Tun Win Naing

  • Home
  • Tun Win Naing

Tun Win Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tun Win Naing, Digital creator, .

12/07/2024
15/06/2024

■ ၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်

(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ)

Western News| ဇွန် ၁၅

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။

၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတပြိုင်တည်း အသုံးပြုအပြင် အခြားသော ပုံစံများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုူများကို ကျူးလွန်ခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သား ၃၆၉ ဦးမှာ ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ မကွေး၊ ပဲခူး၊ မန္တလေး ဒေသများက အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ မြန်မာစစ်တပ် (စစ်ကောင်စီ) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော အရပ်သားအရေအတွက်မှာ ၂၄၉၀ ဦးရှိခဲ့သည်။

အဆိုပါ သေဆုံးအရပ်သား ၂၄၉၀ ဦးထဲက တစ်ဝက်နီးပါးရှိသည့် အရပ်သား ၁၁၉၅ ဦးမှာ စစ်ကိုင်းတိုင်းဒေသအတွင်းက အပြစ်မဲ့ပြည်သူများဖြစ်ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်မှာ ၂၀၂၄ ခုနှစ်၊ မေလနှင့် ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးတို့ကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူ ၁၂၂ ဦးကျော်ရှိကြောင်း Western News ၏ မှတ်တမ်းများအရ သိရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အပြစ်မဲ့အရပ်သား ၇၈ ဦး၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာက ၁၄ ဦး၊ နတ်တောင်မော်ရွာက ၉ ဦး၊ လင်းသီ/ရွှေလှေရွာက ၁၃ ဦး၊ ခမောင်းတုန်း/အောက်နတ်မော် ၂ ဦး၊ မောင်တော ၆ ဦးတို့ ဖြစ်ကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားနေ မြို့၊ ရွာ ဒေသများကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကို နေစဉ်ပြုလုပ်နေသည်။

ပုံစာ - စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်က အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော မြောက်ဦးမြို့နယ်က မိသားစုတစ်စု။ (ဓါတ်ပုံ - CJ)

Western News-WN

Website: https://westernnewsmm.com/?p=1031
YouTube Post: https://pse.is/63n2hc

15/06/2024

တောင်ကုတ် - ပန်းတောင်းလမ်းပိုင်းကို AA ယာယီပိတ်

DMG ၊ ဇွန် ၁၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းကို ဆက်သွယ်ထားသော တောင်ကုတ် - ပန်းတောင်ကားလမ်းပိုင်းကို အာရက္ခတပ်တော်(AA)က ယာယီကန့်သတ်ပိတ်ပင်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက အဆိုပါလမ်းကိုအသုံးပြုပြီး ရခိုင်ဒေသအတွင်း စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသဖြင့် ဇွန်လ ၁၂ ရက်မှစ၍ AA က ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“ပဲခူးတိုင်းဘက်ကနေ တောင်ကုတ်ဘက်ကို စစ်ကူပို့ပေးနေတာတွေရှိတယ်။ ဒါကြောင့် အေအေက ပိတ်လိုက်တာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၎င်းကားလမ်းကို ရခိုင်တိုက်ပွဲစဖြစ်ချိန်ကပင် စစ်ကောင်စီက ပိတ်ဆို့ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီက စစ်ရေးအတွက် အသုံးပြုနေသဖြင့် AA က တစ်ဖန် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

ကားလမ်းပိတ်ထားခြင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်တွင် ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေပြီး ယင်းအထဲတွင် စစ်သင်တန်းဆင်း မွတ်ဆလင်များလည်း ပါဝင်သည်။

“တောင်ကုတ်မှာ အခု လှုပ်လှုပ်ရှားရှားတွေဖြစ်နေတယ်။ တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ စကားသံတွေ ထွက်နေတယ်။ ဘာဆက်ဖြစ်လာမလဲတော့ မသိဘူး။ ဒေသခံတွေလည်း စိုးရိမ်ကြောက်လန့်နေကြတယ်” ဟု တောင်ကုတ်ဒေသခံ တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး ဇွန်လ ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း အမ်းမြို့နယ်နှင့် မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း - ပဒါန်းကားလမ်းကို အသုံးပြုပြီး စစ်ကောင်စီက အမ်းတွင်စစ်အင်အားတိုးချဲ့နေသဖြင့် AA က ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းရှိသည်။

https://www.dmgburmese.com/သတင်း/gokepan.html

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

15/06/2024

■ စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ

Western News| ဇွန် ၁၄

ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် စစ်ကောက်စီ လက်အောက်ခံ စစ်သားများနှင့် ရဲတပ်သားများမှာ လမ်းသွားလမ်းလာ ပြည်သူများထံမှ လက်ကိုင်ဖုန်းများကို ရှောတခင်ဝင်ယူ စစ်ဆေးပြီး VPN (Virtual Private Network) ဆော့ဝဲလ်များတွေ့လျှင် ခြိမ်းခြောက်ငွေညစ် တောင်းယူနေကြောင်း သိရသည်။

