ReviveR

ReviveR Hi

😏😏 အခုကြမှ "PDF တွေ အမြန်လာပါ" တဲ့လားး"CCTVတွေ ဖြုတ်ပေးကြပါ" လို့ တောင်းပန်တော့ မသိကျိုးကျွံ ပြုခဲ့တယ်။ "ဝပ်ကျင်း အခက်အခ...
19/03/2024

😏😏 အခုကြမှ "PDF တွေ အမြန်လာပါ" တဲ့လားး

"CCTVတွေ ဖြုတ်ပေးကြပါ" လို့ တောင်းပန်တော့ မသိကျိုးကျွံ ပြုခဲ့တယ်။

"ဝပ်ကျင်း အခက်အခဲရှိလို့ နေရာပေးကြပါ" ဆိုတော့ "လူငယ်တွေမို့ အိမ်မငှါးနိုင်ဘူး" တဲ့။

"ဒလန် ရှင်းမယ်၊ ဒေါင်တိုင် ဖြိုမယ်" ဆိုတော့ "ငါတို့ရပ်ကွက်ရဲ့ အုပ်ကြီးက သဘောကောင်းတယ်" ပြောပြီး ဧည့်စာရင်းတောင် ကျေကျေနပ်နပ် ပြေးတိုင်လိုက်ကြသေးး။

"UGတွေကို ဝန်ရံပေးပါ၊ PDF တွေကို ထောက်ပံ့ပေးပါ"လို့ တောင်းဆိုတော့၊ မဝန်းရံတဲ့အပြင် ကူတောင် ဖမ်းပေးလိုက်ကြသေးတယ်၊ အချို့ဆို ဖမ်းပေးရုံနဲ့တောင် အားမရလို့ သေတဲ့အထိ ဝိုင်းရိုက်ခဲ့ကြပါတယ်။

UG လေးတွေ စိတ်မကောင်းစွာနဲ့ မြို့ပြကို ကျောခိုင်းသွားကြရရှာပါတယ်။

ဟော မအလရဲ့ စစ်မူထမ်းဥပဒေခေတ် ရောက်တော့ သူတို့ သဘောကောင်းတယ်ပြောတဲ့ အုပ်ကြီးက "စစ်မူထမ်းဆင့်ခေါ်ရေး ဥက္ကဌ" ဖြစ်လာပါတယ်။ ရပ်ကွက်ထဲက လူငယ်တွေရှိတဲ့ အိမ်တိုင်းကို ဆင့်ခေါ်စာတွေ ဝေငှ ထားပြီးပြီ၊ ရပ်ကွက်ရုံးမှာ လက်မှတ်လာထိုးဖို့ အကြောင်းကြား ထားလိုက်ပါပြီ။

အခုကြမှ "PDF တွေရယ်၊ ဒီမအေ-ိုး အုပ်ကြီးကို လာ -တ်ပေးကြပေးပါ"တဲ့။

မြို့ပြက Gen Lee ကြီးတွေခမြာ၊ သူတို့ရဲ့သားသမီးတွေ၊ မြေးမြစ်လေးတွေကို တိုက်ရိုက်ထိတော့မှ

သူတို့ကိုယ်တိုင် PDFတွေကို တောင့်တ လာကြပြီမဟုတ်ပါလားး။

ထွီ !

ချစ်ကိုကြီး
၁၇.၃.၂၄

25/02/2024

✨" #ပူးပေါင်းလက်တွဲနွေဦးအောင်ပွဲ"ပရောဂျက် တွင် ပါဝင်ကြသော နိုင်ငံတကာမှ Fundraisers များ✨
=====================================

ူးပေါင်းတပ်_အထူးကွန်မန်ဒိုတပ်သား_အယောက်_၅၀_အား စ,စ်လ,က်န,က်များ တပ်ဆင်နိုင်ရန်အတွက် " #ပူးပေါင်းလက်တွဲနွေဦးအောင်ပွဲ"ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

#မိမိတက်နိုင်သလောက်ပါဝင်နိုင်သလို
များအလိုက်လည်း သက်ဆိုင်ရာ နိုင်ငံများရှိ Fundraisers များထံမှ currency အသီးသီးဖြင့် ပါဝင်အားဖြည့်တော်လှန်နိုင်ပါပြီခင်ဗျာ

