Rakhine VJ

Rakhine VJ Rakhine Video Journalist

25/11/2023
24/11/2023

တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

24/11/2023

စစ်ကောင်စီ ရဲ့ လက်နက်ကြီး ကျလို့ ပုဏ္ဏားကျွန်းမြို့မဈေးမီးလောင်နေခြင်း

18/11/2023

စစ်ကောင်စီရဲ့
လက်နက်ကြီးကိရောက်ခဲ့ ပေါက်တောမြို့ အခြေအနေ

ဒုံးညိုစခန်းအား (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစ...
17/11/2023

ဒုံးညိုစခန်းအား (၂၇) နာရီအတွင်း အပြီးသတ် သိမ်းပိုက်

လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် ရက္ခိုင့်တပ်တော်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ရန်သူ့လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး သုံ့ပန်း (၁၈) ဦးအား လက်နက် အလက် (၄၀) ၊ ရန်သူ့အလောင်းများစွာနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဤစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရသူတချို့ရှိခဲ့သည်။ စခန်းသိမ်းတိုက်ပွဲအား ဦးဆောင်သူ၊ အကောင်အထည်ဖော် တပ်ဖွဲ့ဝင်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောစခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမည်ဖြစ်သည်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၀၀) နာရီ ...
17/11/2023

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၀၀) နာရီ (၂၁) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ ပေါက်တော မြို့မရဲစခန်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးတချို့ နှင့် စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့သည်။

လက်နက်ချအညံ့ခံသောသူများကို အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်စီအား ခရီးစရိတ် (၁၀) သိန်းစီပေးပြီး ၎င်းတို့သွားလိုရာသို့ လုံခြုံစွာပို့ထားပြီးဖြစ်သည်။

စစ်ကောင်စီဘက်မှ နေ့လယ်ပိုင်းတွင် ဟတ်စကီး (၁) စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်သကဲ့သို့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပေါက်တောမြို့နှင့် နေရာအနှံ့အပြားသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းတွင် ပေါက်တောမြို့အတွင်းသို့ ဝင်ရောက်ကာ အရပ်သားများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်။ စစ်ကောင်စီပစ်သတ်၍ သေဆုံးခဲ့ရသော ပေါက်တောမြို့မှ အရပ်သားပြည်သူများအတွက် များစွာဝမ်းနည်းရပြီး အဆိုပါကိစ္စအား ကျူးလွန်သောသူများကို မိမိတို့ အနေဖြင့် လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်သည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာနေရာယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်တွင် တတိယနေ့အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်တွင် မောင်တောမြို့နယ်အတွင်းရှိ "ဒုံးညို" စခန်းကိုလည်း လက်နက်ချအညံ့မခံသောကြောင့် မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ် (၁) တစ်စီးဖြင့် နေ့လယ် (၁၂) နာရီ (၂၀) မိနစ်မှစတင်ပြီး သုံးကြိမ်တိုင် လှည့်ပတ်တိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော်သည် နိုဝင်ဘာလ (၁၆) ရက်၊ တစ်နေ့တည်းတွင် "တရွန်အိုင်ဗျူဟာ"၊ "နှုံးဘူးဗျူဟာ” နှင့် "ဒုံးညို" စခန်းတို့အား နေရာ (၃) နေရာ၌ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

နိုဝင်ဘာ ၁၅/၁၆ ရက် မှာ ငပလီကမ်းခြေမြို့ရဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ ဂျိတ္တော ရပ်ကွက်မှာ ရေလုပ်သား အများအပြားဖမ်းဆီးခံရ
16/11/2023

နိုဝင်ဘာ ၁၅/၁၆ ရက် မှာ ငပလီကမ်းခြေမြို့ရဲ့ ရပ်ကွက်တစ်ခုဖြစ်တဲ့ ဂျိတ္တော ရပ်ကွက်မှာ ရေလုပ်သား အများအပြားဖမ်းဆီးခံရ

ပေါက်တောမြို့ကို ရေတပ်နဲ့ လေတပ် တစ်လှည့်စီး ဗုံးကျဲတိုက်ခိုက်နေလို့ မြို့သူမြို့သားတွေ မြို့ကိုစွန့်ခွာ
16/11/2023

