ကောင်းကင်ကိုဖတ်ကြားပြီး မြေကမ္ဘာကိုစောင့်ရှောက်ခဲ့သူ
ကောင်းကင်ကိုဖတ်ကြားပြီး မြေကမ္ဘာကိုစောင့်ရှောက်ခဲ့သူ သံသရာခရီးသွားဆရာကြီးဦးထွန်းလွင် ရောက်လေရာ မိုးလေမှန်ပါစေ၊ ဥတုရာသီ သာပါစေ။
ယပ်တောင်ပေါ်တွင်ရွှေစာလုံးဖောင်းကြွများဖြင့်အလှူရှင်ကမ္ဗည်းရေးထိုးသည့်းအိမ်တွင်းလက်မှုလုပ်ငန်း
ပရိက္ခရာရှစ်ပါးတွင်တပါးအပါအဝင်ဖြစ်သောယပ်တောင်များပေါ်၌အလှူရှင်မိသားစုများ၏အမည်များကိုဖောင်းကြွရွှေစာလုံးများဖြင့်ရေးထိုးပေးသောအိမ်တွင်းလက်မှုလုပ်ငန်းကို မန္တလေးမြို့ချမ်းအေး သာစံမြို့နယ်ရှိ သမိုင်းဝင်အိမ်တော်ရာစေတီ အရှေ့ဖက်မုခ်တွင် တွေ့ရသည်
သီတင်းကျွတ်လမှစ၍
တပေါင်းလအထိဖောင်းကြွစာလုံးများနှင့် အလှူရှင်အမည်ကမ္ဗည်း
ထိုးခြင်းလုပ်ငန်းမှာ လက်မလည်နိုင်င်အောင် လုပ်ကိုင်နေရပြီး မှာယူသည့် ယပ်တောင်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွဲပြားမှုရှိကြောင်း သိရသည်။
ကျော်ထက်
သီတင်းကျွတ်လမှစ၍
ကျော်ထက်
WEEKLY REVIEW
ဒီတပတ် နိုဝင်ဘာပထမပတ် တပတ်တာသတင်းအနှစ်ချုပ်ကဏ္ဍမှာ တင်ပြမယ့်သတင်းတွေကတော့
- တိုက်ပွဲတွေဖြစ်ပေါ်လာတဲ့အခါ ပထမဆုံး ထိခိုက် ဒုက္ခရောက်ကြရတာဟာလည်း အပြစ်မဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်
(မအေးချမ်းတော့တဲ့ရခိုင်ပြည်နယ်)
- ကျည်သံယမ်းသံတွေကြားမှတော့ာ အားလုံးမျှော်လင့်နေကြတဲ့ငြိမ်းချမ်းရေးဆိုတာ ဆွံ့အနေအုန်းမှာပဲဖြစ်ပါတယ်
(အပစ်ရပ်စာချုပ် ၄ နှစ်ပြည့်တဲ့အခါ) နဲ့
- မြန်မာပြည်မှာ အကြီးဆုံးနဲ့ လူဦးရေအများဆုံးမြို့ကြီးဖြစ်တဲ့ မဟာရန်ကုန်ကို တိုင်းပြည်ရဲ့ ခေါင်းတွဲကြီးလို့ ဆိုရမှာပါ
(ရန်ကုန်သတင်းများ) တို့ပဲ ဖြစ်ပါတယ်။
ဒီတပတ် နိုဝင်ဘာပထမပတ် တပတ်တာသတင်းအနှစ်ချုပ်ကဏ္ဍမှာ တင်ပြမယ့်သတင်းတွေကတေ့
ပြည်သူ့အချစ်တော် မိုးလေဝသပညာရှင် ဆရာကြီးဦးထွန်းလွင်၏ နောက်ဆုံးဈာပနခရီး မှတ်တမ်း
Mandalay Diecast Legends ၏ ၄ ကြိမ်မြောက် ပြပွဲ
Mandalay Diecast Legends ၏ ၄ ကြိမ်မြောက် ပြပွဲကို ကျင်းပ(ရုပ်သံ)
မန္တလေး၊နိုဝင်ဘာ ၄
မန္တလေးမြို့ ၇၁ လမ်း၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားရှိ ACE GYM လေးထပ် မှာ Mandalay Diecast Legends ၏ ၄ ကြိမ်မြောက် ပြပွဲကို ကျင်းပခဲ့သည်။
စူးရှ
မန္တလေး၊နိုဝင်ဘာ ၎
စူးရှ
မန္တလေးမြို့၏ အဓိကကျသည့် လမ်းဆုံများတွင် Triple Arm မီးတိုင်များ စိုက်ထူမည်