စစ်ကောင်စီက အတည်မပြုသေးသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အကြောင်းပြ၍ မြေပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာများ၏ ဖုန်းများကို VPN ရှိမရှိ စစ်ဆေးနေသည်။

မျက်မြင်တွေ့ရှိသူတစ်ဦးက " အခုဆို ကျနော်တို့ ဖုန်းတောင် အပြင်မယူရဲတော့ဘူး။ လမ်းပေါ်မှာ တားပြီးစစ်တယ်။ ကားပေါ်မှာ စစ်လို့ တွေ့ရင်တော့ ဖမ်းတာတွေရှိတယ်။ ဖမ်းတာဆိုတာကလည်း သူတို့က ပိုက်ဆံတောင်းတာပေါ့။ ပြီးရင် ဆော့ဝဲလ်ဖျက်ပေးပြီး ပြန်လွှတ်ပေးတယ်” ဟု ပြောသည်။

ဖုန်းထဲတွင် VPN ဆော့ဝဲလ်ကိုတွေ့လျှင် ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များမှာ ချင်းပြည်နယ်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ရန်ကုန်တိုင်းများတွင် ဖြစ်ပွားလျှက်ရှိနေပြီး အချို့နေရာများတွင် ရည်ရွယ်ချက်ရှိရှိ ဂိတ်ချစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက " ဂိတ်ချပြီးကို စစ်တာ။ လူငယ်တွေကို ပိုပြီး ရစ်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ရှိလားဆိုပြီး စစ်ဆေးနေတာ အဲဒီကောင်လေးကိုတော့ ဖုန်းထဲမှာ VPN ကလည်း အများကြီးတွေ့သွားတယ်။ စခန်းကိုဖမ်းပြီးခေါ်သွားတယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်များကို အသုံးပြု၍ မရရှိစေရန် စစ်ကောင်စီသည် VPN ဆော့ဝဲလ်များကို မေလ ၃၀ ရက်နေ့က စတင်ဖြတ်တောက်ခဲ့ပြီး သို့သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ဆက်လက်အသုံးပြုနေကြ၍ စစ်ကောင်စီသည် VPN အသုံးပြုများကို ဖမ်းဆီးနိုင်ရန် ဥပဒေတစ်ရပ် ပြဌာန်းရေး ပြင်ဆင်စီမံနေသည်။

အာဏာသိမ်း စစ်ကောင်စီသည် သတင်းသိပိုင်ခွင့်ကို ထိန်းချုပ်ရန် Facebook အပါအဝင် လူမှုကွန်ရက်အချို့ကို ပိတ်ထားသော်လည်း Facebook ကို အစားထိုး လူမှုကွန်ရက်အဖြစ် MySpace အပလီကေးရှင်းကို လွှင့်တင်ခဲ့သည်။

သို့သော်လည်း လတ်တလောမှာ စစ်ကောင်စီ၏ ဝါဒဖြန့် MySpace လူမှုကွန်ရက်စာမျက်နှာသည် ဝိုင်းဝန်းဆန့်ကျင် တိုက်ခိုက်ခံရခြင်းကြောင့် Google Play Store နှင့် Apple Store တို့တွင် မတွေ့ရတော့ပေ။

ပုံစာ - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေးမြို့ လမ်းမပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲများနဲ့ စစ်တပ်တပ်ဖွဲ့ဝင်များ။ (ဓါတ်ပုံ - AP)

Western News-WN

15/06/2024
15/06/2024

နပခကိုကာကွယ်ရန် စစ်ကောင်စီတပ်စခန်းများ ထပ်တိုးချထား

DMG ၊ ဇွန် ၁၅

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ်ရန်အတွက် မြို့အပြင်ဘက်တွင် တပ်စခန်း ၅ ခုအထိ ထပ်တိုးချထားကြောင်း သိရသည်။

ကြိမ်ချောင်းနှင့် ခမောင်းတောကျေးရွာကြား မဲတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီက ကာကင်းစခန်းများ တိုးချဲ့ချထားခြင်းဖြစ်သည်။

“အဲဒီစခန်းတွေကို တိုးချဲ့ထားတာကြာပြီ။ သူတို့က လျှို့ဝှက်ထားတာ။ အခုတိုက်ပွဲပြင်းထန်လာတဲ့နောက်မှ ထွက်ပေါ်လာတာ။ အဓိကတော့ တောဟိန်းတောင်ပြီးရင် အမ်းမြို့သို့ အလွယ်တကူမသွားနိုင်အောင် ထပ်တိုးစခန်းတွေ ချထားတာဖြစ်တယ်” ဟု ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

တောဟိန်းတောင်ဗျူဟာကုန်း၊ ရှောက်ခြုံကျေးရွာအနီးရှိ တပ်စခန်းအချို့နှင့် ပွိုင့် ၂၉၉ တို့ကို AA က တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

အကယ်၍ ယင်းစခန်းများကျသွားလျှင် အမ်းဌာနချုပ်သို့ AA က အလွယ်တကူ ဝင်မလာနိုင်အောင် စစ်ကောင်စီက မဲတောင်၌ တပ်စခန်းများတိုးချဲ့ကာ စစ်ရေးပြင်ဆင်ထားခြင်း ဖြစ်သည်။

