Series (မိတ်ဆက်)

အားလုံးပဲ မာကလာပင်ပါ အသစ်စက်စက်ဖွင့်ထားတဲ့ JUNE 10 မှာကြိုဆိုလိုက်ပါတယ်။ ဒီ Page လေးကိုတော့ BEN 10 ရဲ့ညီ ဂျွန်တန်းမှ အမေဒီကားအကြောင်းနဲ့ အခြားခရီးသွား Content လေးတွေတင်ဖို့ ရည်ရွယ်ပြီး ဖွင့်ထားတာပေါ့နော်။

ဒီ Content Series လေးကတော့ ကျနော် Exchange Student တစ်ယောက်အနေနဲ့ Myanmar Youth Leadership Program မှာတုန်းက ကြုံတွေခဲ့ရသမျှ Experiences တွေက်ို မျှဝေပေးသွားမယ့် အစီအစဉ်လေးဖြစ်ပါတယ်။ Program Apply လုပ်ခဲ့တုန်းက Content Series လေးတစ်ခုလုပ်ပေးမယ်လို့ ပြောထားခဲ့လို့ပါ။ ဒါလေးရေးဖို့အတွက် 6 လလောက် အချိန်ဆွဲခဲ့ပါသေးတယ် 😂

2024 အစတော့ မရရအောင် ရေးတင်မှ ဆိုပြီး အခုတော့ စရေးဖြစ်တော့မှာပေါ့နော်..။

“အမေရိကားသွား တောလား” ဆိုတဲ့ Series လေးမှာတော့ ဒီအပိုင်းလေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Episode (1): ခြေလှမ်းအစ

Episode (2): ဝေဟင်ပေါ်မှာ နာရီ ၂၀

Episode (3): ဘယ်တော့မှ မအိပ်သော မြို့တော်နှင့် စတင်ထိတွေ့ခြင်း

Episode (4): မိသားစု တစ်စု နှင့် အိမ်လေး တစ်အိမ်

Episode (5): အမေရိကားရဲ့ ပြင်ဦးလွင်

Episode (6): မော့ကြည့်ခဲ့ရသော ကျောင်းတော်ကြီးများ

Episode (7): မအိပ်သောမြို့ပေါ်က အမြဲအိပ်နေသော မြန်မာလူငယ် တစ်သိုက်

Episode (8): သန့်ပြင် ကြွရွနေသော Washington သားများနှင့် အမှတ်တရ

Episode (9): ပြန်ပါတော့မည် မြန်မာပြည်

Episode (10): Projects များနှင့် နပမ်းလုံးလေပြီ

(Sub episodes လေးတွေတော့ ပါဦးမှာပါ။)

ခေါင်းစဉ်လေးတွေက အမိုက်စားလေးတွေနော်
အဲ့တော့ စောင့်မျှော်ကြည့်ရှူ အားပေးကြပါဦးဗျို့ 🙌

(ပုံလေးကတော့ မတ်တပ်ရပ်ပြီး တရားထိုင်နေတဲ့ ဂျွန်တန်း xD)

Address


Website

Alerts

Be the first to know and let us send you an email when JUNE 10 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JUNE 10:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share