Sportscape Myanmar

Sportscape Myanmar Sportscape Myanmar is your ultimate destination for the latest news, updates, and insights on football.

22/12/2025

မန်ယူနိုက်တက်နဲ့ပွဲက မော်ဂန်ရော်ဂျာစ်ရဲ့ သွင်းဂိုး ၂ ဂိုး👇

ယူနိုက်တက်ကို အနိုင်ရပြီး ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲရတဲ့ အူနိုင်းအမ်မရီရဲ့ ဗီလာ
21/12/2025

ယူနိုက်တက်ကို အနိုင်ရပြီး ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲရတဲ့ အူနိုင်းအမ်မရီရဲ့ ဗီလာ

21/12/2025

🔋 ကွင်းလယ်အင်ဂျင် ဒီကလန် ရိုက်စ်

ဒူးဒဏ်ရာရခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ကာလရှည်အနားယူရနိုင်လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ဟာ စပါးနဲ့ပွဲမှာ ညာဘက်ဒူးဒ...
21/12/2025

ဒူးဒဏ်ရာရခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ် ကာလရှည်အနားယူရနိုင်

လီဗာပူးလ်တိုက်စစ်မှူး အီဆက်ခ်ဟာ စပါးနဲ့ပွဲမှာ ညာဘက်ဒူးဒဏ်ရာရခဲ့လို့ ကာလရှည်အနားယူရနိုင်ခြေ များနေပါတယ်။

အီဆက်ခ်အနေနဲ့ အခုပွဲ ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး ဂိုးသွင်းယူစဉ် ဒဏ်ရာရခဲ့တာဖြစ်တယ်။
၎င်းဟာ စပါးနောက်ခံလူ ဗန်ဒယ်ဗန်နဲ့ ထိခိုက်မိရင်း ဒဏ်ရာရရှိခဲ့တာပါ။

၂၆ နှစ် အီဆက်ခ်ဟာ ကွင်းပြင်ပကို အသင်းဆေးအဖွဲ့ဝင်နှစ်ဦးကို တွဲကာ ထွက်ခွာခဲ့ရပါတယ်။
နယူးကာဆယ်က စတင်ပြောင်းလာချိန်ကတည်းက ကြံ့ခိုင်မှုပြဿနာကို ကျော်ဖြတ်ခဲ့ရတဲ့ အီဆက်ခ်အဖို့ နောက်ထပ်စိတ်ပျက်စရာ ဖြစ်ရပ်တခုပါပဲ။

၎င်းဟာ လီဗာပူးလ်အသင်းထံ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ရောက်ရှိလာပြီး ပြိုင်ပွဲစုံ သုံးဂိုးသာ သွင်းယူထားနိုင်ပါတယ်။

21/12/2025

ရီစ်ဂျိမ်းစ်ရဲ့ free kick

နယ်စပ်ပဋိပက္ခများကြား ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်မှာ ထိုင်းက ထိပ်ဆုံးမှ ရပ်တည်ပြီး မြန်မာက အဆင့် (၇) သာ ချိတ်AFP/Mizzimaစနေန...
21/12/2025

နယ်စပ်ပဋိပက္ခများကြား ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်မှာ ထိုင်းက ထိပ်ဆုံးမှ ရပ်တည်ပြီး မြန်မာက အဆင့် (၇) သာ ချိတ်

AFP/Mizzima

စနေနေ့က ဘန်ကောက်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံက စံချိန်တင် ရွှေတံဆိပ်အရေအတွက်နဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး မြန်မာကတော့ အဆင့် (၇)သာ ချိတ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပတ်ကြာ ပြိုင်ပွဲကြီးဟာ ကမ္ဘောဒီးယားနဲ့ လူသေဆုံးမှုများတဲ့ နယ်စပ်ပဋိပက္ခအောက်မှာ မှေးမှိန်ခဲ့ရပါတယ်။

ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းက စနေနေ့ညနေပိုင်း ပိတ်ပွဲအခမ်းအနားမှာတော့ ရောင်စုံအကတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပေါ့ပ်ဂီတဖျော်ဖြေမှုတွေက ပရိသတ်တွေကို ရင်သပ်ရှုမော ဖြစ်စေခဲ့ပါတယ်။ ဒီအခမ်းအနားမှာ နိုင်ငံပေါင်း ၁၀ နိုင်ငံက အားကစားသမားတွေဟာ သူတို့ရဲ့ အမျိုးသားအလံတွေကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။

ထူးခြားတာက ကမ္ဘောဒီးယား အားကစားသမားတွေ မပါဝင်ခဲ့တာပါ။ သူတို့ဟာ ထိုင်းနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကြောင့် လုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး ဒီဇင်ဘာ ၉ ရက် ဖွင့်ပွဲအပြီး နောက်တနေ့မှာတင် ပြိုင်ပွဲကနေ လုံး၀ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံက စံချိန်တင် ရွှေတံဆိပ် ၂၃၃ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယနေရာက အင်ဒိုနီးရှား (ရွှေ ၉၁ ခု) နဲ့ တတိယနေရာက ဗီယက်နမ် (ရွှေ ၈၇ ခု) တို့ကို အပြတ်အသတ် ကျော်ဖြတ်ခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့ကတော့ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၃ ခုနဲ့ ပြိုင်ပွဲဝင်နိုင်ငံ ၁၀ နိုင်ငံမှာ အဆင့် (၇) နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ် သုံးခုကို ခြင်းလုံးအားကစားနည်းက နှစ်ခု၊ ဘိလိယက်အားကစားနည်းက တခု ရယူပေးခဲ့တာပါ။

မြန်မာအားကစားအဖွဲ့ဟာ ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ကို အားကစားနည်း ၃၇ မျိုးကနေ အားကစားသမားပေါင်း ၁,၄၇၇ ဦးနဲ လူအင်အားဒုတိယ အများဆုံးနဲ့ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲမစတင်မီ ထိုင်းတောင်ပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ပြင်းထန် ရေကြီးမှုတွေကြောင့် အားကစားနည်း ၅၀ ကျော် ကျင်းပမယ့်နေရာတွေကို ဘန်ကောက်နဲ့ ချွန်ဘူရီတို့ဆီ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံခဲ့တာဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲကို ၁၉၅၉ ခုနှစ်က ဘန်ကောက်မြိုမှာပဲ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာပါ။

ဆီးဂိမ်းပြိုင်ပွဲဟာ အိုလံပစ်အားကစားနည်းမဟုတ်တဲ့ ဒေသတွင်း အားကစားနည်းတွေကို ထည့်သွင်းကျင်းပလေ့ရှိတာကြောင့် လူသိများပါတယ်။ ဒီလို အားကစားနည်းတွေထဲမှာ ကြိမ်ဘောလုံးနဲ့ ကစားရတဲ့ ခြေခတ်ဘော်လီဘော (ခေါ်) ပိုက်ကျော်ခြင်းနဲ့ အင်ဒိုနီးရှားမှာ ရေပန်းစားတဲ့ ပန်ကြပ်ဆီလပ် ကိုယ်ခံပညာရပ်တို့ ပါဝင်ပါပါတယ်။

၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် ၃၄ ကြိမ်မြောက် ဆီးဂိမ်းစ်ကိုတော့ မလေးရှားနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အသစ်တဖန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ရှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ခရစ္စမတ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရှိနေမယ့် အာဆင်နယ်အသင်း🎄
20/12/2025

ခရစ္စမတ်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာ ရှိနေမယ့် အာဆင်နယ်အသင်း🎄

ရော်နယ်ဒိုထက် ၁၂၂ ပွဲ လျော့ကစားပြီး နဲ့ ပရီးမီးယားလိဂ် သွင်းဂိုးပိုများသွားတဲ့ ဟာလန်ဟာလန်း 🔥ရော်နယ်ဒို - (မန်ယူ)ပရီးမီးယ...
20/12/2025