မန္တလေးမြို့၏ အဓိကကျသည့် လမ်းဆုံ၊လမ်းဂွများမှာ Triple Arm (မီးလုံးသုံးလုံးပါရှိသည့်) မီးတိုင်များကို နိုဝင်ဘာလဆန်းမှာ စိုက်ထူသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာထံက သိရသည်။
ယာဉ်တိုက်ခိုက်မူမရှိရစေရန်နှင့် ယာဉ်တိုက်ခိုက်မူလျော့နည်းလာစေရန် ရည်ရွယ်ပြီး Triple Arm မီးတိုင်များကို စိုက်ထူရခြင်းဖြစ်သည်ဟု ဆိုသည်။
Triple Arm မီးတိုင်များကို မြို၏ အဓိကကျေသာ လမ်းဆုံ၊ လမ်းခွများဖြစ်သည့် ၂၆ လမ်း ၇၈ လမ်းမီးပွိုင့်၊ လမ်း ၃၀၊ ၆၂ လမ်းနှင့် ၆၆ လမ်း၊ ၃၅ လမ်း အေလမ်းနှင့် ၇၃ လမ်း၊ ၆၂ လမ်းနှင့် ၆၆ လမ်း၊ ၆၆ လမ်းနှင့် သိပ္ပံလမ်း၊ ရန်ကုန်-မန္တလေးလမ်းဆုံက စစ်ကိုင်းလမ်းခွဲ မီးပွိုင့်များတွင် စိုက်ထူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မေနိုင်း
မန္တလေးမြို့၏ အဓိကကျသည့် လမ်းဆုံ၊လမ်းဂွများမှာ Triple Arm(မီးလုံးသုံးလုံးပါရှိသည့် မီးတိုင်) မီးတိုင်များကို နိုဝင်ဘာလဆန်းမှာ စိုက်ထူးသွားမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာထံက သိရသည်။
Triple Arm မီးတိုင်များကို မြို၏ အဓိကကျကာ လမ်းဆုံ၊ လမ်းဂွများဖြစ်သည့် ၂၆လမ်း ၇၈လမ်းမီးပွိုင့်၊ လမ်း၃၀၊ ၆၂လမ်းနှင့် ၆၆လမ်း၊ ၃၅လမ်း အေလမ်းနှင့် ၇၃လမ်း၊ ၆၂လမ်းနှင့် ၆၆လမ်း၊ ၆၆လမ်းနှင့် သိပ္ပံလမ်း၊ ရန်ကုန်-မန္တလေးလမ်းဆုံက စစ်ကိုင်းလမ်းခွဲ မီးပွိုင့်များမှာ စိုက်ထူသွားမှာဖြစ်ကြောင်း သိရှိရသည်။
မေနိုင်း
ပေါင်းစည်းဓနကုမ္ပဏီမှ မြေပိုင်ရှင်ကိုတရားစွဲဆိုထားမှု
ပေါင်းစည်းဓနကုမ္ပဏီမှ မြေပိုင်ရှင်ကိုတရားစွဲဆိုထားမှု အမှန်တရားပေါ်ပေါက်ရေးအတွက် တိုင်းအစိုးရမှ ဖြေရှင်းပေးရန် မြေပိုင်ရှင်တောင်းဆို
ရန်ကုန်၊အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းအကြီး၊ အမြန်လမ်းတိုးဂိတ်ဘေးရှိ ၄ ဧကကျော်ခန့်ရှိတဲ့ မြေကွက်အတွင်း ပေါင်းစည်းဓနကုမ္ပဏီနဲ့ ဂျပန်ကုမ္ပဏီတို့က ပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်မှုအပေါ် အငြင်းပွားမှုဖြစ်ပွားပြီး နှစ်ဖက်အပြန်အလှန်တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ဖြေရှင်းပေးရန် မူလမြေပိုင်ရှင်ဟုဆိုသူ ဦးလှမျိုးက တောင်းဆိုလိုက်ပါတယ်။
အဖြူရောင်
ရန်ကုန်၊အောက်တိုဘာ ၂၆
အဖြူရောင်
ကိုယ်ပိုင်ကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များအသစ်ထုတ်ပြန်ကာ
ကိုယ်ပိုင်ကျောင်းများ လိုက်နာရမည့် စည်းကမ်းချက်များအသစ်ထုတ်ပြန်ကာ လိုက်နာခြင်းမရှိလျှင် စီမံခန့်ခွဲမှု နည်းလမ်းဖြင့်အရေးယူမည်(ရုပ်သံ)
မန္တလေး၊ အောက်တိုဘာ ၂၄
