KOYE entertainment

  • Home
  • KOYE entertainment

KOYE entertainment KOYE- Entertainment-CHANNEL
Just for funny

25/01/2024

မျက်နှာ အဝတ်စီးပြီး လက်ဝှေ့ထိုးကြတဲ့အခါ
၊၊.....

25/01/2024

နောက်ဆုံး စကားလေးက အသက်ပါပဲ ..
၊၊
၊၊
….ပြန်ဆုံကြစို့တဲ့၊၊၊၊၊၊
ပုံ..
Aသင်ကို


25/01/2024

နားနား ပြီး ရီကြ
၊၊
၊၊၊

#

25/01/2024

ပို့စ်မပေးတတ်တဲ့ ညိုကီတို့အတွက်
အိမ်မှာ ကို့ဖာသာ ရိုက်ကြည့်ပါ
၊၊
၊၊၊၊၊

ထိုင်းခရီးသွားက နိုင်ငံထဲတွင်းရေပူစမ်းတွေကို နိုင်ငံတကာဈေးကွက်ရောက်အောင် အဆင့်မြှင့်တင်မယ်ဥရောပစတိုင်လ် Spa မြို့တွေ၊ ဂျ...
24/01/2024

ထိုင်းခရီးသွားက နိုင်ငံထဲတွင်းရေပူစမ်းတွေကို နိုင်ငံတကာဈေးကွက်ရောက်အောင် အဆင့်မြှင့်တင်မယ်

ဥရောပစတိုင်လ် Spa မြို့တွေ၊ ဂျပန်စတိုင်လ် ရေပူစမ်း၊ ရေနွေးစိမ်ကန်အသိုင်းအဝိုင်းတွေကို မိတ် ဆက်ပြီး ထိုင်းနိုင်ငံကရေပူစမ်းတွေကို နိုင်ငံတကာဈေးကွက်မှာ အမှတ်တံဆိပ်တစ်ခုတည်ဆောက်ကာ ကမ္ဘာ့အဆင့်မြှင့်တင်သွားမယ်လို့ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ရည်ရွယ်ချက်အနေနဲ့ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို ဒုတိယတန်းစားမြို့တွေသို့ ဖြန့်ကျက်ပြီး ဒေသခံ တွေအတွက် ခရီးသွားဝင်ငွေရရှိစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းနဲ့အားကစား ဝန်ကြီး Sudawan Wangsuphakijkosol က ထိုင်းနိုင်ငံရဲ့ရေပူစမ်းတွေကို ခရီးသွားနေရာအဖြစ် ဖွံ့ဖြိုး တိုး တက်လာစေဖို့နဲ့ ဥရောပ၊ ဂျပန်တို့မှာ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ဖွံ့ဖြိုးတိုးတက်လာတဲ့ ရေပူ စမ်း၊ ရေနွေးစိမ်ကန်တွေကို တတ်နိုင်သမျှ အမီလိုက်ဖို့ ခရီးသွားလုပ်ငန်းဌာနထံ တာဝန်ပေးအပ်ထား ကြောင်း ပြောကြားခဲ့ပါတယ်။
ဌာနရဲ့ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ထဲမှာ ပြည်နယ်တွေက ရေပူစမ်းကွန်ရက်ကိ ချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှာဖြစ်ကာ အဆိုပါ ချိတ်ဆက်မှုထဲ ရေပူစမ်းလမ်းကြောင်း ၇ ခုကို ဌာနက ဖော်ပြပြီးဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးမီတုန်းက လေ့လာတွေ့ရှိမှုထဲ ထိုင်းနိုင်ငံတွင်း ရေပူစမ်းနေရာပေါင်း ၁၁၈ ခုရှိပြီး မြောက်ပိုင်းမှာ ၇၁ ခု၊ တောင်ပိုင်းမှာ ၃၂ ခု၊ ဗဟိုအလယ်ပိုင်းမှာ ၁၂ ခုနဲ့ အရှေ့ပိုင်းမှာ ၂ ခု ရှိကြပါတယ်။
Ref:nationalthailand


#

24/01/2024

ခုံယူမလို့ပါ .......

23/01/2024

မှတ်ပီလားဟ မှတ်ပီလားဟ ၃ ခါ
၊၊၊
။။။

23/01/2024

နဲသေးရင် မရဘူး
#....