ရော်နယ်ဒိုထက် ၁၂၂ ပွဲ လျော့ကစားပြီး နဲ့ ပရီးမီးယားလိဂ် သွင်းဂိုးပိုများသွားတဲ့ ဟာလန်ဟာလန်း 🔥

ရော်နယ်ဒို - (မန်ယူ)
ပရီးမီးယားလိဂ်စုစုပေါင်း ကစားပွဲ - ၂၃၆

ဟာလန်း (မန်စီးတီး)
ပရီးမီးယားလိဂ်စုစုပေါင်း ကစားပွဲ - ၁၁၄ ပွဲ

ပရီးမီးယားလိဂ် -  ၂ ယောက်လျော့ တော့တင်ဟမ်ကို အနိုင်ရတဲ့ လီဗာပူးလ်တော့တင်ဟမ်ဟော့စပါး ၁-၂ လီဗာပူးလ်ရီချာလီဆန် ၈၃’ ⚽ အီဆက်ခ...
20/12/2025

ပရီးမီးယားလိဂ် - ၂ ယောက်လျော့ တော့တင်ဟမ်ကို အနိုင်ရတဲ့ လီဗာပူးလ်

တော့တင်ဟမ်ဟော့စပါး ၁-၂ လီဗာပူးလ်
ရီချာလီဆန် ၈၃’ ⚽ အီဆက်ခ် ၅၆’၊ အီကီတီကီ ၆၆’
ဇာဗီဆိုင်မွန်စ် ၃၃’ 🟥
ရိုမဲရိုး ၉၀+၃’ 🟥

ပရီးမီးယားလိဂ် ပွဲပြီးရလဒ်များမန်စီးတီး ၃-၀ ဝက်စ်ဟမ်းဝုလ်ဗ် ဝ-၂ ဘရန့်ဖို့ဒ်ဘုန်းမောက် ၁-၁ ဘန်လေဘရိုက်တန် ဝ-၀ ဆန်းဒါးလန်း
20/12/2025

ပရီးမီးယားလိဂ် ပွဲပြီးရလဒ်များ

မန်စီးတီး ၃-၀ ဝက်စ်ဟမ်း
ဝုလ်ဗ် ဝ-၂ ဘရန့်ဖို့ဒ်
ဘုန်းမောက် ၁-၁ ဘန်လေ
ဘရိုက်တန် ဝ-၀ ဆန်းဒါးလန်း

ပရီးမီးယားလိဂ် - စိန့်ဂျိမ်းစ်ပတ်ခ်မှာ ၂ ဂိုးပြတ်အရှုံးကနေ ပြန်လာပြီး သရေကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီးနယူးကာဆယ် ၂-၂ ချယ်လ်ဆီ...
20/12/2025

ပရီးမီးယားလိဂ် - စိန့်ဂျိမ်းစ်ပတ်ခ်မှာ ၂ ဂိုးပြတ်အရှုံးကနေ ပြန်လာပြီး သရေကစားနိုင်ခဲ့တဲ့ ချယ်လ်ဆီး

နယူးကာဆယ် ၂-၂ ချယ်လ်ဆီး (Full-time)

ဝေါလ်တီမိတ် ၄’၊ ၂၀’ ⚽ ရီစ်ဂျိမ်းစ် ၄၉’၊ ဂျာအိုပတ်ဒရို ၆၆’

ဆီးဂိမ်း ရွက်လှေပြိုင်ပွဲ၌ ရွှေတံဆိပ် ရသည့် ထိုင်းမိဖုရားAFPထိုင်းဘုရင် မဟာဝချီရာလောင်ကွန်း၏မိဖုရား ဆုသီတာသည် ဒီဇင်ဘာ ၁၈...
19/12/2025

ဆီးဂိမ်း ရွက်လှေပြိုင်ပွဲ၌ ရွှေတံဆိပ် ရသည့် ထိုင်းမိဖုရား

AFP

ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်း၏မိဖုရား ဆုသီတာသည် ဒီဇင်ဘာ ၁၈ ရက်က နိုင်ငံတွင် ကျင်းပ လျက်ရှိသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ရွက်လှေပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုရခဲ့သည်။

