Aung Myat Thu

  • Home
  • Aung Myat Thu

Aung Myat Thu မင်္ဂလာပါ

အပြင်မှာ နှင်းဖွဲလေးကျနေတယ်မဆုံနိုင်တော့တဲ့ ပန်းတချို့ငါနဲ့အဝေးဆုံးမှာ ကြွေကုန်ပြီ....နှင်းအိပ်တဲ့ဆောင်း...ငါဟာ ချမ်းရမှ...
22/12/2023

အပြင်မှာ နှင်းဖွဲလေးကျနေတယ်

မဆုံနိုင်တော့တဲ့ ပန်းတချို့
ငါနဲ့အဝေးဆုံးမှာ ကြွေကုန်ပြီ....

နှင်းအိပ်တဲ့ဆောင်း...
ငါဟာ ချမ်းရမှန်းမသိ
စွပ်ကျယ်တစ်ထည်နဲ့
ကဗျာတွေပေါ်မှာ ပြေးပြေးလွှားလွှား...

ဒီလိုနဲ့ ...

ငါဟာ မင်းအတွက်
အဖြည့်ခံသက်သက်....

ဒီလိုနဲ့ ....

မင်းကတော့ ငါ့အတွက်
ဘယ်တော့မှ မပြီးဆုံးတဲ့
ပန်းချီကားတစ်ချပ်....

🖼️

တောင်းပန်ပါတယ် အမေ.🤍🙏credit to original creator .   sharing.
15/12/2023

တောင်းပန်ပါတယ် အမေ.🤍🙏

credit to original creator .
sharing.

🙏🏻🙏🏻🙏🏻 ရေစက် 🙏🏻🙏🏻🙏🏻ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ သံသရာအဆက်ဆက်က ပါလာတဲ့..ရှေးရေ စက်ကြောင့်ပါ ....တချို့က ....က...
03/12/2023

🙏🏻🙏🏻🙏🏻 ရေစက် 🙏🏻🙏🏻🙏🏻

ဘဝမှာ ....
ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ သံသရာ
အဆက်ဆက်က ပါလာတဲ့..ရှေးရေ စက်ကြောင့်ပါ ....

တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ် ကြွေးကို
ပြန်ယူဖို့ အကြောင်းနဲ့ ဆုံလာကြတာ ...

တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်
ယူသွားကြတဲ့သူတွေလဲ ရှိမှာပေါ့လေ ....

ပြုသူအသစ်-ဖြစ်သူ အဟောင်းတဲ့...
ဘာပဲဖြစ်ဖြစ်ပေါ့ အကြောင်းမကင်းလို့
ပေါင်းသင်းကြရတာ အကြောင်းရှိလို့
ပေါင်းမိ ကြရတာပါပဲ ...

ကိုယ်က ကောင်းပါရဲ့နဲ့ ....

▪️ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ...
▪️စော်ကားတာကို ခံရတဲ့အခါ...
▪️ငြိုငြင်တာကို ခံရတဲ့အခါ..
▪️အထင်လွဲတာကို ခံရတဲ့အ ခါ...
▪️သစ္စာဖောက်တာကို ခံရတဲ့အခါ..
▪️ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....တစ်ခုပြီး တစ်ခု
ကျေသွားတယ်လို့ပဲ သဘောထားလိုက်ပါ ....

ခံရတဲ့သူက-အဟောင်းခံရတာပါ...
လုပ်တဲ့သူသာ-အသစ်လုပ်နေတာပါ...
များများပေးဆပ်ရရင် မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး...
အခြေအနေ တချို့ကို ကျေနပ် လက်ခံလိုက်ပါ ....

ကိုယ့်ရဲ့အတ္တကို ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး
ဘယ်သူ့ကိုမှ တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ပဲ
ဖြစ်လွယ် ပျက်လွယ်တဲ့
သဘောတရားကိုနားလည် လက်ခံနိုင်ခဲ့ရင်.......
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့မျှော်လင့်မိပါတယ် .....

🙏 (ပါမောက္ခချုပ်ဆရာ တော်)🙏

နိဂုံးချုပ်သွားသော ဆက်ဆံရေးများ……………………………………………..ဘာကြောင့် အရင်လိုမချစ်ကြတော့တာလဲ ။ဘာကြောင့်အရင်လို မခင်တော့တာလဲ ။ဘာကြေ...
22/11/2023

နိဂုံးချုပ်သွားသော ဆက်ဆံရေးများ
……………………………………………..
ဘာကြောင့် အရင်လိုမချစ်ကြတော့တာလဲ ။
ဘာကြောင့်အရင်လို မခင်တော့တာလဲ ။
ဘာကြောင့်အတူတကွ မတွေ့ရတော့တာလဲ
ဆိုတာတွေမှာ ....

အဖြေတွေက အများကြီးမရှိနေပါဘူး ။
ရေစက်တွေကုန်သွားပြီဆိုရင် တစ်မြို့တည်း
တစ်လမ်းတည်းနေရင်တောင် ဆုံတွေ့ဖို့ အရမ်း
ခက်ခဲပါတယ် ။

မချစ်တော့ ၊ မခင်တော့ ၊ မတွဲတော့မှ
ဘယ်သူ့အကြောင်းမှ ခေါင်းစဉ်တပ်ပြီး
လူကောင်းတွေ လူဆိုးတွေ ခွဲမပြချင်တော့
ပါဘူး ။ ချစ်ပြီးခင်ပြီးမှ မကောင်းကြောင်း
တွေ စာဖွဲ့ရေးနေတာကလည်း လူကောင်း
တွေရဲ့ အလုပ်မဟုတ်နေပြန် ။

ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အကြောင်း
ကိုယ်တွေးပြီး ပေါ့ပေါ့ပါးပါးလေးလေးနဲ့
ဆက်သွားတာက အကောင်းဆုံးပါပဲ ။

ချစ်ရတာလည်း ပင်ပန်းသလို ၊ မုန်းရတာ
လည်း စိတ်ကိုပိုပြီး လေးလံစေလို့ ချစ်ခဲဲ့
ပြီးလို့ ဆက်မချစ်နိုင်တဲ့အခါ အမုန်းဘက်ကို
မကူးသွားဖို့ စိတ်ကို ဖြတ်ချတတ်ဖို့ လိုအပ်
ပါတယ်။

ဒါကြောင့်မို့ နိဂုံးချုပ်သွားသော
ဆက်ဆံရေးတွေအတွက်
မေးခွန်းများကို မဖြေချင်တော့ပါ။

#မာရင်ရင်

နေရင်းထိုင်ရင်းပိတ်နေလိုက် 😡⛔
19/11/2023

နေရင်းထိုင်ရင်းပိတ်နေလိုက် 😡⛔

🪔   #သီတင်းကျွတ်ဆုတောင်း  🧨🎇 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….🙏မိဘ ဖိုးဖွား ဆရာသမားများနှင့်တကွ မိမိထက် တ​နေ့တရ...
29/10/2023

🪔 #သီတင်းကျွတ်ဆုတောင်း 🧨

🎇 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….
🙏မိဘ ဖိုးဖွား ဆရာသမားများနှင့်တကွ မိမိထက် တ​နေ့တရက် တမိနစ်ကြီး​သောပုဂ္ဂိုလ်တို့နှင့်

🥰ချစ်ခင်လေးစား တန်ဖိုးထားရပါသော ချစ်မိတ်ဆွေသူငယ်ချင်းများ အားလုံး….👥
💞မိမိထက် ငယ်ရွယ်သူ ​ညီငယ် ညီမငယ်များအားလုံး....👨‍👧‍👧

🙏ကိုယ် စိတ် နှလုံး ကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှ အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ပါ​စေ
🙏စီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေ…..💰💸💎

ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခဗျာ 🙏🙏🙏🙏🙏

🪔

🪔 လူကြီးမိဘဆရာသမားများအတွက် 🧨🧨🎇⭐️သီတင်းကျွတ်ဂါရဝလက်ဆောင် 💐🙏
26/10/2023

🪔 လူကြီးမိဘဆရာသမားများအတွက် 🧨🧨🎇⭐️သီတင်းကျွတ်ဂါရဝလက်ဆောင် 💐🙏

💯
26/10/2023

💯

18/10/2023

လောက ကြီးမှာ
ဘယ်အရာ မှ အကြာကြီးမဟုတ်ဘူး
ပြီးတော့လဲ ပြီးသွားမှာပဲ

ကျွန်နော့်ရဲ့ 🎂မွေးနေ့လေးကို 📲ဖုန်း ,💌 Message , Viber, facebook , ကနေတစ်ကူးတစ်က သတိတရ 🎈မွေးနေ့ဆုတောင်းပေးကြတဲ့❣️မိသားစု...
05/10/2023