“မောင်တောလည်း ကျလုနီးပါးဖြစ်နေပြီ။ သံတွဲ၊ တောင်ကုတ်ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ အေအေထိုးစစ်ကလည်း မြင့်သထက်မြင့်လာတော့ စစ်ကောင်စီက အမ်းလုံခြုံရေးကို ပိုပြီးစိုးရိမ်လာတယ်။ ဒါကြောင့် ကဇုကိုင်းကျသွားရင် အမ်းသို့ အလွယ်မရောက်နိုင်အောင် အသေခံတပ်တွေချထားတာ” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

အမ်းမြို့နယ်တွင် နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိသည်။

ရခိုင်ဒေသအတွင်း မောင်တော၊ အမ်း၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည်။

https://www.dmgburmese.com/သတင်း/napakad.html

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

14/06/2024
14/06/2024

■ စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ

Western News| ဇွန် ၁၄

စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။

တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

"စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်" ဟုပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ကျေးရွာအချို့မှ ဒေသခံအများစုမှာ စစ်ဘေးထပ်ရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်ဘက်လှန်းရွာ ဒေသခံတစ်ဦးက ဆိုသည်။

"ပုဏ္ဏားကျွန်းက စစ်တွေနဲ့နီးတော့ ဘယ်အချိိန်မဆိုလှမ်းပစ်လိုက်ရင်ကျလာနိုင်တယ်။ ဒါကကျနော်တို့နယ်ခံတွေရဲ့စိုးရိမ်မှုပါ။ အခုလည်း ပုဏ္ဏားကျွန်းနယ်တွေမှာ လက်နက်ကြီးတွေနေ့စဥ်နီးပါးဆိုသလိုကျနေတာကြားနေမြင်နေရတော့ အများအားဖြင့် ကျေးရွာတွေကနေရှောင်ဖို့တွေးနေကြပြီ။ စစ်ရှောင်လို့ရောက်တာဖြင့် ဘာမှမကြာသေးဘူး ထပ်ရှောင်ကြရတော့မယ့်အခြေနေကတော့ တော်တော်ဆိုးပါတယ်" ဟုပြောသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများမှာ ၎င်းတို့ဒေသတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားစဉ်ကလည်း နီးစပ်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရမှုများရှိခဲ့ပြီး လက်ရှိတွင်လည်း မိမိဒေသတွင်းပြန်လည်နေထိုင်နိုင်မှုမရှိသူများလည်း အများအပြားရှိနေသေးသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ AA မှအပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လေကြောင်းရေကြောင်း အသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှု၊ လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုတို့ မကြာခဏရှိနေသည့် ဒေသများလည်းဖြစ်သည်။

ပုံစာ - ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများကို တွေ့ရစဉ်။

Western News-WN

14/06/2024

မတူပီမြို့သိမ်းတိုက်ပွဲ စတင် (Yaw Army နှင့် AA တို့ ပူးပေါင်းတိုက်ခိုက်)

DMG ၊ ဇွန် ၁၄

ချင်းညီနောင်မဟာမိတ်အဖွဲ့သည် ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ချင်းပြည်နယ်၊ မတူပီမြို့ကို ဇွန်လ ၉ ရက်က စတင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖော်ဆောင်ပြီး (၅) ရက်မြောက် ဇွန်လ ၁၃ ရက်တွင် မတူပီမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားကြသည်။

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် စစ်ကောင်စီက ခလရ (၃၀၄) တပ်ရင်းကို အခိုင်အမာအထိုင်ချထားပြီး မြို့သိမ်းစစ်ဆင်ရေးအတွင်း Yaw Army(YA)၊ အာရက္ခတပ်တော်(AA) တို့ကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။

လက်ရှိအချိန်ထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေသည်။

မတူပီမြို့သည် ပလက်ဝနှင့်ထိစပ်နေသည့် မြို့ဖြစ်ပြီး မတူပီမြို့ခံများမှာ တိုက်ပွဲမဖြစ်ခင်ကပင် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ - ချင်းညီနောင်အဖွဲ့ဝင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

14/06/2024

we come to arakan the people ula AA💪

🚀💣🔫
14/06/2024

🚀💣🔫

အဘတို့ကြည်အဘဖင်ဝင်😂😂
14/06/2024

အဘတို့ကြည်အဘဖင်ဝင်😂😂

သံတွဲတိုက်ပွဲ စစ်ကောင်စီဒရုန်းပစ်ခတ်မှု ၎င်းတို့တပ်သားများထံကျ၍ ၁၀ ဦးထက်မနည်း သေဆုံး