အခြေခံပညာဦးစီးဌာနမှ ကိုယ်ပိုင်ကျောင်းများလိုက်နာရန် စည်းကမ်းချက်များကိုထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိ သည့် ကျောင်းများအား စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးကသိရသည်။
စူးရှ
မန္တလေး၊ အောက်တိုဘာ ၂၄
စူးရှ
ပြည်သူ့စာဆို ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၁ နှစ်ပြည့် YMCA ခန်းမ၌ ပြုလုပ်
ပြည်သူ့စာဆို ဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၄၁ နှစ်ပြည့် YMCA ခန်းမ၌ ပြုလုပ် (ရုပ်သံ)
အောက်တိုဘာ ၂၃ ရက်
ပြည်သူ့စာဆို ပြည်သူ့စာရေးဆရာ ဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၄၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ YMCA ခန်းမ၌ ဒီကနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကိုဖူးသစ်
အောက်တိုဘာ ၂၃ ရက်
ကိုဖူးသစ်
ညွန်ကြားရေးမှူးအဆင့်ရှိအချို့ သဘောဆန္ဒအတိုင်းလုပ်ဆောင်မှုကြောင့် ပြည်သူများနစ်နာနေဟုဆို
သက်ဆိုင်ရာဌာန ညွန့်ကြားရေးမှူးအဆင့်ရှိသူများမှ ၄င်းတို့သဘောဆန္ဒအတိုင်း လုပ်ဆောင်မှုများရှိသည့်အတွက် မြို့နယ်ပြည်သူများ နစ်နာနေဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား
ရန်ကုန်၊အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးနဲ့မြို့နယ်နေပြည်သူများ၏ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကိုဆောင်ရွက်နေပေမယ့် သက်ဆိုင်ရာဌာနများ မှညွန့်ကြားရေးမှူးအဆင့်ရှိသူတွေက ၄င်းတို့သဘောဆန္ဒအတိုင်းဆောင်ရွက်မှုတွေရှိတာကြောင့် မြို့နယ်ပြည်သူများ နစ်နာမှုတွေရှိနေတယ်လို့ ကြည့်မြင်တိုင်မဲဆန္ဒနယ်အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ပြောဆိုလိုက်ပါတယ်။
သက်ဆိုင်ရာဌာနများရဲ့ညွန့်ကြားရေးမှူးတွေအနေနဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တွေကို ခေါ်ယူညှိနှိုင်းတိုင်ပင်တာတွေမရှိဘဲ အခုလိုလုပ်ဆောင်တာတွေကြောင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအပိုင်းနဲ့မြို့နယ်လူထု အတွက် နစ်နာမှုတွေရှိနေတယ်လို့လည်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက အခုလိုပြောပါတယ်။
သက်ဆိုင်ရာဌာနှညွန့်ကြားရေးမှူးအဆင့်ရှိသူများမှ ၄င်းတို့သဘောဆန္ဒအတိုင်းဆောင်မှုတွေရှိသည့်အတွက် မြို့နယ်ပြည် သူများ နစ်နာမှုတွေရှိနေဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းပြောကြား
ရန်ကုန်၊အောက်တိုဘာ ၂၁
နဂါးပွက်တောင် (အပိုင်း-၁)
နဂါးပွက်တောင် (အပိုင်း-၁)