ကျွန်နော့်ရဲ့ 🎂မွေးနေ့လေးကို 📲ဖုန်း ,💌 Message , Viber, facebook , ကနေတစ်ကူးတစ်က သတိတရ 🎈မွေးနေ့ဆုတောင်းပေးကြတဲ့
❣️မိသားစု ,🫂 ညီအစ်ကို မောင်နှမ 👥သူငယ်ချင်း မိတ်ဆွေများအားလုံးကို ကျွန်နော် ရင်ထဲကနေ ကျေးဇူးအရမ်းတင်,ပျော်ရွှင် ပီတိဖြစ်ရပါတယ်ဗျ 😘🥳

ကျွန်နော်ကို ချစ်ခင်စွာ အချိန်ပေးပီးဆုတောင်း မေတ္တာထားသလို🤩
ကျွန်နော် ချစ်ခင်ရတဲ့သူ တစ်ဦးတစ်ယောက်မကျန် ထပ်တူ ကျန်းမာ,ပျော်ရွှင်,လိုအင်စန္ဒ ရရှိကြပါစေ🙏😘💐🎈🎁🎉

Happy birthday to me 🎂🎈🎁အသက်တစ်နှစ်ကြီးပြန်ပီ အသက်တစ်နှစ်ကြီးလေ နေရဖို့ရက်နည်းလာလေလို့ပဲ သတ်မှတ်တယ် ☠️
04/10/2023

Happy birthday to me 🎂🎈🎁

အသက်တစ်နှစ်ကြီးပြန်ပီ
အသက်တစ်နှစ်ကြီးလေ နေရဖို့ရက်
နည်းလာလေလို့ပဲ သတ်မှတ်တယ် ☠️

30/09/2023

🌧️မိုးရယ် 🕯️မီးရယ်ကတော့ ဟုတ်တော့ဟုတ်နေပီ🗿

💗📸💗
20/09/2023

💗📸💗

 #  စိတ်တိုအောင်ခနခနမလုပ်ပါနဲ့    ပြန်ချည်လို့ရတဲ့အထဲမှာစိတ်မပါဘူး.. #  စိတ်နာအောင်ခနခနမလုပ်ပါနဲ့    ဆေးဖြည့်လို့ရတဲ့အထဲ...
20/09/2023

# စိတ်တိုအောင်ခနခနမလုပ်ပါနဲ့
ပြန်ချည်လို့ရတဲ့အထဲမှာစိတ်မပါဘူး..

# စိတ်နာအောင်ခနခနမလုပ်ပါနဲ့
ဆေးဖြည့်လို့ရတဲ့အထဲမှာ စိတ်ဒဏ်ရာမပါဘူး

# စိတ်ဆင်းရဲအောင်ခနခနမလုပ်ပါနဲ့
စိတ်ချမ်းသာဖို့ ကြိုးစားတိုင်းမရဘူး

# စိတ်ကုန်အောင်ခနခနမလုပ်ပါနဲ့
ပြည့်ဖြည့်လို့ရတဲ့အထဲမှာစိတ်မပါဘူး...

# စိတ်ညစ်အောင်ခနခနမလုပ်ပါနဲ့
ဆေးကြောလို့ရတဲ့အထဲစိတ်မပါဘူး..

# စိတ်ဓာတ်ကျအောင်ခနခနမလုပ်ပါနဲ့
ပြန်ဆွဲတင်ရတဲ့အထဲမှာစိတ်မပါဘူး...

# စိတ်ပင်ပန်းအောင်ခနခနမလုပ်ပါနဲ့
ရပ်နားချင်တိုင်းရတဲ့အထဲမှာ စိတ်မပါဘူး..

# စိတ် ပျက်အောင်ခနခနမလုပ်ပါနဲ့
ပြန်ပြင်ရတဲအထဲမှာစိတ်မပါဘူး..

# စိတ်ဆိုတာက
လိုက် မတတ်ရင် နာမယ်
လိုက်တတ်ရင် သာမယ်..
စိတ်ဆိုတဲ့အရာက..လူကိုပြောင်းလဲစေတာကြောင့်...စိတ်ကို သေသေချာချာသုံးသပ်ပါ...

အမုန်းမပါတဲ့ငါအပြုံး 😁

✍️

သင့်ကို မနာလို ဖြစ်နေသူများ၏ လက္ခဏာ (၇) ချက်....👇
20/09/2023

သင့်ကို မနာလို ဖြစ်နေသူများ၏ လက္ခဏာ (၇) ချက်....👇



💜🤍📸🤍💜
18/09/2023

💜🤍📸🤍💜

အဆင့်အတန်း မရှိသူများ၏ လက္ခဏာ =====================၁။ စကားကို လိမ်ညာ ပြောတတ်ခြင်း .. ။ ၂။ လိုတမျိုး မလိုတမျိုး ပြောတတ်ခြ...
17/09/2023

အဆင့်အတန်း မရှိသူများ၏ လက္ခဏာ
=====================
၁။ စကားကို လိမ်ညာ ပြောတတ်ခြင်း .. ။
၂။ လိုတမျိုး မလိုတမျိုး ပြောတတ်ခြင်း .. ။
၃။ အခုတမျိုး နောက်တမျိုး ပြောတတ်ခြင်း .. ။
၄။ ကိုယ့်တဖက်ထဲ ကြည့်၍ ပြောတတ်ခြင်း .. ။
၅။ ငြင်းခုံ၍ အမှားများကို ပြောတတ်ခြင်း .. ။
၆။ မရှိဘဲ ကြွားဝါ၍ ပြောတတ်ခြင်း .. ။
၇။ ရိုင်းစိုင်းစွာ ဆဲဆို ပြောတတ်ခြင်း .. ။
၈။ ကိုယ့်ကိစ္စကို တာ၀န် မယူခြင်း .. ။
၉။ ကတိသစ္စာ မတည်ခြင်း .. ။
၁၀။ အမှန်တရားကို လက်မခံခြင်း .. ။
၁၁။ ကိုယ့်အမှားကို ၀န်မခံခြင်း
၁၂။ ဘာသာတရားကို လေးစားမှု မရှိခြင်း .. ။
၁၃။ အမှန် အမှားကို ခွဲခြား မသိခြင်း .. ။
၁၄။ မတော်လောဘနဲ့ စီးပွားရှာခြင်း .. ။
၁၅။ ငွေကြေး ချမ်းသာမှုကို အထင်ကြီးခြင်း .. ။
၁၆။ ကိုယ်ကျင့် သိက္ခာ ဣနြေ္ဒ မရှိခြင်း .. ။
၁၇။ မထိုက်တန်တဲ့ ရာထူး နေရာယူခြင်း .. ။
၁၈။ သီလ သမာဓိ မတည်ကြည်ခြင်း ... ။


 #လိုသုံး"ဒီလူက ငါ့ကို ( လိုသုံး )လုပ်နေပါလား"လို့သိလိုက်တဲ့အခါဆက်ဆံရေးကို ရပ်မပစ်လိုက်ပါနဲ့..ပေါင်းသင်းမြဲသာ ပေါင်းပါ.....
08/09/2023

#လိုသုံး

"ဒီလူက ငါ့ကို ( လိုသုံး )လုပ်နေပါလား"လို့
သိလိုက်တဲ့အခါ
ဆက်ဆံရေးကို ရပ်မပစ်လိုက်ပါနဲ့..
ပေါင်းသင်းမြဲသာ ပေါင်းပါ..
ခေါ်မြဲတိုင်းသာ ဆက်ခေါ်ပါ...

သူလိုတိုင်း လာလာအသုံးချနေတာကို
စိတ်လည်းမဆိုးပါနဲ့
ဝမ်းလည်းမနည်းပါနဲ့

တကယ်တော့ သေချာတွေးကြည့်ရင်
(လိုသုံး)လာလာလုပ်တဲ့သူတွေဟာ
သူလိုအပ်မှသာ ကိုယ့်ဆီလာကြတာပါ
သူအဆင်ပြေနေတယ်
သူအကူအညီ မလိုသေးဘူးဆို
ကိုယ့်ဆီ လာဖော်မရ သတင်းမေးဖော်မရ
ဖုန်းဆက်ဖော်မရဘဲ
သူ့လူတွေနဲ့သာသူ ပျော်နေတတ်တဲ့
လူစားမျိုးတွေပါ

သူလိုအပ်လာပြီဆိုရင်
သူ့ဘက်က စတင်ဆက်သွယ်တယ်
အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးကို
ပုံပြန်ဖော်တယ်
"အားကိုးစရာ နင်ပဲရှိတယ်"
"တိုင်ပင်စရာ မင်းပဲရှိတယ်"ဆိုပြီး
အေးစက်နေတဲ့ဆက်ဆံရေးကို
အတင်းအဓမ္မ ပြန်နွှေးကြတယ်

ပြီးတာနဲ့ လိုအပ်တဲ့ အကူအညီကို
အားမနာစတမ်း တောင်းကြတော့တာပဲ
သူ့ရဲ့အပူတွေကို အလိုက်ကန်းဆိုးမသိ
အတင်းပေးတော့တာပဲ
သူများဘာဖြစ်နေလဲ မသိ
အတင်း အပူကပ်တော့တာပဲ
ဒါက "လိုသုံး"တွေရဲ့ character...

