Up To Date Manchester United News

  • Home
  • Up To Date Manchester United News

Up To Date Manchester United News ယူနိုက်တက်ပရိတ်သတ်တွေကို ကြိုဆိုပါတယ်

အီရန်ရိုက်စ် 🗣“ကိုဘီမီနူးကတော့ အခုလာမဲ့ အင်္ဂလန်လူစာရင်းထဲ ပါကို ပါသင့်နေပါပြီ။ ပြိုင်ဘက်ကစားသမားတွေနဲ့ရှုပ်ယှက်ခက်နေတဲ့...
20/02/2024

အီရန်ရိုက်စ် 🗣

“ကိုဘီမီနူးကတော့ အခုလာမဲ့ အင်္ဂလန်လူစာရင်းထဲ ပါကို ပါသင့်နေပါပြီ။ ပြိုင်ဘက်ကစားသမားတွေနဲ့ရှုပ်ယှက်ခက်နေတဲ့ အနေအထားတစ်ရပ်မှာ တည်ငြိမ်ရင့်ကျက်စွာကစားနိူင်မှုမျိုးက အင်္ဂလန်ကစားသမားတွေထဲမှာ မမြင်ရတာအတော်ကြာပါပြီ။သူကစားတဲ့ပွဲတွေကြည့်မိတိုင်း သူ့ကိုအရမ်းသဘောကျမိပါတယ် ။”

ဘိုင်ယန်မြူးနစ် အသင်းဟာ သောမက်စ်တူချယ်ကို ထုတ်ပယ်ခဲ့ပါက ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ဖြင့် အစားထိုးရန် စောင့်ကြည့်နေ...
20/02/2024

ဘိုင်ယန်မြူးနစ် အသင်းဟာ သောမက်စ်တူချယ်ကို ထုတ်ပယ်ခဲ့ပါက ယူနိုက်တက် နည်းပြဟောင်း ဆိုးရှား ဖြင့် အစားထိုးရန် စောင့်ကြည့်နေပါတယ် ။

ဆိုးရှား ဟာ 2021 ခုနှစ် ဝက်ဖိုဒ့်ကို 4-1 ဖြင့် ရှုံးနိမ့်ပြီး ယူနိုက်တက်နဲ့ လမ်းခွဲပြီး ကမ်းလှမ်းတဲ့ အသင်းတွေရှိခဲ့ပေမယ့် နည်းပြလောကထဲကို ပြန်မဝင်သေးပဲ ရှိနေတာပါ။

တိုက်စစ်မှူး ဟွိုက်လန်းဟာ ပြီးခဲ့တဲ့ အပတ်က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့တဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ရော်ဘင်ဗန်ပ...
20/02/2024

တိုက်စစ်မှူး ဟွိုက်လန်းဟာ ပြီးခဲ့တဲ့ အပတ်က ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့တဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ရော်ဘင်ဗန်ပါစီ ထံမှ အကြံဉာဏ်များ ရယူခဲ့ပါတယ် ။

ဟွိုက်လန်း နဲ့ ဗန်ပါစီတို့ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ထရိန်နင် ရပ်နားချိန်အတွင်း နှစ်ယောက်တည်း သီးသန့် စကားပြောဆိုမှုများကို အချိန်အတော်ကြာ ပြုလုပ်ခဲ့တာပါ ။

ဟွိက်လန်းအနေနဲ့ ဒီလို ဂိုးသွင်းမုဆိုး တစ်ယောက်ဆီက ဆရာစားမချန်ပဲ သင်ပြလမ်းညွှန်ပေးတဲ့ အကြံဉာဏ်တွေကြောင့် လာမယ့် ပွဲတွေမှာ သူ့ရဲ့ ခြေစွမ်းတွေကို ပိုမိုပြသနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

19/02/2024

ပရီးမီးယားလိဂ်ပွဲစဥ် (25)

လူတန် 1-2 မန်ယူ

ညကပွဲ ဟိုက်လိုက်လေးပါ။

ဗီလာ 1-2 ယူနိုက်တက်ပွဲက အချက်အလက်များ-EPLက ပေးတဲ့ Man of the Match က Maguireပါ။ယူနိုက်တက်ကပေးတဲ့ Man of the Match က Onan...
12/02/2024

ဗီလာ 1-2 ယူနိုက်တက်ပွဲက အချက်အလက်များ

-EPLက ပေးတဲ့ Man of the Match က Maguireပါ။
ယူနိုက်တက်ကပေးတဲ့ Man of the Match က Onanaပါ။

-ဒီရာသီ EPLမှာ ဘယ်ကစားသမားမှ 85မိနစ်နောက်ပိုင်းသွင်းဂိုး တိုမီနေး(3ဂိုး)လောက် မများပါဘူး။ဘယ်ကစားသမားမှလည်း တိုမီနေး (4 ဂိုး) လောက် လူစားဝင်ပြီးသွင်းဂိုး များများ မရ ထားပါဘူး။

