May Hnin Se

May Hnin Se Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Hnin Se, Media, phuket, .

ဓမ္မစကြာနေ့ (1.8.2023)ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း***********...
29/07/2023

ဓမ္မစကြာနေ့ (1.8.2023)

ဆန်၊ဆီ၊ဆေး၊ဆားကို ကပ်လှူဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙏🙏🙏

ဆန်၊ဆီ၊ဆေး၊ဆား ကပ်လှူနည်း
*****************************

လပြည့်နေ့တိုင်း ပြုလုပ်နိင်သည့် ဆန်ဆီဆေးဆား အလှူတော်🙏
လပြည့်နေ့အခါသမယ မှာ ဆန်ဆီဆေးဆား လှူဒါန်းကုသိုလ်ပြုနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လပြည့်နေ့ မနက် ၉ နာရီ (သို့) ၉ နာရီ ၄၅ မိနစ်တွင် အိမ်၏ ဘုရားကျောင်းဆောင်၌ ဆန်၊ ဆီ၊ ဆေး၊ ဆား တို့ကို လှူဒါန်းပြီး မေတ္တာသုတ် (၁၀) ခေါက်၊ သမ္ဗုဒ္ဓေ (၁၀) ခေါက်၊ ဒိဝါတပတိ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ကုသိုလ်၏ အဖို့ဘာဂကို မေတ္တာပို့၊ အမျှဝေပါ။

လှူဒါန်းရာတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနှင့်တကွ သံဃာတော်များအတွက် ရည်စူးကာ မိမိတတ်နိုင်သလောက် ဆန်အပြည့်၊ ဆီအပြည့် ၊ဆေးပစ္စည်းအပြည့်၊ ဆားအပြည့်ထည့်ကာ ကပ်လှူထားရှိပေးပါ။ ပြည့်ဝခြင်းသဘောကိုဆောင်တဲ့ အဓိပ္ပာယ်ပါ။

ဆန် ဆီ ဆားဆေး လှူဒါန်းရခြင်းအကျိုးမှာ အကျပ် အတည်းများ ရင်ဆိုင်နေရသောအခါ၊ စားဝတ်နေရေးအတွက် ရုန်းကန်ရေသောအခါများတွင် အရံသင့်ပေးမည့်၊ ကျွေးမည့် လက်တစ်စုံ အမှီရစေ၏။ လုပ်ငန်းစီးပွားများ တိုးတက်စေ၏။

ကျန်းမာရေး ချို့ယွင်းသူများ ကျန်းမာလာစေ၏။ မိမိအိမ်တွင် လိုအပ်ချက် မှန်သမျှပြည့်စုံလာစေ၏။ မိမိအိမ်တွင် မရှိစကား၊ ပေးပါတောင်းပါဟု ပြောဆိုနေစရာမလိုဘဲ လိုအပ်တာများပြည့်စုံလာစေ၏။

မိမိတို့၏ အိမ်မီးဖိုချောင်သည် စားစရာများဖြင့် ပြည့်စုံနေခြင်း၊ စိတ်ဝမ်းကွဲနေသော မိတ်ဆွေ ညီအကိုမောင်နှမများလည်း ပြန်လည်သင့်မြတ်ပါလိမ့်မည်။

လှူပြီး နေ့လည် ၁၂ နာရီ ၊ ၁ နာရီလောက် ပြန်စွန့်ပေးပါ။ စွန့်ပြီးသား ဆန်ကို သံဃာတော်များ၊ သီလရှင်များအား လောင်းလှူခြင်း၊ ဆွမ်းချက်၍ သံဃော်တော်များအား လှူဒါန်းခြင်း၊ မရှိနွမ်းပါးသူများအား ပြန်လည် လှူဒါန်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခါကြီးရက်ကြီးတိုင်း ပုံမှန်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး ကောင်းကျိုးများဖြင့် ပြည့်စုံနိုင်ကြပါစေ။

Credit original

Address

Phuket

Website

Alerts

Be the first to know and let us send you an email when May Hnin Se posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share