Colorful Rakhine HRD Group

  • Home
  • Colorful Rakhine HRD Group

Colorful Rakhine HRD Group This group will give you knowledge.

ရခိုင်ပြည်နယ်၊ ပေါကတော်မြို့နယ်ရှိ တောင်းဖူးကျေးရွာသို့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက် (၉) နာရီ အချိန် တွင် စ...
11/01/2024

ရခိုင်ပြည်နယ်၊ ပေါကတော်မြို့နယ်ရှိ တောင်းဖူးကျေးရွာသို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၊ နံနက် (၉) နာရီ အချိန် တွင် စစ်ကောင်စီစစ်တပ် ၏ စစ်ရေယာဉ် (၃) စီး ရောက်ရှိလာခဲ့သည်။ ကျေးရွာအတွင်းတွင် နေထိုင်ကြသော ရွာသားများ အားလုံး နေရပ်စွန့်ခွာခဲ့ရသည်။ စစ်ကောင်စီ စစ်တပ် ၏ ရေယာဉ်များမှ စစ်သားများ ရွာထဲသို့ ဝင်ရောက်ပြီး မီးရှို့ခဲ့ကြကြောင်း ဒေသခံများ မှ အတည်ပြုသည်။

အသေးစိတ်အတည်ပြုနိုင်ရန် ကြိုးစားနေကြဆဲဖြစ်ကြောင်းသိရှိရသည်။

မည်သို့ပင်ဖြစ်ပျက်ခဲ့သည့်ဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခ အတွင်း အရပ်သား နှင့် အရပ်သားဆိုင်ရာ အဆောက်အဦးများ အား မည်သည့် State Parties များ က ထိခိုက်ဖျက်ဆီး ခြင်းမပြုရပေ။ ဤကဲ့သို့ ကျေးရွာအားမီးရှို့ ဖျက်ဆီးသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြအပ်ပေသည်။

တောင်းဖူးကျေးရွာသည် ပေါက်တောမြို့ အနောက်ဖက် (၅) မိုင်ခန့် အကွာတွင် တည်ရှိသော ရွာဖြစ်သည်။

ဓါတ်ပုံ - တောင်းဖူးကျေးရွာ မီးလောင်နေသော မြင်ကွင်း ကို မြင့်ဂါသစ် ကျေးရွာဖက်ခြမ်းမှ မြင်တွေ့ရပုံဖြစ်ပါသည်။

# Colorful Rakhine HRD Group

Photo Credit: Internet

မြောက်ဦး ပြတိုက် ကို ဘယ်သူတွေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလဲ။2023 ခုနှစ် ဒီဇင်ဘာလ 23 ရက်နေ့မှာ မြောက်ဦးမြို့ထဲမှာ ပြင်းထ...
07/01/2024

မြောက်ဦး ပြတိုက် ကို ဘယ်သူတွေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သလဲ။

2023 ခုနှစ် ဒီဇင်ဘာလ 23 ရက်နေ့မှာ မြောက်ဦးမြို့ထဲမှာ ပြင်းထန်တဲ့၊ သေနတ်သံတွေ ပေါက်ကွဲသံတွေကိုကြားခဲ့ရတယ်လို့
မြောက်ဦးမြို့ ညောင်ပင်စျေးအရပ်တွင် ထမင်းဆိုင်ဖွင့်လှစ်ရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

"တစ်ညလုံးပေါက်ကွဲသံတွေ ကြားနေခဲ့ရတဲ့ အတွက် တစ်ညလုံးမအိပ်နိုင်ခဲ့ကြပါဘူး"

နောက်တစ်နေ့
24 ရက် ဒီဇင်ဘာ 2024
နံနက် မှာ AA တပ်က ငွေတောင်ပေါက် အရပ်မှာ ရှိတဲ့ ခရိုင် ရဲစခန်းကို သိမ်းပိုက်ခဲ့ပါတယ်။

ဒီဇင်ဘာလ (24)ရက်နေ့ ဟာ တနင်းဂနွေနေ့ ဖြစ်ပါတယ်။

မြောက်ဦး မြို့ခံအများစုဟာ. နီးစပ်ရာရွာတွေကို ထွက်ပြေးခဲ့ကြရပါတယ်။ ထွက်ပြေးရတဲ့ အကြောင်းအရင်းကတော့ စစ်ပွဲဖြစ်လာရင် ထိခိုက်သေကြေကြမှာစိုးရိမ်ကြလို့ပါပဲ။

ဒီဇင်ဘာလ 24 ရက်နေ့တစ်နေ့လုံးဟာ မြောက်ဦးမြို့ တစ်ခုလုံးငြိမ်သက်နေပြီး ပစ်ခတ်သံတွေ လည်း မကြားကြရဘူးလို့ ဆင်ချဆိပ် အရပ်မှာနေထိုင်သူတစ်ဦး က ဆိုပါတယ်။

ဒီဇင်ဘာလ 25 ရက်နေ့မှာတော့ မြောက်ဦးမြို့ ပတ်ဝန်းကျင်မှာ တည်ရှိနေတဲ့ (၃၇၇) တပ်ရင်းမှ လက်နက်ကြီး အဆက်မပြတ် မြို့ထဲသို့ ပစ်ခတ်ခဲ့ပါတယ်။ ဆင်ချဆိပ်အရပ် မှာ လက်နက်ကြီးကျည်ဆန်များကျရောက်ပေါက်ကွဲခဲ့ လို့ အရပ်သားတွေသေဆုံးမှုရှိခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်။
(မြောက်ဦးမြို့တွင်း ဆင်ချဆိပ်အရပ်တွင် လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့သူများ Case Study အဖြစ် မှတ်တမ်းပြုစုလျှက်ရှိပါသည်။)

တပ်ရင်း ၅၄၀ မှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်လာခဲ့တယ်။
"ဘယ်ဆီကို ပစ်လို့ပစ်မှန်းမသိ ပစ်နေတာပဲ၊ ကြောက်ကြောက်နဲ့ အိမ်ထဲမှာ ပြားပြားဝပ်နေခဲ့ကြတယ်" တောင်အရပ်မှာ နေထိုင်သူအမျိုးသမီး တစ်ဦးကဆိုပါတယ်။

ဤကဲ့သို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့်မြောက်ဦးပြတိုက် ဟာထိခိုက်ခဲ့ရတာဖြစ်တယ်လို့ မြောက်ဦးတွင်
ကွမ်းယာ ရောင်းသူ အမျိုးသားတစ်ဦးကဆိုပါတယ်။

