Watchers - စောင့်ကြည့်သူများ

  • Home
  • Watchers - စောင့်ကြည့်သူများ

Watchers - စောင့်ကြည့်သူများ Sharing Knowledge, Literature and News

All Posts from Page are Credited to Origional Uploader

စိတ်မကောင်းလိုက်တာကွာ အဟက်ဟက်
11/06/2024

စိတ်မကောင်းလိုက်တာကွာ အဟက်ဟက်

09/12/2023

တပ်မတော်ကြီးရဲ့ စိတ်ထားလေးတစ်ခုပါ

ဒါလေးဗျာ တဆိတ်လောက်
13/06/2023

ဒါလေးဗျာ တဆိတ်လောက်

မြို့ပြကို CCTV နဲ့မသတ်နဲ့ 🚫

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပြနေမိဘပြည်သူများခင်ဗျာ
ကျွန်ုပ်တို့တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်များဟာ အာဏာရှင်၏လက်အောက်မှရုန်းထွက်ပြီး ညီညွတ်မျှတ အေးချမ်ဖွံ့ဖြိုးသော ဖက်ဒရယ်နိုင်ငံ‌တော်သစ်တည်ဆောက်နိုင်ရေးနှင့်ပြည်သူတရပ်လုံးဆုံးရှုံးနေခဲ့ရသော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ပိုင်လူ့အခွင့်အရေးများပြန်လည်ရရှိနိုင်ရန် လိုအပ်နေသောဒီမိုကရေစီစနစ်အား ပြန်လည်ရယူနိုင်ရန်အတွက် အသက် သွေး ချွေး အနာဂတ်နှင့် မိသားစုဘဝများကိုပါစွန့်လွှတ်တိုက်ပွဲဝင်လျက်ရှိပါသည်။

ထိုသို့တိုက်ပွဲဝင်နေသောကာလအတွင်း အသက်များကိုစတေးခဲ့ရသည်မှာလည်းစာရင်းပြုစု၍ပင်မရအောင် အလွန်အမင်းများပြားခဲ့ပါပြီ။ ထိုသိုစတေးခံခဲ့ရသည်များထဲမှ အချို့မှာမစတေးသင့်ပဲစတေးလိုက်ရသည့်အခြေအနေများလည်းရှိခဲ့ပါသည်။ ထိုအကြောင်းအရာမှာ လမ်းမများပေါ်မှ CCTV ဟူသည့် လုံခြုံရေးကင်မရာများကြောင့်သာဖြစ်ပါသည်။

🔴 မြို့ပြနေ မိဘပြည်သူများခင်ဗျာ
တရားဥပ ဒေစိုးမိုးမှုမရှိသည့် ခေတ်ပျက်ကာလအတွင်း ပျက်စီးယိုယွင်းနေသော နိုင်ငံအတွင်းနေထိုင်ရသောကြောင့် မိမိတို့၏အိုးအိမ်ဥစ္စာများအား ကာကွယ်စောင့် ရှောက်ရန် CCTV များတပ်ထားခြင်းမှာ ဖြစ်သင့်သောလုပ်ဆောင်ချက်တစ်ခုဟု ကျွန်ုပ်တို့ နားလည်သိရှိပြီးဖြစ်ပါသည်။

သို့ပါသော်ငြားလည်း CCTV များအား မလိုအပ်သောနေရာများသို့ ချိန်ထားခြင်း၊ မလိုအပ်သောနေရာများတွင် အပိုတပ်ဆင်ထားခြင်းများကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပါ်နေသည့်အတွက် CCTV တပ်ဆင်ရာတွင် မိမိတို့ပစ္စည်းဥစ္စာများ၊ မိမိတို့အိမ်အဝင်တံခါးများ၊ ဆိုင်အတွင်းဧရိယာ၊ ကားပါကင်၊ ခြံဝင်းအတွင်းသို့သာလှည့်ပြီးတပ်ဆင်ထားကြပါရန်နှင့် မလိုအပ်သည့်အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမများ၊ မိမိတို့အိမ် ဆိုင် ရုံးခန်းဧရိယာကို ကျော်လွန်၍ချိန်ရွယ်တပ်ဆင်ထားခြင်းများကို မပြုလုပ်ကြပါရန်၊ CCTV မှတ်တမ်းများကိုလည်း ရက်အနည်းငယ်တစ်ကြိမ်ဖျက်ပေးကြရန်အနူးအညွတ် တောင်းဆိုလိုက်ပါရစေခင်ဗျာ။

မိမိတို့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပြစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များကမ်ပိန်းလုပ်ခြင်းများ တွေ့မြင်ရလျှင်လည်း မိမိတို့ CCTV မှတ်တမ်းများကို ကြိုတင်ဖျက်ပေးထားကြပါရန်လည်းတောင်းဆိုပါရစေ။

မိမိတို့ကိုယ်ရေးကိုယ်တာ ပိုမိုလုံခြုံစေရန် မလိုအပ်သော CCTV တပ်ဆင်ထားခြင်းဟာ မြို့ပြ‌တွင်တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးတပ်သား၊ ရဲဘော်များ၏ လှုပ်ရှားမှုများကိုထိခိုက်စေရုံမျှမက ထိုလှုပ်ရှားသူတို့အား အသက်များပေးဆပ်စေနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသူများတွင်လည်း မိသားစုရှိပါသည်၊ အနာဂတ်များ၊ အိပ်မက်များ၊ တန်ဘိုးထားရသောသူများရှိပါသည်။

အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးရဲဘော်များအားဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့၏အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအားစစ်ကျွန်ဘဝတွင်းနှစ်မြှုတ်နိုင်ရေးအတွက် CCTV များအကူအညီဖြင့်စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။ ယခုလ ပထမအပတ်ထဲအတွင်း မြို့ပြရဲဘော်များ mission ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံလိုက်ရသည့်အဖြစ် နှစ်ကြိမ်ရှိပြီး ရဲဘော်ဆယ်ဦးထက်မနည်းမတရားဖမ်းဆီးနှိပ်စက်ခံလိုက်ရပါသည်။

သို့ပါသောကြောင့် မြို့ပြနေမိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ဖြင့် မြို့ပြတော်လှန်ရေးရဲဘော်များအား အကျဉ်းစံ၊ ကြိုးစင်ပေါ်မတက်ရအောင် ကူညီစောင့် ရှောက်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ တော်လှန်ရေးရဲဘော်များအားမှတ်တမ်းမယူထားမိခြင်းဖြင့်တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းဆောင် ပေးပါခင်ဗျာ။

🔴 CCTV ဓာတ်ပုံကမ်ပိန်း

ဤကမ်ပိန်းအား ရက်အကန့်အသတ်မရှိပြုလုပ်ပါသည်။
မိမိတို့မျက်နှာအားလုံခြုံ စွာအုပ်၍ စာရွက်အဖြူပါ်တွင် ယခုကမ်ပိန်းနှင့်သက်ဆိုင် သောစာသားရေး၍ဖြစ်စေ၊ No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTVသည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌ေနသည်၊ CCTV အန္တရာယ်ကို UGများအထူးသတိထားကြပါ စသောစာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချာင်းအား cross ❌ sign လုပ်၍ဖြစ်စေ ပါဝင် ပေးနိုင်ပါတယ်။

ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်


#ရေဘဝဲ

ကျပ်မပြည့်တဲ့ သဘောက်မ
22/05/2023

ကျပ်မပြည့်တဲ့ သဘောက်မ

ကျွန်ုပ် နှင့် ဦးဥတ္တမသာရအပိုင်း ( ၁၆ )____________အောက်ဖဲလှန်တာတို့အမြီးလှန်ချိုးတာတို့ငယ်ကျိုးငယ်နာဖော်တာတို့ ဆိုတာကို...
16/04/2023

ကျွန်ုပ် နှင့် ဦးဥတ္တမသာရ

အပိုင်း ( ၁၆ )
____________

အောက်ဖဲလှန်တာတို့
အမြီးလှန်ချိုးတာတို့
ငယ်ကျိုးငယ်နာဖော်တာတို့ ဆိုတာကိုမလုပ်
ချင်ပါဘူး၊

ဘယ်သူမဆို-
ငပိထုပ်တဲ့ ဖက်ရွက်ဘယ်ဖြစ်ချင်ပါ့မလဲ၊
စပယ်ပန်းထုပ်ခဲ့တဲ့ ဖက်ရွက်တစ်ခုလို့သာ
ကိုယ့်ကိုယ်ကိုယ်ပြောချင်မှာပေါ့၊
ရနံ့မွှေးမွှေးလေးနဲ့ အေးအေးလေးနေချင်
တာပေါ့၊
ဒါပေမဲ့—
ကျုပ်က ငပိထုပ်ခဲ့ရဖူးတယ်၊
ငပိထုပ်တဲ့ဖက်ဆိုတော့အနံ့အသက်က
ဘယ်ကောင်းပါတော့မလဲ၊

ကျုပ်ကို စူးထားတဲ့ဆူးကိုနှုတ်ဖို့အတွက်
က ရှောင်မရတာခက်တယ်၊

ဒီလိုဖော်ရရေးရမလားဆိုပြီး…..
မောဟမှောင်မိုက်လို့ ဒေါသတွေခေါင်ခိုက်
နေပြီဆိုရင်လည်း တွေဝေမနေပါနဲ့
ပြင်လိုက်ပါ၊
ပြင်မယ်ဆိုရင်အချိန်မီပါသေးတယ်၊

“မယ်တော် “ဆိုတာက သီလရှင်ကြီး
တစ်ပါးပါ၊
သူ့ကိုယ်သူ မယ်တော် မယ်တော်လို့ပြော
တတ်လို့ မယ်တော်လို့သာမှတ်ပြီး ဖတ်ကြ
ပါတော့၊

အမှတ်မထင်ကျရောက်လာတဲ့ဘေးဒုက္ခ
တွေကြောင့် ဘဝအလှည့်အပြောင်းတွေ
ဖြစ်ရပြီး သာသနာ့အနွယ်ဝင်သီလရှင်ဖြစ်
လာခဲ့ရသူပါ၊

ဘွဲ့ရခေတ်ပညာတတ်၊
ရုပ်ရည်ကလည်းသန့်သန့်ပြန့်ပြန့်ပါ၊
တပ်မတော်အရာရှိကြီးကြီးတစ်ဦးရဲ့
ကတော်ပေါ့၊

ခင်ပွန်းသည်ဆုံးပါးသွားတော့
သမီးတစ်ယောက်၊သားတစ်ယောက်ကျန်
ခဲ့တယ်၊
ခင်ပွန်းသည်ရှာဖွေထားခဲ့တဲ့ရွှေငွေတိုက်
ကား မြေကွက်များနဲ့ဥစ္စာပစ္စည်းပြည့်ပြည့်
စုံစုံနဲ့ပေါ့၊

တက်သစ်စရုပ်ရှင်သရုပ်ဆောင်ဖြစ်နေတဲ့
တစ်ဦးတည်းသော သားလေးကလည်း
ရုတ်တရက် မမျှော်လင့်ပဲဆုံးပါးသွားခဲ့
ရပြန်တယ်၊

သမီးကလည်း ဆရာဝန်တစ်ဦးနဲ့အိမ်ထောင်
ကျပြီး သူ့အိုးသူ့အိမ်နဲ့နေနေပြီ၊

သားသေ၊ လင်ဆုံးဆိုပေမဲ့ မယ်တော်က
စီးပွါးတော့မပြုန်းပါဘူး၊
သုံးမယ်ဆိုသုံး၊ ဖြုန်းမယ်ဆိုဖြုန်းနိုင်တဲ့
အနေအထားရှိပါတယ်၊
လှူမယ်ဆိုလည်းလှူနိုင်တဲ့အနေအထား
ရှိသူပါ၊

အသက်၂၀-ကျော်ကလေးမလေးတစ်ဦးကို
သီလရှင်ဝတ်ပေးပြီး အတူနေအတူသွား
အတူစားအဖော်တစ်ယောက်နဲ့နေနေတယ်၊
တပည့်သီလရှင်မလေးက ကျန်းမာရေး
သိတ်မကောင်းလို့ကူညီစောင့်ရှောက်ထား
တာပါ၊
သီလရှင်လေးရဲ့အမည်ကိုတော့(မသု)လို့ပဲ
ခေါ်ကြပါစို့၊

မယ်တော်က ဦးဥတ္တမသာရနားမရောက်
ခင်က—
အဲဒီအချိန်က နာမည်ဂုဏ်သတင်းကျော်
ကြားနေတဲ့ ရွှေပြည်သာမြို့သစ်က
ကျောမခင်းဆရာတော်ကြီးဆီကိုသွားပြီး
ကူညီထောက်ပံ့လှူဒါန်းနေတယ်၊

သူ့တပည့်မသီလရှင်နဲ့ကျောမခင်းဆရာ
တော်ကြီးအနားက တပည့်တစ်ဦးနဲ့
ဆက်ဆံရေးမပြေပြစ်တာကနေအဆင်
မပြေဖြစ်လာတဲ့ပြဿနာကြောင့်
ကျောမခင်းဆရာတော်နားက ထွက်ခွါလာ
ကြရတယ်လို့ပြောတာပဲ၊

ဒီမှာတင်…..
မယ်တော်ရဲ့ကံကြမ္မာအလှည့်အပြောင်း
က ဦးဥတ္တမသာရအတွက် ဖုတ်သွင်းရထား
ဆိုက်ရောက်လာခြင်းဖြစ်ပါလေရော၊

အဲဒီကာလတုန်းက ဆူနာမီဆရာတော်ဆို
ပြီး ဦးဥတ္တမသာရကလည်းနာမည်ထွက်
နေတော့ မယ်တော်နားထဲကြားသွားရော၊
ဒါနဲ့ပဲ မယ်တော်လည်း ၃၈- လမ်းအခန်းကို
မတိမ်းမစောင်း ဗိန်းဗောင်းတီးပြီး
ရောက်ချလာတော့တာပေါ့၊

သူ့ရဲ့ဖြစ်ပုံဇာတ်လမ်းအကုန်ကို
ဦးဥတ္တမသာရကိုအသိပေးလိုက်တယ်၊
သူ့ရဲ့လက်ဝယ်ပိုင်ဆိုင်မှုအခြေအနေတွေ
ကိုပါထဲ့သွင်းပြောပြခဲ့တာပေါ့၊