-Kobbie Mainoo ဟာ Chance Created (၄)ကြိမ်လုပ်နိုင်ခဲ့ပြီး Bruno (၈)ကြိမ်ပြီးရင် တကွင်းလုံးမှာ အများဆုံး ဖြစ်ပါတယ်။

-Hojlund ဟာ 1998 ခုနှစ်က အနယ်လ်ကာ ပြီးရင် ပရီးမီးယားလိဂ် (၅)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက် အငယ်ဆုံး ကစားသမားဖြစ်ပါတယ်။

-၅ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ၂၁နှစ်နဲ့အောက် ကစားသမားဆိုလို့လည်း PL သမိုင်းတလျှောက် အနယ်ကာနဲ့ Hojlund ပဲ ရှိပါတယ်။

-ဗီလာကို အနိုင်ရခဲ့ခြင်းဟာ အဲရစ်တန်ဟက် လက်ထက် Top 9 အသင်းတွေကို ပထမဆုံးအကြိမ် အဝေးကွင်းမှာအနိုင်ရခြင်းဖြစ်ပါတယ်။

-တိုမီနေးဟာ EPL သွင်းဂိုး 7ဂိုး ဒီရာသီသွင်းထားပြီး ယူနိုက်တက်ရဲ့ EPL Top Scorer ဖြစ်ပါတယ်။

-Casemiro ဟာ Tackle 9 ကြိမ်ပြုလုပ်နိူင်ခဲ့တာမို့ ယူနိုက်တက်အတွက် နောက်ဆုံး 8နှစ်အတွင်း တပွဲတည်း Tackleအများဆုံး ဖြတ်ထုတ်နိုင်သူအဖြစ် 2023 လိဒ်နဲ့ပွဲက ဖရက်နဲ့အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

-ဒီရာသီ EPLမှာ ကစားသမားတဦးက တပွဲတည်း Chance Create 8 ကြိမ်ဖန်တီးနိုင်တာ 6 ပွဲပဲရှိပါတယ်။ အဲ့ဒီထဲက သုံးပွဲက ဘရူနိုဖာနန်ဒက်လက်ချက် ဖြစ်ပါတယ်။

Mo Salah (vs Palace)
Bruno Fernandes (vs Spurs)
Kieran Trippier (vs Palace)
Bruno Fernandes (vs Leicester)
Alfie Doughty (vs Sheff Utd)
Bruno Fernandes (vs Villa)

-Onana ဘယ်လောက်ကောင်းလဲ ဒီမှာကြည့်

55 touches
25/37 passes completed
8 saves
5 saves from shots inside the box
4/4 sweeper keepers

ဟွိုင်လန်းဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်၌ (5)ပွဲဆက် ဂိုးသွင်းပေးနိုင်ခဲ့သည့် အသက်ငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့...
12/02/2024

ဟွိုင်လန်းဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်၌ (5)ပွဲဆက် ဂိုးသွင်းပေးနိုင်ခဲ့သည့် အသက်ငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ဟွိုက်လန်းဟာ မန်ချက်စတာယူနိုက်တဒ်အတွက် (ယနေ့ပွဲအပါအဝင်)နောက်ဆုံးကစားခဲ့သော ၅ ပွဲမှာ ၅ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး Nichol Anelka ဟာ ၁၉၉၈ ခုနှစ် နိုဝင်ဘာက ( ၁၉ နှစ် ၂၃၉ ရက် ) ဖြင့် ပရီးမီးယားလိဂ် ၅ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

🗣️ မာတီနက်ဇ် (ပေါ်တူဂီလက်ရွေးစင်နည်းပြ)"ဘရူနိုဖာနန်ဒက်စ်က ခေါင်းဆောင်ကောင်းတစ်ဦးပါ။ပွဲထဲမှာဆိုရင် သူ့မှာ အရမ်းကိုဖျက်လက်...
27/01/2024

🗣️ မာတီနက်ဇ် (ပေါ်တူဂီလက်ရွေးစင်နည်းပြ)

"ဘရူနိုဖာနန်ဒက်စ်က ခေါင်းဆောင်ကောင်းတစ်ဦးပါ။ပွဲထဲမှာဆိုရင် သူ့မှာ အရမ်းကိုဖျက်လက်တဲ့ ဦးနှောက်ရှိသလို ကွင်းထဲမှာ ဘာတွေဖြစ်မလာမလဲဆိုတာကိုလဲခွဲခြမ်းစိတ်ဖြာနိုင်တဲ့သူပါ။ သူ့မှာ အရမ်းတော်တဲ့ ကစားပွဲအပေါ် ဖတ်နိုင်တဲ့စွမ်းရည်လဲရှိပါတယ်။ ပြီးတော့ သူက မတူညီတဲ့နေရာ(၄)ခုမှာ အမြင့်ဆုံးထိရောက်အောင် ကစားထားနိုင်တဲ့သူတစ်ယောက်ပါ"

"ကလော့အနေနဲ့ အင်အားတွေကုန်ခမ်းနေပြီဆိုတာ ကျွန်တော်နားလည်ပါတယ်။၉နှစ်ဆိုတဲ့ကာလတစ်ခုက အရမ်းကိုရှည်ကြာပါတယ်။ပရီးမီးယားလိဂ်ဟာ...
27/01/2024