2023 ခုနှစ်အစပိုင်းတွင် UNESCO က မြောက်ဦးကို The World Heritage အဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ခဲ့သေးပေ။ အကြောင်းမှာ ​စစ်အာဏာသိမ်းထားသော စစ်ကောင်စီ ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေညီလာခံ က အသိအမှတ်လုံးဝမပြုသောကြောင့်ဖြစ်သည်။

မြောက်ဦးမြို့သည် The World Heritage စာရင်းတွင် ဖော်ပြခြင်း မခံရသေးသော် လည်း ​မြန်မာနိုင်ငံ၏ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တစ်ခု အဖြစ် UNESCO က တရားဝင်ဖော်ပြထားပါသည်။

ရရှိခဲ့သော ဓာတ်ပုံများ အင်တာဗျူးများအရ
(1)အရပ်သား

(2)ယဥ်ကျေးမှုအမွေ အနှစ်များ

(3) အရပ်သားဆိုင်ရာ အဆောက်အဦး (Civilan Building)
များ ကို စစ်ပွဲ၏ ပစ်မှတ်သဖွယ် ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။

ဤကဲ့သို့ပစ်ခတ်ခြင်းမှာ စစ်ကောင်စီစစ်တပ်မှ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းထင်ရှားပေသည်။

ကျူးလွန်သူများမှာ - တပ်ရင်း ၃၇၇ နှင့် တပ်ရင်း ၅၄၄ ဖြစ်ကြောင်း ဒေသခံများ က အတည်ပြုကြပြောဆိုကြသည်။

ပေါက်ကွဲမှု အပိုင်းအစများ ကို သုံးသပ်ခြင်းအားဖြင့် 40 mm. high explosive shells ဖြစ်ကြောင်းတွေ့ရှိရသည်။
ထို့ကဲ့သို့သော လက်နက်မျိုးမှာ စစ်ကောင်စီ ၏ လက်နက်သာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

Ref: SEAArch
Photo Source: Internet
# Colorful Rakhine HRD Group

လူ့အခွင့်အရေးချိုး​ဖောက်မှုများကို မှတ်တမ်းတင်မှု နှင့် တာဝန်ယူမှု၊ တာဝန်ခံ မှု။- လူ့အခွင့်အရေး မှတ်တမ်းတင်သူများအနေဖြင်...
31/12/2023

လူ့အခွင့်အရေးချိုး​ဖောက်မှုများကို မှတ်တမ်းတင်မှု နှင့် တာဝန်ယူမှု၊ တာဝန်ခံ မှု။

- လူ့အခွင့်အရေး မှတ်တမ်းတင်သူများအနေဖြင့် ပထမဦးဆုံး တာဝန်ခံရမည့် အရာမှာ ဘက်မလိုက်ခြင်းဖြစ်သည်။
- ကျူးလွန်ခံရသူများ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို မပေါက်ကြားစေရန် တာဝန်ယူမှုရှိရပါမည်။
- လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းတင်မှုသည် သတင်းမီဒီယာ လုပ်ငန်းစဥ်နှင့် ခြားနားသည်။
- လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ကို မှတ်တမ်းတင်ခြင်း၏ ရည်ရွယ်ချက်မှာ - တရားမျှတမှုကို ရှာဖွေနိုင်ရန်
ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် ကျူးလွန်သူကို တရားစွဲဆိုနိုင်ရေး ၊ ပြစ်ဒဏ်ချမှတ်နိုင်ရေး ဖြစ်ပါသည်။ ကျူးလွန်သူများကို ပြစ်ဒဏ်မှ အလိုအလျောက် ကင်းလွတ်ခွင့် Impunity မရရှိစေရ။
- ထို့ကြောင့် မှတ်တမ်းတင်သူများသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်သက်သေများကို မပေါက်ကြားစေရန် နှင့် မပျောက်ပျက်စေရန် အထူးတာဝန်ယူကြရမည်ဖြစ်ပါသည်။

# Colorful Rakhine HRD Group

စစ်ပွဲအတွင်း မြောက်ဦး ပြတိုက် ထိခိုက်ပျက်စီး မှု အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်။မြန်မာနိုင်ငံသည် The Hagu...
29/12/2023

စစ်ပွဲအတွင်း မြောက်ဦး ပြတိုက် ထိခိုက်ပျက်စီး မှု အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်။

မြန်မာနိုင်ငံသည် The Hague Covention ကို 1956 ကပင် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတစ်ခု ဖြစ်ပေသည်။

လူသားတို့ ၏ သမိုင်းဝင် လက်ရာများနှင့် ယဥ်ကျေးမှုအမွေအနှစ်များ လက်နက်ကိုင်ပဋိပက္ခ အတွင်း ဖျက်ဆီးမှု မပြုလုပ်ရန် နှင့် လေးစားစွာထိန်းသိမ်းရန် နိုင်ငံတကာ အဆင့် လက်မှတ်ရေးထိုးရာ ၌ 1956 ခုနှစ်ကပင် မြန်မာနိုင်ငံ ပါဝင်ခဲ့ခြင်းဖြစ်သည်။

2019 ခုနှစ်ကပင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခွင် ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် သမိုင်းအမွေအနှစ်ဖြစ်သည့် မြောက်ဦး မြို့ဟောင်းသည် အနည်းအများထိခိုက်မှုတို့ကြုံတွေ့ခဲ့ရသည်။

ထိုအကြောင်းကိစ္စများအတွက် ဒေသခံများ၊ မီဒီယာများ၊ လူမှုအသင်းအဖွဲ့များ ၏ ဝေဖန်သံတချို့ ထွက်ပေါ်ခဲ့သည်။

2021 ခုနှစ်အာဏာသိမ်းပြီးနောက်
ယခု တဖန် ပေါ်ပေါက်လာသော 1027 စစ်ဆင်ရေးနဲ့ဘပတ်သက်သည့် တိုက်ပွဲများတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ သမိုင်းဝင်အမွေအနှစ်များ ထိခိုက်မှု အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့သည်။

2023 ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့တွင်
မြောက်ဦးပြတိုက်သို့ လက်နက်ကြီးထိမှန်ခဲ့ပြီး အဆောက်အဦးထိခိုက်ပျက်စီးခဲ့ရ ကြောင်း Colorful Rakhine HRD group က အတည်ပြုနိုင်ခဲ့သည်။