ထိုင်းမိဖုရား ဆုသီတာသည် ဆီးဂိမ်းပြိုင်ပွဲ၏ mixed keelboat SSL47 အမျိုးအစား ရွက်လှေပြိုင်ပွဲ၌ အခြားရွက်လှေအသင်းသား ကိုးဦးနှင့်အတူ ၄၇ ပေ (၁၄ မီတာ) ရွက်လှေတစင်းဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် သည်။

ပတ္တရား၏ မလှမ်းမကမ်းရေပြင်၌ မလေးရှားနှင့် မြန်မာအသင်းတို့၏ရှေ့၌ဦးဆောင်ရင်း ရွှေတံဆိပ် ဆွတ်ခူးရရှိသွားသည့် ထိုင်းရွက်လှေအသင်းကို အသက် ၄၇ နှစ်ရှိ မိဖုရား ဆုသီတာက နည်းဗျူဟာ ကျွမ်းကျင်သူ၊ ပဲ့ကိုင်အဖြစ် ဦးဆောင်ခဲ့သည်။

ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းက ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းတွင် မိဖုရား ဆုသီတာ အပါအဝင် ပြိုင်ပွဲ၌ ရွှေ၊ ငွေ၊ ကြေး တံဆိပ် ရသူများကို ချီးမြှင့်ပေးအပ်သည်။

တူညီ အနက်ရောင်ရွက်လှေဝတ်စုံများဝတ်ထားသည့် ထိုင်းမိဖုရားဦးဆောင်သော ထိုင်းရွက်လှေအသင်း သည် အစောပိုင်းက ၎င်းတို့လှေပေါ်တွင်အောင်ပွဲခံခဲ့ကြပြီး အသင်းသားတဦးက ထိုင်းနိုင်ငံအလံကို ဝှေ့ ရမ်းခဲ့သည်။

မိဖုရား ဆုသီတာသည် Thai Airways ၌ လေယာဉ်မယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သလို စစ်တပ်၌လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အားကစားဝါသနာထက်သန်သော ဆုသီတာသည် ယခုလကလည်း မြို့တော် ဘန်ကောက်၌ (half marathon) မာရသွန်ဝက်ပြိုင်ပွဲတခု၌ အထင်ကရ ကင်ညာအပြေးသမား Eliud Kipchoge နှင့်အတူ ပြေးခဲ့သေးသည်။

ဘန်ကောက်၌ ဒီဇင်ဘာ ၉ ရက်က ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ထိုင်းကိုယ်စားပြုအားကစားအဖွဲ့ ကို မိဖုရား ဆုသီတာက ဦးဆောင်ခဲ့သည်။

ဆုသီတာသည် ဆီးဂိမ်းရွက်လှေပြိုင်ပွဲ၌ရွှေရသည့် ထိုင်းတော်ဝင်မိသားစု၏ ပထမဆုံး မိသားစုဝင်တော့ မဟုတ်ပေ။

ထိုင်းဘုရင် ဝချီရာလောင်ကွန်း၏ဖခမည်းတော် ဘုရင်ဘူမိဘောသည် ၁၉၆၇ ခုနှစ်က ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဒေသတွင်း အားကစားပြိုင်ပွဲ ဆီးဂိမ်း၌ ရွက်လှေစီးယှဉ်ပြိုင်ခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဘုရင် ဘူမိဘောသည် ၎င်းကိုယ်တိုင် တည်ဆောက်ထားသည့် လှေတစင်းဖြင့် ယှဉ်ပြိုင် ရင်း အကြီးဆုံးသမီးတော် မင်းသမီး ဥဘိုရတနာ ရာဇကန်ညာနှင့်အတူ ရွှေတံဆိပ်ရခဲ့ကြောင်း ဆီးဂိမ်း ဝက်ဘ်ဆိုဒ်အရ သိရသည်။

(AFP မှ Thai queen wins SEA Games gold in sailing အား ကိုလူအေး ဘာသာပြန်သည်)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sportscape Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์