ပေါက်တောမြို့ကို ရေတပ်နဲ့ လေတပ် တစ်လှည့်စီး ဗုံးကျဲတိုက်ခိုက်နေလို့ မြို့သူမြို့သားတွေ မြို့ကိုစွန့်ခွာ

16/11/2023

ဒီနေ့ နိုဝင်ဘာ ၁၆
ပေါက်တော ကို လေယာဥ်နဲ့ ပစ်နေ

စစ်တပ် လက်နက်ကြီး ပစ်လို့ မင်းပြား မှာ အရပ်သား ၃ ဦးသေဆုံး
15/11/2023

စစ်တပ် လက်နက်ကြီး ပစ်လို့ မင်းပြား မှာ အရပ်သား ၃ ဦးသေဆုံး

စျေးတင်မရောင်းနဲ့
15/11/2023

စျေးတင်မရောင်းနဲ့

မြန်မာပြည်ကို လာရောက်မယ့်ခရီးသွားများအတွက် တစ်နိုင်ငံလုံး အနီရောင်အဆင့်
14/11/2023

မြန်မာပြည်ကို လာရောက်မယ့်
ခရီးသွားများအတွက် တစ်နိုင်ငံလုံး အနီရောင်အဆင့်

14/11/2023

၂ ရက်အတွင်း ရခိုင်ဘက်က စစ်ကောင်စီစခန်း ၄၀ ကျ

⛔️လက်နက်ကြီးပစ်လာကေ- အိမ်အောက်က လုံခြုံဖို့နေရာကိုရှာပါ- အပြင်ကိုထွက်ပြီးစော်မျိုးတိကိုမလုပ်ကတ်ပါကေ့- လက်နတ်ကြီးပစ်သံကြာ...
14/11/2023

⛔️လက်နက်ကြီးပစ်လာကေ

- အိမ်အောက်က လုံခြုံဖို့နေရာကိုရှာပါ
- အပြင်ကိုထွက်ပြီးစော်မျိုးတိကိုမလုပ်ကတ်ပါကေ့
- လက်နတ်ကြီးပစ်သံကြားရရေ ဆိုကေ ဝပ်နိန်ပါ
(ဝပ်နိန်ရေအချိန်မှာ ဘယ်ဘက်ရင်အုံကို မြေကြီးနန့်
တစ်ထွာလောက်အကွာမှာထားပါ)
( လက်နက်ကြီးအသံကြောင့်မြေကြီးတုန်ခါပြီးကေ
နှလုံးရပ်လားနိုင်စော်တိရှိပါရေ)
- တကယ်လို့ မတော်တဆလက်နက်ကြီး အစတစ်ခုခု
ထိမှန်လားရေဆိုကေ လုံးဝရေမတိုက်ပါကေ့
(လက်နက်ကြီးထဲမှာပါရေ ဓာတုပစ္စည်းတစ်မျိုးကြောင့်ရေတိုက်လိုက်စော်နမ့် သီဆုံးလားနိုင်ပါရေ)
- လက်နက်ကြီးပစ်ခတ်လို့အသံကြားရချိန် ဝပ်နိန်စော်က
အသက်ကိုလည်း ကာကွယ်နိုင်ပါရေ
(လက်နက်ကြီးစော်မြေမှာကျလို့ကွဲကေလေ့ လူတစ်ယောက်ခါးအရပ်လောက်မှာမှ ဖြာထွက်ပနာကွဲဟာ
ဖြစ်ပါရေ)
- ယင်းကြောင့် ဝပ်နေစွာက လက်နက်ကြီးအန္တရာယ်ကနိန် လွတ်မြောက်နိုင်ပါရေ)

ဟေး ဟေး တကယ်သွားရတော့မယ်
13/11/2023

ဟေး ဟေး
တကယ်သွားရတော့မယ်

13/11/2023

သံတွဲ မြို့ မှာ ပြည်သူတွေအစိုးရိမ်လွန်ကဲ ပြီး
ဆန်တွေ ဆီတွေ
စက်သုံးဆီတွေ အလုအယက်ပြေးဝယ်နေ

သံတွဲ မြို့ လက်ရှိအခြေအနေ
13/11/2023

သံတွဲ မြို့ လက်ရှိအခြေအနေ

Address


Website

Alerts

Be the first to know and let us send you an email when Rakhine VJ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share