ဘာပြောကောင်းမလဲ ဦးဥတ္တမသာရဖက်
က ကြိုဆိုပါ၏ Welcome ပေါ့၊
ဒီလိုနဲ့ ၃၈-လမ်းက ဦးဥတ္တမသာရအနားကို
ရောက်လာတာ ရက်ပိုင်းလေးသာရှိသေး
တဲ့ မယ်တော်ကို အရင်ရှိနှင့်ပြီးသားသီလရှင်
နဲ့အမျိုးသမီးတစ်စုက မျက်စေ့စပါးမွှေးစူး
ပြီး ( J ) ဝင်ကုန်ကြရော၊
အဲဒီလို “J “တွေက ဦဥတ္တမသာရနားမှာ
အများကြီးပဲ၊

သီလရှင်ဖြစ်ပြီး ဝတ်ပုံစားပုံ နေပုံထိုင်ပုံ
ပြောပုံဆိုပုံတွေက ခေတ်ဆန်နေတယ်၊
မယ်တော်က အချိုးမပြေဘူး ဘာညာနဲ့
ပေါ့၊

အဲဒီလိုနဲ့ မယ်တော်ရဲ့အပြုအမူတွေကို
ထောက်ပြအပြစ်ဆိုကြ၊
အခွင့်အရေးရတိုင်း အမျိုးသမီးတစ်စုက
ဥတ္တမသာရကို တိုင်ကြတောကြတယ်၊

ပြောပါများ တိုင်ပါများလာတော့…..
ဦးဥတ္တမသာရက—
ပြတ်ပြတ်သားသားပဲ ဒိုင်ပွဲရပ်ပေးလိုက်
တယ်၊

“ မယ်တော်တစ်ဦးတည်းတစ်ယောက်တည်း
နဲ့သူ့အနားမှာရှိနေတဲ့သူတွေအားလုံးနဲ့လဲပစ်
နိုင်တယ်၊
မယ်တော့်အကြောင်း ဦးဇင်း(သူ့ကို)လာလာ
မပြောကြနဲ့ “ လို့အပြတ်ပြောထဲ့လိုက်တယ်၊
မယ်တော့်ဖက်ကပြတ်ပြတ်သားသား
ရပ်ပြလိုက်တယ်၊

လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဖက်တစ်ဦးရဲ့
လက်တစ်ဖက်ကို ဒိုင်လုပ်သူကဆွဲပြီး
မြှောက်ပြလိုက်သလိုပေါ့၊
ဘာမှဖြင့်မလုပ်ရသေးဘူး Nobel ဆုဖမ်း
ပေးပစ်လိုက်သလိုမျိုးပေါ့၊
မယ်တော့်ကို Jump Promotion. ပေးပစ်
လိုက်တယ်၊
ကဲ— ဘာပြောချင်ကြသေးလဲ၊

ကျန်တဲ့သူတွေ ရှောင်လေရှားလေ
ဝေးဝေးနေကြဆိုတဲ့သဘောပေါ့၊

မယ်တော်ကလည်း သူ့ Level နဲ့သူ
သူ့မာန်နဲ့သူ့ဟန်နဲ့သူ ကျော့ကျော့လေးရယ်၊
မယ်တော့်မျက်နှာမှာ ပန်းပွင့်သွားတာပေါ့၊

ဦးဥတ္တမသာရကိုလည်း
သားတော် သားတော်နဲ့ ပေါ့ပေါ့ပါးပါးပေါ့၊
မယ်တော့်အသက်ကလည်း ကျုပ်အသက်
နဲ့က အတိမ်းမယိမ်းကိုး၊
ဦးဥတ္တမသာရကို သူက သားတော်လို့ခေါ်
မယ်ဆိုလည်း ခေါ်နိုင်လောက်တဲ့အရွယ်၊

ဒီတုန်းက ဦးဥတ္တမသာရက၄-ဝါလောက်
သာရှိသေးတဲ့ ဦးဇင်းလေးကိုး၊
သူ့ကိုယ်သူလည်း ဦးဇင်း ဦးဇင်းနဲ့သာပြော
နေသေးတာလေ၊
ဘာမသိညာမသိ ဝိုင်းမြှောက်ချင်ကြတဲ့
သူ့အနားကလူတွေက ဆရာတော်ဆရာတော်
နဲ့သာဝိုင်းလုပ်နေကြတာ၊
ခုတော့-ဆရာတော်ဘုရားကြီးလို့တောင်ဖြစ်
သွားလေရဲ့၊

ဗန်းမော်ဆရာတော်ကြီး
ပါချုပ်ဆရာတော်ကြီး
ဖားအောက်ဆရာတော်ကြီးတို့ကို
“သဘာဝရိပ်သာဆရာတော်ဘုရားကြီး”က
သွားရောက်တွေ့ဆုံဖူးမျှော်တယ်လို့ …..သတင်းမှာရေးရမလိုတောင်ဖြစ်နေတယ်၊
“သဘာဝရိပ်သာဆရာတော်ဘုရားကြီး “ဆို
တဲ့အသုံးအနှုန်းဟာ သဘာဝရိပ်သာမီဒီယာ
ပေါ်မှာအထင်းသားတွေ့နိုင်ပါတယ်၊

ဦးဥတ္တမသာရက ဟိုးတုန်းကကတည်းက
အဲဒီလို မသင့်တော်တဲ့မထော်မနန်းကိစ္စ
တွေကိုလုပ်တတ်တယ်၊

၄၅-လမ်းရိပ်သာစဖွင့်ကာစက…
ဗိုလ်တထောင်မြို့နယ် (မယက)ဥက္ကဌက
ရုံးကိုခေါ်လို့ သူနဲ့ကျုပ်နဲ့သွားကြရတယ်၊
ရိပ်သာဖွင့်တဲ့သတင်းသတင်းစာတွေမှာ
ကြော်ငြာထဲ့ဖို့အကြောင်းမယကကိုသွား
ရင်းကားပေါ်မှာပြောကြတယ်၊

ကြော်ငြာထဲမှာ” ဆွမ်းစရိတ်အခမဲ့. Free
လို့ထဲ့ဖို့ဦးဥတ္တမသာရက ပြောတယ်၊
ကျုပ်ကမထဲ့ပါနဲ့လို့ပြောတယ်၊
တကယ်လည်းယောဂီတွေဆီကဆွမ်း
စရိတ်တောင်းမှာမဟုတ်တဲ့အတွက်ထဲ့
တော့ဘာဖြစ်လဲလို့ သူကပြောတယ်၊

ဟုတ်မှန်ပေမဲ့လို့ ယောဂီတွေဆီကဆွမ်း
စရိတ်အလှူငွေလက်ခံပြီးလုပ်နေရတဲ့
ရိပ်သာတွေလည်းရှိနေလို့ ဒီလိုမျိုးတော့
ကျုပ်တို့ရိပ်သာကြော်ငြာမှာမထဲ့သင့်ဘူး၊
မလွတ်မကင်းဖြစ်သွားမယ်၊
တစ်ခြားရိပ်သာတွေကိုထိခိုက်နိုင်တယ်၊
ကိုယ့်ရိပ်သာက ဆွမ်းစရိတ်မယူဘဲ အခမဲ့
ကျွေးတယ်ဆိုရင်တစ်ယောက်စကားတစ်
ယောက်နားနဲ့လူတွေသိလာမှာပဲ၊
ဒါကြောင့် ကြော်ငြာထဲမှာဒီလိုထဲ့ဖို့မကောင်း
ပါဘူးလို့ သူ့ကိုမထဲ့ဖို့တားခဲ့ရတယ်၊