"ကလော့အနေနဲ့ အင်အားတွေကုန်ခမ်းနေပြီဆိုတာ ကျွန်တော်နားလည်ပါတယ်။၉နှစ်ဆိုတဲ့ကာလတစ်ခုက အရမ်းကိုရှည်ကြာပါတယ်။ပရီးမီးယားလိဂ်ဟာ တခြားဥရောပကဘောလုံးအသင်းတွေထက် ပိုပြင်းထန်ပြီး ကြမ်းတမ်းပါတယ်။အဲ့ဒီမှာ ၉ နှစ်တောင် ရှိခဲ့တာကြောင့် ဒါကအရမ်းကို ရှည်ကြာတဲ့ အချိန်ကာလတစ်ခုပါပဲ။ "

မနက်ဖြန်တနင်္ဂနွေနေ့ ည11နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ နယူးပို့တ်ကောင်တီတို့ရဲ့ FA cup ပွဲစဉ်မှာ အရန်ဂိုးသမား ...
27/01/2024

မနက်ဖြန်တနင်္ဂနွေနေ့ ည11နာရီမှာ ယှဉ်ပြိုင်ကစားမယ့် ယူနိုက်တက်နဲ့ နယူးပို့တ်ကောင်တီတို့ရဲ့ FA cup ပွဲစဉ်မှာ အရန်ဂိုးသမား ဘေယင်ဒါကို အသုံးပြုသွားမယ်ဆိုတဲ့ အကြောင်း နည်းပြ အဲရစ်တန်ဟတ်က ပြောသွားခဲ့ပါတယ်။

ဒါဟာ ဘေယင်ဒါအတွက်တော့ သရဲနီတစ်ယောက် အဖြစ် ပထမဆုံး ပွဲစဉ်ကစားခွင့်ရတော့မှာဖြစ်ပါတယ် ။ အိုနာနာက ဒီဂီယာလို မလုပ်ပြနိုင်ခဲ့ပေမယ့် ဘေယင်ဒါက ရိုမဲရိုးလို လုပ်ပြနိုင်ဖို့ မျှော်လင့်နေပါတယ် ။

INEOS ဟာ အသင်းအတွက် ရာထူးတွေ ခန့်အပ်ရာမှာ World class တွေ၊ အကောင်းဆုံးစာရင်းဝင်တွေကို ခန့်အပ်မယ်လို့ ဆိုကာ CEOအသစ်နဲ့ Su...
23/01/2024

INEOS ဟာ အသင်းအတွက် ရာထူးတွေ ခန့်အပ်ရာမှာ World class တွေ၊ အကောင်းဆုံးစာရင်းဝင်တွေကို ခန့်အပ်မယ်လို့ ဆိုကာ CEOအသစ်နဲ့ Surprise တိုက်ပြီးနောက် Training Center အသစ်အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်း ကို ချဲ့ဖို့ ပြင်ဆင်ရာမှာ မြေနေရာအကန့်အသက်​ရော ပို့ဆောင်ရေးအခက်ခဲရော ရှိတာမို့ နေရာသစ်တခုကို ပြောင်းရွှေ့ပြီး အသစ်ဆောက်ဖို့ပြင်နေပါတယ်။

လက်စတာရဲ့ ၂၀၂၁ မှာ ဆောက်လုပ်ခဲ့တဲ့ Seagrave Training Complex (ပုံအကြီး) ကိုတည်ဆောက်ပေးခဲ့သူ အဆောက်အဦးဒီဇိုင်နာ Mags Mernagh ကို ယူနိုက်တက်ရဲ့ director of infrastructureအဖြစ် ခန့်အပ်လိုက်ပါတယ်။

ကာရင်တန် သမိုင်းကို ပြန်ကောက်ရရင် ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်း အဖြစ် 1996 မှာ မြေဝယ်ပြီး 2000ခုနှစ်မှာ ကလစ်ဖ်ကနေ ကာရင်တန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

2005မှာ အသင်းကို ဂလေဇာပိုင်ဆိုင်ပြီး နောက်ပိုင်းမှာတော့ ဒီအဆောက်အအုံတွေက ဘာမှ တိုးတက်မလာတော့ပါဘူး။ မနှစ်ကမှ ပေါင် ၉.၁ သန်းသုံးပြီး အမျိုးသမီးအသင်းနဲ့ အကယ်ဒမီအတွက် အစားအသောက် ကန်တင်း နဲ့ ရေကူးကန်တွေ အသစ်ဆောက်ခဲ့တာပါ။

ပြိုင်ဘက်အသင်းတွေမှာ စီတီးဆိုရင် 2014မှာ အီတီဟတ်ကွင်းနားမှာပဲ အီတီဟက်campus ကို ဆောက်တယ်။ Mini stadium ဆောက်ပြီး အကယ်ဒမီနဲ့ အမျိူးသမီးအသင်းတွေအတွက် ရင်းနှီးမြှုပ်နှံတယ်။ လီဗာပူးဆိုရင်လည်း 2020 မှာ kirkby က AXA Training Center ကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဒီလို အ​ခြေခံအဆောက်အဦးတွေ ပြုပြင်တာကလည်း အရေးပါတာမို့ ရော်နယ်ဒို Talk TV ကို ပြောခဲ့တဲ့ စကားနဲ့ပဲ အဆုံးသတ်ရပါမယ်။