DMG ၊ ဇွန် ၁၄

ရခိုင်ပြည်၊ သံတွဲမြို့ လေယာဉ်ကွင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ၎င်းတို့တပ်ဖွဲ့ဝင်များထံ ကျရောက်သဖြင့် ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၁၃ ရက်က လေယာဉ်ကွင်းအနီးတွင် နှစ်ဘက်တိုက်ပွဲပြင်းထန်နေစဉ် ခလရ (၅၅)မှ ဒရုန်းတပ်က မှားယွင်းစွာပစ်ခတ်ခဲ့ခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတာကို အကူပေးနေတဲ့ နောက်တန်းစစ်သားတွေဆီ သွားကျတာ။ တပ်သား ၁၀ ဦးထက်မနည်း သေတယ်။ ဒဏ်ရာရာသူတွေလည်း ရှိတယ်လို့ သိထားတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ယခုနောက်ပိုင်းတိုက်ပွဲများတွင် လေကြောင်းနှင့် ဒရုန်းကို အဓိကအသုံးပြု တိုက်ခိုက်နေကြောင်း စစ်ရေးလေ့လာသူများက ပြောကြသည်။

သံတွဲလေယာဉ်ကွင်းအနီးတွင် ယနေ့နံနက်ပိုင်းကလည်း တိုက်ပွဲပြင်းထန်နေသည်။ မြို့အနီးတိုက်ပွဲများကြောင့် သံတွဲမြို့ခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားသဖြင့် အခက်တွေ့နေကြသည်။

“သံတွဲလေယာဉ်ကွင်းအနီး ပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီဘက်က ကာကင်းစခန်းတွေရှိတယ်။ ဒီစခန်းတွေကို အေအေက ထိုးစစ်ဆင်နေတာ။ မြို့အနီးတွေမှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ။ သံတွဲနယ်ဘက်မှာ တိုက်ပွဲတွေ မရှိတော့ဘူး။ အဲဒါကြောင့် ပိတ်မိနေတဲ့ဒေသခံတွေအတွက် ပိုပြီးစိုးရိမ်စရာကောင်းတယ်” ဟု သံတွဲမြို့မှ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။

သံတွဲမြို့တွင် စစ်ကောင်စီ၏ ခမရ (၅၆၆)၊ ခလရ (၅၅) နှင့် အမတ (၃၇၅)၊ အမတ (၃၄၆) အမြောက်တပ်ရင်းတို့ အခြေစိုက်ထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း သံတွဲမြို့အနီး ဘားဒေါင်းတောင်ရှိ စစ်ကောင်စီတပ်စခန်း၌ လက်နက်ကြီး မတော်တဆပေါက်ကွဲခဲ့မှုကြောင့် တပ်သား ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

https://www.dmgburmese.com/သတင်း/sodrend.html

ပုံစာ - ဒရုန်းဖြင့် တိုက်ပွဲဝင်ရန် လေ့ကျင့်နေသည့် စစ်ကောင်စီတပ်သားများကို ယခုနှစ်အစောပိုင်းက တွေ့ရစဉ်။ (အင်တာနက်)

DMG သတင်းများကို ကြည့်ရှုရန် >>>

Telegram:
t.me/dmgarakannews

YouTube:
www.youtube.com/

Website:
www.dmgburmese.com/

14/06/2024

■ စစ်ကောင်စီကို လက်နက်နှင့် လေ့ကျင့်ရေးသင်တန်း ပံ့ပိုးသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို JMF ဖော်ထုတ်

Western News| ဇွန် ၁၄

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်များနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးပေးနေသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကိုအားပေး ကူညီလျက်ရှိကြောင်း JMF က ပြောဆိုသည်။

PSU များသည် အိန္ဒိယအစိုးရ၏ အများစုပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။

မွတ်ဆလင်များအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Stockholm International Peace Research Institute ၏ အချက်အလက်များအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တတိယမြောက် လက်နက်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ မူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယ စုစုပေါင်းလက်နက်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း အတည်ပြုထားသည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခဲ့သော စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းစာရင်းများကို ဖော်ပြထားပြီး ယင်းတွင် အမြောက်သေနတ်များ၊ ကျည်ကာအကျီနှင့် ဦးထုတ်များ၊ စစ်သင်္ဘောများနှင့် ပြန်လည်ပြုပြင် မွမ်းမံထားသော ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတို့ ပါဝင်ကြောင်း သိရသည်။

■ BrahMos Aerospace Private Limited

BrahMos Aerospace Private Limited (BrahMos Aerospace) သည် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် ရုရှားနိုင်ငံ၏ ပူးတွဲစတော့ ရှယ်ယာကုမ္ပဏီ “Military Industrial Consortium” “NPO Mashinostroyenia” တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး BrahMos Aerospace သည် ဒုံးကျည်များ ထောက်ပံ့ရေးအတွက် မြန်မာ စစ်အုပ်စုနှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

BrahMos Aerospace ကို အသံထက် မြန်သောခရုဇ်ဒုံးပျံများ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် တည်ထောင်ထားသည်။

ကုမ္ပဏီသည် အိန္ဒိယရေတပ်၊ ကြည်းတပ်နှင့် လေတပ်၏ လက်နက်တိုက်များတွင် ထည့်သွင်းထားသည့် သင်္ဘောအခြေစိုက်၊ မြေပြင်နှင့် ဝေဟင်အခြေစိုက် ခရုဇ်ဒုံးပျံများကို တီထွင်ထုတ်လုပ်နေသည်။