ကမ်ပိန်းကာလကတော့ 10,02,2024 မှ 09,03,2024 အထိ (29) ရက်တာ ကမ်ပိန်းလေးပဲဖြစ်ပါတယ်။

🇦🇺 AUSTRALIA (AUD)
================
👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤Support for Myanmar from Australia and Singapore
https://facebook.com/ausg4mm

👤Ma Boke
https://www.facebook.com/CRPHOFPFundraiserMaBoke

👤Support 4 Myanmar
m.me/Support4Myanmar

👤SydneyFriendsforMyanmarUnity
https://www.facebook.com/SydneyFriendsforMyanmarUnity?mibextid=ZbWKwL

🇧🇳 Brunei (BND)
============
🇨🇦 Canada (CAD)
=============
👤 2022 Bottle Depot အကောက်ခွန်
https://www.facebook.com/bottledepotminmin?mibextid=LQQJ4d

🇩🇪 GERMANY & EUROPE (EURO)
👤Global Myanmar Volunteers
https://www.facebook.com/globalmmvolunteers

👤CRPH FUNDING IRELAND
https://m.facebook.com/crphfundingireland

🇯🇵 JAPAN (JPY)
=============
👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤NLD.OC.Japan
https://www.facebook.com/nldo991

🇰🇷 KOREA (WON)
=============
👤Photographer's Supporting Korea (P.S.K)
https://www.facebook.com/P.S.K.korea? mibextid=LQQJ4d

👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

🇲🇾 MALAYSIA (MYR)
================
👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤We Care about You
https://www.facebook.com/wcareaboutyou?mibextid=2JQ9oc

🇲🇲 Myanmar (MMK)
================
👤Here Together Myanmar
https://www.facebook.com/htm.heretogethermyanmar?mibextid=2JQ9oc

👤We Care about You
https://www.facebook.com/wcareaboutyou?mibextid=2JQ9oc

🇳🇿 New Zealand (NZD)
=============
👤ပြည်သူ့ဂုဏ်ရည်နယူဇီလန်
https://www.facebook.com/coba.newzealand?mibextid=ZbWKwL

🇸🇬 SINGAPORE (SGD)
=================
👤“ Khine SG “
(http://wa.me/6593802119)
m.me/khine.singapore

👤Support for Myanmar from Australia and Singapore
https://facebook.com/ausg4mm

👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤Ma Boke
https://www.facebook.com/CRPHOFPFundraiserMaBoke

👤Myanmar Care Group- MCG
http://m.me/Myanmarcaregroup

👤Nway Oo HP
https://www.facebook.com/NwayOoHP

🇹🇼 TAIWAN (TWD)
==============
👤Taiwan Alliance For Myanmar
https://www.facebook.com/TaiwanAllianceforMyanmar?mibextid=2JQ9oc

🇹🇭 THAILAND (THB)
================
👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤We Care about You
https://www.facebook.com/wcareaboutyou?mibextid=2JQ9oc

👤တော်လှန်ကျန်းမာအနာဂါတ်ကမ္ဘာ
https://www.facebook.com/healthrevolutionnugaac

👤Ma Boke
https://www.facebook.com/CRPHOFPFundraiserMaBoke

🫂MMM
+66995026124
Signal/Telegram/whatapps/viber/LINE

🇬🇧 UNITED KINGDOM (GBP)
=====================
👤Global Myanmar Volunteers
https://www.facebook.com/globalmmvolunteers

👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤Zack & Friends
https://www.facebook.com/zealouszackzzzzz

🇺🇸 USA (USD)
===========
👤နွေဦးကံ့ကော်အင်ပါယာ
https://www.facebook.com/SpringGumEmpire

👤SpringMyanmarSociety
https://www.facebook.com/SpringMyanmarSociety?mibextid=2JQ9oc

👤Burma Spring Revolution Utica
https://www.facebook.com/profile.php?id=100054240980739...