ဤထိခိုက်မှုသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားသော လက်နက်ပဋိပက္ခ အတွင်း အဆိုးဝါးဆုံး
ယဥ်ကျေးမှုဆိုင်ရာ အမွေအနှစ်ထိခိုက် မှုအဖြစ် Colorful Rakhine HRD group က သတ်မှတ်သည်။

ထိုကဲ့သို့ ထိခိုက်ပျက်စီးရမှုများသည် စစ်ကောင်စီတပ်များ က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း ဒေသခံများ က ဆို၏။
သတင်းမီဒီယာ များတွင်လည်း စစ်ကောင်စီ ဖက်က ပစ်ခတ်သော လက်နက်ကြီး ကျည်ကြောင့်ပျက်စီးရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြကြသည်။

လက်ရှိမြန်မာနိုင်ငံ ၏ အနေအထားအရ
သမိုင်းဝင်အမွေအနှစ်များကို လက်နက်ပဋိပက္ခအတွင်း ထထိခိုက်မှုမရှိစေရေး တာဝန်ခံရမည့်အစိုးရ မရှိသော်လည်း၊

အာ ဏာသိမ်းထားသည့် စစ်ကောင်စီ သည် ဤထိခိုက်မှုကို ဥပဒေ နည်းလမ်းအရ အလုံးစုံတာဝန်ယူရပေလိမ့်မည်။
စစ်ကောင်စီဖက်က ယခုတိုင်အောင် တာဝန်ယူရန် ပျက်ကွက်လျှက် ရှိနေခြင်းသည် မြန်မာနိုင်ငံတာဝန်ယူ လက်မှတ်ရေးထိုး ခဲ့သည့် နိုင်ငံတကာ စံညွှန်း ကတိကဝက် ကို စစ်ကောင်စီ အနေဖြင့် အလေးမထားရာရောက်ကြောင်း ဖော်ပြအပ်ပေသည်။

# Colorful Rakhine HRD Group

Photo Source: Development Media Group

27/12/2023

Cluster Munition ခေါ် အတွဲလိုက်ဗုံးများ၏ အန္တရာယ်

လက်ရှိအချိန်တွင် စစ်ကောင်စီစစ်တပ်သည် ၂၀၂၃ ခုနှစ်အောက်တိုလာ(၂၇) နေ့ က စတင်ပေါ်ပေါက် စစ်ဆင်ရေး (၁၀၂၇) ကြောင့်ဖြစ်ပွားသော လက်နက်ကိုင် ပဋိပက္ခများတွင် နိုင်ငံတကာတွင် တားမြစ်ထားသည့် Cluster Munition အတွဲလိုက်ဗုံးများ အသုံးပြုတိုက်ခိုက်နေကြောင်း စွပ်စွဲနိုင်လောက်သည့် သက်သေများပေါ်ခွက်ခဲ့သည်။
Cluster Munition ခေါ် အတွဲလိုက်ဗုံးများသည် အရပ်သားပြည်သူများ ကို ချက်ချင်းသေကြပျက်စီး နိုင်သကဲ့သို့ မပေါက်ကွဲဘဲကျန်ရစ် သော ကြွင်းကျန် ဗုံးသီးများကလည်း ရေရှည်တွင် အရပ်သားများကိုသေကြေပျက်စီးနိုင်ကြောင်းတွေ့ရှိရသည်။ Cluster Munition ၏ မပေါက်ကွဲ လဲ မြေကြီးတွင် ကြွင်းကျန်ရစ်ပါက မြေမြှုပ်မိုင်းကဲ့သို့ ကျန်ရစ်မည်ဖြစ်ပြီး ၊ နင်းမိခြင်း (သို့) ထိတွေ့မိခြင်း ဖြစ်ပါက မြေမြှုပ်မိုင်းကဲ့သို့ပေါက်ကွဲနိုင်သည်။ ထို့ကြောင့် Cluster Munition (ခေါ်) အတွဲလိုက်ဗုံးများ ကို ကမ္ဘာတစ်ဝှမ်း အသုံးမပြုရန် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ဂျနီဗာမြို့ ၌ UNက နိုင်ငံအားလုံးကို International ban on cluster munitions (နိုင်ငံတကာ အတွဲလိုက်ဗုံးအသုံးမပြုရေး) သို့ ပူးပေါင်းကြပါရန် ဆော်ဩခဲ့သည်။
2022 ခုနှစ်အတွင်း - အသေအပျောက်စာရင်းဇယားအစီရင်ခံစာပါနောက်ဆုံးနှစ် - Monitor မှမှတ်တမ်းတင်ထာချက်များ အရ -cluster munition ပေါက်ကွဲမှုကြောင့်
အစုလိုက်အပြုံလိုက်အသေအပျောက်များ၏ 95 ရာခိုင်နှုန်းသည် အရပ်သားများဖြစ်‌ကြောင်းတွေ့ရှိရသည်။
2022 ခုနှစ်အတွင်း Cluster Munition အတွဲလိုက် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉၈၇ ဦး သေဆုံးပြီး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက် ၈၉၀ ဦးမှာ ယူကရိန်းနိုင်ငံတွင်ဖြစ်သည်။ ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ၎င်း၏နိုင်ငံကို အပြည့်အ၀ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် ယူကရိန်းတွင် အစုလိုက်အပြုံလိုက် ဗုံးများကို အကြိမ်ကြိမ်အသုံးပြုခဲ့ပြီး အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုတို့ကို ဖြစ်ပေါ်စေခဲ့ကြောင်းတွေ့ရှိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် အစုလိုက်အပြုံလိုက် ဗုံးများကို အသုံးပြုခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ် နှင့် ဆီးရီးယားအစိုးရတပ်များသည် 2022 ခုနှစ်တွင် Cluster munition အတွဲလိုက် ဗုံးများကို အသုံးပြုခဲ့ပြီး အရပ်သားများကို ထိခိုက်နစ်နာစေခဲ့သည်။မြန်မာနိုင်ငံ နှင့် ဆီးရီးယားနိုင်ငံသည် အစုလိုက်အပြုံလိုက် ယမ်းများကို တားမြစ်ပိတ်ပင်သည့် နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အတည်ပြုခြင်း မပြုခဲ့ပေ။

