May Hnin Khar Khar - mhkk

  • Home
  • May Hnin Khar Khar - mhkk

May Hnin Khar Khar - mhkk To restroe poets & notes. To improve peace between our country and our people.

ဖေဖေ မိဘဆိုတာ ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့တင် အေးမြစေတာ
21/02/2022

ဖေဖေ
မိဘဆိုတာ ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့တင် အေးမြစေတာ

တူရာ၊ တန်ရာနဲ့ရတယ်!လူနှစ်ယောက် လက်တွဲကြတဲ့အခါဒီစကားပြောတာ ခံရရင်နားဝင်ဆိုးစရာဆိုပေမယ့် ဒါ တကယ်မှန်တဲ့ စကားပါ။အတိတ်ဘဝရဲ့ ...
16/02/2022

တူရာ၊ တန်ရာနဲ့ရတယ်!

လူနှစ်ယောက် လက်တွဲကြတဲ့အခါ
ဒီစကားပြောတာ ခံရရင်
နားဝင်ဆိုးစရာဆိုပေမယ့်
ဒါ တကယ်မှန်တဲ့ စကားပါ။

အတိတ်ဘဝရဲ့ ကံ (အလုပ်)
ယခုဘဝရဲ့ ကံ (အလုပ်) ခြင်းတူတဲ့ သူ ၊
တန်ဖိုးခြင်းထပ်တူညီပြီး တန်တဲ့သူခြင်း
ရကြတာ မဟုတ်လား။

ကိုယ်ကျင့်တရား နဲ့ အကျင့်စရိုက်
နွေးထွေးမှု့ နဲ့ စိတ်ထား
အသိုင်းအဝိုင်းစသည်တို့ တန်သူခြင်း
ရတဲ့အခါ စိတ်ချမ်းသာမယ် ၊ မြဲကြလိမ့်မယ်

မတန်သူခြင်း ရကြတဲ့အခါ စိတ်ညစ်ရလိမ့်မယ်
လမ်းခွဲ ကြရလိမ့်မယ် မဟုတ်လားလေ။

သို့ပေမယ့် တချို့မှာတော့

ကိုယ်က ကောင်းအောင်နေပါရက်နဲ့
ဆိုးတဲ့လက်တွဲဖော်နဲ့ နေနေရတာဟာ
ယခင်ဘဝက ကံ တူတန်သူခြင်း မို့ပါ

ဒီလိုပါပဲ
ကိုယ်က ဆိုးနေပါရက်နဲ့
ကောင်းတဲ့ လက်တွဲဖော်နဲ့ တူတူနေရတာဟာလည်း
ယခင်ဘဝရဲ့ ကံ တူတန်သူခြင်းမို့ပါ။

ယခု ဘဝ ရဲ့ ကံ ( လုပ်ရပ် ) မတူကြဘဲ
တူတူရှိနေကြရ ၊ စိတ်ညစ်နေကြရတာဟာ

ကိုယ် ပေးစရာရှိတဲ့ အကြွေး
ရစရာရှိတဲ့ အကြွေး
ပေးရန်/ရရန် ကျန်နေသေးလို့ပါ

အကြွေးကျေတဲ့အခါ

ဘယ်သူ တားတား၊ ဘယ်လောက် ဆွဲဆွဲ
ကိုယ့်လမ်းကိုယ် သွားကြရမှာပါ

ဘဝမှာ
လူကောင်းနဲ့ တွေ့တဲ့ အခါ
အပြုမူကောင်းတွေ ကို ထိန်းသိမ်းပါ။

လူဆိုးနဲ့တွေ့တဲ့ အခါ
အပြုအမူကောင်းတွေ ပိုလုပ်ပါ
ဒါမှ အကြွေး မြန်မြန်ကျေမည် မဟုတ်လား

သူပေးတဲ့ အကုသိုလ်အထုပ်
ကိုယ်ဖြည် မယူမှ
သံသရာမှာ ပြန်တွေ့စရာ အကြောင်းနဲမည်မဟုတ်လားလေ။