BrahMos ဒုံးကျည်သည် ပျံသန်းမှု တလျောက်လုံး အသံထက်မြန်သော အမြန်နှုန်းနှင့်အတူ ၂၉၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ကိုယ်တိုင်ပဲ့ထိန်းစနစ်ဖြင့် တိကျစွာပစ်ခတ်နိုင်ပြီး ၎င်းကို ပစ်လွှတ်ပြီးသည်နှင့်တပြိုင်နက် "ပစ်မှတ်ကို မှန်မမှန် လှည့်ကြည့်စရာမလိုတော့ဘဲ မေ့ပစ်လိုက်လို့ ရသည်" ဟု အဓိပ္ပယ်ဆောင်သော (fire and forget) နည်းပညာဖြင့် ထိန်းချုပ်ပစ်ခတ်နိုင်ကြောင်း သိရသည်။

ဝေဟင်ပစ်လွှတ်သည့် BrahMos ဒုံးပျံဗားရှင်းကို မြန်မာ့လေတပ်အုပ်စုရှိ ရုရှားထုတ် တိုက် လေယာဉ်မျိုးကွဲတစ်ခုဖြစ်သည့် Su-30MKI တွင် ပေါင်းစပ်တပ်ဆင်ထားသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနိုင်ငံပိုင် မီဒီယာအေဂျင်စီ TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် BrahMos Aerospace ၏ စီအီးအို Atul Rane က မြန်မာစစ်အုပ်စုသည် BrahMos ဒုံးကျည်များကို ဝယ်ယူလိုကြောင်းကို ထုတ်ဖော်ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။

အဆိုပါရောင်းဝယ်မှုကို ဆက်လက် လုပ်ဆောင်ရန်အတွက် BrahMos အနေဖြင့် အိန္ဒိယခရက်ဒစ်လိုင်းမှ တစ်ဆင့် ငွေးကြေးထောက်ပံ့မှု အစီအစဥ်တစ်ခု လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း Rane က ရှင်းပြခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များကို Brahmos Aerospace ကိုယ်စားလှယ်များမှ အနည်းဆုံး ၂ ကြိမ်တိုင်တိုင် အကျဉ်းချုံးရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အိန္ဒိယစစ်လက်နက်ပြပွဲ DefExpo တွင် ခရုဇ်ဒုံးကျည်အကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာစစ်အုပ်စု၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ BrahMos Aerospace Complex သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

■ Garden Reach Shipbuilders and Engineers Limited

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PSU ဖြစ်သည့် Garden Reach Shipbuilders & Engineers Limited (GRSE) သည် အာဏာသိမ်း ကြိုးပမ်းမှု မတိုင်မီ မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ခဲ့ပြီး အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းတွင်လည်း စီးပွားရေးများ ဆက်လက်လုပ်ဆောင်နေပုံရကာ GRSE သည် ကာလကတ္တားတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထိပ်တန်းသင်္ဘောကျင်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

GRSE သည် မြန်မာ့စစ်တပ်အတွက် ဘေလီသံမဏိတံတားများ ထောက်ပံ့ပေးရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမှာစာတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီ၏ ၂၀၁၈-၁၉ နှစ်ပတ်လည်အစီရင်ခံစာတွင် GRSE မှ "ရွှေ့ပြောင်းတပ်ဆင်နိုင်သော သံမဏိတံတားများတင်ပို့နိုင်ရေး ဘူတန်၊ မြန်မာ၊ နီပေါတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံ စျေးကွက်ချဲ့ထွင်မှုကို အားကျိုးမာန်တက် လုပ်ဆောင်ခဲ့ကြောင်း" ဖော်ပြထားကြောင်း သိရသည်။

GRSE ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် “မိတ်ဆွေ နိုင်ငံခြားတိုင်း ပြည်များ” ထံ ရေတပ်သင်္ဘောများ တင်ပို့ရန် အစပျိုးလုပ်ဆောင်မှုများ ဆောင်ရွက်နေကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။

အိန္ဒိယအောက်လွှတ်တော် (Lok Sabha)၊ ကာကွယ်ရေးဆိုင်ရာအမြဲတမ်းကော်မတီသို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအရ GRSE သည် မြန်မာနိုင်ငံအတွက် စျေးကွက်ရှာဖွေရေး ကိုယ်စားလှယ် ၁ ဦးကို ခန့်အပ်ခဲ့ပြီးကာ “အပူတပြင်း စျေးကွက်ရှာဖွေရေး လုပ်ငန်းများ” လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာစစ်အုပ်စု၏ အမျိုးသားကာကွယ်ရေး ကောလိပ်မှ လာရောက်လည်ပတ်မှုများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