" ဘာမှကို ပြောင်းမသွားတာ။ Jacuzziလား၊ ရေကူးကန်လား၊ အသာထားဦး.. Gym တောင်မှ ကျွန်တော် ထွက်တုန်းကအတိုင်းကြီး။ နည်းပညာတွေ တောင် အဟောင်းတွေ။ မီးဖိုချောင်တွေ စားဖိုမှူးက အစ ဗျာ။ ထားပါ။ သူတို့ကတော့ ခင်ဖို့ကောင်းပါတယ်။

တကယ် တကယ်.. ယူနိုက်တက်အသင်းမှာ အချိန်တွေရပ်နေခဲ့တာလား မှတ်ရတယ်။ ကျွန်တော်ထင်တာက အသစ်ဆန်းတွေ လုပ်ထားလိမ့်မယ်မျှော်လင့်ထားတာ။ အနည်းဆုံးတော့ technologyနဲ့ infrastructureတွေလောက်တော့ ပြောင်းသင့်တယ်လေဗျာ။ အခုတော့ ကျွန်တော့်အသက် ၂၁၊ ၂၂၊ ၂၃ က အတိုင်း ရှိနေတယ်ဆိုတာ အံ့သြလို့မဆုံးပါဘူး..."

ယူနိုက်တဒ်လူငယ်ကြယ်ပွင့် Dan Gore ဟာ လိဂ်ဝမ်းကလပ် Port Vale သို့ ရာသီဝက်အငှါးဖြင့် ပြောင်းရွှေ့ကစားရန် အလုံးစုံသဘောတူညီမ...
23/01/2024

ယူနိုက်တဒ်လူငယ်ကြယ်ပွင့် Dan Gore ဟာ လိဂ်ဝမ်းကလပ် Port Vale သို့ ရာသီဝက်အငှါးဖြင့် ပြောင်းရွှေ့ကစားရန် အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

Dan Gore ဟာ ယနေ့မှာ ဆေးစစ်မှုနောက်ဆုံးအပိုင်းကို ပြုလုပ်သွားမှာဖြစ်ပြီး အပြီးသတ်လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။

🗣️ Dimitar Berbatov 🔴"ဆန်ချိုကက ဒေါ့မွန်အသင်းဆီ လာကစားတဲ့အချိန်မှာပဲ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါပြီ။ ဒါကလဲ သူ...
23/01/2024

🗣️ Dimitar Berbatov 🔴

"ဆန်ချိုကက ဒေါ့မွန်အသင်းဆီ လာကစားတဲ့အချိန်မှာပဲ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါပြီ။ ဒါကလဲ သူ့ရဲ့အသင်းဟောင်းဆီ ပြန်သွားဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒီလိုအရာမျိုးတွေကြောင့် တစ်ခါတရံ ဘောလုံးကစားနည်းက ကောင်းတယ်လို့ပြောရမှာပါ။

ဘောလုံးသမားတစ်ယောက်က လိဂ်တစ်ခု ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုမှာ ကောင်းကောင်းကစားပြနိုင်ခဲ့လဲ အင်္ဂလိပ် ပရီးမီးယားလိဂ်ကို ရောက်တဲ့အခါမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒေါ့မွန်က Sancho အတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့သူငယ်ချင်းတွေနဲ့ သူနဲ့ရင်းနှီးပြီးသားဝန်းကျင်ကို ပြန်ရောက်သွားတဲ့အတွက်ကြောင့်ပါ"

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ် ညာတောင်ပံကစားသမား Raphinhaကို နောက်ထပ်ကစားပေးရန် နီးစပ်မှုအရှိဆုံးအသင်းက ဘယ်အသင်းလဲလို့ မေးမြ...
19/01/2024

ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ် ညာတောင်ပံကစားသမား Raphinhaကို နောက်ထပ်ကစားပေးရန် နီးစပ်မှုအရှိဆုံးအသင်းက ဘယ်အသင်းလဲလို့ မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ကစားပေးရန် အနီးစပ်ဆုံးရှိတဲ့အသင်းမှာ မန်ချက်စတာယူနိုက်တက်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ကို လာချင်နေတဲ့ သူ့ကိုခေါ်ပြီး အန်တိုနီကို ရောင်းထုတ်မယ်ဆိုရင်ရော ညီကိုတို့အမြင်က...??

