Keyboard Secret Fighter-Anonymous Heror

  • Home
  • Keyboard Secret Fighter-Anonymous Heror

Keyboard Secret Fighter-Anonymous Heror Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Keyboard Secret Fighter-Anonymous Heror, News & Media Website, .

"အိမ်ပြန်လမ်း"----------------------လူဟာ လမ်းရဲ့ခေါ်ဆောင်ရာကိုလိုက်သလားလမ်းက လူကိုခေါ်ဆောင်သွားသလားအမှန်တရားကိုသွားတဲ့လမ...
14/11/2023

"အိမ်ပြန်လမ်း"
----------------------
လူဟာ လမ်းရဲ့ခေါ်ဆောင်ရာကိုလိုက်သလား

လမ်းက လူကိုခေါ်ဆောင်သွားသလား

အမှန်တရားကိုသွားတဲ့လမ်းက
ဘယ်ဘက်မှာလဲ

အိမ်ပြန်လမ်းပေါ် ရောက်ဖူးပါသလား

သင် ပျော်သလား

ပျော်ခွင့်မရသူတွေရဲ့ ခေတ်ဆိုးတခုရှိတယ်

ပျော်ခွင့်ရစေချင်သူတွေလည်းအများကြီးရှိတယ်

ကိုယ်ကျိုးရှာအန္ဓတသိုက်က
နိုင်ငံတော်ကို ပုဏ္ဏကတိုက်တဲ့အခါ
အစွယ်တဖွေးဖွေးနဲ့
ခွေးရူးလိုရမ်းပြနေတဲ့
လူ့သရမ်းတွေ ဆိုးသွမ်းသမျှ
အမိမြေလည်း ကြေ မွ မြေ ခ ခဲ့ပေါ့

မသမာလှိုင်းကြောင့်
ကြမ္မာရိုင်းရတဲ့မြေမှာ
မနေသာသူပြည့်ရတနာတွေလေ
ကဘေ ကမ္ဘာ အဆက်ဆက်က
သူရဲကောင်းတွေလို
မိစ္ဆာနတ်ဆိုး အစွယ်ချိုးဖို့
သွေးခင်းလမ်းကို လှမ်းလျှောက်ခဲ့ကြ

ဝေကြ ၊ ကြွေကြ နဲ့
မောရ တဲ့ ဒီခရီးမှာ
အိမ်ပြန်လမ်းဟာ
ခရောင်းလမ်းဖြစ်စေဦး
မေတ္တာတရားရဲ့ တမန်တော်တွေမို့
ပြည်သူ့အတွက် သွေး၊အသက်ဆိုလည်း
မနှေးအမြန် ပေးဆပ် လိုက်ကြပေါ့

ပြည်သူတို့ရေ အားတင်းထားကြ
သူတို့ကပြောတယ်
စွန့်ဝံ့သူတို့ အိမ်ပြန်လမ်းမှာ
လူစုံ မစုံ မသေချာပေမယ့်
အောင်လံ၀င့်၀င့် မိုးယံလွှင့်လို့
အောင်ပန်းတွေပဲပွင့်စေရမယ်တဲ့

အမိမြေရေ
ကမ္ဗည်းတင်လိုက်ပါ
သင့်ပခုန်းထက်မှာ
ထမ်းရွက်ခဲ့ရသမျှ
ကြီးမြတ်သူတို့သမိုင်းမှာ
ဒါ မေတ္တာတရားရဲ့ တမန်တော်တွေပါ။

သူတို့ လာနေကြပြီ

သူတို့ အိမ် ပြန် လာနေကြပြီ

ညိုသူ

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
/MODတောင်ပိုင်းတိုင်းစစ်ဒေသ
#ကျားသစ်နက်စစ်ကြောင်း
#အိမ်ပြန်လမ်းကမ်ပိန်း
#အိမ်ပြန်လမ်းတွေဖြောင့်ဖြူးဖို့_ခဲယမ်းမျိုးစုံဖြည့်တင်းစို့
#လက်ကမ်းကူလျက်တို့ချီတက်_ပြည်သူများနဲ့ကျားသစ်နက်

Address


Website

Alerts

Be the first to know and let us send you an email when Keyboard Secret Fighter-Anonymous Heror posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share