သူကကြော်ငြာမှာဘာလို့ အဲဒီလိုထဲ့ချင်နေ
လဲဆိုတော့…..ရိပ်သာကိုလူများများမလာ
မှာစိုးလို့ပါ၊
တကယ်တန်းရိပ်သာလည်းဖွင့် Frer လည်း
ကျွေးရော ယောဂီတွေကိုချက်ကျွေးဖို့ငွေ
ကလုံလုံလောက်လောက်ရှိတာမဟုတ်ပါဘူး၊
လူတွေကယုံချင်မှယုံကြမယ်၊
အဲဒီအချိန်အဲဒီကာလက ၄၅-လမ်းရိပ်သာ
မှာနေထိုင်လုပ်ကိုင်တဲ့ဝေယျာဝစ္စလုပ်ကိုင်
နေတဲ့ကြသူတွေကိုယ်တိုင်တောင်ဒီအဖြစ်
တွေကိုသိကြတာမဟုတ်ဘူး၊
ရှေ့ကျမှ ဒီကိစ္စကိုသီးခြားရေးပြပါဦးမယ်၊

ဦးဥတ္တမသာရနားမှာ အရာဝင်ချင်လွန်းလို့
အရာရောက်ချင်ကြလွန်းလို့
မျက်နှာလိုချင်လို့ပျာယာခတ်နေတဲ့သူတွေ
က မယ်တော့်ကို ကြည့်လို့ကိုမရတော့ဘူး၊
မုန်းတီးရွံရှာပြီး အမုန်းမိုးတွေဝိုင်းရွာနေကြ
တာပေါ့၊

အစပိုင်းမှာတော့ ကျုပ်ကိုလည်းမယ်တော်
အကြောင်းတွေပြောကြတယ် တိုင်ကြတယ်
ဒါပေမဲ့- ကျုပ်က လုပ်ငန်းတွေကို မယ်တော်
နဲ့တွဲသွား တွဲလာလုပ်နေရတော့ ကျုပ်ကို
မယ်တော့်အကြောင်းသိတ်မပြောကြတော့
ဘူး၊
အကြောင်းဆုံလို့အကွက်ဆိုက်လာဝင်လာ
ရင်တော့ မယ်တော့်ကိုရသလောက်တော့
ဝိုင်းဖဲ့ကြတာပေါ့၊

မယ်တော်က ဦးဥတ္တမသာရကိုတော့အခါ
ခပ်သိမ်းတိုင်တာပြောတာမလုပ်ပါဘူး၊
ကျုပ်ကိုပဲ ကြားပွဲစားလုပ်ပြောခိုင်းတယ်၊
ကူလီငှါးတာပေါ့၊
ဘယ်သူနဲ့ဘာဖြစ်ဖြစ် ကျုပ်ကိုပုဏ္ဏားတိုင်
လုပ်တယ်၊

ကျုပ် ဦးဥတ္တမနဲ့လက်မတွဲခင် ဟိုးကတည်း
ကဦးဥတ္တမသာရနားကိုကျုပ်အရင်ရောက်
နေတဲ့သီလရှင်ဆရာကြီးတစ်ပါးလည်းရှိ
သေးတယ်၊
သူ့ကိုတော့ “ ဒေါ်ဉာဏ် “ လို့ပဲခေါ်ကြပါစို့၊

ဒေါ်ဉာဏ်က ပရိယတ္တိပညာကိုဓမ္မာစရိယ
တန်းလောက်တတ်တယ်၊
စိတ်ထားလည်းဖြောင့်မတ်ပါတယ်၊
ဒိုးဒိုးဒေါက်ဒေါက်လည်းပြောတတ်ဆိုတတ်
တယ်၊
(နောက်ပိုင်းမှာတော့ဆရာကြီးဒေါ်ဉာဏ်
ကိုယ်တိုင်လည်းဦးဥတ္တမကိုစိတ်ပျက်ပြီး
ခွါသွားပါတယ်၊မယ်တော်နဲ့မတဲ့လို့မဟုတ်
ပါဘူး၊ဦးဥတ္တမသာရရဲ့အနေအထိုင် အပြု
အမူတွေပေါ်စိတ်ပျက်ပြီးခွါသွားတာပါ)

ဘာပဲပြောပြော ဒေါ်ဉာဏ်လည်းပုထုဇဉ်
လေ၊
ခုမှရောက်လာတဲ့ တောထွက်သီလရှင်ကြီး
ကို ဦးဥတ္တမသာရက အရေးပေးလွန်းတော့
သူကလည်းအစာမကြေဘူးပေါ့၊

ပြီးတော့စောစောတုန်းကပြောခဲ့ပြီးသလို
“ မယ်တော် “ တစ်ယောက်ထဲနဲ့ကျန်တဲ့သူ
အားလုံးနဲ့ လဲပစ်လိုက်နိုင်တယ်- ဆိုတဲ့
ဦးဥတ္တမသာရရဲ့အဆင်မခြင်ပြောတတ်
ဆိုတတ်တဲ့စကားတွေကြောင့်လည်းပါတာ
ပေါ့နော်၊

ဒေါ်ဉာဏ်က မယ်တော့်လို ဥစ္စာဓနငွေကြေး
မပြည့်စုံမတောင့်တင်းပေမဲ့လို့—
သူကပရိယတ္တိရှိတယ်၊ သီလရှင်ဝါလည်း
အများကြီးကြီးတယ်၊
အရင်ကတည်းက ဦးဥတ္တမသာရရဲ့လုပ်
ငန်းတွေကူညီလုပ်ကိုင်ပေးနေခဲ့တဲ့ Senior
သီလရှင်ကြီးဆိုကြပါစို့၊
ဒီတော့ သူ့ဖက်ကလည်းသူ့မာန်နဲ့ သူ့ထန်
နဲ့ပေါလေ၊

မယ်တော့်အပေါ် မနာလိုမရှုစိမ့်ဖြစ်နေတဲ့
စောစောက အမျိုးသမီးယောဂီအချို့က
မယ်တော်ကို Fight ဖို့အတွက် ဒေါ်ဉာဏ်
ကိုမီးထိုးပေးကြတာပေါ့ဗျာ၊

ဒီလိုနဲ့ ဒေါ်ဉာဏ် နဲ့ မယ်တော် နဲ့သီလရှင်ကြီး
၂-ပါးရဲ့ပြဿနာက ၃၈-လမ်းမှာအာရပ်နဲ့
အစ္စရေး အရှေ့အလယ်ပိုင်းပြဿနာလို့ဖြစ်
လာတယ်၊
ဒါပေမဲ့- သိတ်တော့မကြာရှည်ပါဘူး၊