💰SDB(နွေဦးဘဏ်)
===============
https://www.facebook.com/61555872945762/posts/122119429430195764/?app=fbl

💰 NUGPay
==========
https://www.facebook.com/61555872945762/posts/122119117946195764/?app=fbl

#ပြည်သူသာလျင်အဓိကပါ
#ပူးပေါင်းလက်တွဲနွေဦးအောင်ပွဲ

16/02/2024

▪️တပ်ပေါင်းစုချီ အညာထီ▪️

ပြည်ပရောက် အညာသူ၊ အညာသားတွေ စုပေါင်းပြီး ပခုက္ကူခရိုင်ထဲက မြို့နယ် (၆) မြို့နယ်မှာရှိတဲ့ တလရအဖွဲ့တွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ လစဉ်အစီစဉ်တစ်ခုပါ။

ဒီအစီစဉ်အတွက် မမကို ပရိုမုတ်ပေးဖို့ နိုဝင်ဘာကစလို့ လတိုင်းလာပြောပေမယ့် မမမှာ ပရောဂျက်၊ ကမ်ပိန်းကမပြတ်တော့ မတင်ပေးနိုင်ဖြစ်နေခဲ့ရတာ။ အညာထီအဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ ထောက်ပို့မှူတွေကို သူတို့ပေ့ချ်ထဲမှာ ဝင်ရောက်လေ့လာတဲ့အခါ ဝန်းရံအားပေးသင့်တာ တွေ့ရတာမို့ ခုလို ပရိုမုတ်ပေးဖို့ ဖြစ်လာတာပါ။

ခုလဲ ပရောဂျက်ရှိနေပေမယ့် လက်ရှိအညာလိုအပ်ချက်က ဘက်ပေါင်းစုံကနေ အင်မတန်မြင့်တက်နေတာမို့ အချစ်တို့ကို အပူကပ်ပါရစေ။ တပ်ပေါင်းစုချီ အညာထီ ပေ့ချ်မှာ ထီထိုးပေးကြပါလားဟင်?

တစ်စောင်ကိုမှ (၁,၀၀၀) ကျပ်၊ (၁၀) စောင်ထိုးမှ (၁၀,၀၀၀)၊ အစောင် (၂၀) ဆိုမှ (၂၀,၀၀၀) ကျပ်ရယ်ပါ။

💟 ချောကလက်ဝယ်ကျွေးကြမယ့်အစား ခုအညာထီထိုးပြီး လက်ဆောင်ပေး။ ကံထူးရင် သိန်း (၅၀) ရမှာ။ အခြားဆုမဲတွေလဲ ကံစမ်းခွင့်ရဦးမှာပါ။

📌 အညာထီထိုးမယ်ဆိုရင်ဖြင့် အောက်ပါပေ့ချ်မက်ဆင်ဂျာကနေ တိုက်ရိုက်ငွေလွှဲအကောင့်တောင်းပြီး ပါဝင်နိုင်ပါတယ်။ > https://www.facebook.com/anyarhti

ကိုရွှေညာသားတို့ရဲ့ ပြည်ပရောက်အမျိုးတွေကတော့ မထိုးမနေရပါနော်..ပြည်တွင်းက အမျိုးတွေလဲ တစ်ထောင်ဆိုတာ လက်ဖက်ရည်တစ်ခွက်ဖိုးမလား..ထီသာ ထိုးပါလေ..

ဪ..ခုပို့စ်မြင်သူတိုင်းက “အညာထီ” လို့မန့်ပေး၊ ရှဲပေး၊ ပြီးရင်တော့ သူတို့ပေ့ချ်မှာ မဖြစ်မနေ ထီထိုးရင်း အားပေးကြပါနော်။ တော်လှန်ရေးအတွက် မမတို့ ပိုအားစိုက်ကြရအောင်ပါလေ။ 🫰🏻💕

#တပ်ပေါင်းစုချီအညာထီ

#မမများနဲ့ပွဲကမယ် 💃🏻💃🏻

13/02/2024

We'll Protect The Heroes
ဒို့ သူရဲကောင်း ဒို့ ကာကွယ်
"အရေးတော်ပုံ အောင်ရမည်"

ဘုံ သဘောထား ကြေညာချက်ထဲက ဦးတည်ချက် ၆ ရပ်ထဲမှာ “စ” အနေနဲ့ ထည့်သွင်းထားတဲ့ “ မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရ...
10/02/2024