တကယ်တော့ လူတွေက နပ်တယ်
"ဒီကောင် အကြောင်းမရှိဘဲ မလာဘူး"
"သူလာပြောနေတာ ကိစ္စတစ်ခုခုရှိရမယ်"
လို့တန်းခနဲသိတာ
"ဘာအကူအညီတောင်းမလဲမသိဘူး"လို့တွေးရင်း
သတိနဲ့ဆက်ဆံနေကြတော့တာ...

(လိုသုံး)တွေက ဒါကိုမသိဘူး
သူပြောရင် ရတယ်
သူတောင်းရင် ရတယ်လို့ ထင်နေရင်း
တဖက်လူကို အရင်လိုပဲ အရမ်းခင်မင်ပြရင်း ဆက်လက်အသုံးချပြန်တယ်

သူ(လိုသုံး)လုပ်နေတာကို
ဘယ်သူမှ မသိဘူး ထင်နေပေမယ့်
လူတွေအားလုံးက သိနေတာကို သူက
မသိရှာဘူး

လိုတာရှိရင် လာတယ်
မလိုသေးဘူးဆို သူ့လူနဲ့သူ နေတယ်
သူ့ဟာသူ လုပ်စရာရှိတာ လုပ်နေတယ်
လိုတာရှိရင် ကိုယ့်ကို အသုံးချတယ်
မလိုသေးဘူးဆို ရှိမှန်းတောင် မသိရဘူး
အဲ့လို....

ကျွန်တော်ကတော့
(လိုသုံး) တွေ တွေ့ရင်
ဘယ်တော့မှ အမုန်းမခံဘူး
တတ်နိုင်ရင် ကူညီပေးလိုက်တယ်
မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူး
ပြောလိုက်တယ်
သူက ကိုယ့်အတွက် လူရင်းမဟုတ်ဘူးလို့
သိထားတော့
ဘယ်လောက်ခင်တယ် ပြောပြော
ပြုံးပဲ ကြည့်နေလိုက်တယ်😃

တစ်ခုပဲ
လိုတာထက် ပိုပြီး မရောတော့ဘူး
လိုတုန်းလာပြီး ပြီးရင်ပျောက်သွားမယ်ဆိုတာသိနေလို့ပဲ

ကိုယ်ကို လိုအပ်လို့ လာအသုံးချနေတဲ့သူတွေ
သူတို့အဆင်ပြေနေရင် ကျေနပ်တယ်

လိုသုံးလာလုပ်နေတယ်ဆိုတာ သိတယ်
ကြားတယ် မြင်တယ်

ကန်းချင်ယောင်ဆောင်နေတာပါ


 #မဖိနှိမ့်ပါနဲ့"ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကိုခွေးကြောက်တယ်ထင်ပြီးရှူးတိုက်ချင်သေးတယ်။လည်းမျိုတက်နင်းလို့ လျှာထွက...
06/09/2023

#မဖိနှိမ့်ပါနဲ့"

ခွေးကိုက်မှာစိုးလို့ လမ်းဖယ်ပေးတာကို
ခွေးကြောက်တယ်ထင်ပြီး
ရှူးတိုက်ချင်သေးတယ်။

လည်းမျိုတက်နင်းလို့ လျှာထွက်နေတာကို
မျက်နှာပြောင်တယ်ထင်ပြီး
ပါးရိုက်ချင်သေးတယ်။

ကြိုးစားနေချိန်မို့ သည်းခံနေတာကို
ကြောက်တတ်တယ်ထင်ပြီး
ဗိုလ်ကျချင်သေးတယ်။

အားနာလို့ လိုက်ရောတာကို
အ,တယ်ထင်ပြီး
အနိုင်ကျင့်ချင်သေးတယ်။

ရန်ကင်းချင်လို့ ခေါင်းငုံ့နေတာကို
သတ္တိမရှိဘူးထင်ပြီး
မိုက်ကြေးခွဲချင်သေးတယ်။

နိမ့်ကျသူမို့ နှိမ့်ချပြီးနေတာကို
အဆင့်မရှိဘူး ထင်ပြီး
မောက်မာချင်သေးတယ်။

လူတစ်ချို့က ……
ငါ သူ့ကိုလုပ်ချင်တိုင်း လုပ်လို့ရတယ်၊
ငါ သူ့ကိုပိုင်တယ်၊
ငါ လုပ်သမျှ ငြိမ်ခံနေတာပဲ၊ ခေါင်းငုံ့နေတာပဲ၊
ငါ့ကိုသူ မတော်လှန်ရဲဘူးဆိုပြီး
အပေါ်စီးက အမြဲနေချင်ကြတယ်။

တစ်နေ့တစ်ချိန်မှာ နာကျင်မှုတွေ
ပြင်းထန်ပြီး သည်းခံမှု ကုန်ဆုံးလာရင်
ပေါက်ကွဲထွက်လာမယ့် ဒဏ်ရာတွေက
အင်မတန် ပြင်းထန်လာလိမ့်မယ်။
အဲ့အချိန်ကျရင် သတိထားပေတော့
တန်ပြန်သက်ရောက်မှုက နှစ်ဆကြီးမားမှာမို့ သူတစ်ပါးကို ဘယ်တော့မှ မဖိနှိမ့်ပါနဲ့။


ချစ် ခြင်း များ စွာ ဖြင့် ...

" ဘဝမှာ မတန်တာတွေရှိတယ်"ရန်ဖြစ်ဖို့ မတန်တာတွေ...ရှင်းပြဖို့ မတန်တာတွေ...ပြုံးပြဖို့ မတန်တာတွေ...ပေးဆပ်ဖို့ မတန်တာတွေ...ခ...
01/09/2023

" ဘဝမှာ မတန်တာတွေရှိတယ်"

ရန်ဖြစ်ဖို့ မတန်တာတွေ...
ရှင်းပြဖို့ မတန်တာတွေ...
ပြုံးပြဖို့ မတန်တာတွေ...
ပေးဆပ်ဖို့ မတန်တာတွေ...

ခင်မင်ဖို့ မတန်တာတွေ...
ချစ်မြတ်နိုးဖို့ မတန်တာတွေ...
သတိရဖို့ မတန်တာတွေ...
အများဆို အများကြီးရှိတယ်...

တစ်ခါတစ်လေကျရင်တော့ ကိုယ့်အတွက်.....
တန် မတန်
စဉ်းစားဖို့လိုပါတယ်...တဲ့

အခုနောက်ပိုင်း
ကိုယ့်တွက်မတန်တဲ့အရာတွေအတွက်
အဖက်လုပ်နေဖို့ရော
အချိန်ပေးဖို့
နေရာပေးဖို့
ခံစားနေဖို့ရော
ကိုယ်ကတော့ မတန်တဲ့အရာတွေ တော်တော်များများကို ဥပေက္ခာပဲ ပြုထားလိုက်တော့တယ် ။

အဲ့တာကြောင့် တစ်ခါတစ်လေ ရန်လာလုပ်သူတွေကို
ပြန်ရန်လုပ်ဖို့ မတန်တာမို့ ရှောင်ပစ်လိုက်တယ်။
ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်
ခံစားနေဖို့လည်း မတန်တာမို့ ဥပေက္ခာပြုတတ်လာတယ်။

မတန်ပါဘူး။
တကယ်ကို မတန်တာပါ။ ။

မတန်တာကိုမှ မာန်ကိုချ
ဟန်ပြ ဆက်ဆံနေမည့်အစား
နှလုံးသားမှာ အမုန်းမပွားမှီ ...