အလည်အပတ်ခရီး စဉ်များ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း စစ်ရေး လေ့ကျင့်မှုသင်တန်းများတွင် GRSE ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းရကြောင်း၊ GRSE သည် အိန္ဒိယနိုင်ငံအဆင့်စတော့အိတ်ချိန်းတွင် စာရင်းဝင်ဖြစ်ပြီး၊ ၇၅ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ SBI Funds Management၊ Sanlam Investment Management၊ Dimensional Fund Advisors နှင့် DFA Australia တို့ ပါဝင်ကြောင်း သိရသည်။

■ BEML Limited

BEML သည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PSU တစ်ခုဖြစ်ပြီး မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ပေးထားကာ ယခင်က Bharat Earth Movers Limited ဟု လူသိများသော BEML သည် မီးရထားလမ်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် အကြီးစား စက်ကိရိယာမျိုးစုံကို ထုတ်လုပ်သည်။

ကာကွယ်ရေးကဏ္ဍတွင် BEML သည် အိန္ဒိယ၏ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ဖော်ဆောင်ထုတ်လုပ်ရေး စီမံကိန်းအတွက် မြေပြင်အထောက်ကူပြုယာဉ်များကို ထောက်ပံ့ပေးကြောင်း သိရှိရသည်။

၎င်း၏ လေယာဉ်တည်ဆောက်ရေးဌာနခွဲမှ တစ်ဆင့် ကုမ္ပဏီသည် လေယာဉ်လက်နက်သယ် တွန်းလှည်းများနှင့် ဘက်စုံသုံးလက်နက်တင် ကိရိယာများအပါအဝင် မြေပြင်အထိုင် အကူကိရိယာများကို ထုတ်လုပ်သည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စစ်အုပ်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် BEML ၏ ရထားထုတ်လုပ်မှု စက်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး စစ်အုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို တရားမဝင် ထိန်းချုပ် ထားကာ ၎င်း၏ တပ်ဖွဲ့ဝင်များ၊ လက်နက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် ရထားများကို အသုံးပြုခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နားလည်မှုစာချွန်လွှာတွင် ကုမ္ပဏီသည် စက်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း အတည်ပြုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် BEML Limited သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ကာကွယ်ရေး ပစ္စည်းကိရိယာများ တင်ပို့ရောင်းချနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေပြီး တင်ပို့ရောင်းချမှုကို တိုးမြှင့်ကာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် BEML သည် မြန်မာနိုင်ငံတွင် “ဖြန့်ဖြူးရောင်းချမှုကွန်ရက်ကို မြှင့်တင်နေကြောင်း” နှင့် မြန်မာနိုင်ငံတွင် ဖြန့်ချီရေး ကိုယ်စားလှယ်ကို ခန့်အပ်ထားကြောင်း ထုတ်ဖော်ပြောကြားထားပြီး ကုမ္ပဏီအနေဖြင့် ၎င်းဖြန့်ချီရေး ကိုယ်စားလှယ်အမည်ကို Justice For Myanmar သို့ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

BEML သည် ဘုံဘေစတော့ အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထားပြီး ၅၄ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ Nippon Life India Asset Management၊ Kotak Mahindra Asset Management၊ Carne Global Fund Managers (Ireland) နှင့် White Oak Capital Partners တို့ ပါဝင်ကြောင်း သိရသည်။

■ Hindustan Shipyards Limited

၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ PSU တစ်ခုဖြစ်သည့် Hindustan Shipyards Limited (HSL) သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်အမှာစာများကို ဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဗီဆာကာပါနန်မြို့တွင် တည်ရှိပြီး၊ ကုမ္ပဏီသည် ကမ်းလွန်ကင်းလှည့် သင်္ဘောများနှင့် တိုင်းတာရေး သင်္ဘောများ တည်ဆောက်ကာ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံမှု များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ HSL ဥက္ကဋ္ဌ၏ ကြေငြာချက်တွင် ကုမ္ပဏီအနေဖြင့် ပို့ကုန်များ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံအပါအဝင် ကာကွယ်ရေး စစ်သံမှူးများ/သံရုံးများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

၂၀၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် INS Sindhuvir အဖြစ် အိန္ဒိယရေတပ်တွင် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား မြန်မာရေတပ်ထံ ရောင်းချပေးခဲ့ပြီး လွှဲပြောင်းရောင်းချရာတွင် မြန်မာ့ရေတပ်အတွက် မောင်းနှင်အသုံးပြုရေးနှင့် ပြုပြင် ထိန်းသိမ်းရေး သင်တန်းများ ပါဝင်ပြီး မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ ရေငုပ်သင်္ဘောကို HSL တွင် ပြန်လည်ပြုပြင်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် HSL သည် မင်းအောင်လှိုင်ကို တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ကြိုဆိုလက်ခံခဲ့ကြောင်း သိရှိရသည်။

■ Yantra India Limited

အိန္ဒိယ ကာကွယ်ရေးကဏ္ဍ PSU တစ်ခုဖြစ်သည့် Yantra India Ltd သည် မြန်မာစစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာစစ်အုပ်စုထံ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အများအပြား တင်ပို့ခဲ့ကြောင်း အိန္ဒိယပို့ကုန် မှတ်တမ်းများက အတည်ပြုထားသည်။