ဘုံ သဘောထား ကြေညာချက်ထဲက
ဦးတည်ချက် ၆ ရပ်ထဲမှာ
“စ” အနေနဲ့ ထည့်သွင်းထားတဲ့
“ မတရားကျူးလွန်ခံရသူများအတွက်
တရားမျှတမှု ရရှိရေး ဆိုတာ “
အပျင်းပြေ ထည့်ထားတာ မဟုတ်ပါဘူး …

“ NUG က စကစကို
စားပွဲဝိုင်း မှာ ညှိဖို့ ခေါ်နေတယ်” ဆိုပြီး
ခပ်တိမ်တိမ်လေး ဆွဲယူတွေးတာ ၊
သတင်း ခေါင်းစဉ်တပ်တာ မျိုးဟာ

NUG အပါအဝင်
ဒီ ကြေညာချက်ကို ပူးတွဲ ထုတ်ပြန်ထားတဲ့
EROs ၃ ဖွဲ့ကိုပါ
အထင် သေးရာ ကျ ၊
နိုင်ငံရေးအရ ထိုးချ ချင်ရာ ကျပါတယ် ။

( မေးခွန်း ထုတ်တာ လောက်ဆို
တော်ပါသေးတယ် …
ခုကျ “စ” ကို လုံးဝ ထည့်မပြောပဲ
ဆွေးနွေးမယ် ဆိုတာကိုပဲ ခေါင်းစဉ်တင် ၊
Highlight လုပ်တာမျိုးကျတော့
မရိုးသားရာကျ ~ ဒါမှမဟုတ် ~
ပြီးစလွယ် ( ပေါက်သတင်းဖြစ်ရင်ပြီးရော )
တွေးရာ ကျပါတယ် )

🟧
“စ” ကို မလုပ်နိုင်ပဲ
စားပွဲဝိုင်းမှာ ဆွေးနွေးရုံနဲ့
တလရ ပြီးသွားစရာ မရှိသလို …

“စ” ကို လုပ်မယ်ဆိုလည်း
ဟိုကောင်တွေက လက်ခံရဲမှာ မဟုတ်ပါဘူး ။

ဒီ ကြေညာချက်က
ငါတို့က အမုန်းတရားနဲ့ အပြုတ်တိုက်ရေး လမ်းစဉ်ကို သွားနေတာ မဟုတ်ဘူးနော် … လို့
နိုင်ငံတကာ ကို အသိပေးပြီးသား ဖြစ်သလို

ဟိုကောင်တွေကိုလည်း
“မင်းတို့ လုပ်ထားတာတွေ
မင်းတို့ အရေးယူခံကို ခံရမှာပဲ “ ဆိုပြီး
ထည့်ထောက်ထားပြီးသားပါ …

( ပညာသားပါတဲ့ ကြေညာချက် တစ်ခုလို့
ကျွန်တော်ကတော့ ယူဆပါတယ် )

မသိရင် …
NUG ကပဲ ( စကစ ဘက်က
ကျူးလွန်ထားတာတွေကို လျှော်ပေးလိုက်ပြီး ) ခေါ်ညှိချင်သလိုလိုတွေ
ခေါင်းစဉ် မတပ် ၊ ဝါဒ မဖြန့်ကြစမ်းပါနဲ့ဗျာ ။

စာ အပြည့် မဖတ်ဖြစ်တဲ့ ၊
ဖတ်ဖြစ်ရင်တောင် အပြည့်အဝ နားမလည်လိုက်တဲ့ ပြည်သူတွေကို
ကိုယ့် ရည်ရွယ်ချက် တစ်ခုခု အတွက်
အသုံးမချကြပါနဲ့ ။

~ ကိုဇင်ဇေ

03/02/2024

" ရိတ်သိမ်းခြွေယူ ကန့်ဘလူ " အတွက်
နိုင်ငံတကာမှ ကူညီကောက်ခံသွားမည့် FR များ

🇯🇵 🇲🇲Stella
m.me/stella.ofp.fr

🇺🇸 🇲🇲 🇸🇬 Ko Phyo
https://www.facebook.com/KoPhyoOFP
🇹🇭 🇲🇲MMM
+ 66995026124
( Telegram , Signal , WhatsApp , Viber )