မှတ်မိပါတယ်အဲဒီနေ့ကို —
၂၀၀၇-ခုနှစ်၊ဇူလိုင်လ ( ၄ ) ရက်နေ့မှာပေါ့၊

ဒေဝသာဂရသိမ်ကုန်းရဟန္တာသိမ်တော်ကြီး
ကျောင်းအရှေ့ကအအေးဆိုင်မှာ-
ပဋိပက္ခဖြစ်နေကြတဲ့သီလရှင်ကြီးနှစ်ပါး
ကိုမျက်နှာချင်းဆိုင်ထိုင်စေပြီးတော့
တစ်ဦးနဲ့တစ်ဦးအမြင်မကြည်ကြတဲ့အချက်
တွေကို ပွင့်ပွင့်လင်းလင်းပြောကြဖို့ ကျုပ်က
စီစဉ်ပေးလိုက်တယ်၊
မကျေနပ်ချက်တွေကိုအပြန်အလှန်ပြောကြ
ပါတယ်၊
ကျုပ်က ကြားဒိုင်လုပ်ပြီးစေ့စပ်ပေးတယ်၊
နောက်ဆုံးမှာတော့ နှစ်ဦးနှစ်ဖက်ပြေလည်
သွားပြီး Peace ဖြစ်သွားပါတယ်၊
အပြန်အလှန်တောင်းပန်ကြတယ်၊
ဒေါ်ဉာဏ်ဆိုရင်မျက်ရည်ကျပြီးတောင်
မယ်တော့်ကိုတောင်းပန်တယ်၊
အမှန်ကလည်း ဘေးတီးတွေကများလို့သာ
သူတို့နှစ်ရဲ့မသင့်မြတ်မှုကကြီးထွားလာရ
တာကိုး၊
ဒီလို အဆင်ပြေအောင်ကျုပ်ဝင်လုပ်ပေး
လိုက်တာ ဦးဥတ္တမသာရ အခုထိတောင်
သိမှာမဟုတ်ဘူး၊

ဘယ်သွားသွား ဘာလုပ်လုပ် မယ်တော့်
ကို ဦးဥတ္တမသာရက ရှေ့တန်းတင်ပြီး
နေရာပေးတယ်၊ တိုင်ပင်အသိပေးတယ်၊

ဒီလိုနဲ့…..
မယ်တော်ရဲ့ပတ်သက်ရာပတ်သက်
ကြောင်းအဆက်အသွယ်တွေနဲ့
ကျုပ်ရယ် မယ်တော်ရယ်ကျိုးပမ်းလုပ်
လုပ်ဆောင်ချက်တွေကြောင့်
ဦးဥတ္တမသာရ ဟာစစ်တပ်အသိုင်းအဝိုင်း
ကနေ ပရိတ်သတ်တွေလောက်လောက်
လားလားရလာတဲ့အခြေအနေကိုရောက်
သွားတယ်၊
ကိုယ့်အုပ်စုလေးမှာပဲလှုပ်ရှားနေရရာက
အပြင်လောကမှာပါကျယ်ပြန့်သွားတယ်၊

( အဲဒီကျေးဇူးတွေကိုဦးဥတ္ထမသာရက
ကျုပ်ကိုကော မယ်တော့်ကိုကော ကျကျ
နနကိုဆပ်ပါ့ဗျာ၊သိချင်ရင်ဆက်သာဖတ်)

မယ်တော်က စစ်တပ်အသိုင်းအဝိုင်းထဲ
မှာတော်တော်တော့အဆက်အသွယ်ကောင်း
တာပါ၊
သူ့ခင်ပွန်းဗိုလ်မှူးကြီးမရှိတော့ပေမဲ့
သူ့ခင်ပွန်းနဲ့ပတ်သက်ပြီး စစ်တပ်အသိုင်း
အဝိုင်းကိုဝင်နိုင်ထွက်နိုင်တယ်၊
ပြောနိုင်ဆိုနိုင်တယ်၊

ကျုပ်ရယ် မယ်တော်ရယ် သွာလာဝင်ထွက်
ဆက်သွယ်စီစဉ်ဆောင်ရွက်ကြတာကြောင့်
2007- March ကစလို့ တပ်မတော်စစ်ဆေး
ရုံကြီးများ၊တပ်မတော်အသဲဆေးရုံ၊
အရိုးဆေးရုံ၊
တပ်တော်လေယာဉ်ထိန်းသိမ်းပြုပြင်ရေး
တပ်နေရာတွေမှာတရားပွဲများကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်၊

ဦးဥတ္တမသာရက အရံသင့်အခန့်သားနဲ့
သူဟောချင်တဲ့တရား ထိုင်ဟောရုံပါပဲ၊

ဟိုတုန်းကဆိုရင် ဖို့မြေဓမ္မာရုံမှာကိုယ့်
ပရိတ်လေး( ၅၀ )လောက်နဲ့တရားဟော
နေရတာ၊
ကိုယ့်လူခံရှိတဲ့ရက်ကွက်ကဓမ္မာရုံမှာတရား
ပွဲလုပ်ဟောရတာ၊
ကိုယ့်လူထဲကပတ်သက်နေတဲ့ဆေးရုံတက်
လူမမာကိုဆေးရုံအခန်းကျဉ်းလေးထဲမှာ
တရားဟောရတာ၊
ကိုယ့်နားကယောဂီတွေနဲ့ပတ်သက်နေတဲ့
ဟိုအိမ်သည်အိမ်တွေကဆွမ်းပင့်ကပ်လို့
အဲဒီအိမ်တွေမှာတရားဟောရတာလောက်
သာပဲ နယ်ပယ်ကရှိခဲ့တာပါ၊

ပြင်ပတရားပွဲအမြဲရှိဖို့အတွက် ဗိုလ်တထောင်
ဘုရားဓမ္မာရုံထဲမှာ လုပ်ဖို့စီစဉ်ပြန်တယ်၊
ဦးဥတ္တမသာရနားမှာအမြဲတန်းပြာယာခပ်
နေတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်၊
သူ့ကို ဒေါ်ပြာယာ လို့ပဲခေါ်ကြပါစို့၊
အဲဒီဒေါ်ပြာယာက ဂေါပကလူကြီးတစ်ဦး
နဲ့ဆက်သွယ်တယ်၊၄၅-လမ်းရိပ်သာကိုခေါ်
လာပြီး ဦးဥတ္တမသာရနဲ့တွေ့ပေးပြီးတရား
ပွဲ လတစ်လရဲ့နောက်ဆုံးပတ်မှာ ၂၅-ရက်
နေ့ကနေလကုန်ထိလစဉ်တရားပွဲလုပ်ဖို့
စီစဉ်ကြတယ်၊

မှတ်မှတ်ရရပါပဲ ဗိုလ်တထောင်ဘုရားမှာ
တရားပွဲစလုပ်တဲ့နေ့မှာ ဦးခင်မောင်သက်
က ၄၅-လမ်းကိုမောကြီးပမ်းကြီးနဲ့ရောက်
လာတယ်၊
ကျုပ်ကလည်း ရိပ်သာကယောဂီတွေကို
ဗိုလ်တထောင်ဘုရားတရားပွဲဆီခေါ်ဖို့
ကားစီစဉ်နေရတယ်၊
ကျုပ်တို့ရိပ်သာပိုင်ကားကတစ်စီးမှရှိတာ
မဟုတ်ဘူးလေ၊
အဲဒီအချိန်မှာ—
ဦးခင်မောင်သက်က “ကျွန်တော်အခုဟို
ရဟန္တာမဆီကနေ interview လုပ်ပြီးပြန်
လာတာ…” လို့ကျုပ်ကိုလာပြောတယ်၊
အသံပါဖမ်းလာတယ်၊နားထောင်ကြည့်
လို့ပြောတယ်၊

ကျုပ်က အခု ဗိုလ်တထောင်ဘုရားကို
ယောဂီတွေခေါ်သွားဖို့လုပ်နေရတယ်၊
ခုနားမထောင်အားသေးဘူး၊
ပြောချင်ရင်ဘုရားလိုက်ခဲ့ပါလို့ပြော
တော့ လိုက်မယ်ဆိုပြီးလိုက်လာတယ်၊

