St. Mary Parish, Thone Kyaing

  • Home
  • St. Mary Parish, Thone Kyaing

St. Mary Parish, Thone Kyaing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from St. Mary Parish, Thone Kyaing, News & Media Website, .

အုတ်ကွက်ဖော်ဆေးရောင်အသစ်ဖြင့် ခန်းနားထည်ဝါ လှပနေသော ကျွန်ုပ်တို့၏ သုံကြိုင် စိန်မေရီဘုရားကျောင်းတော်💒💒💒
07/04/2024

အုတ်ကွက်ဖော်ဆေးရောင်အသစ်ဖြင့် ခန်းနားထည်ဝါ လှပနေသော ကျွန်ုပ်တို့၏ သုံကြိုင် စိန်မေရီဘုရားကျောင်းတော်💒💒💒

Happy Easterယေဇူး သေမင်းကို အောင်မြင်
30/03/2024

Happy Easter
ယေဇူး သေမင်းကို အောင်မြင်

🎄Merry Christmas to you all🎄
24/12/2023

🎄Merry Christmas to you all🎄

All souls day.
02/11/2023

All souls day.

သုံကြိုင်ဘုရားကျောင်းပွဲPhoto, credit to Saw Thae Htoo
08/09/2023

သုံကြိုင်ဘုရားကျောင်းပွဲ

Photo, credit to Saw Thae Htoo

မိခင်ဖခင်များပွဲနေ့အမှတ်တရ
30/07/2023

မိခင်ဖခင်များပွဲနေ့အမှတ်တရ

Transfer   မနေ့က ပြောင်းရွှေ့သွားရမည့် Sr.ကြီး ဂလိုရီယာနှင့် Sr.လေး အာရို တို့အား နုတ်ဆက်ခြင်းအခမ်းအနားလေး ပြုလုပ်ခဲ့ပါသ...
29/05/2023

Transfer
မနေ့က ပြောင်းရွှေ့သွားရမည့် Sr.ကြီး ဂလိုရီယာနှင့် Sr.လေး အာရို တို့အား နုတ်ဆက်ခြင်းအခမ်းအနားလေး ပြုလုပ်ခဲ့ပါသည်။ Sr.ကြီးဂလိုရီယာသည် ဒေးဒရဲမြို့သို့ လည်းကောင်း Sr.လေး အာရိုမိမော်သည် သန်လျင်မြို့သို့ လည်းကောင်း ပြောင်းရွေ့ရမည်ဖြစ်ပါသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က မွန်ဆီညော်စောဖရန်စစ်လက်တော်မှ ခရစ္စမားအားပေးခြင်းခံယူခဲ့သောကလေးများ။စုစုပေါင်း၁၂၅ယောက်။
18/04/2023

ပြီးခဲ့သော တနင်္ဂနွေနေ့က မွန်ဆီညော်စောဖရန်စစ်လက်တော်မှ ခရစ္စမားအားပေးခြင်းခံယူခဲ့သောကလေးများ။စုစုပေါင်း၁၂၅ယောက်။

Happy Easter To You All.
09/04/2023

Happy Easter To You All.