မာကရအမည်ရ မကွေးတိုင်းဌာနလို့ ဆိုလိုက်တာနဲ့ မကွေးမြို့အမွန် မြသလွန်စေတီတော်၊ မင်းဘူး/ စကုမြို့နယ်ထဲက မန်းရွှေစက်တော်၊ သုနာပရန္တတိုင်းဌာနီရဲ့ ဝါဏိဇ္ဇဂါမ ရွာကြီးက စန္ဒကူးန့ံ့သာ ကျောင်း တော်ရာ၊ မင်းဘူးမြို့က စက္ကတဲစေတီတော်တို့နဲ့အတူ နဂါးတို့စံပျော်ရာလို့ ယုံကြည်သက်ဝင်မှုရှိကြတဲ့ နဂါး ပွက်တောင်တို့ဟာ လူသိများ ထင်ရှားလှပါတယ်။
နဂါးပွက်တောင်ဟာ ဘူမိသဘောအရ ရွှံ့မီးတောင်လို့သာ သတ်မှတ်ရမှာဖြစ်ပေမယ့် ဒေသခံတို့ရဲ့ အတွေ့အကြုံတွေနဲ့ ယုံကြည်သက်ဝင်မှုများအရ မန်းစက်တော်ရာ နမ္မဒါမြစ်သနင်း နဂါးမင်းရဲ့ ရင်နှစ်သီးခြာ နဂါးမောင်နှမတို့ စံပျော်ရာတောင်တော်(၂)ဆူ အမှတ်ထားပြီး ကိုယ်းကွယ်ဆည်းကပ်မှုများ ပြုလျှက်ရှိနေ ကြပါတယ်။
စန္ဒကူးနံ့သာကျောင်းတော်ရာမှာ သီတင်းသုံးပြီး ကြွချီတော်မူလာတဲ့ ဂေါတမမြတ် စွာဘုရားဟာ ရွှေစက် တော် အရပ်ဒေသကိုရောက်ရှိတဲ့အခါမှာ သစ္စဗန္ဓမထေရ်မြတ်ရဲ့ လျှောက်ထား တောင်းပန်မှုကြောင့် တောင် ထိပ်မှာ ဝဲဘက်ခြေတော်ရာတစ်ဆူ၊ တဖန် တောင်ခြေမှာ ရစ်ခွေစီးဆင်းလျှက်ရှိ နေတဲ့ နမ္မဒါနဂါးမင်း စံပျော်ရာမြစ်ဘေး၌လည်း နဂါးမင်းရဲ့လျှောက်ထားတောင်းပန်မှုကြောင့် ဝဲဘက် ခြေတော်ရာတစ်ဆူ ကို ချထားပေးသနားတော်မူခဲ့ပါတယ်။
တောလည်ထွက်ရာက ပြန်လာကြတဲ့ နဂါးမင်းရဲ့ ရင်နှစ်သီးခြာများဖြစ်ကြတဲ့ အစ်မတော် သုစိတာ နဲ့ မောင်တော် နန္ဒ အမည်ရတဲ့ နဂါးမောင်နှမတို့ဟာ ဘုရားရှင်ချထားပေးသနားတော်မူခဲ့တဲ့ အောက်ခြေ တော်ရာကို တွေ့ရှိကြတဲ့အခါ ဖခင်နဂါးမင်းကြီးကို မေးမြန်းကြပါတော့တယ်။
မြတ်စွာဘုရားရှင် ချထားပေးသနားတော်မူခဲ့တဲ့ ခြေတော်ရာဖြစ်မှန်း သိရှိကြတဲ့အခါမှာ မြတ်စွာဘုရားရှင်ကို ဖူးမြော်လိုကြတာကြောင့် ဖခင်နဂါးမင်းကြီးထံ ခွင့်ပန်ပြီး မြတ်စွာဘုရားရှင် ကြွချီသွားရာ စက္ကတဲတောင်ဆီ သို့ အသွား လမ်းခုလတ်တစ်နေရာ တောင်တစ်ခုကို ရောက်တဲ့အခါမှာ သိမ်းငှက်တို့ရဲ့ သုတ်ချီခြင်းကို ခံရပြီး ယခု နဂါးပွက်တောင်နေရာမှာ လွှတ်ချစားသောက်ခံလိုက်ရပါတော့တယ်။
သိမ်းငှက်လွှတ်ချစားသောက်ခံရလို့ နဂါးမောင်နှမ လူးလွန့်ခဲ့ရာအိုင်ကို ယခုအခါ နဂါးလူးအိုင် ဟု အမည်သ မုတ်ပြီး သိမ်းငှက်တို့ ကုတ်ချီရာတောင်ကို သိမ်းကုတ် တောင် လို့ ခေါ်တွင်ခဲ့ရာက ခေတ်ကာလရွေ့လျှော လာတဲ့အခါမှာ ယခု သိမ်းကုန်းကျောင်းရှိရာတောင်ကုန်းကို သိမ်းကုတ်တောင်ဖြစ်တယ် လို့ ယုံကြည်နေကြပါ တယ်။
နဂါးမောင်နှမဟာ ဝိဥာဉ်များဘဝနဲ့ နေစရာအတည်တကျမရှိ ဖြစ်နေကြစဉ်မှာ သရေခေတ္တရာပြည့်ရှင် ဘုရင်