ယူနိုက်တက်အသင်းဟာ ခံစစ်နေရာအတွကက်ကစားသမား(3) ဦးအား အကြီးအကျယ် စိတ်ဝင်စားနေပါတယ်။တိုဒီဘို (နိုက်စ်)ဘရိန်းဝိတ် (အဲဗာတန်)ဒီ...
19/01/2024

ယူနိုက်တက်အသင်းဟာ ခံစစ်နေရာအတွကက်ကစားသမား(3) ဦးအား အကြီးအကျယ် စိတ်ဝင်စားနေပါတယ်။

တိုဒီဘို (နိုက်စ်)
ဘရိန်းဝိတ် (အဲဗာတန်)
ဒီလိုက် (ဘိုင်ယန်မြူးနစ်)

ခံစစ်ကနေ ထွက်ခွာဖွယ် ရှိနေသူ များတာကြောင့် Manchester United အနေဖြင့်CB နေရာအတွက် အများအပြားပစ်မှတ်ထားရှာဖွေနေတာဖြစ်ပါတယ်။

တိုဒီဘိုအနေဖြင့် SJR ပိုင်ဆိုင်တဲ့ နိုက်စ်အသင်းကမို့ အလွယ်တကူ ခေါ်ယူနိုင်ဖွယ်ရှိနေသလို ဘရိန်းဝိတ်ကလည်း FFP ကြောင့်ထပ်မံ​ပြစ်ဒဏ်ကျခံရတော့မယ့် အဲဗာတန်အသင်းကြောင့် အဓိကကစားသမားအချို့ ဆုံးရူံးရမယ့် အခြေအနေအပေါ် ယူနိုက်တက်အသင်းဘက်က​နေ စောင့်ကြည့်နေတာပါ။ ဒီလိုက်ကတော့ နည်းပြ Ten Hag ရဲ့တပည့်ဟောင်းဖြစ်တာကြောင့် အပြောင်းအရွှေ့အပေါ် စောင့်ကြည့်ရပါတော့မယ် ။

🗣️ Altay Bayindir"ဂိုးသမားတွေအားလုံးက အရမ်းကို တော်ကြပါတယ်။ ကျွန်တော်တို့အားလုံးလဲ အပြုသဘောဆောင်ကြပါတယ်။ သေချာတာကတော့ ကျ...
19/01/2024

🗣️ Altay Bayindir

"ဂိုးသမားတွေအားလုံးက အရမ်းကို တော်ကြပါတယ်။ ကျွန်တော်တို့အားလုံးလဲ အပြုသဘောဆောင်ကြပါတယ်။ သေချာတာကတော့ ကျွန်တော်တို့တွေအားလုံးက ကွင်းထဲမှာတိုက်ပွဲဝင်ချင်ကြတယ်၊ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ပွဲကစားချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စွမ်းအင်ပြည့်ဝနေဖို့တော့ လိုပါတယ်။ ဘယ်သူကစားရလဲဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော်တို့အားလုံး သူ့ကို အချိန်တိုင်းပံ့ပိုးပေးရမှာပါ။ ကစားသမားတွေအားလုံးက နှလုံးသားနဲ့ရင်းပြီး ဒီမိသားစုကြီးအတွက် တိုက်ပွဲဝင်နေကြတာပါ"

Hannibal Mejbri သည် ဆီဗီးလာအသင်းဆီသို့ အငှား (အပြီးသက်ဝယ်ယူခွင့်) ဖြင့်ပြောင်းရွှေ့တော့မည်ဖြစ်သည်။လာမည့်အပတ်တွင် ဆေးစစ်မ...
15/01/2024

Hannibal Mejbri သည် ဆီဗီးလာအသင်းဆီသို့ အငှား (အပြီးသက်ဝယ်ယူခွင့်) ဖြင့်ပြောင်းရွှေ့တော့မည်ဖြစ်သည်။

လာမည့်အပတ်တွင် ဆေးစစ်မှုပြုလုပ်ရန် စီစဉ်ထားပြီး အပြီးသတ်ဝယ်ယူခွင့်တွင် တန်ကြေးအနေဖြင့် ယူရို ၁၉ သန်းထည့်သွင်းထားပြီး မဖြစ်မနေဝယ်ယူရန် မလိုအပ်ပေ။

အဲဗာတန်အသင်းသည်လည်း Hannibal အား အလိုရှိခဲ့ပြီး ဆီဗီလာအသင်းမှာ ဩဂုတ်လကတည်းက ချိတ်ဆက်တွန်းအားပေးထားခြင်းကြောင့် ဆီဗီလာအသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယူနိုက်တက်သည် အပြီးသတ်ဝယ်ယူခွင့်စာချုပ်တွင် (Buy back clause) အား ထည့်သွင်းသွားဖွယ်ရှိကြောင်းသိရသည်။

ဆရာကြီးကတော့ အသင်းကို ဒုက္ခပေးလို့ဝပြီဖြစ်လို့ အာဖရိကဖလားပြိုင်ပွဲအတွက် ကင်မရွန်းနဲ့ပူးပေါင်းဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ...
15/01/2024

ဆရာကြီးကတော့ အသင်းကို ဒုက္ခပေးလို့ဝပြီဖြစ်လို့ အာဖရိကဖလားပြိုင်ပွဲအတွက် ကင်မရွန်းနဲ့ပူးပေါင်းဖို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။