08/04/2023

အီစတာကြက်ဥနှင့် ယုန်ကလေးဘန်နီ
🥚🥚🥚🥚🥚🥚 🐇🐇🐇🐇🐇🐇

✍️သီကိုရှင်း

သခင်ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်တော်မူတဲ့ အီစတာပွဲနေ့မှာ တွဲမြင်လေ့ရှိတဲ့အရာတစ်ခုက အီစတာ ကြက်ဥတွေပဲဖြစ်ပါတယ်။ အီစတာကြက်ဥတွေကို လက်ဆောင်ပေးဖလှယ်ရင်း အချင်းချင်းနုတ်ဆက်ကြတယ်။ ဝေမျှစားသုံးကြတယ်။ ဒီအစဉ်အလာကို ကျမ်းစာထဲမှာတွေ့ရလားဆိုတော့ မဖော်ပြထားပါဘူး။ ဒါပေမဲ့လည်း ခရစ်ယာန်ဘာသာဝင်တွေက ချစ်စရာကောင်းတဲ့ အလေ့တစ်ခုအနေနဲ့ ပြုလုပ်ခဲ့ကြတာ ကြာပါပြီ။ ဒီအစဉ်လာလေးက ဘယ်က စခဲ့လဲဆိုရင် အလယ်ခေတ် အရှေ့ဖက်ခြမ်း ဥရောပကနေ စခဲ့တယ်လို့ ဆိုရမှာပါ။ ကြက်ဥဆိုတာ အသစ်ဖြစ်တည်ခြင်း၊ တဖန်မွေးဖွားလာတော့မယ့် နိမ်ိတ်ကိုဆောင်ပါတယ်။ အရင်ခေတ်တုန်းကဆို ၀ါတွင်းကာလမှာ ကြက်ဥရှောင်ကြပါတယ်။ ၀ါရှောင်တဲ့အချိန် ဥတဲ့ကြဥတွေကို သိမ်းထားပြီးနောက် အီစတာနေ့မှာ အီစတာကြက်ဥလက်ဆောင်အဖြစ် ဝေမျှပေးကြတယ်။ အီစတာကြက်ဥဟာ ခရစ်တော်သခင်အားမြှပ်နှံထားတဲ့ ဂူသင်္ချိုင်းကို ကိုယ်စားပြုပြီး ဂူထဲမှာ ပြန်လည် ရှင်ပြန်လာတဲ့ ဘုရားရှင်ရဲ့ ဘုန်းဂုဏ်တော်နှင့် ရှင်ပြန်တော်မူခြင်းကို အမှတ်ရစေအောင် အီစတာနေ့မှာ ကြက်ဥပြုတ်တွေ ဝေကြ၊ စားသုံးကြတာတွေ ရှိလာပါတယ်။ ကြက်ဥတွေကို ချစ်စဖွယ်ကောင်းအောင် အရောင်တွေချယ်ကြ၊ ပုံတွေဆွဲကြနဲ့ အဓိပ္ပါယ်တွေအမျိုးမျိုးနဲ့ အလှဆင်ကြတယ်။ အရင်တုန်းကဆိုရင်တော့ ကြက်ဥကို အနီရောင်လေးတွေ ဆေးခြယ်ကြတယ်။ အဓိပ္ပါယ်ကတော့ ကားတိုင်ပေါ်မှာ သွေးသွန်းခဲ့တဲ့ ခရစ်တော်ရဲ့ ရဲရဲတောက် သွေးတော်မြတ်ကို အောက်မေ့စေဖို့အတွက်ပဲ ဖြစ်ပါတယ်။

🐇အီစတာယုန်ကလေး🐇

အီစတာကြက်ဥနဲ့အတူ တွဲပြီးမြင်ရတာကတော့ အီစတာဘန်နီလို့ခေါ်တဲ့ ယုန်ကလေးပဲဖြစ်ပါတယ်။ ယုန်ကလေး နားရွက်ထောင် ပညာရှိဟန်ဆောင် ဆိုတဲ့စကားအတိုင်းပဲ နားရွက်ရှည်ရှည်နဲ့ ယုန်ကလေးဟာ ကလေးသူငယ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းပြီး အမှားအမှန် ခွဲခြားပြောပြတဲ့ တိရိစ္ဆာန်လေးအဖြစ်နဲ့ ခံယူကြတယ်။ ဒါဟာလည်း ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်လိုပါပဲ။ အီစတာကြက်ဥတွေ၊ သကြားလုံးတွေ ထည့်ထားတဲ့ ခြင်းတောင်းလေးကို ယုန်ကလေးက ကိုင်ပြီး ကလေးတွေကို အီစတာနေ့မှာ လက်ဆောင်လိုက်ပေးတယ်လို့ လူကြီးတွေက ပုံပြောခဲ့ရာကနေ စခဲ့တာပါပဲ။ စန်တာကလော့စ် ခရစ္စမတ်ဘိုးဘိုးကြီးက ကလေးတွေကို ခရစ္စမတ်နေ့မှာ လက်ဆောင်တွေ ပေးသလို ယုန်ကလေး ဘန်နီကလည်း အီစတာနေ့မှာ လိမ္မာတဲ့ကလေးလေးတွေကို ကြက်ဥ၊ ချောကလက်၊သကြားလုပ်၊ ကစားစရာအရုပ်တွေ လိုက်ဝေပေးတယ်ဆိုတဲ့ ပြောစမှတ် အစဉ်လာလေးကနေ အီစတာယုန်ကလေးဘန်နီကို အီစတာနေ့မှာ တွေ့မြင်ကြရတာဖြစ်ပါတယ်။ ရှေးယခင်က ယုန်ဆိုတဲ့ တိရိစ္ဆာန်ဟာ ပေါများကြွယ်ဝခြင်း၊ အသက်သစ်ရဲ့ သင်္ကေတတစ်ခုအဖြစ်လက်ခံခဲ့ကြတာမို့၊ သေခြင်းမှ ရှင်ပြန်ထမြောက်တဲ့ အသက်သစ်ကိုပေးတဲ့ ဘုရားရှင်နဲ့လည်း ဆက်စပ်ပြီး ဒီယနေ့ ဓလေ့တစ်ခုအနေနဲ့ ဆက်လက်ထားရှိနေကြခြင်းပဲဖြစ်ပါတယ်။