ချစ်သူဖြစ်စေ၊ အိမ်ထောင်ဘက်ဖြစ်စေ
အကြွေးဆပ်ရမယ့် သူနဲ့ ကြုံတွေ့ရတဲ့အခါ

ဒေါသကို ထိန်း၊ အပြုအမူကို ထိန်း
မှန်ကန်စွာ ဖြေရှင်းနိုင်ပါစေ
ကိုယ်စိတ်နှစ်ဝမ်း အေးချမ်းပါစေပေါ့လေ

လူဆိုတာ တူရာ တန်ရာ ရကြတာမဟုတ်လား

အတိတ်ကံ ကို မပြင်နိုင်ပေမယ့်
ပစ္စုပ္ပာန်ကို ပဲ့ ကိုင်ပါ။

မေနှင်းခါးခါး

( ၁၆ . ၀၂ . ၂၀၂၂ )

တဖက်သေလို့ တဖက်ကပျော်တဲ့သူတွေက ငြိမ်းချမ်းရေးကို မျှော်ကြသတဲ့ဘယ်က သေသေညာက သေသေအမိမြေရဲ့ သွေးသား‌ပဲလေခေတ်အဆက်ဆက်အကြောင်းက...
05/12/2021

တဖက်သေလို့ တဖက်ကပျော်တဲ့သူတွေက ငြိမ်းချမ်းရေးကို မျှော်ကြသတဲ့

ဘယ်က သေသေ
ညာက သေသေ
အမိမြေရဲ့ သွေးသား‌ပဲလေ

ခေတ်အဆက်ဆက်
အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတွေကို
ကောင်းမွန်အောင် ထိန်းကြောင်းဖို့
အကြံပေးဖို့ထက်

တမြေတည်းသား ဒီသွေးသားခြင်း
တွန်းထုတ် သွေးခွဲ အတ္တတွေ ပိုပိုခဲလို့
သွေးမစဲအောင်
ကိုယ့်သွေး ကိုယ့်သား ကိုယ်တိုင် ဖဲ့ခွာစားကြတယ်
ဪ ကျမတို့ ပြည်သားတွေ ...

တစ်ဦးတစ်ယောက်စီတိုင်းက
အာဃာတနိုင်ငံရေး ကိုင်စွဲထားသ၍

ငြိမ်းချမ်းရေးဆိုတာသည်နိုင်ငံနဲ့ မတန်ပါ

စည်းလုံးရေးဆိုတာ ဟိုးအဝေးမှာ

ရင်သွေးငယ်တွေ စည်းလုံးကြမယ့်
ပြည်ထောင်စုဆိုတာ

အိမ် မက် သာ သာ ...

မေနှင်းခါးခါး
( ၀၅.၁၂.၂၀၂၁)

ခင်မင်ရသူတွေ သေဆုံးသွားတဲ့ အခါချစ်ရတဲ့သူတွေ သေမှာ ကြောက်လာမိတယ်သေခွဲ ခွဲတာကို ရင်ဆိုင်ဖို့ ခွန်အားမရှိကျမ ကြောက်မိပါသည်။...
25/11/2021

ခင်မင်ရသူတွေ သေဆုံးသွားတဲ့ အခါ
ချစ်ရတဲ့သူတွေ သေမှာ ကြောက်လာမိတယ်

သေခွဲ ခွဲတာကို ရင်ဆိုင်ဖို့ ခွန်အားမရှိ
ကျမ ကြောက်မိပါသည်။

ချစ်ခင်သူတွေ သေမှာ ကြောက်နေပြီး
ကိုယ်လည်း သေတတ်တာ မေ့ မေ့နေပြန်တယ်။

သည် ခန္ဓာ သည် ဝေဒနာတွေနဲ့
သနားဖို့ကောင်းလိုက်တဲ့ ကျမ။

သွားနှင့်သူတွေကို
တချိန်မှာလိုက်လာရမယ့် သူက သနားသတဲ့
တကယ် သနားဖို့ကောင်းတဲ့သူဟာ ကျမပါ။

မေနှင်းခါးခါး
(၂၅.၁၁.၂၀၂၁)

ပံ့သကူပစ်ပါ!တန်ဆောင်မုန်း လပြည့်နေ့ မှာ ပံ့သကူပစ်ပါ။ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲစိတ်စေတနာ သန့်ရှင်းစွ...
11/11/2021

ပံ့သကူပစ်ပါ!