23/01/2024

အားကျတာပေါ့ ညီ ၄၀၀

ညီလေးနဲ့ ညီမလေးတို့ ……………..မင်းအောင် မင်းအောင် ပေါင်းကြရပါစေကွယ်။



လှည်းလေးပါ ယူသွားနော်၊၊
23/01/2024

လှည်းလေးပါ ယူသွားနော်



“ ခေတ်စမ်းစာပေလောကကို ဦးဆောင်ခဲ့သူ ဆရာသိပ္ပံမောင်ဝ (ခေါ်) ဦးစိန်တင်”============================================ဆရာကြီး ...
23/01/2024

“ ခေတ်စမ်းစာပေလောကကို ဦးဆောင်ခဲ့သူ ဆရာသိပ္ပံမောင်ဝ (ခေါ်) ဦးစိန်တင်”
============================================

ဆရာကြီး သိပ္ပံမောင်ဝကတော့ မောင်လူအေးနဲ့ မောင်လူမွှေးတို့လို့ လူကြိုက်များတဲ့ ဆောင်းပါးတွေနဲ့ ဇာတ်ကောင် တွေကို ဖန်တီးရေးသားခဲ့သူဖြစ်ပါတယ်။ ဒါအပြင် ၁၉၃၀ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့တဲ့ ခေတ်စမ်းစာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြစ်တဲ့အပြင် အိုင်စီအက်စ် (ICS) အရာရှိကြီးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

ဆရာကြီး သိပ္ပံမောင်ဝကို ၁၈၉၉ ခုနှစ်၊ဇွန်လ ၅ရက်နေ့က မော်လမြိုင်မြို့၊ မုပွန်၊နတ်ကျွန်းရပ်မှာ အဖ ဦးအုန်းရွှေ ၊အမ ိဒေါ်သစ်တို့မှ ဖွားမြင်ခဲ့တာဖြစ်ပြီး အမည်ရင်းက ဦးစိန်တင်ဖြစ်ပါတယ်။ ငယ်စဉ်မှာ မိခင်ဆုံးပါးသွား တာကြောင့် အဖွားနဲ့ အဒေါ်ဖြစ်သူတို့ လက်မှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်မှာတော့ မုပွန်ရပ်ရှိ ဆရာဦးချစ်လှကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ အဲဒီနောက် မောင်ငံရပ် ရှိ စိန့်အောဂတ်စတင်း အက်စ်ပီဂျီ (S.t.Augustine’s Society for the Propagation of the Gospel) သာသနာပြုကျောင်းသို့ ပြောင်းရွှေ့ပြီး သတ္တမတန်းအထိ ပညာသင်ကြားခဲ့ပါတယ်။

ကျောင်းပညာသင်ယူနေစဉ် အတွင်း အဘိုးဖြစ်သူ ဦးလူကလေးထံမှ ဝတ္ထုပုံပြင်နဲ့ ရာဇဝင်တွေ၊ အဖွားဖြစ်သူ ထံမှ မြန်မာ့ရိုးရာဓလေ့ထုံးတမ်း တွေ၊ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်ဘုန်းတော်ကြီး ဦးပညာဇောတ ထံမှ ပါဠိ မြန်မာ ဘာသာဆိုင်ရာ ဗဟုသုတတွေကို လေ့လာဆည်းပူးခဲ့ပါတယ်။

စာဖတ်ဝါသနာပါတဲ့ ဆရာကြီးသိပ္ပံမောင်ဝ ဟာ မဟာဇနကဇာတ်တော်ဝတ္ထု၊ သန်းသန်းဝတ္ထု၊ ခင်မြင့်ကြီးဝတ္ထုနဲ့ ဘီအေမောင်ဘလွင်ဝတ္ထုတွေကို စွဲစွဲလမ်းလမ်းဖတ်ရှုပြီးတဲ့နောက် ကျောင်းနေဖက် သူငယ်ချင်းတွေကို ပြန်လည်ပြောပြလေ့ရှိပါတယ်။

သတ္တမတန်းစာမေးပွဲကို အောင်မြင်ပြီးတဲ့နောက် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ရှင်မဟာ ဗုဒ္ဓဃောသ ကျောင်းကြီးမှာ ပညာ သင်ကြားနေစဉ် "ဝဇီရာတင့်" အမည်နဲ့ မြန်မာသတင်းစာတွေမှာ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ဆယ်တန်း စာမေးပွဲကို မြန်မာဘာသာ ၊ပါဠိဘာသာ ဂုဏ်ထူးတို့နဲ့ အောင်မြင်ခဲ့ပါတယ်။ရန်ကုန်ကောလိပ် သိပ္ပံကျောင်းမှာ တက္ကသိုလ်ပညာကိုသင်ကြားရင်း ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက် ခဲ့တာကြောင့် ကျောင်းထွက်ပြီး ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းမှာ ကျောင်းဆရာအနေနဲ့ လုပ်ကိုင် ခဲ့ပါတယ်။ သပိတ်ပြီးဆုံးပြီးနောက် ကောလိပ်သိပ္ပံကျောင်းသို့ ပြန်လည်တက်ရောက်ပြီး ဥပစာဝိဇ္ဇာကျောင်းသား (အိုင်အေ ဂျူနီယာ) အဖြစ် ပညာသင်ကြားခဲပါတယ်။