Ref : http://en.wikiedia.org//





မယ်တော်ဂူဖက်အခြမ်းခြံစည်းရိုး အုတ်တံတိုင်းကာရန်ပြီးစီးမှု
29/03/2023

မယ်တော်ဂူဖက်အခြမ်းခြံစည်းရိုး အုတ်တံတိုင်းကာရန်ပြီးစီးမှု

🎄May the peace:joy and happiness of Christmas be upon everyone.🎄
24/12/2022

🎄May the peace:joy and happiness of Christmas be upon everyone.🎄

မယ်တော်၏ အစေအပါး သီလရှင်( Servite Sister)များသည် စိန်မေရီ သုံကြိုင် သာသနာတွင် လာရောက် အမှုတော်ထမ်းရွက်ခဲ့ကြသည်မှာ ယနေ့ (...
10/11/2022

မယ်တော်၏ အစေအပါး သီလရှင်( Servite Sister)များသည် စိန်မေရီ သုံကြိုင် သာသနာတွင် လာရောက် အမှုတော်ထမ်းရွက်ခဲ့ကြသည်မှာ ယနေ့ (၁၀.၁၁.၂၂) တွင် ၂၅ နှစ် ပြည့်ခဲ့ပြီဖြစ်ပါသည်။

Ave Maria
31/10/2022

Ave Maria

ယနေ့၌ Sr.မေလာနီ သည်  စိန်မေရီသာသနာ သုံကြိုင်တွင် ၆ လ တာ တာဝန်ထမ်းဆောင်ပြီးနောက် မန္တလေးမြို့သို့ Sr.ကြီး အဖြစ် တာဝန်ထမ်း...
28/06/2022

ယနေ့၌ Sr.မေလာနီ သည် စိန်မေရီသာသနာ သုံကြိုင်တွင် ၆ လ တာ တာဝန်ထမ်းဆောင်ပြီးနောက် မန္တလေးမြို့သို့ Sr.ကြီး အဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့သွားပြီ ဖြစ်ပါသည်။

✝စိန့်မေရီသာသနာ သုံကြိုင် ၏ စတုတ္ထမြောက် ကျောင်းထိုင် Fr.Peter.
20/02/2022

✝စိန့်မေရီသာသနာ သုံကြိုင် ၏ စတုတ္ထမြောက် ကျောင်းထိုင် Fr.Peter.

Transfer            စိန့်မေရီ သာသနာ သုံကြိုင် ၏ ကျောင်းထိုင် ဘုန်းတော်ပြီး Fr.George Mg Mg သည် ယနေ့တွင် ရန်ကုန် ၊ အလုံ ၊...
15/02/2022

Transfer
စိန့်မေရီ သာသနာ သုံကြိုင် ၏ ကျောင်းထိုင် ဘုန်းတော်ပြီး Fr.George Mg Mg သည် ယနေ့တွင် ရန်ကုန် ၊ အလုံ ၊ စိန်ထရေဇား သာသနာသို့ ပြောင်းရွှေ့ သွားပြီ ဖြစ်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when St. Mary Parish, Thone Kyaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share