တန်ဆောင်မုန်း လပြည့်နေ့ မှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

မေနှင်းကို ချစ်တယ်ဆိုရင်
ဟင့်အင်း
ချစ်စရာ့ ယဉ်ကျေးမှုလေးကို ချစ်တယ်ဆိုရင်

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိတ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ
ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး
ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့
ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့
အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လွပ်စွာ ပျော်
ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ
ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ္တဲ့ အခါ
ဗုံးလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

မေနှင်းတို့ တန်ဆောင်မုန်းလပြည့်ညမှ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက်
ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက
ပိုအေးချမ်းရတယ် မဟုတ်လား။

အမျိုးတို့ရဲ့
မေနှင်းခါးခါး

တန်ဆောင်မုန်း လဆန်း ၁၄ ရက်၊
၁၃၈၁ ခုနှစ် တနင်္ဂနွေနေ့

(10.11.2019)

22/07/2021

အန္တရာယ်ကင်းကပ်ကျော် ရတနသုတ်ပရိတ်တော်
- ဆရာတော်ကြီးများ ဟောကြားတော်မူသည်

နေ့စဥ်နာယူကြပါ။

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်...
06/07/2021

Oxygen ပြတ်ပြီး သေနေတာတွေဟာ Oxygen ရှာရခက်လို့/ Oxygen ဘယ်လောက်ပဲ ကြာကြာခံတော့မယ်ဆိုတာ ကြိုတင်မတွက်ဆထားကြလို့ ဒုက္ခရောက်ကြတာ များပါတယ်.

ခုချိန်မှာ Covid ကြောင့် Oxygen level နည်းနေတဲ့လူနာကို တစ်နေရာကနေ တစ်နေရာကို လွှဲပြောင်းတော့မယ်ဆိုရင် ခုလက်ရှိ Tank ထဲက Oxygen ဟာ ဘယ်လောက် အချိန်အတိုင်းအတာထိပဲ လုံလောက်မှုရှိမယ်ဆိုတာ တွက်ချက်ထားရပါမယ်. မတွက်ထားပေးရင် Oxygen ပြတ်ပြီး လူနာသေပါလိမ့်မယ်.

မြန်မာပြည်မှာ များသောအားဖြင့် သုံးနေတဲ့ Oxygen tank တွေဟာ များသောအားဖြင့် Tank D လို့ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်) နဲ့ Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 600 L ဝန်းကျင်) တွေ ဖြစ်ပါတယ်.

လူနာရှူနေတဲ့ Oxygen flow rate နဲ့ ရှေ့ခရီးဆက်ရင် Tank ထဲက Oxygen ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ မြန်မြန်သိချင်ရင် သင်္ချာအခြေခံ ( နုတ်, မြှောက်, စား) ကို အခြေခံဝန်ထမ်းတစ်ယောက်အနေနဲ့ သိနေရပါမယ်.

1) Tank pressure ကို ညွှန်ပြတဲ့ လက်တံလေးကို ဖတ်လိုက်, eg. 1200 PSI)
2) ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်လိုက် (eg. 1200-200 = 1000 PSI)
3) ပြီးရင် ကိန်းသေနဲ့ မြှောက်ပါဦး (ဖြတ်လမ်းအားဖြင့် အိုးတိုအတွက်ဆို ကိန်းသေ 0.16, အိုးရှည်အတွက်ဆို ကိန်းသေ 0.28 ဆိုတာကို မှတ်ထား)
4) မြှောက်လို့ရလာတဲ့ အဖြေကို Oxygen flow rate နဲ့ စားလိုက်ပါ (eg. 5 L/min)

ဒီတော့ အပေါ်က Eg မှာ သယ်ရလွယ်တဲ့ အိုးတိုအတွက်ဆိုရင်
1200-200 = 1000
1000 * 0.16 = 160
160÷5 = 32 (မိနစ်) ပဲ ခံပါတော့မယ်. ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ.