ယင်း ၁၂၂ မီလီမီတာ အမြောက်ပြောင်းများသည် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်ဌာနတစ်ခုဖြစ်သော ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားမှုးရုံးဟုလည်း သိကြသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (OCDI) ၏ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဟောင်ဝှစ်ဇာများအတွက် အသုံးပြုရန် ဖြစ်နိုင်ခြေ များပြားသည်။

မြန်မာစစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်ရှိ လက်တွေ့အသုံးပြုမှုတွင် အတွေ့အကြုံရှိသည့် သတင်းရင်းမြစ်များက OCDI အနေဖြင့် ကောင်းမွန်သည့်နည်းပညာမရှိမှု ပြည်တွင်းမှ ရရှိနိုင်သည့် ကုန်ကြမ်းများ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့် ကလီဘာသေနတ်အမြောက်ပြောင်းကြီးများကို ရရှိနိုင်သည့် နေရာများမှ ဝယ်ယူနိုင်ရေးကိုသာ အဓိကမှီခိုလုပ်ဆောင်နေရကြောင်း မှတ်ချက်ပေး ပြောကြားထားသည်။

■ Mazagon Dock Shipbuilders Limited

Mazagon Dock Shipbuilders Limited (MDL) သည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအပြင် အရပ်ဘက်ရေယာဉ်များပါ တည်ဆောက်သည့် မွမ်ဘိုင်းအခြေစိုက် အိန္ဒိယကာကွယ်ရေး PSU ကုမ္ပဏီဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယအောက်လွှတ်တော်၊ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီထံသို့ ပေးပို့သော အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ MDL သည် မြန်မာနိုင်ငံသို့ ပေးပို့မည့် ပို့ကုန်များအတွက် အေဂျင်စီ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း MDL သည် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ဝယ်ယူရန် တင်ဒါများထုတ်ပြန်ခဲ့သည်။

ယင်းတင်ဒါများတွင် အိန္ဒိယ၏ အနောက်နိုင်ငံမဟာမိတ်များက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ခဲ့သော တင်ဒါများလည်း ပါဝင်ကြောင်း သိရှိရသည်။

မြန်မာ့သစ်လုပ်ငန်း (MTE) သည် မြန်မာ့ကျွန်းသစ်ရောင်းဝယ်ရေးကို ထိန်းချုပ်ကာ စစ်အုပ်စုထံ အမြတ်အစွန်းများ စီးဆင်းစေပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးလျက် ရှိနေသည်။

MDL သည် ဘုံဘေစတော့အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထား ပြီး ၈၅ ရာခိုင်နှုန်း နိုင်ငံပိုင် ဖြစ်ကာ အခြားအစုရှယ်ယာရှင်များမှာ Edelweiss Asset Management၊ Aditya Biria Sun Life Amc၊ Tata AIA Life Insurance၊ Capital Investment Trust၊ ITI Asset Management နှင့် Russel Investments တို့ ပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများ အားလုံးချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားသည်။

အိန္ဒိယ စစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိကြ သည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုထံ ပံ့ပိုးထောက်ပံ့နေမှုအားလုံး ပိတ်ပင်ရေး တိုက်တွန်းရန် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar က ဆက်လက် တောင်းဆိုထားသည်။

ဓာတ်ပုံ - စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ် အိန္ဒိယခရီးစဉ်။

Western News-WN

13/06/2024

■ စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ စစ်တွေနှင့် ကျောက်ဖြူ ဒေသခံများ မြို့က ထွက်မရကြ

Western News| ဇွန် ၁၂

ရခိုင်ပြည်အတွင်း အဆုံးသတ်တိုက်ပွဲနှင့် လက်ကျန်မြို့များကို မကြာမီဆင်နွှဲတော့မည်ဟု AA က ကြေညာပြီးနောက် မြို့တွင်းနေထိုင်သူများ ဘေးကင်းရာကို သွားရောက်နေကြပြီး စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ထဲက ပြည်သူများမှာ စစ်ကောင်စီက မြို့ပတ်လည်ကို မိုင်းထောင်ထား၍ ထွက်မရဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း လက်ကျန်မြို့များဖြစ်သည့် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့တို့က စစ်ကောင်စီတပ်စခန်းများကို တိုက်ထုတ်ပြီး သိမ်းယူသွားမည်ဟု AA က ကြေညာပြောဆိုထားသည်။

ထို့ကြောင့် လက်ကျန်မြို့ထဲက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေ AA ထိန်းချုပ်ရာနေရာများသို့ သွားရောက်ခိုလှုံကြရန် AA က အသိပေး တိုက်တွန်းနေသည်။