ဥပေက္ခာတရားဆီသို့
ဦးတည်ထားလိုက်ပါတော့တယ်..။

လူဟုပင်မခေါ်ဆို ထိုက်သောသူများ‼️=========================အမှန်တရားကိုသိပါလျက်နဲ့မသိချင်ယောင်ဆောင်သူများအမှားတွေကိုမှားမှ...
20/08/2023

လူဟုပင်မခေါ်ဆို ထိုက်သောသူများ‼️
=========================

အမှန်တရားကိုသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

အမှားတွေကိုမှားမှန်းသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

မိမိအကျိုးကိုထိခိုက်မှာစိုးလို့
ရေငုံနှုတ်ပိတ်နေသူများ

မျက်စိရှိပါလျက်
မမြင်ကြသောမျက်ကန်းများ

နားရှိပါလျက်
မကြားကြသောနားကန်းများ

ပါးစပ်ရှိပါလျက်
မပြောနိုင်ကြသောအဆွံ့အအများ

နှလုံးသားရှိပါလျက်
ကိုယ်ချင်းစာစိတ်မရှိသော
အတ္တလူသားများသာဖြစ်ကြပါသည်

လူဟုပင်မခေါ်ဆို ထိုက်သောသူများဖြစ်ကြပါသည်။

Credit

* အတိတ်သို့ပေးစာအရာအားလုံးသည် မနေ့ကဖြစ်သည်။ပြီးခဲ့သော အရာများသည် မထင်မရှား ဝိုးတိုးဝါးတား အတိတ်သည် အရိပ်မျှသာ ဖြစ်ခဲ့ပြီ...
18/08/2023

* အတိတ်သို့ပေးစာ
အရာအားလုံးသည် မနေ့ကဖြစ်သည်။
ပြီးခဲ့သော အရာများသည် မထင်မရှား ဝိုးတိုးဝါးတား
အတိတ်သည် အရိပ်မျှသာ ဖြစ်ခဲ့ပြီ။
အတိတ်သို့ စာတစ်စောင်သာ ပို့ခွင့်ရခဲ့မယ်ဆိုရင်~~~
အတိတ်မှာ ကျွန်တော့်အား သင်ခန်းစာကောင်းကောင်း ပေးသွားခဲ့တဲ့လူတွေကို ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်တော့ တခမ်းတနားရေးသားပြီးတော့ ပို့ချင်မိတယ်။
#ဖြူစင်တဲ့သူတစ်ယောက်ကို...
...... အရောင်ဆိုးပေးခဲ့တဲ့သူတွေ
#ရိုးသားတဲ့သူတစ်ယောက်ကို ....
...... မာယာသုံးခဲ့သူတွေ
#နူးညံ့တဲ့စိတ်တွေကို ...
..... ခက်ထန်မာကြောအောင် လုပ်ခဲ့တဲ့သူတွေ
#ချစ်ခြင်းမေတ္တာဆိုတာကို...
..... ကြောက်ဖို့ကောင်းအောင် လုပ်ခဲ့တဲ့သူတွေ
#လူတစ်ယောက်ကို....
...မထင်မှတ်ထားလောက်အောင်ပြောင်းလဲစေခဲ့တဲ့သူတွေ
#တခဏတော့ ကျွန်တော် ပြိုလဲခဲ့မိတယ်။
#တခဏတော့ ကျွန်တော် ကြေကွဲမိခဲ့တယ်။
#တခဏတော့ ကျွန်တော် ငိုကြွေးခဲ့တယ်။
#တခဏတော့ ကျွန်တော် မခံမရပ်နိုင်အောင် ဖြစ်ခဲ့တယ်။
တခဏပေါ့ဗျာ။ အချိန်ကာလတစ်ခုပေါ့။
အဲဒီနောက် ကျွန်တော် ပိုပြီးသန်မာလာတယ်။
လူတွေကို နားလည်လာတယ်။
လူတွေရဲ့ စိတ်ကို သိလာတယ်။
ကျွန်တော် ထိန်းချုပ်နိုင်တာ ဘာတစ်ခုမှ
မရှိဘူးဆိုတာ သိလာတယ်။
စိတ်အေးအေးနဲ့ လူတွေကို လက်လွှတ်တတ်လာတယ်။
ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။
အဆုံးမှာတော့ ကျွန်တော် ရင့်ကျက်လာတယ်။
ကျွန်တော့်ဘဝထဲ ဝင်လာတဲ့သူတွေကိုလည်း
နွေးထွေးစွာကြိုဆိုသလို၊ ဘဝထဲက ထွက်သွားတဲ့သူတွေကိုလည်း ဝမ်းသာအားရနဲ့ နှုတ်ဆက်စကားဆိုနိုင်လာတယ်။
လူတွေအကြောင်း လူတွေကပဲ သင်ပေးသွားတယ်။
မသေမချင်းတော့ လူတွေအကြောင်း သင်ယူရင်း၊
ခလုတ်တိုက်ရင်း ပြန်ထရင်း၊ ဝဋ်ကြွေးတချို့ စိတ်နဲ့ ဆက်ခွင့်ရခဲ့လို့ ကျေနပ်မိနေတယ်။
ကျေးဇူးတင်တယ်ဗျာ။

ေးပါသည်

ထမ်းစဉ်ပေါ်မရောက်ခင် လမ်းစဉ်တွေပြင်ကြပါ" မွေးရာပါ ဗီဇ "လူဆိုတာမွေးကတည်းက သူ့ဗီဇနဲ့သူ ပါလာပြီးသား..." ဗီဇ "နော်..." အကျင်...
11/08/2023

ထမ်းစဉ်ပေါ်မရောက်ခင် လမ်းစဉ်တွေပြင်ကြပါ

" မွေးရာပါ ဗီဇ "

လူဆိုတာ
မွေးကတည်းက သူ့ဗီဇနဲ့သူ ပါလာပြီးသား...

" ဗီဇ "နော်...
" အကျင့် " မဟုတ်ဘူး။
ဗီဇ နဲ့ အကျင့် မတူဘူး။
အကျင့်က ပြင်လို့ရတယ်။ ဗီဇက ပြင်လို့မရဘူး။

လိမ်တတ်တဲ့ ဗီဇပါသူက လိမ်မှာပဲ
ခိုးတတ်တဲ့ ဗီဇပါသူက ခိုးမှာပဲ
အနိုင်ကျင့်ချင်တဲ့ ဗီဇပါသူက အနိုင်ကျင့်မှာပဲ
ပွေရှုပ်ချင်တဲ့ ဗီဇပါသူက ပွေမှာ ရှုပ်မှာပဲ။

ဗီဇ မကောင်းတဲ့ လူတစ်ယောက်ကို
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
ပြင်ပေးလို့ ရလိမ့်မယ်လို့ မထင်နဲ့...
ပြင်‌ပေးဖို့လည်း မကြိုးစားနဲ့...
ပြင်လာလိမ့်မယ်လို့လည်း မမျှော်လင့်နဲ့...။

မွေးကတည်းကပါလာတဲ့ ဗီဇတစ်ခုဟာလည်း
ဘယ်လောက်ပဲ ပြုပြင် ပြုပြင်
ပြောင်းလဲမသွားဘူး။

အကယ်၍
ပြုပြင်ပြောင်းလဲသွားတယ်‌ဆိုရင်လည်း
ခွေးမြီးကောက် ‌ကျည်တောက်စွပ်ပဲ ဖြစ်လိမ့်မယ်
အချိန်တန်ရင် သူ့ဗီဇက ပြန်ပေါ်လာမှာပဲ။

မွေးရာပါ ဗီဇဆိုတာ သေမှပဲ ပျောက်တတ်တာမို့...
ထမ်းစဉ်ပေါ်မရောက်ခင် လမ်းစဉ်တွေပြင်ကြပါစို့။
ပြုပြင်လိုသောဆန္ဒရှိဖို့အရေးကြီးပါသည်။

#မွေးရာပါဗီဇကိုပြုပြင်ရမယ်

️ "ဗီဇ" ဟူသည် အရိုးစွဲနေသည့် အကျင့်တစ်ခုပင် ဖြစ်သည်။ အရိုးစွဲနေသည့် အကျင့် ဖြစ်သောကြောင့် ဗီဇဆိုသည်မှာ ပြုပြင်ဖို့ ဆိုသည်မှာ မလွယ်ကူလှပေ။

️ ထို့ကြောင့် ရှေးလူကြီးများက " လူတစ်ယောက် မွေးရာပါဗီဇက မကောင်းဘူးဆိုရင် ပြုပြင်ရတာ မလွယ်ဘူး၊ အင်မတန် ခက်တယ်၊ ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပဲ၊ သိပ် မထူးပါဘူး" ဟု ပြောကြခြင်း ဖြစ်သည်။ ဤကား ဗီဇ၏ သဘာဝကို ပြောပြခြင်းပင် ဖြစ်သည်။

ဗီဇဆိုသည်မှာ ပြုပြင်ဖို့ ခက်ခဲသည်မှာ မှန်၏။ ခက်ခဲသော်လည်း ပြုပြင်ရမည်သာ ဖြစ်သည်။ ခက်ခဲလို့ မပြုပြင်လျှင် ဘယ်တော့မှ ကောင်းလာတော့မည် မဟုတ်။ ထို့ကြောင့် " ခွေးမြီးကောက်ဘဝ" မှ ရုန်းထွက်နိုင်ဖို့အတွက် ကြိုးစားပြီး ပြုပြင်ရမည် ဖြစ်သည်။

ဖားနှင့် ကင်းမြီးကောက်

️ တခါက ကင်းမြီးကောက်တကောင်သည် သူနေသော ကျွန်းကလေးမှ မြစ်တဖက်ကမ်းမှာ ရှိသော ကျွန်းတခုကို သွားချင်နေ၏။ သို့သော် ရေမကူးတတ်သောကြောင့် မြစ်ကို ဖြတ်ဖို့ရာ အခက်အခဲဖြစ်နေ၏။