ဒီတော့ ခြုံငုံပြောရရင် ခရီးအကွာအဝေးအလိုက် Oxygen ကို လူနာတင်ကားပေါ်မှာ လုံလောက်စွာ သယ်သွားရပါမယ်. Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် သေသွားနိုင်ပါတယ်.

ခုခေတ်လူတိုင်းနီးပါးရဲ့ ဖုန်းမှာ Calculator ရှိပါတယ်. တွက်ရတာ လွယ်လွန်းပါတယ်. ခက်လည်း မခက်ပါဘူး. ဒါလည်း Covid ကာလမှာ လူနာအသက်ကယ်နည်းတစ်မျိုးပါပဲ. အရေးကြီးပါတယ်. ဉာဏ်သုံးပြီး အားလုံးအဆင်ပြေကြပါစေ.


မြန်မာပြည်ဟာ သိပ်ဆင်းရဲတယ်ကိုယ်ချင်းစာတရားတွေမျှတမှုတွေနိုင်ငံ့စီးပွားရေးတွေပညာရေးတွေဘာသာရေးအသိတွေဂါရဝတရားတွေ ညီညွတ်မှုတ...
24/06/2021

မြန်မာပြည်ဟာ သိပ်ဆင်းရဲတယ်

ကိုယ်ချင်းစာတရားတွေ
မျှတမှုတွေ
နိုင်ငံ့စီးပွားရေးတွေ
ပညာရေးတွေ
ဘာသာရေးအသိတွေ
ဂါရဝတရားတွေ
ညီညွတ်မှုတွေမှာ သိပ်ဆင်းရဲတယ်

ဒါတွေကို ချမ်းသာဖို့ မကြိုးစားကြဘဲ
နှစ်ပေါင်းများစွာ
နင့်ကြောင့် ငါ့ကြောင့်ရယ်လို့
လက်ညှိုးထိုး အပစ်တင်ကြရင်း
အငြင်းပွား ရန်ဖြစ်ကြရင်း
အလွယ်လမ်း လိုက်ကြရင်း
ဆင်းရဲသထက် ဆင်းရဲလာကြတယ်

ဒီလိုနဲ့ ဆင်းရဲမှုထဲ အသားကျ
ချမ်းသာအောင် မကြိုးစားကြတော့ဘူး

မြန်မာပြည် ချမ်းသာဖို့ဆိုရင်
တစ်ဦးချင်းရဲ့ စိတ်ထားတွေ
မဖြစ်မနေပြောင်းလဲမှရမယ်

ကိုယ့်နိုင်ငံသားခြင်း
မြင်သမျှဆဲ သေသမျှ ပျော်တဲ့ စိတ်ဓာတ်နဲ့
ဓမ္မ ဓမ္မ အော်နေတဲ့ပါးစပ်တွေနဲ့ လုပ်ရပ်တွေက
သိကြားမင်းဆင်းအုပ်ချုပ်တောင် မတိုးတက်ဘူး
ငါးကောင်တို့

စိတ်ရင်းအမှန်က တကယ် မျှတမှ
အေးချမ်းမှ

အားလုံး အေးချမ်းပြီး တိုးတက်လိမ့်မယ်
သို့မဟုတ်က
အမြင့်ပိုင်းက လူတွေနဲ့ ကပ်ဖားတွေပဲ အဆင်ပြေတဲ့
ရေပေါ်ဆီ တိုးတက်မှုပဲရမယ်

မြန်မာ့ရင်သွေးတွေအတွက်
မြန်မာပြည် သိပ်ချမ်းသာဖို့လိုပါတယ်။
မြန်မာပြည်သားများ တကယ်ချမ်းသာဖို့လိုအပ်ပါတယ်။