🇯🇵🇸🇬🇲🇾🇲🇲
⭐️ Taze Support Organization - TSO
https://www.facebook.com/TSOtaze?mibextid=ZbWKwL
DMMK ,

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး
ကော်မတီ ဂျပန်ဌာနခွဲ

https://www.facebook.com/nldo991
Currency က
Yen , SDB နဲ့ DMMK ပါ။

⚡ We Are V

JPY/ DMMK ပါ
https://www.facebook.com/profile.php?id=100080591290119&mibextid=LQQJ4d

One-to-One CDM Campaign
JPY, DMMK, MMK, SGD, THB, USD, NZD, AUD, GBP
https://www.facebook.com/OneToOneCDMCampaign

🛑 ကနေဒါ
2022 Bottom Depot အကောက်ခွန်
https://www.facebook.com/bottledepotminmin?mibextid=zOiqff

🇸🇬
⚡Khine
(http://wa.me/6593802119)
m.me/khine.singapore
SGD / DMMK / SDB

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

⚡ Fivefingers
[email protected]
(https://www.facebook.com/profile.php?id=100083367217727&mibextid=LQQJ4d)

🇲🇲 Myanmar

⚡Burma Spring Revolution .Utica
(https://www.facebook.com/profile.php?id=100054240980739&mibextid=LQQJ4d)

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

⚡ Bliss In Action
https://www.facebook.com/blissinactionsg?mibextid=ZbWKwL

🇺🇸 US

⚡နွေဦးအားမာန်
(https://www.facebook.com/profile.php?id=100095223915640&mibextid=LQQJ4d)

⚡Burma Spring Revolution .Utica
(https://www.facebook.com/profile.php?id=100054240980739&mibextid=LQQJ4d)

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

⚡ Boston Free Burma -နွေဦးကံ့ကော်
https://www.facebook.com/thawdar.kyaw?mibextid=ZbWKwL
USD $ Zelle, SDB
Myanmar Kyat DMMK NUG Pay, SDB

🇦🇺 Australia

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

⚡ Support For Myanmar Form Australia and
Singapore
https://facebook.com/ausg4mm

🇬🇧 UK

⚡GenY For Revolution
https://www.facebook.com/y4revolution/

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

🇹🇭 Thailand

⚡တော်လှန်ကျန်းမာအနာဂတ်ကမ္ဘာ
(https://www.facebook.com/healthrevolutionnugaac)

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

▪️နွေဦးထောက်ပို့&Support to Spring-mft/ehm
m.me/Supporting.mft.ehm?mibextid=ZbWKwL

🇲🇾 Malaysia

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

🇰🇷 Korea

⚡ Photographer's Supporting Korea (P.S.K)
--------------------–----------------------------
💴 လက်ခံနိုင်မည့် ငွေကြေး/currency 💴
KRW (Won) / DMMK(NUG Pay)
-------------------------------------------------
🔴 အဖွဲ့ page Link 🔴
https://www.facebook.com/P.S.K.korea? mibextid=LQQJ4d

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

▪️MMM
+66995026124 (Line/Signal/Viber/whatapps)

We Love Mother Land -Korea (KRW & DMMK)
https://www.facebook.com/wlmlk1?mibextid=ZbWKwL

🇯🇵 Japan

⚡Ma Nan Moe Kham
(https://www.facebook.com/nangmoekham.nokk?mibextid=LQQJ4d)

🇯🇵
"လဲ့လဲ့"
https://www.facebook.com/nldo991
DMMK / YEN

🇯🇵 🇲🇲Stella
m.me/stella.ofp.fr

နွေဦးကံ့ကော်အင်ပါယာ

https://www.facebook.com/SpringGumEmpire

DMMK, KRW, MYR, THB, SGD, JPY, AUD, USD, GBP

🇸🇬
⚡Khin Hnin Kyi Thar (MMK, DMMK, SGD, THB, US$, SDB)
https://www.facebook.com/khin.kyithar?mibextid=ZbWKwL