၁၉၂၄ ခုနှစ် အိုင်အေ အထက်တန်းစာမေးပွဲမှာ မြန်မာဘာသာ ပထမ ဆုရရှိခဲ့ပါတယ်။ ကျောင်းအုပ်ကြီး ချီးမြှင့်တဲ့ တစ်လ ငွေနှစ်ဆယ်ကျပ် ကို နှစ်နှစ်တိတိရရှိခဲ့ပြီး နှစ်နှစ်ပြည့်တဲ့အခါ အစိုးရထောက်ပံ့ငွေ တစ်လ နှစ်ဆယ့် ငါးကျပ် ကိုလည်း ထပ်မံ ရရှိခဲ့ပါတယ်။
၁၉၂၇ ခုနှစ် ဘီအေစာမေးပွဲမှာ မြန်မာဘာသာ ကို ပထမတန်း ဂုဏ်ထူးတန်းနဲ့အောင်မြင်ခဲ့တာကြောင့် ဒယ်လီဂျမ်ရှယ်ဂျီနယ် ဆုတံဆိပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ကောလိပ်သိပ္ပံကျောင်းမှာ ပညာသင်ကြားနေစဉ် ပါမောက္ခဦးဖေမောင်တင်၊ ပုဂံဝန်ထောက်ဦးတင်၊ ဂုဏ်ထူး ဆောင် ဆရာကြီး ဦးပွားနဲ့ အဂ္ဂမဟာ ပဏ္ဍိတဦးလင်း တို့ထံမှ ပုဂံကျောက်စာကစလို့ ပျို့၊ လင်္ကာ၊ ရာဇဝင်၊သမိုင်း တို့အပြင် ကာလပေါ်ဝတ္ထုတွေအထိပါ အပတ်တကုတ် လေ့လာမှတ်သားခဲ့သူဖြစ်ပါတယ်။ ဒါအပြင် မြန်မာစာနဲ့ပတ်သက်လို့ မြန်မာမှုဆိုင်ရာ ပေစာ၊ပုရပိုက်စာ၊ ပုံနှိပ်စာအမျိုးမျိုးတို့ကစပြီး မြန်မာ့ရှေးဟောင်း ပြဇာတ်တွေအထိပါ ရှာဖွေဖတ်ရှုလေ့လာခဲ့သူလည်းဖြစ်ပါတယ်။ ကောလိပ်က ထုတ်ဝေတဲ့ လက်ရေးစာစောင်နဲ့ ပုံနှိပ်စာစောင်တွေမှာ ဆောင်းပါးတွေကို ဝင်ရောက်ရေးသားခဲ့ပါတယ်။ တကောင်းကျောင်းဆောင် မှာနေတဲ့အချိန်အတောအတွင်း မိမိစာရေးတာကို မသိစေချင်တာကြောင့် ‘နေရပ်ချောင်က လူမည်မောင်ဝ’ ဆိုတဲ့ ကလောင်အမည်ကိုခံလိုက်ရာကနေ သိပ္ပံမောင်ဝဆိုတဲ့ အမည် တွင်ခဲ့ပါတယ်။

ရန်ကုန်ကောလိပ်သိပ္ပံကျောင်းမှ ဝိဇ္ဇာဘွဲ့ရရှိပြီးနောက် အဲဒီမှာပဲ နည်းပြဆရာအဖြစ်အလုပ်ဝင်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး ငါးလခန့်ကြာတဲ့အခါမှာတော့ ဆရာကြီးဟာ အိုင်စီအက်စ်လို့ခေါ်တဲ့ အိန္ဒိယ ပဋိညာဉ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်ခဲ့တာကြောင့် နိုင်ငံ့ဝန်ထမ်း ပညာတော်သင်အဖြစ်ရွေးချယ်ခံရပြီး အင်္ဂလန် နိုင်ငံ၊ အောက်စဖိုဒ့်တက္ကသိုလ်၊ ခရိုက်ချပ်ချ်ကောလိပ်မှာ ၁၉၂၇-၁၉၂၉ အထိနှစ်နှစ်ခန့် ပညာသင်ကြားခွင့် ရခဲ့ပါတယ်။ဆရာကြီးဟာ ဗြိတိသျှအစိုးရရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တာကြောင့် မိမိရေးလိုတဲ့ အကြောင်းအရာ တွေကို လွတ်လွတ်လပ်လပ်ရေးခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ပညာတော်သင်ရောက်နေစဉ်ကာလအတွင်း သိပ္ပံကျောင်းသား မောင်မြသွင် ဆိုတဲ့ကလောင်အမည်ကိုသုံးပြီး မြန်မာစာပေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သူရိယနေ့စဉ်သတင်းစာမှာ ဆောင်းပါးရှည် အဖြစ် ရေးသားခဲ့ပါတယ်။