️ ကင်းမြီးကောက်သည် မြစ်ကမ်းဘေးမှာ လျေှက်သွားရင်း ဖားတစ်ကောင်ကို တွေ့ရာ ဝမ်းသာအားရဖြင့် အကူအညီ တောင်းလိုက်၏။

️ "ကိုဖားရေ ကျုပ်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး ဟိုဖက်ကမ်းကိုပို့ပေးပါလား။ ကျေးဇူးမမေ့ပါဘူးဗျာ"။

"ဟာ .. ဘယ်ဖြစ်မလဲ၊ မင်းကို ကျောပိုးသွားရင် မင်းက အစွယ်နဲ့ထိုးလိုက်ရင် ငါရေနစ်သေသွားမှာပေါ့ " ။

"ကိုဖားရယ် ... ခင်ဗျားကို ကျုပ်က အစွယ်နှင့် ထိုးပါ့မလားဗျာ၊ ခင်ဗျားကို အစွယ်နှင့် ထိုးလိုက်လို့ ခင်ဗျား ရေနစ်ရင် ကျုပ်လည်း ရေနစ်သေမှာပဲလေ၊ ကျုပ်က ရေမကူးတတ်ဖူးဆိုတာ ခင်ဗျား သိပါတယ်ဗျာ"။

ထို့ကြောင့် ဖားသည် "ကင်းမြီးကောက်ပြောတာလဲ ဟုတ်သားပဲ၊ သူ့ကိုယ်သူ ရေနစ်အသေခံပြီး ငါ့ကို အစွယ်နှင့် ထိုးစရာအကြောင်းမရှိပါဘူး" ဟု တွေးကာ မြစ်တဖက်ကမ်း လိုက်ပို့ဖို့ သဘောတူလိုက်လေသည်။

️ ထို့နောက် ဖားသည် ကင်းမြီးကောက်ကို ကျောပေါ်တင်ပြီး မြစ်ကို ဖြတ်ကူးလေတော့သည်။ မြစ်လယ်ကို ရောက်သောအခါ ဖားသည် ရေကူးရင်း ကျောမှာ စူးခနဲ ခံစားလိုက်ရ၏။

️ နောက်ကို လှည့်ကြည့်လိုက်သောအခါ သူ၏ နောက်ကျောကနေ အစွယ် ဆွဲနူတ်လိုက်သည့် ကင်းမြီးကောက်ကို တွေ့လိုက်ရလေသည်။ ထို့ကြောင့် ဖားသည် နာကျင်သည့် ဝေဒနာခံစားရင်း ပြောလိုက်၏။

"ကင်းမြီးကောက် .. မင်း.ဘယ်လို လုပ်လိုက်တာလဲ၊ မင်းပဲ စောစောက ပြောတယ်လေ၊ ငါ့ကို အစွယ်နဲ့မထိုးဘူးဆို၊ အခု ငါ့မှာ အဆိပ်တက်နေပြီ၊ ငါ သေရတော့မယ်၊ ငါသေရင် မင်းလည်း ရေနစ်သေမှာ မသိဘူးလား"။

️ " ကိုဖားရေ ... ခင်ဗျားသေရင် ကျုပ်လည်း သေရမယ်ဆိုတာကို သိတယ်ဗျ၊ ဒါပေမဲ့ တခြား သတ္တဝါတစ်ကောင်ကောင်ကို တွေ့ရင် ကျုပ်က အစွယ်နဲ့ထိုးချင်နေတယ်၊ မထိုးဘဲ မနေနိုင်ဘူးဗျာ၊ အဲဒီဗီဇကို ဖျောက်မရလို့ ထိုးလိုက်ရတာပါဗျာ"။

️ ထိုသို့ပြောပြီး မကြာခင် ဖားနှင့် ကင်းမြီးကောက်တို့သည် မြစ်ထဲမှာ ရေနစ်ပြီး သေဆုံးသွားကြလေတော့သည်။

ဤပုံပြင်သည် ဗီဇဆိုသည်မှာ အရိုးစွဲနေသည့် အကျင့် ဖြစ်သည့်အတွက် ဖျောက်လို့ မလွယ်ကူကြောင်းကို သင်ခန်းစာ ပေးထားခြင်း ဖြစ်သည်။

ကိုယ့်ကိုယ်ကို ပြိုင်ရမယ်

️ လူ့လောကကြီးမှာ ကင်းမြီးကောက်လို လူစားများ မြောက်များစွာ ရှိပေသည်။ မကောင်းမှန်း သိပါလျက် မရှောင်နိုင်ကြ။ ကိုယ့်မှာ ဒုက္ခရောက်နိုင်တယ်ဆိုသည်ကို သိပါလျက် ဆက်လက်ပြီး လွန်ကျူးနေကြ၏။ သိသိကြီးနှင့် မိုက်နေကြခြင်း ဖြစ်သည်။ အမှန်က သိလျှင် ပြုပြင်ရမည် ဖြစ်၏။

ဗီဇ၏ သဘာဝမှာ ဖျောက်လို့ မလွယ်ကူသည်မှာ မှန်၏။ သို့သော် ကြိုးစားလျှင် ရနိုင်သည်ဆိုသည်ကိုတော့ သိထားဖို့ လိုပေသည်။

မည်သူမှ မွေးကထဲကစ သူတော်ကောင်း ဖြစ်လာသည် မဟုတ်ပေ။ မကောင်းသည့် ဗီဇများကို တဖြေးဖြေး ပြုပြင်ရင်းနှင့် ပုထုဇဉ်ဘဝမှ သူတော်ကောင်း အဖြစ်သို့ ရောက်ရှိသွားကြခြင်း ဖြစ်သည်။

️ ဗီဇကို ပြုပြင်နိုင်ဖို့အတွက် လူကြီးသူမတို့၏ အဆုံးအမများကို မှတ်သားရမည်။ ဘုရားတရားများကို နာယူရမည်။ စာကောင်းပေကောင်းများကို ဖတ်ရှုရမည်။ ကိုယ့်ဘဝကို တိုးတက်ချင်စိတ် ရှိရမည်။

️ အရေးကြီးဆုံးကား ကိုယ့်ကိုယ်ကို ပြိုင်ဖို့ပင် ဖြစ်သည်။ တကယ်တော့ ပြိုင်ဘက်ဆိုတာ တခြား မဟုတ်၊ ကိုယ့်ရှေ့ မှန်ထဲမှာ ရှိသောသူပင် ဖြစ်သည်။ ထို့ကြောင့် "နဂိုက ငါထက် အခု ငါက သာစေရမယ်" ဟု အဓိဋ္ဌာန်ပြီး ကိုယ့်ကိုယ်ကို ပြိုင်ရမည် ဖြစ်သည်။

ကိုယ့်ကိုယ်ကို ပြိုင်သောသူသည် ကိုယ့်ကိုယ်ကို ပြုပြင်၏။ ကိုယ့်ကိုယ်ကို ပြုပြင်လိုက်သည့်အတွက် ကိုယ့်ဗီဇလည်း ကောင်းသွားတော့၏။ ယင်းဗီဇကောင်းလေးကပဲ " သုခဘုံ" သို့ ပို့ဆောင်မည် ဖြစ်ပါပေ၏။ထို့ကြောင့်....

ထမ်းစဉ်ပေါ်မရောက်ခင်
လမ်းစဉ်တွေ ပြင်နိုင်ကြပါစေ။

Credit

 #ဆွေခုနှစ်ဆက်_မျိုးခုနှစ်ဆက်ဆိုတာဆွေ( ၇ )ဆက်၊ မျိုး( ၇ )ဆက်ဆိုတာ ဘယ်လိုမျိုးလဲ...?ဘ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-ဘောဟု အထက် (၇...
14/07/2023

#ဆွေခုနှစ်ဆက်_မျိုးခုနှစ်ဆက်ဆိုတာ

ဆွေ( ၇ )ဆက်၊
မျိုး( ၇ )ဆက်ဆိုတာ
ဘယ်လိုမျိုးလဲ...?

ဘ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-ဘောဟု အထက် (၇) ဆက်။

ဘ-ဘိုး လို့ဆိုပေမယ့်
အမိ-အဘွားလည်းပါတယ်။
ယောကျာ်းကိုပဲ ဦးတည် ဆိုထားတာပါ။
ဒါက ဆွေ(၇)ဆက်ပါ။

သား-မြေး-မြစ်-တီ-တွတ်-ကျွတ်-ကျွတ်ဆတ် ဟု
အောက်(၇)ဆက်။
ဒါက မျိုး(၇)ဆက်ပါ။

(သား-မြေးလို့ဆိုပေမယ့်သမီး-မြေးမစတဲ့
မိန်းကလေးတွေလည်း ယူပါ)

#ဆွေခုနှစ်ဆက်_မျိုးခုနှစ်ဆက်ဆိုတာ

ဆွေ( ၇ )ဆက်၊
မျိုး( ၇ )ဆက်ဆိုတာ
ဘယ်လိုမျိုးလဲ...?