• Five Fingers ( SGD, DMMK, MMK)
https://www.facebook.com/profile.php?id=100083367217727&mibextid=ZbWKwL

⚡SRSS - Nang Mwe Khao

https://www.facebook.com/profile.php?id=100076878094329&mibextid=LQQJ4d

⚡Nang Mwe Khao
https://www.facebook.com/springmay.srss?mibextid=ZbWKwL

DMMK
SDB
SGD
Thai Bath

▪️⚡Myanmar Millennials
m.me/MyanmaMillennials

နွေဦးစုဗူး
• http://m.me/nwayoosubuu

• ⚡ဗိုလ်တီ

https://www.facebook.com/profile.php?id=100088676065711&mibextid=ZbWKwL

⚡Citizen Of Burma Award - New Zealand

https://www.facebook.com/coba.newzealand?mibextid=ZbWKwL

⚡Supporter X
https://www.facebook.com/supporterx69?mibextid=ZbWKwL

Nonprofit organization

03/02/2024
အစိမ်းရောင်လမ်းမများနဲ့ ရန်ကုန် အသံတိတ်သပိတ်Photo: Crd
01/02/2024

အစိမ်းရောင်လမ်းမများနဲ့ ရန်ကုန် အသံတိတ်သပိတ်

Photo: Crd

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသ...
31/01/2024

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်

မျှော်မှန်းချက် (Vision)

ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity).များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်။

ဦးတည်ချက် (Objectives)

(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။

(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။

(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။

(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။

(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။

(စ) ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်။

ရပ်တည်ချက် (Position)

(က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။

(ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။

(ဂ) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။

ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။

(ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။

(င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။

(စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။

(ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။

(ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။

(ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။

လုပ်ငန်းစဉ် အဆင့်ဆင့်

(က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။

(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။

(ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။

(ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။

(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။

(ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ ဖွဲ့စည်းခြင်း။

(ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။

(ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။

(င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။

(စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။

ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်သွယ်ရန်-
၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)
၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)
၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)
၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)

Joint Position Statement by Allied Organisations
Engaged in Revolutionary Struggle
towards Annihilation of Military Dictatorship
and Establishment of a Federal Democratic Union

31 January 2024

Vision

In order to preserve and promote the unique characters and identities of diverse ethnic communities that form our nation, we envision the establishment of a federal democratic union that upholds the principles of democracy, national equality and self-determination in its constituent states.

Objectives

A. To overturn the usurpation of state power by the military, and to terminate the involvement of the armed forces in politics.

B. To ensure that all armed forces operate solely under the command of a civilian government elected through democratic processes.

C. To abrogate the constitution of 2008 in its entirety, and to quash all attempts to reinstate its provisions.

D. To draft and promulgate a new constitution that embodies federalism and democratic values, garnering the consensus of all relevant parties,

E. To establish a new federal democratic union in accordance with the proposed federal democratic constitution.

F. To institute a system of transitional justice in order to address and remedy the injustices inflicted upon innocent parties throughout the conflict.

Positions

A. We declare the seizure of state power by the Myanmar military on 1 February 2021 to be devoid of any legitimacy, and thus oppose and reject this seizure unequivocally.

B. This seizure of power was in violation of the constitution of 2008, which was itself authored and imposed unilaterally by the military. The militarys own actions through their unconstitutional act have invalidated the 2008 constitution.

C. The outcome of the 2020 general election should not be construed as an endorsement of the political framework outlined in the 2008 constitution but as a mandate for revolutionary change and the establishment of a new political system. The will of the voters, as demonstrated in the election results, bestows legitimacy upon the bodies working to reverse the military coup dtat and to implement a new political system, specifically, the Committee Representing Pyidaungsu Hluttaw (CRPH) and the National Unity Government (NUG). The stewardship of the nation in the post-revolutionary era shall be entrusted to all relevant parties in the cause of the revolution; it is under their collective leadership that we will forge a new nation.

D. Any election held under the provisions of the constitution of 2008 would not serve to restore democracy; it would merely serve to perpetuate military rule indefinitely.

E. The armed forces shall hold no right to participate in any future political discourse.

F. A new federal democratic constitution formulated with the consensus of all relevant parties is imperative for assuring self-determination, national equality, democracy, peace and stability.