 #ရက်ဖို့ဒ်"အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးထပ်ရခဲ့လို့ ခံစားချက်က အရမ်းကိုပဲ ကောင်းပါတယ်။ ကျွန်တော်နဲ့ အသင်းကို အမြဲအားပေးနေတဲ့...
15/01/2024

#ရက်ဖို့ဒ်

"အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးထပ်ရခဲ့လို့ ခံစားချက်က အရမ်းကိုပဲ ကောင်းပါတယ်။ ကျွန်တော်နဲ့ အသင်းကို အမြဲအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်"

🗣️ ဘာဘာတော့ဗ်"မာရှယ်အနေနဲ့ အသင်းကထွက်ပြီး စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်သင့်ပါပြီ။ အမှန်တိုင်းပြောရရင်တော့ မာရှယ်ဆီကနေ ဒီထက...
15/01/2024

🗣️ ဘာဘာတော့ဗ်

"မာရှယ်အနေနဲ့ အသင်းကထွက်ပြီး စိန်ခေါ်မှုအသစ်နဲ့ ရင်ဆိုင်သင့်ပါပြီ။ အမှန်တိုင်းပြောရရင်တော့ မာရှယ်ဆီကနေ ဒီထက်ပိုပြီး မျှော်လင့်ထားတယ်။ ကျွန်တော် သူနဲ့မိုနာကိုအသင်းမှာ အတူတူကစားခဲ့ဖူးတော့ သူ့မှာအရည်အချင်းရှိမှန်းသိတယ်။ ဒါကြောင့် ယူနိုက်တက်ကို သူလာပြီး တိုက်စစ်မှုးအဖြစ်ကစားမှာကို ကျွန်တော်ဝမ်းသာခဲ့မိတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ လူတိုင်းမျှော်လင့်နေသလို သူဖြစ်မလာခဲ့ဘူး။ ဒါကြောင့် သူ့အနေနဲ့ သူ့ကိုတက်ကြွမှုပေးနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသင့်ပါပြီ။ ဒါက နှစ်ဖက်စလုံးအတွက် အကောင်းဆုံးပါပဲ"

🗣️ ဘာဘာတော့ဗ် :"ကျွန်တော် ရက်ရှ်ဖို့ဒ်ကို အကြံပေးချင်တာက ဘောလုံးကို အာရုံစိုက်ကစားဖို့ပါပဲ။ တစ်ခါတစ်လေကျ ခက်ခဲတဲ့အရာတွေက...
14/01/2024

🗣️ ဘာဘာတော့ဗ် :

"ကျွန်တော် ရက်ရှ်ဖို့ဒ်ကို အကြံပေးချင်တာက ဘောလုံးကို အာရုံစိုက်ကစားဖို့ပါပဲ။ တစ်ခါတစ်လေကျ ခက်ခဲတဲ့အရာတွေက အတွေးလွန်ခြင်းပါပဲ။ အဲ့လိုဖြစ်နေရင် ရုန်းထွက်ဖို့က သိပ်ခက်ပါတယ်။ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်မှာ ကစားနေတာလည်းကြာပါပြီ။ ဒါကြောင့် ဒီအခြေအနေကနေ သူရုန်းထွက်ပြီး အရင်ရာသီကခြေစွမ်းပြန်ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်"

🗣️ခရစ္စတီယာနိုရော်နယ်ဒို“ ကျွန်တော့်အတွက် ဝိန်းက စိတ်ဓာတ်အရမ်းပြင်းထန်ပြီး ကြံ့ခိုင်မှုရှိတဲ့အသင်းဖော်တစ်ယောက်ပါ ။ ကွင်း...
14/01/2024

🗣️ခရစ္စတီယာနိုရော်နယ်ဒို

“ ကျွန်တော့်အတွက် ဝိန်းက စိတ်ဓာတ်အရမ်းပြင်းထန်ပြီး ကြံ့ခိုင်မှုရှိတဲ့အသင်းဖော်တစ်ယောက်ပါ ။ ကွင်းထဲမှာ သူ့ရဲ့ ပြေလွှားနေမှုကို ဘယ်တော့မှမရပ်ဘူး ။ အသင်းရဲ့ နေရာလွတ်တွေကိုလိုက်ဖြည့်တယ်။ အရေးပါတဲ့ သွင်းဂိုးတွေသွင်းတယ်။ အခွင့်အရေးတွေဖန်တီးပေးပါတယ်။

ကျွန်တော်ကတော့သူ့ကို Pit bull လို့ခေါ်တာဗျ။ ဘောလုံးကန်ရင် တကယ်ကြမ်းတဲ့ကောင်ကြီး။ သူ့ကြောင့် ဖြစ်ဖြစ်၊ သူ့နားမှာ ပျက်သွားတဲ့ဘောလုံးကို အတင်းမရမကလိုက်လုတာ၊ အဲ့တာကိုလုံးဝသဘောကျတယ်။ သူ့ရဲ့ကန်သွင်းပုံကိုလဲ သဘောကျတယ်။ အသင်းတန်ပြန်တိုက်စစ်စရင် သူကျွန်တော့်ကို လှမ်းရှာပြီးပေးတော့တာပဲ။ ပီးရင် ကျွန်တော့်ရှေ့ထိ ပြန်ကျော်ပြေးပြီး ဘောလုံးပြန်တောင်း‌တာပဲဗျာ ”