Amnesty International ၏ဖော်ပြချက်များတွင် -

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တိုက်ခိုက်မှုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညနေနှောင်းပိုင်း သို့မဟုတ် ဒီဇင်ဘာလ ၂ ရက်နေ့ အစောပိုင်းတွင် မြန်မာစစ်တပ်က နမ့်ခမ်းမြို့အား cluster munition အတွဲလိုက်ဗုံးများ အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်းမှတ်တမ်း က ဆိုပါတယ်။
ဤကဲ့သို့ ဗုံးများ အသုံးပြုခြင်းသည် နိုင်ငံတကာတွင် တားမြစ်ထားသောကြောင့် ၎င်းတို့၏အသုံးပြုမှုသည် စစ်ရာဇ၀တ်မှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ လက်နက်စုံစမ်းစစ်ဆေးရေးမှူးသည် အခင်းဖြစ်ပွားရာနေရာ၌ သိမ်းဆည်းရမိသော လက်နက် အပိုင်းအစ ဓာတ်ပုံငါးပုံကို ခွဲခြမ်းစိတ်ဖြာပြီး cluster munition ၏ အကြွင်းအကျန်များကို ရှာဖွေဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ - ရခိုင်ပြည်နယ် ၏ နေရာတိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလျှက်ရှိသည်။ အရပ်သားနှင့် အရပ်သားဆိုင်ရာအဆောက်အဦးများနေ့စဉ်နှင့် ထိခိုက်ပျက်စီးနေကြရသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများနေ့စဉ်နှင့်အမျှ သေကြေပျက်စီးနေကြရသည်။ စစ်ကောင်စီ သည် ရှမ်းပြည်နယ်တွင် Cluster munition ခေါ် အတွဲလိုက်ဗုံးများ ကို အသုံးပြုခဲ့သည့်အတွက် ရခိုင်ပြည်နယ်ရှိ အရပ်သားများ အလွန်စိုးရိမ်လျှက်ရှိကြသည်။

Cluster Munition, The Danger

At present, the military council has gathered enough evidence to accuse them of using cluster munitions, which are banned internationally, in the armed conflicts caused by operation (1027), which began on October 27, 2023.
Cluster munitions can kill civilians immediately, and unexploded remnants can also kill civilians in the long-term. If the unexploded cluster munition remains in the ground, it will remain like a landmine for many years. If stepped on or touched, it can explode like a landmine. Therefore, on September 5, 2023, in Geneva, the UN called on all countries to join International ban on cluster munitions (not to use cluster munitions) around the world.

During 2022 – the latest year covered by the report casualty statistics – 95 percent of cluster munition casualties recorded by the Monitor were civilians. Cluster munition attacks killed or wounded at least 987 people in 2022, of whom 890 were in Ukraine. Russia has used cluster munitions repeatedly in Ukraine since its full-scale invasion of the country on February 24, 2022, causing civilian deaths and injuries. Ukrainian forces have also used cluster munitions, resulting in civilian casualties. The Myanmar military and Syrian government forces used cluster munitions in 2022, causing further civilian harm. None of these countries have signed or ratified the international treaty banning cluster munitions.

Amnesty International has described:
“Amnesty International also documented an attack on Namkham township in northern Shan State. Late in the evening of 01 December 2023 or very early on 02 December, the Myanmar military conducted an air strike on Namkham using bombs that were most likely cluster munitions.
Cluster munitions are internationally banned as they are inherently indiscriminate, and their use constitutes a war crime.
Amnesty International’s weapons investigator analyzed five photographs of ordnance scrap recovered at the scene, and identified the remains of a cluster munitions dispenser.”

At present- armed conflicts are happening everywhere in Rakhine State. Many civilians and civilian building are being damaged. Civilians are being killed by the strike of heavy weapons. Because the military council used cluster munitions in Shan State, people in Rakhine State are very concerned about cluster munition.

# Colorful Rakhine HRD Group

Ref: The Monitor, Amnesty International
Video Source: Amnesty International

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ (3)နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ပေါက်တောမြို...
25/12/2023

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ (3)

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ပေါက်တောမြို့မှ နှင်ထုတ်ခဲ့ပြီး ဖမ်းဆီခံ အရပ်သားများအား လောကထိပ်ပန် ဘုရား ဝင်းမှ ကယ်ထုတ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားကြောင်း မျက်မြင် သက်သေများက ပြောပါတယ်။

“အဲဒီ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့ရတယ်” ဟု ဘုရားဝင်းထဲတွင် ထိန်းသိမ်းခံထားရပြီး ယခုအခါ အနီးနားကျေးရွာတွင် ခိုလှုံနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးက ပြောသည်။ “အရင်ကထက် အခု ပိုလုံခြုံတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျမတို့ ပေါက်တောမြို့ကို ဗုံးကြဲခံရပြီး မီးခိုးတွေ တောက်လောင်နေတာကို တွေ့နေရဆဲပါ” ဟု ပြောပါတယ်။

နောက်ရက်များတွင် တပ်မတော်မှ ပေါက်တောမြို့နယ်ရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ရေကြေင်း နှင့်လေကြောင်းမှ ဆက်လက်ပစ်ခတ်ခဲ့သည်။
Amnesty International သည် ပေါက်တောမြို့၏ ဂြိုလ်တုပုံရိပ်များကို ပြန်လည်သုံးသပ်ခဲ့သည်။ 2023 ခုနှစ် ဒီဇင်ဘာလ 01 ရက်နေ့တွင် ရိုက်ကူးထားသော ပြတ်သားသော ဓါတ်ပုံသည် ကျယ်ပြန့်သော မီးလောင်မှု၊ ပျက်စီးမှု နှင့် ပျက်စီးမှုများရှိနေသည့် ဧရိယာအများအပြားကို ပြသထားပြီး
ဈေးတစ်ခု၊
အရပ်သားနေအိမ်များနှင့်
ဘာသာရေးနေရာများအနီးရှိ ဧရိယာများမီလောင်သွားနိုင်ခြေရှိကြောင်း ပုံများက ညွှန်းဆိုသည်။