G. We reject any initiatives to monopolise political power exclusively among the privileged.

H. We pledge to engage constructively with the efforts of the Association of Southeast Asian Nations and the United Nations in seeking viable solutions for Myanmar.

I. Our commitment to peaceful coexistence with neighbours shall stand as a cornerstone for regional peace and stability.

Action Plans

A. Continued political and military pressure (internal and external) against the military junta.

B. Negotiations with the responsible leadership of the Myanmar military to terminate military rule and for peaceful transition of power, subject to their unconditional acceptance of the six political objectives.

C. Upon overturning of military rule and final annihilation of the military junta or a military-backed administration, establishment of a Transitional National Unity Government (T-NUG) for a federal level and transitional state/federal unit governments to achieve peace, stability and reconstruction.

C-1. Enactment of a transitional federal democratic constitution involving all parties and entities that participated in the revolution against the military dictatorship.

C-2. Formation of a Transitional National Unity Government (T-NUG) in the post-revolutionary period, led collectively by representatives of allied revolutionary groups, in accordance with the transitional constitution.

C-3. Federal units to freely constitute local governments at respective state/federal unit level.

D. Convention of a nationwide political conference involving all interested parties to deliberate on the establishment of a federal democratic union.

D-1. Establishment of state/federal units and demarcation of state/federal unit boundaries through peaceful political discourse, involving all main stakeholders during the transitional period.

E. Drafting and promulgation of a federal democratic constitution.

F. Establishment of a new federal democratic union.

To bring to fruition the vision, objectives, and positions we have stated, and to implement the action plans we have detailed, we are committed to the creation of robust mechanisms for cooperation across all strategically significant sectors. Moreover, we pledge to persist in our revolutionary endeavours, maintaining unwavering cooperation and collaboration with our allied revolutionary forces.

Contacts:

1. Salai Htet Ni (CNF) (+91 69097 51721)
2. Aung Sun Myint (KNPP) (+66 307 49087)
3. Pdoh Saw Tah Doh Moo (KNU) (+66 646459113)
4. U Tin Tun Naing (NUG) (+1 9383007007)

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ...
30/01/2024

ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။

#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ







#လုံးဝအုပ်ချုပ်ခွင့်မရစေရ

ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။

အရေးတော်ပုံ အောင်ရမည်။

လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်...
06/01/2024

လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ပြီး စစ်အာဏာရှင် နိဂုံးချုပ်မည့်အကြို ရက်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ

ဇန်နဝါရီ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက်နက်ချ အလင်းဝင်မှုသည် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာသည်။

၁၀၂၇ စစ်ဆင်ရေး၏ ၇၁ ရက်မြောက်နေ့ဖြစ်သော ဇန်နဝါရီလ ၅ ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ပြောဆိုသည်။

ယမန်နေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ ၂၂၈ ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ ဦး ပါဝင်ကြောင်း၊ ထိုအတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦး လည်း ပါဝင်ခဲ့ကြောင်း၊ လက်နက်ချ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို ပိုဆောင်ထားခဲ့ပြီလည်း ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆက်တွဲအနေဖြင့် ပွိင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲဝင် ၂၆၆ ဦးတို့က လည်း နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ ၂၃၈၉ ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်ကြောင်း ပြောဆိုသည်။

လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဤကဲ့သို သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ မဆို လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း MNDAA က ကြေညာသည်။

ဆရာတွတ်နဲ့ ဒိတ်လာတာ ၇လရှိပြီပဲ
02/01/2024

ဆရာတွတ်နဲ့ ဒိတ်လာတာ ၇လရှိပြီပဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှစ်သစ်ကူးပူးတွဲထုတ်...
02/01/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅ ရက်နေ့
(၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်)

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေး အင်အားစု အသီးသီးကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဤ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်အပ်ပါသည်။

၁။ အကြမ်းဖက် စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့ထိတိုင် သုံးနှစ်နီးပါးကြာ နည်းလမ်း ပေါင်းစုံဖြင့် ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြသော တော်လှန်ရေးကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖြင့် သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ၎င်းအောင်မြင်မှုများသည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့က လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။