ဘ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-ဘောဟု အထက် (၇) ဆက်။

ဘ-ဘိုး လို့ဆိုပေမယ့်
အမိ-အဘွားလည်းပါတယ်။ ယောကျာ်းကိုပဲ
ဦးတည် ဆိုထားတာပါ။
ဒါက ဆွေ(၇)ဆက်ပါ။

သား-မြေး-မြစ်-တီ-တွတ်-ကျွတ်-ကျွတ်ဆတ် ဟု
အောက်(၇)ဆက်။
ဒါက မျိုး(၇)ဆက်ပါ။

(သား-မြေးလို့ဆိုပေမယ့်သမီး-မြေးမစတဲ့ မိန်းကလေးတွေလည်း ယူပါ)

အဘိုး၏ အဘကို ဘေး၊
ဘေး၏ အဘကို ဘီ၊
ဘီ၏အဘကို
ဘင်စသည်ဖြင့် လည်းကောင်း။

မြေး၏သားကို မြစ်၊
မြစ်၏သားကို တီ၊
တီ၏သားကို တွတ်
စသည်ဖြင့်လည်းကောင်း
သိထားရမှာပါ။

အထက် ဆွေ( ၇ )ဆက်၊
မျိုး ( ၇ )ဆက်ထဲမှာ
မပါတဲ့ သူကို
ဆွေမျိုးမတော်သူ တဲ့။

ဒါကြောင့်
ချွေးမတို့၊ ခယ်မတို့၊
ယောက်ဖတွေက
ဝိနည်းပညတ်တော်အရ
'အညာတိကာယ'ဆွေမျိုး မတော်ဘူးတဲ့။

လောကသဘောအရ တော့
တော်တယ်။

လူ့ဘဝက ဇနီးသည်တောင်
ဝိနည်းပညတ်တော်အရ
ဆွေမျိုး မတော်ပါဘူး။

မေတ္တာဖြင့်...
ဗဟုသုတ ရစေရန်အလို့ငှါ
ထန်းတစ်ပင် ဆရာတော်
#𝐃𝐚𝐘𝐢𝐧𝐊𝐚𝐮𝐤

မှတ်ချက် ။ ။ အထူးဝိသေသအရ
ရဟန်းတော်များအတွက် ဖြစ်ပါတယ်။
ဝိနည်းတော်အရ ပါ။
လူပုဂ္ဂိုလ်များနဲ့ မသက်ဆိုင်ပါ။

https://youtube.com/
အဘိုး၏ အဘကို ဘေး၊
ဘေး၏ အဘကို ဘီ၊
ဘီ၏အဘကို
ဘင်စသည်ဖြင့် လည်းကောင်း။

မြေး၏သားကို မြစ်၊
မြစ်၏သားကို တီ၊
တီ၏သားကို တွတ်
စသည်ဖြင့်လည်းကောင်း
သိထားရမှာပါ။

အထက် ဆွေ( ၇ )ဆက်၊
မျိုး ( ၇ )ဆက်ထဲမှာ
မပါတဲ့ သူကို
ဆွေမျိုးမတော်သူ တဲ့။

ဒါကြောင့်
ချွေးမတို့၊ ခယ်မတို့၊
ယောက်ဖတွေက
ဝိနည်းပညတ်တော်အရ
'အညာတိကာယ'ဆွေမျိုး မတော်ဘူးတဲ့။

လောကသဘောအရ တော့
တော်တယ်။

လူ့ဘဝက ဇနီးသည်တောင်
ဝိနည်းပညတ်တော်အရ
ဆွေမျိုး မတော်ပါဘူး။

မေတ္တာဖြင့်...
ဗဟုသုတ ရစေရန်အလို့ငှါ
ထန်းတစ်ပင် ဆရာတော်
#𝐃𝐚𝐘𝐢𝐧𝐊𝐚𝐮𝐤

မှတ်ချက် ။ ။ အထူးဝိသေသအရ
ရဟန်းတော်များအတွက် ဖြစ်ပါတယ်။
ဝိနည်းတော်အရ ပါ။
လူပုဂ္ဂိုလ်များနဲ့ မသက်ဆိုင်ပါ။

https://youtube.com/

အကြိုက်ဆုံးစကားလေးများ... 📷
11/07/2023

အကြိုက်ဆုံးစကားလေးများ...

📷

ကိုယ့်အတွက်ပဲ စိတ်ပူပါ*******************သင်မရှိလည်းကမ်ဘာကြီးက လည်ပတ်နေမှာပဲ။ရာသီတွေလည်းသူ့နေသားတကျ ရွေ့လျားနေမှာပဲ။သင်မ...
07/07/2023

ကိုယ့်အတွက်ပဲ စိတ်ပူပါ
*******************

သင်မရှိလည်း
ကမ်ဘာကြီးက လည်ပတ်နေမှာပဲ။

ရာသီတွေလည်း
သူ့နေသားတကျ ရွေ့လျားနေမှာပဲ။

သင်မရှိလည်း
လူတစ်ချို့က အဆင်ပြေနေကြမှာပဲ။

မရှိခဏ တမ်းတကြပေမဲ့
သင့်ထက် ပိုကောင်းပေ့ဆိုတဲ့ အရာတွေနဲ့
တွေ့ရင်
သင်ဆိုတာ…
သတင်းစာ တစ်စောင်ရဲ့ နာရေးကြော်ငြာ
တစ်ပိုဒ်စာပဲ။

နောက်တစ်ပတ်လောက် အကြာမှာတော့
ဘယ်သူမှ သင့်ကို အမှတ်ရ မနေကြဘူး။

သင့်ကို လိုအပ်ပါတယ်ဆိုတဲ့
သူတွေကလည်း
သင်မရှိရင်
သူတို့ လိုအပ်ချက်တွေ ရနိုင်မယ့်
နေရာတစ်ခုဆီကို ရွေ့လျားသွားကြမှာပဲ။

သင်ရှိတုန်းတော့
သူတို့ ရနိုင်သမျှကို ကုန်စင်အောင်
စုပ်ယူသောက်သုံးကြမှာပဲ။

သစ်ပင်တစ်ပင်လိုပေါ့…

အသီးချိုရင်
အသီးရာသီမှာ သင့်ဆီရောက်လာမယ်။

အပွင့်လှရင်
အပွင့်ပွင့်ချိန်ကို စောင့်ကြမယ်။

အမြစ်ပါချိုရင်
သင့်ကို အမြစ်ပါလှန်ဖို့ စောင့်နေကြမှာပဲ။

သင်သေဆုံးသွားတဲ့တစ်နေ့
မသီး မပွင့်တော့တဲ့တစ်နေ့

နောက်တစ်ပင်ကို ကူးပြောင်းသွားမယ့်
ငှက်တွေလိုပဲပေါ့…

သင့်ကို တန်ဖိုးထားပါတယ်ဆိုတဲ့
လူတွေကလည်း
သင့်နေရာမှာ တစ်ခြားတစ်ယောက်
ရောက်လာရင်

သင်ဟာ
သူတို့ရဲ့ တစ်ချိန်က တစ်နေရာစာလေးပဲ
ကျန်ခဲ့မယ့်
ပါးစပ်သမိုင်းပဲ ဖြစ်သွားမှာပါ။

သင်ရှိတုန်းကသာ
သင့်ကို အတိုင်းအတာ တစ်ခုလောက်ပဲ
ပြုံးပြနှုတ်ဆက်ပြတာ။

သင်မရှိတော့တဲ့တစ်နေ့
သင်ကောင်းခဲ့သမျှတွေ ဆယ်ခုထဲမှာ
မကောင်းတာ တစ်ခုရှိရင်
အဲဒီအရာကို ပုံကြီးချဲ့ပြီး ပြောကြဦးမှာပဲ။

ကြော်ငြာဆိုင်းဘုတ်တွေလိုပေါ့…

နောက်ကြော်ငြာခေတ်ထရင်
ရှေ့ကြော်ငြာကို အလိုလိုဖြုတ်ချပြီး
ဟောင်းနွမ်းဇာတ် သွင်းပစ်လိုက်ကြတာပဲ။

ဒီအတွက် သင်လည်း ဘာမှစိတ်ပူမနေနဲ့။

သင်မရှိလည်း
သူ့နေရာနဲ့သူ အဆင်ပြေနေကြတာပဲ။
ဒါတွေကို သင်သိဖို့လိုတယ်။

ကိုယ့်အတွက်ပဲ ကိုယ် စိတ်ပူပါ။ ။

မူရင်း-Credit
#မေတ္တာဖြင့်တဆင့်ပြန်လည်မျှဝေပေးပါသည်

ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ်။ဒါပေမယ့်တကယ်ကူညီနိုင်မှ ကူညီတာကပိုကောင်းပါတယ်။ မကူညီနိုင်တဲ့အခါ ငြင်းပါ။ပြဿနာအားလုံးက သင်နဲ...
03/07/2023