၁၉၂၉ ခုနှစ် မှာ အင်္ဂလန်မှ ပြန်လည်ရောက်ရှိလာခဲ့ပြီး မော်လမြိုင် ဒိုင်းဝန်ကွင်း ဆီဆုံရပ်နေ ပညာဝန်ထောက် ဦးချစ်စု၊ဒေါ်သိန်းရင် တို့ရဲ့ သမီး မလှသန်းနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ဇနီးဖြစ်သူနဲ့ ကိုးလခန့်သာ ပေါင်းသင်း ခဲ့ရပြီး ဇနီးဖြစ်သူကွယ်လွန်ပါတယ်။ဆရာကြီးဟာ နိုင်ငံတော်ဝန်ထမ်း အိုင်စီအက်စ် အနေနဲ့ စစ်ကိုင်း၊ မိတ္ထီလာ၊ မင်းဘူး၊ ဟင်္သာတ၊ မြောင်းမြ၊ ဇလွန်၊ညောင်တုန်း၊ရန်ကုန်(အင်းစိန်)၊ စလင်း၊ ကျောက်ဆည်၊ ရွှေဘို၊ မန္တလေး စတဲ့ မြို့ပေါင်း ၁၂ မြို့မှာ ရာထူးဌာနအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ်မှာတော့ ကျိုက်လတ်မြို့ ဆန်စက်ပိုင်ရှင် ဦးဘိုးကြီး၊ ဒေါ်ချစ်တို့ရဲ့ သမီး မခင်မြင့်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။

ဆရာကြီးဟာ သိပ္ပံကျောင်းသား မောင်မြသွင်အနေနဲ့ ဆောင်းပါးတွေရေးနေစဉ် သိပ္ပံမောင်ဝ၊ တင်မောင်မြင့်၊ မောင်သံချောင်း၊ တင့်တင့်၊ ကောလိပ်ခင်ခင် စတဲ့ ကလောင်အမည်တွေကိုသုံးပြီး စာနယ်ဇင်း အများအပြားမှာ ရေးသားခဲ့ပါတယ်။
ဆရာကြီးရဲ့ အကြီးမားဆုံး ဆန္ဒတစ်ရပ်က မြန်မာစာပေကို တိုးတက်အောင် ဆောင်ရွက်လိုခြင်း ဖြစ် ပါတယ်။ ဒါကြောင့်လည်း မင်းပိုင်းစိုးပိုင်း သူဋ္ဌေးသူကြွယ်ပိုင်းက မြန်မာစာကိုလျစ်လျူရှုထားတဲ့ အချိန်၊ မြန်မာ စာပေ ပညာရှိအပိုင်းကလည်း မြန်မာစာကို သူတို့သာကျွမ်းကျွမ်းကျင်ကျင်တတ်တယ်ဆိုပြီး ယူဆထားတဲ့ အချိန်မျိုးမှာ သိပ္ပံကျောင်းသားတွေကလည်း စာပေဖန်တီးနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ သဘောနဲ့ ကလောင် နာမည်ရှေ့မှာ သိပ္ပံဆိုတဲ့ စကားကိုတပ်ထားတာ ဖြစ်ကြောင်း သူကိုယ်တိုင် ပြောကြားခဲ့ပါတယ်။ ‘မြန်မာစာပေတိုးတက်ရေးသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်၊ ကျွန်ုပ်တို့ပြုမှနုမည့် မြန်မာစာဖြစ်ပါသည်၊ ကြိုးစားကြစို့’ ဆိုပြီးလည်း သူရေးသားတဲ့ စာတစ်ခုမှာ အများပြည်သူကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

မြန်မာစာပေတိုးတက်ရာ တိုးတက်ကြောင်းအတွက် မြန်မာစာပေတစ်မျိုးတည်းဖတ်ရှုနေရုံနဲ့မပြီးသေးပဲ အခြား စာပေတွေကိုလည် ဖတ်ဖို့လိုအပ်ကြောင်း ဆရာကြီးက ယုံကြည်ထားပါတယ်။ မြန်မာစာပေဟာ ဝေဖန်ချက် စာတွေရေးသားရာမှာ အားနည်းနေသေးတာကြောင့် အင်္ဂလိပ်ဝေဖန်ချက်စာပေတွေနဲ့ Essays တွေကို ရှာဖွေ ဖတ်ရှု သင့်တယ်လို့လည်း ဆိုပါတယ်။
ဆရာကြီးဟာ စကားပြေအရာမှာ အလွန်ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ အရေးအသားအဖွဲ့အနွဲ့ အလွန်ကောင်း ပြီး သူရေးတဲ့ စာပေတွေက လူ့သဘာဝစရိုက်တွေနဲ့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အရင်းတည်ပြီး ရေးသားထားတာဖြစ်ပါတယ်။ သာမန် ပျင်းဖို့ကောင်းတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို လူအများဖတ်ချင်စဖွယ်ဖြစ်အောင်ရေးသားနိုင်သူဖြစ်ပါတယ်။

ဆရာကြီးရေးသားခဲ့တဲ့ စာတွေကိုလေ့လာရခြင်းအားဖြင့်လည်း သူဟာ ပညာရှိ၊ပညာတတ်တို့ကို ချစ်ခင် လေးစားတတ်သလို ပတ်ဝန်းကျင်လောကကိုလည်း အယုတ် အလတ် အမြတ်မရွေး ရိုသေလေးစား တတ်သူတစ်ယောက်ဖြစ်တဲ့အပြင် သဘောထားကြီးသူတစ်ယောက်လည်းဖြစ်တာကို တွေ့ရပါတယ်။

