22/12/2023
နေဝင်းနဲ့အိမ့်ချစ်ချောတို့ရဲ့ မင်္ဂလာပွဲကိုကြည့်ပြီး
အိမ့်ချစ်ချောလိုမျိုးအချစ်ခံချင်လိုက်တာတို့
ဦးနေဝင်းလိုချစ်တတ်တဲ့ကောင်လေးရချင်လိုက်တာတို့ဆိုပြီး ဝိုင်း share နေကြတာတွေ့ရတော့
စိတ်ထဲမှာ တစ်ခုခုပြောချင်လာတယ်
အဲ့ဒါဘာလဲဆိုတော့
အိမ့်ချစ်ချောလိုအချစ်ခံချင်တာကဟုတ်ပြီ
အိမ့်ချစ်ချော နေဝင်းနဲ့ဆိုးတူကောင်းဖက်ဘဝခရီးအတူတူလျှောက်လှမ်းသလိုမျိုး
ကိုယ်တိုင်ကရော ကိုယ့်ချစ်သူကောင်လေးနဲ့အဲ့လိုနေနိုင်ပြီလား
နောက်တစ်ခု အိမ့်ချစ်ချော နေဝင်းအပေါ်သစ္စာရှိသလို
ခင်ဗျားတို့က ကိုယ့်ကောင်လေးအပေါ်သစ္စာရှိနိုင်သလား
ဒီဘက်ခေတ်မှာတွေ့ရသလောက်တော့
သုံးနှစ်လောက်နေလို့မှမယူနိုင်သေးရင် အဆက်အသွယ်ပြတ်သွားကြတာပဲ
တစ်ချို့လည်းပြောကြတာရှိပါသေးတယ်
ရည်းစားဖြစ်တာပဲသုံးနှစ်ကျော်နေပြီ အခုထိယူဖို့ဘာတစ်ခုမှအဆင်သင့်မဖြစ်သေးဘူးဆိုပြီး
ကိုယ့်ချစ်သူကောင်လေးကိုစွန့်ခွာသွားတာတွေတွေ့ရတယ်
အထူးသဖြင့် အနေဝေးတဲ့ချစ်သူတွေမှာဆို ဒီလိုကိစ္စမျိုးကပိုပြီးတွေ့ရတယ်
ကိုယ့်ချစ်သူကောင်လေးက ကိုယ်နဲ့ဘဝခရီးအတူတူလျှောက်လှမ်းဖို့ အလုပ်တွေလုပ်ပြီးကြိုးစားနေချိန်
သူတို့အတွက်အချိန်မပေးနိုင်တဲ့အပေါ်မှာ
အနေနီးတဲ့တစ်ခြားလူတစ်ယောက်ကနည်းနည်းလေးဂရုစိုက်ပြလိုက်တာနဲ့ပါသွားတတ်ကြတာမျိုးတွေတွေ့ရတယ်
နောက်တစ်ခုရှိတယ်
ကိုယ့်ကောင်လေးက ပေတေလေလွင့်နေတဲ့အချိန် ဆိုးသွမ်းနေတဲ့အချိန်မှာဆို
မိဘက မကြိုက်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ကလက်မခံနိုင်လို့ဆိုတဲ့ခေါင်းစဥ်နဲ့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့လမ်းခွဲလိုက်ကြတာမျိုးတွေ့ရတယ်
အဲ့တော့ ပြောချင်တာက
အိမ့်ချစ်ချောလိုအချစ်ခံချင်ရင်
ကိုယ်တိုင်ကရော သူ့လိုအချိုးပြေရဲ့လား
သူ့လိုတစ်ယောက်တည်းအပေါ်မှာသစ္စာရှိရှိချစ်နိုင်ရဲ့လား
သူ့လိုမျိုး ကိုယ့်ကောင်လေးဆိုးသွမ်းနေတဲ့အချိန်ဘေးမှာဆိုးတူကောင်းဖက်အတူတူနေနိုင်ပြီလား
အဲ့မေးခွန်းတွေကို ကိုယ့်ကိုကိုယ်အရင်ပြန်မေးကြည့်
အဲ့လိုမျိုးတွေတစ်ခုမှ မလုပ်နိုင်ပဲနဲ့တော့
အဲ့လိုအချစ်ခံရဖို့မမျှော်လင့်နဲ့လေ
ကျုပ်ပြောချင်တာ သဘောပေါက်မလားမသိဘူး ...။
#အရိုး✍️