17/02/2024
လမ်းပျောက်ကြသူများ
အခုလို ပြဿနာတွေစဖြစ်ပြီဆိုရင် အရာအားလုံးကို ပေတံတခုတည်းနဲ့တိုင်းလို့မရပါဘူး။ တချို့သူတွေအတွက် လုပ်လို့ရနိုင်ပေမယ့် တချို့က ငွေကြေးအရသော်လည်းကောင်း နေရာအရသော်လည်းကောင်း ရှိပါတယ်ဆိုတဲ့ ထွက်ပေါက်ကို လက်လှမ်းမှီနိုင်ကြပါဘူး။
Ki Ki က middle class family ကလာတာဖြစ်ပြီး underprivileged မဟုတ်ပါဘူး။ ဒါကြောင့်မလို့ 2023 ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျောင်းတက်နိုင်ခဲ့ပါတယ်။ ကိုယ်တိုင် ကုန်းရုန်းရှာထားတဲ့ ပိုက်ဆံနဲ့ ကျောင်းတက်နေတာဖြစ်ပေမယ့် အဲ့ပိုက်ဆံရှာနိုင်တဲ့ အရည်အချင်းနဲ့ အနေအထားကိုရရှိထားတာကို KiKi ဘဝရဲ့ Privilege ဖြစ်နေမှန်း လက်ခံထားပါတယ်။
ဒုက္ခတွင်းထဲက လွတ်လမ်းရှာတဲ့အချိန်မှာ ကြိုးစားနေရင်တောင် လွတ်ဖို့ အခြေအနေမပေးတဲ့ underprivileged ကျောင်းသားတွေ ကလေးတွေရှိနေတာကို အကြံပေးနေကြတဲ့သူတွေ သိထားဖို့လိုပါတယ်။
GED ဖြေ နိုင်ငံခြားထွက်ဆိုတာ online class တက်နေတဲ့ နယ်ကကျောင်းသားတွေအတွက် center ကိုလာဖို့တင် လမ်းခရီးအတားအဆီးကြောင့် အခက်အခဲရှိနေတာပါ။ ဒီနေရာမှာ ကိုယ်တိုင်မကြုံဖူးလို့ အတိအကျဝင်မခံစားနိုင်ပေမယ့် Ki Ki လည်း ဟိုးအစကတည်းက နိုင်ငံခြားသွားကျောင်းတက်ဖို့ ပြင်နေချိန် ရိုက်ချခံခဲ့ရတဲ့ 2021 အခြေအနေကြောင့် လမ်းပျောက်တာကိုတော့ အပြည့်အဝနားလည်ပါတယ်။
လောလောဆယ်အနေနဲ့ အကြံပေးနိုင်တာက Panic မဖြစ်ဖို့ပါ။
လုံခြုံရေး၊ ငွေကြေးနဲ့ အနာဂတ် အကုန်ကြည့်ပြီးမှ စဉ်းစားရတာဖြစ်လို့ ပထမဆုံး မိမိကိုယ်ကိုယ် လုံခြုံရေးရဖို့ အရင်ဦးစားပေးပါ။
လူတွေရဲ့ panic ဖြစ်တဲ့အပေါ် အမြတ်ထုတ်ဖို့စောင့်နေတဲ့ သားရဲ တသိုက် အမြဲရှိနေတာမလို့ ဆုံးဖြတ်ချက် တခုခုမချခင် ၂ ခါပြန်စဉ်းစားပြီးတော့ fact check လုပ်စေချင်ပါတယ်။
နောက်တခုကတော့ ကိုယ့်အတွက် အစီအစဉ်တခုအသစ်မရှိသေးခင်ထိ လက်ရှိလုပ်နေတယကို ရသလောက်ဆက်လုပ်စေချင်ပါတယ်။ ဥပမာ GED ဖြေဖို့ပြင်နေတယ်။ လမ်းပိတ်နေလို့ Test Center ကိုသွားဖို့တောင်မလွယ်တော့ဘူး။ ဒါကြောင့်ရပ်လိုက်တယ် လို့မလုပ်ဘဲနဲ့ သင်နေတာကိုပဲ စိတ်နှစ်ပြီး ပုံမှန်လေးဆက်လေ့လာကြပါ။ အခွင့်အရေးပေးလို့ Test Center မှာဖြေနိုင်တဲ့ အနေအထားရတဲ့အခါ ကိုယ်က Ready ဖြစ်မနေရင် ၂ ခါဆုံးရှုံးရမှာပါ။
ပင်ပန်းရုန်းကန်ရတဲ့ အနေအထားဖြစ်ပေမယ့် ရုန်းကန်နေမှပဲ မနစ်မွန်းမှာမလို့ အားတင်းပြီး ဆက်ကြိုးစားကြရအောင်နော်။
ัအများကြီးမတတ်နိုင်ပေမယ့် Ki Ki တို့ရတဲ့နေရာကနေကူညီပေးဖို့ ရှိနေပါတယ်။