ဝတ္ထု၊ ဝတ္ထုဆောင်းပါး၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ နေ့စဉ်မှတ်တမ်း၊ စာပေဝေဖန်ရေး အစရှိတဲ့ စာပေ အမျိုးအစား စုံစုံလင်လင် ရေသားခဲ့သူလည်းဖြစ်ပါတယ်။
ဆောင်းပါးရှည်တွေကိုလည်း ရေးသားခဲ့သလို ခေတ်စမ်းစာပေလှုပ်ရှားမှုကိုလည်း တက္ကသိုလ်ကျောင်းသား စာရေးဆရာတွေဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊မောင်ထင်၊ မောင်သုတ၊ ကုသ၊ ဧမောင်တို့နဲ့ ပူးပေါင်းပြီး ခေတ်စမ်းပုံပြင်များ ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံသုတေသနအသင်းအတွက် “ ရတနာကြေးမုံ ”ရှေးဟောင်းဝတ္ထုကြီးကိုလည်း တည်းဖြတ်ပေးခဲ့ပါတယ်။ ဆရာကြီးက မိမိကိုယ်ကိုယ် ဇာတ်ကောင် မောင်လူအေး အနေနဲ့ ဖန်တီးရေးသားတဲ့ ဆောင်းပါးတွေမှာ မောင်လူမွှေး၊ မယ်မွှေး၊ မယ်ကေးစတဲ့ သူ့ရဲ့ သားသမီးတွေ အကြောင်း ထည့်သွင်းရေးသားလေ့ရှိပါတယ်။

အင်္ဂလန်မှာပညာသင်နေချိန် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ‘ အောက်စဖိုဒ်တက္ကသိုလ်’ဆိုတဲ့ နေ့စဉ် မှတ်တမ်းတစ်ခုရေးသားခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်းက အဖြစ်အပျက်တွေကိုလည်း ‘ စစ်အတွင်း နေ့စဉ် မှတ်တမ်း’ ဆိုပြီး သူ မကွယ်လွန်မီ အချိန်အထိရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ဝတ္ထုအနေနဲ့ လှအုန်းမယ် ဝတ္ထုကိုရေးသားခဲ့ပါတယ်။ဆရာကြီးဟာ သိပ္ပံမောင်ဝအမည်အပြင် ကလောင်ခွဲ ၅၇ ခုလောက် အထိရှိခဲ့ပြီး စာပေမျိုးစုံ ရေးသားခဲ့ပါတယ်။

ဆရာကြီးဟာ မြန်မာစာပေတိုးတက်မြင့်မားဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေစဉ်မှာပဲ ဓားပြလူဆိုးတို့ရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်၊ ဂျပန်အဝင် ဗြိတိသျှတို့အထွက် မှာတော့ ဆရာကြီးတို့ မိသားစုကလည်း အင်္ဂလိပ်အရာရှိတို့နည်းတူ စစ်ရှောင်ကြပါတယ်။အဲဒီလို စစ်ရှောင်ရင်း ကန့်ဘလူမြို့နဲ့ ဆယ်မိုင်ခန့်အကွာ ဂါးဒါးဆည်ကြီးရွာကို ရောက်ရှိနေခိုက် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက် မနက် ဝေလီဝေလင်း အချိန်မှာ ဓားပြလူဆိုးတို့ရဲ့ အထင်မှား လက်လွန်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အသက် ၄၃ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစာပေသမိုင်းမှာ ကာရန် အချိတ်အဆက်ရှိတဲ့ စကားပြေတွေကိုသာ လက်ခံကြတဲ့ အခြေအနေ ကနေ စကားပြေရိုးရိုးကို အရေးပေးလာတဲ့ အခြေအနေရောက်အောင် စွမ်းဆောင်ခဲ့ကြတဲ့ စာရေးဆရာတွေထဲမှာတော့ ဆရာကြီး သိပ္ပံမောင်ဝလည်း အပါအဝင်ဖြစ်ပါတယ်။ လွမ်းစရာ၊ ဆွေးစရာ တွေကို ရေးလေ့ရေးထမရှိဘဲ ကြားမြင်ကြုံတွေ့ရတဲ့ ဘဝအကြောင်းနဲ့ လောကအကြောင်းတွေကိုသာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ပြည့်ပြည့်စုံစုံ ရေးသားတတ်တဲ့ သိပ္ပံမောင်ဝ ရဲ့ စာပေလက်ရာတွေဟာ ယနေ့ထက်တိုင် မှတ်သားအတုယူရဆဲဖြစ်ပါတယ်။

=======================================================

https://forms.gle/d4L8YTEapA58Gho66





အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည့် ဧရာဝတီတိုင်းရှိ တိမ်မြုပ်နေသော မန္တလေးနန်းမြို့ထက် အရွယ်အစား ပိုကြီးသည့် မြို့...
23/01/2024

အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည့် ဧရာဝတီတိုင်းရှိ တိမ်မြုပ်နေသော မန္တလေးနန်းမြို့ထက် အရွယ်အစား ပိုကြီးသည့် မြို့ဟောင်းကြီး....
====================================

"မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသရှိ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။သို့သော် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ အံ့သြကြပါလိမ့်မည်။"

ပုသိမ်မြို့မှ ပုသိမ် မုံရွာလမ်းမကြီး အတိုင်းသွားလျှင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အလွန် တောင်ဇင်းရွာ ရောက်မည်ဖြစ်သည်။ ရွာအတွင်းလမ်းအတိုင်း ၃ မိုင်ခန့် ဝင်ရောက်သွားပါက အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည် ဂဝံကျောက်များဖြင့် တည်ဆောက်ထားသော မြို့ဟောင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ကြပ်ပြင်တောရကျောင်းတိုက် ဆရာတော် ဦးပညာသီရိက ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင်တုန်းကဆိုရင် ဆရာတော်ကြီးတွေလောက်ပဲ တရားကျင့်ကြံဖို့ လာနေကြတယ်။ ၂၀၀၈ ခုနှစ်မှာ ဦးပဇ္ဈင်းရဲ့ ဆရာတော်ကြီးတွေ ခိုင်းစေချက်အရ ဒီနေရာမှာ တောရ ဆောက်တည်ပြီး ရှေးဟောင်း သာသနိကအဆောက်အဦးတွေကိုလည်း ထိမ်းသိမ်းရင်း တဖက်ကလည်း ပျူမြို့ဟောင်း က ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအချိန် အထိပဲ ဟု မိန့်ကြားသည်။

ဆရာတော် ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိ ရှေးဟောင်းသာသနိက အဆောက် အဦးများ၏ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း ၂၀၀၉ ခုနှစ်တွင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကို လေ့လာစေခဲ့သည်။

သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က.. ဘီစီ ၃ ရာစု (ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၀၀) နှင့် ဘီစီ ၆ ရာစုအကြား ထွန်းကားခဲ့သည့် ဗုဒ္ဓခေတ်နှင့် အသောက ခေတ်တို့တွင် ဗြဟ္မီ (ဗရမ်မီ) ဟူသည့် အက္ခရာကို အသုံးပြုခဲ့ကြကြောင်း၊ အဆိုပါ ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံရှိ ထင်ရှားသည့် ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း တို့တွင် တွေ့ရှိရသကဲ့သို့ အင်္ဂပူမြို့နယ်ရှိ ဂဝံမြို့ဟောင်း တွင်လည်း အခိုင်အမာ တွေ့ရှိရသည့်အတွက် ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ဒီမြို့ဟောင်းဟာ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်ကြားမှာ ထွန်းကားခဲ့တယ်။ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်က ဗြဟ္မီ လို့ခေါ်တဲ့ အက္ခရာကို သုံးတယ်။ အဲဒီအက္ခရာဟာ အသောကမင်း နတ်ရွာစံပြီး ၁ နှစ်အတွင်း သူ့အင်ပါယာကြီးလည်း ပြိုကွဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။ ဒါကြောင့် ဗြဟ္မီ အက္ခရာ အထောက်အထားအရ ဒီမြို့တည်တာဟာ စောရင် ဘီစီ ၆ ရာစု၊ နောက်ကျရင် ဘီစီ ၃ ရာစု ဖြစ်မယ်။ အဲဒီထက်တော့ နောက်မကျနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထက် နောက်ကျရင် ဗြဟ္မီ အက္ခရာတွေ ရစရာ မရှိတော့ဘူး ဟု သူက အထောက်အထား အကိုးအကားနှင့် ဆိုသည်။

ထို့အပြင် မြို့ဟောင်းအနောက်ဘက် လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီး တွေ့ရသည့် ကျောက်ဆစ် နတ်ရုပ်များမှာ ပဲခူးတိုင်း ရွှေတောင်မြို့ရှိ ပျူခေတ် ရဟန္တာသိမ်မှ နတ်ရုပ်များနှင့် လက်ရာ တထပ်တည်း တူညီနေခြင်း၊ အုတ်လှေကား များမှာလည်း ပျူလက်ရာအတိုင်း ဒေါင်လိုက် စီတန်းထားသည့် တည်ဆောက်ပုံများကြောင့် ပျူမြို့ဟောင်းဖြစ်နိုင်ခြေ ပိုများနေကြောင်း ဦးဘုန်းတင့်ကျော်က ပြောသည်။

ဒီမြို့ကြီးဟာ အနော်ရထာမင်း နန်းမတက်ခင် စတုတ္ထပုဂံခေတ် မတိုင်မီမှာဘဲ ပျက်စီးခဲ့တယ်လို့ ယူဆရတယ်။ အေဒီ ၁၁ ရာစု နောက်ပိုင်း စတုတ္ထပုဂံခေတ် ရာဇဝင်မှတ်တမ်းတွေ၊ မွန်တွေရဲ့ မှတ်တမ်းတွေမှာ ဒီမြို့ဟောင်းကို လုံး၀ မတွေ့ရတော့ဘူး။ အဲဒီခေတ်က မပျက်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာ ပုဂံခေတ် မှတ်တမ်းတွေမှာ ကျိန်းသေပါရမယ်။ အခုက ရာဇဝင်တွေမှာကို ရှာမတွေ့တော့တာ ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