ထို့အပြင်၊ အနီးနားရှိ အနီအောက်ရောင်ခြည် ဂြိုလ်တုဓာတ်ပုံများတွင်
ဆေးရုံဝင်းနှင့် အနီးနားရှိ မီးလောင်ပြင်ကြား ရှိ အဆောက်အအုံများကို ကြီးကြီးမားမား ပျက်စီးစေကြောင်း ပြသသည်။ အပျက်အစီးအဆင့်နှင့် အနီးနားရှိ မီးလောင်ပြင် ၏ အရွယ်အစားသည် လေကြောင်းတိုက်ခိုက်မှု၏ ရလဒ်ဖြစ်ဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အတွင်း ပျက်စီးမှုများဖြစ်ပွားခဲ့ခြေရှိကြောင်း ဓာတ်ပုံက ညွှန်ပြသည်။
ယခုဖော်ပြပါအနီအောက်ရောင်ခြည် ပုံ တွင် ပါရှိသော ဧရိယာသည် ပေါက်တော ပြည်သူ့ဆေးရုံ အနီးပတ်ဝန်းကျင်ပုံဖြစ်ပါသည်။ ပုံတွင် သစ်ပင်နှင့် အစိမ်းရောင် အပင်များ၏ အရောင်မှာ အနီရောင်ဖြင့် မြင်ရမည်။ အဝါရောင်လေးထောင့်ကွက်တွင် ဖော်ပြထားသော နေရာများမှာ မကြာသေးမှီက ထိခိုက်ပျက်စီးခဲ့သော အရပ်သားဆိုင်ရာ အဆောက်အဦးများဖြစ်သည်။ အပြာရောင်မျှားဖြင့်ဖော်ပြထားသော နေရာမှာ မီးလောင်ပြင်နေရာဖြစ်ပြီး အနက်ရောင်နှင့် အညိုရောင်သမ်းလျှက် မြင်တွေ့ရမည်။ ထိုမီးလောင်ပြင်သည် ခန့်မှန်းခြေ (၄) မီတာ အချင်းရှိပြီး၊ ပျက်စီးထိခိုက်မှုအားလုံးသည် လေကြောင်းပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရဖွယ်ရှိကြောင်း ညွှန်ပြနေသည်။

ဆက်လက်ဖော်ပြပါမည်။

# Colorful Rakhine HRD Group
Ref: Amnesty international
Photo: Amnesty international

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ (၂) နိုဝင်ဘာလ(၁၆)ရက် ၂၀၂၃ ည… လောကထိပ်ပန်ဘုရားဝင်း၊ ပေါက်တောမြို့။ ရခိုင်ပြည်နယ်။အဲဒီည တု...
25/12/2023

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ (၂)

နိုဝင်ဘာလ(၁၆)ရက် ၂၀၂၃
ည…
လောကထိပ်ပန်ဘုရားဝင်း၊ ပေါက်တောမြို့။ ရခိုင်ပြည်နယ်။

အဲဒီည တုန်းက……. မိုးတွေလည်း သဲကြီးမဲကြီးရွာနေတယ်။

စစ်သားတွေဟာ လောကထိပ်ပန် ဘုရားကြီးဝင်းထဲမှာ ရှိနေကြတဲ့လူတွေကို ဒီအတိုင်း ဘုရားရင်ပြင်မှာ မိုးရေထဲထိုင်ခိုင်းထားခဲ့တယ်။

“တချို့ယောက်ကျားတွေကို လက်ပြန်ကြိုးတုတ်ထားတယ်။” အသက်(၂၄) နှစ်၂၄ရွယ် အမျိုးသမီးတစ်ဦး ကပြန်ပြောပြသည်။ ဒီအမျိုးသမီးလေးကိုလည်း သေနတ်နဲ့ချိန်ရွယ်ပြီး စစ်တတပ်က ဖမ်းဆီးခဲ့တာပါ။

‘ကျမတို့အားလုံး မိုးရေထဲတစ်ညလုံးထိုင်နေခဲ့ရတယ်။ နောက်နေ့မနက် မိုးလင်းတဲ့အခါကျတော့ ဓမ္မာရု့ထဲကို ဝင်ခိုင်းပြီး ၊ အပြင်ကနေသော့ပိတ်ထားခဲ့တယ်။”
------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------
နိုဝင်ဘာလ (၁၆) ရက်၊ ၂၀၂၃။
နေ့လည် (၃)နာရီဝန်းကျင်။ ပေါက်တောမြို့တွင်း။

အသက်(၂၈) နှစ် အရွယ် အမျိုးသမီးတစ်ဦး ဟာ သူ့ရဲ့မိဘများနဲ့အတူ နေအိမ်မှာပဲ ပုန်းနေခဲ့တာပါ။
နေ့လည်ပိုင်းမှာတော့ စစ်သေားတွေဟာ သူတို့ပုန်းနေတဲ့နေရာကို ရှာတွေ့သွားပြီး သူတို့ကို ဖမ်းတယ်။ အခြားမိသားစု နှစ်ခုကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။
ရွေတွေ၊ ပိုက်ဆံတွေ၊ ဖုန်းတွေကို စစ်သားတွေ အကုန်လုယူတယ်။
ပြီးတော့ ယောက်ကျားတွေကို ဖမ်းခေါ်သွားတယ်၊ အမျိုးသမီး နဲ့ ကလေးငယ်တွေကို တော့ ချန်ရစ်ခဲ့တယ်။
နောက်နေ့ မနက်မိုးလင်းတော့ အခြားစစ်သားတစ်ဖွဲ့ ထပ်ရောက်လာပြီး ကျန်ခဲ့သူတွေအားလုံးကို ဖမ်းတော့တာပါပဲ။

-------------------------------------------------------------------- -
----------------------

နိုဝင်ဘာလ (၁၇) ရက်နေ့၊ ပေါက်တောမြို့တွင်း။
“ကျနော်က အသက်(၆၀)ရှိပြီ။ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ကျနော် နဲ့ အတူ ယောက်ကျား(၃)ယောက် ကိုစစ်သားတွေက ဖမ်းပါတယ် ။ အဖမ်းခဲရသူတွေထဲမှာ ကျနော်တို့လမ်းထဲမှာ နေတဲ့ သူ (၂)ယောက် ပါပါတယ်။ ကျနော်တို့ အားလုံးကို လောကထိပ်ပန် ဘုရားဝင်းထဲကို ဖမ်းခေါ်သွားခဲ့တာပါ။ “

“မင်းတို့အားလုံးကို သတ်ပစ်မယ်” လို့ စစ်သားတွေ က ခြိမ်းခြောက်ခဲ့ကြောင်း ထိုအမျိုးသားက ပြန်ပြောပြသည်။