မေနှင်းခါးခါး
23.06.2021 11:57pm

ကျမကို ဘယ်တော့မှ မျက်ရည်မကျအောင် ထားတဲ့ အမျိုးသားတစ်ယောက်ရှိတယ်ကျမအတွက်ဆို မိုင်ပေါင်းများစွာကနေ ချက်ခြင်းအပြေးလာတတ်တဲ့ ...
20/06/2021

ကျမကို ဘယ်တော့မှ မျက်ရည်မကျအောင် ထားတဲ့ အမျိုးသားတစ်ယောက်ရှိတယ်

ကျမအတွက်ဆို မိုင်ပေါင်းများစွာကနေ ချက်ခြင်းအပြေးလာတတ်တဲ့ အမျိုးသားတယောက်ရှိတယ်

အဲ့ဒီလူဟာ ဖေဖေပါ ...

ကမ္ဘာပေါ်က ဖခင်များအားလုံး ကျန်းမာပျော်ရွှင်ပါစေ
သားသမီး မေတ္တာ နွေးထွေးစွာပြန်ရကြပါစေ 🙏🙏🙏

>>>စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်
25/05/2021

>>>စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်

မေ့နေကြတယ်!သူများကို အပြစ်လိုက်ပြောရင်းကိုယ်ကောင်းအောင်နေဖို့ မေ့နေကြတယ်သူများကို သေပါစေဆုတောင်းရင်းကိုယ်သေမယ့်အချိန်အတွ...
25/04/2021

မေ့နေကြတယ်!

သူများကို အပြစ်လိုက်ပြောရင်း
ကိုယ်ကောင်းအောင်နေဖို့ မေ့နေကြတယ်

သူများကို သေပါစေဆုတောင်းရင်း
ကိုယ်သေမယ့်အချိန်အတွက်
ပြင်ဆင်ဖို့ မေ့နေကြတယ်

သူများတွေကို လက်ညှိုးထိုးရင်း
ကိုယ်ကိုယ်တိုင် ၅ ပါး သီလလုံဖို့ မေ့နေကြတယ်

သူများကို ကြည့်ရင်း
မိမိအခြေအနေကို မေ့နေကြရတယ်

ပစ္စုပ္ပါန်မှာ ကောင်းအောင် တည်ဆောက်မှ
အေးချမ်းတဲ့ အနာဂါတ်တွေ ရှိလာမယ်ဆိုတာ
မေ့နေကြတယ်

ကျမတို့ မေ့နေကြတယ်!

မေနှင်းခါးခါး

# Day_115_21

ဒီနေ့ဟာတပေါင်းလပြည့် အဖေများနေ့ဖြစ်ပါတယ်သင့်မှာ မိဘရှိသေးတယ်ဆိုရင် အဖေ့ကို ကန်တော့ပါဝေးနေရင် ph ဆက် ကန်တော့ပါMessage ပို...
27/03/2021

ဒီနေ့ဟာ
တပေါင်းလပြည့် အဖေများနေ့ဖြစ်ပါတယ်

သင့်မှာ မိဘရှိသေးတယ်ဆိုရင်
အဖေ့ကို ကန်တော့ပါ
ဝေးနေရင်
ph ဆက် ကန်တော့ပါ
Message ပို့ပါ

CoViD ရောဂါကပ်ဆိုးကို ကြံ့ကြံ့ခံလာပြီးတဲ့နောက်
နိုင်ငံရေး အ​ခြေအနေကြားမှာ
ကျမတို့ ဘယ်နေ့သေရမယ် မသိဘူးမဟုတ်လား

မိဘ အသက်ရှိနေသေးရင်
ကန်တော့စရာ ရှိသေးလို့
ကျေးဇူးတင်ပါ

အဖေ့ကို ကန်တော့ပါ

မရှိတော့လျှင် မေတ္တာပို့ အမျှဝေပါ

လူဖြစ်ခဲ့တဲ့ ကျမတို့အားလုံးမှာ
အဖေ့ကျေးဇူးရှိကြပါတယ် 🙏🙏🙏

မေနှင်းခါးခါး

Address


Alerts

Be the first to know and let us send you an email when May Hnin Khar Khar - mhkk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Hnin Khar Khar - mhkk:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share