နေပြည်တော်ရှိ ရှေးဟောင်းသုတေသန ဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခု အဖြစ်သာ ယာယီ သတ်မှတ်ထားကြောင်း သိရသည်။ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာ ပညာရှင်တွေစေလွှတ်ပြီး အင်္ဂပူမြို့ဟောင်းကို လေ့လာသုတေသန ပြုထားပါတယ်။ မြေပေါ် အထောက်အထားတွေ အရတော့ ပျူမြို့ဖြစ်ကြောင်း မတွေ့ရဘူး။ ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိရင် ရှေးဟောင်းအဖြစ် သတ်မှတ်တဲ့အတွက် ရှေးမြို့ဟောင်း တခုခုတော့ ဖြစ်နိုင်ပါတယ် ဟု ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့် သုတေသီ ဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင် တကောင်းခေတ် မတိုင်မီ ဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်း ထွန်းကားခဲ့သည့် ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီး ယင်းမြို့များထဲတွင် ပင်လယ်ပျူ အမည်ရှိ မြို့တမြို့ ပါဝင်ကြောင်း၊ ဧရာဝတီတိုင်းတွင် တွေ့ရသည့် အင်္ဂပူမြို့ဟောင်းမှာ ပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်း ယူဆနေသည်။

ပျူရာဇဝင် မှတ်တမ်းတွေမှာ ပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့ မြို့တမြို့ ပါတယ်။ ပင်လယ်ကမ်းနားအနီးမှာ တည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။ ကျနော်ကတော့ အင်္ဂပူမြို့ဟောင်းဟာ ပင်လယ်ပျူမြို့လို့ ထင်မိတယ်။ ပင်လယ်ကမ်းနားမှာ တည်တဲ့ မင်းနေပြည်တော် အရွယ်ရှိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရှိတယ် ဟု သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

ပျူခေတ်အုပ်ချုပ်ပုံ၌ ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများ တည်ဆောက်ခွင့်ရှိကြရာ မြို့စား၊ နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ် အစားရှိသည့် မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟု သိရသည်။အကျယ်အဝန်း ၈ မိုင် ပတ်လည်ခန့်ရှိသည့် အင်္ဂပူမြို့ဟောင်းမှာ မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရှိ မြို့ဟောင်းများထက် အရွယ်အစား ပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါး ထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကို သုတေသနပြုခဲ့သည့် သမိုင်းပညာရှင်အဖွဲ့က ယူဆထားသည်။

အင်္ဂပူမြို့ဟောင်းမှာ ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊ စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။ မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။

အဲဒီကာလမှာ မြို့တည်တဲ့လူတွေဟာ စနစ်ကျတယ်။ ဘယ်ဘက်နဲ့ ညာဘက်က တောင်ကြောတွေပေါ်မှာ ကင်းစခန်းတွေ တည်ထားပြီး အလယ်မှာ အဝင်လမ်းလုပ်ထားပေးတယ်။ သူတို့ဆီကိုလာတဲ့ ကုန်သည်တွေ၊ သံတမန်တွေ၊ ရန်သူတွေ ဝငျလာမယျဆို ဝငျပေါကျက မြေပြန့်လွင်ပြင်ကလာရမယ့် အလယ်ပေါက်တခုပဲ ရှိတာ တွေ့ရတယ် ဟု အင်္ဂပူမြို့ဟောင်းကို ကွင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကျော်က ပြောသည်။

အကယ်၍ ပျူမြို့သာ မှန်ပါက အကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင် ဒုတိယအကြီးဆုံး ပျူမြို့ဖြစ်လာနိုင်ကြောင်း သူက ဆိုသည်။ ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ အေဒီ ၁၄ ရာစုတွင် ထွန်းကားခဲ့သည့် အင်းဝခေတ်မှာ အစောဆုံးဖြစ်ပြီး ယခုတွေ့ရှိသည့် အထောက်အထားများသည် ပျူခေတ်ကတည်းက ဖြစ်သည်ဆိုပါက အင်းဝထက် နှစ် ၁၀၀၀ ကျော် ပို၍ ရှေးကျနိုင်သည့် သဘောဖြစ်သည်။

လက်ရှိမှာ ပျူခေတ် အထောက်အထားတွေ တွေ့ရှိနေရပြီ။ သေချာစနစ်တကျ တူးကြည့်မယ်ဆိုရင် သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အထားတွေ ရလာနိုင်တယ် ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။