၂။ ပြည်သူ့ခုခံတွန်းလှန်စစ်၏ ထင်ရှားသောအောင်မြင်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ထိန်းချုပ် နယ်မြေများ တစတစ လျော့နည်းလာပြီး၊ နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေး အင်အားစု များ၏ စိုးမိုးနယ်မြေများ နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါ သည့် စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

၃။ တချိန်တည်းမှာပင် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူသန်းနှင့်ချီ၍ အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်ဖြစ်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေပါသည်။ ဒေသတွင်းနိုင်ငံ များအပါအဝင် နိုင်ငံတကာအစိုးရများက ကျွန်ုပ်တို့နှင့် တိုက်ရိုက်ချိတ်ဆက် ကူညီပေးကြရန် လိုအပ် ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ ကျူးလွန် နေသည့်ကြားမှ ပြည်သူလူထုတရပ်လုံးက “လူထုတိုက်ပွဲ” မျက်နှာစာတွင် ယင်းတို့အား အကြမ်း မဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဘူးသပိတ်များ၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မပြုရေးမူစသည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိသည့် နှလုံးရည်တိုက်ပွဲကို ကျွန်ုပ်တို့က လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် “စီးပွားရေး/ဘဏ္ဍာရေး” မျက်နှာစာတွင်လည်း နိုင်ငံ တကာအစိုးရများ၏ ပိတ်ဆို့အရေးယူခြင်းတို့အပါအဝင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ အဓိက စီးပွားရေးထောက်တိုင်များအား ထိရောက်စွာ ဖြိုဖျက်တိုက်ခိုက်လျက် ရှိကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်။

၅။ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒေသတခု လုံးတည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ်တို့နှင့်အတူ မြန်မာပြည်သူတရပ်လုံးတွင် ခိုင်မာသော စိတ်ဓာတ်နှင့် တိကျသောပန်းတိုင် ရှိပြီးဖြစ်ပါသည်။ ယင်းတို့ကို ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်အုပ်စုသည် အဓိကအဟန့်အတားဖြစ်သည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်းချမ်းရေးကို လုံးဝမတည်ဆောက်နိုင်ခဲ့ပါ။ ထို့အပြင် စစ်အာဏာရှင်၏ လက်ဝေခံများဖြစ် သော နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် အခြားအင်အားစုများသည် တရားမဝင် လုပ်ငန်းများ ဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ အနှောက်အယှက် ဖြစ်စေပါသည်။ NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော်လှန် ရေးအင်အားစုအားလုံးသည် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေသော အခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံ များ၏ အားပေးထောက်ခံမှုရရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။

၆။ ယခုအခါ ကျွန်ုပ်တို့တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။ တော်လှန်ရေးအင်အားစု အသီး သီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်ရှိနေပါသည်။ ၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးအတွက်လည်း လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေးအလွန်ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ဤသည်တို့မှာ တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေ ရန်အတွက်လည်း ကျွန်ုပ်တို့၏ အထူးသတိထား ဆောင်ရွက်ချက် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးအား အသိပေးအပ်ပါသည်။

၇။ နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထုလူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်းဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။

၈။ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသော စစ်ဗိုလ်ချုပ်ကြီး များနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား ဤနှစ်သစ်ကူးကြေညာချက်ဖြင့် အသိပေးလို သည်မှာ နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံ ပျက်သုဉ်းအောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း ၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည် ဆန့်ကျင် တော်လှန်ကြရန် တိုက်တွန်းလိုက်ပါသည်။

၉။ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်သူလူထုတရပ်လုံး ဤနှစ်သစ်တွင် ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

အရေးတော်ပုံ မုချ အောင်ရမည်။

တော်လှန်ရေးသစ္စာဖြင့်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့်
အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်သွယ်ရန် (Signal)

(၁) ဦးတိုးကျော်လှိုင်
+1 260-240-6792
(၂) ဇက်နန်ရော်
+1 540-214-4843
(၃) ဦးကျော်ဇော်
+1‪6475353518 ‬
(၄) ဦးနေဘုန်းလတ်
+66654867824

Address


Website

Alerts

Be the first to know and let us send you an email when ReviveR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share