ဘုရားကဓမ္မာရုံထဲမှာ ဦးဥတ္တမသာရတရား
ဟောနေခိုက်မှာ သူနဲ့ကျုပ်နဲ့က ရဟန္တာမ
interview အသံကို ကြာသပတေးထောင့်
ကဘုရားရင်ပြင်မှာနားထောင်ကြတယ်၊

စာဖတ်နေတဲ့မိတ်ဆွေများကိုဇာတ်ပေါင်း
ပေးပါဦးမယ်—
ဦးခင်မောင်သက် ဆိုတာက…..
အခု ဗုဒ္ဓဂုဏ်ရည်ဆရာတော်ဆိုပြီးနာမည်
ကြီးနေတဲ့ အရှင်အဂ္ဂဓမ္မပါ၊
အဲဒီအချိန်က လူဝတ်ကြောင်ပဲရှိသေးတာ
ပေါ့၊
အခုတော့ သူလည်းရဟန်းဝါ( ၁၅-ဝါ)
လောက်တောင်ရသွားပြီထင်တယ်၊
အရှင်အဂ္ဂဓမ္မက ခုမှမဟုတ်ဘူး၊
အဲဒီအချိန်ကတည်းက interview လုပ်တာ
ဝါသနာရှိနေတာ၊
ချစ်မြတ်နိုးကသူ့ယောက္ခမရွှေဆိုင်မှာစျေး
ရောင်းနေတုန်းသူသွား interview လုပ်ခဲ့
တာလေ၊
ချစ်မြတ်နိုးကိုရဟန္တာဆိုလို့ interview သွား
လုပ်ထားတဲ့အကြောင်းတွေတော့ Personal
ကိစ္စတွေပါနေလို့ထဲ့မရေးတော့ပါဘူး၊

အဲ- ရဟန္တာမ ဆိုတာကတော့ ချစ်မြတ်နိုး
ဆိုတဲ့ကလေးမလေးပါ၊
အသက် (၂၅ )လောက်ရှိမှာပေါ့၊
( အခုတော့ ဆရာလေးမခေမာရံသီ​ပေါ့)

ဖြစ်ပုံက ချစ်မြတ်နိုးကို ဦးဥတ္တမသာရက
တပည့်( ကေဒါ ) မွေးပြီး ရှေ့တန်းထုတ်
တယ်၊
အနာဂါမ်လိုလိုဘာလိုလိုပေါ့၊
( ချစ်မြတ်နိုးကို အနာဂါမ်လို့ဘာလို့သတ်
မှတ်ပေးရတာလဲ-ဆိုပြီး လူငယ်တစ်ချို့
က interview လုပ်မေးတာကိုဦးဥတ္တမသာရ
မေးတာမဖြေဘဲဝေ့လည်ကြောင်ပတ်လုပ်
နေတယ်-ဆိုတဲ့ Video အသံဖ်ိုင် ၂- ခုဟာ
Facebook ပေါ်မှာပြန့်နေတာကြာပါပြီ၊
အသျှင်သာမိဆိုတဲ့ဆရာတော်တင်ထားတာ
ပါ)

၄၅-လမ်းရိပ်သာမှာ ချစ်မြတ်နိုးနဲ့ခေတ်ပြိုင်
အနာဂါမ်လိုလိုနောက်တစ်ယောက်ရှိခဲ့ဖူးပါ
တယ်၊
ကိုသိန်းဟန် ဆိုသူပါ၊
သူကဒလဖက်ကနေလာတာ၊
ရန်ကုန်နဲ့ဒလကို ကူးတို့သမ္ဗာန်ဆွဲနေတဲ့သူ၊
သူ့ကိုလည်းဦးဥတ္တမသာရက ချစ်မြတ်နိုး
လိုဘဲသူ့ကိုယ်စားတရားပြခိုင်းဖူးတယ်၊
နောက်တော့ ကိုသိန်းဟန်ကဘာတွေဖြစ်
ကုန်တယ်မသိဘူး၊
၄-လွှာခြေရင်းခန်းမှာ အနာဂါမ်ကြီးကို
ဘာကောင်ညာကောင်တွေဝင်ပူးတော့
ဦးဥတ္တမသာရလည်းဘာမှ
မတတ်နိုင်ဘဲလက်လျော့လိုက်ရတယ်၊

၄၅-လမ်းရိပ်သာပေါ်မှာ ချစ်မြတ်နိုးဆိုတဲ့
ကလေးမလေးကို သီလရှင်အပါအဝင်
သက်ကြီးရွယ်အိုတွေကလက်အုပ်ချီပြီး
ရှိခိုးခိုးနေကြတော့ ချစ်မြတ်နိုးကိုရဟန္ထာမ
ဆိုပြီး အတည်ပြုတဲ့သူတွေကော၊

တစ်ချို့ကလည်း ဂုတ်ဝဲနဲ့ရဟန္တာမကြီးလို့
နောက်ပြောင်လှောင်ပြောပြီးပြောနေတဲ့
သူတွေကောရှိခဲ့တယ်၊
( ဆံပင်ဂုတ်ဝဲလေးနဲ့မို့ ဂုတ်ဝဲလို့ပြောတာပါ)
ကျုပ်သိသလောက်တော့ ချစ်မြတ်နိုးကိုယ်
တိုင်က သူ့ပါးစပ်ကနေပြီးသူ့ကိုယ်သူ
အနာဂါမ်ပါ-ရဟန္တာပါနဲ့တော့ပြောသံမကြား
ခဲ့မိပါဘူး၊
အဲဒီအချိန်အခါက ကျုပ်က သူတို့တရားပြ
နေတဲ့တရားတွေ ဟုတ်ဟုတ် မဟုတ်ဟုတ်
ကျုပ်ဘာမှဝင်မပါခဲ့ဘူး၊
အနာဂါမ်ပြောပြော၊ရဟန္တာပြောပြော
ကျုပ်ဘာမှဝင်မပါခဲ့ဘူး၊
တရားနဲ့ပတ်သက်ပြီးပြောစရာရှိရင်လည်း
ဝင်မပြောပါဘူး၊
ဦးဥတ္တမသာရနဲ့သာမှတ်မှတ်ရရနှစ်ဦးထဲ
၂-ကြိမ်ပြောဖူးတယ်၊
နောက် အဲဒီအကြောင်းလည်းပြောပြပါဦး
မယ်၊

ချစ်မြတ်နိုးနဲ့ပတ်သက်ပြီးတော့ ကျုပ်သိတ်
ပြောစရာမရှိပါဘူး၊
သူနဲ့ကျုပ်နဲ့တိုက်ရိုက်ပတ်သက်ခဲ့တာလည်း
အင်မတန်နည်းပါတယ်၊
ပြောစရာရှိတဲ့နည်းနည်းတော့ နောက်တော့
ပြောပါ့မယ်၊
ခုတော့—မယ်တော်နဲ့ပတ်သက်တာကိုပဲ
ဆက်ပြောလိုက်ပါဦးမယ်၊

ခုမယ်တော်ရဲ့အဆက်အသွယ်နဲ့မယ်တော်
ရဲ့ကျေးဇူးကြောင့် အပြင်ဖက်လောကမှာ
ကျယ်ကျယ်ပြန့်ပြန့်တရားပွဲတွေလုပ်လာရ
တယ်၊ စစ်တပ်နဲ့ပတ်သက်နေတာမို့လို့တရား
ပွဲလုပ်ဖို့အတွက်ခွင့်ပြုချက်တင်စရာတောင်း
စရာတွေလုပ်ဖို့လည်းမလိုတော့ဘူးပေါ့၊
လူတွေလည်းကျယ်ကျယ်ပြန့်ပြန့်သိလာကြ
တာပေါ့၊