------------------------------------------------------------------------------------------
---------------------------------
လောကထိပ်ပန် ဘုရားဝင်းထဲမှာ အဖမ်းခံထားရသူတွေကို ဓမ္မာရုံထဲ နှစ်ရက်တိတိ သော့ခတ်ပိတ်လှောင်ထားခဲ့တယ်။ အဲ့ဒီ (၂) ရက်အတွင်း မည်သည့် အစာရေစာ ကိုမျှ မပေးခဲ့ပါဘူး။
အဖမ်းခံထားရသူတွေရဲ့ ဖုန်းတွေကို စစ်သားတွေက တောင်းယူသွားခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းခံရသူတွေ ရဲ့ ဆွဲကြိုး၊ နားကပ်၊ အစရှိတဲ့ လက်ဝတ်လက်စားတွေ ပိုက်ဆံတွေ တန်ဖိုးရှိတဲ့ အရာတွေကို စစ်သားတွေက သိမ်းဆည်းသွားပါသေးတယ်။
လောကထိပ်ပန် ဘုရားဝင်းထဲမှာ ခိုလှုံနေခဲ့သူများအား ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဟာ - လွတ်လပ်ခွင့် မတရားချုပ်ချယ်ခြင်း (arbitrary deprivation of liberty) ကို စစ်ကောင်စီစစ်သားတွေကို ကျုးလွန်ခဲ့တာပါပါ။
အဖမ်းခံခဲ့ရတဲ့ အရပ်သား ပြည်သူတွေ ကို ပြင်းထန်သောရာသီဥတုကို ထိတွေ့စေခြင်း၊ အစာရေစာပြတ်လပ်စေခြင်း တို့ကို ပြုမူဆက်ဆံခဲ့ခြင်းတွေဟာ လူသားဆန်စွာ ဆက်ဆံရမည့် ကျင့်ဝတ်စည်းကမ်း (the principle of humane treatment) ကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတို့၏ တစ်သီးပုဂ္ဂလပိုင် ပစ္စည်း (Private Prooerty) ကို လုယူခဲ့ခြင်း များဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေ (international humanitarian law) ဖြင့် တားမြစ်ကန့်သတ်ချက်ကို ဖောက်ဖျက်ခဲ့သည့် အတွက် စစ်ရာဇဝတ်မှု အဖြစ်သတ်မှတ်နိုင်ပါတယ်။
-------------------------------------------------------------------------------------------- -----------------------------------------
ပေါက်တောမြို့ထဲက အရပ်သားတွေ နေရာရွှေ့ပြောင်းရေးကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေး သမား တစ်ဦး ကတော့ ပေါက်တောမြို့ထဲ ထွက်ပြေးလို့ မလွတ်နိုင်ခဲ့ပါဘူး။
သေနတ်ပစ်သံတွေ ၊ ကြီးမားတဲ့ ပေါက်ကွဲသံတွေကို ပထမ (၅) ညမှာ ဆက်တိုက်လိုလို ကြားနေခဲ့ရတယ် လို့ သူကပြောပြပါတယ်။ သူနဲ့ အတူ အိမ်တစ်လုံးမှာ ပုန်းကွယ်နေခဲ့သူ အခြား (၄) ဦး ရှိပါတယ်။ မြို့ထဲမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ဖုန်းတွေလည်း နှစ်ရက်အကြာမှာ ဘတ္ထရီ အားကုန်သွားခဲ့ပြီ ဖြစ်ပါတယ်။ စားစရာ အနည်းငယ် နဲ့ ရေဘူးလေးတွေကို ချွေတာနေခဲ့ရတာပါ။

“တချို့နေ့တွေမှာ ကျနော်တို့ဘာမှမစားခဲ့ရဘူး။ ကြောက်လန့်တကြား အိပ်စက်ခဲ့ရပါတယ်”

နိုဝင်ဘာလ (၂၄)ရက်နေ့မှာတော့………………. အနီးအနားက ရွာတစ်ရွာ ဆီကို ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

စစ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ဖြတ်တောက်ထားတဲ့ အတွက် စစ်ဘေးရှောင်တွေ ဆီကို မည်သည့် အထောက်အပံ့မှ မရောက်နိုင်တော့ပါဘူး ။ ဒါ့အပြင် ကုန်စျေးနှုန်း တွေကလည်း အဆမတန် တဟုန်ထိုးမြင့်တက်သွားခဲ့ပါတယ်။
သက်ကြီးရွယ်အို စစ်ဘေးရှောင်များ၊ ကလေးငယ်တွေမှာ မိုးရေထဲမှာ လုံလောက်တဲ့ အမိုးအကာ မရရှိခဲ့ခြင်း၊ စောင်တွေ လုံလောက်စွာမရှိခဲ့တဲ့ အတွက် ကျန်းမားနောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားနေကြရဆဲပဲဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

# Colorful Rakhine HRD Group
Ref: Amnesty International (News)
Photos: Amnesty International

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ..........ရခိုင်ပြည်နယ်က မြို့တစ်မြို့ဖြစ်တဲ့ ပေါက်တောမြို့ရဲ့ ရဲစခန်းကို ရခိုင်တပ်တော် A...
24/12/2023

ပေါက်တောမြို့မှာ ဘာတွေဖြစ်ခဲ့လဲ..........

ရခိုင်ပြည်နယ်က မြို့တစ်မြို့ဖြစ်တဲ့ ပေါက်တောမြို့ရဲ့ ရဲစခန်းကို ရခိုင်တပ်တော် AAက သိမ်းယူပြီး နောက်တစ်ရက် ……
နိုဝင်ဘာ (၁၆) ရက်နေ့ နံနက်ပိုင်း မှာ စစ်ကောင်စီ စစ်တပ် က ပေါက်တောမြို့ကို စတင်ပစ်ခတ်ပါတော့တယ်။
နံနက်ပိုင်း ပစ်ခတ်မှုတွေလုပ်ပြီးတဲ့နောက် မှာတော့ …….
အရပ်သားတွေကို တစ်နာရီအတွင်း မြို့ထဲက ထွက်ခွာဖို့ စစ်ကောင်စီ စစ်တပ်က အမိန့်ထုတ်ခဲ့ပါတယ်။

ပေါက်တောမြို့နေ အရပ်သား အများစု( ၂၀၀၀၀/ နှစ်သောင်း ခန့် ) ဟာ ချက်ချင်းထွက်ပြေးကြရပါတယ်။ နေ့လည်ပိုင်းမှာ ပစ်ခတ်မှုတွေ မဖြစ်ပွားမှီ ……ရာနဲ့ချီတဲ့ အရပ်သားများ ထွက်ပြေးလို့ မလွတ်နိုင်ခဲ့ပါဘူး။

လူတွေထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ စေတနာဝန်ထမ်း လူမှုကယ်ဆယ်ရေး သမား တစ်ဦး ကတော့ အခြားလူတွေကို မြို့ က ထွက်နိုင်အောင်ကူညီနိုင်ခဲ့ပေမယ့် သူကိုယ်တိုင် ကတော့ မြို့ထဲ က ထွက်ချိန်မမှီလိုက်ပါဘူး ။
အခြားသောသက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းကြသူတွေလည်း ကျန်ရစ်ခဲ့ရပါတယ် ။

“ကားတို့ ၊ ဆိုင်ကယ် တို့ ဘာယာဉ်မှ ငှားလို့မရကြတော့ဘူး ။ အားလုံး အသက်လုပြီး ပြေးကြရတာပါ.”