ဧရာဝတီတိုင်းတွင် ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။ သမိုင်းတန်ဖိုး နားမလည်ကြသည့် လူတချို့က မြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊ အုတ်ချပ်များကို ထုချေ၍ လမ်းခင်းခြင်း၊ ဘုရားခြေတော်ရာ ရွှေချထားသည်များကို ခွာယူခြင်း၊ ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်း အဆောက်အဦးများကို ဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက စနစ်တကျ ထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်း ကြပ်ပြင်တောရ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

မြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက အမြန်ဆုံး စောင့်ရှောက်မှသာ အဆင်ပြေမယ်။ အခုတောင် မြို့ဟောင်း အနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာ ဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေး သမားတွေက လာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။ ဦးပဇ္ဈင်းလည်း တတ်နိုင်သလောက် စောင့်ရှောက် ပေမယ့် အစိုးရမလုပ်ရင်မရတဲ့ အခြေအနေ ဖြစ်နေပြီ ဟု ဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော် တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်း ရှေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာ တူးဖော်ထားနိုင်ကြောင်း၊ မြို့ဟောင်းများကို စနစ်တကျ တူးဖော် မှတ်တမ်းတင်နိုင်မှသာ မြန်မာနိုင်ငံ ထွန်းကားပေါ်ပေါက်လာပုံ သမိုင်း (Standard History) ပြုစု ရေးသား နိုင်မည်ဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

နိုင်ငံတခုအတွက် Standard History ဆိုတာ အရေးကြီးပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ ကျနော်တို့နိုင်ငံက မရေးရသေးဘူး။ ဒါရေးမယ်ဆိုရင် မြို့ဟောင်းတွေကို စနစ်တကျ တူးဖော်မှတ်တမ်းတင်ဖို့ လိုတယ်။ အင်္ဂပူမြို့ဟောင်းကလည်း မြန်မာ့သမိုင်းအတွက် တထောင့်တနေရာက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ် ဟု သူက ပြောသည်။




#ရှေးရှေးတုန်းကဗမာပြည်

22/01/2024

တိဘက်က မဟာယာန ဘုန်းတော်ကြီးများ
ဗဟုသုတ
၊၊
။။။
#

ဖေကြီး ရှင်းပြတဲ့ တာဇံရဲ့ အဓိပ္ပာယ်၊၊၊၊၊
22/01/2024

ဖေကြီး ရှင်းပြတဲ့ တာဇံရဲ့ အဓိပ္ပာယ်
၊၊
၊၊၊

22/01/2024

ကုန်ပါဘီ ကုန်ပါဘီကွာ ….
၊၊

လူပျိုစကား လိုက်ပြောခိုင်းတာဟ ဘယ့်နဲ့ ကွာ  # # #
22/01/2024

လူပျိုစကား လိုက်ပြောခိုင်းတာဟ
ဘယ့်နဲ့ ကွာ # # #

21/01/2024

မျက်လုံးတွေ ပြူးသွားမယ်
ပါးတွေ ရွဲ့သွားမယ်
ခေါင်းတွေ စောင်း သွားမယ်
ကွီးးနော် ရဲ့ စကေး ၊၊
၊၊၊၊

21/01/2024

စပ်စု ကြသူများ ၊၊
။။
။။။
#

21/01/2024
20/01/2024

လူစကားပြောတတ်တဲ့ ကျီးကန်းလေး
၊၊၊။

19/01/2024

ဟာသ အမြင်ဖြင့်သာ နားလည်ပေးပါခင်ဗျာ။

လက်ဦး ဆရာ မိ နှင့် ဖ
၊၊၊၊

17/01/2024

စိတ်မြန်တဲ့ တပည့်
….
#

17/01/2024

နားလည်တဲ့သူ ရှင်းပြပေးပါဦး...
ကျနော်တော့ ဘောစိနဲ့ ထမ်မိုင် ပဲနားလည်တယ်..

17/01/2024

ဖိတ်ကျတာနဲ့ နံပါတ် 6 နဲ့ ထိုင်းလို အသံထွက်က
အတူတူပဲ ဖြစ်နေသောအခါ
……..
……
…..
ထိုင်းလို နံပါတ် 6 ကို ဟွုတ်င် လို့ခေါ်သလို
ဖိတ်ကျတာကိုလည်း ဟွုတ်င် လို့ခေါ်ပါတယ်
#

17/01/2024

လိုက်ပြောကြည့်ရအောင် မှန်အောင်ပြောနိုင်လား

17/01/2024

ထုံး လူးတာ တိုင်ပတ်နေပြီ
အဆုံးထိကြည့်ပြီး လိုက်ပြောကြည့်
#ထုံးဖြူလေးလူးတဲ့အိုးကြီးထုံးဖြူကြီးလူးတဲ့အိုးလေး
#

17/01/2024

အဆုံးထိကြည့်ပါ

ဆိုင်ကယ်သမားနှစ်ယောက်
ဆီဆိုင်မှာ နေရာ လု ရင်း ဖြစ်ကြတာတဲ့

ဘယ်သူမှလည်း မဆွဲရဲဘူး
==== # #== #
#

Address


Alerts

Be the first to know and let us send you an email when KOYE entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share