နောက်ပြီးရှိသေးတယ်
ရန်ကုန်မှာ ရွှေဝါရောင်တော်လှန်ရေးအရေး
အခင်းဖြစ်နေတဲ့အချိန်၊ 2007-ခုနှစ်ကပေါ့၊

ကျုပ်နဲ့မယ်တော်နဲ့တိုင်ပင်စီစဉ်ကြပြီး
ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟုထောင့်မှာ
တရားပွဲကျင်းပဖို့လုပ်ကြတယ်၊

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်လူကြီး
တစ်ဦးက မယ်တော်နဲ့ရင်နှီးတယ်၊
သူက အငြိမ်းစားဗိုလ်မှူးကြီးတစ်ယောက်၊
ကျုပ်ကလည်း သာသနာရေးဌာနဖက်က
လူခံဖြစ်နေတယ်၊
ကျုပ်ကိုယ်တိုင်ကလည်း
တာဝန်နဲ့ရှိစဉ်တုန်းကတည်းကရွှေတိဂုံစေ
တီတော်ဂေါပကအဖွဲ့လူကြီးတို့
ရုံးအဖွဲ့မှူးတိုနဲ့လုပ်ငန်းတာဝန်အချို့ကို
ထိတွေ့လုပ်ကိုင်လာတဲ့သူပါ၊

ဂေါပကအဖွဲ့ဝင်လူကြီးရယ်၊
မယ်တော်ရယ်၊ ကျုပ်ရယ်စီစဉ်ထားတာက
2007- ရွှေဝါရောင်အရေးအခင်းမဖြစ်ခင်
ရက်က မှစီစဉ်ခဲ့ကြတာပါ၊

တရားပွဲကျင်းပခွင့်ရတဲ့ရက်က
ရွှေတိဂုံအရှေ့ဖက်မုဒ်မှာ ဘုန်းကြီးတွေနဲ့
လုံခြုံရေးတပ်ဖွဲ့တွေပစ်ကြခတ်ကြတဲ့
နေ့ရက် နောက်ရက်ဖြစ်နေတယ်၊

ရွှေတိဂုံစေတီတော်ပေါ်ကိုဘုန်းကြီးနဲ့သီလ
ရှင်လုံးဝမတက်ရဘူးလို့တားမြစ်ခံထားရ
တဲ့ရက်တွေပေါ့၊
စဉ်းစားကြည့်ကြပါ၊
ဒီလိုအချိန်
နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေကအဲဒီ
လိုတင်းမာနေတဲ့အထူးစီမံချက်ကာလ
ရွှေတိဂုံခြေရင်းမှာဘုန်းတော်ကြီးတွေနဲ့
စစ်တပ်နဲ့အဓိကရုဏ်းဖြစ်ကြပြီး
ဗဟန်းနဲ့ဒဂုံမြို့နယ်တွေမှာလုံခြုံရေးတွေ
တင်းကျပ်ထားတဲ့အချိန်ကြီးမှာ၊

ကျုပ်တို့လည်းတရားပွဲလုပ်လို့ရမှာမဟုတ်
လောက်ဘူး၊တရားပွဲပျက်ပြီလို့ယူဆနေ
တာကို ဂေါပကအဖွဲ့ဝင်(ဗိုလ်မှူးကြီး/ငြိမ်း)
က ရတယ်လုပ်သာလုပ်ပါလို့ဂေါပကအဖွဲ့
ဝင်ဗိုလ်မှူးကြီး(ငြိမ်း)ကကျုပ်နဲ့မယ်တော့်တို့
ကိုပြောတယ်၊

ဟုတ်မှဟုတ်ပါ့မလား၊ဖြစ်မှဖြစ်ပါ့မလား
နဲ့ကျုပ်တို့လည်း၄၅- လမ်းမှာရှိတဲ့ယောဂီ
တွေကားနဲ့တင်ခေါ်သွားပြီးတရားပွဲသွားလုပ်
ကြတာပေါ့၊

ရွှေတိဂုံစေတီတော်ရဲ့ ရာဟုထောင့်က
ဓမ္မာရုံထဲမှာဦးဥတ္တမသာရတရားဟောရ
တယ်၊

တရားပွဲမပြီးခင်မှာ တရားပွဲလုပ်တဲ့တာဝန်
ခံဘယ်သူလဲဆိုပြီး ကျုပ်ကိုထောက်လှမ်း
ရေးကခေါ်ပြီးစစ်တယ်၊
ပြဿနာတော့မလုပ်ပါဘူး၊
ပြဿနာမဖြစ်စေနဲ့၊
ဘုန်းကြီးဟောတဲ့ပြောတဲ့ထဲမှာ အစိုးရကို
ထိခိုက်ပုတ်ခတ်တဲ့စကားတွေ မပါပါစေနဲ့
လို့ပဲပြောပါတယ်၊

ဒါပေမဲ့—
၃-ည ဟောရမယ့်တရားပွဲက ၂-ညထဲနဲ့
အပိတ်ခံလိုက်ရတယ်၊
ပြဿနာက ဦးဥတ္တမသာရကိုယ်တိုင်က
ဖန်တီလိုက်တဲ့ပြဿနာကြောင့်ပဲ၊
ဦးဥတ္တမသာရရဲ့ရှေ့မကြည့်နောက်မကြည့်
မဆင်မခြင်ပြောမှုဆိုမှုတွေကြောင့်ပါ၊

ဘုရားရင်ပြင်ပေါ်မှာ ဂေါပကတွေမကောင်း
ကြောင်းထဲ့ပြောတယ်၊ထဲ့ဟောတယ်၊
ကောင်းသေးလား၊
အရင်ကဒါမျိုးတွေတော့မပြောဖူးပါဘူး၊
အဲဒီညကမှဘာထကြောင်တာလဲမသိဘူး၊
ကျုပ်ဖြင့် စဉ်းစားလို့ကိုမရဘူး၊
တကယ့်နေရာကျမှယောင်းမမြင်းစီးထွက်
တော့တာပါပဲ၊

ဦးဥတ္တမသာရ မှာငန်းရူးတို့ ကျောက်ရူးတို့
ရောဂါများရှိသလားမသိဘူးလို့မယ်တော်
နဲ့ပြောဖြစ်ကြသေးတယ်၊
ငန်းရုးတို့ ကျောက်ရူးတို့က အဲဒီလိုပဲတစ်ခါ
တစ်ခါထဖောက်တတ်တယ်၊
ငန်းရူး ကျောက်ရူးဆိုတာ တစ်ခါတစ်ခါ
လူထူလာရင်ထထဖောက်တယ်လေ၊

2022-ခုမှာ နိုင်ငံရေးထဲဝင်ပြီးတောင်ပြော
မြောက်ပြော ဝင်ပြောသလိုပေါ့၊
တိုင်းပြည်တိုးတက်ချမ်းသာပြီး ဒီမိုကရေစီ
နိုင်ငံဖြစ်သွားရင် ဘာသာမဲ့တွေများလာပြီး
ဘာဖြစ်မယ် ညာဖြစ်မယ်ပြောသလိုမျိုးပေါ့၊