များလှစွာသော အရပ်သားတွေဟာ ပေါက်တောမြိုံပြင်နားမှာရှိတဲ့ လောကထိပ်ပန် ဘုရားကြီး ပုရ၀ုဏ်ထဲ ကို ခိုလှုံဖို့ပြေးကြပါတယ်။

“နောက်ထပ် လေယာဉ်လာမယ်။ စစ်ရေယာဉ်တွေ လာကြတော့မယ်ဆိုတာ ကျနော်တို့တွေးမိတယ်။ ဒါကြောင့်အိမ်ကထွက်ပြေးကြတာပေါ့။ ဒါပေမယ့် ဝေးဝေးကို မပြေးနိုင်ခဲ့ဘူး။” အသက် (၆၅)နှစ် အရွယ် အမျိုးသားတစ်ဦး က ပြန်ပြောပြပါတယ်။

နေ့လည်ခင်းမှာတော့ စစ်ကောင်စီတပ်တွေက လေကြာင်း ရော ရေကြောင်း ကပါ မြို့ထဲကို လည်းပစ်တယ်။ မြို့ပြင်ဆင်ခြေဖုံး နေရာတွေကိုလည်း ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေ က ဆိုပါတယ်။

ရရှိသော ဗွီဒီယိုများ၊ ဓါတ်ပုံများ အရ စစ်ကောင်စီ စစ်တပ်ဟာ Mi 24 ရဟတ်ယာဉ် မှ ၅၇ မမ S-5K Rocket များဖြင့်ပစ်ခတ်ခဲ့ပြီး၊ စစ်ရေယာဉ်များပေါ်မှ - ၄၀ မမ လက်နက်ကြီးများနဲ့ ပေါက်တောမြို့ထဲသို့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Amnesty International ရဲ့ စစ်လက်နက် အကဲဖြတ် အဖွဲ့ က တွေ့ရှိခဲ့ပါတယ်။ ဒီလိုလက်နက် အမျိုးအစားတွေကိုလည်း စစ်ကောင်စီ စစ်တပ်ကသာ ပိုင်ဆိုင်တာဖြစ်ကြောင်း အတည်ပြုပါတယ်။

ဒီလိုလက်နက်ကြီးတွေကို သုံးပြီး လူနေထူထပ်တဲ့ မြို့ထဲကို ပစ်ခတ်ခဲ့တာ ဟာ အရမ်းစိုးဖွယ်ရာဖြစ်ပါတယ်။
စစ်ကောင်စီ စစ်တပ် ဟာ အရပ်သားများ ၊ အရပ်သားဆိုင်ရာ အဆောက်အဦး တွေကို စစ်ပွဲရဲ့ ပစ်မှတ် တွေအဖြစ် ပစ်သင့် မပစ်သင့် ခွဲခြားနိုင်စွမ်းရည် မရှိတော့လောက်အောင် ဖြစ်နေတာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း Amnesty International ကဆိုပါတယ်။ ဒီ လို စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖို့လိုကြောင်း ထောက်ပြပါတယ်။

နိုဝင်ဘာလ (၁၆) ရက် နေ့လယ်ခင်း ပစ်ခတ်မှုတွေ ရပ်နားသွားပြီးတဲ့နောက်မှတော့……..
စစ်ကောင်စီ စစ်သားတွေ ဟာ လောကထိပ်ပန် ဘုရား ပုရ၀ုဏ် ထဲကို ဝင်လာခဲ့ပါတော့တယ်။
ဘုရားဝင်းထဲမှာ ခိုလှုံနေခဲ့တဲ့ အရပ်သားတွေကို ဖမ်းဆီးခဲ့တယ်လို့ ထိုအချိန်က ဘုရားဝင်းထဲမှာ ရှိနေခဲ့တဲ့ လူလေးဦးက ပြောပါတယ်။

“ကျမကို သူတို့သေနတ်ချိန်ထားတယ်။ နင် AAကလားလို့ မေးမြန်းတယ်။ ကျမလည်းကြောက်လို့တုန်နေခဲ့ပါတယ်။ “ သားငယ်လေးနဲ့အတူ ဘုရားဝင်းခိုလှုံယင်း အဖမ်းခံ ခဲ့တဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးက ပြောပြခဲ့ပါတယ်။
အဲဒီနေ့ က ဘုရားဝင်းထဲမှာ အမျိုးသမီး သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်။ ကျောင်းဆရာမ (၂) ယောက်နဲ့ မြို့ထဲမှာ ရေခဲချောင်းပတ်ရောင်းတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတစ်ယောက်။ မည်သို့ မည်ပုံ သတ်ဖြတ်ခံခဲ့ရတယ်ဆိုတာ ကို တော့ သီးခြား အတည်မပြုနိုင်သေးပေမယ့် သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ကြောင်း မျက်မြင်တစ်ဦး က ဆိုပါတယ်။

အဲ့ဒီတစ်နေ့တည်းမှာပဲ…….
သက်တော် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ရဟန်းတော် တစ်ပါးလည်း လောကထိပ်ပန်ဘုရားဝင်းထဲမှာ ပျံလွန်တော်မူခဲ့ပါတယ်။ သေနတ်ပစ်ခံရတာ မဟုတ်ဘဲ လက်နက်ကြီး အစ ထိမှန်ခဲ့တာလို့ မျက်မြင်တစ်ဦး က ဆိုပါတယ်။
ရခိုင့်တပ်တော် (AA)ကတော့ နေဗီ မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်ခဲ့တာလို့ ပြောခဲ့ပေမယ့် အသေးစိတ် အချက် အလက်ကို အတည်မပြုနိုင်သေးပါဘူး။

