Crush သို့

  • Home
  • Crush သို့

Crush သို့ ကဗျာတွေရေးတာပါ

29/03/2023

တချို့သော ဒဏ်ရာတွေက
ကုရ ခက်တယ်

ဥပမာ
အတွင်းထဲမှာပဲ တမြေ့မြေ့ ရှိနေတဲ့

အတွင်းဒဏ်ရာမျိုး..။

09/02/2023

တချို့က မြင်ကြမှာပေါ့လေ
ဖြစ်ပျက်သမျှ ကိစ္စတိုင်းက
ကိုယ့်အတွက်တော့
ဒဏ်ရာ ဆိုပြီးပေါ့...

အေးလေ....

အတိတ်မှာ ကိုယ့်ဘဝက အဆိုးဆုံး
ဖြစ်ခဲ့တာကိုး
မှတ်မထားချင်ပေမယ့်
မေ့ပစ်လိုက်ဖို့ကလဲ မလွယ်ကူခဲ့ဘူးလေ...။

04/12/2022

နှင်မထုတ်ခဲ့ပေမယ့်

ဝေးဝေး တွန်းထုတ် ပစ်လိုက်တဲ့

မင်းရဲ့ စကားလုံးတွေရဲ့

ထိချက်က ပြင်းလွန်းတယ်...။

#မင်းအတ္တ

24/09/2022

ဒီလို ညမျိုးတွေဟာ
အထီးကျန်သူတွေ အတွက်
တကယ် ချောက်ခြားလွန်းတဲ့ ညမျိုးပါပဲ..
ရင်နာရလည်း တိတ်တဆိတ်ပဲ
ဖြေသိမ့်တတ်ရတယ်

မဖြေသာပေမယ့်လည်း ကြိတ်မှိတ်
မျိုသိပ်လိုက်ရတာလေးတွေ
တကယ်တော့ ဒါတွေဟာ
လူသူ မသိနိုင်တဲ့ နှလုံးသားရဲ့
တောကြီးမျက်မဲထဲက. ရင်တွင်း ရှိုက်သံတွေပါပဲ
တချို့ ခံစားဖူးသူတွေကတော့ သိမှာပါလေ

ဒီဘဝ ဘယ်တော့မှ
ခေါ်ခွင့် မရှိတော့တဲ့ မင်းနာမည်လေး
ဘယ်တော့မှ တွဲခိုခွင့် မရှိတော့တဲ့
မင်းလက်မောင်းအိုးလေး.....

လွမ်းတယ် အချစ်ရေ...

ကိုယ်စီ လှမ်းခဲ့ကြတဲ့ ခြေလှမ်းတိုင်းမှာ
နာကျင်မှုတွေက အပြည့်
လှည့်မကြည့်ခဲ့ကြပေမယ့် မျက်နှာလည်း
မလွှဲနိုင်ခဲ့ပြန်ဘူးလေ...

ဒီလို ဘဝမျိုးထဲ
တို့တွေ ကြိုးစား ရှင်သန်ရဦးမှာပါပဲ...

လွမ်းတယ် အချစ်ရေ...

ဒါကလည်း ရင်တွင်းတနေရာက
အော်သံသက်သက်ပါပဲ...သေချာတယ်
မင်းကြားခွင့်မရှိတော့တဲ့
ငါ့နှလုံးသားရဲ့ ခေါ်သံ သက်သက်မို့..

လွမ်းတယ် အချစ်ရေ... ။

#မေသံယောဇဥ်

23/09/2022

မောနိ

နေမကောင်းဘူး...အချစ်ရေ..။

😞😞😞😞

#မေသံယောဇဥ်

22/09/2022

ကမ္ဘာကြီးက ကျယ်မယ် ထင်ခဲ့တာ

ကျောခိုင်းပြီး နောက်ပိုင်း

တို့တွေ မဆုံကြတော့ဘူး ပေါ့.. ။

သို့သော်

ကျဥ်းမြောင်းလွန်းတဲ့ ဝဲဂယက်ထဲမှာ

ခဏခဏ ဆုံလာရတော့

ဘယ်လို မေ့ရက်နိုင်ပါ့မလဲကွယ်။..

#မေသံယောဇဥ်

11/08/2022

ကျမ ဘေးမှာ သူရှိသည် ဖြစ်စေ
မရှိသည် ဖြစ်စေ..ပုံမှန်အတိုင်းတော့
လွမ်းဖြစ်နေတုန်းပါပဲ

23/04/2022

အယောင်ဆောင် စိတ်တခုကို
မွေးထုတ်ပြီး
ဘဝအသစ်မှာ ပျော်မယ် ထင်ခဲ့တာ.

တကယ်တမ်းတော့
မပျော်ခဲ့ရပါဘူး..

အဲဒီမှာ...မင်းမှ မရှိပဲ...။

Address


Website

Alerts

Be the first to know and let us send you an email when Crush သို႔ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share