♥️♥️♥️

ဂါနာချိုတစ်ယောက် CR7ကို ရူးသွပ်ချက်က လုံးဝ ၉+ပါပဲ။ ဒိုလေးဟာ သူ့အတွက် စံပြဖြစ်နေတော့ သူ့အိုင်ဒေါဒိုလေးလို အကုန်လိုက်လုပ်တ...
09/01/2024

ဂါနာချိုတစ်ယောက် CR7ကို ရူးသွပ်ချက်က လုံးဝ ၉+ပါပဲ။ ဒိုလေးဟာ သူ့အတွက် စံပြဖြစ်နေတော့ သူ့အိုင်ဒေါဒိုလေးလို အကုန်လိုက်လုပ်တယ်။

ဘစ်တောင် သူ့အိုင်ဒေါ ဒိုလေးတံဆိပ် CR7ပဲဝတ်တယ်။သူ့အိုင်ဒေါလို ကြိုးစားတယ်။ သူ့အိုင်ဒေါလို အောင်မြင်ဖို့ သူကြိုးစားလိမ့်မယ်။

ခုမှသူ့အသက်က ၁၉နှစ်ပဲ ရှိသေးတာမို့ သူ့အိုင်ဒေါလို မဖြစ်နိူင်ဘူးဆိုတာ ပြောလို့မရသေးပါဘူး။အသက်ငယ်သေးတော့ ဂိုးတွေရယူလိုတဲ့ စိတ်ကြောင့် တစ်ကိုယ်ကောင်းဆန်သလို ဖစ်ဖစ်သွားတာ တွေ့ရတယ်။ ဒီစိတ်လေးကို ထိန်းချုပ်နိူင်မယ်လို့လဲ မျှော်လင့်ပါတယ်။

ဒဏ်ရာတွေကင်းရှင်းပီး အောင်မြင်မှုတွေကိုဆာလောင်တဲ့ ကောင်လေးတစ်ယောက်အဖြစ်ရှင်သန်ပီး အောင်မြင်မှုတွေ သိမ်းပိုက်နိူင်ပါစေ ကောင်လေးရယ်

❤️🙏

မန်ချက်စတာယူနိုက်တက် အသင်းဟာ FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝီဂန် အသင်းအိမ်ကွင်းမှာ အဝေးကွင်း ၀-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး ...
09/01/2024

မန်ချက်စတာယူနိုက်တက် အသင်းဟာ FA ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝီဂန် အသင်းအိမ်ကွင်းမှာ အဝေးကွင်း ၀-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်အပြီးမှာတော့ နောက်တန်းကစားသမား ဒီယေဂိုဒါလောခ့် က အကောင်းဆုံးကစားသမား ဆုကို ရရှိခဲ့ပါတယ်။ ယူနိုက်တက် အသင်းအတွက်သွင်းဂိုးတွေကိုတော့ ပွဲချိန် ၂၂ မိနစ် တွင် ဒါလောခ့် ၊ ပွဲချိန် ၇၄ မိနစ်တွင် ဖာနန်ဒက်စ် တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

တတိယအဆင့်ကို ကျော်ဖြတ်သွားပြီးနောက်မှာတော့ နောက် စတုတ္ထအဆင့်ပြိုင်ပွဲအတွက် မနက်ဖန် မနက် ယှဉ်ပြိုင်ကစားကြမည့် Eastleigh ( National League ) vs Newport Country ( League Two ) တို့ပွဲစဉ်မှ အနိုင်ရပြီး နောက်တစ်ဆင့်တတ်လာမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အရွယ်နဲ့မလိုက်အောင် ကစားတဲ့ performanceကိုအကောင်းဆုံးထုတ်ပြနိုင်တဲ့ Kobbie MainOo ရဲ့ယနေ့ Wigan နှင့်ပွဲမှစွမ်းဆောင်ရည်အ...
09/01/2024

အရွယ်နဲ့မလိုက်အောင် ကစားတဲ့ performanceကိုအကောင်းဆုံးထုတ်ပြနိုင်တဲ့ Kobbie MainOo ရဲ့ယနေ့ Wigan နှင့်ပွဲမှစွမ်းဆောင်ရည်အချို့

Kobbie Mainoo’s game by numbers vs. Wigan:

100% dribbles completed
90% pass accuracy
86 touches
61/68 passes completed
10/13 ground duels won
8/8 tackles won
2/3 long balls completed
2/2 dribbles completed
1 key pass


09/01/2024

ညကပွဲ ဟိုက်လိုက်

FA ဖလားပွဲ

ဝီဂန် 0-2 မန်ယူ


#ဟိုက်လိုက် #မန်ယူ

လီဗာပူးလ်အသင်းသည် ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား Michael Olise အား ယူနိုက်တက်နှင့်အပြိုင် ခေါ်ယူရန်အတွက် ကြိုးပမ်းသွားမ...
07/01/2024