ခု- ဒီလို 2007- ရွှေဝါရောင်အရေးအခင်း
ရက်ကြီးမှာ ပစ်ကြခတ်ကြ ဖမ်းကြဆည်း
ကြ၊ ဗုန်းတွေပေါက်ကြနဲ့ဖြစ်နေတဲ့ရက်ပိုင်း
ကြီးမှာ—
ပြဿနာဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ရွှေတိဂုံရင်
ပြင်ပေါ်ကို ဘုန်းကြီးနဲ့သီလရှင်တွေလုံးဝ
မတက်ရလို့ လုံခြုံရေးတင်းကြပ်ထားတဲ့
နေရာမှာ တရားဟောခွင့်ပြု တရားပွဲလုပ်
ခွင့်ပြုတဲ့ဂေါပကအဖွဲ့ကိုကော—

တရားပွဲဖြစ်အောင် တရားဟောရအောင်
တခုတ်တရ ကြိုးစားပေးခဲ့ကြတဲ့
ကျုပ်နဲ့ မယ်တော်ရဲ့မျက်နှာလည်းမကြည့်၊
မယ်တော်နဲ့ ပတ်သက်ပြီးရင်းနှီးမှုအရကူညီ
ပေးခဲ့တဲ့ဂေါပကအဖွဲ့ဝင်ဗိုလ်မှူးကြီးကိုလည်း
မထောက်ထားဘဲ—ခုလို ဂေါပကအပေါ်ပုတ်ခတ်ဝေဖန်တာဟာ ကြောင်တာလို့မပြော
ရင် ဘယ်လိုပြောရမလဲ၊

နို့ဆီခွက်ထဲက ပုန်းရည်ကြီးကို ရွှေကလပ်
ငွေကလပ်ပေါ်တင်ပြရုံနဲ့ အင်ဂျင်ဝိုင်မဖြစ်
နိုင်ဘူးဆိုတာ ဒါကိုပြောတာ၊

မယ်တော်နဲ့ကျုပ်နဲ့ ကဦးဥတ္တမသာရကို
သိမ်ဂုတ္တရကုန်းတော်ပေါ်တင်ပေးလိုက်
ပြန်တော့လည်းပဲ….မြင်တဲ့အတိုင်းပဲ၊

မပြီးသေးဘူးဇာတ်လမ်းက—
တရားပွဲမပြီးခင်မှာ ဦးဥတ္တမသာရရဲ့အနီး
ကပ်လက်စွဲတော်အမျိုးသမီးအချို့က
တရားပွဲထဲကထထထွက်သွားကြပြီး
အနောက်ဖက်မုဒ်ကရင်ပြင်ပေါ်မှာ
ရုတ်ရုတ်သဲသဲနဲ့သွားလုပ်နေကြသေးသဗျ၊

ထောက်လှမ်းရေးကကျုပ်ကိုလာကြပ်သွား
လို့သတိထားနေရတုန်းကြားထဲသူတို့က
ရုတ်ရုတ်သဲသဲလုပ်နေကြလို့ ဘာတွေဖြစ်
နေကြတာတုန်းလို့သွားမေးတော့…..

သူတို့ဆရာတော်ဦးဥတ္တမသာရတရားဟော
လို့စေတီကနေ ရောင်ခြည်တော်တွေလွှတ်
နေတာဆိုပြီး တစ်ယောက်တစ်ယောက်ခေါ်
ခေါ်ပြပြီးယောက်ယက်ခတ်နေကြတာလေ၊
ကျုပ်ကိုလည်းပြကြတယ်၊

အရံစေတီလေးက ငှက်မြတ်နားကို
လေကတိုက်လို့ တစ်ချက်တစ်ချက်လှုပ်
နေတယ်၊
လှုပ်နေတဲ့ငှက်မြတ်နားကို စေတီတော်ကို
ထိုးထားတဲ့ဆလိုက်မီးရောင်ကြောင့်
ဖျတ်ကနဲ
ဖျတ်ကနဲ
လက်လက်သွားတာကို ရောင်ခြည်တော်
လွှတ်နေပါတယ်ဆိုပြီး လုပ်နေကြလေရဲ့၊
လိုက်လည်းလိုက်တဲ့ဆရာတပည့်တွေ၊

အံမယ်— တရားပွဲပြီးသွားတော့သူ့အခြွေအရံ
ဒကာမတွေက သွားပြောလို့ ဦးဥတ္တမသာရ
က သူကိုယ်တိုင်လာကြည့်သေးသဗျ၊

အဲဒီအချိန်တုန်းက မီဒီယာက အခုအချိန်
လောက်အားမကောင်းသေးလို့ပေါ့၊
နို့မို့ဆို လိုင်းပေါ်ချက်ချင်းရောက်လာမှာ၊
ဆူနာမီဆရာတော်တရားဟောလို့ရွှေတိဂုံ
စေတီတော်မှာ ရောင်တော်တွေလွှတ်ပါ
တယ် ဘာညာနဲ့ဖတ်ကြရဦးမှာ။

ကြည်မိုးကောင်း(14th,April,2023)

11/04/2023

NUG ရေ ခေါင်းလေးသုံးပါဦးဟေ့

Crd Aung Myo Win

ဒီနေ့လည်း ကျဆုံးသူ ရာဂဏန်း ကပ်နေပါပြီ။
ကန့်ဘလူနယ်မှာ ဗုံးကြဲခံရတာ ပအဖရုံးဖွင့်ပွဲ။ အညာမှာနေသူတချို့ သိကြမှာပေါ့၊ ဒီလိုပွဲမှာ မြို့နယ်အဆင့်မှာ အမတ်နဲ့၊ နူဂျီဌာနစုံ လူကြီးတွေ၊ ပကဖ/ပီဒက်ခေါင်းဆောင်တွေ ပွဲတက်ကြတယ်။
လခရအင်အားလည်း များတယ်။ စစ်​ကြောင်းတွေ အနားမကပ်နိုင်ဘူး။ အဲ့တော့ ဗုံးကြဲတာပေါ့။

ဗုံးကွဲတဲ့ကျင်းကြည့်ရတာ ပေါင် ၅၀၀ ဗုံးဖြစ်မယ်။ ပုဇဥ်းနဲ့ပါ ဆွဲသွားသေးတယ်ဆိုတော့ ကျဆုံးသူ ရာဂဏန်း ကပ်သွားနိုင်တယ်။

စစ်မြေပြင်မှာ ပွဲလမ်းသဘင် မလုပ်သင့်ကြောင်း ဘယ်သူပြောပြော နားမထောင်ကြဘူး။
မှတ်ထားသလောက်ဆို တစ်နှစ်အတွင်း ပအဖရုံး တိုက်ခိုက်ခံရတာ ၄ ကြိမ် ရှိပြီ။ ဒီတစ်ပွဲကတော့ အချိန်အတိအကျဖြစ်သွားလို့ အထိနာသွားပြီ။

ရန်သူက ကျည်ရောက်၊ လူရောက် တိုက်ခိုက်နိုင်ရင် အဲဒီနေရာက စစ်မြေပြင်ပဲ။ အရပ်ဖက်ဌာနပွဲတွေ၊ အရပ်သားလူစုလူဝေးပွဲတွေ မလုပ်သင့်ဘူး။
နုကြည်ကိုယ်တိုင်က အုပ်ချုပ်နိုင်ကြောင်း ပြသဖို့ လုပ်ခိုင်းနေသရွေ့ ဝမ်းနည်းစရာတွေ ကြုံရဦးမှာပဲ

Address


Website

Alerts

Be the first to know and let us send you an email when Watchers - စောင့်ကြည့်သူများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share