Amnesty International က အခင်းဖြစ်ပွားတဲ့ အချိန်မှာ... ပေါက်တောမြို့ထဲ ရှိနေခဲ့တဲ့
ခဲ့တဲ့ အရပ်သား (၉) ဦး နဲ့ သံဃာတော် တစ်ပါး ကို အင်တာဗျူး လုပ်နိုင်ခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

# Colorful Rakhine HRD Group

Ref: Amnesty International
Photo: Amnesty International

စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများ ကို စုံစမ်းဖော်ထုတ်နိုင်ရေး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်...
24/12/2023

စစ်ဆင်ရေး ၁၀၂၇ အတွင်း စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများ ကို စုံစမ်းဖော်ထုတ်နိုင်ရေး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ အဖွဲ့ Amnesty International တောင်းဆို

- တိုက်ခိုက်မှုတွေကြောင့် ပြည်သူများသေကြေကြရပြီး နေရပ်စွန့်ခွာခဲ့ရ.

- စစ်ကောင်စီစစ်တပ်မှ ပြည်သူများကို မတရား ဖမ်းဆီးခဲ့တဲ့ အပြင် ၊ အဖိုးတန်ပစ္စည်းများကို လုယက်

- ရှမ်းပြည်နယ်တွင် အတွဲလိုက်ဗုံး Cluster Munitionများကို စစ်ကောင်စီစစ်တပ်က သုံးစွဲ။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးမှုဖြစ်ပေါ်ပြီးကတည်းက ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ခုခံတော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာမှုကို ထိန်းညှိနိုင်ဖို့အတွက် စစ်ကောင်စီ က ရုန်းကန်နေရသည့် အလျောက် - စစ်ကောင်စီ စစ်တပ်ဟာ အရပ်သားတွေကိုမတရားဖမ်းဆီး ခြင်း၊ ပြည်သူတို့ပိုင်ဆိုင် ပစ္စည်းများကို ခိုးဆိုးလုနှိုက်ခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ ကို ကျူးလွန်နေတယ် လို့ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာ အဖွဲ့ (Amnesty International) ကဆိုပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က အရပ်သား (၁၀)ဦး ကို အင်တာဗျူးမေးမြန်းခြင်းများပြုလုပ်ပြီး ခြုံငုံသုံးသပ်နိုင်ခဲ့တဲ့ အပြင် ဓါတ်ပုံများ၊ ဗီဒီယိုများ၊ ဂြိုလ်တုမှရရှိသောပုံများ ကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခဲ့ပြီး အရပ်သားပြည်သူတွေကို ခွဲခြားဆက်ဆံမှုအသွင်ဆောင်တဲ့ တိုက်ခိုက်မှုတွေကို Amnesty International က မှတ်တမ်းတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အပြင် ရှမ်းပြည်နယ်မှာလည်း စစ်လက်နက် အဖြစ် အသုံးမပြုရန်တားမြစ်ထားတဲ့ အတွဲလိုက်ဗုံး (Cluster munitions) တွေကို စစ်ကောင်စီ က အသုံးပြုခဲ့တာတွေကို Amnesty International က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ယခုကဲ့သို့ ပြုမူဆောင်ရွက်မှုများ ကို စစ်ရာဇဝတ်မှုများ အဖြစ် စုံစမ်းစစ်ဆေးဖို့ Amnesty international က ထောက်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ဆိုးဝါးစွာတိုက်ခိုက်မှုတွေပြုလုပ်တာ ၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို ရက်ရက်စက်စက် တုန့်ပြန်တတ်တာ တွေက တော့ အရင်လိုပါပဲ။ မြန်မာစစ်တပ်ဟာ သွေးစွန်းတဲ့လုပ်ရပ်တွေကို ကျူးလွန်တတ်တဲ့ နာမည်ဆိုးရှိသူဖြစ်တယ်။ လို့ Amnesty International’s Crisis Response Programe ရဲ့ ဒါရိုက်တာ ‌Matt Wells က ဆိုပါတယ်။
“အာဏာသိမ်းပြီး (၃) နှစ်နီးပါးကြာလာတဲ့အထိ မြန်မာတဝှမ်းက ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးဖို့ဆို အရိပ်အယောင်တောင်မရှိတော့ဘူး။ နိုင်ငံတကာ အစီအစဉ်နဲ့လည်း အများကြီးသွေဖယ်သွားခဲ့ ပြီ”လို့ Matt Wells ကဆိုပါတယ်။

ညီနောင် မဟာမိတ် သုံးဖွဲ ဟု အမည်တွင် သော ULA/AA၊ MNDAA၊ TNLA ပါဝင်သည့် အဖွဲ့သည်အရှေ့မြောက်ပိုင်း နယ်စပ်ရှိ စစ်စခန်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ တိုက်ခိုက်လာခဲ့သည်။ ၎င်းတို့၏ စစ်ဆင်ရေးကို ၁၀၂၇ ဟုခေါ်တွင်သည်။
အခြားသော လက်နက်ကိုင် တပ်ဖွဲ့များသည်လည်း စစ်ဆင်ရေးများပြုလုပ်လာခဲ့ကြသည်။ နယ်မြေစိုးမိုးရေး လုပ်ငန်းစဉ်များကို တိုးချဲ့ဆောင်ရွက်လာကြပြီး စစ်ကောင်စီ၏ တပ်သားများကိုဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲများသည် အာဏာသိမ်းပြီးနောက် အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်သည် ဟု UNကဆိုသည်။
၂၀၂၃ အောက်တိုဘာလ (၂၇) ရက်နေ့ မှ ဒီဇင်ဘာလ (၁၅) ရက်အတွင်း
အကြမ်းဖက်မှုများကြောင့်
အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး
၅၀၅ ဦး ဒဏ်ရာရရှိကာ
လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ
နိုင်ငံတဝှမ်းတွင် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူ နှစ်သန်းနီးပါးရှိသွားပြီဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

# Colorful Rakhine HRD Group

Ref: Amnesty International
Photo : Amnesty International

13/12/2023

ကျွန်ုပ်တို့၏ Page သည် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်းတင်ခြင်းနှင့်ပတ်သက်သော ဗဟုသုတများကို မျှဝေပေးသွားမည် ဖြစ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when Colorful Rakhine HRD Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share