ကူညီတတ်တဲ့စိတ်ဟာ ကောင်းပါတယ်။
ဒါပေမယ့်တကယ်ကူညီနိုင်မှ ကူညီတာက
ပိုကောင်းပါတယ်။ မကူညီနိုင်တဲ့အခါ ငြင်းပါ။
ပြဿနာအားလုံးက သင်နဲ့ မဆိုင်ပါဘူး။

သင်ဟာလူတိုင်းရဲ့ အလိုမှန်သမျှကို
လိုက်လုပ်ပေး နေစရာမလိုဘူး။
ကြာလာရင် လိုသုံးတစ်ယောက်ဖြစ်
သွားနိုင် ပါတယ်။
လူတွေက အလွယ်တကူ ရနိုင်တဲ့
အရာဆိုရင် တန်ဖိုးမထားတတ်ကြပါဘူး။
ကြာလာရင် သင်ဟာ အပေါစားတစ်ယောက်
ဖြစ်လာနိုင်ပါတယ်။
သင့်ရဲ့တန်ဖိုးကို အကျမခံပါနဲ့။

အပေါင်းအသင်းပေါတာ ကောင်းပါတယ်။
ဒါပေမယ့်ကိုယ့်ကို တန်ဖိုးမထားတဲ့ မိတ်ဆွေ
အယောက်တစ်ရာရှိတာထက် ကိုယ့်ကို
တန်ဖိုးထားတဲ့ သူငယ်ချင်းအနည်း
ငယ်က ပိုကောင်းပါတယ်။

တစ်ချို့လူတွေရဲ့ လိုမှအသုံးခံရတဲ့
လိုသုံးတစ်ယောက် အဖြစ်မခံပါနဲ့။
ပြတ်သားသင့်တဲ့အခါ ပြတ်သားတာက
ပိုကောင်းပါတယ်။

Credit...

30/06/2023

အားနာတက်တဲ့ စိတ်....
သနားတက်တဲ့ စိတ်........
နားလည်ပေးနိင်တဲ့ စိတ်တွေကြောင့်......
အရမ်းပင်ပန်းတယ်....🤦

💵 သရေကွင်းဘဲကျန်တာ😁
30/06/2023

💵 သရေကွင်းဘဲကျန်တာ😁

ခင်ဗျားသေပြီးတာနဲ့ ခင်ဗျားရဲ့ အမည်က အလောင်း ဖြစ်သွားပြီပဲ။အလောင်း ပြင်ပြီးပီ❓အလောင်းကို အခေါင်းထဲ ထည့်ကြစို့❓အလောင်း ထုတ...
30/06/2023

ခင်ဗျားသေပြီးတာနဲ့
ခင်ဗျားရဲ့ အမည်က အလောင်း ဖြစ်သွားပြီပဲ။

အလောင်း ပြင်ပြီးပီ❓
အလောင်းကို အခေါင်းထဲ ထည့်ကြစို့❓
အလောင်း ထုတ်ရအုံးမယ်❓
အလောင်း သယ်သွားပီလား❓
အလောင်း သုသာန်ပို့ပြီးပြီလား❓
အလောင်းကို မြေမြုပ်မလား မီးသဂြိုလ်မလား⁉️

အဲဒီလို....
ခင်ဗျားကို ရည်ညွှန်းပြောဆိုကြလိမ့်မယ်။

အသက်ရှင်စဉ်ဘဝမှာ
လူတွေသဘောကျအောင် ကြိုးစားခဲ့တဲ့
ခင်ဗျားရဲ့နာမည်ကို
ဘယ်သူမှ စကားထဲ ထည့်မပြောကြတော့ဘူး။

လူတွေ ခင်ဗျားကို ပေးလိုက်တဲ့ နာမည်က
"အလောင်း" ဆိုတာပဲ။

ဒါနဲ့တောင် ဘာအတွက် ခင်ဗျား မာန်တက် နေမှာလဲ❓
ခင်ဗျား အမည်ဂုဏ်သတင်းအတွက်လား၊❓
သွားစမ်းပါ #အလောင်း ရာ၊💥💨

Crd

တိတ်တိတ်နေပါ.......🤫
23/06/2023

တိတ်တိတ်နေပါ.......🤫

💢  #လူ့သဘော_လူ့မနော 💢တစ်ချို့က.... (ဓာတ်ဗူး) နဲ့တူတယ်အပြင်မှာသာ အေးတာ အတွင်းက ပူလောင်နေတတ်တယ်  တစ်ချို့က.... (ထန်းပင်နဲ့...
20/06/2023

💢 #လူ့သဘော_လူ့မနော 💢

တစ်ချို့က.... (ဓာတ်ဗူး) နဲ့တူတယ်
အပြင်မှာသာ အေးတာ
အတွင်းက ပူလောင်နေတတ်တယ်

တစ်ချို့က.... (ထန်းပင်နဲ့ )တူတယ်....
ကိုယ်တိုင်ပဲ အမြင့်တက်သွားချင်တာ
ဘယ်သူ့ကိုမှ အရိပ်ပြန်မပေးချင်ဘူး

တစ်ချို့က... (ပုတ်သင်ညို)နဲ့တူတယ်....
ပြောသမျှ ခေါင်းငြိမ့်ပြီး အခြေအနေပေါ်မူတည် အရောင်ပြောင်းတယ်။

တစ်ချို့က... (တံမြက်စည်း)နဲ့တူတယ်....
အားလုံးအတွက် အမြဲရှင်းလင်းပေးပေမယ့်
သူကိုယ်တိုင်ကျ ချောင်ထိုးခံထားရတယ်

တစ်ချို့က...(Price Tape) နဲ့တူတယ်....
သူများကိုသာ တန်ဖိုးလိုက်ဖြတ်နေတာ
သူတို့ကိုယ်တိုင်ကျ ၂၀၀ကျပ်ထဲ...../

#သည်းခံတယ်...
လူပါးဝလာတယ်။

#နားလည်ပေးလိုက်တယ်...
ပိုပြီးရောင့်တက်လာတယ်။

#လိုက်လိုက်လျောလျောဆက်ဆံတယ်...
ခေါင်းကိုပါတက်နင်းချင်လာတယ်။

#မျက်နှာသာပေးတယ်....
မလေးမစားလုပ်လာတယ်။

#စေတနာထားတယ်...
စော်ကား မော်ကားလုပ်လာတယ်။

#နေရာပေးတယ်
မာန်တွေတက်လာတယ်။

#အဲ့ဒီလိုလူတွေနဲ့တွေ့ဆုံရပြီဆိုရင်...
ကိုယ့်စိတ်ကိုသက်သာရာရအောင်
လုပ်စရာကတစ်ခုပဲရှိတော့တယ်။

အဲ့ဒါကတော့ (လျစ်လျူရှုခြင်း)ပဲပေါ့။

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါအရသာက တမူထူးခြားနေပါလိမ့်မယ်(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျ...
15/06/2023

အရမ်းကောင်းတဲ့ စာသားလေးပါ ဖတ်ရင်းနဲ့ တွေးပါ
အရသာက တမူထူးခြားနေပါလိမ့်မယ်

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေ မ က် လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း
ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလို ဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

စာပေချစ်သူများ မင်္ဂလာပါ 📚🏡👇🏼

သတိရလို့ တွေ့ဆုံကြ 🥰4.6.2023 📸✌️
04/06/2023

သတိရလို့ တွေ့ဆုံကြ 🥰

4.6.2023 📸✌️

20/08/2022

🌼🌻🎶 တောပန်းလေးများနဲ့ လှချင်တိုင်းလှနေပါတယ်🎵
🎶 လမ်းလေးကွေးကောက်ရာ ဘေးနှစ်ဖက်မှာ🎵
🎶 အဆင်းအတက်ခရီးဆက်လို့ ဖြတ်ကျော် မြင်ကွင်းရှေ့မှာ🎵
🏔️ တောင်ပြာတန်းတွေ ဆီးလို့ကာ🎵 🌼🌻

"အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ"မင်္ဂလာပါရှင်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းနဲ...
17/08/2022

"အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ"

မင်္ဂလာပါရှင်။ ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး ရေးသားပေးခဲ့ဖူးတဲ့ Blog Link တွေကို ပြန်လည်စုစည်းပေးလိုက်ပါတယ်။✨💁‍♀️

📌 "အမျိုးသားတိုင်းမှာရှိတတ်တဲ့ Basic Tee တွေကို ဘယ်လိုအထာကျအောင် ဝတ်ဆင်နိုင်သလဲ"
https://m.facebook.com/story.php?story_fbid=3422500481203334&id=969717173148356

📌 "Hawaiian ရှပ် Printed ရှပ်တွေကို အထာကျကျဆင်မြန်းနည်း (၇) နည်း"
https://m.facebook.com/story.php?story_fbid=3665022076951172&id=969717173148356

