22/11/2023
နိုင်ငံခြား တဲ့ လူတွေကသာအထင်ကြီးကြတာ လကုန်တဲ့အခါ ရတဲ့လစာလေး ခွဲတမ်းချ ပေးရမဲ့အပုံလေးပုံ ပြီးတဲ့အခါ စားဖို့ပဲချန် ခြစ်ကုတ်ငွေလွှဲ နောက်က မိသားစုတွေကတော့ ကိုယ်တွေ ဘယ်လိုနေ ဘယ်လိုစား မသိရှာကြဖူးပဲ ငါ့သားက နိုင်ငံခြားမှာ ငါ့သမီးက လတိုင်းငွေပို့တာနဲ့ လကုန်ရင် ဖုန်းလေးတွေ တဂွမ်ဂွမ် တချို့မိဘတွေ ကိုယ့်သားသမီး လေးတွေ ဘယ်လိုနေ ဘယ်လိုစားရ ဆိုတာ သိကောသိကြပါ့မလား တချို့ ပကာသနတွေ တချို့ လောင်ကစားတွေ တချို့
ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ မိဘအတွက်သိတတ်တဲ့ သားသမီးတွေ ပိုပေးဆပ်ရတာတွေလဲရှိပေါ့ လောကကြီးက တခါတလေ လွဲနေတာက လိမ်မာတဲ့သားသမီးကျ မိဆိုးဘဆိုးနဲ့ကြုံဆုံရပြီး ဆိုးမိုက်တဲ့သားသမီးတွေကျ မိဘကောင်းနဲ့ ဆုံကြရတယ်
နိုင်ငံခြားတဲ့ 😏😏😏
ပေးဆပ်နိုင်သူတွေ အနာဂါတ်ပျောက်နေသူတွေ စုဝေးရာပေါ့
နောက်နှစ်ကျ အိမ်ပြန်မယ်ဆိုတဲ့ စိတ်တွေနဲ့ အားတင်းပြီး ကြိုးစား လိုက်ကြရတာ တနှစ်ပြီး တနှစ်သာ ကုန်သွားတယ် အိမ်ပြန်ချိန် ဆိုတာ မသိတော့ပဲ အိမ်ပြန်ရမဲ့ နောက်နှစ် ကမရောက်နိုင်တော့ဖူး တကယ်တော့ နိုင်ငံခြားရောက် နေသူတွေ အိမ်ပြန်နိုင်ဖို့က နောက်က မိသားစုတွေ လက်ထဲမှာရယ် 😔😔😔
#
Photo crd
credit