လီဗာပူးလ်အသင်းသည် ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား Michael Olise အား ယူနိုက်တက်နှင့်အပြိုင် ခေါ်ယူရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်သည်။

ယခုအခါတွင် နှစ်သင်းစလုံးအနေဖြင့် Olise အတွက် ခရစ္စတယ်ပဲလေ့အသင်းထံ ချဉ်းကပ်မှုများ ပြုလုပ်သွားရန် စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ဒေါ့မွန်အသင်းဆီ အငှားသက်သက်သာ စေလွှတ်ခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်ထည့်သွင်းထားခြင်းမရှိပ...
07/01/2024

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ဒေါ့မွန်အသင်းဆီ အငှားသက်သက်သာ စေလွှတ်ခဲ့တာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်ထည့်သွင်းထားခြင်းမရှိပါဘူး။

ဆန်ချိုရဲ့လက်ရှိတန်ကြေးက နိမ့်ပါးနေတဲ့အတွက် ယူနိုက်တက်အသင်းဘက်က ရောင်းချဖို့မစဉ်းစားထားပါဘူး။

ဆန်ချိုရဲ့အနာဂတ်ကို လာမယ့်ဇွန်လမှသာ ယူနိုက်တက်ဘက်က ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

မော်ရင်ဟို 🗣️“မန်ချက်စတာယူနိုက်တက်ဆီ စရောက်ရောက်ချင်း အချိန်တစ်ခုသာရခဲ့ရင် ဒီအသင်းနဲ့ အောင်မြင်မှုတွေရရှိမယ်လို့ ကျနော်ခ...
07/01/2024

မော်ရင်ဟို 🗣️

“မန်ချက်စတာယူနိုက်တက်ဆီ စရောက်ရောက်ချင်း အချိန်တစ်ခုသာရခဲ့ရင် ဒီအသင်းနဲ့ အောင်မြင်မှုတွေရရှိမယ်လို့ ကျနော်ခံစားမိခဲ့တယ်။ အဲ့လိုခံစားမိတာ ကျနော့်နည်းပြသက်တမ်းတစ်လျှောက် ပထမဆုံးပါပဲ။ ဒါပေမဲ့ ယူနိုက်တက်မှာ ကျနော် လုံလောက်တဲ့ အချိန်မရခဲ့ပါဘူး။အောင်မြင်မှုဆီရောက်ဖို့ လမ်းတစ်ဝက်မှာပဲ ကျနော်တို့လမ်းခွဲခဲ့ရပါတယ်”

အဲဗာတန်အသင်းသည် မက်ဘရီအား အငှားဖြင့် ကြားဖြတ်ခေါ်ယူနိုင်ရန်အတွက် ကြိုးပမ်းနေသည်။မက်ဘရီအတွက် ဆီဗီလာ၊ ဖရိုင်းဘတ်နှင့် လိုင...
07/01/2024

အဲဗာတန်အသင်းသည် မက်ဘရီအား အငှားဖြင့် ကြားဖြတ်ခေါ်ယူနိုင်ရန်အတွက် ကြိုးပမ်းနေသည်။

မက်ဘရီအတွက် ဆီဗီလာ၊ ဖရိုင်းဘတ်နှင့် လိုင်ယွန်အသင်းတို့မှ ယူနိုက်တက်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ပြီးပြတ်မှုမရှိသေးခင် အဲဗာတန်အသင်းမှ ၎င်းတို့၏ စိတ်ဝင်စားနေမှုအား ဖော်ပြလာခြင်းဖြစ်သည်။

ယခုအခါ အပြောင်းအရွှေ့အတွက် မက်ဘရီအပေါ်တွင်သာ မူတည်တော့ကြောင်းသိရသည်။

ကက်ဆီမီရို 🗣 " ကောင်​လေးက ခုမှ က​လေးသာသာပဲရှိပါ​သေးတယ်။ သူ့အ​ပေါ်မှာ ဖိအား​တွေအများကြီး မ​ပေးသင့်ဘူး။ လူ​တွေက သူ့ကို ဂို...
07/01/2024

ကက်ဆီမီရို 🗣

" ကောင်​လေးက ခုမှ က​လေးသာသာပဲရှိပါ​သေးတယ်။ သူ့အ​ပေါ်မှာ ဖိအား​တွေအများကြီး မ​ပေးသင့်ဘူး။ လူ​တွေက သူ့ကို ဂိုး၃၀လောက်သွင်းသင့်တယ် ထင်​နေကြတာပါ။ သူကငယ်ပါ​သေးတယ်။ပြီး​တော့ ခုမှ ပရီးမီးယားလိဂ် ပထမရာသီပဲရှိ​သေးတယ်။ တဖြည်းဖြည်းနဲ့​တော့ အသားကျလာမှာပါ "

Address


Website

Alerts

Be the first to know and let us send you an email when Up To Date Manchester United News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share