ကျောက်ဖြူမြို့ထဲက ဒေသခံပြည်သူများမှာ ဘေးကင်းရာနေရာများသို့ သွားရောက်လိုသော်လည်း စစ်ကောင်စီက ဂိတ်အများအပြားဖြင့် တားဆီးပိတ်ပင်ထားခြင်းနှင့် မြို့ပတ်လည်ကို မိုင်းထောင်ထား၍ ထွက်မရောက်ဖြစ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" ပိုက်ဆံရှိတဲ့သူတွေကတော့ လေယာဉ်တွေနဲ့ ရန်ကုန်တို့၊ မန္တလေးတို့ကို သွားနေကြတာတော့ရှိတယ်။ မရှိဆင်းရဲသားတွေက ကိုယ့်ရခိုင်ဒေသ ဘေးကင်းမယ်ထင်တဲ့ နေရာကို သွားချင်တာ။ ဘယ်လိုမှ ထွက်မရဖြစ်နေတယ်။ ဂိတ်တွေက အထပ်ထပ်၊ မြို့ပတ်လည်ကိုလည်း မိုင်းက ထောင်ထားသေးတယ်။ စစ်ကောင်စီက ကျနော်တို့ကို ပိတ်လှောင်ထားတယ်လို့ ပြောရမယ်။ မြို့တွင်း တိုက်ပွဲဖြစ်လာရင်တော့ အကုန်လုံးသေကြမှာ။ မြို့ထဲက ထွက်ချင်တာက တပိုင်းသေနေပြီ။ " ဟု ပြောသည်။

စစ်တွေမြို့လည်း ယင်းနည်းလည်းကောင်းပဲ မြို့ပတ်လည်ကို မိုင်းထောင်ထားသည့်အပြင် မြို့အဝင်တံတားများကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည်ဟု စစ်တွေဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

" စစ်တွေမြို့ထဲမှာတော့ အနည်းစုပဲ ကျန်တော့တယ်လို့ ပြောရမယ်။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းကနေ မြို့ကလူတွေက တခြားနေရာတွေကို သွားကြတာ။ ကျန်ခဲ့တဲ့သူတွေက အခုထွက်မယ်လုပ်တော့ ဘယ်လိုမှ ထွက်ခွင့် မပေးဘူးဖြစ်နေတယ်။ အနီးအနားကျေးရွာကတောင် စစ်ကောင်စီ မြို့ထဲကို ပြန်ခေါ်နေတယ်။ AA က မြို့ထဲက ထွက်ခွာကြဖို့ပြောတယ်။ စစ်ကောင်စီက ပိတ်ပင်ထားတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲ။ မြို့တွင်းတိုက်ပွဲတွေဖြစ်လာရင် ဒီလူတွေ ဘေးကင်းနိုင်ပါ့မလား။ အရမ်းစိုးရိမ်စရာကောင်းနေပါတယ်။ " ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက လက်ရှိထိန်းချုပ်ထားဆဲ မြို့များက ပြည်သူများအပါအဝင် ဝန်ထမ်းများအားလုံးကို အခြားနေရာဒေသများသို့ သွားရောက်ခြင်း ပိတ်ပင်ထားပြီး ဓားစာခံအဖြစ် အသုံးချနိုင်ကြောင်းလည်း သုံးသပ်သူများက ပြောဆိုထားကြသည်။

စစ်တွေမြို့အနီးက ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဖျက်ဆီးရန် ပြင်ဆင်နေပြီး ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားကာ ယင်းကျေးရွာက ဒေသခံပြည်သူများကို စစ်တွေမြို့ထဲသို့ ခေါ်ယူနေပြီး ဓားစာခံအဖြစ် အသုံးချရန် စီစဉ်နေကြောင်း သိရသည်။

ဖျက်ဆီးခံရမည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်သည်။

ပုံစာ - စစ်တွေမြို့မြင်ကွင်း (ပုံဟောင်းဖြစ်သည်)။

Western News-WN

ဂျပုရိုအလူပေးဖို့လုပ်နေပြန်ယာ
12/06/2024

ဂျပုရိုအလူပေးဖို့လုပ်နေပြန်ယာ

11/06/2024
11/06/2024

အာရက္ခတပ်တော် (AA) ၏ သံတွဲဒေသထိုးစစ်များမှာ ပြင်းထန်နေဆဲဖြစ်ပြီး သံတွဲမြို့နှင့် အလွန်နီးကပ်လာရာ တိုက်ပွဲဧရ....

11/06/2024

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော-အငူ‌ မော်လမ်းတစ်လျှောက်ရှိ အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသော နယ်ခြာ.....

11/06/2024

တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ကျေးရွာတချို့ကို စစ်ကောင်စီမှ Y-12 လေယာဉ....

11/06/2024
11/06/2024

အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိပ်စက်ခံရသည့် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာသား ၂ ဦး စစ်တ....

11/06/2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်နှင့် မြင်းလွတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျ...

11/06/2024

သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို ဇွန် ၄ ရက်နဲ့ ၅ ရက်တွေမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ...

11/06/2024

အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီတပ်က တောင်ကုတ် မြို့နယ်မှ နေရာအချို့ကို ယနေန...

Address


Website

Alerts

Be the first to know and let us send you an email when Tun Win Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tun Win Naing:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share