📌 "အမျိုးသားဖက်ရှင် Casual style အတွက် ဘယ်လိုအထာကျအောင်တွဲစပ်နိုင်သလဲ"
https://m.facebook.com/story.php?story_fbid=3158729687580416&id=969717173148356

📌 "အမျိုးသားတွေကြားရေပန်းစားလာတဲ့ Modern Classic ဖက်ရှင်"
https://m.facebook.com/story.php?story_fbid=3547197855400262&id=969717173148356

📌 "အမျိုးသားတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Minimalist Fashion"
https://m.facebook.com/story.php?story_fbid=3239762576143793&id=969717173148356

📌 "လက်တွေ့ဘဝထက် ဆိုရှယ်မီဒီယာပေါ်မှာ ပိုခေတ်စားတဲ့ E Boy ဖက်ရှင်အကြောင်း"
https://m.facebook.com/story.php?story_fbid=3486084561511592&id=969717173148356

📌 "အမျိုးသားတွေကြား Vintage Fashion Style တွေ တကကျာ့ပြန်ခေတ်စားလာပြီလား"
https://m.facebook.com/story.php?story_fbid=3323017761151607&id=969717173148356

📌 "ထူးခြားတဲ့ဖက်ရှင်တွေကြောင့် အားလုံးစောင့်ကြည့်နေရတဲ့ ကမ္ဘာကျော်အနုပညာရှင်(၄)ဦး"
https://m.facebook.com/story.php?story_fbid=3453554671431248&id=969717173148356

📌 "ဝဝပြည့်ပြည့်အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်ရှောင်ရန်များ"
https://m.facebook.com/story.php?story_fbid=3473066136146768&id=969717173148356

📌 "ရှိရင်းစွဲအရပ်ထက်ပိုမြင့်သွားသယောင်ဖြစ်စေဖို့ ဒီလိုဝတ်စားပြင်ဆင်ကြည့်နိုင်"
https://m.facebook.com/story.php?story_fbid=3181993658587352&id=969717173148356

📌 "ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားကို မှန်ကန်စွာရွေးချယ်နိုင်ဖို့ဆိုရင်"
https://m.facebook.com/story.php?story_fbid=3351877834932266&id=969717173148356

📌 "အမျိုးသားတွေ ပိုင်ဆိုင်ထားသင့်တဲ့ ဖိနပ်အမျိုးအစား (၁၀)မျိုး"
https://m.facebook.com/story.php?story_fbid=3287084114744972&id=969717173148356

📌 "ကိုယ့်ဆီမှာအနည်းဆုံးတစ်လုံးလောက်တော့ ပိုင်ဆိုင်ထားသင့်တဲ့ ဦးထုပ်အမျိုးအစားများ"
https://m.facebook.com/story.php?story_fbid=3577684075684973&id=969717173148356

📌 "အမျိုးသားဖက်ရှင်ပိုင်းမှာ ပိုခေတ်စားလာတဲ့ Wide-Leg Trouser နဲ့ Relaxed Pant များ"
https://m.facebook.com/story.php?story_fbid=3629890233797690&id=969717173148356

📌 "အမျိုးသားတွေရဲ့ အဝတ်ဗီရိုထဲမှာ အခြခံအားဖြင့် ရှိထားသင့်တဲ့ အဝတ်အစားများ"
https://m.facebook.com/story.php?story_fbid=3645520048901375&id=969717173148356

📌 "ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အမျိုးသားတွေဝတ်ဆင်ဖို့ တွန့်ဆုတ်လေ့ရှိတဲ့အရာများ"
https://m.facebook.com/story.php?story_fbid=3394532374000145&id=969717173148356

📌 "ကာလာတွေတွဲစပ်ဝတ်ဆင်ရာမှာ သိထားသင့်တဲ့အရာများ"
https://m.facebook.com/story.php?story_fbid=3526529617467086&id=969717173148356

📌 "၂၀၂၁အတွင်း ခေတ်စားလာဖွယ်ရှိတဲ့ အမျိုးသား Fashion Trend များ"
https://m.facebook.com/story.php?story_fbid=3602595196527194&id=969717173148356

📌 "အမျိုးသားတွေနဲ့ဆောင်းရာသီဖက်ရှင်"
https://m.facebook.com/story.php?story_fbid=3502355016551213&id=969717173148356

📌 "၂၀၂၁မှာ ဘယ်လိုဆံပင်ပုံစံတွေ ခေတ်စားလာမလဲ"
https://m.facebook.com/story.php?story_fbid=3590786947708019&id=969717173148356

📌 "ဆယ်ကျော်သက်အမျိုးသားတွေအတွက် Style Tips နဲ့ Outfit Idea များ"
https://m.facebook.com/story.php?story_fbid=381823116637950&id=100044307945526

📌 "အမျိုးသားတွေ ရွေးချယ်နိုင်တဲ့ Local Brand (၁၆)ခု"
https://m.facebook.com/story.php?story_fbid=391984255621836&id=100044307945526

📌 "Outfit Ideas For Men"
https://m.facebook.com/story.php?story_fbid=399829994837262&id=100044307945526

📌 "ကိုယ်ခန္ဓာပိန်သွယ်တဲ့ အမျိုးသားတွေအတွက် ဖက်ရှင်ပိုင်းဆိုင်ရာသိမှတ်ဖွယ်ရာများ"
https://m.facebook.com/story.php?story_fbid=404503894369872&id=100044307945526

📌 "ရှေ့ကြယ်သီးတပ်ရှပ်တွေကို အစုံများများထွက်အောင် Styling လုပ်ကြည့်ဖို့ဆိုရင်"
https://m.facebook.com/story.php?story_fbid=411051687048426&id=100044307945526

📌 "၂၀၂၁ အတွင်းပြောင်းလဲလာခဲ့တဲ့ Menswear Trend တွေအကြောင်း"
https://m.facebook.com/story.php?story_fbid=431412741678987&id=100044307945526

📌 "ဘောင်းဘီတိုတစ်ထည်ကို အစုံများများရအောင် Styling လုပ်ကြည့်ဖို့ဆိုရင်"
https://m.facebook.com/story.php?story_fbid=438866597600268&id=100044307945526

📌 "ကိုယ့်ရဲ့ဖက်ရှင်ကို အပြောင်းအလဲလုပ်ကြည့်ချင်သူတွေ သိထားရမယ့် Styling Tips များ"
https://m.facebook.com/story.php?story_fbid=464310448389216&id=100044307945526

📌 "ကိုယ့်မှာ Sweatshirt တစ်ထည်ရှိရင် သူ့ကို ဘယ်လို Styling လုပ်ကြည့်နိုင်သလဲ"
https://m.facebook.com/story.php?story_fbid=478490780304516&id=100044307945526

📌 "အမျိးသားတွေနဲ့ နွေရာသီဖက်ရှင်"
https://m.facebook.com/story.php?story_fbid=501588454661415&id=100044307945526

📌 "Instagram မှာ Follow လုပ်ထားသင့်တဲ့ Men Fashion Influencers များ"
https://m.facebook.com/story.php?story_fbid=508817123938548&id=100044307945526

📌 "ဖက်ရှင်ကျကျဆင်မြန်းနိုင်ဖို့ သိထားသင့်တဲ့ Fashion Tips နဲ့ Tricks များ"
https://m.facebook.com/story.php?story_fbid=520146999472227&id=100044307945526

📌 "Outfit Combos For Men"
https://m.facebook.com/story.php?story_fbid=535866061233654&id=100044307945526

📌 "ဖက်ရှင်ရေစီးကြောင်းမှာ လူငယ်တွေကြား အမြဲနေရာယူထားတဲ့ Skater Fashion Style"
https://m.facebook.com/story.php?story_fbid=539726990847561&id=100044307945526

📌 "ကိုယ့်အဝတ်အစားအရောင်တွေကို ဘယ်လိုအထာကျအောင် တွဲရမလဲ" (2022 update)
https://m.facebook.com/story.php?story_fbid=550702996416627&id=100044307945526

📌 "အမျိုးသားတွေနဲ့ မိုးရာသီဖက်ရှင်"
https://m.facebook.com/story.php?story_fbid=560030175483909&id=100044307945526

📌 "အမျိုးသားတွေ ရွေးချယ်ဆင်မြန်နိုင်းတဲ့ Sandals အမျိုးအစား (၇)မျိုး"
https://m.facebook.com/story.php?story_fbid=578829353603991&id=100044307945526

(စာများကိုကော်ပီယူပြီး ပြန်တင်ခြင်းမလုပ်ဖို့ မေတ္တာရပ်ခံပါတယ်ရှင်။ လွတ်လပ်စွာ Shareနိုင်သလို Save post လုပ်ထားနိုင်ပါတယ်။ )

အချစ်တွေနဲ့မေ 💟






Address


Website

Alerts

Be the first to know and let us send you an email when Aung Myat Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share